This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 24, 2012

ဖုန်း နဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုဖို့ Mobile Go PC Suite


Share
PC Suite တွေမှာ တရုတ်လိုတွေရေးထားတာတွေ အသုံးပြုရ သိပ်အဆင်မပြေတာတွေ ကင်းဝေးဖို့
Wondershare ရဲ့ MobileGo PC Suite ကို အသုံးပြုပါ။
ဒီဆော့ဝဲလေးကို ကွန်ပျူတာမှာ Install လုပ်လိုက်ပါ။ ပြီးရင် မိမိဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပါ။
ကွန်ပျူတာမှာ ဖုန်း Driver မရှိရင်လဲ Download လုပ်ပေးပါလိမ့်မယ်။ USB ကြိုးနဲ့တင်မဟုတ်ဘဲ Wifi ကနေ လဲ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

ချိတ်ဆက်ပြီးရင်တော့ အောက်က ပုံအတိုင်းတွေ့မြင်ရပါမယ်။ ဖုန်းကို တစ်လုံးထက် ပိုပြီးလဲ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Device Backup , Restore စတာတွေ ကို လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်ပါတယ်။
ပြီးတော့ App တွေ Install , Uninstall, တွေ သာမက APK ဖိုင်အဖြစ်လဲ Export လုပ်နိုင်မှာ ဖြစ်ပါတယ်။

တခြား အနေနဲ့ Photo Music, Video, Messages(SMS), Contact တွေကို

ရခိုင်အရေး သမ္မတရုံး သုံးသပ်ချက် ကန့်ကွက်ခံရ


ဧရာဝတီ . . .

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါရှိသည့် သုံးသပ်ချက်၌ ပါဝင်သော စွပ်စွဲချက်များကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီက ကန့်ကွက်ထားကြောင်း သိရသည်။
လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
သ၀ဏ်လွှာနှင့်အတူ ပါရှိသည့် ရခိုင်ပြည်နယ် ပဋိပက္ခ ခြုံငုံသုံးသပ်ချက် များတွင် ရခိုင် တမျိုးသားလုံးကို လူမျိုးရေး မုန်းတီးစိတ် ကြီးမားသည့် လူမျိုးတမျိုး အဖြစ် ပုံဖော်ထားခြင်းကို RNDP ပါတီ၏ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး က လက် မှတ် ထိုး၍ ပြည်ထောင်စု လွှတ်တော် နာယက ထံ ယမန်နေ့က ကန့်ကွက်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားမှုတွင် ရခိုင်နိုင်ငံရေး ပါတီများနှင့် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှု သွေးထိုး လှုံ့ဆော်မှုများ ပါဝင်နေကြောင်း၊ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ် အလွန်မြှင့်တင်ပြီး အဆင် အခြင်မဲ့စွာ တိုက်ခိုက် ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ်လ ၁၇ ရက်စွဲဖြင့် ပေးပို့သော သ၀ဏ်လွှာပါ သမ္မတရုံး သုံးသပ်ချက် က ဆိုထားသည်။
ထို့အတူ နိုင်ငံတွင်းရှိ ရခိုင်အသိုင်းအ၀ိုင်းနှင့် နိုင်ငံတကာရှိ ရခိုင် အသိုင်းအ၀ိုင်းသို့ပါ စည်းရုံး လှုံ့ဆော်နေကြောင်း၊ နိုင်ငံအနှံ့ တွင် နေထိုင်သည့် ဘင်္ဂါလီမွတ်စလင် လူမျိုးများ အပေါ်လည်း အကြမ်းဖက်ရန် ကြံစည် လုပ်ဆောင်လျက်ရှိသည်ဟု တဖက် သတ် သုံးသပ်ထားသည့် အချက် ၉ ချက်ဖြင့် ပြင်းထန်စွာ စွပ်စွဲထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

တရုတ်ကျေးလက်နေပြည်သူများ၏ ဝင်ငွေမညီမျှမှု အန္တရာယ်အဆင့်နီးပါးသိုရောက်ရှိ

The Voice Weekly:
(နိုင်ငံတကာသတင်း)


ဘေဂျင်း၊ သြဂုတ် - ၂၃
ကမ္ဘာ့စီးပွားရေးဒုတိယအကြီးဆုံးနိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံတွင်ကျေးလက်နေပြည်သူများ၏ ဝင်ငွေမညီမျှမှုမှာ အန္တရာယ်ရှိသောအဆင့်နီးပါးသို့ရောက်ရှိလာကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။
တရုတ်ကျေးလက်ဒေသတွင် နေထိုင်သူ လူသန်းပေါင်းများစွာသည်လယ်ယာလုပ်ငန်းကိုစွန့်လွှတ်ပြီး ဝင်ငွေပိုရသောမြို့ပြသို့တက်ရောက်၍ အလုပ်လုပ်ကိုင်လျက်ရှိရာ ကျေးလက်နေလယ်ယာလုပ်သူနှင့်မြို့တက်အလုပ်လုပ်သူတို့၏ဝင်ငွေမှာ အလွန်ကွာခြားလျက်ရှိသည်ဟု တရုတ်ကျေးလက်လေ့လာရေးစင်တာကပြောကြားသည်။
တရုတ်တွင်မြို့တက်၍အလုပ်လုပ်ကိုင်သူများ၏ ဝင်ငွေသည်ကျေးလက်နေလယ်ယာလုပ်သူတို့၏ဝင်ငွေထက် ၂ ဆခန့်ပိုမိုရရှိလျက်ရှိသည်။
ဝင်ငွေခွဲဝေမှုအခြေအနေကိုတိုင်းတာသော ဂိနီညွှန်ကိန်း(Gini Coefficient)အရ  ယမန်နှစ်က တရုတ်ကျေးလက်နေလူများ ဝင်ငွေခွဲဝေမှုမှာ ၀ ဒသမ ၃၉၄၉ ရှိရာ အန္တရာယ်ပေးနိုင်သောအခြေအနေဖြစ်သည့် ၀ ဒဿမ ၄ နီးပါးသို့ရောက်ရှိနေပြီဖြစ်သည်
ဂီနီညွှန်ကိန်းအရ ဝင်ငွေခွဲဝေမှုမညီမျှမှုကိုတွက်ချက်ရာတွင် သုည အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေမှုအပြည့်အဝ ညီမျှသည်ဟုသတ်မှတ်ပြီး၊ ၁ အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေမှုအပြည့်အဝ ညီမျှမှုမရှိဟု သတ်မှတ်သည်။
ယခုကဲ့သို့လူများ၏ ဝင်ငွေရရှိမှု အကြီးအကျယ်ကွာဟနေခြင်းတို့ကြောင့် လူထုမကျေနပ်မှု၊မတည်ငြိမ်မှုကိုဖြစ်စေနိုင်ရာ တရုတ်အစိုးရအတွက်စိုးရိမ်ဖွယ်ရာဖြစ်သည်။
တရုတ်တွင်ဝင်ငွေခွဲဝေမှုကွာဟချက်ကြီးမားနေခြင်းကိုစိုးရိမ်သောကြောင့်

ProXimity Talk v1.24 for Android ဖုန်းလာတဲ့အခါ ဖုန်းလက်ခံနားထောင်ဖို့ဖုန်းကိုခလုတ်နှိပ်စရာမလို


Share



Android ဖုန်းတွေအတွက် တကယ့်ဆော့ဝဲအလန်းစားလေးပါ။ Proximity Talk လို့ခေါ်ပါတယ်။ နောက်ဆုံး version လေးကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးကဘာတွေလုပ်ဆောင်ပေးနိုင်လဲဆိုတော့
* ဖုန်းလာတဲ့အခါ ဖုန်းလက်ခံနားထောင်ဖို့ဖုန်းကိုခလုတ်နှိပ်စရာမလိုဘဲ ဖုန်းကိုနား နားကပ်လိုက်လိုက်တာနဲ့ auto ဖုန်းကိုင်ပြီးသားဖြစ်စေပါတယ်။
* အဲဒီလိုဖုန်းပြောနေရင်းနဲ့ ဖုန်းကို နား နားလေးကနေခွာလိုက်တာနဲ့ ဖုန်းကို auto speaker ဖွင့်ပေးပါတယ်။
* ဖုန်းကို speaker ဖွင့်ပြောနေရင်းနဲ့ နား နားလေးကိုကပ်လိုက်တာနဲ့ speaker auto ပိတ်ပေးပြီး ပုံမှန်အတိုင်းဖုန်းပြောလို့ရမှာပါ။
* ဖုန်းပြောပြီးသွားလို့ ဖုန်းချချင်တဲ့အခါမှာ ဖုန်းကို ခလုတ်နှိပ်ချစရာမလိုဘဲ ဖုန်းမျက်နှာပြင်ကို အောက်ဘက်ကိုမျက်နှာမူပြီးမှောက်လိုက်တာနဲ့ ဒါမှမဟုတ် ဖုန်းကိုလှုပ်ခါလိုက်တာနဲ့ auto ဖုန်းချပြီးဖြစ်စေပါတယ်။
တော်တော်လန်းတဲ့ဆော့ဝဲလေးပါ။ ဒီဆော့ဝဲလေးကို Google Play Store မှာ ၃.၆၅ ဒေါ်လာနဲ့ဝယ်ယူနိုင်ပြီး မြန်မာ Mobile Application Store မှာတော့ freedownload ရယူနိုင်ပါတယ်။
ProXimity Talk v1.24 for Android အားရယူရန်



နောင်ပွင့်တော်မူမည့် အရိမေတ္တယျ မြတ်စွာဘုရားအား ဖူးမျှော်ချင်လျှင်





ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာ
ဘုရားငါးဆူပွင့်မယ်လို့မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူပွင့်ထွန်း ပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ
အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ forward လုပ်တဲ့သူ ရေးပေးတာပါ။

forward လုပ်သူတွေလည်း
ကုသိုလ်တိုးမှာဖြစ်ကြောင်း ၀မ်းသာအားရပြောလာပါတယ်
ကျွန်တော်ကိုယ်တိုင်လည်းဖတ်ပြီး အရမ်းကိုကြည်ညိုကာ
ဘုရားရှင်လက်ထပ်တော်မှာ လူဖြစ်ချင်စိတ် ကလေးဖြစ်လာပါတယ်
စိတ်ထဲကလည်းဆုတောင်းနေမိတယ် ။ ဗုဒ္ဓဘာသာတိုင်းရဲ့ 
ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ်

အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး
ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။

အဲ ဒီအတွက် ကျွန်တော်တို့ ဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း
လိုက်လုပ်ဖို့လိုပါတယ် …သုံးချက်ထဲပါ

၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်ေ

ကမ္ဘာကျော်ဟာသနှပညာရှင်မစ္စတာဘင်း(န်).....အကြောင်းတစေ့တစောင်း



တာတီးတို့ငယ်ငယ်ကတည်းက....မစ္စတာဘင်းကိုအလွန်ကြိုက်နှစ်သက်ခဲ့တယ်။ကြိုက်နှစ်သက်လို့လည်းသူ့ခွေတွေထွက်တိုင်းမလွတ်
တမ်းဝယ်ကြည့်ခဲ့တယ်လေ။ဒါပေမဲ့မစ္စတာဘင်းရဲ့ကိုယ်ရေးကိုယ်တာအကြောင်းတွေကိုတော့မသိခဲ့ဘူး...စိတ်တော့ဝင်စားမိတယ်။ဒီလို
ဟာသပညာရှင်တစ်ယောက်ဟာ moving တွေထဲမှာလူတွေကိုရယ်အောင်လုပ်နိုင်တယ်..အပြင်မှာရောဘယ်လိုဟန်ပန်ရှိမလဲပေါ့။
ဒါပေမဲ့တာတီးကံကောင်းတယ်ဆိုရမှာပဲ....မစ္စတာဘင်း(န်)အကြောင်းအနှပညာမဂ္ဂဇင်းတစောင်မှာဖတ်လိုက်ရတယ်။နန်းတော်သူနန်း
တော်/သားတွေထဲမှာလည်းမစ္စတာဘင်း(န်)ကိုကြိုက်နှစ်သက်တဲ့လူတွေရှိလိမ့်မယ်ထင်တယ်နော့်......
      မစ္စတာဘင်း(န်)ရဲ့အမည်ရင်းက(ရိုဟင်အက်ကင်ဆန်)ပါ။ရိုဟင်အက်ကင်ဆန် ကိုဗြိတိန်နိုင်ငံအရှေ့မြောက်ဘက်နယူးကာဆယ် အပ်ပေါင်ကိုင်းမြို့မှာ၁၉၅၅ခုနှစ်၊ဇန်န၀ါရီလ၊၆ရက်နေ့ကချမ်းသာကြွယ်ဝတဲ့လယသမားမိသားစုကနေမွေးဖွားခဲ့တာပါ။သူရဲ့အကိုနှစ်ယော
က်နဲ့အတူလယ်ယာလုပ်ကိုင်ရင်းသူ့ငယ်စဉ်ဘ၀တွေကိုဖြတ်သန်းခဲ့ပါတယ်။သူဟာနယူးကာဆယ်နဲ့အောက်စဖို့ဒ်တက္ကသိုလ်တွေကနေ
လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာဘွဲ့ကိုရယူပိုင်ဆိုင်ခဲ့တယ်။တက္ကသိုလ်တက်နေစဉ်ဇာတ်ညွှန်းရေးတဲ့ရစ်ချက်ကာတစ်နဲ့တွေ့ဆုံပြီး၁၉၇၉ခုနှစ်
မှာNot the Nine O'clockNewကိုပူးတွဲရေးသားပြီးသူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တယ်။သူဟာအောင်မြင်မှုတွေဟာကြီးကျယ်ရသွားပြီး
နိုင်ငံတကာအမ်မီဆုနဲ့ဗြိတိသျှအကယ်ဒမီဆုတွေရရှိခဲ့တယ်။အင်တာဗျုးတခုမှာသရုပ်ဆောင်ကြောင်းပြောတဲ့အခါမှာတော့"စင်ပေါ်မှာ
ကျွန်တော်ကတော့်ကလူတွေကိုရယ်အောင်လုပ်နိုင်တယ်လို့ထင်ကြပါတယ်။ကျွန်တော်က တကယ်တော့ခပ်အေးအေးနဲ့ခပ်တုံးတုံးကောင်ပါ၊အခြေအနေရပရိတ်သတ်ကိုဖျော်ဖြေသူတယောက်ဖြစ်လာတာပါ"။The Black adder(1982)အပါအ၀င်ရုပ်သံဇာတ်လမ်းတွဲတွေ၊ရုပ်ရှင်ကားတွေအမြောက်အမြားမှာသူပါ

Thursday, August 23, 2012

ရေးရာကော်မတီတွင် အဖွဲ့ချုပ် ကိုယ်စားလှယ်များ တိုးချဲ့ဖွဲ့စည်း


ပြည်သူ့လွှတ်တော်ရေးရာကော်မတီနဲ့ ကော်မရှင်တွေမှာ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အကုန်နီးပါးကို တာဝန်ပေးအပ်တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၃၇ ဦးရှိရာမှာ ရေးရာကော်မတီ နဲ့ ကော်မရှင်မှာ အကုန်နီးပါး အဖွဲ့ဝင်ဖြစ်လာမယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအုန်းကြိုင်က ပြောပါတယ်။

“အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါး ရေးရာကော်မတီတွေမှာ ပါသွားပြီ။ ဒီနေ့အထိ ထွက်လာတဲ့စာရင်းအရ မပါသေးတဲ့ ပုဂ္ဂိုလ် ၂ ယောက် ၃ ယောက်လောက်ပဲ ရှိတော့မယ်။ ၃၄ ဦး ပါသွားပြီလို့ ပြောလို့ရပါပြီ။ ကျန်တဲ့ ၃ ယောက်လည်းပဲ ကော်မတီတွေက ကျန်နေသေးတာဆိုတော့ အကုန်လုံး ထပ်ပါဦးမယ်လို့ မျှော်လင့်နေကြတာပါ။”

မနေ့က စတင်ပြီး တိုးချဲ့ဖွဲ့စည်းလာခဲ့ရာမှာ ဒီနေ့အထိ ၃၄ ဦး ရှိသွားပြီလို့

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု အာဏာပိုင်က တားဆီးပိတ်ပင်


စစ်ကိုင်းတိုင်း မုံရွာ လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မယ့် ကိစ္စကို ဟန့်တားဖို့ ကျေးရွာပေါင်း (၁၂) ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ လက်ပန်းတောင်းတောင် ကနေ (၄) မိုင်ခွဲ လောက်ဝေးတဲ့ ဆားလင်းကြီးမြို့ကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်လာစဉ် လမ်းခုလတ် အရောက်မှာ အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင် ခံခဲ့ရတယ်လို့ သိရပါတယ်။
RFA
ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင် လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံ
ဒေသခံတွေဟာ ဆားလင်းကြီးမြို့အနီး ဒူးထောက်ကျေးရွာ အရောက်မှာ ဆက်မသွားဖို့ တားမြစ်ခံရတာလို့ အဲဒီ ဒေသခံတွေအရေး ၀င်ရောက် ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဟန်ဝင်းအောင်က RFA ကို ပြောပါတယ်။
ချီတက်လာတဲ့ လူထုကို အာဏာပိုင်တွေက ဟန့်တားပြီးနောက် မြို့နယ်

ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ


မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။

RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ရဲတပ်ဖွဲ့များ အဓမ္မ၀င်ရောက် စီးနင်းခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သည့် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူတစ်ဦးကို တွေ့ရစဉ်။
ကာယကံရှင် ကိုချစ်မိုးက-
"ကျွန်တော့်ကို လက်ထိပ်ခတ်တာ လက်ထိပ်က ၂ ခုဆိုတော့ ဒီကိုရိုက်တာ။ ကုတင်ပေါ်ကနေ ကျွန်တော့် အမေကို ဆွဲချလိုက်တော့ ကျွန်တော့်အမေ အောက်ကလဲသွားတဲ့ အချိန် ကျွန်တော်ကနေပြီးတော့ အမေ့ကို မလုပ်နဲ့ဆိုပြီးတော့ ကျွန်တော်က ဖယ်လိုက်တော့ သူကနေပြီး ကျွန်တော့်ကို ဆွဲပြီးတော့ ရိုက်နှက်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ မြေကြီးထဲကို ခြေဆင်းခိုင်းတယ်။ ခြေမဆင်းလို့ဆိုပြီး ခြေထောက်ကို ဖနောင့်နဲ့ ပေါက်တာ။ ကျွန်တော့် နောက်ကျောတွေရော ကန်တယ်။ နားအုံတွေလည်း ရိုက်တယ်။ ခေါင်းတွေရော၊ ဆံပင်ဆွဲဆောင့်ပြီး မြေကြီးထဲမှာ ခေါင်းကို နှိမ်ထားတယ်။ ပြူတင်းပေါက်က တိုင်နဲ့ ကျွန်တော့်ခေါင်းကို ချတယ်။ နံတွေလည်း သူ့ဘွတ်ဖိနပ်နဲ့ ကျွန်တော့်ကို ကန်တယ်"

ကြပ်သုံးပါး



~
ကာတွန်း - ဟတ်ကော့cartoonhatt.kawt

အခြေခံဥပဒေ ခုံရုံး အရှုပ်တော်ပုံ


ခင်ဦးသာ|



အခြေခံဥပဒေခုံရုံး အရှုပ်တော်ပုံဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့နဲ့ ဦးရွှေမန်း ဦးစီးတဲ့ လွှတ်တော်ကြား အားပြိုင်တဲ့ ပွဲလား (ဓာတ်ပုံ – ဧရာဝတီ)


လွှတ်တော်အသီးသီးမှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေ၊ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် သတ်မှတ်မပေးခဲ့တဲ့  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို အမျိုးသားလွှတ်တော်က စွပ်စွဲပြစ်တင်မှု ပြုလုပ်တော့မယ်လို့ သိရပါတယ်။
လွှတ်တော်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် သတ်မှတ်လို့ မရဘူးလို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီ ခုံရုံး အဖွဲ့ကို ပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက နှစ်ကြိမ်အထိ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

ပြည်ထောင်စုအဆင့် ဟုတ်ခြင်း မဟုတ်ခြင်း ပြဿနာဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေရဲ့ ဘတ်ဂျက် တောင်းခံမှုကိစ္စကို ပယ်ချတာ၊ ဖြတ်တောက် ကန့်ကွက်တာ၊ ဌာနဆိုင်ရာ ကိစ္စတွေအတွက် ၀န်ကြီးတွေကို ဆင့်ခေါ်မေးမြန်းတာ၊ လာရောက် ဖြေရှင်းပေးရတာ စတဲ့ ကိစ္စတွေကြောင့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ အကြား မပြေလည်မှုတွေ ဖြစ်ပေါ်ရာက စခဲ့တယ်လို့ သိရတ

စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ကိစ္စ ပြန်စဉ်းစားကြပါဦး (မောင်ဝံသ)


အခြေခံဥပဒေခုံရုံးကို စွပ်စွဲ ပြစ်တင်မယ့်ကိစ္စစဉ်းစဉ်းစဉ်းစားစားလုပ်ကြရင်ကောင်းမယ်ထင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ တရားလွှတ်တော်ချုပ်က လွှတ်တော်ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အမှု တစ်ဒါဇင်ကျော်ရှိတဲ့အကြောင်း မိတ်ဆွေတစ်ယောက်က လှမ်းပြောတယ်။  တရားလွှတ်တော်ချုပ်က လွှတ်တော်ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်လိုက်ရင် လွှတ်တော်က နာခံခဲ့ပါတယ်။ အခုလို ကိစ္စက နိုင်ငံရဲ့ institution များအတွက် အတော်အန္တရာယ်ကြီးတယ်လို့ ထင်ပါတယ်လို့ မိတ်ဆွေက ပြောတော့ အစစ်ပေါ့ဗျာလို့ ပြောမိတယ်။ အခုတော့ စိတ်ပူမိလို့ သတင်းစာဆရာတစ်ယောက်အနေနဲ့ သဘောထားအမြင်ကို တင်ပြရင်း တားလို့ရရင် တားနိုင်ဖို့ ကြိုးစားတာပါ။ ဆန္ဒမစောကြပါနဲ့လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပန်ကြားချင်ပါတယ်။ ကျွန်တော့်မိတ်ဆွေက ၀န်ထမ်းကြီးတစ်ယောက်ဆိုတော့ ကျွန်တော့်လိုတော့ မိမိထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း မပြောနိုင်ရှာဘူး။ သူပြောပုံလေးက စိတ်မကောင်းစရာ။  အင်္ဂလိပ်စကားမှာ Train Wreck symptom ဆိုတာရှိပါတယ်။ ရထားစီးခရီးသည်တွေ ရထားတိုက်တော့မှာ မြင်နေပေမယ့် ဘာမှလုပ်လို့မရတဲ့အဖြစ်ပေါ့ဗျာတဲ့။ ကျွန်တော်ကတော့ တိုက်မိတော့မယ့် ရထားနှစ်စင်းရှေ့ ခုန်ဝင်ပြီး မီးနီပြဖို့ ကြိုးစားကြည့်တာပေါ့ခင်ဗျာ။ သို့မဟုတ် ရှန်တိန်လုပ် ဖို့ ကြိုးစားကြည့်တာပေါ့ခင်ဗျာ။ ဒီကိစ္စမျိုးမှာ အသင့်တော်ဆုံးကေ

သူငယ်ချင်းများအတွက် ဟာသ တစ်ခွက်

Inbox
x




(၁)ဓါတ်ခွဲခန်းမှာ

ဖားလေးတစ်ကောင်သည် ဦးဦးမှော်ဆရာထံ လာ၍ ဗေဒင်မေးရာ ဦးဦးမှော်ဆရာက
ပြဒါးရှင်လုံးကို ကြည့်၍ ဟောလေသည်။
 ဦးဦးမှော်ဆရာ။   ။ “မင်းတော့ သိပ်ချောသိပ်လှတဲ့   “ ကောင်မလေး
တစ်ယောက်နဲ့  တွေ့လိမ့်မယ်။               အဲဒီကောင်မလေးက မင်းကို
တကြည့်ကြည့်နဲ့။  မင်းအကြောင်းကို တစ်စမကျန် သိချင်လာလိမ့်မယ်။ ပြီးတော့
မင်းအနားကို တိုးကပ်လာလိမ့်မယ်…အဲဒီမှာ မင်းသာ သူ့အတွက် စွဲမက်စရာ
ဖြစ်လာလိမ့်မယ်…”
ဖားကလေး။   ။“ ဟုတ်လား ဘယ်နေရာမှာ တွေ့ကြမှာလဲ”
ဦးဦးမှော်ဆရာ။   .။“ ဓါတ်ခွဲခန်းထဲမှာလေ”

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



(၂)ကြောက်လွန်းလို့ပါ

အဝေးပြေးကားလမ်းမကြီးပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသော
မော်တော်ကားတစ်စီးကို ရဲအရာရှိက ရပ်တန့်စေပြီး ဖမ်းဆီးလေသည်။
“နောက်က လိုက်လာပြီး ရပ်ဖို့ သတိပေးအချက်ပြမီးနှင့် ဥသြသံကို
ခင်ဗျားသတိမထားမိဘူးလား”
“ကျနော်သိပါတယ်”
“ဒါဆိုရင် ချက်ချင်းဘာဖြစ်လို့ ရပ်မပေးတာလဲ”
“ဒီလိုရှိပါတယ်၊ အရင်လက ကျနော့မိန်းမဟာ ရဲတစ်ယောက်နဲ့ထွက်ပြေးသွားပါတယ်
အခုဟာက အဲဒိရဲက ကျနော့မိန်းမကို ပြန်လာပို့တယ်ထင်

"ဝန်ကြီးဌာနများ၏ ဆိုက်ဘာလုံခြုံရေးတိုးမြှင့်ရန် အမျိုးသားဆိုက် ဘာကော်မတီ အကြောင်းကြားထား"

Popular Myanmar News Journal:
"ဝန်ကြီးဌာနများ၏ ဆိုက်ဘာလုံခြုံရေးတိုးမြှင့်ရန် အမျိုးသားဆိုက် ဘာကော်မတီ အကြောင်းကြားထား"
ပြည်ပဟက်ကာအဖွဲ့များ၏ ဆိုက်ဘာတိုက်ခိုက်မှုများ ထပ်မံမခံ ရစေရေးအတွက် အစိုးရဝန်ကြီးဌာနများအား အင်တာနက် ကွန်ရက် လိုင်းများအား လုံခြုံရေးစနစ်တိုးမြှင့်ထားရန်နှင့် တိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများအား မြန်မာနိုင်ငံ အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီမှ ဝန်ကြီးဌာနအသီးသီးသို့ အသိပေးအကြောင်းကြား ထားကြောင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

''ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် အတိုက်ခံရပြီးက တည်းက အမျိုးသားဆိုက်ဘာလုံခြုံရေး ကော်မတီကအစည်းအဝေး လုပ်ပြီး ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေ ဒီလိုမျိုး ထပ်ပြီး မတိုက်ခံရဖို့ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပြည်ပကဘယ်အဖွဲ့အစည်းတွေကမြန်မာနိုင်ငံ ရဲ့ အင်တာနက်ကွန်ရက်တွေကို ဝင် တိုက်နေတယ်ဆိုတာကို ပြောသွား တယ်။ အဲဒီနောက် ဝန်ကြီးဌာန အသီးသီးကို အင်တာနက်ကွန်ရက် စနစ်တွေရဲ့ လုံခြုံရေးကို စနစ်တကျ တိုးမြှင့် ထားဖို့နဲ့ ၂၄ နာရီပတ်လုံး ကွန်ရက်တွေကို
စောင့်ကြည့်ဖို့ အကြောင်းကြားစာ ပို့လာတယ်''ဟု ၄င်းက ဆိုသည်။

ထို့အတူ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမျိုးသား ဆိုက်ဘာလုံခြုံရေးကော်မတီမှ ပေး ပို့သော အကြောင်းကြားစာအရ ဝန် ကြီးဌာနတစ်

အများပြည်သူနှင့် ရခိုင်ပြည်သူများအား ထင်ယောင် ထင်မှားဖြစ်စေသည့် Yangon Press International (YPI)၏သတင်းရေးသား ဖော်ပြချက်အား ကန့်ကွက်ပါသည်...

ဒီမိုဝေယံ

ဓာတ်ပုံ... ဇွန်လ(၁၉)ရက်နေ့က စစ်တွေ အောင်မင်္ဂလာခေါ် အင်ဘာလာ ဘင်္ဂလီရပ်ကွက် မြင်ကွင်း (ဒီမိုဝေယံ သတင်းထောက်)
အများပြည်သူနှင့် ရခိုင်ပြည်သူများအား ထင်ယောင် ထင်မှားဖြစ်စေသည့် Yangon Press International (YPI)၏သတင်းရေးသား ဖော်ပြချက်အား ကန့်ကွက်ပါသည်...။
သြဂုတ်လ ၂၀ရက်နေ့က ပြည်တွင်းက အွန်လိုင်း သတင်းဋ္ဌာန တခုဖြစ်တဲ့ Yangon Press International (YPI)မှ ရခိုင် စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်နှစ်ဦးကို ကန့်ကွက်ဖို့ စီစဉ်နေဟူသော ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြချက်ပါ... (ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများအားစုံစမ်းရန် နိုင်ငံတော်သမ္မတကဖွဲ့စည်းပေးလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ပါအဖွဲ့ဝင်နှစ်ဦးအား စစ်တွေ ဒေသခံအချို့ကလက်မှတ်ရေးထိုး ကန့်ကွက်ရန် စီစဉ်နေသည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ဟုဖော်ပြပါရှိကာ
နိုင်ငံတော် သမ္မတ အမိန့်ဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ ယင်းကော်မရှင်တွင် ပါဝင်သည့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ နှစ်ဦးအားကန့်ကွက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။)ဟု ရေးသား ဖော်ပြခဲ့ပြီး ၎င်းတို့ နှစ်ဦးမှာ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးနှင့် အချက်အလက်မှန်များ ရရှိရေးတွ

ဗုဒ္ဓရုပ်ထု အနမ်းချွေတဲ့ ပြင်သစ် မိန်းခလေး ထောင် (၆)လ ချမှတ်ခံရ

Narinjara News
သီရိလင်္ကာနိုင်ငံကို အားလပ်ရက် အတွင်း လာရောက် လည်ပတ်တဲ့ ပြင်သစ် မိန်းခလေး တစ်ဦးဟာ ဗုဒ္ဓရုပ်ထုကို အနမ်းချွေတဲ့ အတွက် တခြား သူ့အဖေါ် နှစ်ဦးနဲ့ အတူ ဆိုင်ငံ့ ပြစ်ဒဏ် (၆) လ ချမှတ်ခံလိုက်ရပါတယ်။

အင်္ဂါနေ့က သူတို့ ပြစ်ဒဏ်ချမှတ်တဲ့ အခါ ဆိုင်းငံ့ ထောင် (၆) အပါအ၀င် ရူပီ ၁၅၀၀ စီ ဒဏ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အားလပ်ရက် ဓါတ်ပုံတွေအထဲမှာ အမျိုးသမီး တစ်ဦးက နုတ်ခမ်းနဲ့ ဗုဒ္ဓရုပ်ထုကို အနမ်းချွေနေတာကို တွေ့ရှိခဲ့တဲ့ နောက်ပိုင်းမှာ ခုလို ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
သူမနဲ့ အတူ ပြစ်ဒဏ်ချ မှတ်ခံရသူ နောက်ထပ် နှစ်ဦးကတော့ သူမရဲ့ အဖေါ် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြပါတယ်။
သူတို့ ၃ ဦးကို ဗုဒ္ဓရုပ်ထုကို ပြစ်မှားမူ ၊ မလေးစားမူနဲ့ နိုင်ငံ အလယ်ပိုင်းက Kandy မြို့မှာ အခုလို ပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။
သူမရဲ့ အဖေါ်ဖြစ်သူ အမျိုးသားဟာ ဓါတ်ပုံထဲက ဗုဒ္ဓဆင်းထုလို့ ထိုင်ပြီး သူမရဲ့ အနမ်းချွေနေတာကို ခံနေတာကလည်း ပတ်ဝန်းကျင်က ဗုဒ္ဓဘာသာဝင်တွေကို စိတ်အနှောင့်အယှက်

Wednesday, August 22, 2012

မုဒိမ်းကျင့်ခံရသော ချင်းအမျိုးသမီး ကျပ် ၅ သိန်းနှင့် ကျေအေးလိုက်ရ *

ဇူလိုင်လ ၂၈ ရက်နေ့က ကျောက်တော် အခြေစိုက် စစ်တပ် တပ်ရင်း တစ်ခုမှ စစ်သား တစ်ဦး၏ မုဒိမ်း ပြုကျင့်မူကို ခံလိုက်ရသော အသက် ၂၃ နှစ် အရွယ် ချင်းအမျိုးသမီး တစ်ဦး၏ အမူကို ကျပ်ငွေ ၅ သိန်းဖြင့် ကျေအေးလိုက်ရသည်ဟု Chinland Guardian သတင်းတွင် ဖေါ်ပြသည်။

ချင်းအမျိုးသမီးများကို မုဒိမ်းကျင့်မူ ရပ်ဆိုင်းရန် အိန္ဒိယတွင် တောင်းဆိုနေစဉ် ( ဓါတ်ပုံ- Chinland Guardian)
၎င်းအမျိုးသမီးငယ်မှာ ချင်းပြည်နယ် မင်းတပ်မြို့မှ ဖြစ်သည်။
သူမသည် သူမ၏ ယောင်္ကျား ဖြစ်သူအား စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းသွားသည်ဟု ထင်မြင် ယူဆ၍ ရှာဖွေရန်လိုက်လာစဉ် ကျောက်တော်တွင် စစ်သား တစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။
သူမ၏ ပြောစကားကို ကိုးကားပြီး သတင်းက ရေး သား ဖေါ်ပြရာတွင် စစ်သားသုံးဦးမှ သူမအား အတင်း ဆွဲ ခေါ်ယူသွားပြီး ထိုအထဲမှ စစ်သား တစ်ဦးက မုဒိမ်း ကျင်ခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်မှ ချင်းလူမျိုး ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးမှ အဆိုပါ အမျိုးသမီးငယ်အား ကယ်တင် ခဲ့ပြီး နောက်ပိုင်းတွင် မြောက်ဦးမြို့နယ်မှတဆင့် မင်းတပ်မြို့သို့ ပြန်ပို့ခဲ့သည်ဟု ဆိုသည်။
အမူကို ကျပ် (၅) သိန်းဖြင့် ကျေအေးခဲ့ပြီးနောက် ပြစ်မူကျူးလွန်သူ စစ်သားကို မည်သို့ အရေး ယူ ဆောင်ရွက်သည်ကို မသိရှိရကြောင်း သတင်းက ရေးသားသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စကခ (၉) အခြေစိုက်ပြီး စစ်တပ်

ကျောက်တော်တွင် ဖွင့်လှစ်မည့် ALP ဆက်ဆံရေးရုံး အစိုးရဘက်မှ ဆိုင်းငံ့ထား

Narinjara News
မောင်ရမ္မာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပထမဆုံး ဖွင့်လှစ်ရန် စီစဉ်ထားသည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၏ ဆက်ဆံရေးရုံးကို အစိုးရဘက်မှ ဆိုင်းငံ့ထားသဖြင့် မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ကျောက်တော် ဆက်ဆံရေးရုံးကို ဖွင့်လှစ်ရန် သဘောတူညီမူ ရရှိထားပြီ ဖြစ်သော်လည်း ပြည်တွင်း မငြိမ်သက်မှုများကြောင့် အစိုးရဘက်မှ ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု ရခိုင်ပြည် လွတ် မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၂) ခိုင်သုခက နိရဉ္စရာသို့ ပြောသည်။

ကျောက်တော် ဆိပ်ကမ်း တစ်နေရာ။
“၁၄၄ ပုဒ်မထုတ်ထားတာက တစ်ကြောင်း၊ ဒေသအတွင်း ဘင်္ဂလီ မူဆလင်တွေနဲ့ ရခိုင်တွေအကြား တင်းမာမှုတွေ ဖြစ်နေတာက တစ်ကြောင်း၊ ခုလို ဒေသအတွင်း မငြိမ်သက်မှု ဖြစ်နေတာတွေကြောင်း ကျောက်တော်မှာ ဆက်ဆံရေး ရုံးဖွင့်မှာကို ခေတ္တ ဆိုင်းထားပေးဖို့ အစိုးရဘက်က Request လုပ်လာတဲ့ အတွက် ဆက်ရေးရုံး ဖွင့်ဖို့ကိစ္စ ကြန့်ကြာနေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယာယီ ဆိုင်းငံ့ထားခြင်းသာ ဖြစ်သဖြင့် ကျောက်တော်မြို့တွင် ALP ဆက်ဆံရေးရုံးကို မကြာမှီ ဖွင့်လှစ် သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ခိုင်သုခက ပြောသည်။
“ ကျွန်တော်တို့ ဘက်က ရုံးဖွင့်ဖို့အတွက် အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ရုံးအဖွဲ့ဝင်တွေကိုလည်း စေလွှတ်ထား ပြီးပြီ။ ရခိုင်ပြည်နယ် အခြေအနေ

“လူ့အခွင့်အရေးဆိုတာ တစ်ခုခုတံဆိပ်ကပ်ထားတဲ့ မျှော့ကြိုး


ဟိုတလောက သမ္မတကြီးနဲ့ အင်တာဗျုးတစ်ခုမှာ မေးခွန်းမေးသူရဲ့ စကားတစ်ခွန်းပေါ့။ ရခိုင်အရေးကိစ္စမှာ ပြည်တွင်း မီဒီယာတွေနဲ့ ပြည်ပမီဒီယာတွေ သတင်းဖေါ်ပြပုံချင်း ခြားနားတာကို သူက ညွှန်းပြပါတယ်။ ပြီးတော့.. ပြည်တွင်းမီဒီယာတွေက အမျိုးသားရေးအမြင်လောက်နဲ့ ဖော်ပြကြတာဖြစ်ပြီး၊ ပြည်ပမီဒီယာတွေက လူ့အခွင့်အရေးအမြင်နဲ့ ဖော်ပြကြပါတယ်..တဲ့။ ဆိုလို ချင်တာကတော့ ပြည်တွင်းမီဒီယာတွေက အိုင်ငယ်လေးထဲက ဖားသူငယ်တွေဖြစ်ပြီး၊ ပြည်ပမီဒီယာတွေကတော့ ပင်လယ်ထဲက ငါကြီးအာနန္ဒာတွေပေါ့။ ဒီလို။
          သူ့ကို ကျွန်တော် တစ်ခွန်းထဲပဲ ပြန်မေးချင်တာပါ။ “ခင်ဗျား ဘာလူမျိုးလဲ” လို့ပါ။ မကြားချင်ကြဘူးလားဗျာ၊ ပြည်ပမှာ သူများ ပေးစားကမ်းစား အရိုးအရင်းလေးကို ကိုက်ဝါးပြီး အသက်ရှင်နေကြရတဲ့ သူတို့လို လူများဆီက ဘာသံထွက်လာမလဲ ဆိုတာ။ အောက်ကလိအာ ကလွဲလို့ အခြားမရှိဘူးပ။
          အဲဒီလို ဇာတိပုညကို မေ့ပြီး လေကြီးဖင်ကျယ်ချင်ကြတဲ့ မြန်မာလူမျိုးတစ်ချို့ကို ကျွန်တော်ကတော့ ပြောထားချင်တယ်။ သမိုင်းဆိုတာ ရပ်တန့်မနေဘူးလို့ပါ။ ပြီးခဲ့တဲ့ ရာစုနှစ်နောက်ပိုင်းနဲ့ ဒီရာစုသစ်မှာ အနောက်ဘက်က လွှင့်တဲ့လှိုင်းက အရင်လို မဟုတ်တော့ဘူးဗျ။ နားယဉ်သာတဲ့ အသုံးအနှုန်းတွေနဲ့..။ တပ်မက်စရာ အသွေးအရောင်နဲ့ ဖြစ်လာတယ်။ ဟုတ်ပြီ၊ ဒါ လူ့သမိုင်း ဖြစ်စဉ်ရှည်ကြီးထဲက အခိုက်အတန့်ကာလတစ်ခုမျှသာပါပဲ။ သမိုင်းက ဘယ်လို ပြောင်းလဲမယ်၊ ဘယ်တော့ ချိုးကွေ့မယ် ဆိုတာ ဘယ်သူမှ မသိနိုင်ပါ

နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဖြစ်စဉ်စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံ *

May Zaw Khin  RFA
ဒီတွေ့ဆုံပွဲမှာ နယ်စပ်ရေးရာ ဝန်ကြီးက ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပက်သက်တဲ့ ရုပ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုဖိုင်တွေကို ရှင်းလင်းပြသခဲ့ပြီး ဒီစုံစမ်းရေး ကိစ္စရပ်မှာ လိုအပ်တဲ့ အကူအညီ မှန်သမျှကို ထောက်ပံ့မယ်လို့ ကတိပေးခဲ့ကြောင်း ဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက RFA ကိုပြောပါတယ်။
"နယ်စပ်ဒေသဝန်ကြီးကနေ သူ ဒီရခိုင်ဒေသနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ လုပ်ခဲ့တာတွေကို ရှင်းပြခဲ့တာဗျ။ ၂၅ ရက်နေ့မှာ ကော်မရှင် အစည်းအဝေး လုပ်မယ်ဗျ။ အဲဒါ ပြီးလို့ရှိရင်တော့ ကျွန်တော်တို့ လုပ်ငန်းတွေ ပီပီပြင်ပြင် ဖြစ်မယ်ဗျာ။ တာဝန် ခွဲတာတွေရော၊ ဘာတွေရော ကျွန်တော်တို့ လုပ်ကြပြီ။ အခုကတော့ ဒီသမ္မတ ကိုယ်စား လာပြီးတော့ နယ်စပ်ရေးရာ ဝန်ကြီးက သူကူညီနိုင်တဲ့ အကြောင်းတွေ၊ ရခိုင်မှာသူတို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေ အဲတာတွေ သူရှင်းလင်း ပြောကြားသွားတာပဲဗျ"
ဒီဆွေးနွေးပွဲမှာ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက အဓိက ရှင်းလင်းပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဝင်တွေဘက်က ဆွေးနွေး ပြောကြားခွင့် မရရှိခဲ့ကြဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် ဒီဆွေးနွေးပွဲကို ပြည်တွင်း ပြည်ပ သတင်း မီဒီယာတွေ တက်ရောက် သတင်းယူဖို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနဘက်က တစ်ရက်ကြိုတင် ဖိတ်ကြားခဲ့ပေမယ့် ဒီကနေ့ ဆွေးနွေးပွဲကို သတင်းထောက်တွေကို ၀င်ခွင့်မပြုဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ အမိန့်နဲ့

တိုင်းရင်းသားမဟာမိတ်အဖွဲ့ ကျယ်ပြန့်သည့် တိုင်းရင်းသားညီလာခံခေါ်မည် *

DVB|​အေး​နိုငျ
တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစု တခုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပြည်ပမှာရောက်နေတဲ့ တိုင်းရင်းသားအင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မယ့် တိုင်းရင်းသား ညီလာခံတရပ်ကို ပြည်ပမှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ယူအန်အက်ဖ်စီ အတွင်းရေးမှူး နိုင်ဟံသာ
ယူအန်အက်ဖ်စီ အတွင်းရေးမှူး နိုင်ဟံသာက “အဓိကအားဖြင့် လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေ အကုန် ပါဝင်နိုင်သလောက်ကို ဖိတ်တယ်။ တချို့က လက်နက်မကိုင်ကြပေမယ့် အမျိုးသားရေး ဒါမှမဟုတ် နိုင်ငံရေးပုံစံ အဲဒီလို အဖွဲ့အစည်းမျိုး နောက်ပြီး လူငယ်တွေ၊ အမျိုးသမီးတွေ၊ အန်ဂျီအိုပုံစံတွေ၊ သတင်းမီဒီယာအဖွဲ့တွေကို ဖိတ်ခေါ်ပြီး ကျနော်တို့ တိုင်းရင်းသားတွေ ဘက်က အမြင်တခု ရနိုင်ဖို့ စုပေါင်းပြီး သတ်မှတ်မလို့ပါ။ ပြည်တွင်းက အဖွဲ့တွေ မပါသေးဘူး” လို့ ပြောပါတယ်။
ယူအန်အက်ဖ်စီတပ်ပေါင်းစုထဲမှာ သက်တမ်းရှည်ကြာလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တွေလို အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ညီလာခံခေါ်ရတဲ့ ရည်ရွယ်ချက်ကို နိုင်ဟံသာက “အဓိကကတော့ အစိုးရနဲ့ ဆွေးနွေးမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ကျနော်တို့က ဘယ်လို လိုချင်တယ်ဆိုတဲ့ဟာမျိုးပေါ့။ အစိုးရဘက်က လက်ရှိသဘောထားတွေ ထုတ်ပြန်လာပြီလေ။ အဲဒီထဲက ကျနော်တို့ လက်မခံနိုင်တဲ့အပေါ်မှာ လက်ခံနိုင်တဲ့ သဘောထားက ဘယ်လိုရှိတယ် ဆိုတဲ့ဟာပေါ့။ နောက်ပြီး ကျနော်တို့ အဓိပ္ပာယ် ဖွင့်ချင်တဲ့ဟာတွေလည်း တူညီအောင်ပေါ့ဗျာ။ ဥပမာ ကိုယ်ပိုင်ပြဋ္ဌာန်း

သတိ အနေအထားနဲ့ စစ်ရေးပြင်ဆင်နေ တဲ့ရှမ်းပြည်တပ်မတော်မြောက်ပိုင်း







DVB|နန်းြမနဒီ
အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ထိန်းချုပ်ဒေသထဲ ကို အစိုးရတပ်ရင်းတွေ ထပ်မံတိုးချဲ့ချထားနေတဲ့ အတွက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဘက်ကလည်း သတိ အနေအထားနဲ့ စစ်ရေးပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် မိုင်းအွတ်ဒေသ ဘက်မှာ အစိုးရတပ်တွေနဲ့ အက်အက်စ်အေ မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေမှာရော ဌာနချုပ် ၀မ့်ဟိုင်းကို သွားတဲ့လမ်းတွေမှာပါ အစိုးရတပ်ဘက်က တပ်အင်အားတွေ ရာနဲ့ချီပြီး တိုးမြှင့်ချထားနေတယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့က ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ဗိုလ်မှူးစိုင်းလ
“အခုတိုးလာတာက အရင် နမ့်ပုတ်စခန်းမှာဆိုရင် ၁၀ ယောက်ကျော်လောက်ပဲ နေတယ်လေ၊ အခုအင်အား ၁၀၀ လောက် ရောက်လာတယ်။ မိုင်းအွတ် တ၀ိုက်မှာဆိုရင် တောင်ဟျိုး၊ လွယ်ဖာဖိန့်တို့ အဲဒီတောင်ကုန်းတွေ ဘက်မှာလည်း ဖြန့်ခွဲ့ပြီးတော့ တပ်စွဲထားတာ အင်အား ၃၀၀ လောက်ရှိမယ်၊ ကျနော်တို့ဌာနချုပ်ရဲ့ တောင်ဘက် မိုင်းနောင် လမ်းကြောင်းမှာလည်း တပ်ရင်း တရင်းလေ၊ ဌာနချုပ်အ၀င်အထွက်လမ်း အဓိကကျတဲ့ နေရာတွေမှာ ပိတ်ဆို့ထားတဲ့ အခြေအနေမျိုးပေါ့။”
အစိုးရတပ်တွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်

" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( ၁)


" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( ၁)

အခုတင်မယ့် သွားများ ဖြူဝင်းစေတဲ့ နည်းလမ်းကို
တစ်ချို့ သူငယ်ချင်းများလည်း သိချင်သိမှာပါ
မသိတဲ့ သူငယ်ချင်းများလည်း ရှိမှာပါ ဘာပဲဖြစ်ဖြစ်
အားလုံး ဗဟုသုတ ရစေတာပေါ့နော်


သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။

- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော်။
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ။
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သု

Monday, August 20, 2012 ထွေရာလေးပါး....

ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှ ကျောင်းပေါင်း ၄၆၇ ကျောင်း ပိတ်ထား

*
Inbox
x







Eleven Media Group:
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှ ကျောင်းပေါင်း ၄၆၇ ကျောင်း ပိတ်ထား
မြစ်ရေကြီးမြင့်မှုဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ်အနက် မြို့နယ် ၁၂ မြို့နယ်မှ  ကျောင်းပေါင်း ၄၆၇ ကျောင်းအား ယာယီပိတ်ထားခဲ့ပြီး လတ်တလောကာလတွင် ဖွင့်လှစ်နိုင်မှု မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး အုပ်ချူပ်ရေးမှုး ဦးအေးကျော် ကပြောသည်။
မြစ်ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် သာပေါင်း၊ ရေကြည် ၊ကျုံပျော် ၊ ပုသိမ်၊ ကန်ကြီးထောင့် ၊ ကျောင်းကုန်း ၊ ပန်းတနော် ၊ဓနုဖြူ အစရှိသည့် ဒေသများနှင့် ဇလွန် ၊လေးမျက်နှာ ၊ အိမ်မဲ၊ ညောင်တုန်း အစရှိသည့် မြို့နယ်များတွင်  ကျောင်းများ ပိတ်ထားရပြီး  လတ်တလောကာလတွင့် ပြန်လည် ဖွင့်လှစ်နိုင်ဦးမည် မဟုတ်ကြောင်း သိရှိရပါသည်။
"ကျောင်းတွေ စပိတ်ခဲ့တာက သြဂုတ်လ ၄ ရက်နေ့ ကတည်းကပါ မြိုနယ်အလိုက်တော့  ပိတ်ရက် မတူပါဘူး ။  တချို့မြှိုတွေမှာက မြို့ပေါ်မှာ ရေကြီးလို့ ပိတ်ထားတာ မဟုတ်ဘူး။ ရွာတွေက လာမဲ့ ကျောင်းသူကျောင်းသား ကလေးငယ်တွေ ရေပြင်ကျယ်ကြီး ဖြတ်လာရမှာ အန္တရာယ် ရှိလို့ ပိတ်ထားတာပါ"" ဟု ဦးအေးကျော် ကပြောသည်။
မြစ်ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် သာပေါင်းမြို့တွင် ကျောင်းပေါင်း ၉၀ ၊ ရေကြည်မြို့တွင် ကျောင်းပေါင်း၄၅ကျောင်း ၊ကျုံပျော်မြို့တွင် ကျောင်းပေါင်း ၂၄ ကျောင်း ၊ ပုသိမ်မြို့တွင် ကျောင်းပေါင်း ၉၆ကျောင်း၊ ကန်ကြီးထောင့် မြို့တွင် ကျောင်းပေါင်း၄၅ကျောင်း၊ ကျောင်းကုန်းမြို့တွင် ကျောင်းပေါင်း ၄၅ကျောင်း  ၊ ပန်းတနော်မြို့တွင် ကျောင်းပေါင်း ၂၆ ကျောင်း ၊ဓနုဖြူ မြို့တွင် ကျောင်းပေါင်း ၂၃ကျောင်း၊ဇလွန်မြို့တွင် ကျောင်းပေါင်း၂၆ကျောင်း ၊လေးမျက်နှာမြို့တွင် ကျောင်းေ

ရှေးခောတ်ဟောင်းအောင့်မေ့ဘွယ်


လန်ခြား

ဥရောပမှာ စာမသင်ပါ (ကောင်းဆက်နိုင်-အံ့သြလွန်းလို့ သေတော့မယ်)


ဥရောပမှာ စာမသင်ပါ (ကောင်းဆက်နိုင်-အံ့သြလွန်းလို့ သေတော့မယ်)
               ဥရောပဘက်မှာတော့ သနားစရာ ငှက်ကလေးများလို တစာစာအော်ပြီး ကြက်တူရွေး များလို သည်မလွဲ အလွတ် ပြန်ရတဲ့ စာသင်နည်း မသုံးတော့ပါဘူး။ သင်ရိုးညွန်းတမ်းတွေကို ဘုရားဟောကျမ်းလိုမျိုး တစ်သက်လုံး ဦးထိပ်ပန်ဖို့ အာဂုံ ဆောင်ရတာကို စာသင်တယ် ခေါ် တာပါ။ တကယ်တော့ ပညာရေးလောကဟာ ရေသေမဟုတ်ဘဲ အမြဲ ပြောင်းလဲနေတဲ့ ရေရှင်ဖြစ်ပါတယ်။ မနေ့က သင်ရိုးထဲ ပါတဲ့ သီအိုရီတစ်ခုဟာ ဒီနေ့ ပြောင်းပြန် ဖြစ်သွားနိုင်လောက်အောင် အပြောင်း အလဲ မြန်ပါတယ်။
               သင်ရိုးတွေကို ခေါင်းပေါ် ရွက်မထား ဘဲ ဝေဖန်သုံးသပ်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ တီထွင်တတ်လာအောင် ပြုစုပျိုးထောင်တာဟာ ပညာသင်တာပါ။ ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာဖို့ မေးခွန်းမေးတတ်ဖို့၊ များများမေးတတ်ဖို့၊ ကိုယ်ပိုင်ဥာဏ် သုံးတတ်လာဖို့ ဆရာ ဆရာမရဲ့ တာဝန်ပါ။

နှမြောဖို့ ကောင်းတယ်
               ဒါကြောင့် ဥရောပမှာ “စာ” မသင်တော့ဘဲ “ပညာရေးစနစ်” ဆိုတဲ့အတိုင်း “ပညာ” တတ်အောင် လေ့လာချင်စိတ်တွေ၊ တီထွင်ချင်စိတ်တွေ လူသား အချင်းချင်း ကူညီချင်စိတ်တွေ

ဂတိတလုံးလွယ်လွယ်မပေးဖို့ဒါလေးဖတ်ကြစို့


ဘယ်သောအခါမှ ဆန္ဒအမှန်မပါပဲ ကတိစကားတစ်ခုကို လွယ်လွယ်နဲ့ မပေးပါနဲ့ ..
သေးငယ်တဲ့ကတိပဲဖြစ်ဖြစ်
ကြီးမားတဲ့ကတိပဲဖြစ်ဖြစ်
ကတိဟာ ကတိပါပဲ..

ကတိစကားဆိုတဲ့အရာကို အရေးတကြီးလို့ မယူဆလို့  ပေါ့ပေါ့ပါးပါးလွယ်လွယ်ကူကူနဲ့ ကတိပေးလိုက်ပြီး နောက်မတည်နိုင်လဲဖြစ်တာပါပဲ လို့ တွေးချင်တွေးနိုင်ပေမယ့် တဖက်ကသင့်ကိုယုံကြည်သူတစ်ယောက်အတွက်တော့
သင့်နှုတ်ဖျားက ကတိစကားဆိုတာဟာ..
သူ့ အတွက်
နှလုံးသားတစ်ခုလုံးလဲ ဖြစ်ရင်ဖြစ်နေနိုင်တယ်..
ကမ္ဘာတစ်ခုပမာလဲ ဖြစ်ရင်ဖြစ်နေနိုင်တယ်..
သူ့ ရဲ့ အကြီးမားဆုံးဆန္ဒတစ်ခုလဲ ဖြစ်နေနိုင်သလို..
နောက်ဆုံးအချိန်ထိ သူဘယ်တော့မှမစွန့် လွှတ်နိုင်မယ့် မျှော်လင့်ချက်တစ်ခုလဲ ဖြစ်နေနိုင်တယ်မဟုတ်လား..

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း


မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး
နေ့စဉ် လူနေမှုဘဝ
ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။
ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။ ဒါပေမယ့် လူနာရှင်တွေ အားထားရာ ဆရာဝန်က အနီးအနားက အခြားတာဝန်နဲ့ ရှိနေတဲ့ ဒေါက်တာအောင်ရဲကျော် ဖြစ်ပါတယ်။ အဲ့ဒီဆရာဝန်ဟာ လူနာတွေကို တစ်ပတ်တစ်ကြိမ် လာကြည့်ပေးနေပြီးတော့ လူနာတွေအတွက် ဆေးလိုအပ်လာလို့ အလှူရှင်မရှိရင် သူတို့ သူငယ်ချင်းတွေ စုထားတဲ့ ငွေလေးနဲ့ ဆေးဝယ်ပြီး ကုပေးနေတာကို အခု ၀ဘ်ဆိုဒ်ကို ရေးနေသူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ လူနာတွေစိတ်ချမ်းသာအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လူနာတွေနဲ့ ထမင်းအတူ စားပေးတဲ့ အချိန်တောင် ရှိတယ်ဆိုတာ ဝေဒနာရှင် အဖွဲ့ခေါင်းဆောင် ဦးတာက ပြောပြပါတယ်။နေ့လည်ပိုင်း ၁၀ နာရီဆိုရင်တော့ အလှူရှင်တွေကို မေတ္တာပို့ပြီး နေ့လည်စာ စားရတဲ့ အချိန်လေးပါဘဲ။ အလှူရှင်တွေ လာပြီး တစ်နပ်ကို

ငြိမ်းချမ်းရေးမရသေးခြင်းနှင့် သဘာဝဘေး မြန်မာ့စီးပွားရေးအား နှောင့်နှေးစေ


မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအား ပြည်တွင်း၌ ငြိမ်းချမ်းရေး မရရှိသေးမှုနှင့် သဘာဝဘေး ကျရောက်မှုများက အဓိက စိန်ခေါ်ချက် ဖြစ်နေသည်ဟု အာရှဖွံ့ဖြိုး တိုးတက်ရေး ဘဏ်(ADB)မှ လက်ထောက် စီးပွားရေး ဆိုင်ရာ အကြီးအကဲ Ms. Cyn-Young Park က ပြောသည်။

သြဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသော ADB ဘဏ်၏ မြန်မာနိုင်ငံ အပေါ်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အစီရင်ခံစာ အပေါ် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ရာ၌ ၄င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုကို အဓိကစိန်ခေါ်ဟန့်တားနေ တာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းငြိမ်း ချမ်းရေး မရရှိသေးတာနဲ့ သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျက်စီး မှုကြောင့် ဖြစ်လာတဲ့ ရာသီဥတုပြောင်းလဲမှု ကြောင့်သဘာဝဘေး အန္တရာယ်ဒဏ် တွေကို ဆိုးရွားစွာခံနေရတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်တဲ့အခါ မှာ ကျေးလက်နဲ့ မြို့ပြ သာတူညီမျှဖွံ့ဖြိုးရေးတွေ မလုပ် ဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကွာ ခြားပြီးလက်နက်ကိုင် ပဋိပက္ခအသွင် ဖြစ်ပေါ် လာနိုင်ဖွ

ပြည်တွင်းကုမ္ပဏီအများစု၏ ပိုင်ဆိုင်ငွေ မပွင့်မလင်း စာရင်းမရှိခြင်းသည် ပြည်ပနှင့် လက်တွဲရန် အဓိကအဟန့်အတားဖြစ်

GE (General Electric) အမေရိကန်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ စီးပွားရေးစာချုပ် ချုပ်ဆိုနေစဉ် (AP Photo/Khin Maung Win)

ပြည်တွင်းကုမ္ပဏီ အများစု၏ ပိုင်ဆိုင်မှုကို နိုင်ငံတကာအဆင့်မီ စာရင်း စစ်ဆေးအတည်ပြုထားခြင်း မရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ကိုင်ရန်အတွက် အဓိက အဟန့် အတားဖြစ်သည်ဟု

မြန်မာ အနောက်ဘက် နယ်စပ် လုံခြုံရေး တိုးမြှင့်


ခိုင်သိန်း

မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလာဒေ့ခ်ျ-ရခိုင် နယ်စပ်တလျှောက်တွင် မနေ့က စပြီး လုံခြုံရေး တိုးမြှင့်ချထားလိုက်ကြောင်း သတင်း ရရှိ သည်။

မောင်တော မြောက်ပိုင်း နံသာတောင် ကျေးရွာသားတစ်ဦးက “ အခု ကျွန်တော် တို့ မောင်တောမြို့ နယ် မှာရှိတဲ့ နစက တွေအပါအ၀င် စစ် သားတွေ တိုးချဲ့ ချထားတာကို တွေ့ ရပါတယ်။ ကျွန်တော်ထင်တာကတော့ အခု မူဆလင် တွေရဲ့ ဥပုသ်လ အပြီး တခုခု ဖြစ်လာမှာ စိုးရိမ် လို့ အ ခုလို စစ်သားတွေ တိုးချဲ့ ချထားတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

၎င်းပြင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နစက စခန်း ၉ ခုနှင့် ရသေ့တောင်မြို့ နယ်နစက စခန်းတစ်ခုတွင် လည်း စစ် သားများကို အင်အား ဖြည့်တင်းထားသည်ဟု ဆိုသည်။

“ နယ်စပ်တလျှောက် လုံခြုံရေးအတွက် ဒီလ အစောပိုင်းကတည်းက စစ်သား ၁၀၀၀ ခန့်ရှိမယ် ထင်ပါတယ်။ အခုတစ်ခါ တခြားမြို့နယ် မှာ ရှိတဲ့ တပ်ရင်းတွေက စစ်သားတွေကို ခေါ်ယူပြီး တိုးချဲ့ အင် အား ဖြည့်ထား ပါတယ်။ သူတို့ အပြောအရတော့ အထက်အရာရှိတွေက မင်းတို့ နယ်စပ်ကို သွားရ မယ်။ ဘာကြောင့် ဆိုတာကို မပြောဘူးလို့ စစ်သားတွေက ပြောပါ တယ်” ဟု သူက

အင်တာနက်မှဖြစ်ရပ်မှန် ထူးဆန်သောပုံ



ဖြစ်ရပ်မှန်လေးပါ..ဂျပန်နိုင်ငံမှာ ကောင်မလေးတစ်ယောက် ပန်းချီပုံတစ်ပုံဆွဲပါတယ်..။ ပုံကို စကင်နာဖတ်ပြီးတော့ ကာလာချိန်တယ်...။ ဆိုက်...အရွယ်အစားနဲ့ ပုံစံတွေကို သတ်မှတ်ပြီးတော့...။ အင်တာနက်ပေါ်ကို ဗွီဒီယိုအနေနဲ့တင်လိုက်ပါတယ်...။




ပြီးတော့ သူ့ကိုယ်သူသတ်သေသွားတယ်....။ အဲဒီပုံလေးကို ဗွီဒီယိုအဖြစ်နဲ့ လူတိုင်း ယနေ့ထိကြည့်နေကြ ဆဲပါ...။

ပုံမှာထူးခြားချက်ရှိတယ်လို့ပြောကြတယ်...။ ပုံကို ၅ မိနစ်ခန့် စိုက်ကြည့်ပေးပါလို့ပြောတယ်...။

ဘယ်သူ့ကို မှ အာရုံမထားပဲ.. စူးစူးစိုက်စိုက်ကြည့်ပေးပါတဲ့။ တချို့က တစ်ခုခုပြောင်းလဲ

ကလေးတွေကို သတ်ဖြတ်စားသောက်တယ်လို့ ချင်းမိုင်ကမိခင်တဦး စွပ်စွဲခံရ..



သတင်းများ အဆိုအရ ကိုယ့်သား ကလေးငယ် ၂ ဦးကို သတ်ပြီး ချက်ပြုတ်စားတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးကို ရဲက ဖမ်းဆီးထားတယ်လို့ သြဂုတ်လ ၂၀ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် ညနေ ကြားဖြတ်သတင်းမှာ ဖော်ပြ ထားပါတယ်။
ချင်းမိုင်နဲ့ မလှမ်းမကမ်း မဲအိုင် ခရိုင်မှာ လွန်ခဲ့တဲ့ သတင်းပတ်က အသက် ၁ နှစ်နဲ့ ၅ နှစ်သား သားယောင်္ကျား
လေး ၂ ဦး ကို မိခင်အရင်းဖြစ်သူက သတ်ဖြတ်ပြီး ချက်ပြုတ်စားသောက်တဲ့ တိုင်တန်း သတင်းပို့ချက်တွေကို ရဲက လက်ခံ ရခဲ့ပြီးနောက် တရားခံ အမျိုးသမီးကို ဖမ်းဖို့ ဖြစ်လာရတာပါ တဲ့။
ဒီ ကိစ္စဟာ ထိုင်းသတင်းလောကကို တောမီးလို ပြန့်နှံ့ သွားပါတယ်။
တရားခံဖြစ်သူ အမျိုးသမီးကို သူ့နေအိမ်မှာ အိပ်ပျော်နေစဉ် သူ့ဘေးမှာလည်း ပြန့်ကျဲနေတဲ့ သူ့သားလေးတွေရဲ့ ခန္ဓာကိုယ် အစိပ်အပိုင်း တွေနဲ့ အတူ တွေ့ခဲ့ရတာလို့ ထိုင်းရဲတွေက ပြောပါတယ်။
ရဲတွေက ဒါနဲ့ အဲဒီအမျိုးသမီးကို ခေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လို့ ရဲတွေ မေးသမျှ ဘာမေးခွန်းကို မဆို အဲဒီ အမျိုးသမီးက တခွန်းတပါဒမှ ပြန်မဖြေပါဘူးတဲ့။
ဒါနဲ့ အမျိုးသမီးရဲ့ နောက်ကြောင်း ရာဇ၀င်ကိုလိုက်တဲ့အခါမှာ

ကွန်ပျူတာနှင့်အလုပ်လုပ်ကြရာဝယ်


ယနေ့ခေတ်ကာလ လုပ်ငန်းခွင်တွေမှာ Computer နဲ့ အမြဲ အလုပ်လုပ်နေကြရပါပြီ။
Computer ရဲ့ Monitor ကိုပဲ တစ်ချိန်လုံး ကြည့်နေရတော့ Monitor က
ထုတ်လွှတ်တဲ့ ရောင်ခြည်ကြောင့် မျက်စိတွေ အနည်းနဲ့အများ ဆိုသလို ဘေးဥပါဒ်
ဖြစ်လာကြပါပြီ။ ခေါင်းကိုက်၊ ဇက်ကြောတက် ဝေဒနာလည်း အားလုံးလိုလို
ခံစားနေကြရပါပြီ။ Computer ကို အလုပ်ထဲမှာ သုံးတာဖြစ်ဖြစ်၊
ကိုယ်ရေးကိုယ်တာ သုံးတာပဲဖြစ်ဖြစ် မျက်စိတွေကို အားစိုက်ထုတ် ရ တာပါပဲ။
ကြာလာရင် မျက်စိတွေ နာကျင်လာမယ်။ ယားယံလာမယ်။ ခြောက်သွေ့လာမယ်။
အမြင်တွေဝါးပြီး မြင်ကွင်းနှစ်ထပ်ဖြစ်လာမယ်။ Monitor ကနေ မျက်စိကိုခွာပြီး
တခြားကိုကြည့်လိုက်တာနဲ့ အရောင်တွေကို မြင်နေ မယ်။ အလင်းရောင်ကို ကြည့်ရင်
မျက်စိစူးမယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် အလုပ်ကို
ကြာရှည်အာရုံစိုက်နိုင်ဖို့ ခဲယဉ်း သွားပါပြီ။ ဆိုးရွားလှတဲ့
ရောဂါကြီးတစ်ခု မဟုတ်ပေမယ့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။ Computer
နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းသဘာဝကို ဘယ်လိုမှ ပြောင်းလဲပစ်ဖို့
မဖြစ်နိုင်တော့လည်း မျက်စိအားစိုက်ထုတ်မှုက လျော့နည်းအောင်၊ မျက်စိကို အနား
ပေး နည်းလေးတွေကိုပဲ ကျင့်သုံးရတော့မှာပါပဲ။
မျက်စိလေ့ကျင့်ခန်းလေးလုပ်ပြီး မျက်စိအားစိုက်ထုတ်မှု ကို

ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်


စွဲစွဲမြဲမြဲ လုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့် တစ်ခုကို ဖြတ်လိုက်ဖို့ ဆိုတာ မလွယ်ပါဘူး။
အထူးသဖြင့် ဆေးလိပ်သောက်ခြင်းလို မကောင်းတဲ့ အလေ့အကျင့် ဆိုရင်
ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသား ကင်ဆာဌာနကနေ
ဆေးလိပ်ပြတ်အောင် ဖြတ်နည်းတွေကို အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်
ဆေးလိပ်ဖြတ်ပြီးချိန်မှာ
- ဆေးလိပ်ဖြတ်တဲ့ အကြောင်းချရေးပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်ချင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ကိုပါ စာရင်းနဲ့ ချရေးပါ။ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းအရင်း
စာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ပြီး မနက်တိုင်းရွတ်ပေးပါ။
- ပန်းအိုးထားရှိပါ။ အခန်းထဲမှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက် အများကြီး ရနံ့သင်းပျံ့စေပါတယ်။
- သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည်သုံးပါ။
ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ ဒီနည်းအားဖြင့် ဆေးလိပ်နံ့ကင်းတဲ့
ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ် ဆိုတာ သင်သိလာမှာပါ။
- သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင်
အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။ သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။
- ငွေစုပါ၊ နေ့စဉ်ဆေးလိပ်ဖိုး အတွက် ကုန်ကျငွေတွေကို စုဘူးထဲမှာ စုဆောင်းပါ။
- လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက်အစား ဘောလ်ပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထားပါ။
- ဆေးလိပ်သောက်ခွင့် ပြုတဲ့နေရာတွေကို ရှောင်ပါ။ ဆေးလိပ်ေ

စိတ်ဖိစီးမှု နည်းစေနိုင်သော နည်းလမ်း ၁၀ခု


(၁) ဆားများများစားတဲ့ အကျင့်ကို ဖျောက်ပါ
ဆားများများစားတဲ့ အတွက် ရေဓာတ် စုဆောင်းမှုတွေ ရရှိကာ သွေးဖိအား မြင့်တက်လာ နိုင်ပါတယ်။ ပြုပြင်ထားတဲ့ အစာ ဒါမှမဟုတ် စည်သွတ်ဘူးတွေ စားမယ့်အစား လတ်ဆတ်တဲ့ အစာ
စားတာကြောင့် ဆားစားသုံးမှု လျော့နည်းသွား နိုင်ပါတယ်။
ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ မဆလာတွေ ထည့်စားခြင်းဖြင့်
အနံ့အရသာ ကောင်းမွန်ပြီး သင့်ကို ကျန်းမာစေနိုင်ပါတယ်။
(၂) လှေကား အသုံးပြုပါ
သင်ရဲ့ stress ဟော်မုန်းတွေ များလာလို့ ဆေးလိပ်သောက်ချင်တာ၊ လက်ဖက် စားချင်တာတွေ ဖြစ်လာရင် လေ့ကျင့်ခန်း လုပ်လိုက်ပါ။ သင်ဟာ ရုံးခန်း တွင်းရောက်နေပါက
ရုံးခန်းတွင်းလှေကားမှ ဆင်းလာပြီး ၁၀မိနစ်လောက် လမ်းလျှောက်ပါ။ လေ့လာမှုတွေ
အရ ၁၀ မိနစ်လောက် ကာယလေ့ကျင့်ခန်း လုပ်တာနဲ့တင် စိတ်ခံစားမှု
ပိုကောင်းမွန်လာပြီး စွမ်းအင်တွေ ပိုပြည့်လာနိုင်တယ်လို့ သိရပါတယ်။
(၃) သကြားစားချင်စိတ်ကို တွန်းလှန်ပါ
ဒိုးနပ်၊ ချောကလက်နဲ့ အချိုစာတွေဟာ သင့်ကို ယာယီအားဖြင့်သာ စွမ်းအင်ပေးနိုင်ပေမယ့် သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် တိုးလာနိုင်တာက ယာယီမဟုတ်ပါဘူး။ သင်ဟာ

မှတ်သား မိသောအဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ


၁.   မိန်းမ မရှိတဲ့ ယောင်္ကျားဟာ ဆွဲလှေမပါတဲ့ သမ္ဘာန်ကြီးလိုပဲ။

၂.   ချိုသော ကြက်သွန် ကောင်းသော လင်ယောင်္ကျားဟူသည်မရှိ ။

၃.   လူအများသည် အမှန်များပါသည့် ပြက်လုံးများကိုစိတ်ဆိုးကြသည် ။

၎.   ဘာသာတရား များစွာရှိသော်လည်း ကိုယ်ကျင့်တရားတခုတည်းသာရှိသည် ။

၅.   မြှောက်ပင့်ပြောဆိုသူများသည် အဆိုးဝါးဆုံး သစ္စာဖောက်များဖြစ်သည်။

၆.  ဟိတ်တလုံးဟန်တလုံးဖြင့်ပြောဆိုသူများသည် ယေဘူယျအားဖြင့်သူရဲဘောအကြောင်ဆုံးသောသူများဖြစ်သည် ။

၇.   လောကမှာ ကျေးဇူးမသိတတ်သူလို့ သတ်မှတ်ခံရတာလောက်

မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်း




ခေတ်နဲ့ အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင် ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆ
တောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေး က ဝေးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှ လိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကို လေးစားလျှက်…
Good Idea


အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။
Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။
Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes လုပ်ပါ။ Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။

အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name မှာ MPTNET ဆိုတာတွေ့နေ

ဧရာဝတီတိုင်း၊ ကျော်စံကုမ္မဏီ၊ ဒေါ်လာသန်းချီပြီ လိမ်ပြီး အခွန်ရှောင်






ပြည်ခိုင်ဖြိုးပါတီဝင်တဦး၏ ပေးစာ၊
 သြဂုတ် ၂၀၊ ၂၀၁၂
ပေးစာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ထိုစာကို အင်န်အယ်ဒီပါတီဌာနချုပ် သို့လည်း ပေးပို့ထားသည်ဟု ဆိုသည်။
သို့
         ဦးသိန်းစိန်
         သမ္မတ
         ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
         နေပြည်တော်
ရက်စွဲ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (       ) ရက်
အကြောင်းအရာ။                ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တရားမ၀င် အခွန်တိမ်းရှောင်     စက်သုံးဆီ   တင်သွင်းမှုအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန်  တင်ပြခြင်းကိစ္စ။
၁။                                 ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆားလုပ်ငန်းများ ဖွံ့ဖြိုးရာဒေသကြီးလည်း ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများလုပ်ကိုင်ရာတွင် စက်သုံးဆီ ( ဒီဇယ်ဆီ ) သည် မရှိမဖြစ်လိုအပ်သော စွမ်းအင်တစ်ခုဖြစ်ပါသည်။
ထိုသို့ မရှိမဖြစ် လိုအပ်သော စွမ်းအင်ကို ပြည်သူလူထုနှင့်လုပ်ငန်းရှင်များ လွယ်ကူသက်သာစွာ သုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ စေတနာရှေ့ထား၍ စက်သုံးဆီလုပ်ငန်းရှင်များအား နိုင်ငံခြားပို့ကုန်ရ၀င်ငွေဖြင့် နိုင်ငံခြားမှ ပုသိမ်ဆိပ်ကမ်းသို့ စက်သုံးဆီများကို တင်သွင်းရောင်းချခွင့် ပြုခဲ့ပါသည်။
၂။                                 ထိုသို့ တင်သွင်းရောင်းချခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်အတွက်လည်း ထိုက်တန်သည့်အခွန်ရရှိခြင်း၊ ပြည်သူလူထုလည်း စက်သုံးဆီများကို လွ

မြန်နှုန်းမဲ့ အင်တာနက်၊ ခရိုနီ ဈေးကွက် စီးပွားရေး ၊ ဈေးအကြီးဆုံး တန်ဖိုးနည်းဖုန်း နှင့် ပျောက်ဆုံးနေဆဲ အိမ်မက်များ

 
နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အင်တာနက် မြန်နှုန်းနဲ့ တိုင်းတာတဲ့ ခေတ်ကာလမှာ မြန်နှုန်း လုံးဝ တိတိ ကျကျမရှိတဲ့ အင်တာနက် လိုင်းနဲ့ သုံးစွဲသူတို့ နှစ်ပါးသွားနေရဆဲ ဖြစ်နေရတဲ့ အကြောင်းရင်းက ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးဖြစ်နေသေးလို့ပါလို့ပြောရင် အင်တာနက်သုံးစွဲသူများ စိတ်ဖြေသာရာရနိုင်ကြမယ်ထင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်တာနက်မြန်နှုန်းက လိုက်ပါ မြန်ဆန်လာမှာပါလို့ပြောရင် အိပ်မက်လေးတွေ ဆက်လက်လှပနိုင်ကြ မယ်ထင်ပါတယ်။

အာရှမှာတော့ တောင်ကိုရီးယားက အင်တာနက်မြန်နှုန်း အမြင့်ဆုံးပဲဆိုလို့ မြန်မာနိုင်ငံက တရားဝင်ရုပ်သံလိုင်းပေါင်းစုံမှာ ဘယ်တုန်းကမှ အဲဒီဇာတ်လမ်းတွဲတွေကို မကြည့်တဲ့ ကျွန်တော့်လိုလူ အဖို့တောင် ငြီးငွေ့ ပျင်းရိဖွယ် ကောင်းလောက်အောင် တောက်လျှောက် ပြနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို အသာလေး အကဲခတ်ကြည့် မိတော့ ကျိုးကြောင်း ဆီလျော်နေတာ တွေ့ရပါတယ်။ ဟိုးတောရွာ ကျေးလက်ဒေသက အိမ်ကလေး တွေကို နောက်ခံ ထားပြီး ရိုက်ပြတဲ့ ဇာတ်လမ်းတွေမှာတောင် အစစ အရာရာ သန့်ရှင်း သပ်ရပ်နေပြီး ကိုရီးယား ရွာသားတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခေတ်အမီဆုံး လို့ ပြောလို့ရတဲ့ ကျွန်တော်တို့ ရန်ကုန်သားတွေ ထက်တောင် သားနား သန့်ပြန့်နေတာ သိသိသာသာ ကြီးကို မြင်တွေ့ရပါတယ်။ မိုဘိုင်းလ် ဖုန်းကိုယ်စီနဲ့ပါ။
အင်တာနက် မြန်နှုန်းနဲ့ တိုင်းပြည် ကြီးပွား ချမ်းသာခြင်းတို့ အကြား အဆက်အစပ်ကို

ရခိုင်ပြည်နယ်ကို သွားရင် မျက်လုံး နှစ်လုံးစလုံး နဲ့ ကြည့်ဖို့လဲ မှာလိုက် ပါသေးတယ် .... အမေစု

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂါလီပြသနာမှာ နှတ်ဆိတ်နေတာ မဟုတ်ပါဘူး ။ တူရကီ FM ကို အသေအချာ ပြောလိုက်ပါတယ် ။ ဧည့်ခန်း ထဲမှာတောင် ထိုင်မပြောပဲ မီတင်စားပွဲမှာ မျက်နှာချင်းဆိုင် ဖေ့တူဖေ့ ပြောခဲ့တာပါ ။ မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက် တစ်ဖက်တည်း မဟုတ်ပဲ နိုင်ငံတကာ ငလှော်များကပါ ဘယ်လိုတွေးခေါ် ကိုင်တွယ်ရမယ် ဆိုတာလည်း သင်ပေးလိုက်ပါသေးတယ် ....

အခု ပြည်ပကနေ နည်းမျိုးစုံ လှုံဆော်နေတဲ့ ဇာနည် ၊ ၀ါကာဥူးဒင် ၊ ထွန်းခင် တို့က ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကို လူ့အခွင့်အရေး ဒေါင့်ကနေ ရှုံချစေချင်တာ ။ ဒါမျိုး ဒေါ်စု လုပ်မလားဗျာ ။ ပြောပြီးသားပဲ ရှုံချတယ်ဆိုတာ အဖြေမှ မဟုတ်တာ

ကျောက်သင်ပုန်းကိုင်ပြီး ဘာလုပ်နေသလဲ


ကျောက်သင်ပုန်းနဲ့တူတဲ့အရာတခုကို ပုံမှာ တွေ့ရတဲ့အတိုင်းကိုင်ထားပြီဆိုရင်

မြန်မာနိုင်ငံတွင် စာပေစိစစ်မှုဖျက်သိမ်းလိုက်ခြင်းအပေါ် တရုတ်အစိုးရသတင်းစာက ဝေဖန်ရေးသား



မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အစိတ်အပိုင်းအဖြစ် မကြာသေးမီက စာပေစိစစ်ခြင်း လုပ်ငန်းများ ဖျက်သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့ အနေဖြင့် ယင်းကို စံနမူနာမတင်သင့်ဘဲ ကိုယ့်မူကိုယ့်ဟန်နှင့်သာ စာပေလွတ်လပ်ခွင့်ကို ရယူသင့်ကြောင်း ဝေဖန်ရေးသားလိုက်သည်။

“ တရုတ်နိုင်ငံ၏သတင်းစာလွတ်လပ်ခွင့်သည် သင့်တင့်မျှတသော ခရီးရှည်ကြီးကိုလျှောက်လှမ်းခဲ့ပြီဖြစ်သည်။ အနာဂတ်တွင် ပို၍ခရီးဆက်လှမ်းကြရဦးမည်။တရုတ်တို့အနေဖြင့် စိတ်ရှုပ်ထွေးခံပြီး မြန်မာနှင့်ဗီယက်နမ် စသည့် နောက်ပေါက်ရွှေကြာနိုင်ငံများအား စံနမူနာယူနေခြင်းထက် အချိန်ကာလ လမ်းကြောင်း အတိုင်းသာလိုက်ပါသင့်ပြီး နိုင်ငံ၏လက်တွေ့အခြေအနေကိုသာ

လူအချင်းချင်း လေးစားမှုရှိဖို့ အိုဘာမား ပြောကြား



By Shade The Mandalay Hill

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု Wis cons ပြည်နယ် ဆစ်ခ်ဘုရားကျောင်း တစ်ခုတွင် ပစ်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး အမေရိကန်ပြည်သူများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန် သမ္မတ အိုဘားမားက တိုက်တွန်းပြောကြားလိုက်သည်။

"အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူမြင်ကွင်းနေရာမျိုးတွေမှာ ပစ်ခတ်မှုမျိုးစုံ ပုံမှန်ဖြစ်ပွားနေပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာကြည့်စေချင်ပါတယ်" ဟု အိုဘားမားက ပြောဆိုခဲ့သည်။

စစ်သားဟောင်းတစ်ဦးဖြစ်သည့် သေနတ်သမားသည် လူဖြူလူမျိုးကြီး ဝါဒဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုရှိ၊ မရှိ စုံစမ်းနေကြောင်း FBI မှ

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ... အသုံးပြုနည်းကတော့ ....



https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn1/531326_444219762265457_567894013_n.jpg
1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို