DVB|ေအးနိုင်
တိုင်းရင်းသားမဟာမိတ်တပ်ပေါင်း
ယူအန်အက်ဖ်စီ အတွင်းရေးမှူး နိုင်ဟံသာ
ယူအန်အက်ဖ်စီ
အတွင်းရေးမှူး နိုင်ဟံသာက “အဓိကအားဖြင့် လက်နက်ကိုင်တော်လှန်နေတဲ့
အင်အားစုတွေ အကုန် ပါဝင်နိုင်သလောက်ကို ဖိတ်တယ်။ တချို့က
လက်နက်မကိုင်ကြပေမယ့် အမျိုးသားရေး ဒါမှမဟုတ် နိုင်ငံရေးပုံစံ အဲဒီလို
အဖွဲ့အစည်းမျိုး နောက်ပြီး လူငယ်တွေ၊ အမျိုးသမီးတွေ၊ အန်ဂျီအိုပုံစံတွေ၊
သတင်းမီဒီယာအဖွဲ့တွေကို ဖိတ်ခေါ်ပြီး ကျနော်တို့ တိုင်းရင်းသားတွေ ဘက်က
အမြင်တခု ရနိုင်ဖို့ စုပေါင်းပြီး သတ်မှတ်မလို့ပါ။ ပြည်တွင်းက အဖွဲ့တွေ
မပါသေးဘူး” လို့ ပြောပါတယ်။
ယူအန်အက်ဖ်စီတပ်ပေါင်းစုထဲမှာ
သက်တမ်းရှည်ကြာလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊
ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
ညီလာခံခေါ်ရတဲ့
ရည်ရွယ်ချက်ကို နိုင်ဟံသာက “အဓိကကတော့ အစိုးရနဲ့ ဆွေးနွေးမယ့်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ကျနော်တို့က ဘယ်လို
လိုချင်တယ်ဆိုတဲ့ဟာမျိုးပေါ့။ အစိုးရဘက်က လက်ရှိသဘောထားတွေ
ထုတ်ပြန်လာပြီလေ။ အဲဒီထဲက ကျနော်တို့ လက်မခံနိုင်တဲ့အပေါ်မှာ လက်ခံနိုင်တဲ့
သဘောထားက ဘယ်လိုရှိတယ် ဆိုတဲ့ဟာပေါ့။ နောက်ပြီး ကျနော်တို့ အဓိပ္ပာယ်
ဖွင့်ချင်တဲ့ဟာတွေလည်း တူညီအောင်ပေါ့ဗျာ။ ဥပမာ ကိုယ်ပိုင်ပြဋ္ဌာန်း
ခွင့်အရေးက
ဘာလဲ။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်လိုပုံစံမျိုးလဲ စသဖြင့် ဒါတွေကို
ကျနော်တို့အားလုံး ညှိပြီး တကယ်ဆွေးနွေးတဲ့အခါမှာ အထောက်အကူဖြစ်ဖို့
ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ တူညီတဲ့ သဘောထား ရှိထားဖို့အတွက်ပါ။”
ပြည်တွင်းက
တိုင်းရင်းသားအင်အားစုတွေနဲ့ သူတို့တပ်ပေါင်းစုအဖွဲ့ဟာ သဘောထားချင်း
တိုက်ဆိုင်မယ်လို့ ယုံကြည်ယူဆကြောင်း နိုင်ဟံသာက ဖြည့်စွက်ပြောဆိုပါတယ်။
ယူအန်အက်ဖ်စီဟာ
တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်ဖို့ အစိုးရကို တောင်းဆိုသလို
အစိုးရဘက်ကတော့ တဖွဲ့ချင်းစီ အပစ်အခတ်ရပ် ဆွေးနွေးခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့နဲ့တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မအောင်မြင်ဘဲ
နေ့စဉ်တိုက်ပွဲ ဖြစ်နေသလို အပစ်အခတ် ရပ်ထားပြီးသား တိုင်းရင်းသား
လက်နက်ကိုင်တချို့လည်း ထိတွေ့တိုက်ပွဲဖြစ်နေဆဲ ဖြစ်ပါတယ်။
ယူအန်အက်ဖ်စီ တပ်ပေါင်းစုအနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးလိုလား
ယူအန်အက်ဖ်စီအဖွဲ့ဟာ
အရင်က ပေါ်ထွန်းခဲ့ဖူးတဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေလိုပဲ တန်းတူရေးနဲ့
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု
ပေါ်ထွန်းရေးအတွက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
0 ကွန်မန့်ရေးရန်:
Post a Comment