Tuesday, April 24, 2012

ယာဉ်နောက်လိုက်နှင့် အဖော်ဖြစ်သူတို့အား ခါးပိုက်နှိုက်လူတစ်စုက ဓားဖြင့်ထိုးမှုဖြစ်စဉ် ၁၉၉ ယာဉ်လိုင်းပေါ်တွင် ဖြစ်ပွား၊ NLD လွတ်တော်တက်ရေး စကားလုံးပြင်ဆင်ခွင့်နှင့်ပက်သက်ပြီး သူတို့အမြင်များ

Inbox
x

ဦးဦး မှော်ဆရာ mrsorcerer9@gmail.com
9:42 AM (1 hour ago)

to O
ယာဉ်နောက်လိုက်နှင့် အဖော်ဖြစ်သူတို့အား ခါးပိုက်နှိုက်လူတစ်စုက ဓားဖြင့်ထိုးမှုဖြစ်စဉ် ၁၉၉ ယာဉ်လိုင်းပေါ်တွင် ဖြစ်ပွား
Sunday, 22 April 2012 11:25


Inline image 1


ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ်တွင် မထသ ယာဉ်လိုင်းတစ်ခုဖြစ်သည့် ၁၉၉ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်နှင့် အဖော်ဖြစ်သူတို့အား ခါးပိုက်နှိုက်တစ်စုက ဓားဖြင့်ထိုးမှု ဖြစ်စဉ်တစ်ခု ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်မှ ဆူးလေဘက်သို့ ပြေးဆွဲလာသော ၁၉၉ ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ကြည့်မြင်တိုင်၊ စာတိုက်မှတ်တိုင် အရောက်၌ ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသမီးကြီး တစ်ဦးခါးပိုက်နှိုက် ခံရ၍ ယာဉ်အကူ၏ အဖော်ဖြစ်သူ ကိုစိုးမင်းထွေးမှ ကားပေါ်မှ ဆင်းသွားသော ခါးပိုက်နှိုက်သူအား ညွှန်ပြခဲ့ရာ ယာဉ်ပေါ်တွင် ကျန်ရှိနေသော ခါးပိုက်နှိုက်၏ အဖော်တစ်စုမှ ဓားဖြင့် လိုက်ထိုးသဖြင့် ကိုစိုးမင်းထွေးနှင့် ယာဉ်အကူ ကိုဇင်မင်းဦးတို့မှာ လက်နှင့်ပေါင်တို့တွင် ဓားဖြင့် အထိုးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒီနေ့က ဆင်မလိုက်အဝေးပြေးကနေ လူတစ်စုကားပေါ်ကို တက်လာတယ်။ နတ်စင်လမ်းရောက်တော့ အဲ့ဒီအဖွဲ့ထဲက လူတစ်ယောက်ခရီးသည် တစ်ဦးဆီကနေပြီးတော့ ခါးပိုက်နှိုက်နေတာကို တွေ့တယ်။ ကျွန်တော်က ပြောမယ်လည်း လုပ်ရော ဓားထုတ်ပြီး ကျွန်တော့်ကို မျက်ရိပ်မျက်ကဲပြတယ်။ ကျွန်တော်လည်း အရင်က သူတို့ကိုဝင်ပြောရင်ပြောတဲ့ စပယ်ယာကို ဓားနဲ့ထိုးတာတွေ ကြားဖူးလို့ ဘာမှမပြောဘဲ နေလိုက်တာပါ။ စာတိုက်မှတ်တိုင် ရောက်တော့ အဲဒီ အဖွဲ့ထဲက လေးယောက်လောက် ဆင်းသွားတယ်။ နောက်တော့မှ အဘွားတစ်ယောက်က သူ့ပိုက်ဆံအိတ် ခါးပိုက်အနှိုက်ခံရတယ်လို့ လာပြောတယ်။ ကျွန်တော်က ဆင်းသွားတဲ့ သူလေးယောက်ဆိုတာသိတော့ ကျွန်တော်ပြောလိုက်တယ်။ အဘွားကြီးက ဆင်းပြီး ချက်ချင်းလိုက်သွားတယ်။ ခရီးသည် နှစ်ယောက်ကတော့ အဘွားကြီးကို ကူညီပေးဖို့ လိုက်သွားတယ်။ ကားပေါ်မှာ သူတို့ အဖွဲ့က ကျန်နေသေးတာကို ကျွန်တော်က သတိမထားမိလိုက်ဘူး။ သဲကွင်းမှတ်တိုင်လည်း ရောက်ရော တစ်ယောက်က ကျွန်တော့် အနောက် ကကပ်လာပြီး ဂုတ်ကိုဆွဲပြီး ဓားနဲ့ ဗိုက်နေရာလောက်ကို ချိန်ထိုးတာ။ ကျွန်တော်လည်း အတင်းရုန်းကန်ပြီး ပြန်ကာတော့ လက်ကို ထိုးမိသွားတာ” ဟု လက်တွင်ဓားဖြင့် အထိုးခံခဲ့ရသော ကိုစိုးမင်းထွေးက ပြောပါသည်။
ကားပေါ်မှ ဆင်းပြေးပြီး မှတ်တိုင်တွင် ရပ်ထားသော အခြားကားတစ်စီးပေါ်သို့ တက်ပြေးသော်လည်း ခါးပိုက်နှိုက်မှာ ယင်းကားပေါ်အထိ ဓားဖြင့်လိုက်ထိုးကြောင်း၊ ယာဉ်အကူမှ ၎င်းအား ၀င်ရောက် ကူညီမည်ပြုရာ ယာဉ်အကူကိုလည်း ဓားဖြင့် ထိုးသည့်အတွက် . . .

ယင်းကဲ့သို့ ဓားဖြင့်လိုက်ထိုးမှုကြောင့် ၎င်းမှာကားပေါ်မှ ဆင်းပြေးပြီး မှတ်တိုင်တွင် ရပ်ထားသောအခြား ကားတစ်စီးပေါ်သို့ တက်ပြေးသော်လည်း ခါးပိုက်နှိုက်မှာ ယင်းကားပေါ် အထိ ဓားဖြင့် လိုက်ထိုးကြောင်း၊ ယာဉ်အကူမှ ၎င်းအားဝင်ရောက် ကူညီမည်ပြုရာ ယာဉ်အကူကိုလည်း ဓားဖြင့်ထိုးသည့်အတွက် ပေါင်တွင်ထိုးမိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောပြပါသည်။

“သူတို့က အဖွဲ့လိုက် လှုပ်ရှားကြတာ။ ရှစ်ယောက် ကိုးယောက်လောက် ရှိတယ်။ သူတို့ကို ကျွန်တော်တို့ တစ်လိုင်းလုံးက သိတယ်။ ဆင်မလိုက် အဝေးပြေးမှတ်တိုင်ကနေ နတ်စင်လမ်းမှတ်တိုင် အတွင်းပဲ သူတို့က လှုပ်ရှားကြတာ။ ပြောလို့မရဘူး။ ကျွန်တော်တို့ကို ဓားနဲ့ခြိမ်းခြောက်တာ။ အရင်တုန်းကတော့ အဲဒီလောက်မဆိုးဘူး။ အခုနှစ်လသုံးလ အတွင်းမှာ အရမ်းဆိုးလာတာ။ ကျွန်တော်တို့က သူတို့နှိုက်တာကိုမြင်ပြီး မပြောပြန်ရင်လည်း စပယ်ယာနဲ့ ပေါင်းလုပ်တယ်လို့ အပြောခံရတယ်။ ပြောပြန်ရင်လည်း ကျွန်တော်တို့မှာ အန္တရာယ်ရှိတယ်။ ခရီးသည်တွေ တစ်ခုခု ဖြစ်သွားရင်လည်း ကျွန်တော်တို့ပဲ ဒုက္ခရောက်တာ။ ကျွန်တော်တို့ အဲ့ဒီလိုမျိုးကားပေါ်မှာ ခြိမ်းခြောက်တာတွေခံရတိုင်း ဂိတ်မှူးတွေနဲ့ အုံနာတွေကို ပြောပြတာပဲ။ သူတို့ကတော့ ပြဿနာမတက်အောင် နေလို့ပဲ ပြောတယ်။ အဲဒီနေ့ကတော့ ရှောင်လို့မရတော့ ကျွန်တော်တို့ ထိသွားတာ။ ဒီလိုမျိုးဆိုးရွားလာရင် ကျွန်တော်တို့တင် မဟုတ်ပါဘူး ခရီးသည်တွေအတွက်လည်း အများကြီး အန္တရာယ်ရှိပါတယ်” ဟု ပေါင်တွင် ဓားဖြင့် အထိုးခံခဲ့ရသော ကိုဇင်မင်းဦး မှ ပြောပြခဲ့ပါသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်ကလည်း မထသလက်အောက်မှ အမှတ် ၄၄ ယာဉ်လိုင်းပေါ်တွင် ခရီးသည် တစ်ဦးအား ခါးပိုက်နှိုက်တစ်စုမှ ဓားဖြင့်ထိုး၍ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း၊ ခါးပိုက်နှိုက်များမှာ ခါးပိုက်နှိုက်ခြင်း နှင့်မတူတော့ဘဲ ဓားပြတိုက်သည်နှင့် တူလာကြောင်း၊ စပယ်ယာ ဆက်လုပ် ရမည်ကိုလည်း ကြောက်ရွံ့သွားပြီ ဖြစ်ကြောင်း ကိုဇင်မင်းဦးမှ ဆက် လက်ပြောပြခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်အကူနှင့် ၎င်း၏ အဖော်ဖြစ်သူတို့မှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ယာဉ်အကူမှာ ပေါင်ဒဏ်ရာကို ငါးချက်ချုပ်ခဲ့ရကာ ၎င်း၏ အဖော်မှာ လက်ဒဏ်ရာကို လေးချက်ချုပ်ခဲ့ရကြောင်း သိရသည်။ ၎င်းတို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် အတွင်း သက်ဆိုင်ရာမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ မြန်မာနိုင်ငံရဲ အဖွဲ့မှ စစ်ချက်လာယူခဲ့ပြီး မြို့နယ် ရဲအဖွဲ့အနေဖြင့် လိုက်လံဖမ်းဆီးနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်းတွင် ၎င်းယာဉ်လိုင်းမှ ကားတစ်စီးကို ခါးပိုက်နှိုက်ခြောက်ဦး တက်ရောက်ပြီး ယာဉ်အကူတို့အား ဓားပြကာ ကားခ မတောင်းရန် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်းကိုလည်း အဆိုပါယာဉ်လိုင်း မှ ယာဉ်အကူများက ပြောပြခဲ့ပါသည်။
— with A Chit Lay July.


NLD လွတ်တော်တက်ရေး စကားလုံးပြင်ဆင်ခွင့်နှင့်ပက်သက်ပြီး သူတို့အမြင်များ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှု့သည်..ဝေါဟာရပြသနာ
မဟုတ်ပါ ။ ယုံချက်ချက်ပြသနာဖြစ်သည်..ဒီကိစ္စကိုပေါ့ပေါ့သဘောထားမရပါ..။
အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင်..အင်္ဂလိပ်လို..uphold ဆိုတာကို ရှင်းပြချင်ပါသည်..
အဓိပ္ပါယ်က.. (To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ထိန်းသိမ်းပါ
မည် ၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) ......
စဉ်းစားကြည့်ပါ....NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်ဆိုတာ...အဓိကမူ...
ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်...လူထု
ကို ပေးထားတဲ့ကတိဖျက်ရာမရောက်ဘူးလား...
NLD လုပ်ရပ်မှန်တယ်....ဒီကိစ္စဟာ...လ
ူထုဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။

(Maung Maung Wann)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ သည် အဖွဲ့ချုပ်မှ တောင်းဆိုထားသော ကျမ်းကျိန် စာသား စကားလုံး ပြောင်းလဲပေးရေး အတွက် အချိန်မှီ ပြင်ဆင်ထုတ်ပြန်ခြင်း မပြုပေးသောကြောင့် လွှတ်တော်ကို အချိန်မှီ မတက်ရောက်နိုင်တော့သည့် သတင်းများက တနိုင်ငံလုံးကို စိတ်ဝင်တစား ဖြစ်နေစေသည်။

နဂိုကတည်းက ဒီလိုပြဌာန်းထားတာကို သိရက်နဲ့ ဒီလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်အရွေးခံပြီး ရင် ဒီကျမ်းကို ဒီလိုကျိန်ရမယ် ဆိုတာ သိသိကြီးနဲ့ အခုမှ ဘာအိုက်တင်ခံတာလဲ။ ဒီစကားလုံးလေး နှစ်ပါဒ စာသားလေးနှစ်ကြောင်းက ဘာများ ကွဲလွဲ ထူးခြားသွားမှာ မို့လဲ။ စသည်ဖြင့် ၀ါးလုံးခေါင်းထဲက လရောင် အတွေးများဖြင့် စွပ်စွဲပုတ်ခတ်ကြသည်။

သစ္စာဆိုခြင်း ကျမ်းကျိန်ခြင်းဟူသည် အလေးအနက် စောင့်သိလိုက်နာမည့်သူများ အတွက် ဘ၀နဲ့ချီပြီး အရေးကြီးသည်။

ဆိုခဲစေ မြဲစေ၊ တိုင်တည်ရွတ်ဆိုသော သစ္စာနဲ့ အညီ တည်ကြည်ဖြောင့်မတ်သော အမူအကျင့်ကို ပြုမည့်သူများအတွက် သစ္စာဆိုသည့် အချက်များသည် အသက်တမျှ အလွန် အရေးကြီးသည်။ လိုလားလိုက်နာနိုင်မည့် အချက်မဟုတ်က မည်သူမျှ ကျမ်းကျိန် မည်မဟုတ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သည် မူလ ကတည်းက ယနေ့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အားလုံးကို နှစ်သက် သဘောတူ ထောက်ခံခဲ့သည် မဟုတ်ပါ။

ပြည်ထောင်စု နိုင်ငံတည်ဆောက်နိုင်ရေး၊ တိုင်းရင်းသား တန်းတူညီတူရှိရေး အမြင်၊ လူထု ဆန္ဒလိုလားချက်များနှင့် ကွဲလွဲချက် များစွာ ရှိသော ပြသနာများဖြင့် အခြေခံဥပဒေသစ်ကို ကသောကမျော ပြဌာန်းခဲ့သည်ဟု နိုင်ငံတကာက စွပ်စွဲထောက်ပြမှုများရှိခဲ့သည်။

လူထုအများငြိုငြင်ညူစူ ကန့်ကွက်နေသည့် အကြားမှ စစ်ကောင်စီ ဦးစီးပြီး ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေတွင် အများပြည်သူနှင့် နိုင်ငံ့ အနာဂတ်ကို အာမခံချက် မပေးနိုင်သော ပြဌာန်းချက် အချို့ပါဝင်နေသည်မှာ ငြင်းမရပါ။

နှစ်ပေါင်းများစွာအတွင်း ပါတီခေါင်းဆောင်မှ အစ ပါတီဝင်များစွာတို့ အဖမ်းခံ ထောင်အကျခံပြီး ပေးဆပ် စွန့်လွှတ်အနစ်နာခံကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် ဒီမိုကရေစီ နိုင်ငံတော် စစ်စစ် တည်ဆောက်နိုင်ရေး စဉ်တစိုက် ကြိုးပမ်းခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံသားတို့ အတွက် အကျိုးမဲ့စေမည့် မည်သည့် လုပ်ရပ်မျိုးကိုမှ တောင်းဆိုလိမ့်မည် မဟုတ်ဟု ကျွန်ုပ်တို့ အလေးအနက် ယုံကြည်သည်။

လူထု အများစု ဆန္ဒ္ဒဖြင့် တခဲနက် စစ်မှန်စွာ ရွေးကောက်တင်မြောက်ခံရသော လူထု ကိုယ်စားလှယ်များသည် နိုင်ငံသားတို့ အနာဂတ်ကို ခြိမ်းခြောက်နေသော သို့မဟုတ် တည်ငြိမ်ရေးကို အနှောက်အယှက်ပြုနေသော အခြေခံ ဥပဒေပါ အချက်အချို့နှင့်၊ လူထုနှင့် နိုင်ငံတော်အား အကျိုးမပြုသော အချက်အချို့အား ပြင်ဆင်ပေးနိုင်လိမ့်မည်ဟု ပြည်သူအများက ယုံကြည်မျှော်လင့်ပြီး မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်းကိုလည်း ပါတီခေါင်းဆောင်များက တရားဝင် ထုတ်ဖေါ်ပြောဆိုထားယုံမျှ မက နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံဆွေးနွေးစဉ်ကလည်း ထိုအကြောင်း ထည့်သွင်းဆွေးနွေးပြီးဖြစ်သည်ဟု အများစုက ယုံကြည်ထားသည်။

ထို့ကြောင့် အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းကျိန်ခြင်း မပြုလိုပဲ လေးစားလိုက်နာပါမည်ဟုသာ သစ္စာပြု ကျမ်းကျိန်ရန် ပြင်ဆင်ခွင့်တောင်းဆိုသည့် ညီညွတ်စည်းလုံးသော ပြည်သူ့ ကိုယ်စားလှယ်ကြီးများဧ။် ရဲရင့် ရိုးဖြောင့် တည်ကြည် ခိုင်မာ ဓိဌာန်ကို ပြည်သူအများကိုယ်စား ဦးညွှတ် အလေးပြုလိုက်ပါသည်။

လူထုအကျိုးနှင့် အနာဂတ် ပြည်ထောင်စု ကောင်းကျိုးကို တရားဝင် လွှတ်တော်တွင်း စည်းဝေးတိုင်ပင် အဆိုတင် ညှိနှိုင်း ဖြေရှင်းခြင်းများနှင့် လွှတ်တော်ပြင်ပ လူထု လှုပ်ရှားမှုများဖြင့် ဟန်ချက်ညီ ထိန်းကွပ်ချိန်ကိုက်ကာ အနာဂတ် နိုင်ငံတော်သစ်ကို ငြိမ်းချမ်း သိမ်မွေ့စွာ တည်ဆောက် အကောင်အထည်ဖေါ်နိုင်မည်ဟု ယုံကြည်သည်။

ပြည်သူအများ လိုလားတောင့်တ နေသော နိုင်ငံရေး စနစ်အကူးအပြောင်းကိုတည်ဆောက်ရာတွင် လွှတ်တော်တွင်း ရောက်နှင့်ပြီးသူ စိတ်ရင်း စေတနာ မှန်ကန်သော ကိုယ်စားလှယ်ကြီးများကလည်း ယနေ့ အချိန်အခါသည် စနစ်အကူးအပြောင်း ပြိုင်ပွဲကြီးဧ။် တာထွက်အစ ခရာသံ ဖြစ်သည်ကို နားလည်သဘောပေါက်ပြီး ဖြစ်သည်ဟု မိမိတို့ ယုံကြည်ပါသည်။

ယနေ့ လွှတ်တော်တွင်း သို့ တရားဝင် တက်ရောက်တော့မည့် ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များအတွက် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည့် အကြောင်း ကျမ်းကျိန်စာသားကို ချက်ချင်း ပြင်ဆင်မပေးခြင်းအတွက် အခြေခံ အကြောင်း တရား အချို့လည်း ရှိကောင်း ရှိနေနိုင်ပါသည်။

အခြေခံဥပဒေပါ အချက်များအရ ကိုယ်စားလှယ် ရာနှုန်း ဘယ်လောက်ဖြင့် တရားဝင် တင်သွင်း ပြင်ဆင်ခွင့်တင်ပြပြီးမှ ပြင်ဆင်နိုင်သည် ဆိုသောကြောင့် ယခု အပတ်အတွင်း တည်ဆဲ ဥပဒေပါ လုပ်ထုံးလုပ်နည်းများ အတိုင်း တင်သွင်းပြင်ဆင်ပေးလိမ့်မည်ဟု မျှော်လင့်မိသည်။

အုပ်ချုပ်ရေး စနစ်သစ် စတင် လည်ပတ်သည်မှ အစ လူထု လိုလားချက်များနှင့် နိုင်ငံ့ ကောင်းကျိုးကိုသာ စဉ်တစိုက် အကောင်အထည်ဖေါ်လာခဲ့သော နိုင်ငံတော် သမ္မတဦးဆောင်သည့် အစိုးရ အဖွဲ့ အနေဖြင့် ယနေ့အချိန်အခါကိုလည်း နိုင်ငံ့  အနာဂတ် အတွက် ရင့်ကျက်သော စဉ်းစားဆင်ခြင်ဥာဏ်ဖြင့် ဆုံးဖြတ်လမ်းပြ ပေးဦးမည်ဟု ယုံကြည်ထားပါသည်။

သို့မှ မဟုတ်လျှင် အခြေခံဥပဒေပါ အချက်များကို မည်သည့်နည်းဖြင့်မှ ပြင်ဆင်ခွင့် မရအောင် ကာကွယ်မည် ဆိုသော စိတ်ထားဖြင့် အရာရာ အသေးစိတ်က အစ ကန့်သတ်ချုပ်ချယ် စီးပိုး တားမြစ်မည် ဆိုလျှင် ကျွန်ုပ်တို့ နိုင်ငံ အနာဂတ်သည် နှစ်ပေါင်းများစွာ ဖိစီးချုပ်မိုးထားခဲ့ဖူးသည် အတိတ်တစ္ဆေ ဧ။် အရိပ်တွေ လွှမ်းနေအုံးမည် ဖြစ်ပါကြောင်း .......................

တင်ပြသူ

နေမျိုးဇင်

( ကြည်း ၂၉၄၄၄ ဗိုလ်ကြီးဟောင်း နေမျိုးဇင် )

လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်တွေ အစားထိုး

Inline image 3

Inline image 4

Inline image 5

Inline image 2

နေပြည်တော် ရှိ အမျိုးသား လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် အမတ်များ ကျမ်းကျိန်စဉ်၊ ဧပြီ ၂၃၊ ၂၀၁၂။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် နေရာတွေကို ဗိုလ်မှုးအဆင့် ကိုယ်စားလှယ်တွေ အစား ရာထူးကြီးတဲ့ ဗိုလ်မှုးချုပ်၊ ဗိုလ်မှုးကြီး နဲ့ ဒုဗိုလ်မှုးကြီး  ၅၉ ယောက်နဲ့ ဒီကနေ့ အစားထိုး ခန့်ထား လိုက်ပါတယ်။ ဒီလို ရာထူးမြင့်တဲ့ ကိုယ်စားလှယ်တွေ ပြောင်းလဲ ခန့်ထားလိုက်တာ ဘာကြောင့် ပါလဲ။ ဒါဟာ လွှတ်တော်နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်မှု အခန်း ကဏ္ဍကို တိုးမြှင့်ဖို့ ရည်ရွယ် တာဖြစ်နိုင်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကို ကာကွယ်ဖို့ ဖြစ်နိုင်ကြောင်း သုံးသပ်ချက်တွေ ရှိနေပါတယ်။
လွှတ်တော်အသီးသီးရဲ့ တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ဒီကနေ့ စတင်ချိန် မှာပဲ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က ဗိုလ်မှုး အဆင့် တပ်မတော်သားကိုယ်စားလှယ် ၅၉ ဦးကို အခြားအဆင့်မြင့် အရာရှိတွေ နဲ့ ခန့်ထား လိုက်ကြောင်း အစိုးရပိုင် သတင်းစာတွေမှာ ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ ပြည်သူ့ လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှုး ၃၉ ယောက်နဲ့ အမျိုးသား လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှုး ၂၀ ယောက်အစား ဗိုလ်မှုးချုပ် ၈ယောက်၊ ဗိုလ်မှုးကြီး ၁၄ ယောက်နဲ့ ဒုဗိုလ်မှုးကြီး ၃၇ ယောက် နဲ့ အစားထိုး ခန့်ထားလိုက်တာဖြစ်ပါတယ်။
ဒီလို အဆင့်မြင့်အရာရှိကြီး ၆၀ နီးပါး လောက်ကို တပြိုင်တည်းပြောင်းလဲ ခန့်ထားလိုက်တဲ့အပေါ်မှာ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့်က အခုလို သုံးသပ်ပါတယ်။
“ပြီးခဲ့တဲ့နှစ်က တပ်မတော်သား ကိုယ်စားလှယ်တွေ စာရင်း စထွက်တော့ ဗိုလ်ကြီးတွေ၊ ဗိုလ်မှုးတွေများ တာပေါ့ဗျာ။ အရာရှိငယ်တွေပေါ့။ လူကြီးဆိုလို့ ဗိုလ်မှုးကြီးလောက် ၂- ၃ ယောက်လောက်ပါတာ တွေ့တာ ပေါ့နော်။ အဲတော့ကာ လွှတ်တော် ကဏ္ဍမှာ တပ်မတော်က များများစားစား အလုပ်လုပ်ဖို့ မရှိလို့လား ထင်ရတာ ပေါ့နော်။ ဒါပေမဲ့ ပြီးခဲ့တဲ့တနှစ်လုံးမှာ လွှတ်တော် နိုင်ငံရေးက အများပြည်သူ ထင်တာထက် ပိုပြီးတော့ သွက်သွက် လက်လက် ဖြစ်လာတယ်ဗျာ။ အုပ်ချုပ်ရေးပိုင်းကို check and balance လုပ်တဲ့ အပိုင်းတွေ မှာ တော်တော် ထိထိရောက်ရောက် လုပ်လာတာတွေ တွေ့တယ်။ ဆိုတော့ အခု တပ်မတော်သား ကိုယ်စားလှယ်တွေ ပိုပြီး အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ ခန့်လာတာသည် လွှတ်တော်နိုင်ငံရေးက ပိုအရေးကြီး လာအတွက်ကြောင့်ဆိုတာ တချက်ဖြစ်နိုင်တာပေါ့။”
အခြားအချက် ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လွှတ်တော်အတွင်း ၀င်လာနိုင်တဲ့ အခြေအနေကြောင့် လည်း ဖြစ်နိုင်တယ်လို့ ဆရာ ဖေမြင့် က ဆက်ပြောပါတယ်။
“နောက်တချက်က အန်အယ်ဒီကလည်း ၀င်လာမယ်ပေါ့နော်။ အန်အယ်ဒီကလည်း ဒီလွှတ်တော်ထဲကို ၀င်လာရတဲ့ အထဲမှာ အဓိက တခုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်။ အဲတော့ လွှတ်တော် နိုင်ငံရေးမှာ တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်လာလိမ့်မယ်လို့ မြင်ရတာပေါ့နော်။ အဲတော့ တပ်မတော်ကလည်း သူနဲ့ ပတ်သက်တဲ့ ကိုယ်စားလှယ်တွေကို ပိုပြီးတော့ စောစောကထက် ပိုထိထိရောက်ရောက် အလုပ်လုပ်နိုင်မယ့် ပို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ ထည့်ပေးလာတယ်လို့ ဒီလိုပဲ စဉ်းစားလို့ ရတာပေါ့။”
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။
“နှစ်ချက်ပေါ့နော်။ လွှတ်တော်တွေ အပေါ်မှာ တပ်မတော်ရဲ့ အလေးအနက် ထားမှုကို ဖော်ပြချင်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ နောက်တချက်က လွှတ်တော် ကျင်းပခါနီး လောက်မှာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ကျမ်းကျိန်လွှာ နဲ့ ပတ်သက်လို့ ဖြစ်နေကြတဲ့ အပိုင်းမှာ။ အခုလို သူတို့ ကျမ်းမကျိန်ရင် လည်းဘဲ ကျမ်းကျိန် မယ့် လူအင်အားကို ပြချင်လို့လား။ ကျမ်းကျိန်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်ဆိုတာ ပြချင်လို့ ရုတ်တရက် များ ပြောင်းလဲ လိုက်တာလား ဆိုတဲ့ အပိုင်း နှစ် ပိုင်းတော့ ရှိလာတာပေါ့နော်။”
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေ ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပြောင်းလဲတဲ့ အပေါ်မှာ အခုလို ပြောပါတယ်။
“အဆင့်မြင့်တဲ့ စစ်ဗိုလ်ကြီးတွေက ဒီထဲမှာ ရောက်လာတယ် ဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ဘာဖို့ ကျတော့ ဒါဟာ နည်းနည်း တွန့်ဆုတ်သွားအောင် လုပ်လိုက်တာလည်း ဖြစ်နိုင်တာပေါ့နော်။”
“ကျနော့်အမြင်တော့ တပ်မတော်သည် အနာဂတ်နိုင်ငံရေး ဦးဆောင်မှု အခန်းမှာ ဆက်လက်ပါဝင်ခွင့်ရဖို့ ကြိုးပမ်းမှု တရပ်လို့ပဲ ထင်ပါတယ်။ အရွယ်ငယ်သူတွေ အနေနဲ့ ပွင့်လင်းခေတ်မီတဲ့ အမြင်ရှိသူ စစ်ဗိုလ်တွေ များတယ်လေ။ ပြီးတော့ ကိုယ်ကျိုး စီးပွားပိုင်ဆိုင်မှုတွေလည်း သိပ်မရှိသေးတော့ လူထု အများစုဘက် ယိမ်းသွားနိုင်တယ်။ ဒါကို ကာကွယ်လိုက်တာလို့ပဲ မြင်ပါတယ်။ အဓိက ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဇောင်းပေးချည်းကပ်လာမှု အားလုံးအပေါ် ခံစစ် စနစ်တကျ ပြင်လိုက်တာပါပဲ ဟု တပ်မတော်သား ဗိုလ်ကြီးဟောင်း နေမျိုးဇင် က သုံးသပ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များအား ယခင်က အနည်းအကျဉ်းမျှ ပြောင်းလဲခန့်အပ်မှုများ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ အများအပြား အစားထိုးခန့်အပ်ခြင်းကို ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်
ပြုလုပ်ခြင်း ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒအရ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်ပေါင်း ၄၄ဝ ဦးထဲမှ တပ်မတော်သား ၁၁ဝ ဦး၊ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာမှ တပ်မတော်သား ၅၆ ဦးပါဝင်ရာ လွှတ်တော် နှစ်ရပ်ပေါင်း တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး ရှိသည်။
ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလတုံးက လွှတ်တော် အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ယောက်ကို ခန့်ထားရာမှာတော့ ဗိုလ်မှုးကြီး ငါး ယောက်သာ ပါဝင်ပြီး ကျန် ကိုယ်စားလှယ် အများစုဟာ ဗိုလ်မှူး နဲ့ ဗိုလ်ကြီး အဆင့်တွေ ဖြစ်ပါတယ်။
လက်ရှိ မြန်မာပြည်မှာ ပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ အရင် စစ်အစိုးရ လက်ထက် က ရေးဆွဲခဲ့တာ ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် နဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို  အလေးထား ထည့်သွင်းထား တာကြောင့် ဒီမိုကရေစီနည်း မကျဘူးလို့ အတည် မပြုခင်ကတည်းက ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။ အများစု ဝေဖန် ထောက်ပြ တာကတော့ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်း ဒေသကြီး နဲ့ ပြည်နယ် လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေး ဦးစီးချုပ်က ခန့် အပ်နိုင်တယ် ဆိုတဲ့ အချက် လည်းတချက် အပါအ၀င်ဖြစ်ပါတယ်။
ရွေးကောက်ပွဲများမှ တက်လာကြမည့် လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ ကြားဖြတ်
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၄၂ ဦးနှင့် အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိသည်။

သို့သော် NLD အမတ်များအနေဖြင့် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရန် စကားလုံး ပြင်ဆင်ပေးရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းနေဆဲဖြစ်၍ တနင်္လာနေ့တွင် ပြန်လည် စတင်ကျင်းပသည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။

0 ကွန်မန့်ရေးရန်:

Post a Comment