Saturday, June 23, 2012

Android ဖုန်းများအတွက် Dropbox Account 48GB ရရှိအောင်ပြုလုပ်နည်း

(မြန်မာ Mobile Application Store ရဲ့ facebook group “Myanmar Mobile Users Group” (http://www.facebook.com/groups/mmua.mobile) မှ ကို Thet Ko ရေးသားထားတဲ့ Tutorials တစ်ခုဖြစ်ပါတယ်။ မြန်မာ Mobile Application Store မှ Member များလည်း ကြည့်ရှုလုပ်ဆောင်နိုင်ဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။)
Dropbox ဆိုတာကတော့ Online ပေါ်မှာ မိမိတို့တင်ချင်တဲ့ ဖိုင်တွေကို သိမ်းဖို့ Online data storage တစ်ခုပါ။ ကိုယ့်ရဲ့ file တစ်ခုကို dropbox ပေါ်မှာတင်ပြီး သူများတွေကို download လုပ်စေချင်တယ်ဆိုရင် direct download link အနေနဲ့လည်းပြန်ပေးလို့ရပါတယ်။ Dropbox ဆော့ဝဲဟာ Android အတွက်လည်းရှိပါတယ်။
Samsung Galaxy SIII မှာ dropbox ကိုအင်စတောလုပ်မယ်ဆိုရင်
Storage space 48GB ဖရီးရရှိမှာဖြစ်ပါတယ် ။ အခုပြောမဲ့ဟာလေးကတော့ Samsung Galaxy SIII တွင်ပါဝင်သော dropbox ကို တခြားစက်ရုပ်ဖုန်းတွေမှာ အင်စတောလုပ်တဲ့ဟာလေးပဲဖြစ်ပါတယ် ။ ဒါလေးအင်စတောလုပ်တာအောင်မြင်သွားရင် 48GB space ကိုရရှိမှာဖြစ်ပါတယ် ။
ယခုအင်စလောလုပ်ခြင်းဟာ drop box အကောင့်စပေ့ကို ဟက်တဲ့ပုံစံမျိုးဖြစ်နေတာကြောင့် do as your own risk ဖြစ်ပီး အကောင့်အသစ်ဖောက်ပီး စမ်းကြည့်ပါလို့အကြံပြုချင်ပါတယ် ။ ကျနော်အကောင့်အသစ်တခုလုပ်ပီးစမ်းသပ်တာအောင်မြင်ပါတယ် ။ အပေါ်မှာပုံလေးပြထားပါတယ် ။
ဒါကိုအင်စတောလုပ်ဖို့ မိမိဖုန်းဟာ အမြစ်တူးပီးသားဖြစ်နေရပါမယ် ။
မိမိဖုန်းတွင် dropbox application ရှိပီးသားဖြစ်ပါက ။ dropbox ကို data clear and uninstall လုပ်ပစ်လိုက်ပါ ။
ပထမဦးစွာ အောက် မှာပေးထာတဲ့လင့်ကနေ ဖိုင်သုံးဖိုင်ကိုဒေါင်းလိုက်ပါ ။
https://www.dropbox.com/s/ucxx558tdq0qvgi/Dropbox.apk
https://www.dropbox.com/s/euzo8e1j77ampaq/DropboxOOBE.apk
https://www.dropbox.com/s/so7fer12rn6ngfe/com.dropboxpartner.jar
dropbox.apk နဲ့ dropboxOOBE.apk ဖိုင်ကို system ထဲက app folder ထဲကိုထည့်ပါ ။ ပီးလျှင် ဖိုင်၂ ခုစလုံးကို Permission အား rw-r-r သို့ပြောင်းပေးလိုက်ပါ ။
ထို့နောက် com.dropboxpartner.jar ဆိုတဲ့ဖိုင်ကို system အောက်က framework ဖိုဒါထဲကိုထည့်ပါ ။
ပီးလျှင် ဖုန်းကို ရီစတက်ချလိုက်ပါ ။ ဖုန်းရီစတက်ပြန်တက်လာလျှင် dropbox application ကိုဖွင့်လိုက်ပါ ။ ၁၀ မိနစ်ခန့်ကြာသော် မိမိအကောင့်အီးမေးထဲသို့ 48GB စပေ့ရမည်ဖြစ်ကြောင်းမေးဝင်လာပါလိမ့်မည် ။ Get started မှတောင်းဆိုထားသော အချက် ၅ ချက်ပြည့်ပီးပါက 48GB ရရှိပီဖြစ်ကြောင်းမေးဝင်လာပါလိမ့်မည် ။

0 ကွန်မန့်ရေးရန်:

Post a Comment