Sunday, April 1, 2012

အမေ

အမေဆိုတော့  မိသားစုနွေးနွေးလေး ဖန်တီးချင်တာပေါ့
အမေဆိုတော့  စိတ်ဝမ်းကွဲတာ ဘယ်မြင်ချင်မှာလဲ
အမေဆိုတော့  အချင်းချင်း ညီပြီး ညွတ်နေစေချင်တာ
အမေဆိုတော့  သားဆိုး သ္မီးဆိုးကိုလည်း သီးခံရတာပေါ့
အမေဆိုတော့  သားသ္မီးတွေပျက်စီးသွားအောင် ဘယ်ဆိုးစေချင်မှာလဲ
အမေဆိုတော့  သားသ္မီးတွေ ခွဲခြားပြီး ချစ်ပါ့မလား
အမေဆိုတော့  သားသ္မီးတွေ လိမ္မာယျဉ်ကျေးစေချင်တာပေါ့
အမေဆိုတော့  သားသ္မီးတွေ ပညာတတ်ကြီးတွေဖြစ်စေချင်တာပေါ့
အမေဆိုတော့  သားသ္မီးတွေ ပင်ပန်းစေချင်ပါ့မလား
အမေဆိုတော့  သားသ္မီးတွေ ကျန်းမာစေချင်တာပေါ့
အမေဆိုတော့  သားသ္မီးတွေ တက်ကြွပျော်ရွှင်စေချင်တာပေါ့
အမေဆိုတော့  ပျင်းရိတဲ့သားသ္မီးဆိုရင် ဆုံးမပြုပြင်ရမှာပေါ့
အမေဆိုတော့  သားသ္မီးတွေက ပျော်နေစေချင်တာပေါ့
အမေဆိုတော့  သားသ္မီးတွေက နစ်နာစေချင်ပါ့မလား
အမေဆိုတော့  မိသားစုအတွက် နစ်နာတယ်လို့ သဘောထားပါ့မလား
အမေဆိုတော့  မိသားစုမှာ အရာရာ သူပါမှ
အမေဆိုတော့  မိသားစုအရေးမှန်သမျှ ချန်ထားလို့မရ
အမေဆိုတော့  မိသားစုဒဏ် ခံရတာပေါ့….။
အမေ့ကိုချစ်လို့  နေရောင်ခြည်ဟာ နွေးပါ့မယ်တဲ့
အမေ့ကိုချစ်လို့  သစ်တောကြီးတွေက စိမ်းပါ့မယ်တဲ့
အမေ့ကိုချစ်လို့  ဧရာဝတီဟာ စီးပါ့မယ်တဲ့
အမေ့ကိုချစ်လို့  တံခါးတွေက ပွင့်ပါ့မယ်တဲ့
အမေ့ကိုချစ်လို့  ကျည်ဆံတွေက မရိုင်းတော့ပါဘူးတဲ့
အမေ့ကိုချစ်လို့  မိုးသားတွေက ရွာပါ့မယ်တဲ့
အမေ့ကိုချစ်လို့  လေပြေသွေးက အေးပါ့မယ်တဲ့
အမေ့ကိုချစ်လို့  ပန်းကလေးတွေက မွှေးပါ့မယ်တဲ့
အမေ့ကိုချစ်လို့  ငှက်လေးတွေက တေးဆိုပါ့မယ်တဲ့
အမေ့ကိုချစ်လို့  လ ရောင်ဟာ ညင်ညင်သာသာရွာပါ့မယ်တဲ့
အမေ့ကိုချစ်လို့…တဲ့…………..။    

0 ကွန်မန့်ရေးရန်:

Post a Comment