Monday, May 28, 2012

ရန်ကုန်တွင် အမျိုးသမီးတစ်ဦး အက်ရှင်ဆန်ဆန် မီးရှိုခံရပြီး အရေးပေါ်ခွဲစိတ်ကုသရမည်

ရန်ကုန်၊ မေ ၂၈

ရန်ကုန်မြို့၏ အထင်ကရ လူစည်းကားရာနေရာတစ်ခုဖြစ်သော ကမာရွတ်မြို့နယ်
လှည်းတန်း (၇)လမ်းတွင် နေထိုင်သည့်အမျိုးသမီးတစ်ဦးသည်
ခန္တာကိုယ်ကို အက်ရှင်ကားဆန်ဆန်
ဓါတ်ဆီနှင့်ပက်ပြီး မီးရှို့ ခံရပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင်
ရောက်ရှိနေပြီး အရေးပေါ်ခွဲစိတ်ကုသခံရမည်ဖြစ်ကြောင်း
အရေးပေါ်ခွဲစိတ်ကုသခန်းတွင် ကူညီနေသည့် ကာယကံရှင်၏ သူငယ်ချင်းများက The
Voice Weekly သို့ ပြောကြားသည်။

"အစားစာထားလို့ နောက်ထပ် ၆ နာရီ ကြာမှ ခွဲစိတ်လို့ရမယ်။ ခုတော့
အသက်ရှုနေတယ်။စကားတော့ မပြောနိုင်သေးဘူး" ဟု ည ၈နာရီ ၅၀ မိနစ်တွင်
ကာယကံရှင် သူငယ်ချင်းဖြစ်သူ အမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ အမျိုးသားတစ်ဦးသည် မ... (အသက် ၂၇ ) နေအိမ် လှည်တန်း ၇
လမ်း အမှတ်.. ၃လွာသို့ ရောက်ရှိလာပြီး တံခါးတံပန်းကို
ဓါတ်ဆီနှင့်ပက်နေစဉ် ယင်းအမျိုးသမီးက တံခါးဖွင့်လိုက်သည့်အတွက်
ခန္တာကိုယ်ကို ဓါတ်ဆီများ ပက်မိစဉ် မီးရှို့လိုက်ခြင်း ဖြစ်ကြောင်း
အရေးပေါ်ခွဲစိတ်ကုခန်းသို့ ရောက်ရှိနေသည့် ယင်းအမျိုးသမီး၏ ညီမဖြစ်သူက
ဆိုသည်။

၎င်းသည် ခြေထောက်တွင်သာ မီးလောင်ဒဏ်ရာရရှိပြီး အရေးပေါ်ဌာနအတွင်း ၄င်း၏
သူငယ်ချင်းများနှင့် စကားပြောနေသည်ကိုတွေ့ရသည်။
"တံခါးပေါက်မှာ ပိတ်ပြီး မီးလောင်နေတော့ လန့်သွားတာပေါ့။
နောက်ပေါက်ကိုလည်း ပြေးလို့လဲမရဘူး။ တစ်ခြားတိုက်ကို ကူးရတယ်"ဟု
၎င်းကကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ဆေးရုံသို့ ရောက်ရှိလာသော
သူငယ်ချင်းများကို ရှင်းပြနေသည်။
အရေးပေါ်ဌာနတွင် မီးလောင်ဒဏ်ရာရရှိဖြင့် ရောက်ရှိနေသော အမျိုးသမီးမှာ ည ၉
နာရီ ၂၀ မိနစ်ဝန်ကျင်တွင် စကားပြောဆိုနိုင်ပြီ ဖြစ်သည်။
ယင်းအမှုကို ကျူးလွန်သည့် အမျိုးသားမှာ အခင်းဖြစ်ပွားစဉ်အပြီးတွင်ပင်
ရပ်ကွက်အတွင်းနေထိုင်သူတို့ကို ၀ိုင်းဝန်းထိုးကြိတ်ကာ ဖမ်းဆီးပြီး
ကမာရွတ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်းကိုလည်း မျက်မြင်သက်သေတို့က
ပြောဆိုသည်။
The Voice Weekly

0 ကွန်မန့်ရေးရန်:

Post a Comment