Monday, June 11, 2012

ထက်ထက် (ခ) ရော်ရှီး ထောင်ထဲမှာ သတ်သေ





ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးကို မတရားပြုကျင့်၊ လုယက် သတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ ဆိုတဲ့ ထက်ထက် (ခ) ရော်ရှီး ထောင်ထဲမှာ သတ်သေသွားတယ် ဆိုတဲ့သတင်းကို မြန်မာ့ရုပ်သံက အခုလေးတင် အတည်ပြု ထုတ်လွှင့်သွားပါတယ်။

ထိန်းသိမ်းထားရာ ကျောက်ဖြူအကျဉ်းထောင်မှာ မနေ့ညက သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်၊
တာဝန်ကျ လုံခြုံရေးဝန်ထမ်းက သူ့လုပ်ရပ်ကို သိလိုက်သော်လည်း အချိန်မီ မတားဆီးနိုင်လိုက်ဘူး လို့ ဆိုပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment