Monday, March 26, 2012

လက်ထပ်ခြင်း ၁၀ မျိုး

လက်ထပ်မယ် ဆုံးဖြတ်ပြီးပါက သူ့ ကိုသင်ကောင်းကောင်းသိရဲ့ လား ။ သူနှင့်သင်သည် ဘ၀တစ်လျှောက်လုံး
သေတပန်သက်တဆုံးအတူလျှောက်လှမ်းကြရပေတော့မည် ။
လက်ထပ်ခြင်းသည် ကြိုတင်မျှော်လင့်မထားသောပျော်ရွှင်မှုများသာမက စိတ်ပျက်ဖွယ်ရာများကိုပါသယ်ယူ
လာတတ်သည် ။
အရင်းနှီးဆုံးဖြစ်ကြပြီးသော်မှတစ်ယောက်အကြောင်းတစ်ယောက်မသိသေးတာတွေရှိနေတတ်သေး
သည် ။
၁။ သေးသေးဖွဲဖွဲတွေကို ချွေးသိပ်တတ်ပါစေ ၊ သင့်စိတ်ကို ထိုးဆွနှိုးဆွသလို တဆစ်ဆစ်ဖြစ်စေသော
သေးသေးဖွဲဖွဲတွေအတွက်သင့်ကိုယ်သင်ချွေးသိပ်တတ်ရမည် ။ သူ့ ဆွေမျိုးတွေနဲ့ တွေ့ ဆုံရမှာကိုမခက်
ပါဘူးထင်ခဲ့သော်လည်းတကယ်တမ်းမှာ ထင်သလောက်မလွယ်သော ကိစ္စမျိုးကိုဆိုသည် ။
၂။ အချို့ သောလက်ထပ်ပြီးကြသူတို့ သည် အံသြဖွယ်ရာကောင်းလှစွာ မိဘဖြစ်သူတို့ ၏ အိမ်တောင်ရေး
အခြေအနေကဲ့သို့ ဖြစ်နေတတ်ကြသည် ။ များသောအားဖြင့်ဤသည်ကိုထည့်မစဉ်စားတတ်ကြ ၊ မိမိတို့ 
၏အိမ်တောင်ရေးသည် မိဘတို့ အိမ်တောင်ရေးနှင့်တူတတ်ကြသည် ဟုထည့်စဉ်းစားအပ်သည် ။
၃။ မျှော်လင့်ထားတာထက် ပို၍ရှုပ်ထွေး တတ်ပါသေးသည် ၊ နှစ်ဆလောက်ပိုရှုပ်ထွေးနေတတ်သည် ။
စိတ်ခံစားမှု အတက်အကျ ၊ အလုပ်နှင့်ပတ်သက်သော အောင်မြင်မှုနှင့် စိတ်ပူပင်သောကများ ၊ ကျန်းမာ
ရေးအခြေအနေ ၊ မိသားစု တာဝန်နှင့်ပွဲလမ်းများ ၊ ပဠိပက္ခများနှစ်ဆတက်သွားရာ၌အောင်မြင်မှုပါ ပါလာ
အောင်ကြိုးပမ်းရန်သာရှိတော့သည်။
၎။ အိမ်တောင်ဖက်၏ အောင်မြင်မှုကိုချီးကျူးရပါမည် ။ ဤသည်မှာ အရေးကြီးလှသည် ။နစ်ဦးသားချည်
နှောင်မှုကို ပို၍ခိုင်မြဲစေတတ်သည် ။သူ့ ...စိတ်ဓာတ်ကျနေရင် အားပေးဖို့ ကပို၍အရေးကြီးလှပေသည် ။
အိမ်တောင်ရေးအပေါ်မှာ စိတ်ကျေနပ်မှု မရှိကြသူတို့ ၏ ပြသ၁နာ အမှန်မှာ စိတ်ဓာတ်ကျနေတတ်ခြင်း
နှင့် ဘ၀ဆိုင်ရာ ပြသာနာ တို့ ရှိခြင်းကြောင့်ဖြစ်တတ်သည် ။ မေတ္တာနှင့် ချစ်ခြင်းကိုပြသရန်လိုသည် ။
၅။ သားသမီးအကြောင်း အလုပ်အကိုင်အကြောင်း ။အိမ်မှုကိစ္စများမှ အပဖြစ်သောအခြားအကြောင်းအ
ရာများစကားစမြည်အပြာဖို့ လိုအပ်သည် ။ ၀တ္တုစာအုပ်အကြောင်း ၊ ရုပ်ရှင်တစ်ကားအကြောင်း ၊ ဘ၀မှာ
ရှေ့ ဆက်ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အကြောင်းပြောဆိုခြင်းသည် နှစ်ဦးသားသံယောဇဉ်ကို ပို၍ခိုင်
မာစေသည် ။
၆။ တစ်ဦးဦးမှာ ရောဂါဘယတစ်ခုခုစွဲကပ်ပြီဆိုပါက စိတ်သဘောထားချင်းမတူညီမှုများကို ကျန်းမာသူ
ကပို၍နားလည်ပေးရပေမည် ။သိနှင့် ပြီးကြသော်လည်း များသောအားဖြင့် သတိလက်လွတ်ဖြစ်အောင်
တတ်ကြပါသည် ။ အခြေအနေအကျဉ်းအကျပ် အခက်အခဲဟူ၍ အိမ်တောင်တစ်ခုမှာ ရှိလာတတ်ကြ
သည် ။ ယင်းအခြအနေတွင် အများအားဖြင့် သဘောထားကွဲလွဲတတ်ကြသည် ။ ပေါက်ကွဲတတ်ကြသည်။
သဘောထားချင်းထပ်တူဖြစ်လေ့မရှိကြ ။ရှေးမဆွကစိတ်တိုင်မကျမှုတွေ ရှိခဲ့ခြင်းက ယင်းပြသာနာကို
ပို၍ကြီးထွားစေတတ်ပြန်သည် ။ အချို့ သောစိတ်အခြေအနေတို့ သည် ဇနီးခင်ပွန်းကြားရှိ ချစ်ခြင်းသစွာ
ကိုပင်ဖုံးလွှမ်းသွားတတ်သည် ။ တစ်ခဏတာ ဖြစ်ချင်လည်းဖြစ်နိုင်သည် ။ကာလကြာဖြစ်ချင်လည်းဖြစ်
နိုင်သည်။ ကာလဖြစ်ချင်လည်းဖြစ်တတ်သည် ။ တစ်ဦးအားငယ်ရင်တစ်ဦးကနှစ်သိမ့်ပေးရသူအဖို့ စိတ်
ဓာတ်ကျနိုင်သည် ။ အားမရခြင်း ၊ စိတ်မရှည်ခြင်း ၊ မယုံကြည်နိုင်တော့ခြင်း ၊ အားမထားလိုတော့ခြင်းတို့ 
ပါနောက်ဆက်တွဲပါလာတတ်တသည် ။
ဤတွင်ကြားဖြတ်ခံစားမှုလေးများရယူခံစားအပ်သည် ။ တစ်ခုခုပြုလုပ်ပေးပြီးပျော်စရာလေးဖန်တီး
လိုက်ခြင်းမျိုးဖြစ်သည် ။ ဥပမာ - ဘယ်အကျီ လေးထုတ်မ၀တ်တာကြာပြီလေမကြိုက်တော့လို့ လားဆို
တာမျိုး ၊ ဒါလေးတွေမရှင်းရသေးဘူး ၊ ရှင်းပေးမယ် လေဆိုသည် တို့ သည် သေးဖွဲ လှသော် လည်းကြီးမား
သော သံယောဇဉ် ကိုပြသရာသို့ ရောက်သည် ။
အိမ်တောင်ရေး၌
ကံကောင်းသည်ဖြစ်စေ
ကံမကောင်းသည်ဖြစ်စေ
လက်ထပ်ခြင်းသည်ကား ကံကောင်းခြင်းလက္ခဏာပင်ဖြစ်သည် ။ နောက်ပိုင်းပေါ်ပေါက်တတ်သောအိမ်
တောင်မှုအဖြာဖြာတို့ မှ ကံကောင်းခြင်း၏ လက်ဆောင်အဖြစ်သယ်ဆောင်လာတတ်သော အတွေ့ အ
ကြုံတို့ သာဖြစ်တော့သည် ။

0 ကွန်မန့်ရေးရန်:

Post a Comment