Saturday, July 7, 2012

ကာမေသုကံရဲ အပြစ်ဒဏ် (၁၄) ချက်

သူများခင်ပွန်းသည်လင်ကို ပြစ်မှားကျူးလွန်ရင် အဲ့သည်မိန်းမဟာ အပြစ်ဒဏ် (၁၄)ချက်ကို ခံရမှာမလွဲဘူး။ မယားငယ်ဘ၀ဟာ သိပ်ဆိုးတယ်။ ဘယ်လိုဘဲ ၀တ်ရ၀တ်ရ ဘယ်လိုဘဲ ကောင်းကောင်းစားရ နာမည်မလှဘူး။ ခေါ်ကြတာက "လင်ခိုးမ" တဲ့။ ခေတ်စကားဘဲ ၊လှပအောင်ခေါ်တဲ့ "မယားပြိုင်" လို့ခေါ်တဲ့သူကနည်းတယ်။ သူများရဲ့ခင်ပွန်းလင်ကို ယူခြင်းဟာ မယားကြီးကိုသာမက ကလေးတွေကိုပါ ဒုက္ခပေးတာနဲ့တူတယ်။ ဒါတင်မကဘဲ ကိုယ့်မိဘ ဆွေမျိုးမောင်ဘွား၊အစ်ကိုတွေပါ သိက္ခာကျအရှက်ရတယ်။ မိန်းမကောင်းတွေဟာ သတ္တိရှိစွာနဲ့
လင်အသစ်စက်စက်ကို ယူကြပါတယ်။ သူများလင်ကို မခိုးကြဘူး။ ကိုယ်ကဘဲပြန်ရှာကျွေးရကျွေးရ ရဲရဲရင့်ရင့် ယူကြတာဘဲ။ ယူပြီးလည်းနောင်တရမနေဘူး။ အဲ့တာ မိန်းမကောင်းအင်္ဂါပါဘဲ။ "မိန်းမကောင်းပန်းပန် တစ်ပွင့်ပန်" ဆိုသလိုမကောင်းလို့ကွဲတော့ နောက်အိမ်ထောင် မထူကြတော့တာ တွေ့ရတယ်။ "မိန်းမကောင်း တစ်ယောက်ဖြစ်ဖို့ဟာ ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ ထက်တောင်ပိုးခဲယဉ်းပါတယ်" လို့အင်ဒိုနီးရှားဆရာဝန်မကြီး တစ်ဦးကဆိုခဲ့ပါတယ်။ သူများခင်ပွန်းသည်လင်ကို ခိုးယူပေါင်းသင်းကြတာဟာ လောကမှာ အရုပ်ဆိုးအကျည်းတန်လှတယ်။ ပတ်ဝန်းကျင်ဟာ အဲသည်ကိစ္စမျိုးကို ရှုတ်ချရုံသာမက လုံးဝလက်မခံချင်ကြဘူး။ မတတ်သာလို့ လက်ခံရလည်းမနှစ်မြို့ကြဘူး ။ ယူသူတွေမှာလည်း အပြစ်မလွတ်ပါဘူး။ မလွတ်တဲ့ အပြစ် ၁၄ ချက်ကတော့ -
၁။ ရန်သူနဲ့တွေ့ရတာ၊
၂။ လူအများ မုန်းတီးတာ၊
၃။ စား,၀တ်,အိပ်ရာ ခက်ခဲတာ၊
၎။ အမျက်ဒေါသကြီးတာ၊
၅။ သူတစ်ပါး ယုံကြည်မူကင်းမဲ့တာ၊
၆။ လောကုတ္တရာတရား မရရှိနိုင်တာ၊
၇။ စည်းစိမ်ဥစ္စာ ပျက်စီးတာ၊
၈။ ဆင်းရဲကြီးစွာ တွေ့ရတာ၊
၉။ အသက်တိုတာ၊
၁၀။ ချစ်သူနဲ့ကွေကွင်းရတာ၊
၁၁။ တွေဝေတတ်တာ၊
၁၂။ ယုံမှားသံသယများတာ၊
၁၃။ ဘေးအန္တရာယ်များတာ၊
၁၄။ အပါယ်လေးဘုံမှာ ဖြစ်ရတာပါဘဲ။
(ယောက်ျားဆိုရင်တော့ သူများဇနီးကို ခိုးယူရင် မိန်းမပဏ္ဍုက်ဖြစ်တာ တစ်ခုပိုပါတယ်။ )
မိန်းမတို့က္ကုနြေ္ဒရွှေပေးလို့မရ (ဘုန်းမြင့်သွေး) စာအုပ်ထဲက စာမျက်နှာ (၆၄) ကပါဖတ်စေချင်လို့ တင်ပေးတာပါ အမှားပါရင် နားလည်ပေးပါလို့ .....

0 ကွန်မန့်ရေးရန်:

Post a Comment