Tuesday, April 3, 2012

Huawei ဖုန်းအတွက် root လုပ်မယ့် နည်းလမ်းနှစ်မျိုး

Huawei ဖုံးတွေနဲ့ ပါတ်သက်ပြီး သူငယ်ချင်းတော်တော်များများ မေးနေကြလို့ www.myanmarmobileapp.com  ကနေတဆင့် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်...။
 
အခုပို့စ်လေးက ၉.၃.၂၀၁၂ ရက်နေ့က ခက်ခက်ခဲခဲစမ်းထား
ပြီးအောင်မြင်တဲ့ ပို့စ်လေးဆိုလဲ မမှားပါဘူး။
အောက်ပါနည်းလမ်းကို
ကျွန်တော်ကိုယ်တိုင်အပင်ပန်းခံ လေ့လာစမ်းသပ်ပြီးအောင်မြင်ခဲ့တဲ့
နည်းလမ်းလေးပါ။
root လုပ်လို့အောင်မြင်တဲ့ နည်းလမ်း ၂-ခု ရှိပါတယ်
မိမိအတွက် အဆင်ပြေမဲ့ နည်းလမ်းနဲ့
အသုံးပြုလို့ရပါတယ်။
Huawei U8650 Android 2.3.3 ကို root လုပ်ဖို့အတွက်
လိုအပ်တဲ့ root tool များကို download ဆွဲပါ

ပုံစံ ၁ နည်းလမ်းအတိုင်း ပြုလုပ်မဲ့သူတွေအတွက်
Huawei U 8650 အတွက် driver အားရယူရန်
http://minus.com ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်
OR
Direct link ဖြစ် SuperOneClick Tool v2.3.3 အားရယူရန်

ပုံစံ ၂ နည်းလမ်းအတိုင်း ပြုလုပ်မဲ့သူတွေအတွက်
Huawei U 8650 အတွက် driver အားရယူရန်
root file အားရယူရန်

ဥပမာအနေနဲ့ root လုပ်ပြမဲ့ Huawei U8650 ရဲ့ အချက်အလက်ပါ

Model number
U8650
Android version
2.3.3
Baseband version
60501009
Kernel version
2.6.35.7-perf
android@localhost#1
Build number
U8650V100R001C223B826
Huawei Android version 2.3.3 ကို root လုပ်နည်း ပုံစံ ၁
အဆင့် ၁ :
root ပြုလုပ်ဖို့အတွက် အသုံးပြုမဲ့ Computer မှာ
Huawei U8650 Phone driver ကို install ပြုလုပ်ပါ။
အဆင့် ၂ :
root ပြုလုပ်မဲ့ Huawei U8650 မှ
Call or Dial ကို နှိပ်ပြီး
*#*#2846579#*#* ကိုနှိပ်ပေးပါ။
အဆင့် ၃ :
Project menu >>> background settings >>>
log settings >>> log switch မှ
set log on ကိုရွေးပြီး ” On ” ပေးပါ။
အဆင့် ၄ :
Phone ကို restart ချပေးပါ။
အဆင့် ၅ :
Root လုပ်ဖို့တွက် (Super One Click Root.rar ) ဖိုင်ကို Download ဆွဲပါ။
အဆင့် ၆ :
Desktop မှာ Download ဆွဲထားသော (Super One Click Root.rar ) ဖိုင် ကိုဖြည်ပါ။
အဆင့် ၇ :
Root လုပ်မဲ့ Phone ကို USB Cable ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
Phone Setting>>Applications>>Unknown sources နှင့် Development>>မှ
USB debugging ကို Enable လုပ်ပေးပါ။
အဆင့် ဂ :
ဖြည်ထားသော (Super One Click Root.rar ) ဖိုင်မှ SuperOneClikc.exe ကို
ကလစ်၂ချက်နှိပ့်ပြီး Run ပေးပါ။
အဆင့် ၉ :
Root button ကို ကလစ်နှိပ်ပေးပါ။
root အတွက် Super One Click က အချိန် မိနစ်ပိုင်းလောက် အလုပ်လုပ်နေပါလိမ့်မယ်
Root install has completed! Would you like run a test ? box ပေါ်လာလျှင်
No ကိုရွေးပြီး ကလစ် နှိပ်ပေးပါ။
အခုအဆင့်တွေ မှန်ကန်စွာပြီးရင်တော့ မိမိဖုန်းမှာ Superuser ရရှိပြီး Root လုပ်လို့အောင်မြင်သွားပါပြီ။
Root လုပ်ပြီးတဲ့အခါ Phone ကို Restart လုပ်ပေးပါ။
ဖုန်းပြန်တက်လာချိန်မှာ ယုန်ခေါင်းပုံစံလေးနဲ့ Superuser icon ကိုရရှိသွားပြီဆိုလျှင်
Root လုပ်တဲ့အဆင့်ပြီးသွားပါပြီး
အဆင့် ၁၀ :
root ပြုလုပ်ပြီးပြီဆိုလျှင် Huawei U8650 မှ
Call or Dial ကို နှိပ်ပြီး
*#*#2846579#*#* ကိုနှိပ်ပေးပါ။
အဆင့် ၁၁ :

set log off ကို ပြန်ပြီး ” Off ” ရွေးပေးပါ။
အဆင့် ၁၂ :
Phone ကို restart ချပေးပါ။
Root လုပ်ပုံကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်
——————————————————————————————————————-
Huawei Android version 2.3.3 ကို root လုပ်နည်း ပုံစံ ၂

ပထမဆုံး Root.zip file ကို Phone SD ကဒ်ထဲသို့ Copy ကူးပါ။
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
အဆင့် ၃ :
ဖုန်းကို ပါဝါပိတ်ပြီး
ဘထ္ထရီဖြုတ်ပေးပါ။
၅ စက္ကန့်လောက်အချိန်ရောက်ပြီဆိုလျှင်
ဘထ္ထရီ ပြန်တက်ပေးပါ။
အဆင့် ၄ :
အခုအဆင့်မှာအရေးကြီးပါတယ်
ဖုန်းရဲ့ recovery mode ကိုသွားပါမယ် ။
အဲတွက် Volume Up + Power ကို တွဲနှိပ်ပေးပါ
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း Huawei logo နဲ့တက်လာပါလိမ့်မယ်
Volume Up ခလုတ် နဲ့ Power ခလုတ်ကို မလွတ်ပါနဲ့။
Huawei logo တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။
Volume Up + Power ခလုတ် လွတ်ပေးပါ။
အဆင့် ၅ :
Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME UP နှင့် VOLUME DOWN ပြီးတော့ Power ခလုတ်ကို အသုံးပြုပါမယ်။
အဆင့် ၆ :
Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ ” apply update from sdcard ” ကိုရွေးပြီး
Power ခလုတ်ကို နှိပ်ပေးပါ။
အဆင့် ၇ :
Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး Root.zip file ကိုရွေးပြီး HOME ခလုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး Root.zip file ကိုရွေးပေးပါ ) ။
အဆင့် ၈ :
Root file install လုပ်ပြီးသွားပြီဆိုလျှင် ” reboot system now ” ကို ရွေးပြီး ဖုန်း reboot ကျတာကိုစောင့်ပေးပါ။
ဖုန်းပြန်တာလာပြီ မိမိဖုန်းမှာ Superuser ကိုတွေ့ရပြီဆိုလျှင် မိမိဖုန်း Root လုပ်လို့ပြီးသွားပါပြီ။
Huawei Android version 2.3.3 ကို root လုပ်နည်း ပုံစံ ၁ နည်းလမ်း
နှင့် Huawei Android version 2.3.3 ကို root လုပ်နည်း ပုံစံ ၂ ထဲမှ
နည်းလမ်းမှန်ကန်စွာနဲ့ အောင်မြင်စွာ root ပြုလုပ်ပြီးပြီဆိုလျှင်
Fontchanger ကိုသုံးပြီး မူရင်း Fontchanger ကိုသုံးပြီး မူရင်း
Japanese,Chinese font မပျောက်အောင်
မြန်မာဖောင့်ထည့်နည်းလမ်းနဲ့ မြန်မာဖောင့်ထည့်နည်းလမ်း
အဆင့်ကို သွားနိုင်ပါပြီ ………………..
fontchanger ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
fontchanger application ထဲသို့ဝင်ပေးပါ
တချို့ဖုန်းတွင် fontchanger application တွက်
busybox တောင်းပါက busybox ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
ဒုတိယအဆင်အနေနဲ့
zawgyi.ttf ကို ဖုန်းရဲ့ SD ကဒ်ထဲသို့ ကူးထည့်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore ကို install လုပ်ပေးပါ
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Root Explore application ထဲသို့ဝင်ပေးပါ
မိမိဖုန်းမှာ root လုပ်ထားလို့ Sueruser premission တောင်းလျှင် allow လုပ်ပေးပါ
sdcard—>မိမိထည့်ထားသော zawgyi_one.ttf ရှိတဲ့ ဖိုဒါဆီသို့သွားပါ—>zawgyi_one.ttf ဖိုင်ကို ဖိပြီး Copy ကူးပါ
ပြီးလျှင် ဘတ်ခလုတ် နှိပ်ပြီး fontchanger ဖိုဒါဆီသို့သွားပြီး past လုပ်ပါ
Home Screen သို့ပြန်သွားပြီး fontchanger software ထဲသို့ဝင်ပါ။
ခုနကထည့်ထားသော ဇော်ဂျီဖောင့်ကို တွေ့ရပါမယ်
ဇော်ဂျီဖောင့်ကို နှိပ်ပြီး set ကိုရွေးပြီး နှိပ့်ပေးပါ
apply , preview နှင့် cancel ပေါ်လာလျှင်
apply ကိုရွေးပေးပါ။
rebootnow နှင့် reboot later ပေါ်လာလျှင် rebootnow ကိုမနှိပ်ပဲ
Power button ကိုနှိပ်ပြီး Power ပိတ်ပေးပါ။
( fontchanger နဲ့ ဖုန်းကို restart ချပေးလျှင် ဖုန်းပြန်အတက်မှာ
တခါတလေ ဖုန်းပြန်မတက်တာတွေ ဖြစ်မှာစိုးလို့ပါ )
ကျွန်တော်ကတော့ အခုနည်းလမ်းလေးနဲ့ ပြုလုပ်ပါတယ်။
Power ပိတ်သွားပြီဆိုလျှင် ၁ မိနစ်လောက် ခဏစောင့်ပေးပါ။
ပြီးလျှင် Power button ကိုပြန်နှိပ်ပြီး ဖုန်းကိုဖွင့်ပါ။
အဲဒီအဆင့်တွေ ပြီးသွားလို့ ဖုန်းပြန်တက်လာတဲ့ချိန်မှာ မူရင်းတရုတ်ဖောင့်မပျောက်ပဲ
မြန်မာဖောင့်နဲ့ တွဲဖတ်ပြီးအသုံးပြုလို့ရပါပြီ။

fontchanger.apk အားရယူရန်

Root Explore.apk အားရယူရန်

Busybox.apk အားရယူရန်

Zawgyi_One.ttf font အားရယူရန်

မြန်မာစာကီးဘုတ် အားရယူရန်

Huawei U8650 Android 2.3.3 ကို root လုပ်နည်း နှင့် မြန်မာဖောင့်ထည့်နည်း
အခုပြောပြတဲ့ နည်းလမ်းလေးနဲ့ အခက်ခဲမရှိ ပြုလုပ်ရတာ အဆင်ပြေပြီး
အောင်မြင်ကြမယ်ထင်ပါတယ်…….
အားလုံးကိုကျေးဇူးတင်ပါတယ် ….. :)

ပို့စ်ရေးသားသူအမည်: အီးတီ

0 ကွန်မန့်ရေးရန်:

Post a Comment