This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 18, 2012

သတိသံဝေဂ စာချိုးလင်္ကာ

သတိသံဝေဂ စာချိုးလင်္ကာ


မရဏာသန္န သေခါနီးကာလတွင်၊
ဒါနကလည်း မပြောင်၊
သီလကလည်း အကြောင်၊
ဘာဝနာကလည်း အယောင်ယောင်၊

 
ခပ်ခြောင်ခြောင် အမှတ်တမဲ့၊
တော်အောင်သာ နေခဲ့၍၊
သေတော့မည့် အခိုက်၊
ဇောငါးတန် အဆိုက်နှင့်၊
အရှိုက်သို့ ထိခါမှ၊

 
ကျိတိကြောင်တောင်၊
နားယောင်ပတ်ကား၊
မြွေမိ ဖားကဲ့သို့၊
သွားရမယ့် ရှေ့ဘဝ၊
တွေ့ရမယ့် အခင်းတွေနှင့်၊
ပက်ပင်းပါဆုံမိပါမှ၊
သတိကြီး ရကြ၍၊
(၁) ဒါနကို ပြန်ရှု့သော်လည်း၊ ပြုဖူးသည့်ဒါနက၊ ကာလနှင့် ခပ်ရောရော၊ လောကနှင့် ခပ်ဖက်ဖက်၊ ထွေးယှက်လူးလဲ၊ အစင်ကြယ် နည်းခဲ့၍၊ စိတ်ထဲမှာ မကြည်လာ၊

(၂) သီလကိုပြန်ရှာသော်၊ လောကဓံ ခုခေတ်က၊ လူ့အဖြစ် ကြပ်လှ၍၊ တတ်သမျှ ဝစီကံ၊ အနင့်သား ဖန်နိုင်မှ၊ တော်တန်ရုံ ရှိကြတယ်။

(၃) ဓမ္မိက ကျီးပလီကဲ့သို့၊ တီတီတာတာ၊ ခရာဆန်းပြား၊ အတန်ကြီး များနိုင်မှ၊ စားရန်ဖို့-ဝတ်ရန်ဖို့၊ တချို့ပေးကမ်း၊ လူတမ်းစေ့ကာ၊ အနိုင်သာရှိကြ၍၊ သိလျက်နှင့်မိုက်ရသော၊ အတိတ်ရ ခေတ်ပေမို့၊ ဖြစ်သမျှ ကိုယ်နှတ်က၊ ဗြုတ်အတိ ပေါလှ၍၊ မနောက မကြည်သာ၊

(၄) ဘာဝနာဆိုသည်မှာ၊ မြည်ရိုးမို့ မြည်ကြသည့်၊ သမထ မနော၊ ဝိပဿနာဇောများနှင့်၊ ပကောဋိ အသင်္ချာ၊ တသက်လုံး စင်ကွာ၏။

 
(၅) ဘုရားဂုဏ် တရားဂုဏ် သံဃဂုဏ်ကို၊ အာရုံခံ အောက်မေ့ဟု၊ တထေ့ထေ့ဆိုရပါသော်လည်း၊ နဂိုရ်ရင်း ပကတိ၊ လေ့ကျက်ခြင်းမရှိ၍၊ မိအောင် မထင်ပေ။
 
(၆) ဝေပါ၏ အမျှ၊ တဖွဖွဆိုသော်လည်း၊ ထိုသူ၏၊ ဓာတ်နရက်ကို တတ်အကြပ် သိပြီမို့၊ နားညီးရုံသာ ရှိရှာသည်။
( လယ်တီဆရာတော်ကြီး )

ခက်ဆစ်
မရဏာသန္န= သေခါနီးအခါ
ဇောငါးတန်= သေခါနီကာလ၌ ဖြစ်သော စိတ်အဟုန်
ပကောဋိ =  ကုဋာ။ သန်းတရာ။
အသင်္ချာ= မရေမတွက်နိုင်
နရက်= ငရဲ

ပိုက်ရေ(၆)အဖြေ= သေချာပေါက် ငရဲကျမည့်သူဖြစ်သောကြောင့် အမျှပေးဝေသော်လည်း နားညီးရုံသာ ရှိမည်။ မကျွတ်မလွတ်နိုင် ဟုဆို။
http://www.dhammayaungchi.com/2012/04/normal-0-false-false-false-en... မှ ကူယူဖော်ပြပါသည်။

အင်တာနက်ပေါ်က Flash Song တွေကို MP3 ပြန်ပြောင်းချင်၇င်






ဒီဟာလေးကလည်း အားလုံးအတွက်  အဆင်ပြေနိုင်ပါတယ်  အင်တာနက်ပေါ်မှာ

နားထောင်နေတဲ့ သီချင်းတွေကို ဖုန်းထဲထည့်ဖို့  MP3 ပြန်ပြောင်းချင်ရယ် ရတယ်

ပြီးတော့ သီချင်ရှာရတာ အခက်ခဲရှိတယ်ဆိုရင်လည်း Flash Song တွေ ပေါတယ်

ပြန်ပြောင်းပြီး သုံးလို့ ရတယ် တစ်ခါတလေ ကျနော်လည်းသီချင်းလိုချင်တာရှာလို့ 

မလွယ်ဘူး ဒါနဲ့  Flashသီချင်းတွေကိုMP3 ပြန်ပြောင်းသုံးလိုက်တာအဆင်ပြေလို့ 

အဲ့တော့ အဆင်ပြေချင်ရင်ယူထား..................................................................။

ဒီလင့်မှာဆွဲပါ -
http://www.mediafire.com/?Flash Song to MP3

SWF to MP3 Converter Key Features


  • 

  • Easy-to-use
  • 

  • Convert SWF to MP3
  • 

  • Convert SWF to WAV
  • 

  • Support
ALL versions of SWF files
  • 

  • Support
merging multiple MP3 files into single one
  • 

  • Support
batch conversion
  • 

  • Support
command line conversion
  • 

  • Support adding
folder, so much as
Internet cache folder
  • 

  • Support drag and drop
  • 

  • Attractive and intuitive interface

ပြုပြီးသော အကုသိုလ်များကို ပယ်ဖျက်လို့ ရနိုင်ပါသလား

ပြုပြီးသော အကုသိုလ်များကို ပယ်ဖျက်လို့ ရနိုင်ပါသလား


အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် လူမှုပတ်ဝန်းကျင်မှာ နေထိုင်ကြစဉ်အတွင်း လူတိုင်းလူတိုင်းကိုယ်စီ အမှား မကင်းနိုင်ကြပါဘူး၊ အမှားဆိုတာကလဲ လောကအမှား၊ သံသရာ အမှား၊ တနည်းအားဖြင့် လောကီအမှား လောကုတ္တရာ အမှားလို့ ဆိုရမှာပါ၊ အလုပ်ထဲလုပ်ငန်းခွင်ထဲမှာ မိတ်ဆွေတွေကြားမှာ မိသားစုမှာ စသည် မှားတတ်တာမျိုးကို လောက အမှား လောကီ အမှားလို့ ဆိုနိုင်ပါတယ်၊ ပြန်လည်ပြင်ဆင်ခွင့် ရှိနိုင်ပါသေးတယ်။
သံသရာ အမှား ဆိုတာကတော့ အရိယာသူတော်ကောင်း၊ ဆရာသမား၊ လူကြီးမိဘတွေအပေါ်မှာ ကံသုံးပါး တပါးပါးနဲ့ ပြစ်မှား မိတာမျိုး၊ သူတပါးအသက် သတ်ခြင်း၊ ခိုးယူခြင်း၊ ကာမဂုဏ်မှားယွင်းမိခြင်း၊ မုသားပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စတဲ့ သီလချိုး ဖောက်ခြင်း များကတော့ ယခုလက်ရှိဘ၀မှာရော သံသရာမှာပါ အကျိုးပေးနိုင်တာမို့ သံသရာအမှား လို့ ခေါ်ဆိုရမှာ ဖြစ်ပါ တယ်၊
နောင်ဘ၀တွေမှာလဲ သူတပါးပယောဂဖြင့် သေဆုံးရခြင်း၊ ဥပစ္ဆေဒကကံကြောင့် ငယ်ငယ်ရွယ်ရွယ်သေရခြင်း၊ ရှိပြီးသား ဥစ္စာများ ဆုံးရှုံးရခြင်း၊ ယောကျာ်းမဟုတ် မိန်းမမဟုတ် နပုံးပဏ္ဍုပ်ဖြစ်ရခြင်း၊ စကားမပီမသ ထစ်အ ဆွံ့အဖြစ်တတ်ခြင်း၊ ဦးနှောက်ကျပ်မပြည့်ပဲ လူစဉ်မမှီခြင်း စတာတွေကို ဘ၀တခုခု၊ ဒါမှမဟုတ် ဘ၀ပေါင်းများစွာ ပေးဆပ်ခံကြရတာမို့ သံသရာ အမှား လို့ ဆိုသင့်လှပါတယ်၊ ၀ဋ်မှာ အမြဲ၊ ငရဲမှာ အပ ဆိုတဲ့ ရှေးစကားကလဲ ဒီလို အပြစ်တွေကို ပေးဆပ်ရခြင်းကို ရည်ရွယ်ထားတာ ဖြစ်တာကြောင့် မသိလို့ မိုက်မှားခြင်း ရှိခဲ့သော်လည်း တန်ပြန်အကျိုးပေးမှာကိုတော့ ကြောက်ရွံ့ ကြပြန်တာ သတ္တ၀ါအားလုံးပါပဲ၊
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေမှာ ကံကောင်းစေတာတခုက ဗုဒ္ဓရဲ့ တရားတော်တွေအလိုအရ  အပြစ်ရှိသော်လည်း လုံးဝ ကုစားလို့ မရတာမျိုးတော့ မဟုတ်ပါဘူး၊ ကုစားလို့ ရနိုင်ပါသေးတယ်၊ မှားမှန်းသိရင် အမှန်ပြင်ဆင်ခွင့် ရှိနိုင်ပါသေးတယ်၊ သို့သော် ဒူးထောက်ပြီး ခွင့်လွှတ်ကျေအေးတော်မူပါ ဆိုတာမျိုးလောက်နဲ့တော့ မရဘူး၊ ပြုပြီးသား အကုသိုလ်ကို လုံးဝ ကင်းစင်သွားအောင် ဆိုသည်မှာ  မြတ်စွာဘုရားကိုယ်တော်တိုင်တောင် မတတ်နိုင်ခဲ့ပါဘူး၊
အနာပေါက်ပြီးရင် အမာရွတ်တော့ ကျန်နေအုံးမှာပါ၊ အမာရွတ်က အမာရွတ်ပါပဲ၊ ထို့အတူ ပြုပြိးသား အကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်စဉ်တစ်ခုမှာ ပုံရိပ်အနေနဲ့( ကံတစ်ခုအနေနဲ့ ) ကျန်ရစ် remain ဖြစ်နေပါလိမ့်မယ်၊ လုပ်ပြီးသားကို မလုပ်ခဲ့ပါဘူး လို့ ပြောလို့မရတော့ဘူး၊ သို့သော် ရှိပြီးသား အကုသိုလ်ကို အားနည်းသွားအောင် အကျိုးမပေးနိုင် အောင် တော့ ဗုဒ္ဓတရားတော်များမှာ အခွင့်အလမ်း ရှိနေသေးတယ်၊
သတ္တ၀ါတွေကို ကံက အကျိုးပေးတယ် ဆိုရာမှာ ထိုကံကို ထောက်ပံ့ပေးနေတဲ့ နောက်ခံအကြောင်းတရားတွေ အများကြီး ရှိနေသေးတာကို ရှေးဦးစွာ လက်ခံရမှာ ဖြစ်ပါတယ်၊ အဲဒီနောက်ခံအကြောင်းတရားတွေ ဆိုတာဟာလဲ  အလွယ်ပြောရရင် ကိလေသာတွေပါ၊  အဲဒီကိလေသာတွေကို အားနည်းအောင် ကုန်ခမ်းသွားအောင် လုပ်နိုင်ရင် ဘ၀ါဘ၀ များစွာက ပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေဟာ နောက်ထပ် ဘ၀သစ်အနေနဲ့ ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ဘူး၊ ဒါကိုပဲ ကံကို သတ်ပစ်တယ် လို့ ဆိုပါတယ်၊
ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ မထေရ်ကြီးများလဲ အတိတ်ဘ၀များစွာက ကံတွေ ရှိခဲ့ကြတာမို့ ဒီဘက်ဘ၀မှာ ကံတွေရဲ့ အကျိုးပေးကို ခံကြရသေးတယ်၊ ဒါပေမယ့် နောက်ဘ၀သစ်rebirth ဖြစ်ဖို့ တဏှာ အ၀ိဇ္ဇာတွေကို ပယ်သတ်လိုက် တာကြောင့် ကံတွေဟာ အကျိုးပေးခွင့် မရရှာကြတော့ပဲ ချုပ်ငြိမ်းကုန်ကြတယ်၊
ဥပမာအားဖြင့် အညွန့်တလူလူ ဖြစ်နေဆဲ ရှင်သန်နေဆဲ သစ်ပင်လေးကို ရေနွေးပူနဲ့ လောင်းသတ်လိုက်သလို ဘ၀များစွာ က ပါလာခဲ့တဲ့ ကံတွေကို အရိယာမဂ်ဖိုလ် ဆိုတဲ့ ရေနွေးနဲ့ လောင်းလိုက်တာမို့ ပြန်လည် မရှင်သန်နိုင်တော့ဘူး၊ လုံးဝ အကျိုးမပေးနိုင်တော့ဘူး၊ မြတ်စွာဘုရားက ပြုပြီးသား အကုသိုလ်တွေကို ပယ်သတ်ဖို့ နည်းလမ်း( ၄ ) မျိုးကို သင်္ခဓမ သုတ္တန်မှာ ဟောကြားထားခဲ့တယ်၊
၁။ အကုသိုလ်ကို အကုသိုလ်မှန်း သိအောင် လုပ်ပါ၊
၂။ သိမြင်ပြီးလျင် ဒါဟာ မကောင်းဘူး လို့ လက်ခံနိုင်အောင် ကြိုးစားပါ၊
၃။  အကုသိုလ်ကို  နောက်တကြိမ် မပြုမိအောင် စောင့်စည်းပါ၊
၎။ အကုသိုလ်စိတ်ဖြစ်ပေါ်တာနဲ့ ကုသိုလ်တခုခုဖြင့် အစားထိုးလိုက်ပါ၊
အထက်ပါ အချက်လေးချက်နဲ့ ကုစားလျင် နောက်ထပ် နောက်ထပ် အကုသိုလ်တွေကို ပြုလုပ်မိတာ နည်းပါးသွားမှာ   သေချာပါတယ်၊ နောက်ဆုံးတခုကတော့ ကိလေသာတွေ အားလုံးကုန်သွားရင် ကံတွေကနေ လုံးဝလွန်မြောက်သွားတာပါ၊ ဘ၀တခုကို ဖြစ်စေမယ့် ကံတွေကနေ လွတ်မြောက်သွားတယ် လို့ ဆိုနိုင်ပါတယ်၊
သို့သော် အတိတ်ဘ၀တခုခုက ပြုလုပ်ပြီးသား အကုသိုလ်ရဲ့ အကျိုးကိုတော့ ဒီခန္ဓာကြီး ရှိနေသေးတဲ့အတွက်ကြောင့် ပ၀တ္တိအကျိုး အဖြစ် ပေးဆပ်ကြရပါအုံးမယ်၊ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတောင်မှ  ကိလေသာအားလုံး ကုန်ခမ်းသွား   ပေမယ့် ခေါင်း ကိုက်တာ၊ ခါးနာတာ၊ ၀မ်းသွေးသွန်ရောဂါခံစားရတာ၊ စသဖြင့် ပါရမီနုစဉ်က ပြုခဲ့ဖူးတဲ့ အကုသိုလ်တို့ရဲ့ ၀ဋ်ကြွေးအဖြစ်   ပေးဆပ် ရတာပဲ၊ အရှင်မောဂ္ဂလာန်မထေရ်ကြီးလဲတန်ခိုးအရာမှာ အသာဆုံး ဘွဲ့ထူးကြီး ရထားသော်လည်း  ခိုးသားငါးရာရဲ့ လက်ချက်နဲ့ ရိုက်နှက်ခံရ ထုထောင်းခံရပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့ရတာ၊
 တကယ်ဆို တန်းခိုးရှင်ကြီးပေမယ့် မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စလို့ ယူဆစရာပါ၊ မထေရ်မြတ်ကြီးဟာ နှစ်ကြိမ်တိတိ တန်ခိုးနဲ့ လွတ်မြောက်ပြီးသော်လည်း သုံးကြိမ်မြောက်မှာ ကိုယ့်ရဲ့ အတိတ်ကံတွေကို ဆင်ခြင်တော်မူပြီး ၀ဋ်ကြွေးရှိခဲ့တာကြောင့်   ပေးဆပ်ရအုံးမှာ ဆိုတာ သိရှိ ကာ  ငြိမ်ပြီး ရိုက်နှက်ခံတော်မူခဲ့တယ်၊
ဒါကြောင့် ကံရဲ့ အကျိုးဆက်တွေက ရရှိပြီးသား ဘ၀ကိုတော့ ဒုက္ခပေးနေအုံးမှာပါ၊ ရဟန္တာမထေရ်မြတ်ကြီးတွေအတွက် ယခုဘ၀မှာ လုပ်တဲ့ကံတွေကတော့ နောက်ထပ် အကျိုးမပေးနိုင်တော့ဘူး၊ နောက်ထပ် ဘ၀သစ်တခုကို ထုတ်လုပ်မပေး နိုင်တော့ဘူး၊ နောက်ဘ၀တွေမှာ ငရဲဘ၀၊ လူ့ဘ၀ စသည်ဖြင့် ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပါဘူး၊ ပ၀တ္တိအကျိုး အနေနဲ့တော့ ဒီဘ၀မှာ ဒုက္ခတွေ များစွာ ခံကြရအုံးမယ်၊ အကျဉ်းချုပ်လိုက်တော့ ပြုပြီးသား အကုသိုလ်တွေကိုတော့ deleting လုပ်လို့တော့ မရတော့ဘူး၊ isolate လုပ်ဖို့ပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်၊
မျိုးစေ့တစ်ခုကို အပင်မပေါက်စေချင်ရင် လေလုံခြောက်သွေ့တဲ့ ဖန်ပုလင်းထဲမှာ ပိတ်ထားပါက အပင်မပေါက်နိုင်ပါဘူး၊ သို့မဟုတ် မီးဖုတ်ပစ်လိုက်တယ်၊ ထုခွဲပြစ်လိုက်တယ်၊ ဖျက်ဆီးပစ်လိုက်တယ်ဆိုရင် မြေဓာတ်၊ ရေဓာတ် တွေနဲ့ မတွေ့သမျှ အပင်မပေါက်နိုင်တော့ဘူး၊ မြေရေတွေနဲ့ ထိတွေ့ခွင့်ရလျင်တော့ အပင်ပေါက်ရှင်သန်လာမှာ သေချာပါတယ်၊
အဲဒီလိုမျိုးပါပဲ ကံတွေ ဆိုတာဟာ ကိလေသာတွေနဲ့ မတွေ့တော့ရင် အကျိုးမပေးနိုင်တော့ဘူး၊ အကျိုးပေးခွင့်မရတော့ဘူး၊ ကိလေသာတွေ ရှိနေသေးသမျှ အကျိုးပေးနေပါအုံးမယ်၊ ဒါ့ကြောင့် ကိလေသာတွေ နောက်ထပ် မဖြစ်တော့အောင် ကျင့်ကြံနိုင်ပြီ အနုပါဒိသေသ နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်ပြီ ဆိုရင် ကံအားလုံး ပြတ်ဆဲပါပြီ၊
သဥပါဒိသေသ နိဗ္ဗာန်ဆိုတဲ့ ရရှိပြိးသား မဂ်ဖိုလ်များနဲ့ နိဗ္ဗာန်အငြိမ်းဓာတ်ကို ခံစားနိုင်သော်လည်း ရုပ်နာမ်ခန္ဓာကိုယ်ကြီး ထင်ရှားရှိ နေသေးတာမို့ ကာယိကဒုက္ခများကို ပေးဆပ်ကြအုံးမှာပါ၊ ယခုလက်ရှိဘ၀အပါအ၀င် နိဗ္ဗာန်မရောက်မှီ ကြား ကာလမှာ အကုသိုလ်ကို အကုသိုလ်လို့ သိခြင်း၊ ဒါမကောင်းပါလား လို့ လက်ခံပြီး နောက်ထပ် နောက်ထပ် မကျူးလွန် မိအောင် စောင့် စည်းခြင်း၊ ကုသိုလ်ကောင်းမှုများဖြင့် အစားထိုးခြင်း ဟူသော နည်းလမ်းလေးသွယ်ဖြင့် ဖြူစင်မြင့်မြတ်သော အကုသိုလ် နည်းပါးသော  ကုသိုလ်များဖြင့်သာ ထုံမွှန်းထားသော ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေ..
အထက်ပါ မေးခွန်းကို မေးလာသူများကတော့ အများအပြားပါပဲ၊ ဘယ်သူဘယ်ဝါရယ်လို့ မမှတ်မိတော့ပါ၊ အားလုံးအတွက် ရည်ရွယ်ကာ လက်လှမ်းမှီသမျှ ဖော်ပြပေးလိုက်ပါတယ်။
Rf. ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဓမ္မဗျူဟာသင်တန်းသားများ၏ အမေးကို ဖြေဆိုခြင်းကို မှီငြမ်းပါသည်။ 
မေတ္တာဖြင့်
http://www.dhammayaungchi.com/2012/04/blog-post_29.html မှ ကူယူဖောပြခြင်းဖြစ်ပါသည်။

ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ

Inbox
x

လင်းဇော်ထက် linnzawhtike@gmail.com
7:41 PM (9 minutes ago)

to mrsorcerer
စိန်မာဒင် အမည်ဖြင့် တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့ပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်မာဒင် အသက် (၇၉)နှစ်သည် ၁၃.၅.၂၀၁၂ ရက်နေ့ နံနက် (၇း၄၅) နာရီအချိန်တွင် သုခကမ္ဘာအထူးကုဆေးရုံကြီး၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ကျန်ရစ်သောရုပ်ခန္ဓာအား သယ်ဆောင်၍ ရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမ ပို့ဆောင်ပေးခဲ့ပြီး ၁၇.၅.၂၀၁၂ ရက်နေ့ နေ့လည် (၁) နာရီအချိန်၌ ရေဝေးသုဿန်တွင် ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် အနုပညာရှင်များ၊ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းများနှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများတို့မှ စည်ကားသိုက်မြိုက်စွာ ကူညီဖေးမခဲ့ကြသည်။ ဦးစိန်မာဒင်သည် “မဟာရန်ကုန်စံပြ” ဇာတ်သဘင်အား ထူထောင်ခဲ့ရာ ယနေ့ချိန်ထိ သက်တမ်း အားဖြင့် (၄၈)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ “ဖိုးတဝမ်နှင့် ရွှေမင်းသား” ဇာတ်ထုပ်၊ မြနန်းရှင် သိုက်သမိုင်းစသည့် သိုက်သမိုင်းများလည်း အောင်မြင်မှုများရရှိခဲ့ပြီး “အရိန္ဒမာ” ဇာတ်တော်ကြီးဖြင့်လည်း အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည်။ မြန်မာပြည်ရှိ ပရိသတ်များ၏ အမြင်တွင်စိမ်းနေသည့် ဘဲလေးအက အား တစ်ခေတ် တစ်ခါတုန်းက “အသည်းအေးတဲ့ ဘဲလေး” အဖြစ် မိတ်ဆက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ နာမည်ကြီး လူကြိုက်များသည့် ဇာတ်မင်းသားတစ်ယောက် ဖြစ်ရုံမက သားနှင့် မြေးများဖြစ်သည့် မိုးဝင်း၊ မိုးမင်းနှင့် ဟန်ဇာမိုးဝင်းတို့၏ ခေတ်တွင်လည်း ဇာတ်သဘင်လောက၌ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြား သူများဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပေသည်။
Inline image 1

Inline image 3
Inline image 4
Inline image 5 (ကျော်သူ)

လန်ထွက်နေသောဒီဇိုင်းများ

နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေကကြည့်ရတာအရမ်းကိုဘဲထူးခြားပါတယ်ဘယ်လိုများလုပ်ထားပါလိတ်
ကောက်ပြီးတော့တောင်နေသေးတယ် ညဘက်ဘယ်လိုမျာအိတ်ပါမလဲ
ဟီးဒါလေးကတမျိုးလေးနော်
သူကတော့လှနေရောဘဲ
ကြည့်ကြပါဦးပါးစပ်ပေါက်ဘယ်နားမှာရှိလဲလို့ 
သူကတစ်မျိုးနှုတ်ခမ်းမွှေးလား ပါးသိုင်းမွှေးလားဘယ်လိုခေါ်မလဲဗျ
ဒါကတော့ရွှေမုတ်ဆိတ်လေးပေါ့ 
သူဟာကမိုးပေါ်ကိုထောင်နေတာဘဲ ဟီးနှုတ်ခမ်းမွှေးကိုပြောတာနော် တမျိုးမထင်နဲ့ 
ဒါလေးကဘာလေးလဲသိဘူး    ......အော်နှုတ်ခမ်းမွှေးကိုး

ရှည်လိုက် သံလိုက်တာများ ငှတ်တောင်နားနေသေးတယ်နော်
နဖူးပြောင်နဲ့လိုက်ပါဗျာ

ဒါလဲတမျိုး
လှမှလှနော်
ဒီဇိုင်းတမျိုးနော် သူများနဲ့ မတူအောင်လို့ 
ဘိုကြီးလို့ ခေါ်၇မလား ဂျိုကြီးနဲ့ လို့ ခေါ်ရမလား
ဘိုနှုတ်ခမ်းမွှေးလို့ ခေါ်ရမယ်နော် သူကို

 ချောသလားဟင်
 ဘာဘူကြီးလဲလှနေတာ
 သူကလဲတမျိုးလေးပါဘဲ
 သည်ပုံများကို   amazing men  ကနေ ကူးယူဖော်ပြထားတာပါ မူ၇င်းပုံပိုင်၇ှင်များကိုလဲကျေးဇူးပါ
အားပေးကြသောသယ်၇င်းများကိုလဲ ကျေးဇူးပါ .......အလွမ်းပြေလေး............
http://www-alwanpyaelay.blogspot.com/ကိုလဲ အလည်လာရောက်ဖို့ ဖိတ်ပါတယ်နော်
ခင်မင်လေးစားစွာဖြင့်......ကိုထွန်း..........

ဂက်စ် ပိုက်လိုင်းများနဲ့ အန္တရာယ်



ခိုင်နှင်းဖြူ

• ရွှေဂက်စ် အပါအ၀င် အစရှိသဖြင့် မြန်မာ့ဓာတ်ငွေပိုက်လိုင်းနဲ့လုပ်ငန်းများ (Safety & Health)

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်ဝန်းကျင် ဟူသောခေါင်းစဉ်ဖြင့် ဆောက် လုပ်ရေး ၀န်ကြီးဌာနတွင် ဟောပြောပွဲတခု ကို မေလ ၄ ရက်နေ့၌ကျင်းပ မည်ဟု ဖေ့စ်ဘွတ်တွင်တွေ့လိုက်ရသဖြင့် စိတ်ဝင်စားသောကြောင့် ထိုပွဲကို တက်ရောက် နားထောင်ဖြစ်ခဲ့ပါ သည်။ ကျွန်မတို့မသိသေးသော အကြောင်းအရာသစ်ဖြစ်သည့်ပြင် ဟောပြောသွားသည်များမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ဟောပြောသွားသည်များထဲမှ ကျွန်မစိတ်အ၀င်စားဆုံးမှာ အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့တွင်ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူပေါင်းများစွာ သေကြေပျက်စီးမှုနှင့် တဆက်တည်းပြခဲ့သော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ကူမင်မြို့သို့သွယ်တန်းသည့် ဓာတ်ငွေ့ပိုက်လိုင်းအကြောင်း ဖြစ်ပါသည်။
အောက်ပါတို့မှာ သူပြခဲ့သော ထိုစီမံကိန်းမှဓါတ်ပုံအချို့ဖြစ်ပါသည်။






• အသက်ဘေး သဘာဝဘေး စိုးရိမ်ဖွယ် ပိုက်သွယ်တန်းမှုများ
ဟောပြောသူက ၎င်းသည် ပိုက်အင်ဂျင်နီယာအဖြစ် ဆယ့်လေးနှစ်လုပ်ခဲ့ဖူးသူဖြစ်၍ ဤဓာတ်ပုံများကို ကြည့်ခါမျှဖြင့် ပိုက်လိုင်း သွယ်တန်း ထားမှုမှာ အလွန်စိုးရိမ်ဖွယ်အခြေအနေဖြစ်နေကြောင်း၊ ပိုက်လိုင်းဟူသည် မသွယ်တန်းမီကပင် ပိုက်အထိုင်များကို သေချာကျနစွာလုပ် ထားရကြောင်း၊ ပိုက်အထိုင်မကောင်းပါက ပိုက်အဆက်များအပေါ် အားသက်ရောက်မှုများရှိကာ နှစ်ကြာလာလျှင် ပိုက်အဆက်များ အက် ခြင်း၊ ကွဲခြင်းများဖြစ်နိုင်ကြောင်း၊ ထိုအခါ ထိုနေရာများမှ ဓာတ်ငွေ့ယိုစိမ့်မှုများ ဖြစ်နိုင်ကြောင်း၊ ဓာတ်ငွေ့ယိုစိမ့်နေသည့် အနီးတ၀ိုက်တွင် မီးပွားတခုခုကျခဲ့ပါက ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲကာ အနီးအနားမှ မြန်မာပြည်သူအများအပြား သေကြေပျက်စီးနိုင်သည့် အန္တရာယ်ရှိ နိုင်ပါကြောင်း၊ ပိုက်လိုင်းမှာ မြန်မာနိုင်ငံဒေသတော်တော်များများကို ဖြတ်သန်းသွားမည်ဖြစ်ရာ မြို့၊ ရွာ၊ လမ်းများကို ဖြတ်သန်းသွားမည်မှာ မလွဲ။ ထို့ကြောင့် ပိုက်လိုင်းဖြတ်သန်းသွားရာတလျှောက်မှ မြို့၊ ရွာနေပြည်သူများသည် မိုင်းဗုံးဘေးတွင် နေနေကြရသည်နှင့်တူကြောင်း။

ထို့ပြင် ပိုက်လိုင်းအဆက်များကောင်းမကောင်း စစ်ဆေးသည့်စနစ်ရှိပါသလား၊ မည်သူတို့သည် ပိုက်လိုင်းအရည်အသွေးကို တာဝန်ယူ စစ်ဆေးပါသနည်း။ ဤပိုက်လိုင်း လုံခြုံစိတ်ချရမှုကို မည်ကဲ့သို့ အာမခံထားပါသနည်း။ ပိုက်လိုင်းဖြတ်သန်းသွားသည့် လမ်းတစ်လျှောက် ခုတ်ထွင်ရှင်းလိုက်ရသော သစ်ပင်တောတောင်များအတွက် မည်ကဲ့သို့စီမံထားပါသနည်း။ ဤပိုက်လိုင်းသည် မြန်မာနိုင်ငံအတွင်းတွင်ရှိနေ သည့်အတွက် ပိုက်လိုင်းစီမံချက်တွင် မြန်မာနိုင်ငံသား မည်မျှခန့်ထားပါသနည်း။ ထိုမြန်မာနိုင်ငံသားများထဲတွင် တတ်ကျွမ်းနားလည်သော ကျူစီ (အရည်အသွေးစစ်ဆေးရေးအရာရှိ)၊ ပိုက်လိုင်းအင်ဂျင်နီယာတို့ ပါပါသလားဟု မေးခွန်းထုတ်သွားပါသည်။

ဟောပြောပွဲအပြီး ပြန်လှန်ဆွေးနွေးခန်းတွင် အရာရှိတဦးထလာကာ ၎င်းတို့အနေနှင့် ထိုဓာတ်ငွေ့ပိုက်လိုင်းအတွက် မည်ကဲ့သို့သောအရည် အသွေး စစ်ဆေးမှုများပြုလုပ်ထားကြောင်း၊ ကုန်းပေါ်ပိုက်လိုင်းတွင်သာမက ကမ်းလွန်ပိုက်လိုင်းများကိုပါ စနစ်တကျ စံချိန်စံညွှန်းများနှင့်အညီ ပြုလုပ်ပါကြောင်း ပြန်လည်ရှင်းလင်းပါသည်။

ထိုအခါ လာရောက်နားထောင်သူများထဲမှ အင်ဂျင်နီယာဟုယူဆရသူတစ်ဦးက သူ့အနေနှင့် ထိုဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်း သည့်နေရာသို့ သွားကာ ပိုက်လိုင်းဆင်နေသူများနှင့် စကားစနေပြောဖူးပါကြောင်း၊ သူက ပိုက်လိုင်းအား ဂဟေဆက်ရာတွင် မည်သည့်စံနှုန်းကို ကိုင်ကာ ဆက်ပါသနည်း ဟုမေးသောအခါ ပြန်မဖြေနိုင်ကြောင်း၊ ထို့ပြင် Welding Procedure Specification ကို သိပါသလား၊ သည်အဆက်ကို ဂ ဟေဆော်သည့် WPS ကိုသိပါရစေဟု မေးသောအခါတွင်လည်း WPS ဟူသည် ဘာဆိုသည်ကိုပင် နားမလည်ကြောင်း၊ ထို့ကြောင့် ထိုပိုက် လိုင်းကိုဆင်နေသူများမှာ တတ်သိနားလည်သူ၊ ကျွမ်းကျင်သူများဖြစ်သည်ဆိုခြင်းကို ယုံကြည်ရန် အလွန်ခက်ပါကြောင်းများဖြင့် ပြန်လည် ဖြေကြားသွားပါသည်။

• လုပ်ငန်းခွင်ဗဟုသုတနှင့် လူထု၏ ဗဟုသုတကွက်လပ်ကြီး
ကျွန်မသည် ရေနံပိုက်လိုင်းတွင် ကျူစီအဖြစ် နှစ်အတန်ကြာလုပ်ခဲ့ဖူးသဖြင့် ပိုက်လိုင်းများအကြောင်း အင်ဂျင်နီယာများလောက် မတတ် ကျွမ်းသော်လည်း ပိုက်လိုင်းတစ်ခု၏အရည်အသွေးကို မည်ကဲ့သို့စစ်ဆေးရသည်၊ မည်သည့်စံနှုန်းများအရ မည်သည်တို့ပြုလုပ်ရန် လိုသည် ဆိုသည်များကိုမူ သေသေချာချာသိပါသည်။

ပိုက်လိုင်းတစ်ခု ဆင်တော့မည်ဆိုလျှင် ထိုပိုက်လိုင်းပြေးမည့်ပုံများ (Schematic Diagram, Piping and Instrument Diagram, Flow Diagram, General Arrangement Drawing, Isometric Drawing အစရှိသည်)။ ပိုက်လိုင်းတွင်တပ်ဆင်ရမည့်ကိရိယာများနှင့်တကွ ပိုက်လိုင်း၏ အတွင်းအပြင်ဖိအား၊ အပူချိန်အစရှိသည်တို့ကို ဦးစွာတင်ပြရပါသည်။ ထို့အပြင် ထိုပိုက်လိုင်းအကြောင်း အပြည့်အစုံဖော်ပြ ထားသည့် ပိုက်လိုင်းတပ်ဆင်နည်းလက်စွဲ (Piping Procedure Specification) ကိုလည်း ရေးဆွဲတင်ပြရပါသည်။ ထိုလက်စွဲစာအုပ်တွင် ပိုက်လိုင်း၌တပ်ဆင်မည့် ပိုက်၊ ပိုက်ဆက်ပစ္စည်း၊ ဗား၊ ပိုက်အထိုင်၊ ကိရိယာများ၏အရည်အသွေးကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်။ ပိုက် ကိုမည်ကဲ့သို့ ဆင်ရမည်။ မည်ကဲ့သို့သောပိုက်အထိုင်များဆင်ရမည်။ မည်သည့်ဆေးကို မည်ကဲ့သို့သုတ်ရမည်။ ပိုက်လိုင်းကို မည်ကဲ့သို့ စမ်းသပ်ရမည်။ ပိုက်နှင့်ပိုက်ကိုသော်လည်းကောင်း၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများကိုသော်လည်းကောင်း ဂဟေဆော်လျှင် မည်သည့်စံနှုန်း များနှင့် ဆော်ရမည်။ ဂဟေဆော်သူသည် မည်သည့်လက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည် အစရှိသဖြင့် အသေးစိတ်ဖော်ပြထား၏။

ရာသီဥတုဒဏ်ကြောင့်သော်လည်းကောင်း၊ မြေငလျင်ဒဏ်ကြောင့်သော်လည်းကောင်း၊ ပိုက်အတွင်းရှိ ဖိအားကြောင့်သော်လည်းကောင်း ပိုက်လိုင်းသည် အလျားလိုက်သော်လည်းကောင်း၊ ဘေးတိုက်သော်လည်းကောင်း ရွေ့နိုင်ပါသည်။ ထို့ကြောင့် ပိုက်လိုင်း ရွေ့လျားမှုကိုထိန်း ရန် ပိုက်အထိုင်တစ်ခုနှင့်တစ်ခု မည်မျှကွာရမည်၊ မည်သည့်နေရာများတွင် ပိုက်အထိန်း (pipe guides) များထည့်ရမည်၊ မည်သည့်နေရာများ တွင် ပိုက်လိုင်းအချုပ် (anchor points) များထည့်ရမည် စသည်ဖြင့် သေသေချာချာ ဒီဇိုင်းဆွဲရပါသည်။ ဤသို့ ဒီဇိုင်းဆွဲခြင်းကို Stress Analysis ဟုခေါ်ပြီး ကွန်ပြူတာပရိုဂရမ်အားဖြင့် Caesar II Program ကို သုံးကြပါသည်။

ပိုက်များမချမီကတည်းက ပိုက်အထိုင်များကို သေသေချာချာဆင်ထားရပါသည်။ ပိုက်များကို ဂဟေဆော်ပြီးနောက် ဂဟေဆက်များတွင် အားမသက်ရောက်စေရန် ပိုက်လိုင်းအား လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင်ထားရပါသည်။ ထိုဓါတ်ပုံများအရ ပိုက်လိုင်းမှာ ဂဟေဆက်ပြီး သွားပြီဖြစ်ပါသည်။ မျက်မြင်အရပြောရသော် ထိုပိုက်လိုင်းကို မြေသားအထိုင် (bedding) ပေါ်တင်ထားပါသည်။ ထို့ကြောင့် ပိုက်အထိုင် ထပ်မံမလုပ်တော့ဘဲ ထိုမြေသားအထိုင်များသည်ပင်လျှင် အသေဖြစ်ဖို့များပါသည်။ ဤတွင် ထိုပိုက်လိုင်းအထိုင်များမှာ သေသေချာချာ ဒီဇိုင်းဆွဲ၊ တွက်ချက်ထားတာလားဆိုတာ သံသယရှိစရာဖြစ်ပါသည်။ ဤကဲ့သို့သော ဓာတ်ငွေ့ပိုက်လိုင်းတွင် ပိုက်လိုင်းအထိုင် အလွန်အရေး ကြီးပါသည်။ မဟုတ်ပါက ပိုက်အဆက်များအတွက် အလွန်အန္တရာယ်ကြီးပါသည်။ ထို့အတူ ပိုက်လိုင်းအနီးနေထိုင်သူများအတွက်လည်း အန္တရာယ်များပါသည်။

• မိမိနိုင်ငံအတွက်လား ... သူတပါးနိုင်ငံအတွက်လား
ဟောပြောသူ နောက်တချက်ထောက်ပြသွားသည်မှာ ပိုက်လိုင်းအတွက် ခန့်ထားသည့်ဝန်ထမ်းအင်အား ဖြစ်ပါသည်။ ထိုပိုက်လိုင်းတွင် သိရသလောက် မြန်မာလူမျိုးကို မခန့်သလောက်ဖြစ်ပြီး အလုပ်လုပ်နေသူ အများစုမှာ နိုင်ငံခြားသားများချည်းဖြစ်သည်။ အမှန်ဆိုရလျှင် မြန် မာနိုင်ငံ အတွင်း၌လုပ်နေသည့်စီမံကိန်းဖြစ်သဖြင့် မြန်မာလူမျိုးများကို ဦးစားပေး ခန့်ထားရမည်။ နိုင်ငံခြားသားများခန့်လိုလျှင် မြန်မာလူမျိုး မည်မျှရှိမှ နိုင်ငံခြားသားမည်မျှခန့်ထားနိုင်သည်ကို သတ်မှတ်ထားသင့်ပါသည်။ စင်ကာပူတွင် နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်းကို Foreing Workers Employment Act ဟူသည့်ဥပဒေဖြင့် ပြဌာန်းထိန်းချုပ်ထားသည်ဟု ဆိုပါသည်။ သို့သော် သူက မြန်မာနိုင်ငံမှ အလုပ် သမားများနှင့်ပတ်သက်သည့် ဥပဒေများကိုလေ့လာကြည့်ရာ ထိုဥပဒေမျိုး မတွေ့ဖူးသေးပါ။ နိုင်ငံခြားသားများအား အလုပ်ခန့်ထားရေးအ တွက် ထိုဥပဒေမျိုးကို အလျင်အမြန်ရေးဆွဲပြဌာန်းသင့်ပေသည်ဟုလည်း ထောက်ပြသွားပါသည်။

သူပြောသည်မှာ မှန်ပါသည်။ မကြာမီ နိုင်ငံခြားကုမ္ပဏီအများအပြား မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံတော့မည်ဖြစ်ရာ မည်ကဲ့ သို့သောသူများအား မည်သည့်အလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးမည်နည်း။ ထိုသူများ၏အရည်အချင်းနှင့် ဘာသာစကား ကန့်သတ် ချက်၊ ကျန်းမာရေးအခြေအနေ၊ မြန်မာနိုင်ငံအတွင်း နေထိုင်စဉ်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း စသည်တို့ကို ယခုကတည်းက ဥပဒေရေး ဆွဲထားသင့်ပါသည်။ ဥပဒေရှိပြီးဖြစ်လျှင်လည်း အများပြည်သူသိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးထုတ်ပြန်သင့်ပါသည်။ သို့မှ လိုအပ် သည်များကို ထောက်ပြပြင်ဆင်နိုင်ပါမည်။ ထို့ပြင် လက်တွေ့ဆောင်ရွက်ရာတွင် ဥပဒေကို တိတိကျကျလိုက်နာဆောင်ရွက်ရန်လည်း အ ရေးကြီးပါသည်။

• ပြည်သူတွေ ဆွေစဉ်မျိုးဆက် စတေးခံကြရဦးမှာလား
ဤတွင် သာမန်ပြည်သူတဦးအနေနှင့် ကျွန်မတွေးမိသည်ကို တင်ပြပါမည်။ မည်သည့်လုပ်ငန်းမျိုးမဆို အများပြည်သူ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ပထမဦးစားပေးအနေနှင့် စဉ်းစားသင့်သည်ဟု ထင်မြင်မိပါသည်။ တိုင်းပြည်အတွက် အကျိုးရှိမည့်လုပ်ငန်းပင် ဖြစ်သော်ငြားလည်း ပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသောလုပ်ငန်းဖြစ်ပါက၊ သို့မဟုတ် နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မည့် လုပ်ငန်းများဖြစ်ပါက တာဝန်ရှိသူများအနေနှင့် အလေးအနက်ထားဆုံးဖြတ်သင့်ပါသည်။ လုပ်မည်ဆိုလျှင်ပင် စိတ်ချရသည့်အခြေအနေ တခုရောက်အောင် ကျွမ်းကျင်သူပညာရှင်များနှင့်တိုင်ပင်ကာ အစီအမံများကို ရေးဆွဲအကောင်အထည်ဖော်ရန် လိုပါသည်။

ထိုပိုက်လိုင်းသာမက မည်သည့်လုပ်ငန်းမဆို လုပ်ငန်းတစ်ခုစတော့မည်ဆိုသည်နှင့် ထိုလုပ်ငန်းအတွက် အရေးကြီးသော စာရွက်စာတမ်းများ ကို ဦးစွာတင်ပြရန်လိုပါသည်။ ထိုလုပ်ငန်းတွင်သုံးမည့်ပစ္စည်းများ၏ အရည်အသွေးကို အာမခံထားသောလက်မှတ်များ၊ ထိုလုပ်ငန်းကို အ ကောင်အထည်ဖော်မည့်လုပ်ငန်းအစီအစဉ်များ၊ ထိုလုပ်ငန်း၌ ပါဝင်လုပ်ကိုင်မည့် လုပ်သား၊ အင်ဂျင်နီယာ၊ အရာရှိများ၏ ကျွမ်းကျင်မှု လက်မှတ်များ၊ လုပ်သားများ၏ကျွမ်းကျင်မှုကို ထောက်ခံထားသော စာရွက်စာတမ်းများ၊ လိုအပ်သောစစ်ဆေးမှုဆိုင်ရာ အစီအမံများ စ သည်ဖြင့် ပြည့်စုံစွာတင်ပြပြီး အစိုးရ၊ သို့မဟုတ် ပိုင်ရှင်ကကျေနပ်မှ လုပ်ငန်းစတင်ရပါမည်။

ကျွန်မတို့ ပြည်သူပြည်သားများမှာ ပညာရှင်များမဟုတ်သည့်အတွက် ဤအကြောင်းများကို ဂဃနဏသိရန် မလွယ်ပါ။ အကယ်၍ တစ်စုံ တစ်ခုဖြစ်လာခဲ့လျှင် ခါးစည်းခံကြရမည်သာ ဖြစ်ပါသည်။ ဤပိုက်လိုင်းသည် မည်သည့်ပိုက်လိုင်းဖြစ်သည်။ မည်ကဲ့သို့သော အန္တရာယ်များ ရှိသည်ကို မသိနိုင်ပါသဖြင့် ပိုက်လိုင်းအနီးအနားတွင် ဆေးလိပ်သောက်မိမည်။ မီးဖိုချင်လျှင်ပင် ဖိုမိမည် ဖြစ်ပါသည်။ အကယ်၍သာ ပိုက် လိုင်းမှ ဓာတ်ငွေ့များယိုစိမ့်နေပါက ဖြစ်ပေါ်လာမည့် အန္တရာယ်မှာ မတွေးဝံ့စရာပါ။

ကျွန်မတို့မြန်မာနိုင်ငံတွင် သန်း ၆၀ မျှသောနိုင်ငံသားများ မှီတင်းနေထိုင်ကြပါသည်။ နိုင်ငံသာယာဝပြောရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး တို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။ နိုင်ငံအေးချမ်းသာယာဝပြောလျှင် ပြည်သူအများလည်း သာယာအေးချမ်းစွာ နေနိုင်ကြမည်။ ပြည်သူများ၏ ပြဿနာသည် နိုင်ငံ့ပြဿနာဖြစ်သကဲ့သို့ နိုင်ငံ့အရေးသည်လည်း ပြည်သူတို့အရေး ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်း အမြင်မတော်တာများရှိပါက ပြည်သူများအနေနှင့် ၀ိုင်းဝန်းထောက်ပြ၊ ပြင်ဆင်ကြဖို့ တာဝန်ရှိပါသည်။ (See Something, Say Something) ဤသို့ထောက်ပြခြင်းမှာ အပျက်ဘက်၊ အဆိုးဘက်မှ မကောင်းမြင်ခြင်းမဟုတ်ဘဲ မဖြစ်သင့်သည်များ မဖြစ်အောင် အချိန်မီ အရေး ယူ၊ ပြင်ဆင်နိုင်ရေးအတွက် သတိပေးခြင်းမျှဖြစ်သည်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် အမြင်ရှင်းရန်လိုပါသည်။

သို့ဖြစ်ပါသောကြောင့် တာဝန်ရှိသူများအနေနှင့် ဤကိစ္စများအပေါ် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးကြပါရန် အများပြည်သူတို့ ကိုယ်စား မေတ္တာရပ်ခံလိုက်ရပါသည်ရှင့်။

ညွှန်း - မိုးမခ http://moemaka.blogspot.com/2012/05/khaing-hnin-phyu-articles.html

18.5.2012 Breaking News


  • ရှမ်းလမ်း ဂွဈေးမီးလောင်မှု ဆိုင်ခန်း ၂၃၀ ကျော် ဆုံးရှုံး
  • ဟင်္သာတမှာ သစ်ကားတစ်စီးတိမ်းမှောက်ပြီး တဦးသေဆုံး တဦးဒဏ်ရာရ
  • ကလောမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား
ရှမ်းလမ်း ဂွဈေးမီးလောင်မှု ဆိုင်ခန်း ၂၃၀ ကျော် ဆုံးရှုံး
ရန်ကုန်၊ မေ ၁၈

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းနှင့် ဗဟို လမ်းထောင့်ရှိ ရှမ်းလမ်းဈေး (ဂွဈေး) တွင် မေလ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

ဖြစ်စဉ်မှာ ဈေးအိမ်သာ အနီး ဃရုံရှိ ခြင်ဆေးဘူး (Insect Killer) အပါအဝင် ကုန်ခြောက် ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ စတင် ပေါက်ကွဲ လောင်ကျွမ်း ခဲ့သည်ဟု သိရှိရပြီး “စသိတဲ့ အချိန်ကနေ ငါးမိနစ်လောက် အတွင်းမှာတင် တစ်ဈေးလုံးကို မီးစွဲသွားပြီ” ဟု ရှမ်းလမ်းဈေး နောက်ဖက် မဟာသုခ လမ်းတွင် နေထိုင်သူ မျက်မြင်သက်သေ အချို့က ပြောကြားသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၃၃ ခန်း (ကာလတန်ဖိုး ခန့်မှန်းခြေ ကျပ် ၄၃၉ သိန်း) ဆုံးရှုံးခဲ့ရပြီး သားငါးတန်းရှိ ဆိုင်ခန်း ၈၅ ခန်းသာ မီးဘေးလွတ်ခဲ့ကြောင်း၊ ရှမ်းလမ်းဈေးတွင် ဆိုင်ခန်းပေါင်း ၃၁၈ ခန်း ရှိကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော စည်ပင်သာယာ ဌာနမှူး တစ်ဦးက ပြောကြားသည်။

“မီးအား အရမ်းကြီးတဲ့ အချိန်မှာ မီးသတ်ကား နှစ်စီးပဲ ရောက်သေးတာမို့ မနိုင်ဘူး ဖြစ်သွားတယ်။ နောက်မို့ဆို တစ်ဈေးလုံး ကုန်မှာ မဟုတ်ဘူး” ဟု မီးလောင်ကျွမ်းသွားသော ဆိုင်ခန်းပိုင်ရှင် တစ်ဦးက မချိတင်ကဲ ပြောဆိုသည်။

အဆိုပါ မီးလောင်မှု ငြိမ်းသတ်ရာသို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ဦးဆောင်သော တာဝန်ရှိသူများ လာရောက် ကြီးကြပ်ခဲ့ကြပြီး မြို့နယ်ပေါင်းစုံမှ မီးသတ်ယာဉ် ၃၉ စီးဖြင့် ငြိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီခန့်တွင် လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ၂ နာရီ ၂၇ မိနစ်ခန့်တွင် မီးညွှန့်ကျိုးသွားခဲ့ပါတယ်။
The Voice Weekly
ကိုလတ်(ပန်ဘဲတန်း)
ဟင်္သာတမှာ သစ်ကားတစ်စီးတိမ်းမှောက်ပြီး တဦးသေဆုံး တဦးဒဏ်ရာရ
တိမ်းမှောက်သွားတဲ့ သစ်ကား
ဟင်္သာတမြို့၊ လယ်တီကွင်းရပ်၊ အင်္ဂပိုလမ်း မြို့ပတ်လမ်းခွဲ အနီးတွင် (၁၅-၅-၂၀၁၂)
နေ့ ည ၈ နာရီ ခွဲခန့်တွင် ကားနံပါတ် ဒ/၄၅၅ (တီအီး) ကားတစ်စီး ဘော်ဒီခါးစည်း
ပြတ်တောက်ပြီး တိမ်းမှောက်ခဲ့သည့်အတွက် ယာဉ်မောင်းသူ သေဆုံးပြီး တစ်ဦး
ဒါဏ်ရာရရှိခဲ့ပါတယ်။

 အဆိုပါကားတွင် တင်ဆောင်လာသည့် မျောတိုင် များအကြားအောက်ဘက်တွင်
ကျွန်းသစ်(ကပ်တုံးများ) ပါဝင်သည်ဟု ကားတိမ်းမှောက်စဉ် သွားရောက်ကြည့်
ရှုခဲ့သည့်သူများထံမှ သိရှိခဲ့ရပါတယ်။

ယာဉ်တိမ်းမှောက်မှု မဖြစ်ခင်အချိန်တွင် ကိုခင်မောင်မြင့်(ရဲသတင်းပေး)ဟု ဆိုသူမှ
လည်းအဆိုပါ ကားနောက်သို့ ဆိုင်ကယ်ဖြင့်လိုက်ခဲ့ကြောင်း မျက်မြင်များမှ ပြောဆို
ပါတယ်။

သစ်ကားတွေမြို့ ထဲဝင်ချင်ရင် ကိုခင်မောင်မြင့်(ရဲသတင်းပေး)ကိုငွေ(၅၀၀၀၀)သောင်း
ပေးပြီးမှဝင်ရတယ်။ လိုက်လာတာသိလို့ ကြောက်ကြောက်နဲ့ မောင်းရင်းမှောက်တာပါ
ဟု မျက်မြင်သက်သေများက ပြောပါတယ်။

ဟင်္သာတမြို့တွင် ထိုကဲ့သတင်းပေးဆိုသူများမှာ ရဲ၊ SB နှင့် ခရိုင် ဒန အဖွဲ့များမှ
လူတစ်ချို့နှင့် ချိတ်ဆက်ပြီး တရားမ၀င်လုပ်ငန်းလုပ်သူများအား ငွေညှစ်မှုများ
ယခင်ကလည်းလုပ်ခဲ့ဘူးပါတယ်။ ယခု မျောတိုင်သစ်များမှာ ဧရာဝတီမြစ်ကမ်း
 ကမ်းဆယ် (စပါး) ရိုက်လုပ်ငန်းအတွက် သယ်ယူလာရင်း ကားမှောက်မှု
ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

Myanmar News Now
ကိုလတ်(ပန်ဘဲတန်း)
ကလောမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား
ကလော မရောက်ခင်ဆိုလမ်းတွေက အကွေ့ အကောက်အတော်များတယ်
၂၀၁၂ မေလ ၁၇ ရက်နေ့ ယနေ့ နံနက် ၁၀နာရီ ခန့်က ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့မှ မန္တလေး သို့
ထွက်ခွာလာတဲ့  ဇာတိမာန်ယာဉ်လိုင်းမှ မှန်လုံမော်တော်ယာဉ်ဟာ ကလော မြို့နယ် ၀က်ဖြူရေ နှင့် မကွေ ကြားတွင်
တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

ကားဟာဂျွိင့်ပြုတ်ထွက်သွားပြီး ပေ-၁၀၀ ကျော်နက်သောခြောက်ထဲသို့ထိုးကျသွားရာ ကားပေါ်လိုက်ပါလာသူ
ခရီးသည်(၁၉)ဦးအနက် (၄)ဦးမှာ နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်ခရီးသည်များမှာလည်းဒဏ်ရာပြင်းထံလို့
 တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။
Myanmar News Now
ကိုလတ်(ပန်ဘဲတန်း)

ပိုးသတ်ဆေး


နေ့ခင်းဘက် ထမင်းစားပြီး ထန်းပက်လက်ကုလားထိုင်မှာ နာရီဝက် တနာရီ မှိန်းတတ်တာ ကိုတက်တူ အကျင့်။ ဒီနေ့ ထမင်းစားရတာလည်း အတော်ခံတွင်းမြိန်ခဲ့တယ်။  ချဉ်ပေါင်ရွက်ဟင်းချိုနဲ့ ၊ ငါးငပိရေကျို ပျစ်ပျစ်နှစ်နှစ်ကို  ငြုပ်သီးစိမ်းထောင်းနိုင်နိုင်နဲ့၊ ယာခင်းထွက် ခရမ်းကြွပ်သီးနဲ့ ဆလပ်ရွက် နံနံပင် သခွားသီးတို့စရာ လတ်လတ်ဆတ်ဆတ်၊  ငါးကလေးအိုးကပ်။ သားကြီးငါးကြီး မပါဘဲနဲ့ ဗိုက်ထဲ ငရုပ်ကျည်ပွေ့နဲ့ ထောင်းသွင်းသလို ၀င်တာပ။  ထမင်းပူပူဟင်းချိုပူပူနဲ့ဆိုတော့ နားသယ်စပ်နှစ်ဖက်ကတောင် ချွေးပြိုက်ပြိုက်စီးလို့၊ ပုခုံးပေါ်က ပုဝါပိုင်းနဲ့ သုတ်သုတ်ပစ်ရတယ်။  သုံးပန်းကန် မောက်မောက် အဆက်မပြတ် စားပြီးတော့မှ ရပ်နိုင်တယ်။  လက်ဆေးရေ ကမ်းပေးတဲ့ ရှင်မက မျက်စောင်း ချိုချို ချိတ်လို့။  ထိုင်နေကျကုလားထိုင်ပေါ် ပက်လက်မှိန်း နေရင် အိပ်ချင်သလိုလို  ငိုက်မျဉ်းလာပြန်တယ်။  အိမ်ရှေ့က ၀ါးကွပ်ပျစ်နံဘေးက အညာနွေကိုအံတုပြီး ထီးလိုမိုးပေးထားတဲ့ ထနောင်းပင်ကြီးက သူ့အာရုံထဲမှာ နီးလာလိုက် ဝေးသွားလိုက် ကြီးလာလိုက် သေးသွားလိုက်။ ဇရက်မင်းစည်းစိမ်ဆိုတာ ဒါမျိုးထင်ပါရဲ့..။
(ကျွတ် ကျွတ်) မတိုးမကျယ်  အိမ်မြှောင်စုတ်ထိုးသံကြောင့် မျက်လုံးဖျပ်ကနဲပွင့်လာပြီး   အငိုက်ပြေသွားတယ်။ လူ့စိတ်ကလည်း အခက်သားကလား။  အိပ်ချင်စိတ်တွေက အပူပြင်းပြင်းပေးလိုက်တဲ့ ရေခိုးရေငွေ့တွေလို   တမုဟုတ်ချင်း ပါးလျားပျောက်ကွက်သွားတာ အစအနတောင် ရှာလို့မရတော့ပါဘူး။ ဇိမ်ဖျက်တဲ့သတ္တ၀ါကို မလိုတမာ စောင်းငဲ့ကြည့်လိုက်တော့ သင်းက နံရံမှာ အမြီးတရမ်းရမ်းနဲ့။  ဘာရယ်မဟုတ်။ သူနဲ့မလှမ်းမကမ်း ဖုန်အလိမ်းလိမ်းတက်နေတဲ့  ကြွက်လျှောက်တန်းပေါ်မှာ သုံးလက်စ ပိုးသတ်ဆေး တပုလင်းကို သွားမြင်တယ်။ အိမ်မြှောင်က ပိုးသတ်ဆေးကို စားစရာမဟုတ်မှန်းသိသလိုလို ဂရုပင်မစိုက်ဘဲ ကျောခိုင်းလို့ ၊ သူ့အတွက် နေ့လည်စာအဖြစ် မျက်စေ့လည် လမ်းမှားလာမဲ့  ပိုးကောင်မွှားကောင် တကောင်တလေများ ရမလားလို့ ၀ီရိယထားပြီး တွင်တွင်ချောင်းနေတယ်။  တကယ်တော့ ဒီပိုးသတ်ဆေးက သူ့ ငရုပ်ခင်းနဲ့ ခရမ်းခင်းတွေမှာ လက်စွဲအဖြစ်သုံးခဲ့တာပေါ့။  အလို ငါနောက်ဆုံး  ပိုးသတ်ဆေးဖြန်းခဲ့တာ ဘယ်ရက်ပါလိမ့်လို့ သူ မျက်စေ့မှေးပြီး စဉ်းစားမိတယ်။  ပြီးခဲ့တဲ့ တပါတ်ကလား ဆယ်ရက်ကလား။  အသက်ကလေးရလာတော့ မှတ်ဥာဏ်တွေလဲ မှုန်ဝါးလာသလိုပါဘဲ။ ဒီလိုပိုးသတ်ဆေးတွေ သူ့စိုက်ခင်းမှာသုံးခဲ့တာ ဆယ်စုနှစ်တစုတောင် မကတော့။ ဒီပိုးသတ်ဆေးတွေကို  စိုက်ပျိုးရေးရဲ့ ရဲဘော်ရဲဘက်လို့တောင် အမည်ပေးလိုက်ချင်တယ်။ တနှစ်ပြီးတနှစ် တံဆိပ်တွေသာ အမျိုးမျိုးပြောင်းသွားတယ်။  ပိုးသတ်ဆေးကတော့ ပိုးတွေရဲ့ ဇီဝိန်ကို မှန်မှန်ခြွေနေမြဲ။  ဒီ သီးနှံဖျက်ပိုးမွှားတွေကို မသတ်ချင်လို့လဲမရ။  တောင်းပန်လို့လည်းမရ၊ မောင်းထုတ်လို့လည်း မနိုင်တဲ့ အမျိုးတွေ။ ကိုယ့်လည်ချောင်းထဲရောက်မဲ့ အစားအစာတွေ သင်းတို့က  အုပ်နဲ့ ကျင်းနဲက  လုယက်ယူငင် စားသုံးတော့မှာမို့ လူနဲ့ သတ္တ၀ါတို့ရဲ့ အစာလုပွဲမှာ အားကြီးသူ နိုင်စတမ်းပေပ။ 

ရွာတွေမှာက ဗဟုသုတကနည်း စာမတတ် ပေမတတ်မို့ ကိုယ့်အတတ်ကိုယ်ပြန်စူးတဲ့ ဖြစ်ရပ်တွေ လည်း မနည်းလှတော့။  မယုံမရှိနဲ့။  တမြန်နှစ်က ငရုပ်ခင်းတွေ ပိုးသတ်ဆေးဖြန်းရင်း ပိုက်ဆို့နေလို့ ပါးစပ်နဲ့ မှုတ်ထုတ် တဲ့ ရွာထဲကကောင်လေး တယောက် ယာခင်းထဲတင် စင်းစင်းသေပါရောလား။  မြို့ပေါ်က တူတယောက်ကတော့ ဟင်းသီးဟင်းရွက်တွေ ရေဆေးတာ နည်းလို့ ထင်ရဲ့ လင်မယားနှစ်ယောက်လုံးရော၊ ကလေးတွေပါ ဆေးရုံတက်လိုက်ရတယ်။  ဒါဆိုရင် ကိုယ့်လက်နက် ကိုယ့်ပြန်စူးပြီထင်ပါ့။   ခြေရင်းအိမ်က ကိုကျွဲသမီး အပျိုပေါက်မကတော့ ရည်းစားနဲ့ကွဲပြီး သူ့အဖေယာခင်းထဲပက်မဲ့ ပိုးသတ်ဆေးကို ပုလင်းတ၀က်လောက် မော့သောက်လိုက်တာ၊ ရေရောပြီးသားမို့လို့တကြောင်း  ဆေးရုံ ချက်ချင်းပို့နိုင်လို့ တကြောင်း သေတွင်းထဲက သီသီလေး လွတ်ခဲ့သပေါ့။   အခုတော့ ရပ်ထဲရွာထဲမှာ လင်မယားချင်း ခိုက်ရန်ဖြစ်ရင်တောင် ပိုးသတ်ဆေးပုလင်း ၀ှက်ထားရပေါ့။

ဟိုတလောက ငယ်သူငယ်ချင်းတယောက် သူ့ဆီ လမ်းကြုံလို့ အလည်လာတုန်း ပြောသွားတာတွေ အခုထိမှတ်မိသေးတယ်။  သူက မြို့မှာစာသင်၊  အဲဒီမှာဘဲ အလုပ်ဝင်၊ မြို့သူနဲ့အိမ်ထောင်ကျ၊ အခုတော့ ဘာတဲ့ ပါတ်ဝန်းကျင်ထိမ်းသိမ်းရေး ပရဟိတလုပ်ငန်း လုပ်နေတယ် ဆိုလား။ သူက ပြောသေးတယ်။  “ဟ-ကောင်ရ၊ ငါတို့ငယ်ငယ်က ယာခင်းထဲမှာ တွေ့တဲ့အသီးခူးပြီး ရေမဆေး ဘာမဆေး ဂျိုးဂျိုးဂျွတ်ဂျွတ်ဝါးစားခဲ့တာ ချိုလည်းချို သိပ်အရသာရှိတာဘဲ မောင်၊  အခုတော့ဖြင့် လက်လွတ်စပယ် မစားရဲပေါင်ကွာ၊ မင်းတို့အဲဒီ ပိုးသတ်ဆေးဆိုတာကြီး မသုံးလို့ မရဘူးလား” တဲ့ ။   ပြီးတော့ ပိုးသတ်ဆေးရဲ့ ဆိုးကျိုး ဆိုးမွေတွေ ဆက်ပြောနေသေးရဲ့။  ပိုးသတ်ဆေးကြောင့်  လူကို အကျိုးပြုတဲ့ တခြားအင်းဆက်သတ္တ၀ါတွေ သေကြေရသတဲ့။ မြေဆီလွှာတွေ ပျက်ယွင်းသတဲ့။ ပါတ်ဝန်းကျင် ညစ်ညမ်းသတဲ့။ လူတွေ ကျမ်းမာရေးထိခိုက်သတဲ့။ အင်း- သူနဲ့ အခြေအတင်ပြောမနေတော့ပါဘူး၊ ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသကိုး ။  ဘယ်သူက အလကား ငွေကုန်ခံ၊ ပါဏာတိပါတာ အကုသိုလ်တက်ခံ ချင်ပါ့မလဲ။ ကိုယ့်အခင်းက ပိုးသတ်ဆေးမဖျန်းရင် ပိုးသတ်ဆေးဖျန်းထားတဲ့ သူများအခင်းက ပိုးတွေ ကိုယ့်ဆီ စုပြုံလာမှာပေါ့။  စိုက်ခင်းတွေ ပျက်ကုန်ရင် ဘယ်လိုထမင်းစားရမလဲ။  အခုလို ထမင်းဝရုံသာသာ ရုန်းကန်နေရတဲ့အချိန်မှာ ဘယ်လိုလုပ် ဒါတွေ ဂရုစိုက်နိုင်ပါ့မလဲ။  အင်း၊ သူပြောသွားတဲ့ “ဘိုင်အို နည်းပညာ” တို့ “ဇီဝ ပိုးသတ်ဆေး” တို့ ကိုယ့်ရွာနီးချူပ်စပ်မှာ လွယ်လွယ်ကူကူ လက်လှမ်းမှီမဲ့ အချိန်ရောက်ရင်တော့ တမျိုးပေါ့လေ။

စိတ်ထွေထွေနဲ့ တီဗွီကြည့်ရင်ကောင်းမလား စဉ်းစားပြီး ရီမုတ်ကို ရှာတယ်။ တီဗွီရီမုတ်ကို နှိပ်ကြည့်လိုက်တော့ ထင်းရူး သေတ္တာစုတ်ပေါ်က ဘက်ထရီအိုးနဲ့ တွဲထားတဲ့ ၁၄လက်မ အဖြူအမည်းတီဗွီကလေးက တာဝန်ကျေစွာ တရှဲရှဲ ခဏမြည်ပြီး ပုံရိပ်တချို့  ပေါ်လာတယ်။  အပြိုင်းအရိုင်း အောင်မြင်နေတဲ့ သီးနှံခင်းတွေထဲမှာ  နောက်ခံ တေးဂီတနဲ့အတူ ပျော်ရွှင်ကခုန်နေကြတဲ့  နံမည်ကျော်မင်းသားနဲ့ မင်းသမီးလေးစုံတွဲကို ပိုးသတ်ဆေးပုံးကိုလွယ်ပြီး ဆေးဖြန်းပိုက်တရမ်းရမ်းနဲ့  ဂိုက်ပေးကြမ်းကြမ်း သရုပ်ဆောင်နေတာ တွေ့ရတယ်။  တိုက်ဆိုင်လိုက်ပုံများ ပြောဘဲမပြောချင်။ အမှတ်မထင် သူ့ညာဖက်လှည့်ကြည့်လိုက်တော့ အိမ်နံရံမှာ ချိတ်ထားတဲ့ မှန်ပေါ်မှာ သူ့ရုပ်ကို သူပြန်မြင်လိုက်ရတယ်။  အသားမည်းမည်း၊ ပါးစပ်ပြဲပြဲ ၊  ဆံပင် ဖြူတ၀က် နက်တ၀က်နဲ့ ထူးမခြားနား မြင်နေကျမျက်နှာ။  အဲ- ထူးခြားတာက သူ့မျက်စေ့တွေက ပိုးသတ်ဆေးစားမိထားတဲ့ ဖားတကောင်လို  ပြူးကျယ်ကျယ် ဖြစ်နေတယ်လို့ ခံစားရတယ်။  ချက်ချင်း အသက်ရှုကြပ်ချင်သလိုဖြစ်လာတာနဲ့ ကုလားထိုင်လက်တန်းကို တင်းတင်းဆုပ်ထားလိုက်မိတယ်။  ရှင်မရေ ရှင်မ။ အသံက လည်ချောင်းထဲမှာပဲ တိမ်ပြီးပျောက်သွားတယ်။ ဗိုက်ထဲက ထိုးအောင့်ပြီးနာလာတယ်၊  လေချဉ်တချက်တက်တယ်  ပြီးတော့ နားခေါင်းထဲမှာ၊ ပါးစပ်ထဲမှာ ပိုးသတ်ဆေးနံ့တွေ စူးရှလာပြန်တယ်။

မိုးစက်ပွင့်မှ ဖြစ်သည်။

ဆက်ဆံရေးမှာ သတိကောင်းသူ

ဆက်ဆံရေးမှာ သတိကောင်းသူ



လောကကြီးမှာ မိတ်ဆွေကောင်းရှိဖို့အရေးကြီးတယ်လို့ ပြောတတ်ကြပါတယ် တကယ့်တကယ်ကြတော့ အပြောရတော့ လွယ်ပါတယ်. . . မိတ်ဆွေကောင်းရဖို့တော့မလွယ်ပါဘူး . . . . လက်တွေ့ဘ၀မှာ ကြုံတွေ့နေရတာတွေက မိတ်ဆွေတုတွေပဲ များပါတယ်. . . . . မိတ်ဆွေတုဆို တာကလည်း အမျိုးမျိုးရှိပါတယ် ဒီထဲမှာမှ လေ့လာ စမ်းစစ်ကြည့်လိုက်တော့ အုပ်စုလေးမျိုးကွဲပြားသွားပါတယ်..

ပထမအမျိုးအစား မိတ်ဆွေတု မျိုးကတော့

ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေ

ဒီလိုမိတ်ဆွေမျိုးကတော့ မကောင်းတဲ့အကျင့်(၄) မျိုးလောက်ရှိတတ်ပါတယ် ဘယ်လိုအကျင့်တွေလည်း ဆိုတော့ . .

၁။ငွေကြေားအကူအညီ၊ လုပ်အား အကူအညီ စသည်ဖြင့် . . .သူ့ဘက်က အကူအညီပေးတယ် မရှိပါဘူး . . ကိုယ့်ဆီက ရရင်ယူမယ်. . . ရသမျှ ယူမယ်ဆိုတဲ့ အကျင့်ရှိတယ်.

၂။ ကူညီရင်လည်း နည်းနည်းပဲ . . သူ့အလှည့်ရောက်တဲ့အခါ ကိုယ့်ဆီက ယူတဲ့ အကူအညီကျတော့ အများကြီး ၊ အများကြီး ပိုယူရမှ ကျေနပ်တဲ့ သဘောထားရှိတယ်. . အကျင့်ရှိတယ်. . .

၃။ ကူညီတယ်ဆိုရာမှာလည်း ဒီလိုမကူညီရင် သူအကြီးအကျယ်ဒုက္ခရောက်မှာ ဆိုးလို့ ကြောက်လန့်ပြီးကူညီတာပါ . . စေတနာကောင်းနဲ့ ကူညီတာမျိုးမဟုတ်ပဲ. . .မလွှဲမရှောင်သာလို့ ကူညီတာပါ. .

၎။ ကိုယ့်ကို လာပြီးပေါင်းသင်းတာဟာ ကိုယ့်ကို ချစ်လို့ ခင်လို့ မဟုတ်ပါဘူး . . . သူ့အတွက် အကျိုးရှိမှာ မို့လို့သာ လာပေါင်းတာပါ. . . သူ့အတ္တအကျိုးပဲ ကြည့်ပြီး ပေါင်းသင်းဆက်ဆံတဲ့ လူမျိုးတွေပါ. . .

ဒီလိုလူစားမျိုးတွေဟာ ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေမှာရှိတဲ့ မကောင်းကျင့်တွေပါ. .



ဒုတိယ မိတ်ဆွေအမျိုးအစားကတော့
ကူညီမှုမှာ လက်မပါ ၊ ပါးစပ်သာ ပါတဲ့ မိတ်ဆွေ

(၁) အတိတ်နဲ့ လောကွတ်ပြုတတ်တယ်. .

ဆိုလိုတာက . . . ကိုယ့်မှာ အခက်အခဲကြုံလို့ ခေတ္တပေးပါ. . ၊ ချေးငှားပါ. . အကူအညီပေးပါ. .. စသည်ဖြင့်ပေါ့ အကူအညီလိုလို့ တောင်းတဲ့အခါ အဲဒီ မိတ်ဆွေမျိုးက ဘာပြန်ပြောတတ်သလဲ ဆိုတော့ "ကူညီနိုင်တုန်းကတော့ မလာဘူး . . ခုမှ လာတော့ မကူညီနိုင်ဖြစ်နေတယ်. . . .၀မ်းနည်းပါတယ် အရင်တုန်းက သာဆို ဒီအကူအညီမျိုး ပေးနိုင်တာပေါ့ . စသည်ဖြင့် " အတိတ်လောကွတ်နဲ့သာ လောကွတ်စကား ပြောနိုင်ပါတယ်. . . လက်တွေ့ကတော့ ဘာမှ မကူညီဘူး . . .

(၂) အနာဂတ်နဲ့လောကွတ်ပြုတတ်တယ်

ကိုယ်က အကူအညီတောင်းတယ်. . . ဒါကို သူပေးနိုင်တယ်. . ဒါပေမယ့် မပေးချင်ဘူး ဒီအခါမှာ "မရှိခိုက်၊ မကူညီနိုင်ခိုက်နဲ့ အခုကြုံနေလို့ ၊ စိတ်မကောင်းပါဘူး နောင်ကျရင် လာခဲ့ပါ ကူညီနိုင်မှာပါလို့ လောကွတ်စကား ပြောတတ်ပါတယ်. . "နောက်တစ်ခါ တကယ် အကူအညီလိုရင်လည်း ဒီလိုပဲ ပြောပြီး ရှောင်ဦးမှာပါ. .

(၃)အချည်းအနှီးစကားတွေနဲ့ လောကွတ်ပြုတတ်တယ်. . .

အကူအညီမလိုမှန်းသိနေတဲ့ အခါ ကိုယ့်မှ ပြည့်စုံမှု ၊ အဆင်ပြေမှုတွေ ရှိနေတဲ့အခါမှာ အဲဒီမိတ်ဆွေမျိုးက "အကူအညီလိုရင်တောင် တောင်းနော် ကူညီပါ့မယ် " စသည်ဖြင့် ပြောတတ်ပါတယ်. . . တကယ်တမ်း လိုအပ်ရင်တော့ မကူညီပါဘူး

(၄) ပျက်စီးမှုကိုပြပြီး ရှောင်တတ်တယ်

တကယ်အကူအညီတောင်းတဲ့ အခါမှာ "လုပ်ငန်းတွေ အရှူံးပေါ်သွားလို့ ခုတော့ မကူညီနိုင်တာ ခွင့်လွှတ်ပါလို့ စသည်ဖြင့် အဆင်မပြေမှု ၊ ဆုံးရှုံးပျက်စီးတာတွေကို အကြောင်းပြပြီး အကူအညီပေးဖို့ ရှောင်တတ်တဲ့ မိတ်ဆွေမျိုးပါ. . "




တတိယ မိတ်ဆွေ အမျိုးအစား

ရှေ့တွင် ချစ်ချင်ယောင်ပြုပြီး အလိုက်သင့် ပေါင်းတတ်တဲ့ မိတ်ဆွေ


(၁) မကောင်းတဲ့ အလုပ်မျိုး၊ အပြုအမူမျိုးကို ကိုယ်က ပြုလုပ်ချင်တယ်ပြောရင် ဒီမိတ်ဆွေမျိုး က ကိုယ့်အကြိုက်လိုက်ပြီး "လုပ်သာလုပ်၊ ပြုသာပြု " လို့ ပြောတတ်တယ်

(၂) ကိုယ်က ကောင်းတာ လုပ်မယ်ပြောတော့လည်း "လုပ်သာလုပ်လို့" အကြိုက်ကို ပြောတတ်တယ်.

(၃) သူများရှေ့မှာ ကိုယ့်ရှေ့မှာ တော်ကြောင်း ၊ ကောင်းကြောင်း မြှောက်ပင့်ပြောတတ်တယ်. . . ဒါပေမယ့်

(၄) ကွယ်ရာကိုလည်းရောက်ရော . . ကိုယ့်မကောင်းကြောင်းကို အားရပါးရ ပြောတတ်တဲ့ မိတ်ဆွေမျိုး ဖြစ်ပါတယ်.



စတုတ္ထမိတ်ဆွေအမျိုးအစား

(၁) မူးယစ်စေတတ်တဲ့ အရာတွေကို သုံးစွဲစားသောက်ခြင်းမှာ သဘောတူ လိုက်လျော ပေါင်းဖော်တတ်တယ်


(၂) ညအချိန် လေလွင့် လမ်းသလားမှုမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်


(၃) သဘင်ပွဲလမ်း၊ အပျော်အပါး လိုက်စားမှုမျိုးမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်


(၄) လောင်းကစားမှုတွေမှာ စိတ်တူကိုယ်တူ ၊ လုပ်ဖော် ကိုင်ဖက်အဖြစ် ပေါင်းဖော်တတ်တယ်.


အများအားဖြင်း တော့ အဲဒီအကျင့်ဆိုး ၊ သဘောထားဆိုးတွေရှိတဲ့ မိတ်ဆွေတု (၄) မျိုးနဲ့ပဲ ကျွန်မတို့ ဘ၀ခရီးမှာ ကြုံတွေ့တတ်ပါတယ်. . . ကိုယ် ကြုံတွေ့ ဆက်ဆံ့ ခဲ့သူက မိတ်ကောင်း ဆွေကောင်းဆို တော်ပါ သေးတယ်. . . . . မိတ်ဆွေကောင်း အဖြစ် အဖော်ကောင်း အဖြစ် ဟန်ဆောင် ကောင်းတဲ့ လူတွေ လူ့လောကမှာ အများကြီးပါ. . . . . ဒါကြောင့် လူမှုဆက်ဆံရေးမှာ သတိကောင်း သူများ ဖြစ်ပါစေလို့. . . . .

☆☆မိမိပုံကိုထိလိုက်လာနဲ့ ရေလှိုင်းလို့ဖြစ်အောင်လုပ်တဲ့နည်းလေး☆☆☆

မိမိပုံကိုထိလိုက်လာနဲ့ ရေလှိုင်းလို့ဖြစ်အောင်လုပ်တဲ့နည်းလေးပါ။
လုပ်နည်းလေးကတော့လွယ်ကူပါတယ်။
အားလုံးကြိုက်မယ်လို့မျှော်လင့်မိပါတယ်။
ဒီလိုပုံလေးပေါ့

Open ဆိုတာကိုနှိပ်လိုက်ပါ။မိမိ ကွန်ပျူတာကရှိတဲ့ပုံကို ကြိုက်တာယူလို့ရပါတယ်။
ကြိုက်ပြီးဆိုနဲ့ထည့်လိုက်ပါ။ခဏတော့စောင့်ပါ။
ကဲမိမိပုံပေါ်လာပြီးဆိုရင်း Get Code ကိုနှိပ်လိုက်ပါ။
Code ပေါ်လာပြီးဆိုရင်း ကော်ပီယူပြီး မိမိအိမ်မှာထည့်လို့ရပါပြီး။HTML ကိုနှိပ်ပြီးမှထည့်ပါနော်။
မှတ်ချက်။ ။မိမိကွန်ပျူမှာ သိမ်းလို့မရပါ။

Videos of the day (Part 5)

ကျွှန်တော်တို့ တင်နေကျ သုတ ရသ ဟာသ Video အပိုင်းတိုများကို ကျွန်တော် နာမည်ပြောင်းလိုက်ပါတယ်ခင်ဗျာ ရှည်နေလို့ Video of the day လို့ အမည်ပေးလိုက်ပါတယ်..။ လေးစားစွာဖြင့် .... အားလုံးပဲ မ၈င်္လာပါ အခုထပ်ပြီး ဟာသ သုတ နဲ့ အခြား ဗဟုသုတရစေမယ့် Video အပိုင်းတိုလေးများကိုထပ်တင်ပါမည်..။ မိတ်ဆွေတို့ အနေနဲ့ Youtube မှာရှာမယ်ဆို ရှာတတ်တဲ့သူ အတွက်ကတော့ အဆင်ပြေပါလိမ့်မယ် Internet ကိုအခုမှ စ Use တဲ့လူတွေ

အတွက်ကတော့ မလွယ်ပါဘူး ထို့ အကြောင့် အခုလိုတင်ပေးလိုက်ပါတယ် Video အားလုံးကိုနေ့ စဉ် Update လုပ်ပေးပါ တင်ထားပါသည်။ အားလုံး ပဲဓါတ်ပြားဟောင်းကြီးထပ် ဖွင့်ရတော့မယ်။ အားလုံးပဲ Download လုပ်ပြီူးကြည့်လို့ ရအောင် Download လေးကို FLV နဲ့ MP4နဲ့ တင်ပေးလိုက်ပါတယ် ထို Icon လေးတွေကို Click ပြီးတော့ Download ရယူကြပါခင်ဗျာ ... အားလုံးပဲ ရယ်မောပျော်ရွှင်ကြပါစေ.. အရှေက Video (1) (2) (3) (4)ဆိုပြီးလည်းအများကြီးတင်ထားပေးပါသေးတယ်ခင်ဗျာ... :)


The Casual Morning Routine



Download video:

The Casual Morning Routine 


The Casual Morning Routine 

This Guy Has Way Too Much Fun Playing with Cotton and Fire



Download video:

This Guy Has Way Too Much Fun Playing with Cotton and Fire 


This Guy Has Way Too Much Fun Playing with Cotton and Fire 

 



































Amazing Time Lapse of a Guy Changing of Look over Years



Download video:

Amazing Time Lapse of a Guy Changing of Look over Years 


Amazing Time Lapse of a Guy Changing of Look over Years 

Man Flies Off Motorcycle but Doesn’t Crash



Download video:

Man Flies Off Motorcycle but Doesn’t Crash 


Man Flies Off Motorcycle but Doesn’t Crash 

Dog’s Dilemma – How to Get through the Door with a Rake in the Mouth


Download video:

Dog’s Dilemma – How to Get through the Door with a Rake in the Mouth 


Dog’s Dilemma – How to Get through the Door with a Rake in the Mouth 

Meanwhile, in Romania



Download video:

Meanwhile, in Romania 


Meanwhile, in Romania 

Man Flies Off Motorcycle but Doesn’t Crash

Download video:

Man Flies Off Motorcycle but Doesn’t Crash 


Man Flies Off Motorcycle but Doesn’t Crash 

Blind Autistic Boy Meets Street Guitar Player

Download video:

Blind Autistic Boy Meets Street Guitar Player 


Blind Autistic Boy Meets Street Guitar Player 

Kareem Abdul Jabbar Jeopardy Fail

Download video:

Kareem Abdul Jabbar Jeopardy Fail 


Kareem Abdul Jabbar Jeopardy Fail 

80-Year-Old Grandma Raps about Family Values at America’s Got Talent
Download video:

80-Year-Old Grandma Raps about Family Values at America’s Got Talent 


80-Year-Old Grandma Raps about Family Values at America’s Got Talent 

 This Cat Has a Fetish

Download video:

This Cat Has a Fetish 


This Cat Has a Fetish 

The Goon – Awesome Animated Video of the Day 

Download video:

The Goon – Awesome Animated Video of the Day 


The Goon – Awesome Animated Video of the Day 

Does This Bear Want to Play with the Kid or Just Eat Him?

Download video:

Does This Bear Want to Play with the Kid or Just Eat Him? 


Does This Bear Want to Play with the Kid or Just Eat Him? 

Games of Thrones Theme on Floppy Drives

Download video:

Games of Thrones Theme on Floppy Drives 


Games of Thrones Theme on Floppy Drives 

Funny Drunk Dancing Guy

Download video:

Funny Drunk Dancing Guy 


Funny Drunk Dancing Guy 

Epic Boat Wheelie Fail

Download video:

Epic Boat Wheelie Fail 


Epic Boat Wheelie Fail 

Stupid, Fearless Guy vs 2 Militaries

Download video:

Stupid, Fearless Guy vs 2 Militaries 


Stupid, Fearless Guy vs 2 Militaries 

Funny Camel vs Plastic Box

Download video:

Funny Camel vs Plastic Box 


Funny Camel vs Plastic Box 

Crazy Jump into Mini Pool from Roof

Download video:

Crazy Jump into Mini Pool from Roof 


Crazy Jump into Mini Pool from Roof 

One Day, This Lady Will Be Eaten by Her 130 Cats 

Download video:

One Day, This Lady Will Be Eaten by Her 130 Cats 


One Day, This Lady Will Be Eaten by Her 130 Cats 

 











WTF Is Going on with This Reporter’s Skirt?

Download video:

WTF Is Going on with This Reporter’s Skirt? 


WTF Is Going on with This Reporter’s Skirt? 


Why We Love Russia

Download video:

Why We Love Russia 


Why We Love Russia 


So, How Do You Pronounce Coke?

Download video:

So, How Do You Pronounce Coke? 


So, How Do You Pronounce Coke? 

အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ Download လုပ်လို့လဲလွယ်မယ်ထင်ပါတယ် အားလုံးရယ်မောပြီးပြီဆိုတော့
ကိုမသိလိုက်တဲ့နေရာတစ်ခုကနေ အားသစ်တွေရလိမ့်မယ်ဆို ကျနော်လဲအားလုံးနဲ့ ထပ်တူပျော်ရွှင်ပါတယ်...
ကျနော့်အတွက် တခုခုတော့ပြောခဲ့ပေါ့ဗျာ.. :P
Mc wai yan

www.mcwaiyan.com