This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Tuesday, July 29, 2014

ဖုန်း application မှ လိင်ဆက်ဆံဖက် ရှာဖွေသူ များအကြား ရောဂါကူးစက်မှု များလာ ..................


Monday, June 30, 2014

Health Updates Journal No. 123

အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှု ပြုလုပ်သူများအနက် မိမိတို့ လိင်ဆက်ဆံဖက်ကို ဖုန်း application များမှတစ်ဆင့် ရှာဖွေသူများသည် လူချင်းတွေ့ဆုံ၍ဖြစ်စေ၊ လူမှုကွန်ယက်များမှဖြစ်စေ ရှာဖွေသူများထက် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုကူးစက်ခံနေရကြောင်း သုတေသနတစ်ခုအရ သိရသည်။
အင်တာနက် အသုံးပြုမှုနှင့် လူမှုကွန်ယက်များ ကြီးထွားလာမှုကြောင့် လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် လွယ်ကူလာပြီး ဆက်သွယ်စရာ သီးသန့် ဖုန်း application များ ထွက်ပေါ်လာသည်အထိ ချဲ့ထွင်လာကြ သည်။ ၎င်းင်းတို့အထဲတွင် လူတစ်ဦးချင်း၏ တည်နေရာကို ကိုယ်တိုင်ဖော်ပြထားနိုင်ပြီး အခြားသူများကို ဖိတ်ခေါ်နိုင်သည့် ပထ၀ီလူမှုကွန်ရက် (geosocial networ king – GSN) application များလည်း ထွက် ပေါ် လာလျက်ရှိသည်။ Grindr ၊ Scruff ၊ Recon အစရှိသည့် GSN application များကို အမျိုးသား အချင်းချင်း လိင်ဆက်ဆံသူများအကြား အမည်မဖော်လိုသူ အမျိုးသားအချင်း ချင်းတွေ့ဆုံနိုင်ရန် အများ ဆုံးအသုံး ပြုကြသည်။

၂၀၁၁ သြဂုတ်လမှ ၂၀၁၃ ဇန်န၀ါရီလအတွင်း HIV ကင်းစင်သော အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (၇၁၈၄) ဦးထံမှ သတင်း အချက်အလက်များကို အင်တာဗျူး ပြုလုပ်၍ စုဆောင်းခဲ့သည်။ (၃၄) ရာခိုင်နှုန်း မှာ လူချင်းတွေ့ဆုံ၍ အချိန်းအချက်ပြုလုပ်ကြပြီး (၃၀) ရာခိုင်နှုန်းမှာ လူချင်းတွေ့သည့် နည်းနှင့် အင်တာ နက်မှ ဆက်သွယ်နည်းနှစ်မျိုးစလုံး အသုံးပြုကြသည်။ (၃၆) ရာခိုင်နှုန်းမှာ ဖုန်း application များအသုံးပြု ၍ ဆက်သွယ်ကြသည်။

၎င်းတို့အနက် ဖုန်း application များ အသုံးပြုဆက်သွယ်သူများသည် အခြားသူများထက် ဂနိုရောဂါ ကူးစက်ခံရမှု (၂၃) ရာခိုင် နှုန်းပိုမိုများပြားပြီး chlamydia ပိုးကူးစက်ခံရမှု (၃၅) ရာခိုင်နှုန်း ပိုမိုများပြား သည်ကို တွေ့ရသည်။ ဖုန်း application များသည် အထူးသဖြင့် အသက်(၄၀) အောက် အမျိုးသား အချင်းချင်း လိင်ဆက်ဆံသူများအကြား ပိုမိုရေပန်းစားသည်ကိုတွေ့ရပြီး လူဖြူများနှင့် အာရှနွယ်ဖွားများ ပိုမိုအသုံးပြုကြသည်။

ဖုန်း application များသည် အခြားနည်းလမ်းများထက် အသုံးပြုရ ပိုမိုလွယ်ကူခြင်းကြောင့် ဖုန်း application သုံးသည့် အမျိုးသားများအကြား တွေ့ဆုံမှုအကြိမ်ရေ ပိုမိုနိုင်ပြီး လူပေါင်းစုံနှင့်တွေ့ ဆုံနိုင် ရန် အခွင့်အလမ်းပိုများခြင်းကြောင့် ရောဂါကူးစက်မှု ပိုများခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ယူဆကြသည်။

ဇော်ကို
Ref:NMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, July 9, 2014

ပန်းနာရင်ကျပ် ရောဂါအတွက် အိန္ဒိယရဲ့ ထူးထွေဆန်းပြား ရိုးရာကုသနည်း.................


Posted by: Ko Myo on Wednesday, July 09, 2014 Categories:
Health Updates Journal No. 124
ရိုးရာ ယုံကြည်မှုတွေနဲ့ ရောဂါတွေကို ကုသရာမှာ ဒေသတစ်ခုနဲ့ တစ်ခု မတူညီကြသလို တစ်နည်း မဟုတ်တစ်နည်း ဆန်းသစ် နေကြပါတယ်။ အဲဒီ လိုပါပဲ အိန္ဒိယလူမျိုး အများစုကတော့ သူတိုရဲ့ ရိုးရာ ကုသနည်းဖြစ်တဲ့ ငါးအရှင်ကို မျိုချရင် ပန်းနာ ရင်ကျပ် ပျောက်နိုင်မယ်လို့ ယုံကြည်ကြ ပါတယ်။
ယင်းကုသ နည်းကို The Bathini Goud မိသားစု က စတင်ခဲ့တာဖြစ်ပြီး ၎င်းတို့က ကုသနည်းကို ဟိန္ဒူသူတော်စင် တစ်ဦးထံမှ 1845 ခုနှစ်က စတင် ရရှိခဲ့တယ်လို့ သိရပါတယ်။ ကုသပုံကတော့ နှစ်လက်မ လောက်ရှိတဲ့ ငါးအရှင်ကို အ၀ါရောင် တိုင်းရင်းဆေးအနှစ်နဲ့ ရောပြီး မျိုချလိုက်တာပါပဲ။သူတို့အဆိုအရတော့ မျိုချ လိုက်တဲ့အခါမှာ ငါးက လည်ချောင်းတလျောက် ဆင်းသွားပြီး ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ရောဂါတွေ အပြီးပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။ 
ဆရာဝန်တွေနဲ့ ခေတ်ပညာ တတ်တွေကတော့ သိပ္ပံနည်း မကျဘူး၊ သန့်ရှင်းမှုမရှိဘူး၊ ငါးအရှင် မမျိုချချင် လို့ ရုန်းကန်နေတဲ့ ကလေးတွေအတွက် မမျှတဘူးစသဖြင့် ဘယ်လိုပင် ပြောနေသော်လည်း ၊နှစ်စဉ် အိန္ဒိယတစ်ဝန်းက ရင်ကျပ်ဝေဒနာရှင် လူနာထောင်ပေါင်း များစွာက အိန္ဒိတောင်ပိုင်း မြို့တော် Hyderubad ကို မုတ်သုန်ရာသီ စ၀င်တဲ့ June လရဲ့ သတ်မှတ်ထား တဲ့နေ့မှာ လာရောက်ပြီး ဆေး ကုသမှု ခံယူကြပါတယ်။ လာရောက်တဲ့ လူတွေများတဲ့အတွက် အစိုးရ ကနေပြီး အထူးရထားများ စီစဉ်ပေးခြင်း၊ လူအုပ်ကို ထိန်းသိမ်းဖို့ ရဲတွေကို အချိန်ပိုတာဝန်ချခြင်း စတာ တွေလုပ် ထားရတယ်လို့ သိရပါတယ်။ ကုသမှုမှာ ငါးမျိုချပြီးနောက်ထပ် ၄၅ ရက်ထိ သတ်မှတ်ထားတဲ့ အစားအသောက်ကိုပဲ စားရတယ်လို့ ဆိုပါတယ်။ 

အပိန်လေး
ref; Medindia
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Tuesday, July 8, 2014

အရွယ်နဲ့ မလိုက်အောင် အိုသွားစေနိုင်တဲ့ အစားအစာ(၃)မျိုး......................



Posted by: Ko Myo on Monday, July 07, 2014 Categories:
Lily on 2014-07-07 17:56
ဘယ်သူမဆို ကိုယ့်အသက်အရွယ်ထက် ပိုပြီးတော့ နုချင်ကြတာ မဆန်းပါဘူး။ အပြင်ပိုင်း အပြင်အဆင်နဲ့ သင့်အရွယ်ကို စိတ်ချလက်ချ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။ သင့်အစား အသောက်ကို သင့်တင့်အောင် စားသုံးခြင်းကနေ ယုံကြည်စိတ်ချမှုကို ရယူနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ကို နုပျိုအောင် ပြုလုပ်ပေးတာ ကတော့ ဆဲလ်တွေပါပဲ။ ဒါဆို ဆဲလ်တွေကို ဘယ်သူက သတ်နေလဲ။ အဖြေကတော့ သွေးမှာပါတဲ့ သကြားဓါတ် လွန်ကဲမှုကြောင့် ဖြစ်တာပါ။ အဲဒါကြောင့် သကြားဓါတ်များအောင် လုပ်ဆောင်ပေးတဲ့ အစားအသောက်တွေကို လျော့စားလိုက်မယ်ဆိုရင် အိုမင်းခြင်းကနေ ကာကွယ်ပေး ရုံတင်မက… ကျန်းမာရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အကူအညီပေးမှာဖြစ်ပါတယ်။

ခုဖော်ပြပေးထားတဲ့ အစားအသောက်တွေဟာ သွေးအတွင်း သကြားဓါတ်လွန်ကဲစွာ ဖြစ်ပေါ်စေတဲ့ အစားအသောက်တွေမို့လို့ လျော့ပြီး စားသုံးဖို့ အကြံပေးလိုက်ပါတယ်။

၁။ ဂျုံ

၂။ သကြား

၃။ ပဲပိစပ် နှင့် ဟင်းသီးဟင်းရွက် အဆီများ

ကဲ အရွယ်တင်နုပျိုချင်တဲ့ ပျိုမေတွေ အထက်မှာဖော်ပြထားတဲ့ အစားအသောက်တွေကို လျှော့စားရင်း နုပျိုမှုကို ခံစားကြည့်လိုက်ပါလို့။

Ref:womenslife.today
Trend Myanmar
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ကလေးများအတွက် နည်းပညာနဲ့ ဆိုင်သော အကြံပေးချက် တစ်ချို့ ............................

Posted by: Ko Myo on Monday, July 07, 2014 Categories:
7 July 2014 | By Aung Hein Oo
ပြီးခဲ့တဲ့ ရက်က နည်းပညာ နဲ့ ငယ်ရွယ်သော ကလေးများကြား.... ဆိုတဲ့ သတင်းတစ်ပုဒ်ကို စာဖတ်သူများ အတွက် ရေးသားခဲ့ပြီးတော့ ယခု တစ်ခါ ကလေးများရဲ့ အွန်လိုင်း၊ ကွန်ပျူတာ၊ ဂိမ်း နဲ့ တီဗီစတဲ့ အသုံးပြုခြင်းမှ လျော့ချပေးနိင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ နည်းနည်း စကားစချီပါရစေ။

ထိုကဲ့သို့ ကျတော်တို့ ကွန်ပျူတာ၊ ဂိမ်း၊ တီဗီ၊နဲ့ အခြား ဖုန်းတွေကို အသုံးပြုမူကို ရည်ညွှန်းတဲ့ စကား
တစ်ရပ်ကတော့ Screen time လို့ခေါ်ပါတယ်။ ထို ကရိယာတွေ ရဲ့ Screen ရှေ့မှာ အသုံးပြုနေတဲ့ အချိန်ပေါ့။ ထို Screen time ဟာ များသောအားဖြင့် ထိုင်လုပ်ရတဲ့ အလုပ်ဖြစ်ပြီး ထိုင်နေစဉ်တွင် မလှုပ်ရှားဘဲ လုပ်ရတဲ့ အလုပ်ဖြစ်ကာ ခန္ဓာကိုယ်ရဲ့ အားအင်တွေကို ထိုအချိန်တွင် အသုံးပြုမူ မဆို စလောက် နည်းပါးစေပါတယ်။ ဒီလို အချိန်တွေ ကလေးတွေမှာ များလာတဲ့အခါ ညအခါမှာ အိပ်မပျော် တာ၊ တော်တော်နဲ့ မအိပ်တာတွေ ဖြစ်လာပါတော့တယ်။ နောက်ပြီး အာရုံစူးစိုက်မူနဲ့  အ၀လွန်မူ ပြသာနာတွေ ဖြစ်လာပါတယ်။ ဒါက အကြမ်းဖျင်းလောက်သာ ဖြစ်ပါသေးတယ်။ 

လမ်းညွှန်းမူတွေ အနေနဲ့ ...

(၂) နှစ်အောက်ကလေးတွေဟာ ထို Screen time ကို မရှိသင့်ပါဘူး။

(၂) နှစ်အထက်ရှိတဲ့ ကလေးတွေကတော့ တစ်နေ့ကို ၁နာရီကနေ ၂နာရီ အထိ ကန့်သတ်မူနဲ့ ပေးသုံးနိင်မှာ ဖြစ်ပါတယ်။

Screen time ကို ဘယ်လို လျော့ချမယ် ?

ကလေးတစ်ယောက်ကို ဒီလို ပြုမူစေဖို့ ခက်ခဲတယ်ဆိုပေမဲ့ မိဘတွေအနေနဲ့ ဒီအပေါ်မှာ ကျန်းမာရေး အကျိုးတွေနဲ့ ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေမဲ့ နည်းလမ်းတွေကို ပြောပြပါ။

- ကလေးရဲ့ အိပ်ခန်းထဲမှာ တီဗီရှိရင်တော့ တီဗီတွေကို ရွေ့ထားလိုက်ပါ။ ( ဖုန်း၊ နဲ့ အခြား တပ်ပလပ် များကိုလည်း ဒီနေရာမှာ အကန့်အသတ်နဲ့ ပေးသုံးနိင်ပါတယ်)

- အိမ်စာလုပ်နေစဉ်နဲ့ ထမင်းစားနေချိန်တွင် တီဗီ မကြည့်စေရပါ။

- ကြည့်လိုသည့် တီဗီအစီအစဉ် (သို့) ဆော့လို့သည် ဂိမ်းကို ရွေးချယ်စေပြီး အစီအစဉ် ပရိုဂရမ်တစ်ခု ပြီးတာနဲ့ တီဗီကို ပိတ်တဲ့ အကျင့်လုပ်ပေးပါ။ ( တီဗီကို အမြဲဖွင့်ထားတာမျိုး မလုပ်မိပါစေနဲ့)

- အင်တာနက်၊ ဂိမ်း၊ ကွန်ပျူတာတို့ကို ပြုလုပ်စေမည်အစား အခြား ပဟေဋ္ဌိနဲ့ မိသားစု ဂိမ်းတွေနဲ့ အပြင် လမ်းထွက်လျှောက်ဖို့ တိုက်တွန်းကြည့်ပါ။

- မှတ်တမ်းလုပ်ပါ။ ထိုသို့ Screen time ကို ငြိမ်ပြီး လုပ်မဲ့တဲ့ အချိန်နဲ့ တူညီစွာ တက်ကြွမူတစ်ခုခုကို ကြိုးစားစေပါ။ - မိဘတစ်ယောက်အနေနဲ့ သင့်ကိုယ်တိုင် Screen time အချိန်တွေကို လျော့ချခြင်း ဖြစ်သင့်ပါတယ်။

အနာဂတ်ရဲ့ ရင်သွေးတိုင်း အားသစ်လောင်းနိင်ကြပါစေ။

Ref: childhealth
ရိုးရာလေး
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

သွေးမလွန် တုပ်မကွေးကြစေဖို့.....................



Posted by: Ko Myo on Tuesday, July 08, 2014 Categories:
သရုပ်ဖော် ပန်ချီ အာကာ 
ဝသန်ကာလ မိုးကျပြီဆိုမှဖြင့် အပူဒဏ်တွေ လျော့ပါးလို့ စိတ်သက်သာရာ ရတဲ့ အကျိုးအမြတ်ရယ်၊ ရာသီပေါ် သီးနှံတွေ ပေါပေါလောလော (ဈေးတော့ သိပ်ပေါမယ်မထင်) စားသုံးရတဲ့ စိတ်ကျေနပ်မှု ရယ်နဲ့အပြိုင် မိုးထဲ လေထဲ သွားရလာရ၊ အလုပ်လုပ်ရ ခက်ခဲ တာ၊ မြို့ တော်ကြီးမှာ ရေကြီးကားကျပ်နဲ့ ညည်းချင်းဖွဲ့ရတာ၊ အစား အသောက်နဲ့ ရေကနေ ယင်ကောင်က တဆင့် ကူးစက်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ jဖစ်တာ၊ ကလေးရှိသူ မိသားစုတိုင်း အမြဲချောက် ချားနေရတဲ့ သွေးလွန်တုပ်ကွေးရဲ့ ခြိမ်းခြောက်မှုကို စိုးရွံ့နေရတာတွေက ချိန်ခွင်လျှာ ပိုပြီး သာသာထိုးထိုး ဖြစ်သွားကြလေရဲ့။ အထူးသဖြင့် သွေးလွန် တုပ်ကွေးကတော့ တခြားရာသီ တွေမှာလည်း ဖြစ်တတ်ပေမယ့် မိုးရာသီမှာ ပိုအဖြစ်များတာမို့ အခုချိန်ထိ အမြဲတပ်လှန့်နေရတဲ့ ရောဂါတခုပါပဲ။

လူတိုင်းက ကိုယ့်အိမ် ကိုယ့်ရာ၊ ကိုယ့်နေရာမှာ လုပ်သင့်တာလေးတွေ လုပ်နိုင်ရင် ကာကွယ်မှု အတော်လေး ရနိုင်ပေမယ့် ထုံးစံ အတိုင်း ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး မူဝါဒကြီးနဲ့ အရိုးစွဲနေတဲ့ လူ့ အဖွဲ့အစည်းမှာတော့ ဖြစ်လာမှ အငိုလွယ် အရှိုက်ခက် ဖြစ်ကြ ရတာပါပဲ။ အရင်တုန်းကနဲ့ နှိုင်းစာရင် သေပျောက်မှု နည်းလာပေမယ့် ရှိနေတုန်း၊ ရှိနေဆဲ ဆိုတာတော့ သတိပြုမိကြမှာပါ။ မိုးတွင်း မှာ ကိုယ့်ကလေး ဖျားနာလာမှ သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်လို့ ဆေးခန်း အမြန်ပြေးပြတဲ့ အလေ့အထ ဖွံ့ဖြိုးလာပေမယ့် ရောဂါရဲ့ ပင်မဖြစ်တဲ့ ခြင်နှိမ်နင်းဖို့ ကိုယ့်တနိုင် လုပ်စရာလေးတွေ လုပ်ဖို့ကျတော့ အာပေါက်အောင် ပြောနေရဆဲ၊ လိုက်နာမှုလည်း အားနည်း နေမြဲပါ။

မိုးရာသီရောက်ရင် သွေးလွန်တုပ်ကွေးအတွက် စိတ်ပူရတယ်ဆိုတဲ့ အသိလောက်တော့ ရှိကြပေမယ့်၊ သွေလွန်တုပ်ကွေးရောဂါက ခြင်ကိုက်လို့ ဖြစ်ရတယ်ဆိုတာတော့ သိကြပေမယ့် ဘာတွေသတိပြုရမယ်၊ ဘာတွေလုပ်ထားရင် ကာကွယ်ရာရောက်တယ် ဆို တာ ကိုတော့ မေ့လွယ်ပျောက်လွယ် လုပ်ပစ်ကြတာ စိတ်မသက်သာစရာပါ။

သွေးလွန်တုပ်ကွေးရဲ့ အခြေခံအချက်အလက်များ

သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တဲ့ရောဂါပါ။ အဲဒီ ဗိုင်းရပ်စ် ပိုးကို သယ်ဆောင်တဲ့ ခြင်ကျား ကိုက်ရာက တဆင့် တဦးကိုတဦး ကူးစက်တာပါ။ ဒီခြင်ကျားက ရေ ကြည်ရေသန့်တွေမှာ ပေါက်ပွားပြီး နေ့ဘက်မှာသာ ကိုက်တာများတဲ့ ခြင်အမျိုးအစားပါ။ ခြင်မှာ ခြင်မ တွေကသာ ကိုက်တတ်တယ် ဆိုတာတော့ ကြားဖူးကြမှာပေါ့။ ခြင်ကိုက်ခံရလို့ သွေးလွန်တုပ်ကွေး ဖြစ်ပြီ ဆိုရင် သာမန်ဖျားနာတာမျိုးနဲ့ ပြီးသွား တတ်သလို အသက်ဆုံရှုံးတဲ့အထိလည်း ဖြစ်သွား တတ်တယ် ဆိုတာကိုလည်း သိကြမယ် ထင်ပါတယ်။

အရင်ကတော့ ၃ နှစ်ကနေ ၁၃ နှစ်လောက် ကလေး တွေမှာ အဖြစ်များတယ်ဆိုပေမယ့် အခုတော့ အရွယ်မရွေး ဖြစ်တတ်တာကို တွေ့လာရပါတယ်။ ကလေး တွေနဲ့ သက်ကြီးရွယ်အိုတွေမှာဖြစ်ရင်တော့ အသက် အန္တရာယ်ပါ စိုးရိမ်ရတတ်ပါ တယ်။ ဒီရောဂါအတွက် တိကျထိရောက်တဲ့ ကာကွယ်ဆေးရယ်လို့ မကြားဖူး သေးသလို ဖြစ်လာရင်လည်း ရောဂါလက္ခဏာတွေ ကိုသာ စောင့်ကြည့်ကုသရပြီး ဗိုင်းရပ်စ်ပိုးသေစေတဲ့ ဆေးဝါးတွေ မရှိသေးတာကတော့ ဒီရောဂါရဲ့ အဓိက ခြိမ်းခြောက်မှုပါပဲ။

ဒီရောဂါရဲ့  အဓိက လက္ခဏာက ဖျားတာပါ။ ခေါင်းကိုက်၊ မျက်လုံးတွေကိုက်၊ အဆစ်အမြစ်တွေ ကိုက်၊ ပျို့အန်၊ ကြွက်သားတွေ နာ ကျင်ပြီး ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်လာတတ်ပါတယ်။ အခြား အဖျားတွေထက် ပိုပြီး နုံးချည့်နေတတ်ပါတယ်။ အစား အသောက် ပျက်ပြီး မှိန်းနေတတ်ပါတယ်။ ဖျားပြီး ၃ ရက်ကနေ ၆ ရက်အတွင်း လောက်မှာတော့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ တွေ့ ရတတ်ပါတယ်။ ရုတ်တရက် အဖျားကျ သွားတတ်ပါ တယ်။ နောက်ပြီး အလိုအလျောက် သွေးယိုစိမ့်တဲ့လက္ခဏာတွေ ဖြစ်တဲ့ နှာခေါင်းသွေးယိုမယ်၊ သွားဖုံး သွေး ထွက်မယ်၊ ပြင်းထန်စွာ ဗိုက်အောင့်မယ်၊ ကော်ဖီရောင်တွေ အန်မယ်၊ ဝမ်းမည်းမည်းတွေ သွားမယ်၊ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေပေါ်လာမယ် စတဲ့ ကိုယ်တွင်း သွေးယိုတဲ့ အခြေအနေ ရောက်လာပါတယ်။ သွေးယိုစိမ့်မှုတွေ များလာရင် သွေးလန့်ခြင်း ခေါ်တဲ့ ရှော့ခ် (Shock) ဖြစ်တဲ့အခါ ခြေဖျားလက်ဖျားတွေ အေးစက်၊ သွေးပေါင်ချိန် ကျဆင်းပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးရ တတ်ပါတယ်။

ဒီတော့ အခုလို မိုးဦးကျကာလမှာ ကလေးဖျားနာပြီဆိုရင် ဆေးရုံဆေးခန်းမှာ ပြသပါ။ အဲဒီမှာ အဖျားတိုင်းတာနဲ့အတူ သွေးပေါင်ချိန် ကိရိယာကို လက်မောင်းမှာပတ်ပြီး သွေးလွန်တုပ်ကွေးရဲ့လက္ခဏာ အနီစက်လေးတွေ စစ်ဆေးတဲ့ Hess test လုပ်ကြည့်ပြီး အတိအကျ မဟုတ်သည့်တိုင် သွေးလွန်တုပ်ကွေး နဲ့ သက်ဆိုင်မှုရှိ မရှိကို မှန်းဆပေးပါလိမ့်မယ်။ အခုဆို သွေးလွန်တုပ်ကွေး ဟုတ် မဟုတ် သေချာစေမယ့် ပဋိပစ္စည်း တိုင်းတာတဲ့ အမြန်သွေးစစ်ကိရိယာလေးတွေလည်း ရှိနေပြီမို့ ရောဂါကို အချိန်စောစော ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေ့လို့ ဂရုတစိုက်ရှိမယ်ဆိုရင် အခြေအနေပေါ်လိုက်ပြီး အိမ်မှာပဲ စောင့်ကြည့်ကုသနိုင်သလို ဆေးခန်း၊ ဒါမှမဟုတ် ဆေးရုံ အဆင့်ဆင့်ကို ရောဂါအဆင့်လိုက်ပြီး အချိန်မီ လွှဲပို့ကုသနိုင်ပါတယ်။

လူတိုင်းပါဝင်ရမယ့် ကာကွယ်ရေးကဏ္ဍ

ရောဂါရဲ့အရင်းအမြစ်က ခြင်ကိုက်ရာက ကူးစက်ရတာဆိုတော့ ခြင်နှိမ်နင်းရေးက ရောဂါ ကာကွယ်ရေးရဲ့ သော့ချက်လို့ သတ်မှတ် ရမှာပါပဲ။ အဲဒီတော့ ခြင်နှိမ်နင်းရေးလုပ်ဖို့ ဘယ်လိုဆောင်ရွက် ရမယ်ဆိုတာ အခြေခံအသိ ရှိသင့်ပါတယ်။ ခြင်ကိုကာကွယ်ဖို့ ရှင်းရှင်း လင်းလင်း အနှစ်ချုပ်မှတ်သားစရာ ပြောရမယ်ဆိုရင်

• ခြင်မပေါက်ပွားအောင်

• ခြင်မခိုလှုံနိုင်အောင်

• ခြင်ကိုက် မခံရအောင်

အဲဒီ ၃ မျိုးကိုလုပ်နိုင်ရင် ခြင်အန္တရာယ် ကာကွယ်တာပဲပေါ့။ ဒါကလည်း အထူးတလည် လုပ်ဆောင်နေ ရတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့အိမ်မှာ၊ ပတ်ဝန်းကျင်မှာ ပုံမှန်လုပ်ဆောင်မှုမျိုးနဲ့ လုပ်လို့ ရတာတွေပါ။

ခြင်မပေါက်ပွားအောင်

ဒီခြင်က ရေကြည်ရေသန့်၊ ရေဝပ်နေတဲ့ နေရာတွေမှာ ပေါက်ပွားတတ်ပါတယ်။ ဥချပြီး ၂ ရက်မှာ ပိုးလောက်လန်းဖြစ်၊ လောက် လန်း ဘဝက ၅ ရက် လောက်နေရင် ခြင်သားလောင်းဖြစ်၊ နောက် ၂ ရက်လောက် နေရင်တော့ ရောဂါ ကူးစက်စေမယ့် ခြင်ဘဝကို ရောက်တာမျိုးပါ။ ဒီတော့ သိုလှောင် ထားတဲ့ ရေတွေကို ၂ ရက်၊ ၃ ရက် တခါလောက် လဲလှယ်ပေးတာက ခြင်မပေါက်အောင် လုပ်ပေးတာ ပဲပေါ့။ ဘုရားပန်းအိုးကအစ အိမ်မှာရှိတဲ့ ဘူးခွံ၊ ပုလင်းခွံ တွေအထိပါ ခြင်မပေါက်နိုင်အောင် သတိပြုရ ပါမယ်။ ရေကို သိုလှောင်သုံးရတယ်ဆိုလည်း ဖုံးအုပ်ထား၊ ပုံမှန် စစ်ကြည့်ပြီး လောက်လန်းတွေ ရင် စစ်ထုတ်၊ ဖြစ်နိုင်ရင် သွန်ပြီးလဲပေါ့။ တချို့ဒေသ တွေမှာတော့ ပိုးလောက်လန်းဘဝမှာ ခြင်တွေဆက်ပြီး မရှင်သန်နိုင်တဲ့ Abate ဆေးကို သိုလှောင်ထားတဲ့ရေတွေထဲ ခပ်ပေးကြ ပါတယ်။ အိမ်ပတ်ဝန်းကျင်မှာ ရှိတဲ့ ခြင် ပေါက်ပွားနိုင်တဲ့နေရာတွေကို ရှင်းလင်းပစ်ပြီး ရေဝပ်နေတဲ့ ရေမြောင်းတွေကိုလည်း ရေ စီးရေလာ ကောင်းအောင် လုပ်ပေးရမှာပါ။

ခြင်မခိုအောင်းနိုင်အောင်

အိမ်တွင်း အိမ်ပြင် သန့်ရှင်းအောင် ထားရပါမယ်။ အမှိုက်ကို စနစ်တကျစွန့်ပစ်ရပါမယ်။ ချုံနွယ် ပိတ်ပါင်းတွေ ရှိရင် ရှင်းလင်းပေးရပါမယ်။ ကပ်ရောဂါအသွင်နဲ့ နေရာတခုတည်းမှာ လူနာအများ ကြီးဖြစ်ကြတဲ့ အခါတွေမှာတော့ ခြင်ဆေးမှုတ်တဲ့ လုပ်ငန်းလုပ်ကြရပါတယ်။ ဒါပေမယ့် တခု သတိပြုဖို့က အဲဒီခြင်ဆေးရဲ့အာနိသင်က ရက်ကြာကြာ မခံတတ်ပါဘူး။

ခြင်ကိုက်မခံရအောင်

အိပ်တဲ့အချိန်တိုင်းမှာ ခြင်ထောင်နဲ့ အိပ်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။ ကျောင်းတွေမှာ ခြင်ဆန်ခါတွေ တပ်ဆင်ထားသင့် ပါတယ်။ အလင်းရောင် ရအောင် အိမ်တံခါးတွေကို နေ့လယ် နေ့ခင်းပိုင်း ဖွင့်ပေး တာကလည်း ခြင်ကိုက် သက်သာစေပါတယ်။ ခြင် မကိုက် အောင် လူးတဲ့ဆေးတွေလည်းပေါ်ပေါက် နေပါပြီ။ ဒါလည်း ထိရောက်ပါတယ်။ အခုဆိုရင် စေးကပ်မှုမရှိအောင် တီထွင်ထားတဲ့ လူးဆေးတွေ ပေါ်နေပါပြီ။ ခြင်ဆေးခွေထွန်းတာကတော့ အကျိုးထက် အပြစ်ပိုစေတဲ့ နည်းလမ်းတခုလို့သာ ဆိုပါရစေ။

ဒီလို ခြင်အန္တရာယ် ကာကွယ်ခြင်းကသာ သွေးလွန်တုပ်ကွေး ကာကွယ်ရေးမှာ အထိရောက်ဆုံးဆိုတဲ့ အသိလေး မြဲကြရင်၊ ဘယ် လိုတွေ ပြုမူလုပ်ဆောင်ရမယ်ဆိုတာကိုသိရှိလိုက်နာကြရင် အများကြီး စိတ်အေးကြရမှာပါ။ ဒီနည်းလမ်းတွေကလည်း တကယ်ဆို ကိုယ့်အိမ်ကိုယ်ရာမှာ ပုံမှန်လုပ်နေသင့်တဲ့ အလုပ်တွေသာဖြစ်ပြီး တကူးတက အကုန်အကျခံနေစရာလည်း မလိုပါဘူး။ ခြင်အန္တရာယ် ကာကွယ်ရေး အတွက် နှိုးဆော်ပေးတာ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက လိုက်လံ ပညာပေး၊ ကူညီ လုပ်ဆောင်တာတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ကလည်း တကယ့် လိုအပ်ချက်ပါ။

အတွေ့အကြုံအရဆိုရင် နှစ်စဉ် အဲဒီလို လုပ်ဆောင်ပေးနေတဲ့ ဒေသတခုမှာတော့ “မိုးရောက်လာပြီ၊ အိမ်မှာ ဘုရားအိုးတွေ လာ မလဲပေးသေးဘူးလား၊ အိမ်နားက အမှိုက် သရိုက်တွေ လာရှင်းမပေး သေးဘူးလား” ဆိုတဲ့ တောင်းဆိုမှုမျိုး ကြုံခဲ့ရဖူးသလို အိမ်က အိုးခွက်တွေကို ပိုးလောက်လန်း စစ်ဆေးပေးတာကို ရန်လိုတာလည်း ခံရဖူးပါတယ်။ တကယ်တော့ ဒါတွေက လူတိုင်း ကိုယ့် တာဝန် ကိုယ်ကျေပွန်ရင် နှိုးဆော်နေရမှာ မဟုတ်သလို ရောဂါဘယလည်းကင်းမယ့် နည်းလမ်းတွေပါ။ အသိတရားလည်း ရှိပါမှ၊ သတိတရားလည်း ရှိပါမှ အသက် အန္တရာယ် ဖြစ်စေတဲ့အထိ ဆိုးရွားတဲ့ ရောဂါကို ကာကွယ်ပေးနိုင်မှာပါ။ တဦးတယောက်က မလိုက်နာရင်လည်း ကျန်တဲ့ဝန်းကျင် တခုလုံးကို ထိခိုက်စေမှာပါ။

ကဲ လာပါ။ အရေးမကြီးတဲ့ ကိစ္စတွေအတွက် ဖြုန်းပစ်နေကြမယ့် အချိန်တွေထဲကနေ ကိုယ့်အိမ်တွင်းနဲ့ ပတ်ဝန်းကျင်မှာ ခြင်ပေါက် ပွား ခိုလှုံမှုမရှိအောင် လုပ်ဆောင်ကြပါစို့။ ကိုယ့်အိမ်က ကလေးတွေသာမက ပတ်ဝန်းကျင်တခွင်လုံးက ကလေးတွေပါ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ပြီးသားဖြစ်သွားကြရင် စိုးရိမ်သောကတွေ၊ နာဖျားမကျန်းမှု အတွက် ပေးရမယ့် အချိန်တွေ၊ စရိတ်စက တွေ လျော့နည်းပြီး စိတ်ချမ်းမြေ့ကြရမယ် မဟုတ်ပါလား။ ။


The post သွေးမလွန် တုပ်မကွေးကြစေဖို့ appeared first on ဧရာဝတီ.
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အမျိုးသမီး လစဉ်သုံး ပစ္စည်းများနဲ့ ကင်ဆာရောဂါ အန္တရာယ်....................



Posted by: Ko Myo on Tuesday, July 08, 2014 Categories:
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital (ခေါ်) ကင်ဆာဆေးရုံမှ အမျိုးသမီးများအတွက် ကျမ္မာရေး အသိပေး နှိုးဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။

အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာတို့ ဖြင့် လာရောက် ကုသမှုခံနေကြတဲ့ အမျိုးသမီး ဝေဒနာရှင်များ ကို ဆေးမှတ်တမ်း ပြုစု၍ ရောဂါရာဇ၀င်ကို လေ့လာစမ်းစစ်တဲ့ အခါမှာ၊ ထိုကင်ဆာ ဝေဒနာသည် အများစုဟာ ဓမ္မတာရာသီ လာတဲ့အခါ pad(ခေါ်) လစဉ်သုံး ပစ္စည်းကို အတွင်းခံ ဘောင်းဘီမှာ အချိန်ကြာမြင့်စွာ ထားပြီး၊ တော်တော်နဲ့  အသစ်လဲလေ့မရှိ ခဲ့ကြတာကို အဖြေရှာတွေ့ ခဲ့ပါတယ်။

ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad(ခေါ်)လစဉ်သုံးပစ္စည်းက အပြင် အ၀တ်အထည်တွေကို မစွန်း ထင်းစေဖို့ စုပ်ယူထိန်းထားပေးလေ့ ရှိပါတယ်။ pad တွေကို ဓာတု ပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ် ထားခြင်းကြောင့်သာ၊ အခုလို ရာသီးသွေးရည်များနဲ့ အစိုဓာတ်ကို အချိန် ကြာကြာ စုပ်ယူု ထိန်းထားနိုင်တာပါ။ ဒါပေမယ့် အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ ဓာတုပစ္စည်းများ ပျက်ပြယ်ကာ အထဲမှာ စုပ်ယူထိန်းပေးထားတဲ့ သွေးပုပ်များကို ဓာတ်ပြောင်းလဲ စေပြီး၊ အနီရောင်မှ အစိမ်းရောင် မှိုဖြစ်သွားပါတော့တယ်။

ထိုမှိုများက ယောနိလမ်းကြောင်းမှတဆင့် သားအိမ်လမ်းကြောင်းနဲ့  ဆီးလမ်း ကြောင်းတေ လျှာက် ပျံ့  နှံ့ သွားကာ၊ နောက်ဆုံးမှာတော့ ဆီအိမ်နဲ့  သားအိမ်တို့ ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကို အတွင်းခံမှာ အကြာကြီးမထားဘဲ ၅-နာရီကြာတိုင်း အသစ်လဲပေးပါလို့  Tata Cancer Hospital က အကြံပြုထားပါတယ်။ ၄င်း လစဉ်သုံးပစ္စည်းများသာမက၊ daily use(ခေါ်)နေ့ စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅-နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ် ပေးသင့်ပါတယ်တဲ့။

၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ့  မှတ်တမ်းအရ၊ pad တစ်ခုတည်းကို အချိန်ကြာကြာ သုံးစွဲ ခဲ့ခြင်းကြောင့် ဖော်ပြပါ ကင် ဆာရောဂါများနဲ့  ကွယ်လွန်သူအမျိုးသမီးဦးရေမှာ ၂၀၁၃ ခုနှစ် စက်တင်္ဘာလ လယ်အထိ ၅၆ ဦး ရှိနေပါပြီတဲ့။ ဒါကြောင့် အမျိုး သမီးထု တကိုယ်ရေးသန့်ရှင်း ကျမ္မာရေး အတွက် လွန်စွာအရေးကြီးလို့  ရှက်စရာလို့ မယူဆဘဲ၊ ဒီသတင်းကို မိမိရဲ့  မိတ်ဆွေ အပေါင်းအသင်းများ အား ကျယ်ကျယ် ပြန့် ပြန့် မျှဝေ အသိပေးပါလို့ ကင်ဆာဆေးရုံမှ ထပ်လောင်း အကြံပြုထားပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

(မှီငြမ်း Daily Health Tips 20th September 2013)
--
*promise.pauk*
---------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Monday, July 7, 2014

မစားသင့်တဲ့ တရုပ်နိုင်ငံထုတ် အစားအစာ (၅)မျိုး....................



Posted by: Ko Myo on Sunday, July 06, 2014 Categories:


တရုပ်နိုင်ငံထုတ် စားသောက်ကုန် ပစ္စည်းတွေဟာ ကျန်းမာရေးနှင့် ညီညွတ်မှု မရှိတာကြောင့် စားသုံးဖို့  မသင့်တဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းစာ-ဂျာနယ်-ရေဒီယို-တီဗွီ-အင်တာ နက် စသဖြင့် သတင်းမီဒီယာတွေ ကတဆင့် လွန်ခဲ့တဲ့နှစ်အတော် များများကတည်းကစပြီး ကျန်းမာရေး အသိပေးလှုံ့ ဆော်နေကြရပါတယ်။ 

မယ်လမင်းဓာတ်ပါသော နို့ ထွက်ပစ္စည်းများမှအစ ပျားရည်အဆုံး လူကိုသေစေတဲ့ အဆိပ်အတောက် တွေ ပါဝင်နေကြတာကြောင့် တချို့ နိုင်ငံတွေမှာဆိုရင်၊ တရုပ်ပြည်ထုတ်ပစ္စည်းများ တင်သွင်းလာမှုကို ပိတ်ပင် ထားကြပါတယ်။ သို့ သော် တရုပ်ပြည်၏ နယ်နမိတ်ကုန်စည် လမ်းကြောင်းကတဆင့် စိမ့်ဝင် လာ လျှက်ရှိပြီး၊ ထုပ်ပိုးပစ္စည်းလှပ၍ဆွဲဆောင်မှု၊ ဈေးနှုန်းချိုသာမှု တို့ ကြောင့်လည်း လူထုလက်ဝယ် ရောက်ရှိနေကြတုန်းပါဘဲ။ ကျန်းမာရေးကို အထူးကြပ်မတ်တဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် တရုပ် ပစ္စည်းတွေ လှိမ့်ဝင်လာလျက်ရှိပြီး၊ သတင်းမီဒီ ယာတွေကတဆင့် လူထုကို ထိထိရောက်ရောက် လွှမ်းမိုး ပိတ်ပင်နိုင်ခြင်းမရှိသေးဘူး လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရှိ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဗဟို(ခေါ်) FDA ကလည်း လက်ရှိ အမေရိကန်သို့  ၀င်ရောက်ပြီးဖြစ်တဲ့ တရုပ်ပြည် အစားအစာများ၏ ၂.၃ ရာခိုင်ပစ္စည်းမျှကိုသာ ထိန်းချုပ် စစ်ဆေးနိုင်ပါသေးတယ်။ အဲဒီစစ်ဆေးတွေ့ ရှိထဲကမှ၊ အောက်ပါ အစားအစာ(၅)မျိုးကို (လုံးဝ) စားသုံးဖို့ မသင့်ကြောင်း FDA က ထိပ်တန်းသတင်းအဖြစ် ကြေငြာခဲ့ ပါကြောင်း ၂၀၁၃ ခုနှစ်၊ သြဂုတ် လ ၆ ရက်နေ့  ထုတ် Epoch Times မှာ ဖော်ပြသွားခဲ့ပါတယ်။

(၁) တီလားပီးယားငါး။


ယနေ့ အမေရိကန်ပြည်ထောင်စုမှာ တီလားပီးယားငါး စားသုံးမှုမြင့်မားလျက်ရှိပြီး၊ သူတို့ နိုင်ငံအတွက် သွင်းကုန်အဖြစ် ၀ယ်ယူရတဲ့ တီလားပီးယားငါးတွေ၏ ၈၀-ရာခိုင်နှုန်းမှာ တရုပ်ပြည်ကဖြစ်ပါတယ်။ နှစ်စဉ် တရုပ်ပြည်က ပေါင်ချိန် ၃၈၂.၂၀ သန်း ၀ယ်ယူ လေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်က တရုပ်ပြည် တီလားပီးယား ငါးမွေးမြူရေးရွာမှ လယ်သမားတစ်ဦး၏ သမီးငယ်တစ်ဦးဟာ အသက် (၇)နှစ်အရွယ်က စပြီး အရွယ်မတိုင်မီ ရာသီသွေး ပေါ်လာခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ကန်ထဲရှိ ငါးများကို ကြီးထွားအသား တိုးအောင် antibiotics တစ်မျိုးဖြစ်တဲ့ ဟိုမုန်းဆေးဝါးတွေကို ငါးစာနှင့် အတူရောကျွေးခဲ့ တာကြောင့်၊ ထိုငါးတွေကို နေ့ စဉ်စား သောက်လေ့ရှိတဲ့ ကလေးမလေးမှာ ဓမ္မတာရာသီ စောစောလာရခြင်းဖြစ်ပါ တယ်။ ဒါကြောင့်လည်း တရုပ်ပြည် ငါးမွေးမြူရေးသမားများက သူတို့ မွေးကန်မှ ထွက်ရှိတဲ့ ငါးတွေကို ကလေးငယ်များကို မကျွေးကြတော့ပါဘူးတဲ့။

(၂) ငါးကြီးဆီထုတ်တဲ့ Cod (ခေါ်) ပင်လယ်ငါးကြီးများ။

အမေရိကန်နိုင်ငံရဲ့  ပင်လယ်ငါးကြီး စားသောက်မှု၏ ၅၁-ရာခိုင်နှုန်းကိုလည်း တရုပ်ပြည်ကဘဲ တင်သွင်း လာလေ့ရှိပြီး၊ နှစ်စဉ် ပေါင်ချိန်အားဖြင့် ၇၀.၇၀ သန်း ပမာဏရှိတဲ့ ပင်လယ်ငါးကြီးတွေကို တရုပ်ပြည်က ၀ယ်ယူလေ့ရှိပါတယ်။ တရုပ်ပြည်မှာ ပင်လယ်ငါးကြီးတွေကို တီလားပီးယား ငါးတွေလိုဘဲ မွေးမြူကျွေးမွေး လေ့ရှိတာကြောင့် မစားသင့်ပါဘူးတဲ့။

(၃) ပန်းသီးဖျော်ရည်များ။

တရုပ်ပြည်ကနေ လမ်းခရီးရှည်ကို ဖြတ်သန်းပြီး ရောက်ရှိလာရတာကြောင့် တရုပ်ပြည်မှ တင်သွင်းလာ တဲ့ ပန်းသီးဖျော်ရည်တွေဟာ မလတ်ဆတ်ကြတော့ဘဲ အရသာဓာတ် ပြယ်နေကြပါပြီ်။ ယနေ့  အမေရိကန်၏ သစ်သီးဖျော်ရည်ဈေးကွက် ၅၀-ရာခိုင်နှုန်းဟာ တရုပ်ပြည်ထုတ်ပစ္စည်း များဖြစ်ကြပြီး၊ နှစ်စဉ် ပန်းသီးဖျော်ရည် ဂါလံပေါင်း ၃၇၆ သန်း ၀ယ်ယူနေရပါတယ်။ ပန်းသီးဖျော်ရည်သာမက၊ တရုပ်ပြည်ထွက် သစ်သီးဝလံ - ဟင်းသီးဟင်းရွက် - သစ်သီးခြောက်တွေ အားလုံးဟာ လမ်းခရီးရှည် ကိုဖြတ်သန်းလာ၍ မလတ်ဆတ်တော့ခြင်း၊ တာရှည်ခံအောင် ဓာတုဆေးဝါးတွေ ဆေးထိုးအသုံးပြုခြင်း တို့ ကြောင့် မစားသင့်ပါဘူးတဲ့။ ဒါ့ပြင် စစ်တမ်းများအရ၊ တရုပ်ပြည်ဟာ ကမ္ဘာ့အကြီးမားဆုံး ပိုးသတ် ဆေးဝါးအသုံးပြုတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

(၄) မှိုများ။

ရေမြေသဘာဝ ရာသီဥတု နှင့် တရုပ်ရိုးရာ အစဉ်အလာများအရ၊ တရုပ်ပြည်ထွက်မှိုဟာ အရသာ လည်းရှိ၊ ကျန်းမာရေးနဲ့ လည်း ညီညွတ်စေပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံရဲ့  မှိုဟင်းလျာ စားသောက်မှု၏ ၃၄-ရာခိုင်နှုန်းကို တရုပ်ပြည်ကဘဲ တင်သွင်းလာလေ့ရှိပြီး၊ နှစ်စဉ် ပေါင်ချိန်အားဖြင့် ၆၂.၉၀ သန်း မှာယူနေကြရပါတယ်။ တရုပ်ပြည်မှာ နိုင်ငံခြားပို့ ကုန်ဖြစ်တဲ့ မှိုတွေကို တာရှည်ခံအောင် ဓာတုပစ္စည်းတွေသုံးရခြင်း၊ မှိုကို စည်သွပ်ဗူးအဖြစ် ပြုပြင်ပြောင်း လဲထုပ်ပိုးရြ ခင်း၊ ဝေးလံခေါင်သီတဲ့ အရပ်သို့  တင်ပို့ ရခြင်း၊ စတာတွေကြောင့် စားသုံးသူလက်ထဲ ရောက်တဲ့အခါ အဆိပ်သင့်စေပါတော့ တယ်။

(၅) ကြက်သွန်ဖြူ။

ကြက်သွန်ဖြူဟာ ဟင်းလျာအားလုံးနီးပါးအတွက် မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်ဖြစ် တာကြောင့် လည်း တရုပ်ပြည်ထွက် ကြက်သွန်ဖြူ ပေါင်ချိန် ၂၁၆.၅၀ သန်းကို အမေရိကန်က နှစ်စဉ် ၀ယ်ယူလေ့ ရှိပြီး၊ အမေရိကန်ပြည်ထောင်စု တစ်ခုလုံးရဲ့  ကြက်သွန်ဖြူစားသုံးမှု ၃၁-ရာခိုင်နှုန်းဟာ တရုပ်ပြည်ကဖြစ် ပါတယ်။ တရုပ်မှ တင်သွင်းလာတဲ့ ပစ္စည်းပါကင်တွေပေါ်မှာ “organic product @အော်ဂဲနစ် ထွက်ကုန် ပစ္စည်းသီးသန့် ” လို့  တံဆိပ် ကပ်ထားသော်လဲ၊ FDA မှ ဓာတ်ခွဲ စစ်ဆေးကြည့်တဲ့အခါ၊ အော်ဂဲနစ် ပစ္စည်း (လုံးဝ) မဟုတ်ဘဲ၊ ကျန်းမာရေးအတွက် အဆိပ်ဖြစ်စေတဲ့ inorganic များသာဖြစ်ပါတယ်တဲ့။
++++++++++++++++++++++

the South China Morning Post(ခေါ်) တောင်တရုပ်ပြည်ထုတ် နံမည်ကြီး သတင်းစာအရ၊ တရုပ်နိုင်ငံ ၏ ၇၀-ရာခိုင်နှုန်းသော မြစ်-ချောင်း-ကန်ရေများမှာ ဓာတုစက်ရုံတွေနှင့် အထည်အလိပ် ဆိုးဆေး စက်ရုံတွေက ထွက်ရှိလာတဲ့ အဆိပ်သင့်ပစ္စည်းတွေ ပါဝင်နေကြောင်း ဖော်ပြထားပါတယ်။ တရုပ်ပြည်ရဲ့  လက်ရှိလူဦးရေ နည်းပါးဆုံးဖြစ်တဲ့ Zhejiang ခရိုင်မှာတောင် ရေထု ညစ်ညမ်းနေတာကြောင့် ထိုခရိုင်နေ ပြည်သူတွေ ရေဆင်းမကူးရဲကြပါဘူးတဲ့။ ဘေဂျင်းမြို့  မှာလည်း အချိန်တိုင်းလိုလို လေထုညစ် ညမ်းမှုတွေ ရှိနေတယ်လို့  ဘေးဂျင်းရှိ အမေရိကန် နိုင်ငံသံရုံးမှ ပြောပါတယ်။ ဒါတင်မကသေးပါဘူး…တရုပ်ပြည်မှာ လူဦးရေထူ ထပ်ပြီး လေ-ရေ-မြေ အားလုံး ညစ်ညမ်းနေတာကြောင့် တရုပ်နိုင်ငံထွက် ရေနေ/ကုန်းနေ သတ္တ၀ါများ-သီးနှံများအားလုံးကို မစားသုံးသင့်ပါကြောင်း FDA ထပ်လောင်း အကြံပြု ထားပါတယ်။

(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)

(ကိုးကား… By Diana Zhang, Epoch Times | August 6, 2013)
--
promise.pauk
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, July 2, 2014

သစ်သီး(လုံးဝ) မစားသင့်ဆုံးအချိန်....................



Posted by: Ko Myo on Tuesday, July 01, 2014 Categories:


“ ဗိုက်ထဲမှာ ဘာအစာမျှ မရှိတဲ့အချိန်မှသာ သစ်သီးတွေကို စားသင့်ပြီး၊ ထမင်းစားပြီးပြီးချင်းမှာတော့ သစ်သီး(လုံးဝ)မစားသင့်” ကြောင်း အင်တာနက် သတင်းလွှာဖြစ်တဲ့ American Daily Health Tips မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့ က အောက်ပါအတိုင်း အကျယ်တ၀င့် ဖော်ပြသွားခဲ့ပါတယ်။

“ဖရဲသီးစားပြီးတိုင်း လေချဉ်တက်တယ်” “ပန်းသီးစားတဲ့အခါတိုင်း လေပွလာတယ်” “ဌက်ပျောသီး စားပြီး တာနဲ့ ဗိုက်နာသလိုလို ဖြစ်လို့ သန့် စင်ခန်းဝင်ရတယ်” စသည်ဖြင့် အချို့ က သစ်သီးနဲ့ ပတ်သက်လို့ စော ဒကတက်ကြပါတယ်။ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ သစ်သီးများဆိုင်ရာ ခန္ဓာဗေ ဒသုတေသီ တစ်ဦးဖြစ်သူ အမေရိကန်လူမျိုး ဒေါက်တာ Herbert Shelton က “ တကယ်တော့ ဗိုက်ဆာနေတဲ့အချိန် (အစာအိမ် ဟောင်းလောင်းဖြစ်တဲ့အချိန်) သစ်သီးတမျိုးတည်းစားရင် အဲဒီလို ကျန်းမာရေးပြဿနာမျိုး တွေ မဖြစ်စေပါ ဘူး။ ထမင်းစားပြီးခါစ ချက်ချင်းဆိုသလို အသီးတွေတန်းစား မိတဲ့အခါ(ဒါမှမဟုတ်)သစ်သီးကို တခြားအ စားအစာ တွေနဲ့ တွဲစားတဲ့အခါမှသာဖြစ်တာပါ။ သစ်သီးနဲ့ အဲဒီအစားအစာတို့  ပေါင်းစပ်ဓာတ်ပြုပြီးတော့ ဂက်စ်ထွက်လာပြီး၊ အချဉ်ဖေါက်လာတာ မျိုးပေါ့ ” လို့  ဆိုပါတယ်။

ဆက်လက်၍ “ဥပမာပေါ့ဗျာ … ခင်ဗျားတို့ ..ပေါင်မုန့် ၂-ချပ်ကို ပန်းသီး ၁-စိပ်နဲ့ တူတူစားမိတယ် ဆိုပါစို့၊ အစာအိမ်ထဲရောက်လို့  မိနစ်အနည်းငယ် အတွင်းမှာဘဲ အစာချေရည်တွေက သစ်သီးတွေ၊ ပေါင်မုန့် တွေနဲ့ ဓာတ်ပြုပြီးတော့ အက်ဆစ်အချဉ်ပေါက် လာပါတယ်။ တချိန်းတည်မှာဘဲ အစာတွေ ပုပ်သိုး ဆွေးမြေ့ သွားတော့တာပါဘဲ၊ အကယ်၍ ပေါင်မုန်နဲ့ တခြားအစာတွေမပါဘဲ သစ်သီးတမျိုးတည်း သူ့ ချည်းဘဲ စားရင်တော့ အစာအိမ်၊ အူတွေထဲ ပုံမှန်အတိုင်း တောက်လျှောက် ရောက်သွားပြီး အစာကျေ ညက်ဖို့ ဘာပြဿနာမှ မဖြစ်စေနိုင်ဘူးလေ ” လို့  ဒေါက်တာ က ပြောပါတယ်။

ဒါတင်မကသေးပါဘူး။ တာရှည်ခံအောင်ပြုပြင်ထားတဲ့ သံဗူး/ပုလင်း(ဖျော်ရည်-သစ်သီးဗူး)တွေမှာ သစ် သီးတွေကို အပူပေးပြုပြင် ထားတာမို့ ဗီတာမင်နဲ့  အာဟာရဓာတ်တွေ ပျောက်ဆုံးကုန်ပါပြီတဲ့။ အကယ်၍ ထိုသစ်သီးဖျော်ရည်ဗူးကို မဖြစ်မနေသောက် ရတဲ့အခါမှာ ချက်ချင်းမြိုမချဘဲ ခေတ္တငုံထာားပြီး မှသာ မျိုချ သင့်ကြောင်း၊ အဲဒီလိုပြုခြင်းက အချိုရည်နဲ့ ခံတွင်းထဲက တံတွေး တို့ ပေါင်း စပ်မိပြီး အချိုရည်ထဲမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တွေ ပျက်ပြယ်သွားကာ အစာအိမ်ကို ဘေးဥပါသ် မဖြစ် စေတော့ပါဘူး တဲ့။

လတ်ဆတ်တဲ့ အော်ဂဲနစ်သစ်သီးဝလံတွေဟာ အဆိပ်အတောက်ပြေစေခြင်း၊ ခန္ဓာကိုယ်အလေးချိန် ကျစေခြင်း၊ သက်ရှည်ကျမ္မာ စေခြင်း၊ ကျန်းမာစွာဘ၀နေထိုင်မှုကိုပံ့ပိုးခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေ ပါတယ်။ ဒါ့ပြင် ဗိုက်ဆာ(အစာအိမ် ဟောင်းလောင်း ဖြစ်) နေတဲ့အချိန် သစ်သီးတွေစားခြင်းက ဆံပင် မဖြူစေကြောင်း၊ ဦးခေါင်းထိပ်မပြောင်စေကြောင်း၊ စိတ်ဖိစီးမှုကိုထိန်း ချုပ်ပေးနိုင် ကြောင်း၊ မျက်ကွင်း ညိုခြင်းကို သက်သာစေကြောင်း ဒေါက်တာ Shelton က ဆို ထားပြန်ပါတယ်။

သစ်သီးဝလံတွေ အစားသင့်ဆုံးအချိန်များကတော့ (က)နံက်အိပ်ယာထ ရေသောက်ပြီးတဲ့အချိန် (ခ) ထမင်းမစားခင် ၁-နာရီ ခန့် အလို (ဂ) ထမင်းစားပြီးနောက် ၂-နာရီအကြာ …စတဲ့ အချိန်တွေဖြစ်ပါ တယ်။ ဆက်လက်၍ ဒေါက်တာက သစ်သီးတမျိုးစီနဲ့  ပတ်သက်လို့  အောက်ပါအတိုင်း ထပ်လောင်း အကြံပြုသွားခဲ့ပါတယ်။

(ကီဝီသီး) ပိုတက်စီယမ်၊ မဂနီစီယမ်၊ ဗီတာမင်အီး၊ အမျှင်ဓာတ်တို့ ပါရှိလို့  ကျန်းမာရေးကို ဘက် စုံကောင်းစေပါတယ်။ ဒါ့ပြင် ကီဝီသီးထဲမှာ ပါတဲ့ ဗီတာမင်စီက လိမ္မော်သီးထက် ၂-ဆပိုပါတယ်။

(ပန်းသီး) ပန်းသီးထဲမှာ ဗီတာမင်စီ ပါဝင်မှုမများပေမယ့်၊ ကျန်းမာရေးအတွက်မရှိမဖြစ် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများနဲ့  ဖလေဗို နွိုက်ဓာတ်ပေါင်းစုတို့ ပါရှိလို့  အူမကြီးကင်ဆာ၊ နှလုံးရောဂါ နဲ့  လေဖြတ်ခြင်း စသည့်ရောဂါများ ဖြစ်လာနိုင်ချေ အလားအလာကို လျော့ပါးသက် သာစေပါတယ်။

(စတော်ဘယ်ရီ) ဓာတ်တိုးဆန့် ကျင်ပစ္စည်းမြင့်မားတဲ့ အသီးဖြစ်၍၊ ကင်ဆာရောဂါများကို ကာကွယ်ပေး ပါတယ်။ မလိုလားအပ် တဲ့ free radicals များကိုတိုက်ထုတ်ပေြး ပီး သွေးကြောများပိတ် ဆို့ ခြင်းမဖြစ်စေ တော့ပါဘူး။

(လိမ္မော်သီး) တနေ့ ကို လိမ္မော်သီး ၃-လုံး ပုံမှန်စားပေးခြင်းဖြင့် အအေးမိခြင်း(လုံးဝ)မဖြစ်စေ နိုင်ပါဘူး။ လိမ္မော်သီးမှာ အက်ဆစ် ဓာတ်ကြွယ်ဝပေမယ့် ခန္ဒာကိုယ်အတွက် အယ်လ်ကာလီမျှ တစေတာကြောင့် ကိုလက်စထရောကျစေခြင်း၊ ဆီးကျောက်ကျေ စေခြင်း၊ အူမကြီးကင်ဆာဖြစ်နိုင်ချေ အလားအလာကို လျော့ချပေးခြင်း စတဲ့ကောင်းကျိုးတွေ ပေးပါတယ်။

(ဖရဲသီး) ဖရဲသီးမှာ ခွန်အားပြည့် glutathione ဓာတ်တွေ အမြောက်အများပါရှိတဲ့အပြင်၊ ကင်ဆာများ ကို တိုက်ထုတ်ပေးတဲ့ lycopene ဓာတ်ရရှိရာ အရင်းအမြစ်လဲ ဖြစ်ပါတယ်။ ဒါ့ပြင် ရေဓာတ် ၉၂ ရာခိုင်နှုန်းနဲ့ ဖွဲ့ စည်းထားတာကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။

(မာလကာသီး နဲ့ သင်္ဘောသီး) ထိုအသီး ၂-မျိုးစလုံးမှာ ဗီတာမင်စီ ကြွယ်ဝစွာပါရှိပါတယ်။ မာလကာ သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါရှိလို့ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ သင်္ဘောသီးထဲမှာ ပါရှိတဲ့ ကယ်ရိုတင်းဓာတ်က မျက်လုံးအားကောင်းစေ ပါတယ်။

(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)

(မှီငြမ်း American Daily Health Tips on 19th Oct ’13)
--
promise.pauk
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ....................



Posted by: Ko Myo on Tuesday, July 01, 2014 Categories:
မြဝတီ နယ်စပ်ကနေ ရန်ကုန်မြို့တော်သို့ တင်သွားလာတဲ့ မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း၊ ကြက်မြစ်တွေကို ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနိုင်ငံကနေ မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်မြို့တော်သို့ အဆင့်ဆင့် သယ်ယူလာတဲ့ အဲဒီ ကြက်သည်း၊ ကြက်မြစ်တွေကို ညောင်ခါးရှည် မိုဘိုင်းတင်းမ်အဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

ကြက်သည်း၊ ကြက်မြစ် အလေးချိန် ၂ ဒသမ ၅ တန်ကျော်ရှိပါတယ်။ ခန့်မှန်းတန်ဖိုး ၆၃ သိန်းကျော် တန်ဖိုးရှိတယ်လို့ သူကဆိုပါတယ်။ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ ညောင်ခါးရှည် မိုဘိုင်းတင်းမ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေထက်မင်းက “မော်လမြိုင် ငါးဦးစီးဆီက ယူလာတဲ့ မျှောစာကို ပြတယ်။ ငါးဦးစီးရဲ့ မျှောစာက ကကတစ်ငါးကို ဖော်ပြထားတာ။ သယ်လာတာက စီပီတံဆိပ် ကြက်မြစ်ကြက်သည်းတွေ” လို့ ရှင်းပြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က တင်သွင်းရန် ခွင့်ပြုမထားသော စားသုံးရန်မသင့်သည့် အဆိုပါ ကြက်မြစ်ကြက်သည်းများကို မီးရှို့ဖျက်ဆီး၍ မြေမြှုပ်ခဲ့ တယ်လို့ မိုဘိုင်းတင်းမ်အဖွဲ့က သိရပါတယ်။

မှောင်ခိုပစ္စည်း တင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရဲစခန်း မှာ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မှောင်ခိုဝင်လာတဲ့ ကြက်သည်း၊ ကြက်မြစ် တွေကို ပြည်တွင်းမှာ တစ်ကီလိုဂရမ် တစ်ထုတ်ကို ကျပ် ၂၇၀၀ ဈေးပေါက်ပါတယ်။

ပဲနို့နဲ့ အသားတုတွေလည်း မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်လေ့ ရှိပါတယ်။
The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

သင့်မစင်နှင့် ကျန်းမာရေး အခြေအနေ........................

Posted by: Ko Myo on Tuesday, July 01, 2014 Categories:


မပြောရင်လည်း မပြောလို့ . ပြောပြန်ရင်လည်း ရှက်စရာလိုလို၊ ရွံစရာလိုလို ဖြစ်နေတာက မစင် ဆိုင်ရာ လူ့ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ဒီကိစ္စကို အချင်းချင်း ပြောကြဆိုကြမှု နည်းတာကြောင့် ဝမ်းနဲ့ ဆိုင်ရာ ရောဂါ အမျိုးမျိုး ဖြစ်တတ် ကြပါတယ်။ ဒါကြောင့်မို့ အဲ့ဒီလို မဖြစ်အောင် ရေးသား ဖော်ပြ လိုက်ရ ပါတယ်။

၁။ မြေပဲစံ ကဲ့သို့ မာမာ၊ အတုံးခဲခဲများ
(Separate hard limps, like nuts)

ယင်းကဲ့သို့ မစင်ဟာ ရေဓာတ်နဲ့ အမျှင်ဓာတ် ချို့ယွင်းနေတဲ့ လူ့ကျန်းမာရေး အခြေအနေကို ပြသပြီး ရေများများ သောက်ရန် နှင့် အသီးအရွက် များများစားရန် လိုအပ်ပါတယ်။

၂။ ပျော့ပြောင်းချောမွေ့၍ ဝက်အူချောင်း ပုံသဏ္ဍာန်
(Sausage shaped, smooth and soft) 

ကျန်းမာရေး ကောင်းသူ တစ်ယောက်၏ မစင် ဖြစ်သည်။

၃။ ရေကဲ့သို့ အရည်များ၊ အတုံးအခဲ မပါ
(Watery, no solid pieces, all liquid)

ဝမ်းပျက် ဝမ်းလျှော ဖြစ်နေသော ကျန်းမာရေး အခြေအနေကို ပြသပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ရေများကို အစာအိမ်က ဆုပ်ယူနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်းကဲ့သို့ ဖြစ်နေစဉ် အချိန်အတွင်း ရေများများ သောက်ဖို့ရန် လိုအပ်ပါတယ်။ မဟုတ်ရင် အားအင်ကုန်ခမ်းပြီး ကျန်းမာရေး ပိုမို ဆိုးရွား သွားပါလိမ့်မယ်။

၎။ ဝက်အူချောင်းကဲ့သို့၊ သို့သော် မရှည်လျား
(Sausage shaped, but lumpy)

အမျှင်ဓာတ်နှင့် ရေဓာတ် အင်မတန် နည်းတဲ့ ပထမ အမျိုးအစားလောက် မဟုတ်သော်လည်း ရေ နှင့် အသီးအရွက် ဦးစားပေး စားရန် လိုအပ်သော ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။

၅။ အနားညီညာသော အရည်ပျစ် အတုံး အစက်
(Soft blobs and clear-cut edges)

ယင်းမစင်အမျိုးအစား ဖြစ်ပါက ကျန်းမာရေး ကောင်းသော်လည်း တစ်နေ့ကို တစ်ကြိမ်သာ အိမ်သာ တက်ခြင်းဖြင့် မလုံလောက်ပါ။

၆။ ဖောင်းကြွကြွ မညီမညာ ဝက်အူချောင်း ပုံစံ
(Sausage shaped, but with cracks on surface)

ပုံမှန် ဖြစ်သော်လည်း ရေများများ သောက်ရန် လိုအပ်နေသေးသော အခြေအနေ

၇။ အနားမညီညာ အစွန်းထွက် အမျှင်ပါဝင်သော ဈေးပျစ်ပျစ် အတုံးများ
(Fulffy pieces with ragged edges, a mushy tool)

ကျန်းမာရေး ကောင်းနေသော်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်လာနိုငတော့မည် အခြေအနေ

၈။ နူးညံ့ပြီး ကပ်စေးသော မစင်
(Soft and stick to the side of the bowl)

မစင်တွင် အဆီဓာတ် များနေသည်ကို ပြသပြီး တစ်နည်းအားဖြင့် ခန္ဓာကိုယ်က အဆီဓာတ်ကို မဆုပ် ယူကြောင်းကို ပြသခြင်းတစ်မျိုး ဖြစ်ပါတယ်။ အဆီဓာတ် မဆုပ်ယူခြင်းကြောင့် ယင်းမစင်ပိုင်ရှင်ဟာ ပိန် တဲ့သူ အများစု ဖြစ်ပါတယ်။ မပိန်ရင်တောင် ပိန်ဖို့အတွက် အလားအလာများပြီး အစာရှည်ရန် ထုတ်ပေး သော ဂလင်း မထွက်ရှိခြင်း ကြောင့်လည်း ဖြစ်သည်။ သို့သော် အဆီများသော အာလူးကြော်၊ အသင့် ကြော်ဆီများ အစားအစာ ရှောင်ရန် လိုအပ်နေသေးပြီး အသား၊ ငါး၊ အသီးအရွက်၊ ဂျုံ တို့ကို မျှမျှတတ စားပေးရန် လိုအပ်သည်။ 

Ref: Healthdigest

အောင်ခမ်း (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Tuesday, July 1, 2014

မနက်ပိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဒီနည်းလမ်းတွေက ကူညီပေးနိုင် .........................

Posted by: Ko Myo on Monday, June 30, 2014 Categories:

မေသော် on 2014-06-30 16:30

သင်က မနက်ပိုင်း စောစော ထတတ်တဲ့သူ ဖြစ်ရင်တောင် ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ် တဲ့သူ တစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်လွယ်တာတော့ မဟုတ်ပါဘူး။ ကိုယ်က မနက်ပိုင်း လေ့ကျင့်ခန်း လေးလုပ်၊ ပေါ့ပေါ့ပါးပါး ရုံးသွား၊ အလုပ်သွားနိုင်တဲ့သူ တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ ခုပြောပြ ပေးမယ့် နည်းလမ်းလေးတွေက သင့်ကို ကူညီပေးနိုင် ပါလိမ့်မယ်။

၁။အထုပ်အပိုး ပြင်ထားပါ။

ညနေအလုပ်က ပြန်ရောက်ပြီဆိုတာနဲ့ GYM ကစားတဲ့အခါ ယူသွားမယ့် အိတ်ထဲကို အရင်ဝတ်နေကျ အားကစားဝတ်စုံ အဟောင်းတွေ ဖယ်ပြီး အသစ်တစ်စုံ ထည့်ထားလိုက်ပါ။ မနက်ကို အရမ်းစောစောထ ပြင်ဆင်ဖို့ အချိန်ပေးစရာ မလိုတော့ဘူးပေါ့။

၂။ဘယ်သူ့ အကူအညီမှ မပါပဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။

နှိုးစက်နာရီရဲ့ အကူအညီမပါဘဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။ လူတစ်ယောက် အတွက် အခက်ခဲဆုံး အပိုင်းက မနက်ထရတာပါပဲ။ အိပ်ယာကနိုးပြီ၊ ထနိုင်ပြီဆိုလို့ကတော့ လေ့ကျင့်ခန်း လုပ်ရတာ ဒီလောက်ကြီး ပင်ပန်းခက်ခဲတာ မဟုတ်ပါဘူး။ အဓိကက အိပ်ယာထနိုင်အောင် လုပ်ပါ။

၃။ရင်ပြည့်ရင်ခံစေမယ့် အစားအစာတွေ အများကြီး မစားပါနဲ့။

လေ့ကျင့်ခန်း မလုပ်ခင် စားတဲ့ မနက်စာဟာ အများကြိး မဖြစ်သင့်ပါဘူး။ အဲ့ဒီလို အများကြီးစားပြီး လေ့ကျင့်ခန်းလုပ်ရင် ဖျားတတ်တယ်ဆိုတာ သိထားရပါမယ်။ လေ့ကျင့်ခန်းလုပ်ပြီးမှ ဗိုက်ပြည့်အောင် စားပါ။

၎။ညက သောက်တာများသွားရင် မနက် ရေများများသောက်ပေးပါ။

မနေ့ညက ၀ိုင်သောက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေ ဆုံလို့ အရက်၊ ဗော်ကာ စတာတွေ သောက်မိထားတာကြောင့် မနက်ပိုင်း ခေါင်းမကြည်ဘူးဆိုရင် ရေများများသောက်ပေးပါ။

၅။မနက်စောစော အိပ်ယာထထားတာမို့ ညပိုင်း နောက်ကျတဲ့အထိ မနေပါနဲ့။

ပုံမှန် အချိန်ဇယားလေးတစ်ခု ဖန်တီးနေတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်း၊ နည်း လမ်းတွေကို လိုက်နာပါ။ မနက်စောစောထားပြီး လေ့ကျင့်ခန်းလုပ်ထားတာမို့ အဲ့ဒီညကို စောစောအိပ် ပေးဖို့ လိုပါတယ်။ ပုံမှန်အိပ်ချိန် သတ်မှတ်ပါ။

၆။GYM ဆော့တဲ့နေရာမှာ သူငယ်ချင်း ရှာထားပါ။

ကိုယ်က GYM သွားဖို့ ပျင်းနေရင်တောင် သူငယ်ချင်းနဲ့ ချိန်းထားပြီးသားမို့ မဖြစ်မနေ သွားဖြစ်သွားပါလိမ့် မယ်။ သူနဲ့အတူ လေ့ကျင့်ခန်းလုပ်တာ ပျော်စရာကောင်းမှန်း သိလာပါလိမ့်မယ်။ ကိုယ်မလာချင်ဘူး ဆိုရင်တောင် သူကဖုန်းဆက်ပြီး ခေါ်တာမို့ သွားဖြစ်သွားပါလိမ့်မယ်။

၇။ဘယ်ရက်မှ ဘယ်လောက် ၀ိတ်ကျရမယ်ဆိုပြီး ရက်စွဲနဲ့ သတ်မှတ်ပြီးကစားပါ။

ဘယ်နေ့ရောက်ရင်တော့ ငါဘယ်နှစ်ပေါင် ၀ိတ်ကျနေပြီးသားဖြစ်ရမယ် ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ ကစားပါ။ ဒါဆို အဆင်ပြေလာပါလိမ့်မယ်။


Ref:womenshealthmag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အရက်နာမကျအောင် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများ ....................

Posted by: Ko Myo on Monday, June 30, 2014 Categories:


ယမကာ လုင်များအတွက် သတင်းကောင်းလေးပါ။

(၁) ကဖိန်းဓာတ် ရှောင်ပါ။ ကဖိန်းဓာတ်ပါသော အရည်များက ရေဓာတ်ခမ်းခြောက်စေလို့  အရက် သောက်နေစဉ် ကဖိန်းဓာတ် ကြွယ်ဝသော ကော်ဖီ နှင့် အချိုရည်များကို ရှောင်ပါ။

(၂) ဗီတာမင်အာဆေး ဆောင်ပါ။ ဗီတာမင်ဆေးဝါးများက အရက်နာကျခြင်း ကင်းဝေးစေလို့ ၊ အရက်မ သောက်ခင် တစ်ရက်ကြို တင်၍ ဗီတာမင်အားဆေး တစ်ပြားမှီဝဲပါ (သို့ မဟုတ်) အရက်သောက်ပြီး နံက် အိပ်ယာနိုးတဲ့အခါ ဗီတာမင်အားဆေး တစ်ပြား သောက်ပါ။

(၃) အက်စ်ပရင်ဆေးပြား ဆောင်ပါ။ အရက်သောက်ပြီးနောက် အိပ်ယာမ၀င်ခင် အက်စ်ပရင်ဆေးပြား (၂)ပြားကို သောက်ရေ တစ်ဖန်ခွက်ဖြင့် သောက်ပါ။ နောက်တစ်နေ့ နံက် အရက်နာကျခြင်း ကင်းဝေးပြီး၊ ခေါင်းကိုက် မဖြစ်စေတော့ပါဘူး။

(၄) ဗီတာမင်ဘီ ဆောင်ပါ။ ဗီတာမင်ဘီကလည်း အရက်နာကျခြင်းကို ပျောက်ကင်းစေလို့  မှီဝဲသင့်တဲ့ ဆေးပြားလေးပါဘဲ။

(၅) သခွားသီး ဆားရည်စိမ် စားပါ။ အရက်သောက်စဉ် ခန္ဓာကိုယ်ထဲ ဆားနှင့် အရည်ဓာတ် လုံလောက် နေမှသာ အရက်နာမကျစေ နိုင်ပါ။ ထို့ ကြောင့် အရက်မသောက်ခင် သခွားသီးဆားရည် စိမ်စားပေးပါ။

(၆) အာလူးကြော် စားပါ။ အာလူးကြော်ရဲ့  ကစီဓာတ် အဆီအနှစ်များက အစာအိမ်ထဲရှိ အယ်လ်ကိုဟော ကို စုပ်ယူပစ်နိုင်စွမ်းရှိလို့  ၊အရက်နာကျခြင်း မဖြစ်စေတော့ပါ။

(၇) အရက်စုံ ရောနှောသောက်ခြင်း ရှောင်ပါ။ ဥပမာ ၀ိုင်သောက်နေသူက ၀ိုင်တစ်မျိုးတည်းကိုသာ သောက်ပါ။ အကယ်၍ အရက်စုံ ရောနှောသောက်ခြင်းက အာနိသင်ပမာဏ အတိုင်းအဆမ သိနိုင်တော့ ဘဲ အရက်နာကျခြင်းကိုဦးတည်လာစေပါတယ်။

(၈) လိမ္မော်သီး (သို့ ) လိမ္မော်ရည် သောက်ပါ။ အထူးသဖြင့် ဖရူးတို့ စ်ဓာတ်ပါရှိသော လိမ္မော်သီးက ခန္ဓာကိုယ်ထဲရှိ အဆိပ်အ တောက်ကိုပြေစေပြီး၊ ခွန်းအားပြည့်ဝ လာစေပါတယ်။

(၉) သံလွင်ဆီ စားပါ။ သံလွင်ဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်းသောက်ခြင်း(သို့ မဟုတ်)သံလွင်ဆီ ပါသော ဟင်းရွက် သုပ်စားခြင်းက အရက်နာကျ လုံးဝ မခံစားရစေပါဘူး။

(၁၀) နွားနို့  သောက်ပါ။ နွားနို့ က အစာအိမ်ကို ကောင်းကျိုးပြုပါတယ်။ ညအလွန်အကျွံသောက်ပြီး နောက်၊ နံက်အိပ်ယာထ နွားနို့ တစ်ခွက် သောက်ပေးခြင်းဖြင့် အရက်နာကျ သက်သာစေသလို၊ ဗိုက် လည်း မအောင့်စေတော့ပါ။

(၁၁) ရေ သောက်ပါ။ အရက်သောက်နေစဉ် ရေ ၁-ဖန်ခွက်သောက်ဖို့ မမေ့ပါနဲ့ ။ ထို့ ပြင် အရက် သောက်ပြီးနောက် ညအိပ်ယာ ၀င်ခါနီး သောက်ရေ ၂-ခွက် ထပ်သောက်ပေးပါ။

(၁၂) ဌက်ပျောသီး စားပါ။ ဌက်ပျောသီးထဲမှာပါတဲ့ ပိုတက်စီယမ်က အရက်နာကျခြင်းကို ဓာတ်ပြယ်စေ လို့  နံက်အိပ်ယာထမှာ ဌက်ပျောသီး ၁-လုံးစားပေးပါ။

(၁၃) ကြက်ဥ စားပါ။ ကြက်ဥထဲရှိ သဘာဝ cysteine ဓာတ်က အရက်နာကျခြင်းကိုဖြစ်စေတဲ့ acetaldehyde (ခေါ်) အရောင်မဲ့ အငွေ့ ပျံသော အဆိပ်ရည်ကို ဖြိုခွဲပေးနိုင်လို့  နံက်အိပ်ယာထ ကြက်ဥ စားပေးပါ။

(၁၄) ပျားရည်စစ်စစ် သောက်ပါ။ အရက်သောက်ပြီးနောက် ပျားရည်ကို ရေနွေးလေးဖြင့် ဖျော်သောက် ခြင်းက အရက်နာကျခြင်းကို ယူပစ်သလိုပျောက်ကင်းစေပြီး၊ နံက်အိပ်ယာထ လန်းဆန်း လာပါလိမ့်မယ်။


(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)

(ကိုးကား။ Best Remedy for Hang Over)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Saturday, June 21, 2014

ကိုယ်အလေးချိန်ထိန်းဖို့အတွက် ဂရုပြုရန်လိုအပ်ချက်များ.........................

Posted by: Ko Myo on Friday, June 20, 2014 Categories:


လတ်တလော ကိုယ်စားမိနေတဲ့ အစားအစာတွေကို သတိထားကြည့်ပါ။

အထူးသဖြင့် သရေစာတွေကိုပါ။ တစ်နေ့ကို ၇၅ ကယ်လိုရီလောက် အပိုစားရင်တစ်နှစ်ကို ခြောက် ပေါင် တိုးပါလိမ့်မယ်။ ဒါကလည်းဘာမှမပါတဲ့ ဘီစကွတ်၊ ချောကလက်တစ်ထောင့်နဲ့တင် ရနိုင်ပါတယ်။ သည့်အပြင်အပိုအစာတွေနဲ့ဆိုပိုဆိုးတော့တာပေါ့။ ကရင်(မ်) တစ်ဇွန်းစာလောက်ဟာ စတော်ဘယ်ရီ တစ်ပေါင်ထက်ကို ကယ်လိုရီများပါတယ်။ ရိုးရိုးထောပတ်၊ ဖောဖောသီသီသုတ်လိုက်တာနဲ့ ကယ်လိုရီ နှစ်ဆကျော်တက်မှာ သေချာပါတယ်။

အဆီလျှော့စားပါ

ကိုယ်ခန္ဓာဟာစွမ်းအင်အတွက် ပရိုတင်းနဲ့ကာဗွန်ဟိုက်ဒရိတ်တွေအနေနဲ့ ကယ်လိုရီကို သိမ်းထားပါ တယ်။ အများစုဟာပါးစပ်ကိုအလိုလိုက်ပြီး လိုအပ်တာထက်ပိုပြီး စားတတ်ကြပါတယ်။ နို့နဲ့နို့ထွက် ပစ္စည်းတွေထဲက အဆီနည်းတဲ့အစာ၊ အဆီမပါတဲ့အသားချည်းသတ်သတ်နဲ့ ဟင်းချက်တဲ့အခါမှာ တော့ အဆီကိုနည်းနည်းလျှော့သုံးနိုင်ရင် ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းနိုင်ကြမှာပါ။

ပရိုတင်းကို ပိုပြီးစားနိုင်ရင်ကောင်းပါလိမ့်မယ်။

ငါးနဲ့အဆီနည်းတဲ့ အစာတွေကိုစားပြီးကာဗွန်ဟိုက်ဒရိတ်ပမာဏကို လျှော့ချနိုင်ပါတယ်။ တချို့အချက် အလက်တွေအရ အဆီနည်းနည်း၊ ပရိုတင်းများများပါတဲ့ အစားအစာဟာ အဆီနည်းနည်း၊ ကာဗွန် ဟိုက်ဒရိတ်များများထက်ကို ကိုယ်အလေးချိန် လျှော့ချစေနိုင်ပါတယ်။ ပရိုတင်းဓာတ်ဟာ စားသောက် ချင်စိတ်ကို နည်းစေပါတယ်။ ဒါပေမဲ့သိပ်ပြီး အလွန်အကျွံမလုပ်ဖို့ လိုပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ပေါ များတဲ့အစားအစာတွေဖြစ်တဲ့ အသီးအနှံနဲ့ အစေ့အဆန်တွေမှာလည်း ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်သတ္တုဓာတ်တွေ ပါဝင်လို့ပါပဲ။

နည်းနည်းနဲ့များများစားဖို့ လိုပါတယ်။

တစွတ်စွတ်စားတတ်တဲ့ အကျင့်ရှိရင် ပုံမှန်စားနေတဲ့အစာကို နည်းနည်းနဲ့ခဏခဏစားဖို့ အရေးကြီးပါ တယ်။ ကိုယ့်အနီးအနားကတွေ့ကရာကို ကောက်ဝါးနေမယ့်အစား ကိုယ်စားမယ့်အစာကိုသာ ပိုပြီး ကျန်းမာအောင် ရွေးချယ်နိုင်မှာပါ။ မကြာသေးမီက လေ့လာချက်တွေက အစားအသောက်ကို ခဏ ခဏစားခြင်းအားဖြင့် အစာချေခြင်းနှင့် အစာစုပ်ခြင်းမှာ ကယ်လိုရီများများလောင်ကျွမ်းပြီး ကိုယ်ခန္ဓာ ရဲ့ဇီဝဖြစ်စဉ်ကို အားပေးပါတယ်။ နည်းနည်းနဲ့များများစားခြင်းဟာ ဒီလိုနည်းနဲ့ ကိုယ်အလေးချိန်ကို အကျိုးပြုနိုင်ပါလိမ့်မယ်။

စားချင်စိတ်ကိုလှုံ့ဆော်စေတဲ့ အချိန်နေရာကိုသိထားပါ။

ဘယ်နေရာ၊ ဘယ်လိုအချိန်မျိုးမှာ ဘီစကွတ်ဘူးကို လက်လှမ်းတတ်သလဲဆိုတာ သတိထားကြည့်ရင်း နဲ့ဒီလိုစိတ်ပေါ်လာတဲ့အခါ မစားမိအောင် ဘယ်နည်းတွေနဲ့ကိုယ့်အတွက် အဆင်ပြေနိုင်မလဲဆိုတာ စဉ်းစားထားဖို့ကောင်းပါတယ်။

အရက်ဖြတ်နိုင်ရင် အကောင်းဆုံးပါ။

အရက်နဲ့ကိုယ်အလေးချိန်ဟာ ဆက်သွယ်မှုရှိပါတယ်။ ခန္ဓာကိုယ်က အရက်ကိုကယ်လိုရီအနေနဲ့ မသိမ်း ထားနိုင်ပါဘူး။ လိုအပ်တဲ့စွမ်းအင်အတွက် တိုက်ရိုက်အသုံးချလိုက်ရတာပါ။ ဒီအတွက်သောက် သောက် စားစား သမားတွေမှာအစာကရတဲ့ ကယ်လိုရီဟာ အဆီအဖြစ်သိမ်းထားဖို့ သေချာသလောက် ပါပဲ။ နောက်ပြီးအရက်သောက်ခြင်းဟာ စားချင်စိတ်ကိုပိုကောင်းစေပြီး သတိကိုမေ့စေတဲ့အတွက် ဟိုတုန်းက မစားတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့အဆီများများပါတာတွေကို ပိုပြီးစားမိလို့ဖြစ်ပါတယ်။

သေးသေးလေးတွေလုပ်ပြီး စားပါ။

အဓိကအားဖြင့် ကယ်လိုရီများတဲ့အစာတွေမှာ ဖြစ်ပါတယ်။ ကိုယ်စားမယ့်အစာကို သေးသေးလေးလုပ် ရင်အများကြီးဖြစ်နေတဲ့အတွက် သိပ်မစားဖြစ်တော့ပါဘူး။ ဗီဇာတစ်ဝက်လောက်နဲ့ တခြားဟင်းသီး ဟင်းရွက်ခပ်များများထည့်ထားတဲ့ တစ်ပန်းကန်ဆိုရင် အတော်များပြားတဲ့နံနက်စာဖြစ်နိုင်တာပေါ့။

စားပွဲမှာ အမြဲတမ်းထိုင်စားနိုင်ရင် ကောင်းပါတယ်။

ဘယ်လောက်ပဲ အလုပ်များတဲ့သူဖြစ်ဖြစ် ကိုယ်စားမယ့်အစာကို အာရုံထားနိုင်ဖို့ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်။ တီဗွီရှေ့က သရေစာတွေ၊ လမ်းဘေးကအစားအစာတွေက ကိုယ်အလေးချိန်တိုးဖို့ ဖိတ်ခေါ်နေသလိုပါပဲ။

အစားမရှောင်နဲ့။

ဘယ်အစားအစာမဆို ရှောင်ဖို့မလိုပါဘူး။ နည်းနည်းတော့ လျှော့စားဖို့ပါပဲ။ သုတေသနတွေ့ရှိချက် တွေ က သူတို့ကြိုက်တဲ့အစာစားတဲ့သူတွေဟာ အစားရှောင်တဲ့သူတွေထက် ကိုယ်အလေးချိန်ကျပြီး ရှိပြီး အလေးချိန်ကိုလည်း အတော်ကြာထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။

မနက်စာစားတဲ့အကျင့်လုပ်ပါ။

မနက်စာကို မစားတဲ့သူတွေဟာကျန်တဲ့တစ်နေ့လုံးမှာ သူများတွေထက်ပိုစားဖြစ်ပါတယ်။ ပြီးတော့ အဆီ ပါတဲ့အစာကိုပဲ ရွေးတတ်ကြပါတယ်။ ဒါ့ကြောင့်အကောင်းဆုံးက ညလယ်စာစားတတ်တဲ့ အကျင့်ရှိ သူတွေက အဲဒီအကျင့်ကို ဖျောက်နိုင်ရင်အကောင်းဆုံးဖြစ်သလို အတတ်နိုင်ဆုံး ညနေစာ၊ ညစာတွေ ကိုတောင်မှ လျှော့စားစေချင်ပါတယ်။ မနက်စာကောင်းကောင်းစားနိုင်တဲ့သူက အလေးချိန် ပိုထိန်းနိုင် တာကို ပတ်ဝန်းကျင်ကိုအကဲခတ်တာနဲ့ မြင်နိုင်ပါလိမ့်မယ်။ 


စံတော်ချိန်သတင်းစာ
ဇွန် (၆) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Sunday, June 15, 2014

ဝမ်းဗိုက် အဆီကျ စေမည့် အထူး အစား အစာများ...........................


Bookmark and Share [ ]

ဝမ်းဗိုက် အဆီကို ချဖို့ ခက်ခဲနေ ပါသလား။ ကိုယ်လက် ဖောရောင်ခြင်းနဲ့ ဝမ်းဗိုက် အဆီများ လျှော့ချရန် အ
ထူးကောင်းသော အစား အစာ များကို စားကြည့် လိုက်ပါ။


လက်ဖက်ရည်ကြမ်း (Green Tea)

လက်ဖက် ရည်ကြမ်း သောက်ခြင်းဖြင့် ကိုယ်လက် ဖောရောင်ခြင်းကို လျော့ကျ စေမည့် အပြင် သင်၏ ဗိုက်
သားအဆီပြင်ကိုလည်း ကျစေမည်ဖြစ်သည်။ လက်ဖက်ရည်ကြမ်းတွင် ကိုယ်ခန္ဓာရောင်ရမ်းမှုကို ကာကွယ်
နိုင်သော သဘာဝ ပစ္စည်းများပါဝင်သည်။ ယင်းတွင်ပါဝင်သည့် EGCG ဟုခေါ်သော ဒြပ်ပေါင်းက ခန္ဓာကိုယ် အဆီများကို လျော့ကျစေနိုင် သည်။


အိုမီဂါ - ၃ ကြွယ်ဝသော အစားအစာများ

အိုမီဂါ-၃ ကြွယ်ဝစွာပါဝင်သော သစ်ကြားသီး၊ နှမ်းကြတ်စေ့နှင့် အလက်စကား ပြည်နယ်ထွက် ဆော်လ
မွန်ငါးကဲ့သို့ ငါးများကို စားသုံးခြင်းဖြင့် ကိုယ်ခန္ဓာ အဆီပိုများကို လျော့ကျစေနိုင်သည်။


ကြက်သွန်ဖြူ

သဘာဝ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းနှင့် သွေးထဲ သကြားပါဝင်မှုကို ထိန်းညှိပေးသော အစားအသောက်
အဖြစ် ကြက်သွန်ဖြူကိုစားပါ။ သွေးထဲသကြားပါဝင်မှုနှင့် အင်ဆူလင်ပါဝင်မှုအဆင့်ကို ထိန်းချုပ်ခြင်းဖြင့်
သင်၏ခန္ဓာကိုယ်စွမ်းအင်အတွက် အဆီလောင်ကျွမ်းမှုကို အမြင့်မားဆုံးဖြစ်စေမည့်ရလဒ်အနေဖြင့် ဝမ်း
က်အဆီများလျော့ကျသွားမည်ဖြစ်သည်။ ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အားကောင်းစေသည့်
ခန္ဓာကိုယ်အပူထုတ်လုပ်မှုကို ဖြစ်ပေါ်စေသည်။


ပူဒီနာရွက်

ပျားရည် တစ်ဇွန်းတွင် ငရုတ်ကောင်း အနည်းငယ် ထည့်ပါ။ နုပ် နုပ်စဉ်း ထားသော ပူဒီနာ အရွက်များကို
ရေနွေး တစ်ခွက်နှင့်ရောမွှေ လိုက်ပါ။ ငါးမိနစ်ခန့်ထားပြီးနောက် ဗိုက်အဆီကျရန်သောက်သုံးနိုင် သည်။


သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေထဲတွင် ငါးမိနစ်ခန့်စိမ်လိုက်ပါ။ ပျားရည်တစ်ဇွန်း
ထပ်ထည့်ပြီး နံနက်စာမစားမီနှင့် ညအိပ်ရာမဝင်မီသောက်ပါက ဗိုက်သားအဆီကို ကျစေသည်။


ဖရဲသီး

အစားအသောက်ကို အစာအိမ်က များများ မတောင်းဆိုရန် ကူညီ နိုင်မည့် ရေဓာတ် ၈၂ ရာခိုင်နှုန်း ဖရဲသီး တွင်ပါဝင်သည်။ ကျန်းမာရေး အကျိုးကျေးဇူးရှိသည့် ဗီတာမင်စီလည်း ဖရဲသီးတွင်ပါဝင်သည်။

ကျန်းမာရေးနှင့် ညီသော ဓာတ်စာ စားရန် အစီအစဉ် ရှိပါက ဖရဲသီးမှာ အကျန်းမာဆုံးဖြစ်စေမည့် အစားအ
သောက်များအနက် တစ်မျိုးဖြစ်သည်။ နေ့လယ်စာအဆာပြေ စားသောက်ရန်လည်း အထူးကောင်းမွန်သော အသီးဖြစ်သည်။


ပန်းသီး

ပန်းသီး ပုံမှန်စားပေးခြင်းဖြင့် ရောဂါဘယများစွာကို တိုက်ဖျက်ရန် အကူအညီဖြစ်စေသည်။ ဝမ်းဗိုက်အဆီ
ချရန်လည်း ကူညီနိုင်သည်။ ပန်းသီးတွင် ပိုတက်စီယမ်နှင့် ဗီတာမင်များစွာပါဝင်သဖြင့် ဗိုက်မဆာစေရန်
ကူညီနိုင်သည်။ ထို့ကြောင့် သင်ဆန္ဒရှိသော ဗိုက်သားပြင်ရရှိစေရန် ပန်းသီးများကို မနက်စာအဖြစ်စားပါ။


ငှက်ပျောသီး

ပန်းသီးများကဲ့သို့ပင် ငှက်ပျောသီးများတွင် ပိုတက်စီယမ်နှင့် ဗီတာမင် များစွာပါဝင်သည်။ ငှက်ပျောသီးများ
စားခြင်းဖြင့် ဗိုက်ပြည့် စေမည်ဖြစ်ကာ အမြန်ပြင် အစား အစာများ စားလိုခြင်းကို ကာကွယ်ရန် ကူညီနိုင်
သည်။ ထို့အပြင် ငှက်ပျောသီးမှာ ဇီဝဖြစ်ပျက်မှုနှုန်း မြင့်မားစေပြီး ဝမ်းဗိုက်အဆီကို လျော့ကျစေနိုင်သည်။

—Ref: Internet

7Day News Journal မှ ကူးယူ မျှဝေသည်။

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဝမ်းဗိုက် အဆီကျ စေမည့် အထူး အစား အစာများ http://www.simon-vlog.com/2014/06/blog-post_9997.html#ixzz34e3qzXB1
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

Wednesday, June 11, 2014

လေ့ကျင့်ခန်းလုပ်ရာမှာ ဘယ်တော့မှ မ၀တ်သင့်တဲ့ အရာတွေ................



Posted by: Ko Myo on Tuesday, June 10, 2014 Categories:

Angel on 2014-06-10 16:00

အားကစားနည်းတစ်ခုကို လုပ်တော့မယ်ဆိုရင် စိတ်ဓာတ်ခွန်အားကလည်း ပြီးဆုံးတိုင် အောင်မြင်ဖို့  အရေးကြီးဆုံးဖြစ်သလို သင် ရဲ့ အ၀တ်အစားကလည်း အရေးကြီးပါတယ်။ ပွပွယောင်းယောင်းရှိတဲ့ အားကစား ဘောင်းဘီနဲ့ ချည်သား တီရှပ်တို့ က သက်တောင့်သက်သာရှိနိုင်ပေမယ့် သင့်ရဲ့ ကိုယ်ခန္ဓာ ကိုလည်း အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

မှန်ကန်သင့်တော်တဲ့ လေ့ကျင့်ခန်းဝတ်စုံက ချွေးစုပ်လွယ်သလို ကိုယ်လက်လှုပ်ရှားမှုကိုလည်း လွတ် လွတ် လပ်လပ်လုပ်နိုင်ပြီး ထိခိုက်လွယ်တဲ့အသားအရေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။ ကဲ အားကစား ခန်းမကို မသွားခင် ဘယ်တော့မှ မ၀တ်သွားသင့်တဲ့ အ၀တ်အစားတွေကို ကြည့်ရအောင်။

၁။ ၁၀၀ ရာခိုင်နှုန်း ချည်ထည် အ၀တ်အစားတွေ

၁၀၀ ရာခိုင်နှုန်းချည်ထည်နဲ့ လုပ်ထားတဲ့ လေ့ကျင့်ခန်းဝတ်စုံကို ရှောင်ကြဉ်ပါ။ ဒီချည်ထည်အမျှင်တွေဟာ အေးအေးလူလူနဲ့ သက်တောင့်သက်သာဖြစ်တယ်လို့ ထင်ရပေမယ့် ချည်ထည်ဟာ ချွေးတွေကို စုပ်ယူ ထားပြီး ခြောက်သွေ့ တာနှေးကွေးပါတယ်။ ဒါကြောင့် သင်ဟာ ချွေးတွေရွှဲနေသလိုဖြစ်နေပြီး ခန္ဓာကိုယ် က လေးလံနေ ပါလိမ့်မယ်။ ချွေးတွေစိုစွတ်နေတဲ့ ချည်ထည်ကြောင့် အအေးမိနိုင်ပြီး အရေပြားကျိန်းစပ် တာ၊ အရေပြား ပွန်းတိုက်တာတွေဖြစ်နိုင်ပါတယ်။ ချည်ထည်အ၀တ်အစားတွေအစား ပေါ့ပါးပြီး ချွေးစုပ် လွယ်၊ ခြောက်သွေ့  မြန်တဲ့ အထည်ကို လဲလိုက်ပါ။

၂။ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဖိနပ်

ဖိနပ်က အောက်သားရေပြားကွာနေတဲ့အချိန်ထိ၊ ဒါမှမဟုတ် ခြေချောင်းလေးတွေ ထွက်နေတဲ့အထိ ဖိနပ်တွေကို မလွှင့်ပစ်ဘူးဆိုရင်တော့ သင့်ခြေထောက်ကို ဒုက္ခပေးနေတာပဲ။ သားရေဖတ်ကွာနေတဲ့ ဖိနပ်နဲ့  ခြေကောက်ကြောကို အထောက်အပံ့မပေးနိုင်တဲ့ ဖိနပ်တွေကြောင့် အရိုးအဆစ်တွေ ထိခိုက်စေနိုင်ပါတယ်။ နယူးယောခ့်မြို့ က တစ်ကိုယ်ရည်သင်တန်းဆရာ Melissa Paris က မိုင် ၅၀၀ ပြည့်ပြီးတိုင်း တင်းနစ်ဖိနပ်တွေ ကို လဲသင့်တယ်လို့ ဆိုပါတယ်။ တစ်ပတ်မှာ ခြောက်ရက်၊ခုနှစ် ရက်လောက် ပြေးမယ်ဆိုရင်တော့ သုံးလတစ်ကြိမ် လောက်လဲလှယ်သင့်တယ်လို့ အကြုံပြုခဲ့ပါတယ်။

၃။ သက်တောင့်သက်တာမဖြစ်တဲ့ အားကစားဘရာစီယာ

သက်တောင့်သက်သာမရှိဘဲ တစ်ခုခုကို ထိတ်တလန့် လန့် ဖြစ်နေရင် စွမ်းသလောက် လေ့ကျင့်ခန်းတွေ လုပ်နိုင်မှာမဟုတ်ပါဘူး။ အိပ်ထမတင်လိုမျိုး လေ့ကျင့်ခန်းတွေမှာ ကောင်းမွန်တဲ့ အားကစားဘရာစီယာ က သင့်ရဲ့ ရင်ပတ်က တစ်သျှူးတွေနဲ့ အရွတ် တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ အသင့်တော်ဆုံး ဘရာစီယာ ကို ရွေးချယ်ဖို့ အတွက် သင့်ရဲ့ ပုံမှန်လေ့ကျင့်ခန်းအမျိုးအစား နဲ့ ခန္ဓာကိုယ် အသွင်အပြင်ကို အဓိက ထားပါ။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် ကြိုးပတ်အပြားကြီးတဲ့ အမျိုးအစားကို ရွေးချယ် သင့်ပြီး ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ပခုံးမှာတင် စုမနေစေဘဲ ပျံ့ နှံ့ သွားစေဖို့ ဖြစ်ပါတယ်။ ဘရာစီယာရဲ့ အောက်ခြေမှာ အပတ်ပြားပါတဲ့ ဘရာစီယာမျိုးက လေ့ကျင့်ခန်းလုပ်ရာမှာ အကောင်းဆုံးအထောက်အ ကူဖြစ်စေနိုင်ပါတယ်။

၎။ လက်ဝတ်လက်စားတွေ

တိုးလို့ တွဲလောင်းဖြစ်ဖြစ် ဖောက်ချိတ်ထားတာဖြစ်ဖြစ် လက်ဝတ်တန်ဆာတွေအတွက် Gym ခန်းမမှာ နေရာမရှိပါဘူး။ “ လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ဖြစ်မယ့်ပစ္စည်းတွေ၊ လေ့ကျင့်ခန်းကို အာရုံ မရောက်ဘဲ အဲ့ဒီဘက်အာရုံရောက်နေမယ့်ပစ္စည်းတွေကို အိမ်မှာပဲ ထားခဲ့သင့်ပါတယ်” လို့ Paris Matthews က ပြောကြားခဲ့ပါတယ်။ လက်ထပ်လက်စွပ်အပါအ၀င် လက်စွပ်တွေဟာ အတင်၊အချ လေ့ကျင့်ခန်းလုပ်ရာမှာ သက်တောင့်သက်တာမဖြစ်စေဘဲ ဒုက္ခတွေ့ စေနိုင်ပါတယ်။ ယောဂ နဲ့ လက်ထောက် လေ့ကျင့်ခန်းတွေမှာ ဒါတွေက ထိခိုက်မိစေနိုင်ပါတယ်။ ဒါကြောင့် လက်ဝတ်တန် ဆာတွေ ကို အိတ်ထဲမှာဖြစ်ဖြစ် လော့ခ်ကာ ထဲမှာဖြစ်ဖြစ် သိမ်းထားတာ အကောင်းဆုံးပါပဲ။


Ref: womenshealthmag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Wednesday, June 4, 2014

မြန်မာနိုင်ငံ မှ ကွမ်းစားသူ ၁ဝဝ ၌ ၃၄ ဦးနှုန်း ခံတွင်း ကင်ဆာ ဖြစ်ပွားနေ ............


3 June 2014 15:33(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)

 မြန်မာနိုင်ငံ၌ အသက် ၄၅ နှစ်မှ ၆၅ နှစ်အရွယ်တို့တွင် ထက်ဝက်ခန့်မှာ ခံတွင်းကင်ဆာ ခံစားနေရ ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ စာရင်းများအရ သိရသည်။
ခံတွင်းကင်ဆာ ဖြစ်ရခြင်း အကြောင်းအရင်းများတွင် ကွမ်းစား သုံးခြင်း၊ ဆေးလိပ် သောက် သုံးခြင်း တို့ကြောင့်ဖြစ်ပြီး ကွမ်း တစ်မျိုးတည်း စားသုံးသူ ၁ဝဝ တွင် ၃၄ ဦးနှုန်းဖြင့် ခံတွင်းကင်ဆာ အများဆုံးဖြစ်နေပြီး ဆေးလိပ်နှင့်ကွမ်း နှစ်မျိုးလုံးသုံးစွဲ သူ ၁ဝဝ တွင် ၂၂ ဦးနှုန်း၊ ဆေးလိပ်တစ်မျိုးတည်း သုံးစွဲသူ ၁ဝဝ တွင် ၁၉ ဦးနှုန်း ရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးတို့၏ အန္တရာယ်နှင့် ပတ်သက်၍ ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ပြည်သူ့ ဆေးရုံများ ၌လည်း ဆေးလိပ်နှင့် ကွမ်းယာ သုံးစွဲခြင်းကို ဖြတ်ပေးနေကြောင်း သိရသည်။

''ဆေးရုံတွေမှာတော့ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ အမြဲတမ်းလုပ်ပါတယ်။ နယ်တွေမှာလည်း သွားလုပ်ဖြစ်ပါတယ်''ဟု အင်းစိန် ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာ ဒေါ်တင့်တင့်ကြည်က ပြောကြား သည်။ ဆေးလိပ်တွင် အဆိပ်သင့်စေသော ပစ္စည်းများဖြစ်သည့် နီကိုတင်းအပြင် ဖော်မလင်ဆေးရည်၊ သန့်စင်ခန်းသုံးဆေး၊ ကြွက်သတ်ဆေး၊ လက်သည်းဆိုး သန့်စင်ဆေး၊ ကားမောင်းလျှင် ထွက်သော ဓာတ်ငွေ့၊ မီးခိုးငွေ့၊ ကတ္တရာဆေးချေး၊ အိမ်သုတ်ဆေး၊ ဓာတ်မြေသြဇာတွင် ပါဝင်သော ဓာတ်ပစ္စည်းတို့ ပါဝင်သဖြင့် ကင်ဆာရောဂါ ဖြစ်ပွားစေ ကြောင်းကိုလည်း သိရသည်။ ကွမ်းစားရာတွင် ပါဝင်သည့် ဆေးရွက်ကြီးကြောင့် ကင်ဆာရောဂါ အဓိက ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။ ခံတွင်းကင်ဆာ ဖြစ်ပွားမှုသည် အမျိုးသားများတွင် အဖြစ်များကြောင်း သိရသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် အမျိုးသား ၃ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁ ဒသမ ၈ ရာခိုင်နှုန်းမှ ၁၅ ဒသမ ၆ ရာခိုင်နှုန်းသည် ဆေးလိပ်နှင့် ဆေးရွက်ကြီး တစ်မျိုးမျိုးကို သုံးစွဲ နေကြကြောင်း (WHO) ၌ ဖော်ပြ ထားသည်။

မြ၀တီ

Sunday, May 25, 2014

သွေးအတွင်း ကိုလက်စထရောများခြင်းက သားသမီးရနိုင်ခြေကို ထိခိုက်စေနိုင် ...................


Posted by: Ko Myo on Saturday, May 24, 2014 Categories:
သွေးထဲတွင် ကိုလက်စထရောဓာတ် များပြားခြင်းသည် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း လူအများ လက်ခံထားပြီး ဖြစ်သည်။ သို့သော်လည်း ယင်းအခြေအနေထက် ပိုမိုသော ဆိုးကျိုးတစ်ရပ်အဖြစ် လူသားတစ်ဦး၏ မျိုးပွားမှု စွမ်းရည်ကိုပါ ကျဆင်းစေကြောင်း ပညာရှင်များက သတိပေး ပြောကြားလိုက် သည်။ သွေးကြောနံရံများတွင် အဆီစုသည်အထိ ကိုလက်စထရော ပမာဏ များပြားနေသော အမျိုးသမီး များတွင် ပြုလုပ်ခဲ့သော လေ့လာမှုများအရ ယင်းတို့၏ သားသမီးရနိုင်ခြေသည် သာမန်ထက် သိသိ သာသာ လျော့ကျသွားကြောင်း သိရှိရသည်။



အကယ်၍ ယင်းအမျိုးသမီးများ၏ မိတ်ဖက်အမျိုးသားသည်လည်း ကိုလက်စထရော ပမာဏ ကြွယ်ကြွယ်ဝဝ စုဆောင်းထိန်းသိမ်းထားသူ ဖြစ်နေပါက သားသမီး ထွန်းကားနိုင်ခြေသည် သုညရာခိုင်နှုန်း နီးပါးထိ လျော့ နည်းသွားလိမ့်မည်ဟု အမေရိကန် ကျန်းမာရေး သုတေသီများက မှတ်ချက်ပြုခဲ့သည်။ အမေရိကန် အစိုးရ၏ ကျန်းမာရေး သုတေသန ဌာနမှ ပညာရှင်များသည် သားသမီးယူရန် ကြိုးစားနေသည့် စုံတွဲပေါင်း (၄၀၁)တွဲ ၏ အနေအထားကို လေ့လာဆန်းစစ်ခဲ့ကြသည်။ ယင်းတို့အားလုံးသည် အသက်(၁၈)နှစ်နှင့် (၄၄)နှစ်ကြား အရွယ်များ ဖြစ်ကြသည်။ (၁)နှစ်အကြာတွင် အမျိုးသမီး (၃၄၇)ဦး ကိုယ်ဝန်ရလာပြီး (၅၄)ဦးမှာမူ ကလေး မရကြချေ။ သုတေသီများက အဆိုပါစုံတွဲ အားလုံးထံမှ သွေးနမူနာများကို ရယူကာ တိုက်ဆိုင် စစ်ဆေးပြီးနောက် သွေးထဲတွင် ကိုလက်စထရောဓာတ် များပြားခြင်းသည် ကလေးရနိုင်ခြေ နည်းပါးခြင်း အပေါ် တိုက်ရိုက် အချိုးကျနေကြောင်း တွေ့ရှိခဲ့သည်။

သုတေသီ တစ်ဦးဖြစ်သည့် ဒေါက်တာ အင်းနရစ် ရှိန်စတာမန်းက “ကိုလက်စထရော အရမ်းများရင် နှလုံး မှာ ရောဂါတွေဖြစ်အောင် အားပေးရာရောက်မှန်း သိထားပြီးသားပါ။ ဒါပေမဲ့ လက်ရှိ အချက်အလက်တွေ အရ ဒီအခြေအနေဟာ နှလုံးသွေးကြောတွေ အတွက်ပဲ အန္တရာယ်များတာ မဟုတ်ဘူး။ စုံတွဲတွေရဲ့ သားသမီးရနိုင်ခြေကိုပါ လျော့ကျသွားစေကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သားသမီးရချင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့သွေးထဲမှာ ကိုလက်စထရော ပါဝင်မှုဟာ လက်ခံနိုင်လောက်တဲ့ အဆင့်မျိုး ရှိနေတာ သေချာစေဖို့ သတိပြုသင့်ပါတယ်”ဟု အကြံပြုခဲ့သည်။ ကိုလက်စထရော များပြားခြင်း သည် မျိုးပွားမှု စွမ်းရည်ကို အဘယ်ကြောင့် ထိခိုက်စေကြောင်း တိတိကျကျ မသိရသေးသော်လည်း ၎င်းတွင် ပါဝင်သည့် အဆီဆန်ဆန် ပစ္စည်းများက Oestrogenနှင့် Testosteroneတို့ကဲ့သို့ လိင်ပိုင်းဆိုင်ရာ ဟိုမုန်းများ ပေါင်းစပ်ဖွဲ့စည်းမှုကို ဟန့်တားနှောင့်ယှက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပညာရှင်များ က ကောက်ချက်ချထားသည်။

Planet Myanmar Network
May 24 14
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Thursday, May 22, 2014

အမျိုးသား သွေးဆုံးခြင်း ၊ အမျိုးသမီး သွေးဆုံးခြင်း ..........................


အမျိုးသမီးသွေးဆုံးတာကို လူတွေသိမြင် တာ လွယ်ကူတယ်။ အသက် ၁ဝ နှစ် ကျော် ရာသီစလာချိန်ကစလို့ အသက်(၄၅-၅ဝ)နှစ် အထိ မီးယပ်သွေး လစဉ်လာတဲ့ကာလဟာ အမျိုးသမီး ကိုယ်ဝန်ရနိုင်တဲ့ ကာလဖြစ်တယ်။ အမျိုးသမီးများ ရာသီ ဆုံးတာ တစ်ယောက်နဲ့တစ်ယောက် မတူညီဘူး။ မိခင် မျိုးရိုးနဲ့ဆိုင်တယ်။ မိခင်၊ အဘွားလုပ်သူက အသက် ၅ဝ ရောက်မှသွေးဆုံးရင် မိမိလည်း ၅ဝမှာ သွေးဆုံးနိုင် တယ်။ မီးယပ်ပြီးဆုံးချိန် စိတ်ခံစားချက်ချင်း မတူညီကြ ဘူး။ တချို့က မစွမ်းဆောင်နိုင်တော့ဘူး စသဖြင့် စိတ် ကျရောဂါရကာ အဘွားအိုပုံစံနေထိုင်လာတယ်။ တချို့ က အသိပညာတိုးပွားလို့ တတ်စွမ်းတဲ့ပညာနဲ့ လူ့ဘဝ စတင်ပြီလို့ခံယူကာ အများကောင်းကျိုး၊ မိသားစုကောင်း ကျိုး ပိုမိုဆောင်ရွက်နိုင်တာ တွေ့ရတယ်။

မဟော်မုန်း
မဟော်မုန်းအီစထရိုဂျင်ထုတ်လုပ်မှုနှေး ကွေးလာလို့ ခန္ဓာကိုယ်အားအင်ယုတ်လျော့ကာ သွေးဆုံး မီးယပ်လက္ခဏာများ ပေါ်လာတယ်။
ချက်ချင်းပူ လိုက်၊ အေးလိုက်ဖြစ်ပြီး အိပ်မပျော် ခေါင်းကိုက်ကာ စိတ်တို၊ ဒေါသထွက်တာများရင် သွေးဆုံးလက္ခဏာများ ပေါ်လာတယ်ဆိုတယ်။ အရေပြားကျုံ့နိုင်၊ ဆန့်နိုင်မှု ပျောက်ကာ သတိမေ့တတ်တယ်။ အလိုမကျတာတွေ များတယ်။

ဓာတ်စာ
သွေးဆုံးမီးယပ်ဓာတ်စာတွေက ဆန်လုံးညို၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပဲတောင့်၊ ပဲသီး၊ မုန်လာဥဝါ၊ ရှောက်၊ သံပုရာ၊ ပြောင်းမှုန့်၊ မြင်းစားဂျုံမှုန့်၊ အာလူး၊ စမုန်နက်၊ ပဲပိစပ်တို့ပါတဲ့အစားအစာ စားသင့်တယ်။ ပဲပိစပ်မှာ ဂျင်နီစတိန်း (Genistein) ဓာတ်ပါဝင်တာ၊ အီစထရိုဂျင်ဓာတ် အများကြီးပါဝင်တယ်။ ယင်းဓာတ် ဟာ အီစထရိုဂျင်လိုပဲ အသက်အရွယ်ကြီး လို့ဖြစ်တဲ့ အရိုးပွရောဂါနဲ့ အခြားရောဂါမဖြစ်အောင် ကာကွယ် ပေးတယ်။ အခြားပဲသီး၊ ပဲတောင့်၊ ပဲစေ့တွေလည်းပါတယ်။ နေ့စဉ်နာရီဝက်လေ့ကျင့်ခန်း၊ အပြေးလမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်ပါတယ်။

အမျိုးသမီးမီးယပ်ဆုံးချိန်
အမျိုးသမီးတွေ ကာမဆန္ဒ ကျဆင်းယုတ်လျော့သွားတယ်။ ကျဆင်းရတာက အီ စထရိုဂျင်၊ တက်စထရိုစတုန်းဟော်မုန်းများ လျော့ကျ သွားလို့ဖြစ်တယ်။ သည်ဖြစ်စဉ်ပံ့ပိုးနေတဲ့အကြောင်း တွေထဲမှာ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှု၊ ကိုယ့်ပုံရိပ် ကိုယ်ဖော်ရမှာညံ့ဖျင်းမှုနဲ့ အသက်အရွယ်ကြီးရင့်တဲ့ ခင်ပွန်းသည်ဖြစ်နေမှုတို့လို့ ဆိုထားတယ်။ ဟော်မုန်း ဓာတ်ကြောင့် ကာမဆန္ဒလျော့နည်းကာမဖြစ်ဖို့ 'မ' ဆန္ဒ အားဆေး (Fenicnineesire)ေ ဆးညွှန်းနိုင်တယ်။ ဟော် မုန်း (Endocrne) ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသလို ခွန်အားစွမ်းပကားနဲ့ သဘာဝဆန္ဒဖြစ်လာအောင် လှုံ့ ဆော်ပေးတယ်။ ဆိတ်ချေးပင် (Homy Goat Seed) အပင်ဟာ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ ကျားရော၊ မပါ သုံးနိုင်တယ်။ ကာမလှုံ့ဆော်မှု အားပေးတယ်။

ကျားဘဝ
အမျိုးသားသွေးဆုံးချိန်ဟာ အသက်၄၅-၅၅နှစ် အတွင်းဖြစ်တတ်တယ်။ ပျမ်းမျှ၅၁နှစ်သတ်မှတ် တယ်။ အမျိုးသားတစ်ယောက် ၁၂-၁၄နှစ်အရွယ် သုက် စတင်တဲ့အရွယ်ကစပြီး အိမ်ထောင်ကျပြီးချိန်မှစ၍ လိင် ကိစ္စအသုံးချများရင် ယောက်ျားသွေးဆုံးချိန်စောပြီး ခံစားရတယ်။ အမျိုးသားဟော်မုန်းထွက်နှုန်းဟာ တစ် နှစ်မှာ ၁-၁ဝရာခိုင်နှုန်းလျော့နည်းပြီး တချို့ အသက် ၆ဝ-၇ဝအထိ စွမ်းရည်မကျတတ်ဘဲ (သို့)ဟော်မုန်းလျော့ နည်းချိန်များရင် အမျိုးသားသွေးဆုံးချိန်ဖြစ်နိုင်ခြေများ တယ်။ အမျိုးသားသွေးဆုံးချိန်ဟာ တဖြည်းဖြည်းချင်း သာခံစားရလို့ ချက်ချင်းသတိမထားမိဘူး။ အိုမင်းခြင်း နဲ့ဆက်နွှယ်နေတဲ့ အမျိုးသားသွေးဆုံးဝေဒနာဟာ အ မျိုးသားစွမ်းအားကို 'ဖွဲတစ်ဆုပ်နိုင်ရင်ဖြစ်တယ်'ဆို စကားရှိတာနဲ့အညီ သေဆုံးချိန်အထိ သုက်ရည်ထွက် နိုင်ပြီး အသက်ကြီးလာတာ နဲ့အမျှ အကြိမ်နည်းလာ ခြင်း၊ Sperm စပန်းသုက် ကောင်အရေအတွက် နည်း လာခြင်းဖြစ်လာတယ်။

ဆီးကျိတ်
အသက်၆ဝ ကျော်ရင် ဆီးကျိတ်ရာခိုင် နှုန်း ၆ဝ ကြီးတယ်။ အ သက်၇ဝမှ ရာခိုင်နှုန်း ၇ဝ ခန့် အသက် ၈ဝ-၉ဝမှာ ဆီးကျိတ်၈ဝ-၉၅ရာခိုင် နှုန်း ဆီးကျိတ်ကြီးလာကြ တယ်။ ဆီးကျိတ်ကြီးလို့ ကာမဆက်ဆံလိုစိတ် များ တတ်တယ်။ ယင်းရောဂါ ဖြစ်ပြီး ကင်ဆာမဖြစ်ခင် ခွဲစိတ်ထားဖို့ လိုတယ်။ ရောဂါကြောင့် ကာမဆက် ဆံချင်တာကို အမျိုးသမီး နဲ့ မိသားစုဝင်များက သ ဘောမပေါက်၊ မကုဘဲ ထားရင် အသက်ကြီးမှ မု ဒိမ်းမှုကျူးလွန်တဲ့အထိ ဘေးထွက်ဆိုးကျိုးခံစား ရရှိစေတယ်။

သွးဆုံးလက္ခဏာများ
သွေးဆုံးလက္ခဏာများ မှာ ရူပရုပ်သွင်ပြောင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာပြောင်း ခြင်းဖြစ်တယ်။ ရုပ်အသွင် ပြောင်းခြင်းမှာ သွားလာ လုပ်ကိုင်မှု နှေးကွေးခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ် ခြင်း၊ လိင်ပိုင်းဆိုင်ရာဆန္ဒ လျော့နည်းခြင်း၊ လိင်ကိစ္စ ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခြင်း၊ ပန်းသေ ပန်းညှိုး ရောဂါဖြစ်ခြင်း၊ အားမရှိသကဲ့သို့ခံစားရခြင်း၊ မောပန်း လွယ်ခြင်းတို့ ဖြစ်စေတယ်။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲ ခြင်းမှာ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ မေ့လွယ်ခြင်း၊ စိတ်ဆိုးလွယ်၊ ဒေါသဖြစ်လွယ်ခြင်း၊ အိုမင်းလာသည့် အတွက် အိမ်ထောင်ဖက်မှ စိတ်ဝင်စားမှု လျော့နည်း လာမည်ကိုစိုးရိမ်ပြီး အိမ်ထောင်ဖက်အား စိတ်မချခြင်း၊အခြားယောက်ျားနှင့် ပေါင်းသင်းပြောဆိုမှု၌ မကျေနပ် ခြင်း၊ မိမိကိုယ်မိမိစွမ်းဆောင်ရည်မရှိတော့ဟုထင်ပြီး စိတ်ဓာတ်ကျခြင်း၊ အလွန်အမင်းဒေါသထွက်ကာ စိတ် လိုက်မာန်ပါပြုလုပ်တတ်ခြင်းတို့ဖြစ်ရာ မိသားစုအသိုင်း အဝိုင်းက နားလည်စွာဖြင့် ဝိုင်းဝန်းကူညီဖေးမစောင့် ရှောက်ဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာဆိုးရွား (အိပ်မ ပျော်)ရင် ဆရာဝန်နှင့်ပြသကုသမှုခံသင့် တယ်။ ကုသမှု မခံရင် နောက်ဆုံးပန်းသေပန်းညှိုးခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ စိတ္တဇရောဂါရ အိပ်မပျော်ခြင်းဖြစ်တယ်။

ဓာတ်စာ
အမျိုးသားအားအင်ကုန်ခန်းမှု(သို့)ကျား သွေးဆုံးမှုကို ဆတ်ချိုနု၊ ဂျင်ဆင်းမြစ်၊ ရဲယိုမြစ်၊တရုတ်ဆယ်နဂါး(အစေးဖြူထွက်)နဲ့ သွေးလှည့်ပတ်မှု ကောင်းအောင် ဝှေးစေ့ရဲ့လုပ်ငန်းလှုံ့ဆော်ပေးအောင် ဟော်မုန်းစနစ်လှုံ့ဆော်ပေးအောင် သုံးတတ်ကြတယ်။ အင်ဒရိုဂျင်နဲ့တူတဲ့ဓာတ်ပါလို့ စားသင့်တယ်။ ယောက်ျား အင်္ဂါထူထောင်ဖို့မဖြစ်တဲ့သူများအတွက် နှလုံးသွေးလွှတ် ကြောများ ကျန်းမာရေး၊ သွေးလှည့်ပတ်မှုကောင်းဖို့ နေ့ စဉ်တစ်နာရီခန့် လေ့ကျင့်ခန်း(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး)လုပ်သင့်တယ်။ စိတ်ဖိစီးမှုလျှော့ချပြီး အိပ် ရေးဝဝ အိပ်သင့်တယ်။

ဓာတ်စာ
ကမာ၊ ရွှေဖရုံစေ့၊ နေကြာစေ့၊ မြေပဲဆန်၊ သီ ဟိုဠ်စေ့၊ ပဲသီး၊ ပဲတောင့်၊ ဆန်လုံးညိုနဲ့ ဂျုံပင်ပေါက် စားပေးနိုင်တယ်။ ဗစ်ရာဂလာ (Viagra) ကာမဆေး သုံးသင့် သုံးရမယ်။ အစားအစာနဲ့ ပြင်ယူသင့်တယ်။
သုံးသပ်ခြင်း။အမျိုးသမီးဖြစ်စေ၊အမျိုးသားဖြစ်စေ သွေးဆုံးရောဂါဖြစ်မှန်းမသိဖြစ်တတ်တဲ့ရောဂါဖြစ်ရင် သွေးသားကြောင့် စိတ်ဖောက်ပြန်မှုက အိမ်ထောင် ရေး မသင့်မတင့်ဖြစ်စေကာ အမျိုးသမီးသွေးဆုံးချိန် နားလည်ပေးသလို အမျိုးသားသွေးဆုံးချိန်ရောဂါဖြစ် နေကြောင်း နားလည်ခွင့်လွှတ်ပေးသင့်တယ်။
ဆးဝါးကုသခြင်း၊ တစ်ဦးနဲ့တစ်ဦး နွေးထွေး စွာဆက်ဆံခြင်းဖြင့် ကုသသလို မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ကျန်းမာရေးအသိပညာနှင့် ပူးပေါင်းစောင့် ရှောက်ခြင်းအပြင် ဘာသာရေးလိုက်စားခြင်းနဲ့ စိတ် ငြိမ်စွာထားသင့်တယ်။


ဒေါက်တာ လွင်သန့် (ဆေး - ၂)

--------------------------------------------------------------------------
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၈
https://www.facebook.com/FlowerNewsJournal
---------------------------------------------------------------------------

Friday, May 16, 2014

ကိုယ့်အိမ်က ကလေး ဘာတွေ စားနေသလဲ ...........

Friday, May 16, 2014
 ~


  အစားအစာတချို့မှာ "သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ" ပါဝင်နေတယ် ဆိုတဲ့ ကြေညာချက် တခုကို ပြန်ကြားရေးဌာနက ကြာသပတေးနေ့မှာ  ဖြန့်ပါတယ်။ 

ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများကနေ ဝယ်ယူ စစ်ဆေးရာကနေ အဲသလို တွေ့တာလို့ ဆိုတယ်။

မုန့် အတော်များများမှာ ဆိုးဆေး သုံးထားတတ်ပါတယ်။
အခု ဖော်ပြပါ ၉ မျိုးက တားမြစ်ဆေးဝါး သုံးထားတာကြောင့် ကြေညာချက်ထဲ ပါဝင်သွားတာပါ။

ကိုယ့်အိမ်က ကလေး ဘာတွေ စားနေသလဲ။
မုန့်တံဆိပ်က ထုတ်ပြန်ချက်ထဲက တံဆိပ်လား။
ကိုယ့်မီးဖိုထဲမှာ ဘာတွေ သုံးနေသလဲ။
တံဆိပ်က ထုတ်ပြန်ချက်ထဲက တံဆိပ်တွေလား။

အသိပေးကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


စားသုံးရန် မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေးကြေညာချက်
********************************************


ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

ဈေးကွက်များတွင် ရောင်းချလျက် ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများမှ ဝယ်ယူ စစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက်များ ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတု ဆိုးဆေးများကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း သတိပေး အပ်ပါသည်။

အမှတ်တံဆိပ်နှင့် အစားအသောက် အအမျိုးအစားများ

 



.

Thursday, May 15, 2014

ကိုယ်ဝန်ဆောင်စဉ် ယာဉ်မောင်းနှင်နေသူများ အထူးသတိပြုဖို့လို ...........

Posted by: Ko Myo on Wednesday, May 14, 2014 Categories:

သီဟနိုင် on 2014-05-14 12:57

ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ်အတွင်း ယာဉ်မတော်တဆမှုမှာ အပြင်းအထန်ဒဏ်ရာရခြင်း အန္တရာယ်ဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ မြင့်တက်နေတယ်လို့ ကနေဒါနိုင်ငံရဲ့ လေ့လာမှုသစ် တစ်ရပ်အရ သိရပါတယ်။

အရေးပေါ်ခန်းကိုပို့လိုက်ရတဲ့ ယာဉ်မတော်တဆမှုတစ်ခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပါဝင် ပတ်သက်နိုင်နှုန်းဟာ သာမန်အမျိုးသမီးတွေနဲ့ယှဉ်ရင် ၄၂ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက ရှာတွေ့ခဲ့ပါတယ်။

“ပုံမှန်ကိုယ်ဝန်ဆောင်မှု တစ်ခုမှာ ပင်ပန်းနွယ်နယ်မှုတွေ၊ မအီမသာဖြစ်တာတွေ၊ စိတ်အခြေအနေ မတည်ငြိမ်တာတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေ နဲ့ အနှောင့်အယှက်အာရုံတွေ အများကြီးဖြစ်နေနိုင်ပါတယ်။ ဒါတွေအားလုံးဟာ အာရုံပျက်ပြားတဲ့ ယာဉ်မောင်းနှင်မှုကို ဖြစ်လာစေနိုင်ပါတယ်။” လို့ Toronto တက္ကသိုလ်က ဦးဆောင်စာတမ်းပြုသူ ဒေါက်တာ Donald Redelmeier က ပြောပြခဲ့ပါတယ်။

Ref:uk.reuters.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)