Sunday, May 27, 2012

ယနေ့ ခေတ်ကို ကြော်ငြာခြင်း

လူကြီး ပျိုစင် တွဲကာယှဉ် သဘင်ကတဲ့ခေတ်။
တစ်ဦးဥစ္စာ ပြည့်စုံလာ မနာလိုတဲ့ခေတ်။
ပေါက်ဖော်သားချင်း မေတ္တာကင်း အတင်းပြောတဲ့ခေတ်။
လူငယ်လူကြီး ငြင်းခုံပြီး လူကြီးရှုံတဲ့ခေတ်။
အရွယ်မရောက် အပျိုပေါက် လင်နောက်လိုက်တဲ့ခေတ်။
ရွှေငွေဝတ်ဆင် လူခေါ်ချင် ဂုဏ်အင်ကြီးတဲ့ခေတ်။
ဆရာ၊ဆရာမ စာသင်ပြ စိတ်မချရတဲ့ခေတ်။
ရှေ့ကွဲ နောက်ကွဲ ၀တ်ဆင်ရဲ အသဲယားစရာခေတ်။
သား၊သ္မီးရေး ပေါင်းဖော်ရေး အလေးမပေးတဲ့ခေတ်။
ဆုံမအသံ မနာခံ ပြန်လှန်ပြောတဲ့ခေတ်။
မိန်းမ၊ ယောကျာင်္း သွင်မခြား ခွဲခြားမရသောခေတ်။
မာနရှင်များ လွန်ထောင်လွှား တိုးပွားနေတဲ့ခေတ်။
ကျောင်းသူ ကျောင်းသား စာသင်သွား ရည်းစားထားတဲ့ခေတ်။
ဥပုသ်စောင့်များ ကျောင်းကိုသွား ၀ါကြွားနေတဲ့ခေတ်။
ဘုန်းကြီးများထံ သီလခံ ဆူညံနေတဲ့ခေတ်။
တရားသဘော ဘယ်လိုဟော အတင်းပြောတဲ့ခေတ်။
ဒီစာဖတ်လည်း ခဏပဲ မှတ်မထားတဲ့ခေတ်။

0 ကွန်မန့်ရေးရန်:

Post a Comment