Friday, June 15, 2012

အကုသိုလ်ကံတူအကျိုးပေး

အကုသိုလ်အရာမှာလည်း စိတ်တူသဘောတူပြုလျှင် ကံတူအကျိုးပေးပင်ဖြစ်၏ ။
ရှေးက ဇနီးမောင်နှံ ၂ ဦးသည် လှေပျက်၍ လူမရှိသော ကျွန်းငယ်တစ်ခုသို့ ရောက်သွားသည်။
ထိုနေရာ၌ အစာမရ၍ ငှက်ကလေးများကို သတ်၍စားကြရသည်။
ထိုမကောင်းမှုအတွက် ငရဲကျပြီးနောက် ဘုရားလက်ထက်၌ ဥတေနမင်း၏သားတော်
ဗောဓိမင်းသားနှင့် မိဖုရားဖြစ်လာကြသော် ရှေးက ငှက်ကလေးတွေကို သတ်စားမိခဲ့သော
ကံကြောင့် သားသမီးမရဘဲ ရှိလေသည်။
ငှက်ကလေးများကို သတ်စားတုန်းဝယ် မိန်းမကသဘောမတူလျှင်
မိန်းမအတွက် သားသမီးရထိုက်၏ ။
ယောက်ျားက သဘောမကျခဲ့လျှင် ယောက်ျားအတွက် သားသမီး ရထိုက်၏ ။
ထိုသူ ၂ ယောက်မှာ စိတ်တူကိုယ်တူ သတ်ခဲ့သောကြောင့် သားသမီးမရဘဲ ရှိလေသည်။
ဤသို့ စသည်ဖြင့် စိတ်တူကိုယ်တူ ပြုခဲ့သော အကုသိုလ်ကံများ၏
ကံတူအကျိုးပေးတတ်ပုံကို သတိထား၍
တစ်ယောက်က အကုသိုလ်ပြုလိုလျှင် သဘောမတူဘဲ တားမြစ်ဖို့ သတိပြုသင့်ကြပေသည်။
အကုသိုလ်နှင့် ကုသိုလ်နှစ်ပါး
ကံတရားကား မယားပြုရာ
စိတ်မပါလျှင် လင်မှာမရ
လင်ပြုကလည်း မယားအိမ်သူ
စိတ်မတူသော် မှတ်ယူမှန်စွာ
မရရာဘူး။
                       (မဃဒေ၀)
(ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ)
                                                                  ဇော်ထွန်း

0 ကွန်မန့်ရေးရန်:

Post a Comment