This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Showing posts with label ဖြစ်ရပ်မှန်. Show all posts
Showing posts with label ဖြစ်ရပ်မှန်. Show all posts
Friday, November 15, 2013
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး အခေါ်မတူတဲ့အတွက် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး(၁၀)ယောက် ခင် ဗျာ သူ့လိုလို ငါ့လိုလိုနဲ့ သိက္ခာကျရတဲ့ (နိုဝင် ဘာ၁၃ ။၂၀၁၃ထုတ် 7DAY DAILY) ဧ။် လုပ်၇ပ်
ဗျို့ဆရာတို့ ဗျို့ဆရာတို့
သတင်းသမားပီပီသသ လုပ်ကြစမ်းပါ
လေဖမ်းဒန်းစီးမ နေပါနဲ့ဗျ
လပွတ္တာမြို့နယ်မှရပ်ကွက် အုပ်ချုပ်ရေးမှူးတစ် ဦးက ဖုန်းခွဲတမ်းရောင်းစားပြီး ထွက်ပြေးနေတယ် လို့ရေးထားတယ်။ ဒီဖြစ်စဉ် ကို တချို့ဂျာနယ်တွေ ထဲမှာပါပြီးပါပြီ။ပြန်ဖတ်ကြပါဦ
လပွတ္တာမှာ ရပ်ကွက်(၁၀)ခုပဲရှိတာ အုပ်ချုပ်ရေး မှူး (၁၀)ယောက်စလုံးကျန်းမာပကတိ ချမ်းသာစွာရှိပါဗျာ။
ဖြစစဉ်အမှန်က ဗိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအ ထောက်အကူပြု ကော်မတီဥက္ကဌ(ရွာက ရွေးထားတာနော်) ဦးကျော်စွာထွန်းက စက်တင် ဘာလအတွက် ဖုန်းခွဲတမ်းကို မြို့မှာလာထုတ်တယ်။ညကျတော့ တည်းခိုခန်းတစ်ခုတည်းမှာအတူတည်းရင်း ရင်း နှီးသွားတဲ့ ရန်ကုန်က ဆိုသူနှစ်ယောက်နဲ့ အရက် အတူသောက် ရင်းမူးသွားတော့ ဟိုလူနှစ်ယောက် ကဖုန်းကတ်တွေသွားရောင်းပြီး သုံးကြတာပေါ့။
အမူးပြေ လို့ပြန်တောင်းတဲ့အခါ ရန်ကုန် လိုက်ယူ ဆိုပြီးခေါ်လို့ လိုက်သွားတာဗျ။ ရွာအတွက် ဖုန်း ကဒ် ရောက်မလာလို့ရွာသားတွေနဲ့ ကျေးရွာအုပ်ချုပ် ရေးမှူးက လိုက်လာပြီး အမှုဖွင့် လို့အခု အထဲမှာခင် ဗျ။
ရောင်းစားလိုက်တဲ့ ဖုန်းကဒ်တွေကိုလည်း ဆက် သွယ်ရေးကို ညှိနှိုင်းပြီး လိုင်းပိတ်လိုက်တယ်။ပြီး မှ ကဒ်သစ်ပြန်လျှောက် ပြီးရွာကို ပြန်ဝေပြီးပါပြီ ဗျီု့
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး အခေါ်မတူတဲ့အတွက် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး(၁၀)ယောက် ခင် ဗျာ သူ့လိုလို ငါ့လိုလိုနဲ့ သိက္ခာကျရတာပေါ့ဗျာ။
(နိုဝင် ဘာ၁၃ ။၂၀၁၃ထုတ် 7DAY DAILY)
Friday, July 19, 2013
ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌
ထိုနေ့က ၀န်ကြီးမျာ…းအစည်းအဝေးသည် အတွင်းဝန်များရုံး အဆောက်အဦး ဗိုလ်ချုပ်အောင်ဆန်း၏ရုံးခန်းတွင် ဂ ငယ်ပုံ အစည်းအဝေးစာပွဲကြီး၌ နံနက် ၁၀ နာရီခန့်အချိန်တွင် စတင်ကျင်းပရာ ထိပ်စာပွဲ အလယ်၌ ဗိုလ်ချုပ်အောင်ဆန်းထိုင်သည်။ဗိုလ်ချုပ်၏ လက်ဝဲဖက်၌ ၀န်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်သည်လည်းကောင်း ၊ လက်ယာဖက်စာပွဲ၌ သခင်မြ ၊ ဦးရာဇတ် ၊ ဒီးဒုတ်ဦးဘချို ၊ဦးဘ၀င်း နှင့် မန်းဘခိုင် တို့ အစဉ်အတိုင်းသည် လည်းကောင်း ၊ လက်ဝဲဘက်စာပွဲ၌ ဦးဘဂျမ်း ၊ဦးအောင်ဇံဝေ ၊ ပျော်ဘွယ်ဦးမြ ၊ မိုင်းပွန်စော်ဘွားကြီး တို့ အစဉ်အတိုင်းသည် လည်းကောင်း ထိုင်ကြပြီးလျှင်လက်ယာဖက် သခင်မြတို့ စာပွဲထိပ်ရှိ ကုလားထိုင်၌ အစည်းအဝေးတွင် စဉ်းစားသော ကိစ္စနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာန၏ အတွင်းဝန်က ထိုင်ရသည်။
ထိုနေ့က ကျွန်တော်ထိုင်သော နေရာသည် လူသတ်သမားများ ၀င်လာသောတံခါးကို မျက်နှာမူလျက် ဖြစ်သည်။တံခါးစောင့်ရုံးစေကိုဖယ်ရှား၍ တံခါးကိုတွန်းပြီးဝင်လာကြသော စစ်ဝတ်စုံဝတ် လူသုံးလေးယောက်ကိုမြင်ရသောအခါ ကျွန်တော်၏စိတ်၌ အရေးတကြီးကိစ္စတခုအတွက် ဗိုလ်ချုပ်ထံသို့ သတင်းပို့ရန် လာခြင်းဖြစ်မည် ၊ဒို့လူတွေဟာ နားမလည်ချက် ဆိုးရွားလှသေးသည် ၊ ၀န်ကြီးများ အစည်းအဝေးခန်းထဲ လာတာတောင်သေနတ်တွေ အပြင်မှာမထားခဲ့ဖူး ၊ ဗိုလ်ချုပ်အား သူ့လူတွေ ဤကဲ့သို့ နောက် မလုပ်ရန် ဆုံးမထားပါဟုပြောဦးမည် စိတ်ကူးနေစဉ် ရှေ့ဆုံးမှဝင်လာသူသည် အစည်းအဝေးစာပွဲကြီး၏ ဂ ငယ်ပုံအ၀မှဝင်၍ အလယ်၌ခြေစုံရပ်ပြီးလျှင် ဗိုလ်ချုပ်အားစ၍ ပစ်လေတော့သည်။ ဗိုလ်ချုပ်သည် ထိုင်ရာမှထ၍ လက်ကာပြပြီးလျှင် တခုခု အော်၍ပြောသည်။ ကောင်းကောင်းနားမလည်လိုက်ပါ။ လူသတ်သမားများ ပစ်ခတ်နေစဉ် ဗိုလ်ချုပ်သည် သူ၏လက်ယာဖက် နောက်ဆွယ်တွင်ရှိသေူ ရုံးစာပွဲသို့ သွားရာမရောက်မီ စာပွဲ ၂ ခုအကြား၌ ကျဆုံးခဲ့လေသည်။ဗိုလ်ချုပ်အား စတင်ပစ်ခတ်ချိန်၌ ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့သည် ပြတင်းပေါက်မှကျော်၍အစည်းအဝေးခန်းမနှင့် ကပ်လျက်ရှိသော ဦးရွှေဘော် ၏ ရုံးခန်းသို့ ထွက်ပြေးလွတ်မြောက်ကြလေသည်။ကျွန်တော်သည် ပစ်သည်ကိုမြင်လျှင်မြင်ချင်း ကြမ်းပြင်ပေါ်သို့မှောက်၍ အိပ်ချလိုက်ပြီးလျှင် လက်ဝဲဖက်တွင်ကပ်လျက်ထိုင်နေသူ ဦးအောင်ဇံဝေ ၏လက်ကို ဆွဲ၍ချလိုက်သဖြင့် ကျွန်တော်တို့နှစ် ယောက် တပြိုင်တည်းလောက် ကြမ်းပြင်ပေါ်၌ မှောက်လျက်သား ဖြစ်သွားကြပါသည်။အစည်းအဝေးခန်းနှင့် ရုံးခန်းများသို့ အလွယ်တကူ သွားလာနိုင်သော သီးသန့်လှေကားငယ် တစ်ခု(အာဇာနည်များအား လုပ်ကြံသူများမှ ထိုလှေကားမှ တက်ခဲ့သည်ဟု သိရသည်။)လူသတ်သမားများသည် ဗိုလ်ချုပ်နှင့် သခင်မြတို့ စာပွဲရှိ လူများအား ပစ်ပြီး၍အားရမှကျွန်တော်တို့ထိုင်ရာဖက်သို့ ပစ်သဖြင့် ဗိုလ်ချုပ်အား မဲ၍ပစ်နေစဉ် ဦးရွှေဘော်နှင့် ပျော်ဘွယ်ဦးမြတို့ပြေးချိန်ရခဲ့သည်။ ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့မှာ ကြမ်းပြင်ပေါ်၌လဲလျက်ရှိနေသဖြင့် ကျပြီထင်၍များများအပစ်မခံရ။ ထိုင်လျက်ရှိနေသူများကိုသာ အာရုံပြု၍ ပစ်ခတ်ကြသည်။ ထိုင်သူများအား အတော်အားရ လောက် အောင် ပစ်ခတ်ပြီးသည့်နောက် စာပွဲဝိုင်းအလယ်၌၀င်၍ ပစ်သူသည် ဒူးထောက်၍ ကျွန်တော်တို့ဖက်သို့ ဝှေ့ရမ်းပစ်ခတ်သေးသည်။ ထိုသို့ ပစ်ချိန်တွင် ကျွန်တော်၏ လက်ယာဖက်လက်သူကြွယ်ထိပ်ကို ထိမှန်ခဲ့လေသည်။ အုတ်နံရံမှ ပြန်၍၀င်လာသော ကျည်ဆံဖြစ်သည်ဟု ယူဆခဲ့ပါသည်။အပစ်အခတ်များရပ်စဲ၍ လူသတ်သမားများ ပြန်ဆုတ်စဉ် အခန်းတွင်းမှ မထွက်သေးမီ ဦးအောင်ဇံဝေသည်
အိပ်နေရာမှ ထထိုင်ပြီး ” သေကုန်ကြပြီ ၊ သေကုန်ကြပြီ ” ဟု ထိမှန်ကြသူများအား လက်ညှိုးညွှန်၍ ၀မ်းနည်းပက်လက်ညည်းညူနေသဖြင့် ထပ်ပစ်နေဦးမည်ဟု ပြောပြီး ဆွဲလိုက်မှ ပြန်လှဲချလိုက်ပါသည်။
ဇူလိုင်(၁၉) နိုင်ငံတော်လုပ်ကြံမှုကြီးမှ ဦးဘဂျမ်း၏ကိုယ်တွေ့
Monday, December 24, 2012
ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ
Written by  မင်းထက်စံ၊ ဉာဏ်မျိုးအောင်
“ကျွန်မတို့က မြေစာပင်တွေပါ"
ခန္ဓာကိုယ်ဖြင့် ရင်းတည်ကာ အသက်မွေး ဝမ်းကျောင်းပြုနေရသည့် လိင်အလုပ်သမ ဖြစ်သူ အသက် ၃၃ နှစ်အရွယ် မနဒီ(အမည်လွှဲ)က ငိုသံ ဖြင့် မျက်ရည်ဝဲကာ ပြောပြသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရန်ကုန်မြို့တော်၏ လူ စည်ကားသည့် တစ်နေရာတွင် ပြည့်တန်ဆာ ကျော်ဇောမှု ၃(ဃ)ဖြင့် ဖမ်းဆီး ခံလိုက်ရသည့် လုပ်ဖော်ကိုင်ဖက် များနှင့် ပတ်သက်၍ သူမက အထက်ပါ အတိုင်း ပြောပြခြင်းဖြစ်သည်။ ရန်ကုန်မြို့ပြ၏ ဝါကြန့်ကြန့် မီးရောင်နှင့် ဝေးရာ တစ်နေရာ။ အမှောင်ထုကို အကာအကွယ် ပြုကာ ရပ်နေသည့် ဆံပင် ကျောလယ်လောက်ရှိ သည့် ယွန်းအိမ်စည် (အမည်လွှဲ) တစ်ယောက် တစ်စုံတစ်ရာကို စောင့်မျှော် နေသည်။
လူတစ်ယောက် သူမအနီးသို့ ကပ်လာသည်။ တိုးတိုး ပြောသည်။ မရှေးမနှောင်းပင် တက္ကစီတစ်စီး ဆိုက်လာသည်။ ထိုလူနှင့် သူမကားပေါ် တက်လိုက် သည်နှင့် ကားထွက်ခွာ သွားသည်။
နံနက် နေရောင်ခြည်သည် အားကောင်းနေ သော်လည်း နဒီအဖို့ အားအင် ကုန်ဆုံးနေသည်။ ထိုမနက်ခင်းတွင် အင်္ဂလိပ် သီချင်းသံ ဖုန်းသံလေး မြည်လာသည်။ ဟဲလို ထူးလိုက်ပြီးနောက် သူမတုန် လှုပ်သွားသည်။ မနေ့ညက ယွန်းအိမ်စည် အဖမ်းခံ လိုက်ရပြီဆိုသော သတင်းကို ကြားသိ လိုက်ရသည့် အတွက် သူတုန်လှုပ်သွားသည်။
နောက်နေ့ ပြန်သိလိုက်ရသည်မှာ ယွန်းအိမ် စည်၏ ခန္ဓာ တစ်ညတာ နေ့တွက်ကြေးဖြင့် ယစ်မူးရန် ငှားရမ်းခဲ့သူမှာ ရဲဖြစ်နေပြီး တည်းခိုခန်း ရောက်သည့် အချိန်တွင် ဖုန်းဆက်လိုက်ပြီးနောက် ဖမ်းဆီး ရဲတပ်ဖွဲ့များ ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း နဒီ ပြန်သိလိုက်ရသည်။ သို့သော် အခြား အခန်းတွင် ညဥ့်ငှက် ကချေသည် လေးများ ယိမ်းထိုး နေသော်လည်း သူတို့ကို မဖမ်းသွားဟု သိလိုက်ရ သည့်အခါ နဒီသည် ဒေါသများ တရိပ်ရိပ် တက်လာသည်။
"ခုဟာက ပြည့်တန်ဆာကို နှိပ်ကွပ်တဲ့ ဥပဒေပဲ ရှိတယ်။ ကာကွယ်ပေးတဲ့ ဥပဒေ မရှိဘူး။ ဖမ်းချင် သလို ဖမ်းနေတာတွေက မင်းမဲ့ စရိုက်ဆန်တယ်"ဟု နဒီက ဆိုသည်။
လတ်တလော အခြေအနေတွင် ရန်ကုန်မြို့ တော်ကြီးတွင်သာမက နယ်မြို့များတွင်လည်း ခန္ဓာကိုယ်ကို အရင်းတည်ကာ အသက်မွေး ဝမ်းကျောင်း ပြုနေသော လိင်အလုပ်သမတို့ကို နှိမ်နင်း ဖမ်းဆီးမှု များ ပြုလုပ်လျက် ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပခုက္ကူမြို့စွန်ရှိ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသော ကျေးရွာ တစ်ရွာကို ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သည်။
"ဂျာနယ်မှာ အဲဒီရွာ အကြောင်း ပါလာတော့ နောက်နေ့ အဲဒီရွာကို ဝင်ဖမ်းတယ်။ ငါးယောက်ပါ သွားတယ်။ ထောင်တစ်နှစ် ချလိုက်တယ်" ဟု ပခုက္ကူဒေသခံတစ်ဦးကဆိုသည်။
ယင်းကဲ့သို့ ပြည့်တန်ဆာများကို ဖမ်းဆီး နှိမ်နင်းခြင်းဖြင့် အမှန်တကယ် ပြည့်တန်ဆာလုပ် နေသူတို့ ပျောက်ကွယ် သွားနိုင်မည်လော။ သို့ တည်းမဟုတ် ထိုသို့ နှိမ်နင်းခြင်းကြောင့် လိင်လုပ် သမအဖြစ် လုပ်နေသူတို့၏ မိသားစုများထဲမှ ကျန်ရှိ သမီးပျိုတို့ ခန္ဓာရင်းရသည့် ဘဝသို့ လက်ယပ်ဆွဲ ခေါ်လိုက်ခြင်းပေလော။
sex-worker-by-news.coom
ရန်ကုန်တိုင်း ဒေသကြီး လေးခရိုင်အတွင်း ညပိုင်းတွင် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများနှင့် ဧည့်စာရင်းများ စစ်ဆေးခြင်းများကို ရဲတပ်ဖွဲ့ဝင် များသည် အရန်ရဲ၊ စွမ်းအားရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့အထိ ပြည့်တန်ဆာ အမှုပေါင်း ၅၉ မှု ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိကြီးများ ဦးစီး ထုတ်ဝေ သော မှုခင်းဂျာနယ်တွင် ဖော်ပြထားသည်။ လိင်အလုပ်သမလေး နဒီက "ဒီအလုပ်မှာ လုပ်နေတဲ့သူတွေက အိမ်ရဲ့ စားဝတ်နေရေးကို တာဝန် ယူထားရတဲ့ သူတွေ များတယ်။ သူတို့ကို ဖမ်းသွားရင် ညီမတွေ၊ အစ်မတွေ ဒီအလုပ်ထဲ ဝင်လုပ်ရမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီအလုပ်လုပ်မှ ကျွန်မတို့ တွေရဲ့ မိသားစု ပြေလည်မှာ"ဟု ရှင်းပြသည်။
နဒီတို့ နေထိုင်သော ရပ်ကွက်တွင်းရှိ မိန်းကလေး အချို့တို့ လုပ်ကိုင်နေသည်မှာ အထည်ချုပ် စက်ရုံ များတွင်ဖြစ်ပြီး ရရှိသည့် လခမှာ ခြောက်သောင်း နီးပါးပင်ဖြစ်သည်။ ယခင်က ဆိုလျှင် သုံးသောင်း ဝန်းကျင်သာ ရရှိခဲ့သည်။ ထိုဝင်ငွေနှင့် မိသားစုဘဝ စားဝတ်နေရေး မလုံလောက် နိုင်သည့်အတွက် မြို့စွန် အထည်ချုပ် စက်ရုံများမှ အလုပ်သမများသည် တစ်ရက်တွင် သောင်းချီငွေဝင်သော လိင်အလုပ်သမ လိုင်းသို့ ကူးပြောင်းလာသူများပြားကြောင်း ယင်းအသိုင်း အဝိုင်းအတွင်းမှ စုံစမ်း သိရှိရသည်။
လွန်ခဲ့သည့် တစ်လကျော် ဝန်းကျင်ကပင် အသက် ၁၄ နှစ်သာရှိသေးသည့် အပျိုစင် စစ်စစ် မိန်းကလေးတစ်ဦးကို မိခင်ဖြစ်သူကိုယ်တိုင် လိင် အလုပ်သမအဖြစ် သွတ်သွင်းရန် အတွက် ဈေးညှိ နှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အန်ဂျီအိုအဖွဲ့ အစည်း တစ်ခုက သိရှိပြီး ထိုမိခင်အား ယင်းကဲ့သို့ လုပ်ဆောင်ခြင်းတွင် သမီးသည် အသက်မပြည့် သေးသည့်အတွက် မိခင်ကို သာမက ငွေကြေးပေး ခေါ်ယူသည့် လိင်ယစ်မူးသူ ကိုပါ အရေးယူနိုင် ကြောင်းတို့ကို ရှင်းပြခဲ့ရသည့် ဖြစ်ရပ် တစ်ခုဖြစ်ပွား ခဲ့သည်။
ထိုအန်ဂျီအို အဖွဲ့အစည်းမှ အမျိုးသမီးက မှတ်ချက်ပေးသည်မှာ "ရှင်းပြလိုက်လို့ ပြန်သွား ပေမယ့် ကျွန်မတို့ မမြင်နိုင်တော့တဲ့ အခြေအနေမှာ ပြန်ဖြစ် သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အရေးတကြီး လိုနေတာက ငွေပဲ" ဟုဖြစ်သည်။
ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင် ရည်မှန်းချက်အရ ၂၀၁၅ တွင် ဆင်းရဲနွမ်းပါးမှု ထက်ဝက် လျှော့ချရမည် ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံ အစိုးရသည် ဆင်းရဲမှုနှုန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း လျှော့ချရမည် ဖြစ်ရာ ယင်းလုပ်ငန်း ဆောင်ရွက်ချက်များ ထိထိ ရောက်ရောက် လုပ်ဆောင်ရာတွင်လည်း စားဝတ် နေရေး မပြေလည်၍ လိင်အလုပ်သမ ဖြစ်သွားရ သည့် လူမှုဘဝများကိုပါ ထည့်သွင်း ရလိမ့်မည်။
လတ်တလောတွင် လိင်အလုပ်သမများကို တရားဝင် လိုင်စင်ပေးရေး၊ မပေးရေးသည် လူထု အကြားငြင်းခုံမှု ကျယ်ကျယ်လောင်လောင် ထွက်လာသည်။
"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ်တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်စင် ထုတ်ပေးရင် စနစ် တကျနဲ့ အခွန်ကောက်လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးလို့ ရတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်း၏ ပြောဆိုထား ချက်ကို ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။
အသက် ၃၀ ကျော်အရွယ် အလွတ်တန်း သတင်းထောက် တစ်ဦးကမူ "ပြည့်တန်ဆာတွေ ကို ခုချိန်မှာ တရားဝင် လိုင်စင် မပေးသင့်ဘူး။ Rule and Regulation မရှိဘဲနဲ့ သူ့တို့ကို လိုင်စင် ပေးလိုက်လို့ မဖြစ်ဘူး" ဟု မှတ်ချက် ပေးသည်။
စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်မူ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်း အရ ညအချိန် လမ်းပေါ်ထွက်သည့် ညဥ့်ငှက်လို ထွက်လည်နေခြင်းမျိုး သာမက အင်တာနက်၊ ဖုန်းများ ဖြင့် ချိတ်ဆက် ခေါ်ယူနေသည့် ပြည့်တန်ဆာမယ် များလည်း ထွက်ပေါ်နေပြီဖြစ်သည်။ လိင်အလုပ်သမလေး နဒီကမူ "စီးပွားဖြစ် လုပ်နေတာ မဟုတ်ဘူး။ ဝမ်းစာ အတွက် လုပ်နေ တာ။ ဝမ်းစာ အတွက်လောက်တော့ တရားဝင်ရတဲ့ အခြေအနေ ဖြစ်ချင်တယ်" ဟု ရင်ဖွင့် ပြောဆိုသည်။
နိုင်ငံတကာတွင် ပြည့်တန်ဆာလုပ်ငန်းကို မုဒိန်းမှု ကဲ့သို့သော ရာဇဝတ်မှုများ လျော့နည်းစေ ရန်အတွက် တရားဝင် လိုင်စင်များ ချပေးသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ တရားဝင် လိုင်စင် ချထားရန် စဉ်းစား ဆွေးနွေးသည့် အဆင့်တွင်ပင် မရောက်သေးပေ။ မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည် သည့် လုပ်ငန်းဖြစ်နေခြင်းဟူသော အကြောင်း ပြချက်ဖြင့် ဖမ်းဆီး အရေးယူနေခြင်း ဖြစ်သည်။
ပြည့်တန်ဆာ လုပ်ကိုင်သူများကို ဖမ်းဆီး အရေးယူသည့်အတွက် ခိုးလုပ်ကြသည်။ အဖမ်းခံ ရမည်ကို စိုးရိမ်ပြီး ကျန်းမာရေး ဆေးစစ်ရန်ပင် မသွားရဲကြ။ အမည်မဖော်လိုတော့ ဒုရဲအုပ် တစ်ဦးကမူ "ကျွန်တော်တို့လည်း မဖမ်းချင်ပါဘူး။ အထက်က ဘယ်နေရာ စီမံချက်လုပ်ဆို ဝင်ဖမ်းရတာပဲ" ဟု မှတ်ချက်ပေးသည်။
ပြည်လမ်းမကြီးသည် ညမီးရောင်များဖြင့် ဝါကြန့်ကြန့် ဖြစ်နေသည်။ အလွှာစုံ ဖြူနီဝါ လိမ်း ခြယ်ထားသည့် တိုတိုရှည်ရှည် ဝတ်ဆင်ထားသော လှပျိုဖြူများ၊ ချစ်သူ ရည်းစားလက်ကို ချိတ်ကာ ဟန်ပါပါ လျှောက်နေသည့် စုံတွဲများ ဥဒဟိုသွား လာနေကြသည်မှာ ည ၈ နာရီ အချိန် ဖြစ်သည်။ နဒီတစ်ယောက်လည်း သာမန် အမျိုးသမီး ကဲ့သို့ပင် စကတ်တိုတို မိတ်ကပ် လိမ်းခြယ်ကာ ကော့ကော့ရွရွ ထွက်လာခဲ့သည်။ တစ်နေရာတည်း တွင် ကြာကြာ ရပ်မနေရဲ။ လမ်းလျှောက်ရင်းနှင့်ပင် သူ၏ ခန္ဓာကိုယ်အပေါ် ယစ်မူး လိုသူများကို ရှာဖွေကာ သွားလာနေရသည်။ ဤသည်မှာ လက်ရှိညဥ့်ငှက် တို့၏ ကြောက်ရွံ့မှုနှင့် ဝမ်းရေးကြားက ရုန်းကန် နေရသည့် ဘဝပင်ဖြစ်သည်။
နဒီက အဝေးကို ကြည့်ရင်း အောက်ပါအတိုင်း ညည်းဆိုလိုက်သည်။
"လှပတဲ့ အချိန်မှာ ငွေလျှံ သူတွေက Welcome ပေါ့၊ ရောဂါဖြစ်ပြီဆိုရင် အားလုံးကပစ်ထားကြမှာပါ"http://thevoicemyanmar.com/2/index.php/society/item/3281-%E1%80%8A%E1%80%A5%E1%80%B9%E1%82%95%E1%80%84%E1%80%BD%E1%80%80%E1%80%B9%E1%80%80%E1%80%B1%E1%80%81%E1%80%BA%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%80%9B%E1%80%B2%E1%82%95-%E1%80%9C%E1%80%BC%E1%80%94%E1%80%B9%E1%80%86%E1%80%B2%E1%80%BC%E1%80%95%E1%80%BC%E1%80%B2.html
Thursday, December 20, 2012
~~~~မိန်းကလေးတွေအတွက် တကယ့်အဖြစ်အပျက်~~~~ မိန်းကလေးတွေအတွက်သင်ခန်းစာ
မိန်းကလေးတွေ သင်ခန်းစာယူသင့်တဲ့ကိစ္စ ကလေးတစ်ခုကို ပြောပြချင်ပါတယ် လွန်ခဲ့သော ၇ နှစ်လောက်က တက္ကသိုလ်တက်နေတဲ့ကျောင်းသူကလေး
တယောက်ဟာ ကိုယ်ဝန်ဖျက်ချရင်းသေဆုံးသွားခဲ့ပါတယ၊် ဖြစ်ပုံကတော့ သူမမှာ ချစ်သူရှိပါတယ် ကိုယ်ဝန်ရလာတော့ သူ့ချစ်သူကောင်လေးက တာဝန်မယူချင်ဘူးထင်ပါတယ် ဖျက်ချဖို့ကြိုးစားရပါတယ် ၊ သူမက တခြားမြို့က ကျောင်းလာတက်ပါတယ် သူ့ချစ်သူကလဲ ကျမတို့မြို့ကမဟုတ်သလို သူမတို့မြို့ကလဲမဟုတ်ပါဘူး နောက်ထပ်တခြားမြို့က ကျောင်းလာတက်ကြတာပါ ကိုယ်ဝန်ဖျက်ချဖို့ ဘယ်လိုစုံစမ်းတယ်မသိပါဘူး ကိုယ်ဝန်ဖျက်ချပေးတဲ့လက်သည်ကို ရှာတွေ့ခဲ့ကြပါတယ် ဖျက်ချတဲ့နေ့ကတော့ ဘယ်သူနဲ့သွားလဲမသိပါဘူး ဖျက်ချပြီးတော့ ၃ရက်လောက်ထိသွေးတွေဆင်းတာများနေတော့ သူမက ဖျက်ချတဲ့အိမ်ကို နောက်တခါ သူမရဲ့သူငယ်ချင်းယောင်္ကျားလေးတယောက်ကိုဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းပါတယ် အဲဒီတခေါက်ကတော့သူမအတွက် နောက်ဆုံးနေ့ဖြစ်သွားတာပါပဲ သူမကသွေးလွန်တာများနေတော့ လက်သည်ကလဲ ဘယ်လိုလုပ်ပေးတယ်မသိပါဘူး သူမကို ကယ်လို့မရတော့ပါဘူး၊သူမနဲ့အတူပါလာတဲ့ ယောင်္ကျားလေးကို သူမအကြောင်းပြောပြပြီး နှုတ်ပိတ်တဲ့အနေနဲ့ သူမမှာပါလာတဲ့ လက်ဝတ်လက်စားတွေပေးပြီး ပြန်ခိုင်းလိုက်ပါတယ် သူမမိဘတွေက ပိုက်ဆံချမ်းသာတဲ့ပုံပါပဲ သူမကိုတော့ အဲဒီအိမ်မှာပဲ မြေမြှုပ်လိုက်ပါတယ၊် တကယ်တမ်းဆိုရင်တော့ ဒီကိစ္စကပြီးသွားပြီပေါ့နော် ဘယ်သူမှမသိနိုင်တော့ဘူးပေါ့ ဒါပေမယ့် မကောင်းမှုကိုလုပ်ထားရင် ဥပဒေတွေ ငရဲတွေကနောက်မှ အပြစ်ပေးမယ် အရင်ဆုံးက ကိုယ့်စိတ်က အရင်ဆုံး အပြစ်ပေးပါတယ် ဒါ မကောင်းတာလုပ်တဲ့သူတွေအားလုံး ခံရတဲ့အပြစ်ပါ အပြင်ပန်းမှာ ဘာမှမဖြစ်သယောင်နေပေမယ့် သူတို့စိတ်က ခြောက်တာကို သူတို့ခံနေရပါတယ၊် ခုလဲ အစောက ကျောင်းသူလေးကို လိုက်ပို့ပေးတဲ့ ကျောင်းသားလေးကို သူ့စိတ်က အပြစ်ပေးပါပြီ သူ့ဘာသာမလုံတာလဲဖြစ်မယ် သူငယ်ချင်းမိန်းကလေးအတွက်လဲ စိတ်မကောင်းဖြစ်မယ်ထင်ပါတယ်၊ သူ ညအိပ်တော့လဲ သူ မအိပ်နိုင်ပါဘူး ကယောင်ကတမ်းတွေဖြစ်တယ် နောက်ဆုံး သူဟာ အဲဒီအကြောင်းတွေကို ရဲစခန်းသွားတိုင်တယ၊် ရဲတွေက သူပြောတဲ့အတိုင်း အဲဒီအိမ်ကို သွားရှာကြတယ် ကျောင်းသူလေးအလောင်းကို တွေ့ပါတယ၊် သူ့အလောင်းအပြင် အဲဒီအိမ်ဝိုင်းရဲ့မြေတွေကိုတူးတာ လသားကလေးအလောင်းတွေ အများကြီးတွေ့တယ် အဲဒီအိမ်ကတော့ ကျမတို့မြို့လယ်ခေါင်မှာပါ ကျမတို့လဲ ဒီသတင်းကိုကြားမှ အဲဒီအိမ်က အဲလိုလုပ်တယ်ဆိုတာသိတော့တယ် အဲဒီအလောင်းဖော်တဲ့နေ့က တကယ့်သတင်းထူးတစ်ရပ်ပါပဲ လက်သည်နဲ့ ကြံရာပါ သူ့သမီးကော ထောင်ကျတယ် အစောက ကျောင်းသားလေးတော့ စိတ်မမှန်တော့ဘူးလို့ကြားတယ် နောက်သတင်းတွေကြားရတာတော့ ကျောင်းသူလေးက သူ့အမေကိုအိပ်မက်ပေးတယ်တဲ့ သူဟာ မသေသေးပဲ မြေမြှုပ်ခံရတာလို့ပြောတယ်တဲ့ ကျမကတော့ အဲဒီမိန်းကလေးရဲ့သတင်းကိုကြားတဲ့နေ့ကတည်းက တွေးရင်းတွေးရင်းအရမ်းသနားမိတာပဲ သူမကို မြင်လဲမမြင်ဖူးဘူး နာမည်လဲမသိဘူး သူမကလဲကိုယ့်ကို မသိ၊ ကိုယ်ကလဲသူမကို မသိ၊ ဒါပေမယ့် သူမရဲ့နေရာဝင်ခံစားရင်း သနားလိုက်တာ ချစ်သူရဲ့တာဝန်မဲ့တာကိုခံရတဲ့အပြင် အသက်ပါဆုံးရှုံးလိုက်ရတယ် မသေခင် သူမ ဘယ်လိုခံစားနေရမလဲ ဆိုပြီး ကျမ ရင်ထဲမှာ အပူတွေလောင်နေမိတယ် ပြီးတော့ သူမရဲ့မိဘတွေ ဘယ်လိုဖြစ်နေမလဲ သမီးသေလို့ဝမ်းနည်းနေမယ့်အပြင် ပတ်ဝန်းကျင်ကိုလဲ ရှက်နေကြမှာပဲ သမီးအတွက် ဂုဏ်ယူနေရမယ့်မိဘတွေက ဒီလိုရှက်စရာကောင်းတဲ့အဖြစ်နဲ့ သေဆုံးသွားတယ်ဆိုတော့ မိဘတွေနေရာဝင်ပြီးတော့လဲ မိဘတွေကို သနားလိုက်တာ ကျောင်းသူလေးရဲ့နေရာမှာ ကျမသမီးလေးသာဆိုရင်လို့တွေးလိုက် မိဘတွေနေရာမှာ ကျမသာဆိုရင်လို့တွေးလိုက်နဲ့ ကျမမှာ ၃ရက်လောက် မစားနိုင် မသောက်နိုင်ဖြစ်မိပါတယ် ညအိပ်ရာဝင်လဲ သူမအကြောင်းပဲတွေးပြီး မအိပ်နိုင်ဖြစ်မိတယ် သြော်အပူတွေ အပူတွေ ကိုယ်နဲ့လဲ မသိပဲ စိတ်ဆင်းရဲလိုက်တာ ကျမ အဲလိုဖြစ်မိတာကို ကျမကိုယ်ကျမတောင် မယုံနိုင်ပါဘူး နောက်တော့ ကျမနဲ့ အရင့်အရင်ဘဝတွေက ချစ်ခင်ခဲ့တဲ့သူဖြစ်မယ်ထင်တယ်လို့ တွေးမိတယ် စိတ်ဆင်းရဲတယ် စိတ်ချမ်းသာတယ်ဆိုတာ မိမိကိုယ်တိုင်လုပ်ရတာလေ ခုချိန်ထိ အဲဒီအကြောင်းကို သတိရတိုင်းစိတ်မကောင်းဖြစ်မိတယ် ဒါကိုတွေးမိတော့ မိန်းကလေးတွေနဲ့ပက်သက်ပြီး ပြောပြစရာတွေပေါ်လာပါတယ် မိန်းကလေးတွေ သင်ခန်းစာယူကြပါ အစကတည်းက ပြဿနာမဖြစ်အောင် ဆင်ခြင်ကြပါ ကိုယ့်တာဝန်ကိုယ် ယူနိုင်မှ ရှေ့ဆက်တိုးချင်တိုးကြပါလို့ ပြောချင်ပါတယ်
Friday, December 14, 2012
မုဆိုး=သားကောင် သားကောင်=မုဆိုး(ဖြစ်ရပ်မှန်)
အေးချမ်းသာယာပြီးစန္ဒာလမင်းကြီးသာတဲ့ဆောင်းညတစ်ညမှာ ကျွန်တော်တို့ သူငယ်ချင်း၆ယောက် တောလိုက်ထွက်ကြသည်။ ထိုနေရာကား
 မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ် နယ်စပ်ဖြစ်သည့် နန့် ပန်တပ် တောင်တန်းဟုခေါ်သော နန့် ပန်တပ်ရွာအနီးရှိတောင်ကြီးတစ်တောင်ပေါ်ဖြစ်သည် တောင်၏နာမည်မှာမဲ
လုံးတောင်ဟုခေါ်ဝေါ်ကြလေသည် မဲလုံးတောင်ဟုခေါ်ဝေါ်ခြင်းမှာတစ်ခါကမောင်မဲလုံးအမည်ရှိကောင်လေးတစ်ယောက်သည် ထိုတောင်ပေါ်တွင် ၀ါးခုတ်ရင်းဝါးထိုးမိရာပွဲချင်းပြီးသေဆုံးသောကြောင့်မဲလုံးကိုအစွဲပြုပြီးမဲလုံးတောင်ဟု
 ခေါ်ဆိုကြလေသည် ။
ညနေချမ်းတစ်ည ကျွန်တော်တို့ တောလိုက်ထွက်ရာတွင် ယုန်-တောကြောင်များထောင်သော ပိုက်(ပိုးချည်ဖြင့်ရက်လုပ်ထားသောပိုက်ကွန်တစ်မျိုး) မောင်းကွင်း- သုတ်ကိုင်း-များနဲ့အတူ တူမီး(လက်လုပ်သေနတ်)၃လက် ဓါတ်မီးအပြည့်စုံဖြင့် ကျွန်တော်တို့  မဲလုံးတောင်သို့ ထွက်ခဲ့ကြသည် လမ်းတွင်စနောက်ပျော်ပါးစွာဖြင့် တောင်စွယ်ကနေ၀င်ချိန်ကိုကြည်နူးစွာကြည့်ရင်းညနေပိုင်းသို
-စောလင်းထွေးတို့ ကတစ်ဖွဲ့  ငမဲ-၀င်းနိုင်-ဇာနီမင်းတို့ ကတစ်ဖွဲ့ ဖြစ်သည် ပိုက်တွေလိုက်ထောင်ပြီးတော့နာရီကြည့်လိုက်တော့၉နာရီပင်ခွဲစပြုနေပြီဖြစ်သည် ကျွန်တော်တို့ တဲထိုးထားသောနေရာပြန်ရောက်တော့ ငမဲတိုံအဖွဲ့ကပြန်ရောက်နှင့်ပြီသူလှည်းပြောလာသည်။
ငမဲ=ဝေးငနောင်ကြာလှချည်လားကွ ကျွန်တော်=ဟုတ်တယ်ကွာ
ငါတို့ နေရာတွေချဲပြီးလိုက်ထောင်နေလို့ 
ဝင်းနိုင်=ဘယ်နေရာတွေထောင်တာလည်းဟ ကျွန်တော်=ဟိုအနောက်ဘက်မြှောင်ကကတွတ်ပင်နဲ့ညောင်ကြပ်ပင်မှာကြာသွားတယ်ကွ
ဇာနိမင်း=အေးမင်းတို့ မို့ အဲဒီနားသွားကွာ(စိုးရိမ်သံဖြင့်) ကွိန်တော်=ဘာလို့ လည်းကွ ဝေး ဒါတောနော်ရှောက်မပြောနဲ့
စောလင်းထွေးက တော်ပါပြိကွာထားလိုက်ပါတော့အခုဘာချက်ထားလည်း ၀င်းနိုင်=ဘာမှမချက်ထားဘူးမီးဖိုပေါ်မှာထမင်းရှိတယ် ဟင်းကတော့အိမ်ကယူလာတဲ့ငါးခြောက်နဲ့အမဲသားကြော်သာစားပေတော့ ထိုအချိန်တွင် အိုက်ထွန်းကဟာကွာမင်းတို့ တော့ထဲလာတာအမဲသားထည့်လာတယ် ဟုတ်လား????????????????ဇာနီမင်း=ဟုတ်တယ်လေကြာက်ဥလည်းပါတယ် ဘာဖြစ်လို့ လည်း
အိုက်ထွန်း=ဘာမှမဖြစ်ပါဘူးကွာ တောတောင်ဆိုတာကြက်ဥနဲ
ကျွန်တော်=တော်ပြီဘာပြောမနေနဲ့ တော့သူတို့ ကလူသစ်ဘဲကွာထားလိုက်ပါ တောတောင်းလာတာဘဲ ဘာမဖြစ်လောက်ပါဘူး
ဒီလိနဲ့ စကားစတွေရပ်သွားကြသည် ကျွန်တော်တို့ တွေထမင်းစားပြီးတော့ဆေးလိပ်သောက်ကြရင်း ကျွန်တော်စကားစပျိုးလိုက်သည်
ဒီညတောကောင်တွေကိုပစ်ဖို့ ဘယ်လိုအဖွဲ့ ခွဲကြမလည်းဘယ်သူတွေကတစ်ဖွဲ့ လည်း
ဝင်းနိုင်ကငါနဲ့ ဇာနီမင်းနဲ့ ငမဲနဲ့ တစ်ဖွဲ့ သွားမယ်ကွာ ကျွန်တော်=အေးရတယ်လေ မင်းတို့ ကတူမီး၂လက်ယူသွား
တစ်ခုတော့ပြောလိုက်မယ်နော် အမှတ်(သွေးဟုဆိုလိုသည်=တောထဲတွက်သွေးဟုမထွက်ရပါ)
ဘဲရရင်အချက်ပြဆက်မလိုက်နဲ့ ငါတို့ တူတူလိုက်မယ် ဇာနီိမင်းအေးပါကွာသိပါတယ်
ကျွန်တော်+စိုးလင်းထွေး+အိုက်ထွန်းတို့ ကတစ်ဖွဲ့ ထွက်လာသည် အိုက်ထွန်း=ငါတို့ ဝက်သေမြောင်ဘက်သွားကြမယ်ဘယ်လိုလည်းအရင်
၁ခေါက်ကလည်းအဲဒီမှာအကောင်ကြီးတွေတွေ့ တယ် စိုးလင်းထွေး=အေးဝေးငနောင်သွားကြမလား ကျွန်တော်=အေးသွားကြမယ်လေ ကျွန်တော်တို့ တွေစိတ်တူညီစွာဝက်သေမြောင်ဘက် ထွက်လာခဲ့လေသည်
၁နာရီနီးပါးလျောက်သောအခါဝက်သေမြောင်သို့ ဆိုက်မြိုက်စွာရောက်လာပါသည် အိုက်ထွန်း=ဝေးငါတို့ ညောင်ကြပ်ပင်ဘက်သွားကြမယ်အဲဒီအပေါ်ကဆိုရင်
 လွပ်လွပ်လပ်လပ်ပြစ်လို့ ရတယ် ကျွန်တော်+စိုးလင်းထွေး=အေးသွားကြတာပေါ့ကွာ ကျွန်တော်တို့ တောကောင်စောင့်ရင်းည၁၂နာရီခွဲလောက်တွင်
 ကြမ်းတမ်းသောတောတိုးသံတစ်ခုကိုကြားလိုက်ရသည် ကွန်တော်ကဓါတ်မီးကိုသေချာကိုထားသလိုစိုးလင်းထွေးကလည်းသေချာကိုင်ထားသည် ။
အိုက်ထွန်းကတော့တူမီးပေါ်ကမောင်းတင်ပြီးသားခွင်ကြနေပြီဖြစ်သည် ကျွန်တော်တို့ စောင့်နေရင်း၅မိနစ်လောက်ကြာတော့ သတ္တ၀ါတစ်ကောင်ပေါ်လာသည် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးကြီးလိုက်တဲ့ဝက်တောင်းကြီးဗျာ သင်းကွဲဝက်ပေါ့ ၀က်သိုးကြီး ဂုတ်ကအမွေးတွေကလည်းလရောင်အောက်မှာထောင်နေတာပင်ကြက်သိးထချင်စရာ အိုက်ထွန်းကသေနတ်ကို သေချာစွာချိန်ပြီးမှ အောက်ပြန်ချလိုက်သည် ကျွန်တော်တို့ မိးထိုးပေးမယ်လုပ်တော့သူကလက်နဲ့ အချက်ပြသည်မထိုးဖို့  ကျွန်တော်တို့ လက်တွေညိမ်သွားသည် တောဝက်လည်း=
လူးအိုင်(သဘာဝဆားဓါတ်ပေါက်နေသောမြေ)ပေါ်တွင်ကျေနပ်စွာလျက်ပြီးထွက်ခွာသွားလေသည် ။
ကျွန်တော်ကအိုက်ထွန်းကို မင်းဘာလို့ မပစ်တာလည်း အပေါ်စီးကအသာကြီးပစ်ရတာကို စိုးလင်းထွေး=ဟုတ်တယ်ကွာမင်းမပစ်လိုက်ဘူး
အိုက်ထွန်း=မင်းတို့ သာပစ်ခိုင်းနေဟိုကငါ့သေနတ်ကြည်ထွက်တာနဲ့ ကနေမှာ စွယ်ပိတ်ဖြစ်နေပြီကွ ကျွန်တော်သဘောပေါက်သွားသည် စွယ်ပိတ်သောတောဝက်တစ်ကောင်သည်ကြည်မထွက်ကြောင်းသတိပြုမိလေသည် အချိန်ကတစ်စစနဲ့ ညနက်ပိုင်းသို့ ရောက်လာသည် ဟိုးအရှေ့ ဘက် ကတောင်စွယ်ကနေဒိုင်းဆိုတဲ့အသံကဆူညံသောတစ်ခုအဖြစ်ကြားလိုက်သည် ။
နောက်၁၀မိနစ်လောက်တွင်မီးအနီရောင်မီးကြည်လင်းလာသည် ကျွန်တော်တို့ တွေဘာမှမစဉ်းစားတော့ အပင်ပ်ါကဆင်းပြီးထိုမိုးရောင်ရှိရင်အပြေးနှင်မိလေသည် ကို့ အနားတွင်လူပါမပါဆိုတာပင်မသိတော့ကို့ အတွေးနဲ့ ကိုစိုးရိမ်မှုတွေနဲ့ ပြေးမိလေသည် ထိုတောင်ကုန်းထက်ရောက်တော့ ဇာနီမင်းကမျက်စိကြောင်တောင်စွာဖြင့်ကျွန်တော်တို့ ကိုငူငူကြည့်နေလေသည် စကားပြောနေသည်ဟုယူဆရသော်လည်းစကားမထွက် ငမဲကိုကြည့်လိုက်တော့ မျက်ရည်စတွေနဲ့ ကျွန်တော်တို့ ကိုတွေ့ တော့ပိုဆိုးလာသည် ကျွန်တော်မျက်စိလည်ကာကြည့်မိသည် ၀င်းနိုင်ပျောက်နေသည်
ဝေး=ဘယ်မှာလည်းဟိုတစ်ယောက်(တောထဲတွင်နာမည်မခေါ်သင့်သောကြောင့်)ကျွန်တော်မေးလိုက်သည်။
ဇာနီမင်း=ငါ................သူ့ ကို....................မှားပစ်လိုက်မိတယ်;;;;;;;;;;;;;သူသွေးတွေနဲ့ လျိုထဲဆင်းပြေးသွားပြီ
အိုက်ထွန်း=ဟေအမှတ်တွေထားခဲ့ရင်လိုက်ရှာမယ်လေထကွာအချိန်ဆွဲမနေနဲ့  ကျွန်တော်တို့ မစဉ်းစားနိုင်တော့ပါ သွေးကြရာတစ်လျောက်အပြေးလိုက်မိကြသည် တစ်နေရာေ၇ာက်တော့သွေးကွက်ရာပျောက်သွားသည် အမှတ်တွေပျောက်သွားပြီ သေချာကြည့်ကြပါဦး ဟောတွေ့ ပါပြီ တစ်နေရာတွင်လဲကြနေသော သတ္တ၀ါတစ်ကောင် ကြည့်လိုက်တော့လူမဟုတ်တာသေချာသည် သွားကြည့်တော့ အိုက်ထွန်းက ဝေးနောက်ဆုတ် စိတ်မချနဲ့ သူပြောလို့ မဆုံးသေးပါ..................ဝေါင်းးးးးးးးးးးးးးးးးးးးးးးးးးးးး.
...ထိုသတ္တ၀ါရဲ့ လက်သည်းချွန်မြမြကကျွန်တော့ပံခုံးကြွက်သားတွေကိုဖဲ့ ထုတ်ပစ်လေပြီ ထိုသို့ လုံးထွေးနေချိန်တွင်အိုက်ထွန်းကတိကျစွာဖြင့် ပစ်လိုက်သည်          ဒိုင်းးးးးးးးးးးးးးးးးးးးးးးးးးးးးကျွန်တော်လည်းလဲကျသွားသည် ထိုအကောင်လည်းလဲကျသွားလေသည်
ထိုအကောင်လှဲကြမသေချာကြည့်မိသည် ကျားနက်ကြီးတစ်ကောင်ပါလား ကျွန်တော်အသက်မသေသည်ပင်ကျေးဇူးတင်ရမည်လို ထိုအချိန်တွင်ဝင်းနိုင်ကိုသတိရမိသည် သူကဆေးကျောင်းတက်နေသည့်ကျောင်းသားမဟုတ်ပါလား..................ဝေးဟိုတစ်ယောက်ကိုရှာရမယ် ဒီကောင်ကိုအမှတ်နဲ့ သေချာသိမ်းခဲ့မနက်မှလာယူမယ် ကျွန်တော်တို့ လူစု ၀င်းနိုင်ကိုရှာဖွေကြသည်မတွေ့ မီးထွန်းတော့လည်းပြန်မထွန်း ၀ူး.၀ါးအော်တော့လည်းတောင်ရဲ့ ရိုက်ခက်သံကလွဲလို့ တိတ်ဆိတ်နေသည် မထူးတော့ပြီ မနက်အာရုံပင်လာတော့မည်မဟုတ်ပါလား တာသို့ ခဏပြန်ကြရအောင်ကွာ ၁နာရီ၂နာရီလောက်နေမှပြန်ရှာကြတာပေါ့ ကျွန်တော်သိနေသည် ။
ကျွန်တော်မဟန်တော့ပါ သွေးတွေကလည်းတော်တော်ထွက်နေသေးသည် တဲပြန်ရောက်တော့မီးဖိုမီးပြန်ထိုးသူကထိုး ရေနွေးတည်သူကတည်ဖြင့်စဉ်းစားတွေးတောနေကြသည် အတွေးတွေကတော့ကျွန်တော်ထင်သည် ၀င်းနိုင်ဆီသာရောက်နေကြမည် ။
ကျွန်တော်လည်းဝင်းနိုင်ဆီသာစိတ်ရောက်နေမိသည် ။သိပ်မကြာပါ တောတောင်ရဲ့ ပင့်တင်သံတစ်ခုကြားလိုက်ရသည် ဒိုင်း...........အကုန်လုံးခေါင်းထောင်သွားကြသည် ၀င်းနိုင်သာဖြစ်လိမ့်မည်ဆိုတာသာတွေးတောနေကြသည် အချက်ပြမီးတွေသာပြနေရသည်လူမသွားနိုင်တော့ မနက်၎နာရီခွဲလောက်တွင် အ၀တ်စားတွေစုတ်ပြတ်သတ်ကာသွေးအလူးလူးပေနေသောဝင်းနိုင်ပြန်ရောက်လာသည် ပခုံးထက်တွင် ချေပျိုလေးတစ်ကောင်တော့ထမ်းလျက် တဲပြန်ရောက်တော့သတိပါလစ်သွားသည် ကျွန်တော်တို့ နိုင်းလို့ မရတဲ့ ပျော်ရွှင်ခြင်းနဲ့ ပျော်မိသည်။
သူ .ကိုသေပြီဟု ယူဆထားသည်မဟုတ်ပါလား........သူငယ်ချင်းအသက်ရှင်လျက်ပြန်လာသည်လေ ဇာနိမင်းဆိုလျင်ဝင်းနိုင်ကိုသွားသွားကိုင်ကြည့်လျက် မျက်ရည်တွေဖြိုင်ဖြိုင်ကြနေသည် ၀င်းနိုင်သွေးထွက်တဲ့နေရာကြည့်မိတော့ကျွန်တော့လိုဘဲ ပခုံးတွင်ဒါဏ်ရာနဲ့  ဘာဖြစ်မှန်းပင်မသိပါ..................................
သူသတိရလာတော့မနက်၁၁နာရီပင်ထိုးနေပြီ ၀င်းနိုင်=ဟရောင်တွေဘာဖြစ်နေကြတာလည်းကွ ကျွန်တော်တို့ ကိုမေးနေသည်။
ကျွန်တော်ကမင်းကိုမနော့ကဇာနီမင်းသေနတ်နဲ့ ပစ်မိတယ်ဆိုဘယ်ထိသွားလည်း
ဝင်းနိုင်=ဘာပြောတယ်ကွ ငါအပေါ့သွားချင်လို့ ဆိုပြီးသူတို့ ကိုပြောသွားတယ်လေကွာ အဲဒီမှာအပေါ့စွန့် ရင်းမဲမဲမြင်လို့ လိုက်သွားတာတော်တော်အဝေးရောက်မှန်းမသိရောက်
သွားတယ် ရောက်တဲ့နေရာသေချာကြည့်မှ သဖန်းတောရောက်နေတယ် အဲဒိမှာငါ့ကိုအကောင်တစ်ကောင်အလစ်ဝင်တိုက်လို့ ငါလုံးထွေးရင်းဒါဏ်ရာ၇လာတာ သူလုံးထွေးသည်ပြောမှသတိရကြသည် ငမဲကငါတို့ညကပစ်တဲ့ အကောင်သွားထမ်းကြမယ် မင်းတို့ ၂ယောက်ကနားကြပေါ့ကွာ ကျွန်တော်လည်းတဲနဲ့ သိပ်မဝေးလှတာမို့ ၎ယောက်ဆိုလောက်ပါတယ်လေ ဆိုပြီးလိုက်မသွားပါ ခဏနေတော့ငမဲပြန်ရောက်လာသည် ဝေးခဏလိုက်ခဲ့ ကြတဲ
  ဟိုရောက်တော့ညကအပင်တွင်အမှတ်သားလုပ်ခဲ့ကြတာတွေ့ သည် သူတို့ ကညကဒီမှာအကောင်ထားခဲ့တာနော် ကျွန်တော်=ဟုတ်တယ်လေ အခုဘာမှမ၇ှိပါလားကွသေချာကြည့်မိသည် ဘာမှရှိမနေပါ ကျွန်တော့အမှတ်သားကိုသေချာကြည့်သည်မှန်ပါသည်မမှား ဒါဆိုဘာလည်းတွေးတောမရပေ နေ့လယ်ရောက်တော့ကျွန်တော်တို့ ပြန်ဖို့ လုပ်ကြသည် ပိုက်တွေလိုက်သိမ်းကြတဲ့ ၃ယောက်လည်းပြန်လာသည် ယုန်၂ကောင်နှင့်တောကြောင်တစ်ကောင်ပါလာသည် အဲဒါလေးကိုင်ရင်ချီပျိုမလေးကိုထမ်းရင်းပြန်လာကြသည် ၀င်းနိုင်နဲ့ ကွန်တော်ကဘာမှယူမပြန်ပါ အပြန်လမ်းမျာတော့အတွေးတွေကိုစီနဲ့ ကျားတစ်ကောင်လုံးဘယ်ပျောက်သွားလည်းပေါ့ .................................................
ဝင်နိုင်ကလည်းပြောသည် သူ့ ကိုဝင်လုံးတာမဲမဲကြီးဆိုတာပင်
နန်းပန်တက်ပန်ရောက်တော့မှရွာခံသူငယ်ချင်းတွေလူကြီးတွေကပြောကြသည် မဲလုံးတောင်ကိုသွားတာအသက်မသေဘဲပြန်လာတာမင်းတို့ တစ်ဖွဲ့ ဘဲရှိသေးသည်တဲ့ 
ကျွန်တော်တို့ အကောင်ပျောက်တဲ့ နေရာမေးကြည့်တော့မဲလုံးကိုမြုတ်ထားတဲ
 နောက်တော့ပယောဂမှန်းသိသဖြင့် ဆရာပင့်ပြီးပြရာသူကမဲလုံးဖြစ်ကြောင်းသူ့ အပိုင်တွင်သူ့ ထံခွင့်ပြုချက်မယူ
သဖြင့်ကိုထင်ပြရာ ယခုသူဝင်နေသောကလေးကသေနပ်ဖြင့်ပစ်သဖြင့်ပြန်ပြေးခဲ့ကြောင်း  
    ထို့ နောက် ကျွန်တော့ပခုံးတွင်ဒါဏ်ရာရစေချင်းမှာထပ်မလုပ်အောင်အသိပေးတာဖြစ်ပြီးညာ
တာစွာလုပ်ကြောင်းပြောပြီးအမျှပေးဝေခိုင်းကာထွက်သွားသည် ----
-ကြက်ဥနဲ့ အမဲသားသူယူလာလို့ ဖြစ်သည်ဟုစိတ်ထဲစွဲကာခံစားနေရသော
ဇာနီမင်းလည်းနောက်၂လ၃လလောက်တွင်အိမ်မှာကွယ်လွန်သွားရှာလေသည် ကျွန်တော်တို့ တွေအသိရလိုက်ပါသည် ကျွန်တော်တို့ မုဆိုးမဟုတ်ပါသားကောင်တွေပြန်ဖြစ်နေကြရသည်လေ'''''''''''''''''''''''''''
ကျွန်တော်တောင်းဆုပြုလိုက်ပါတယ် သူငယ်ချင်းဇာနီမင်း မုဆိုးကသားကောင် သားကောင်ကမုဆိုးဖြစ်မဲ့ ဘ၀ကင်းဝေးပါစေလို့ 
အလွမ်းသခင်
Monday, December 10, 2012
ဒေါသမီးကြောင့် မကျွတ်လွတ်မဲ့ဘ၀က အိအိသို.(ဖြစ်ရပ်မှန်)
          နေ.ခင်းကြောင်တောင်ကြီး  လင်မယားစကားများ ရန်ဖြစ်သံတွေကြောင့်  ရပ်ကွက်ထဲက လူတော်တော်များများ စိတ်ဝင်တစား  ၀ိုင်းအုံကြည့်နေကြပါတယ်။  စိတ်ဝင်စားတာလဲ မပြောနဲ.လေ ။ တံခါးအလုံပိတ်ထားတဲ့  ထရံကာအိမ်လေးထဲက အသံတွေက ကြောက်ခမန်းလိလိ ။ ဘယ်လူတစ်ယောက်အော်လို.မှ ဂရုမစိုက်  သူတို.နှစ်ယောက်ထဲပဲ ရှိနေသလို  ထင်တိုင်းကြဲနေကြတာ။ အိမ်ေ၇ှ့ ၀ိုင်းအုံကြည်.ပြီး ( ကြည်.တယ်သာပြောတာပါ  ၊မမြင်၇လို. ၀ိုင်းနားထောင်နေကြတာပါ)  တိုးတိုး တိုးတိုး အချင်းချင်း ထင်၇ာမြင်ရာ ဝေဖန်နေကြပါတယ်။  ၀ုန်း........................ မကြာပါဘူး။ အိမ်ေ၇ှ့ တံခါးနှစ်ချက်ပွင့်သွားပြီး  ကျော်ကျော်က" လုပ်ကြပါဦး။ကျွန်တော့မိန်းမ တက်သွားလို." ။ ဖြစ်မှဖြစ်ရလေ ။ နပန်းသတ်နေကြတုန်းကတော့  ခေါ်မကြား အော်မကြား။ ခုမှ  မျက်လုံးပြူးမျက်ဆံပြူးနဲ. ။ မြန်မာလူမျိုးများ ထုံးစံအတိုင်း ပါးစပ်ကလဲ ဘယ်လိုဖြစ်လဲမေး။  အုပ်စုတအုပ်စုကလဲ  အပြေးတက်သွားကြပါတယ်။ လဲကျနေတဲ့ အိအိ ကိုအပြေးအလွှား ဆိုက်ကားပေါ်တင်ကြပြီး ကားဂိတ်ကို  ထွက်ခဲ့ကြပါတယ်။ ကားဂိတ်က တစ်ဆင့် ကားငှားပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို. သွားကြပါတယ်။ 
          ဆေးရုံေ၇ာက်ပြီး သိပ်မကြာပါဘူး။  အိအိတစ်ယောက်  ပါးစပ်ထဲက အမြှုပ်တွေထွက်လာပြီး  အသက်ပျောက်သွားရှာပါတော့မယ် ။  ဆရာဝန်ကြီးက " တော်တော်လေး စိတ်မကောင်းဘူးဗျာ ။ ခင်ဗျားတို. တော်တော်ဆိုးကြတာပဲ" ။ အားလုံးကတော့်ဆ၇ာဝန်ကြီးဘ်ာဆက်ပြောမလဲ နားစွင့်လျှက် ။ ယောက်ျားဖြစ်သူ ကျော်ကျော်ကတော့ ခေါင်းငိုက်စိုက် ။  နီ၇ဲနေသော မျက်လုံးအစုံနှင့် ။်ဆရာဝန်ကြီးမှ ဆက်ပြီး  " ကျွန်တော်တို. သူ.ကို ဘာကုသမှုမှ လုပ်မပေးလိုက်၇သေးပါဘူး။ ဘာကြောင့်ဆုံး၇တယ်ဆိုတာတော့ ဆေးစစ်ချက်ထွက်လာ၇င်သိ၇ပါမယ် " ဟု ပြောပြီး  ကျော်ကျော်ကို တစ်ချက်ကြည်.ကာ ထွက်ခွာသွားပါသည်။  အလောင်းနဲ. ပက်သက်ပြီး လုပ်စရာ၇ှိကြ လုပ်ရင်းနဲ.  ဆေးစစ်ချက်စောင့်နေကြပါတယ် ။  နောက်  ကျော်ကျော်က နယ်မှ ယောက္ခမ ဖြစ်သူထံ  ဖုန်းဆက်အကြောင်းကြားရန် ဖုန်းဆက်သို.ထွက်လာခဲ့သည်။  " ဟဲလို  ၊အမေ ။ သား ငကျော်ပါ ။ "  ဒီအချိန်မှာ " ဟဲ့ကောင် ငကျော် ၊ ငါ့သမီးနင်သတ်လို. သေပြီ်ဆို ဟုတ်လား" ဟု ငိုသံစွက်လျှက် ယောက္ခမလုပ်သူ၏ အမေးကြောင့်   ကျော်ကျော်တယောက် ဘာသံမှမထွက်နိုင်ပဲ  အံ့သြတကြီးဖြင့် " အမေ ဘယ်လိုသိလဲ " "  ဟင် ဒါဆို ဟုတ်တယ် ပေါ့ ။ မှန်တယ်ပေါ့ " မေးသံနှင့်အတူ  ယောက္ခမဖြစ်သူမှာ ဟီးချကာငိုပါတော့သည်။  အတန်ကြာမှ " အမေ  ။ ပြောပါဦး  ။  အမေဘယ်လိုသိလဲလို."  "ငါ့သမီး ငါ့ဆီလာတဲ့ဟဲ့  ၊ အမေ  သမိးတော့ ငကျော်သတ်လို.သေပြီတဲ့ ၊ သမီးကို  ထိုးတယ် ကန်တယ်  ၇ိုက်တယ်  ဆံပင်ဆွဲတယ် အမေ တဲ့  "  "သမီး  ရင်ထဲက မခံစားနိုင်ဘူးအမေ၊  ကိုယ်အတွင်းပိုင်းကလဲ မခံနိုင်အောင် အ၇မ်းနာတယ်။ ဒါကြောင့် သူတပြန် ကိုယ်တပြန် သမိးတို. သတ်ကြတယ် အမေ ၊ခုတော့ သမီးသူ.လက်ချက်နဲ. သေပြီ " တဲ့  " သမီးကို ၇က်လည်ဆွမ်းသွပ်ရင်  အမေ့အိမ်မှာပဲလုပ်ပေးပါ အမေရယ် ။သမီးသေတဲ့ သူ.အိမ်မှာ လုပ်မပေးပါနဲ. "တဲံ့  ။  ဆုံးဆုံးခြင်း  အမေလုပ်သူဆီ နယ်လို. ချက်ချင်းရောက်ပြီး သွားေ၇ာက်တိုင်ကြားသော အိအိရဲ. ၀ိဥာဉ်အကြောင်းကို  ကြားလိုက်၇သူတိုင်း  အံ့သြတကြီး ဖြစ်ကြ၇ပါသည်။
             ယောက္ခမ လုပ်သူနှင့်အတူ     ကျော်ကျော်၊အိအိ တို.သားလေး လဲ အသုဘအိမ်သို. လိုက်လာကြသည်။  ညမိုးချူပ်ခါနီးတော့  ရဲစခန်းမှ ကျော်ကျော်ကို လာရောက်ဖမ်းခေါ်သွားကြပါသည်။  ဆေးစစ်ချက်အဖြေကတော့  "သေဆုံးသူ အိအိသည်  နှလုံးကွဲသွားပါသည်။ အဆုတ်ကွာသွားပါသည်။ သ၇က်၇ွက်ပဲ့ကျကုန်ပါသည်။ နှလုးံနှင့် ကျောက်ကပ်၂ခုကြားတွင်  နောက်လတွင် မွေးမည်. သမီးမိန်းကလေး ညပ်လျှက်သေဆုံးနေပါသည်၊"    "ကျွန်တော့ကို ဖမ်းကြပါဗျာ ။  ကျွန်တော်အဖမ်းခံမှာပါဗျာ"  မျက်၇ည်လည်၇ွဲနဲ. ကျော်ကျော် ။   သူချ ကိုယ်ချ  ချကြတုန်းက သူတို.ဘာလို. ဗိုက်ထဲက  နေ.စေ့လစေ့သမီးလေးကို  ထည.်မစဉ်းကြပါလိမ့် ။  ဒေါသမီးက  အားလုံးကို  မျက်ကွယ်ပြူနိုင်တယ်တဲ့လား။  နောက်ဆုံးရလဒ်ကတော့  အိအိတယောက် ကိုယ်အတွင်းပိုင်းတွေ  အကုန်နီးပါးပျက်စီးတယ်။  ကျော်ကျော်ထောင်ကျတယ်။  သမီးလေး  လူ.လောကမေ၇ာက်ခင်  နာကျင်မှုများနဲ. ပြန်ထွက်သွားရတယ်။  နောက်တလဆို သူလူ.လောကထဲေ၇ာက်ပြီလေ ။ နောက်  နယ်မှာ ဘွားအေနဲ.နေရတဲ့ သားအကြီးလေး  မိဘမဲ့ဖြစ်ရမယ် ။ ပတ်ဝန်းကျင်မှာ အများလက်ညှိုးထိုးပြောစ၇ာဖြစ်ရအောင်  အဖြစ်ဆိုးကြီးနဲ. သူကျန်ခဲ့တယ်။    အရာအားလုံးဟာ ဒေါသမီးကြောင့်ပါ။   ၇ ရက်သားသမီးအပေါင်း   ဒေါသမီး  လောဘမီး မောဟမီး   ငြိမ်းနိုင်ကြပါစေ။  
ုယုဇနဥယျာဉ်မြို.တော်  ၉၃ ရပ်ကွက်တွင် မကြာသေးမီ၇က်ပိုင်းက ဖြစ်ခဲ့သော  ဖြစ်ရပ်မှန်ကို   ပြန်လည်ေ၇းသားပါသည်။
Sunday, September 2, 2012
ဝိဥာဉ် နှစ်ခုရဲ့ အသံ (ဖြစ်ရပ်မှန် ဇာတ်လမ်း)
ဇူလိုင်လက
မြန်မာနိုင်ငံနဲ့ မြန်မာနယ်စပ်တလျှောက် မိုး
သည်းကြီးမည်းကြီးရွာချိန်ပေါ့။ လူကြီးတယောက်က သူရဲ့ ၇ နှစ်အရွယ် သမီးလေးနဲ့
၅ နှစ်အရွယ်သားလေးကို သူနဲ့အတူ မျှစ်ချိုးသွားဖို့ ခေါ်လိုက်တယ်။
တောင်ရဲ့တဖက်ခြမ်းမှာ … တဲ့။ ကလေး လေးတွေက မိုးရေထဲ ပြေးဆော့နေကြတယ်။
အခုသွားရမှာက
အဖေနဲ့ အတူတူ နဲနဲလေး ဝေးမှာမို့ ကလေးတွေက
အရမ်းကိုပျော်နေကြတယ်။ကလေးနှစ်ယောက်က အဖေနဲ့အတူ ပျော်ရွင်စွာ
လိုက်သွားကြတယ်။တောနက်လာတဲ့နောက်မှာ ကလေးနှစ်ယောက်က အဖေနဲ့ကွဲပြီး လမ်း
ပျောက်သွားတယ်။
သမီးကြီးက မောင်လေးရဲ့လက်ကို ကိုင်ထားပြီး အဖေ့ကို
လိုက်ရှာလေတယ်။အဖေ့ကို လိုက်ရှာလေ … မတွေ့တော့လေ ပဲ။အဖေကိုယ်တိုင်က
လမ်းစဖျောက်လိုက်တယ် ဆိုတာကို ကလေးနှစ်ယောက်က မသိလဲမသိဘူး၊ တွေးထင် ရလောက်
အောင်လည်း ဉာဏ်မီအုံးမှာ မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတာကိုလည်း
တွေးတတ်အုံးမှာ မဟုတ်ဘူး။
တကယ်တော့ မိထွေးက လင်ပါ သမီးနဲ့သားကို
ဘယ်လိုမှ လက်မခံလို့ ဖခင်ဖြစ်သူကသမီးလေးနဲ့ သားကို တောနက်ထဲ
သွားပစ်ထားခဲ့ရတာ။ဒါဟာ ကြားဖူးနေကျ ဒဏ္ဍာရီပုံပြင်လို့ ထင်ကြမှာ။ ခုဟာက ၂၀၀၆
ဇူလိုင်လ က ထိုင်း-မြန်မာ နယ် စပ်ရွာက တကယ့်အဖြစ်မှန်ပါ။
ကလေးနှစ်ယောက်က အဖေ့ကို လိုက်ရှာရင်း အဖိုးကြီးတယောက်ကို တွေ့တယ်။ကလေးက အားရဝမ်းသာနဲ့
"ဖိုးဖိုး ဘယ်ကိုပြန်မှာလဲ ဟင်?"
"
သမီးတို့က --- --- --- ရွာ၊ ဇုံ --- --- မှာ နေတယ်။ သမီးက ---
---ကျောင်းမှာ ၂ တန်း ကျောင်းနေတယ်။ သမီးတို့ကို
ပြန်လိုက်ပို့ပေးပါနော်လို့ …” တောင်းပန်ကြတယ်။
ကလေးလေး နှစ်ယောက်က မိုးသည်းထဲမှာ တုန်နေတယ်။ ချမ်းနေတာရော၊ ကြောက်နေတာရော ပေါ့။အဖိုးကြီးက တွေးမိတယ်။
“ဒီလို
တောနက်တဲ့နေရာမှာ ဘယ်ကလေး မှ မရောက်နိုင်ဘူး။ ဒါဟာ လူ
ကလေးတွေမဟုတ်နိုင်ဘူး။ ငါ့ကို တော ခြောက် နေတာ။ ဒါဟာ နာနာဘာဝ သရဲ …”
ဆိုပြီးထွက်ပြေးရော။
ကလေးနှစ်ယောက်ကလည်း အဖိုးကြီးနောက်ကို
ပြေးလိုက်တယ်။ ဒါပေမဲ့လိုက်မမီခဲ့ဘူး။ အဖိုးကြီး ရွာပြန်ရောက် သွား တယ်။
၁ရက်၊ ၂ရက်၊ ၃ရက်…စိတ်ထဲမှာ မပျော်ဘူး။ ကလေးနှစ်ယောက်ကို မျက်စိထဲပဲ
မြင်ယောင်နေတယ်လေ။
စိတ်ထဲ တမျိုးကြီး ဖြစ်နေတာမို့ ရွာက
ရွာလူကြီးတွေကို ပြောပြတယ်။တာဝန်ကျတဲ့ နယ်စပ်လူကြီးတွေနဲ့အတူ အဲဒီ တော
ထဲကို သွားပြန်ကြည့်တော့သစ်ပင်ကြီးကြီး တပင်အောက်မှာ လဲရက်နဲ့ အမဖြစ်သူက
မောင်လေးကိုဖက်ထား ရင်းနဲ့ နှစ်ယောက်စလုံး အသက် မရှိကြတော့ဘူး။
အခု
ဖြစ်ရပ်မှာ လူသားမဆန်ဘဲ မိန်းမဘက်လိုက်တဲ့ ဖခင်ကို
အပြစ်တင်မလား။သွေးသားမဟုတ်လို့ လက်မခံနိုင်တဲ့ မိထွေးကို
အပြစ်ပြောမလား။လူမှန်း မသိ သရဲမှန်း မသိတဲ့ အဖိုးကြီးကိုပဲ
အပြစ်ဖို့မလား။ဘယ်သူက ဘာဖြစ်တယ် စ သည်ဖြင့် အပြစ်ရှာနေမယ့် အစား၊ ခု ...
ကလေးလေးနှစ်ယောက်ရဲ့ ဝိဥာဉ်က အသနားခံ နေတယ်။ တောင်း ဆိုနေ တယ်။
ရွာကို ပြန်ပို့ပေးဖို့ မဟုတ်ဘူး။ အဖေ့အိမ်ကို ပို့ပေးဖို့ မဟုတ်ဘူး။
အသိတရား … မေတ္တာတရား အကြင်နာတရား ... အမှောင်ကျနေတဲ့  လောကကြီးမှာ …
သူတို့နှစ်ယောက်လို အဖြစ်ဆိုးမျိုး ထပ်မဖြစ်ရလေအောင် ကူညီပေးကြဖို့ပဲ။
Monday, August 20, 2012
ကလေးအဖေဘယ်သူလဲ
၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီးသွားတဲ့ မှုခင်းတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
တရားရုံးတစ်ရုံးက အမိန့်တစ်ခုချစရာရှိနေပါတယ်။ အမှုကဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက်ကို လက်ထပ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဟာ သားသမီးလိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေလို့ ကလေးမရနိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ကလေ
းလိုချင်၊ ဇနီးဖြစ်သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင်ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။
ယင်းအလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံး
Sunday, August 5, 2012
မိန်းကလေးများဘဝကိုတန်ဖိုးထားကြပါ
          ဒီတစ်ခါအကြောင်းအရာလေးကတော့ သူငယ်ချင်းများကိုသိစေချင်လွန်းလို့ ကြားဖူးနားဝရှိတာလေးကိုမျှဝေပေးလိုက်ပါတယ်...
တစ်ခါက ရွာလေးတစ်ရွုာကနေ မြို့မှာတက္ကသိုလ်လာတက်တဲ့ သစ်သစ် ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်...အဲဒီကောင်မလေးက
ကျောင်းပြီးသွားတော့ တက်လမ်းမရှိတဲ့ရွာကိုမပြန်တော့ပဲနဲ့ အဲဒီမြို့မှာပဲ အဆောင်တစ်ခုမှာဆက်နေပြီး အလုပ်လုပ်နေခဲ့တယ်..
သူအရင်ကျောင်းတက်တုန်းကနေခဲ့တဲ့ အဆောင်ကလဲ ရောင်းလိုက်ပြီဆိုတော့ သူ့မှာအဆောင်အသစ်တစ်ခုကိုပြောင်းခဲ့ရတယ်...အတူတူ
တက်ခဲ့တဲ့ သူငယ်ချင်းတွေကလဲ ပြန်ကုန်ကြပြီဆိုတော့ သူ့မှာအဲဒီအဆောင်သစ်မှာ ရှိတဲ့ကောင်မလေးတွေကိုပဲ သူငယ်ချင်းလုပ်ခဲ့ရတယ်..
ဝမ်းရေးအခက်အခဲကလဲရှိနေတော့ အလုပ်တစ်ခုတည်းနဲ့ အဆင်မပြေဖြစ်တဲ့ သစ်သစ်ဟာအဆောင်မှာ ကောင်မလေးတွေလဲ ဖုန်းပြောရ
အဆင်ပြေအောင် သူလဲဝင်ငွေရအောင်ဖုန်းငှားတဲ့အလုပ်လဲလုပ်ခဲ့တယ်...အဲဒါနဲ့ သူ့ဖုန်းနံပါတ်ဟာ အဆောင်သူတွေနဲ့သက်ဆိုင်တဲ့
သူတွေဆီကိုရောက်သွားပါတယ်...ဇာတ်လမ်းကဒီလိုကနေ စပါတယ်...အဲလိုဖုန်းနံပါတ်ပေးတဲ့အထဲမှာ အဲဒီအဆောင်က မိန်းကလေးတစ်
ယောက်ကသူ့အစ်ကိုဝမ်းကွဲဆိုပြီး သစ်သစ်ရဲ့ဖုန်းနံပါတ်ကိုပေးလိုက်ပါတယ်...အဲဒီလူကလဲ သစ်သစ်ဆီညတိုင်းဖုန်းဆက်ပြီး
သူ့ညီမကိုခေါ်ပေးဖို့ပြောပြီး ဖုန်းလှမ်းလှမ်းဆက်ပါတယ်...ဘယ်
Sunday, July 22, 2012
ကစားလည်းကစား စားလည်းစား
~
တိတ်
အသက် ၁၈ နှစ်အရွယ် ထိုင်ဝမ်လူငယ်တယောက် နာရီပေါင်း ၄၀ ကြာ ဂိမ်းဆက်တိုက်ကစားပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
ထမင်းမစား ဟင်းမစားဘဲ ထိုင်ဝမ် တောင်ပိုင်းက အင်တာနက်ဆိုင်တဆို
ခွေးကိုက်လို့သေသွားရတဲ့ နှစ်နှစ်သားကလေးငယ်
   ဒီအကြောင်းကို ကြားသိလိုက်ရတဲ့အတွက် တစ်နယ်လုံးတစ်ရွာလုံးမှာရှိတဲ့ လူတိုင်း ကြေကွဲခဲ့ကြရပါတယ်။ အဖြစ် က ရင့်နင့်စရာပါ။ စာဖတ်သူများလည်း ကြားဖူးမယ်မထင်ပါ။ ဒီဖြစ်ရပ်သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းရွေဘိုမြို့နယ်ရဲ့ ၇ မိုင်အကွာက တအုံရွာမှာဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသွားသော ကလေးငယ် တရုတ်ကြီး(ခ) မောင်ခန့်ဖြိုးသန့် သည် တအုံကျေးရွာနေ ကိုဆန်းကျော်လင်းနဲ့ မကြည်လှိုင်တို့ရဲ့ သားဦးလေးဖြစ် ပါတယ်။ ဇူလိုင်လ 15ရက်မှာ ကလေးငယ်ရဲ့အဖေဟာ သူလုပ်ကိုင်တဲ့လယ်ေ
Monday, July 2, 2012
မိခင်က Online မှာ Chatting ဝင်ပြီး ကလေးငယ်နာဖျားမှု လျစ်လျူရှုလို့ သေဆုံးသွားသည့် (၁၉)လသား
ဂျပန်နိုင်ငံရှိ အသက်(၂၉)နှစ်အရွယ် မိခင်တစ်ဦးဟာ သူမရဲ့ (၁၉)လသားအရွယ် သားလေး ဖျားနေတာကို ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲချိန်တွင် သိထားခဲ့ပေမယ့် ကလေးကို အိပ်ယာပေါ်တွင် လှဲအိပ်စေကာ သူမကတော့ Online မှာ Chatting ဝင် စကားပြောနေခဲ့ရာမှ နောက်တစ်နေ့ မနက်အစောပိုင်း (၂)နာရီလောက်တွင် အသက်မရှိတော့သော ကလေး၏ အလောင်းအား တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ဖျားနေတဲ့ကလေးကို ပြုစုစောင့်ရှောက်မှုမရှိဘဲ လျစ်လျူရှု
Sunday, July 1, 2012
သတိတစ်ချက်အလွတ်မှာ မိုးရေထဲမျောပါသွားတဲ့ မကွေးမြို့က(၈)နှစ်သားကလေး မောင်တင်ဖြိုးဝေ
ခဏတာမျှသော အချိန်ကလေးမှာသတိတစ်ချက်လွတ်မိတာနဲ့ မိုးရေထဲမျောပါသွားရရှာတဲ့ ကလေးငယ်လေးရဲ့ အကြောင်းကတော့ ကြားရတဲ့သူတိုင်းက စိတ်မကောင်းဖြစ်နေကြရတဲ့ဖြစ်ရပ်တစ်ခုပါ။သိုပေမယ့် သေခြင်းတရားဆိုတာက ဘယ်သူမှရှောင်လွဲလို့မရနိုင်တဲ့ “အနိစ္စ” တရားပါပဲ။ကိုယ်ရဲ့အကြောင်းတရား ဆက်စပ်မှုမှာ အသက်ရှည်စွာနေရဖို့ဆိုတာက ကိုယ်ရဲ့ကံတရားနဲ့ အဓိကပက်သက်နေတာပါ။ ကိုယ်ရဲ့အလှည့်ကဘယ်လိုကြုံကြရမယ်ဆိုတာလည်း ဘယ်သူကမှ သေသေချာချာမပြောနိုင်ပါဘူး။
မိုး စနေ၊ လေ ရာဟု ဆိုတဲ့ စကားအတိုင်း ၁၆.၆.၂၀၁၂ နေ့က စနေမိုးသည်
Friday, June 22, 2012
အွန်လိုင်းအချစ်ကိုယုံစားအပြင်မှာတွေ့ရာကဘ၀နစ်မွန်းခဲ့ရတဲ့ဖြစ်ရပ်
ဒီဖြစ်ရပ်ကတော့အတော်ရင်နာစရာကောင်းပါတယ်  ။ကျွန်တော်ခုတစ်လောအင်တာနက်မှာတွေ့ပြီးမိန်းကလေး
တွေဘ၀ပျက်ရတဲ့သတင်းခဏတိုင်းကြားနေရတာသိပ်စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံးကိုအစ်မညီမတွေလို
သဘောထားပြီး စေတနာနဲ့ဒီစာကိုကျွန်တော်ရေးမိတာပါ ။ဖြစ်နိုင်မယ်ဆိုရင် အင်တာနက်သုံးနေသူမိန်းကလေး
တိုင်းကို တကယ့်ညီမအစ်မအရင်းတွေ အဖြစ်နဲ့အန္တရာယ်မတွေ့ရလေအောင် လိုက်ပြီးကူညီဖေးမတားမြစ်ပေး
ချင်ခဲ့တာပါ ။ဒါကြောင့်ကျွန်တော်နဲ့ လိုင်းပေါ်မှာစကားပြောမိသူ
Wednesday, May 30, 2012
' မကိုခင်လို့ ဥကိုတွယ် '' (ဖြစ်ရပ်မှန်လေးတစ်ခုပါ)
  ရေးသာရေးလိုက်ရတယ်   ဖခင်တစ်ယောက်ဖြစ်လာမဲ့   ယောက်ျားတွေရဲ့  အကြောင်းဆိုတော့လဲ  ကိုယ့်ပေါင်ကိုယ်ပြန်ထောင်းသလို   လဲ  ဖြစ်မိပါတယ်   ဖြစ်လဲဖြစ်ပေါ့လေဗျာ   ခေါင်းစဉ်  ''  မကိုခင်လို့  ဥကိုတွယ်'' ဆိုတဲ့   အရာလေးကတော့  ဒီကနေ  စလိုက်ကြရအောင်ဗျာ လွန်ခဲ့တဲ့ ၁၆နှစ်လောက်က ဖြစ်ခဲ့တဲ့    ဖြစ်ရပ်မှန်လေးလဲ  ဖြစ်တာမို့   စာဖတ်သူများကို   တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
                           မွန်ပြည်နယ်   ရေးမြို့  နယ်   ရေးမြို့  ဆိုတာကတော့   မွန်ပြည်နယ်အဆုံး  မြို့လေးတစ်မြို့ဖြစ်ပါတယ်   အဲ့ဒိမြို့လေကနေ  ဆတ်သွားမယ်ဆိုရင်တော့   တနင်္လာရီတိုင်း  ကို   အစပြုပါပြီ   ကဲစာဖတ်သူတို့ရေ   ဆောင်းပါလေးစလိုက်ကြရအောင်ဗျာ  
                            ရေးမြို့  ရဲ့   ဈေးအရှေ့ဘက်ကမ်းက  ချောင်းတောင်   ဆိုတဲ့   ရွာလဲမဟုတ်  မြို့လဲမဟုတ်   ဆေးရုံဆေးခန်း   စသည်ဖြစ်ရှိပါတယ်   တိုက်နယ်  ပုံစံမျိုးလေးပါ     အမျိုးသားကတော့   ချောင်းတောင်  ဆိုတဲ့ရွာလေးမှာနေပါတယ်   အမျိုးသမီးလေးကတော့   ချောင်းတောင်  ဆိုတဲ့ရွာလေးနဲ့  မလှမ်းမဝေးရှိနေတဲ့   ရွာလေးတစ်ရွာကပါ   သူတို့နှစ်ယောက်   အိမ်ထောင်  ကျခဲ့ကြပါတယ်   ၄င်းအချိန်တွင်   ကောင်မလေးသည်   ၁၆(သို့)၁၇   လောက်ရှိမည်ထင်ပါသည်   ကောင်လေးလဲထိုအရွယ်လောက်ပဲ  ရှိမည်ဟု   ထင်ပါသည်   ကောင်လေးကတော့   ဆင်းရဲပါတယ်   ကောင်မလေးကတော့   ချမ်းသာပါတယ်   ကောင်မလေးတို့ချမ်းသာတာကတော့   ကောင်မလေးတွေနေတဲ့  ရွာ  နီးတစ်ဝိုက်မှာဆိုရင်တော့   သူရဲ့  အဖွား  သူ့ရဲ့  အမေ   နာမည်ဆိုတာ  လူတိုင်းသိပါတယ်   စိန်ဆိုရင်   တင်းတောင်းနဲ့တောင်  ချိန်လို့ရပါတယ်  တဲ့ခင်ဗျာ   ပိုက်ဆံဆိုရင်  အထပ်လိုက်   စီပြီး  ကတင်ပုံစံလုပ်၍   ပိုက်ဆံအပေါ်မှာ  အိပ်တဲ့  သူတွေပါ   အဲ့လောက်ဆိုရင်တော့   စာဖတ်သူတွေ   ကောင်မလေးတို့ဘယ်လောက်ချမ်းသာလဲဆိုတာ   သိမှာပါ    ကောင်မလေးအမေဆိုရင်   အဲ့ရွာနီ  တဝိုက်က   ချမ်းသာလွန်းလို့   ''စိန်မမ''  လို့တောင်  ခေါ်ပါတယ်  အခုပြောပြတာကတော့   ကောင်မလေး  မိဘရဲ့  ချမ်းသားတဲ့  အ ကြောင်းပါ  
                           စာဖတ်သူတွေကိုရှင်းပြနေရတာနဲ့   ဆောင်းပါးကိုမရောက်ပဲ  ဖြစ်နေပြီ    သူတို့အိမ်ထောင်ကျခဲ့ကျတယ်   ကောင်းလေးအိမ်မှာ  ကောင်မလေးက  လိုက်နေတယ်   ကောင်လေးကဆင်းရဲတယ်   ကောင်လေးတို့နေတဲ့   အနီးတဝိုက်မှာ   တောတောင်တွေရှိတာမို့   အဲ့တောထဲက  ပန်းတွေကိုခူးရောက်းပြီး  စာသောက်ရတဲ့ဘဝပါ     ရောင်းတဲ့ပန်းကတော့   အောင်သပြေ  ပန်း   ရေမြို့အနီးတဝိုက်မှာတော့  အောင်သပြေ   သပြေပန်းလို့ပဲခေါ်ကြပါတယ်  ကောင်မလေးကလဲ   ဆင်းရဲတာကို   မမှူ့ပဲ   ဒုက္ခခံပြီး   နေပါတယ်   ကောင်မလေးက  သူ့မိဘတွေကိုလဲ   အဆတ်အသွယ်  မလုပ်ရဲပါဘူး   ကောင်မလေး   မိဘတွေကတော့  သူတို့ရဲ့  သမီး  ဘယ်မှာ  နေလဲဘယ်မှာရှိနေလဲ   ဆိုတာကိုတော့    2003   2004  ခုနှစ်လောက်ထိ  လိုက်လံစုံစမ်းပြီး  ရှာဖွေပါတယ်   အိမ်ထောင်  ကျတောကိုတော့   သူမမိဘတွေ  သိပါတယ်    2003  2004  ခုနှစ်လောက်  အချိန်မှာတော့   ကောင်မလေးမိဘတွေက   မချမ်းသာတော့ပါဘူး   ဆင်းရဲသွားကြပါပြီခင်ဗျာ   ကံကြမ္မာ  ဆိုတာ   မသိနိုင်ဘူးမမြင်နိုင်ဆိုတာကိုတော့   စာဖတ်သူတွေလဲသိမှာပါ   တချိန်က  ရွှေထီးဆောင်းပြီး   ယခုခတ်မှ  ချဉ်ပေါင်ရွက်ရောင်းနေရတဲ့   သူတွေလဲ   အတော်တော်များများရှိမယ်လို့   ကျွန်တော်နဲ့အတူ  စာဖတ်သူတွေလဲ   သိကြမှာပါ 
                          ကောင်မလေး   သည်  ကောင်လေးနဲ့   ပေါင်းသင်းလိုက်တာ   သားသမီး  ၃ယောက်  ဖြစ်ထွန်းပါတယ်   သားသမီး  ၃ယောက်  ဖြစ်ထွန်းတဲ့  အပြင်   ဗိုက်ထဲမှာလဲ   ကိုယ်ဝန်  လွယ်ထားရပါတယ်  ၄င်း  အချိန်တွင်   ကောင်မလေး၏  ဦးလေးဖြစ်သူသည်   ဗိုလ်ကြီး  တစ်ဦးပါ   ၄င်းဗိုလ်ကြီးသည်   ရေးမြို့   (၆၁)ခြေလျှင်တပ်ရင်းသို့   ပြောင်းရွေ့တာဝန်ထမ်းဆောင်ပါသည်     ကောင်မလေး၏  အမေသည်  ဗိုလ်ကြီးရဲ့  အမတစ်ဦးဖြစ်ပါသည်   ထိုကြောင့်   ကောင်မလေးအမေလုပ်သူက     ကောင်မလေးဦးလေးကို   အကျိုးအကြောင်းပြောပြ၍   ကောင်မလေးကို  လိုက်လံစုံစမ်းရှာဖွေရာတွင်   ရေးမြို့နယ်  ချောင်းတောင်ဆိုတဲ့ရွာလေးမှာနေထိုင်ကြောင်းသိရပါသည်     ထိုအချိန်မှသာ  သူမ၏သမီးသည်  မည်သူနဲ့အိမ်ထောင်ကျပြီး  ဘယ်လိုနေထိုင်ရပုံ   ကောင်းလေးမိဘတွေရဲ့  အခြေအနေ   စသဖြင့်ကိုသိရှိရပါသည်
                       အထက်မှာဖော်ပြထားတာကတော့   ကောင်မလေး၏  အကြောင်းပဲဖြစ်ပါသည်   အခု ခေါင်းစဉ်နဲ့  အတူ   မကိုခင်လို့ဥကိုတွယ်ဆိုတဲ့     ဆောင်းပါးဇာတ်လမ်းကိုတော့  စပါပြီ
                            အဖေ  နဲ့  အမေ  ကို   ဘယ်သူ့ကိုပိုချစ်လဲလို့   သားသမီးအယောက်  ၁၀၀ ကိုမေးလိုက်ရင်တော့   စာဖတ်သူများခင်ဗျာ   အမေကိုပိုချစ်တယ်လို့    ဖြေမဲ့သူက   အယောက်   ၅၀ကျော်  ရှိမယ်ဆိုတာကိုတော့  စာဖတ်သူတွေ   သိကြမယ်လို့ထင်ပါတယ်    အမေအကြောင်းနဲ့  အဖေအကြောင်းကို   တင်စားကြတဲ့  ကဗျာတွေ  စာပေတွေ  သီချင်းတွေ   စတာတွေက  အဖေထက်များမယ်   ထင်ပါတယ်   ဘာမှမကြည့်ပါနဲ့   သီချင်းကိုပဲကြည့်ပါ    အဖေနဲ့  ပတ်သတ်ပြီးတင်စားဆိုထားတာကနည်းပါတယ်  အမေနဲ့ပက်သတ်ပြီး   ဆိုထားတာကအများအားဖြင့်ရှိတယ်ဆိုတာကို   စာဖတ်သူတို့လဲသိကြမယ်  ထင်ပါတယ်   အဖေအားလုံးကိုလဲ  မကောင်းဘူးဟူ၍လဲ  ကျွန်တော်  မဆိုလိုပါ     ကောင်းတဲ့အဖေတွေ   ထဲက  မကောင်းတဲ့  အဖေအကြောင်းလေးကို   ကျွန်တော်  တင်ပြလိုက်ပါသည်  
                            အထက်မှာ  ဖော်ပြထားသည့်အတိုင်း   ကောင်မလေးသေဆုံးပြီးအချိန်တွင်    ကောင်မလေး၏  အမျိုးသားသည်  ထားဝယ်  မြို့တွင်   တခြားမိန်းမနဲ့  တိတ်တိတ်ပုန်း  ယူထားပါသည်   တိတ်တိတ်ပုန်းယူထားသော   မိန်မတွင်လဲ   ကိုဝန်နေ့စေ့လစေ့ဖြစ်နေပါပြီ    ပြောရမယ်ဆိုရင်တော့  မယားငယ်ပေါ့ခင်ဗျာ    မယားငယ်ဆိုတာကလဲ  ငယ်ငယ်ချောချောလေးမို့  မယားငယ်ပြောခြင်းမဟုတ်ပါ   မယားကြီးရှိလျှက်နဲ့  အငယ်ထားလို့   မယားငယ်လို့ပြောခြင်းဖြစ်ပါသည်   ၄င်းမယားငယ်တွင်လဲ   အရင်အိမ်ထောင်ကြီးနဲ့  ရရှိလာသော   သားသမီးများရှိပါသည်  မယားကြီးမှာလဲ  ကိုဝန်နေ့စေ့လစေ့   ဖြစ်နေတာကို   မကြည့်ပဲ  အငယ်ဖြစ်တဲ့မယားငယ်ဆီကို  သွားနေတယ်ဆိုတော့   စာဖတ်သူတို့ခင်ဗျာ  ထိုသူသည်  ကောင်း၏မကောင်း၏   သိရှိနိုင်မည်ဖြစ်ပါသည်    မယားကြီးသေဆုံးသွားသည်ကိုသိ၍   ထားဝယ်မြို့မှာ  ပြန်လာပြီ   မိမိအိမ်တွင်ရှိနေသော   ကလေးများအား  ထားဝယ်သို့   ခေါ်ဆောင်သွားပါသည်  သူ၏  ကလေး  ၃ယောက်မှာ   မိန်းကလေးတွေကြီးပဲ  ဖြစ်ပါသည်   ယောက်ျားလေးတစ်ယောက်မှ  မပါပါ   ကောင်မလေးဘက်က   အမေဖြစ်သူက   သူ့သမီး  မရှိတော့ပြီဖြစ်သောကြောင့်  မြေးလုပ်သူများကို   ထိန်းသိမ်းစောင့်ရှောင့်  ရန်   ချောင်းတောင်သို့လာအခေါ်တွင်တော့   ဖခင်လုပ်သူ  သမီးအကြီးမ  နှင့်  အငယ်မကို  ထားဝယ်သို့  ခေါ်ဆောင်သွားခဲ့ပါသည်   အလတ်မ  ဖြစ်တဲ့သူပဲကျန်ရှိခဲ့ပါသည်   မည်သို့ကျန်ရှိခဲ့တယ်ဆိုတာကတော့   အလတ်မလေးသည်  ရုပ်ရေ   မချောမောပါ   အသားမဲမဲ   ပုပုကစ်ကစ်လေးဆိုတော့  ဖခင်လုပ်သူက   မခေါ်သွားပဲ   ချောင်းတောင်   ဆိုတို့   ရွာလေးမှာ  ထားခဲ့လိုက်ပါသည်   ကောင်မလေးဘက်က  အမေလုပ်သူ   ချောင်းတောင်ကို  ရောက်ရှိလာတဲ့အခါတွင်တော့   အလတ်မကိုပဲ   တွေ့၍   အလတ်မကိုပဲ  ခေါ်ဆောင်း၍  ထိန်းသိမ်းစောင့်ရှောင့်ထားပါသည် 
                                ခေါ်ဆောင်သွားသော  အကြီးမနှင့်  အလတ်မ  အား   အကြီးမအား   ချမ်းသားသောသူအိမ်တွေင်   နေ့စား  အလုပ်သမားအဖြစ်   ခိုင်းပြီး  ပြန်လာချိန်တွင်တော့  မယားငယ်မှ  ပါလာသော  ကလေးများ   လက်ရှိ  မွေးဖွားလာသောကလေးအား  ထိန်းသိမ်းစောင့်ရှောက်ရပါသည်  
                               အငယ်မသည်  ရုပ်ရေချောမော  လှပပါသည်  ထို့ကြောင့်  ချမ်းသားသော  သူများထံတွင်  စာချုပ်စာတမ်းနှင့်  ချုပ်ဆို၍   ငွေကြေးဖြစ်  ရောင်းချခဲ့ပါသည်    စာဖတ်သူများခင်ဗျာ  ၄င်းလူသည်  ဖခင်ကောင်း  တစ်ယောက်  ဖြစ်မဖြစ်ကိုတော့   သိရှိနိုင်မှာဖြစ်ပါသည်   မိမိသွေးသားနဲ့ရရှိလာသော  သားသမီးများအား  ဤကဲ့သို့  လုပ်ဆောင်ခြင်းဟာ   ဖခင်ကောင်းတစ်ယောက်ဖြစ်သင့်မဖြစ်သင့်   ဆိုတာကိုတော့   ကျွန်တော်စာရေးသူအနေနဲ့   စာဖတ်သူများအား  နာလည်ရန်   ထပ်မံရှင်းပြ  နေစရာမလိုတော့ဘူးဟုထင်ပါသည် 
                              တစ်နေ့  ဖခင်ဖြစ်လာမဲ့   စာဖတ်သူများခင်ဗျာ   မိမိတို့ကော  ဤကဲ့သို့  လုပ်ဆောင်မည်လား     မိန်းမရှိနေလို့   ကာမစိတ်တွေကို  ဖြေဖြောက်နိုင်လို့  ဆိုပြီး  သားသမီးများအား  ဟန်ဆောင်ချစ်ခင်ခြင်းများ  မပြုလုပ်ကြပါရန်  စာရေးသူတစ်ယောက်အနေနဲ့   ဖခင်ဖြစ်လာမဲ့   စာဖတ်သူများအား  တောင်းဆိုလိုက်ခြင်းဖြစ်ပါသည်   ထိုကြောင့်  မကိုမခင်လဲ   ဥကိုတွယ်ပါ     လို့ပြောကြားချင်ပါသည် 
                              2008  2009  ခုနှစ်လောက်မှာတော့  အဖွားလုပ်သူ  လိုက်လံရှာဖွေ  ရာမှာတော့  အကြီးမအားတွေ့ရှိခဲ့ပါသည်   အလတ်မအား  ငွေကြေးဖြစ်ရောင်းချလိုက်သောကြောင့်  ပြန်လည်ခေါ်ဆောင်၍  မရ   ဘယ်နေရာဘယ်ဌာနေ  ကိုပြောင်းသွားသည်ဆိုတာကို  မသိရှိရသောကြောင့်   ယခုအချိန်တွင်    အကြီးမနှင့်   အလတ်မအား  အဖွားလုပ်သူအားထိန်းသိမ်းစောင့်ရှောင့်ထားပါသည်
                               နောက်ဆုံးပြောကြားချင်တာကတော့   တစ်နေ့  ဖခင်ဖြစ်လာမည်သူများ   ဤကဲ့သို့   မလုပ်ဆောင်ကြပါနဲ့လို့  ကျွန်တော်  စာရေးသူ  တစ်ယောက်   အနေနဲ့   ပြောကြားချင်ပါသည်   တစ်ပင်လည်း  လို့  တစ်ပင်ကို  မထူနဲ့လို့လဲ  မပြောချင်ပါဘူး  ထူပါ  အရင်အပင်မှ  ရရှိလာသော   သစ်သီးများဖြစ်ကြတဲ့သားသမီးကိုတော့  မစွန့်ပြစ်ကြပါနဲ့   ခင်ဗျာ
                               အကြီးမနှင့်  အလတ်မအားထိန်းသိမ်းစောင့်ရှောင်  နေစဉ်မှာပဲ   အဖွားလုပ်သူသည်    2012  ခုနှစ်က  သေဆုံးသွားပါသည်   အဖွားလုပ်သူသေဆုံးသွားသောလည်း  ယခုအချိန်တွင်  ကလေးများ၏  အဒေါ်ဖြစ်သူများက  ဆတ်လတ်ထိန်းသိမ်းစောင့်ရှောင့်ထားပါသည်
                                ထို့ကြောင့်   ဖခင်များ  ဤကဲ့သို့မလုပ်ဆောင်ကြပါရန်  နှင့်   လုပ်ဆောင်ခဲ့မိရင်လဲ  အလွန်ပင်ဝမ်းနည်းကြေကွဲစရာတွေ  ဖြစ်သောကြောင့်     သားသမီးများအား  ချစ်ခင်ခြင်းကြင်နာခြင်းရှိကြပါလို့   ပြောကြားလိုက်ပါသည်    မိမိသည်လဲ  ဖခင်ကောင်းတစ်ယောက်   ဖြစ်အောင်နေပါလို့  ပြောကြားလိုက်ရင်း  ကျွန်တော်  ရေးလိုက်တဲ့   ''  မကိုခင်လို့   ဥကိုတွယ် ''ဆိုတဲ့  ဆောင်းပါးလေးအား   ရပ်နားလိုက်ပါသည်  ခင်ဗျာ
မှတ်ချက်။     ။  ဤဆောင်းပါးအား   ရေးသားလိုက်ခြင်းအားဖြင့်   ပြသနာ  တစ်စုံတစ်ခု  ဖြစ်လာပါက   ကျွန်တော်   ''မောင်ရဲရင့်ရထာ''မှ   ဖြေရှင်းသွားမည်   ဖြစ်ပါသည်   ဖြစ်ပွားခဲ့တဲ့နေရာလေးကတော့  မွန်ပြည်နယ်   ရေးမြို့  အရှေ့ဘက်ကမ်းလေးက ''  ချောင်းတောင် ''  ဆိုတဲ့  ရွာလေးမှာပဲဖြစ်ပါသည်
                                           ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
                                                                     ကြိုးစားပါအုံးမည်
                                                                                                                                       ရဲရင့်ရထာ