This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label သတင်းစာ ရှင်းလင်းပွဲ. Show all posts
Showing posts with label သတင်းစာ ရှင်းလင်းပွဲ. Show all posts

Tuesday, July 30, 2013

ညစ်ညမ်း ဗီဒီယို အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်

Monday, July 29, 2013


ရန်ကုန်နည်းပညာ တက္ကသိုလ် (သန်လျင်) ကျောင်းသူတို့အပေါ် သားသမီးချင်း စာနာသင့်
အင်တာနက် အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်
 ရန်ကုန်နည်းပညာ တက္ကသိုလ် (သန်လျင်) ကျောင်းသူတို့အပေါ် သားသမီးချင်း စာနာသင့်
အင်တာနက် အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်ကျောင်းစာသင်ခန်းအတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ကျောင်းသူတို့၏ လူမှုရေးအရှက်ရစေသည့် ဗီဒီယိုအခွေနှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာများနှင့် မီဒီယာအချို့တွင် ပျံ့နှံ့စေခဲ့ခြင်းသည် ကျောင်း၏ ဂုဏ်သိက္ခာနှင့် ၎င်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ခံယူကြသော ကျောင်းသား၊ ကျောင်းသူများအား လုံး၏ကိုယ်စား မခံမရပ်နိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူတစ်ဖွဲ့က ဇူလိုင် ၂၈ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါတက္ကသိုလ် ကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း၌ မီဒီယာများနှင့် တွေ့ဆုံကာ ရင်ဖွင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

အထင်အမြင်သေးခံရ-
အဆိုပါဗီဒီယိုသည် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဆိုသော်လည်း ယခုအခါ ၎င်းကိစ္စကိုအကြောင်းပြု၍ အမျိုးမျိုးပြစ်တင် ဝေဖန်ကဲ့ရဲ့မှုများပြုလုပ်လျက်ရှိပြီး ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုပါ အထင်အမြင်သေးစွာ သား သမီးချင်းမစာမနာ ဆက်ဆံလာကြသည်။ အထူးသဖြင့် ကျောင်းသူများမှာ ပို၍ခံစားရသည်ဟု ၎င်းတို့က ပြောပြကြသည်။

တရားဥပဒေအရ-
နှမချင်းမစာနာသော ယင်းဗီဒီယိုကို ခိုးကြောင်ခိုးဝှက်ရိုက်ကူးကာ အင်တာနက်ပေါ်တင်ခဲ့သူကိုလည်း မိမိတို့အစီအစဉ်ဖြင့် စုံစမ်းရှာဖွေ၍ တရားဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းတက္ကသိုလ်မှ ကျောင်းသားကျော်ဇင်ထက်က ပြောသည်။

စည်းကမ်းပိုင်း-
ထို့ပြင် ကျောင်းသား၊ ကျောင်း သူများ၏ စည်းကမ်းပိုင်းဆိုင်ရာများကိုလည်း ပိုမိုတင်းကျပ်ဆောင်ရွက်ရန် ၎င်းတို့ကလုပ်ဆောင်ကြမည်ဟု ဆိုသည်။

ပုံနှိပ်မီဒီယာပေါ်ရောက်လို့-
အဆိုပါဗီဒီယိုသည် အွန်လိုင်း စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုပုံနှိပ်မီဒီယာ အချို့၌ပင် တွေ့ရှိ လာရသည့်အတွက် ၎င်းတက္ကသိုလ်၌ ပညာသင်ကြားနေကြ သော ကျောင်းသားများအထူးသဖြင့် ကျောင်းသူများအတွက် အလွန်ထိခိုက်ပြီး ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ကျောင်းသူ မသန္တာကပြောသည်။

၎င်းကိစ္စကို အပတ်စဉ်ထုတ်သတင်းဂျာနယ်တစ်စောင်က မျက်နှာဖုံးတွင် အကျယ်တဝင့် ဖော်ပြ ထားခြင်းကြောင့် ယခုကဲ့သို့ မီဒီယာများအား တွေ့ဆုံပြောကြားခြင်းဖြစ်ပြီး ဖော်ပြခဲ့သည့် ဂျာနယ်တိုက်သို့ လည်း ဆက်သွယ်အကြောင်းကြားထားသည်ဟု ၎င်းတို့ကပြောသည်။

ခိုးရိုက်-
ကျောင်းခန်းအတွင်း လူမှုရေး ကိစ္စကျူးလွန်နေသော ကျောင်း သားနှင့်ကျောင်းသူကို တစ်စုံတစ် ယောက်က မိုဘိုင်းဖုန်းကင်မရာဖြင့် ခိုးရိုက်ကူးကာ အင်တာနက် စာ မျက်နှာများထက်သို့လွှင့်တင်ခဲ့သည်။ ယခုအထက်ပါ ကျောင်းသားနှင့် ကျောင်းသူကိုလည်း ၎င်းတက္ကသိုလ် မှထုတ်ပယ်ခဲ့ပြီးဖြစ်သည် ဆိုသည်။

မြတ်သူအောင်(၂၈-၇-၂ဝ၁၃)

----------------------------------------------------------------
ဇူလိုင် ၂၉ ရက် (တနင်္လာနေ့)ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊
အတွဲ(၂)၊ အမှတ်(၀၁၄)

Saturday, March 16, 2013

ဘင်္ဂလားင်္ဒေ့ကခိုးဝင်လာတဲ့ဘင်္ဂလီခွေးတွေရဲ့ရိုဂိန်ဂျာဇာတ်လမ်းပြီးဆုံးသွားပြီ


ရိုဟင်ဂျာမှာ ဖန်းတီးမှုသာဖြစ်ကြောင်း ဒေါက်တာ အေးချမ်းရှင်းလင်း

ရိုဟင်ဂျာ အခေါ်အဝေါ်သည် ဖန်တီးလုပ်ကြံထားခြင်းသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကန်ဒါ တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက မတ်လ ၁၄ ရက်နေ့ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park တွင် သမိုင်းအထောက်အထားများဖြင့် ရှင်းလင်းခဲ့သည်။

ဗြိတိသျှ ကိုလိုနီစနစ် ဗြိတိန်အစိုးရ မှတ်တမ်းများ၊ မြန်မာ သမိုင်း အဆက် ဆက်တွင် ရိုဟင်ဂျာ ဟု မှတ်တမ်းတင်ခြင်း မရှိခဲ့ဘဲ ဘင်္ဂါလီဟုသာ မှတ်တမ်း များ ရှိခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ုရိုဟင်ဂျာ အသုံးအနှုန်းမှာ Primary Sources (မှုရင်း အထောက်အထား)  အခြေမခံဘဲ Secondary Sources အခြေခံထားကြောင်း၊ Secondary Sources မှာ လုပ်ကြံဖန်တီးမှုများပါဝင်ပြီး သံသယ ဖြစ်စရာကောင်းကြောင်း ဒေါက်တာ အေးချမ်းက ရှင်းပြသည်။

ရိုဟင်ဂျာ အသုံးသည် ဘင်္ဂါလီများက ရခိုင်ကိုခေါ်သော အသံထွက် Rohhawn or Roan နှင့် ဂျာ(ဘင်္ဂါလီ အခေါ် - လူမျိုး) နှစ်ခုကို ပေါင်း၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ခေါ်သည့် ရိုဟင်ဂါ အသံကို ပြောင်းလဲ၍ ဖန်တီး ထားခြင်းဖြစ်ကြောင်း ရိုဟင်ဂျာ ဖြစ်ပေါ်လာပုံကို ဒေါက်တာ အေးချမ်းက ရှင်းပြသည်။

ဗြိတိသျှလက်ထက်က ချောင်ဒရီ (ရခိုင်အခေါ် သော်ဒရီ - လယ်ယာ ခုတ်ထွင် ရှင်းလင်းသည် စိုက်ပျိုးရေး) လယ်ယာလုပ်ကိုင်ရေးစနစ်တွင် အခွန်ကင်း လွှတ်ခွင့်ဖြင့် ၁၀နှစ်တိတိ လုပ်ခွင့်ပေးခဲ့ရာ ဗြိတိသျှ အစိုးရက ဘင်္ဂလားဒေ့ရှ် စစ်တကောင်းသမားများကို ခေါ်သွင်းခဲ့သဖြင့် ရောက်လာခြင်းဖြစ်ဟု ၄င်းက ဆိုသည်။

ယင်းအကြာင်းအရာကို ဘင်္ဂလားဒေ့ရှ် သံအမတ်ကလည်း ၀န်ခံထားသည်။

၁၈၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးသိန်းကျော် မြန်မာနိုင်ငံ သို့ ရောက်ရှိနေပြီဖြစ်ပြီး ၄င်းတို့ကို မြန်မာအစိုးရ နှင်ထုတ်လိုက နှင်ထုတ်နိုင် သည်ဟု ယင်းသံအမတ်ဆိုထားကြောင်း ထောက်အထားများနှင့် ဒေါက် တာ အေးချမ်းက ရှင်းလင်းခဲ့သည်။

ဗြိတိသျှ အစိုးရ ဂျပန်တပ်များကိစ္စကို စုံစမ်းထောက်လှမ်းရန် ဖွဲ့စည်းသော အကူတပ် (ဘင်္ဂါလီများ) သည် မြောက်ပိုင်းတွင် ပြဿနာ မရှိသော်လည်း အကြောင်းအမျိုးမျိုးရှာကာ မြောက်ပိုင်းရခိုင်းများကို တောင်ပိုင်း ရောက်အောင် တိုက်ထုတ်ခဲ့ပြီး နေရာရယူခဲ့ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် တို့ ကို ၄င်းတို့နယ်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု ၄င်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ (အစ္စလာမ်) ဘာသာရေးစစ်ပွဲ (ဂျီဟတ်) ဆင်နွဲရန် ပြင်ဆင်နေသဖြင့် အလှူငွေများ ထည့်ရန် လက်ကမ်းစာစောင်များတွေ့ရပုံ၊ ဘဏ်အကောင့်များ ဖွင့်ထားသည့် ကိစ္စများကို ရှင်းလင်းခဲ့သည်။

သို့သော်လည်း ရိုဟင်ဂျာ ဟုဆိုနေသူများက ဦးနုလက်ထက်တွင် ရိုဟင်ဂျာ တိုင်းရင်းသားဟု သတင်းစာများ၊ ရေဒီယို အသံများတွင် ထုတ်လွှင့်ခဲ့ကြောင်း ထောက်ပြကာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု ဆိုနေကြသည်။

ယင်းကိစ္စက ရှင်းသည်။

ပြည်ထောင်စု အစိုးရက ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် မရှိဟု ငြင်းဆို ထားပြီး တရားဝင် တိုင်းရင်းသာ ၁၃၅ မျိုးတွင်လည်း ပါဝင်ခြင်းမရှိပေ။

ဓါတ်ပုံ - ၀ံလက်ဖောင်ဒေရှင်း

ဒေါက်တာအေးချမ်း စစ်တွေမြို့သို့ ယနေ့ ရောက်ရှိလာသော မြင်ကွင်း
ရိုဟင်ဂျာမှာ ဖန်းတီးမှုသာဖြစ်ကြောင်း ဒေါက်တာ အေးချမ်းရှင်းလင်း

ရိုဟင်ဂျာ အခေါ်အဝေါ်သည် ဖန်တီးလုပ်ကြံထားခြင်းသာ ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကန်ဒါ တက္ကသိုလ်က သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက မတ်လ ၁၄ ရက်နေ့ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park တွင် သမိုင်းအထောက်အထားများဖြင့် ရှင်းလင်းခဲ့သည်။

ဗြိတိသျှ ကိုလိုနီစနစ် ဗြိတိန်အစိုးရ မှတ်တမ်းများ၊ မြန်မာ သမိုင်း အဆက် ဆက်တွင် ရိုဟင်ဂျာ ဟု မှတ်တမ်းတင်ခြင်း မရှိခဲ့ဘဲ ဘင်္ဂါလီဟုသာ မှတ်တမ်း များ ရှိခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ုရိုဟင်ဂျာ အသုံးအနှုန်းမှာ Primary Sources (မှုရင်း အထောက်အထား) အခြေမခံဘဲ Secondary Sources အခြေခံထားကြောင်း၊ Secondary Sources မှာ လုပ်ကြံဖန်တီးမှုများပါဝင်ပြီး သံသယ ဖြစ်စရာကောင်းကြောင်း ဒေါက်တာ အေးချမ်းက ရှင်းပြသည်။

ရိုဟင်ဂျာ အသုံးသည် ဘင်္ဂါလီများက ရခိုင်ကိုခေါ်သော အသံထွက် Rohhawn or Roan နှင့် ဂျာ(ဘင်္ဂါလီ အခေါ် - လူမျိုး) နှစ်ခုကို ပေါင်း၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ခေါ်သည့် ရိုဟင်ဂါ အသံကို ပြောင်းလဲ၍ ဖန်တီး ထားခြင်းဖြစ်ကြောင်း ရိုဟင်ဂျာ ဖြစ်ပေါ်လာပုံကို ဒေါက်တာ အေးချမ်းက ရှင်းပြသည်။

ဗြိတိသျှလက်ထက်က ချောင်ဒရီ (ရခိုင်အခေါ် သော်ဒရီ - လယ်ယာ ခုတ်ထွင် ရှင်းလင်းသည် စိုက်ပျိုးရေး) လယ်ယာလုပ်ကိုင်ရေးစနစ်တွင် အခွန်ကင်း လွှတ်ခွင့်ဖြင့် ၁၀နှစ်တိတိ လုပ်ခွင့်ပေးခဲ့ရာ ဗြိတိသျှ အစိုးရက ဘင်္ဂလားဒေ့ရှ် စစ်တကောင်းသမားများကို ခေါ်သွင်းခဲ့သဖြင့် ရောက်လာခြင်းဖြစ်ဟု ၄င်းက ဆိုသည်။

ယင်းအကြာင်းအရာကို ဘင်္ဂလားဒေ့ရှ် သံအမတ်ကလည်း ၀န်ခံထားသည်။

၁၈၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးသိန်းကျော် မြန်မာနိုင်ငံ သို့ ရောက်ရှိနေပြီဖြစ်ပြီး ၄င်းတို့ကို မြန်မာအစိုးရ နှင်ထုတ်လိုက နှင်ထုတ်နိုင် သည်ဟု ယင်းသံအမတ်ဆိုထားကြောင်း ထောက်အထားများနှင့် ဒေါက် တာ အေးချမ်းက ရှင်းလင်းခဲ့သည်။

ဗြိတိသျှ အစိုးရ ဂျပန်တပ်များကိစ္စကို စုံစမ်းထောက်လှမ်းရန် ဖွဲ့စည်းသော အကူတပ် (ဘင်္ဂါလီများ) သည် မြောက်ပိုင်းတွင် ပြဿနာ မရှိသော်လည်း အကြောင်းအမျိုးမျိုးရှာကာ မြောက်ပိုင်းရခိုင်းများကို တောင်ပိုင်း ရောက်အောင် တိုက်ထုတ်ခဲ့ပြီး နေရာရယူခဲ့ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် တို့ ကို ၄င်းတို့နယ်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု ၄င်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ (အစ္စလာမ်) ဘာသာရေးစစ်ပွဲ (ဂျီဟတ်) ဆင်နွဲရန် ပြင်ဆင်နေသဖြင့် အလှူငွေများ ထည့်ရန် လက်ကမ်းစာစောင်များတွေ့ရပုံ၊ ဘဏ်အကောင့်များ ဖွင့်ထားသည့် ကိစ္စများကို ရှင်းလင်းခဲ့သည်။

သို့သော်လည်း ရိုဟင်ဂျာ ဟုဆိုနေသူများက ဦးနုလက်ထက်တွင် ရိုဟင်ဂျာ တိုင်းရင်းသားဟု သတင်းစာများ၊ ရေဒီယို အသံများတွင် ထုတ်လွှင့်ခဲ့ကြောင်း ထောက်ပြကာ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု ဆိုနေကြသည်။

ယင်းကိစ္စက ရှင်းသည်။

ပြည်ထောင်စု အစိုးရက ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် မရှိဟု ငြင်းဆို ထားပြီး တရားဝင် တိုင်းရင်းသာ ၁၃၅ မျိုးတွင်လည်း ပါဝင်ခြင်းမရှိပေ။

ဓါတ်ပုံ - ၀ံလက်ဖောင်ဒေရှင်း

ဒေါက်တာအေးချမ်း စစ်တွေမြို့သို့ ယနေ့ ရောက်ရှိလာသော မြင်ကွင်း

Monday, March 11, 2013

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ ပြုလုပ် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်း


ဓာတ်ပုံ - ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်
Sunday, March 10, 2013

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရု...ိဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာ ဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။

ရှင်းလင်းပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ဦးတည်ချက် သုံးချက်နဲ့ ကျင်းပတာပါ။ (၁) ကျွန်တော်တို့ ရခိုင်သမိုင်းကို နိုင်ငံတကာ သတင်းမီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ (၂) ပြည်ပအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်း မီဒီယာတွေဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ယနေ့ထက်တိုင် အသိအမှတ် မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို တွင်တွင်ကြီး သုံးနေကြတာကိုတွေ့ရှိရတယ်။ အမှားကြာလျှင် အမှန်ဖြစ်တတ်သွားပါတယ်။ (၃) ဒီကနေ့ နိုင်ငံတကာ သမိုင်းပညာရှင်တွေ ဟောပြောပို့ချ ခဲ့တာတွေဟာ ရခိုင်သမိုင်း သုတေသီများအတွက် ကိုးကားနိုင်လောက်တဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရခိုင်သမိုင်းစာတမ်း တစ်စောင် ကျန်ရှိနေခဲ့ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။

ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက ရခိုင်ဘုရင်နိုင်ငံ မြန်မာဘုရင် နိုင်ငံ၏ နယ်ပယ်ဖြစ်လာသောအခါ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းရာတွင် ရခိုင်ကို ဘိုးတော်ဘုရား သိမ်းပိုက် အနိုင်ယူသည့် သမိုင်းဆိုင်ရာ အခြေအနေ၊ စေ့ဆော်ချက်များကို ပြောကြားခဲ့ပြီး စေ့ဆော်ချက်များတွင် နိုင်ငံရေးနှင့် သဘောတရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော်ချက်များ ရှိခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ထို့ပြင် ရခိုင်ကို မြန်မာများ (၁၇၈၅-၁၈၂၅) ခုနှစ်များအတွင်း အုပ်ချုပ်ခဲ့စဉ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြောင်းလဲလာမှု အခြေအနေများကို ၎င်းက ရှင်းလင်းရာတွင် (၁၇၈၅-၁၇၉၅) ခုနှစ်အတွင်း ရခိုင်အထက်တန်းလွှာများအား နယ်နှင်ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်း၊ (၁၇၉၅ -၁၈၁၀) ခုနှစ်အတွင်း အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်းမှုများ ပြုလုပ်ခြင်း၊ မြန်မာဘုရင်၏ စစ်ပွဲများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ရခြင်း၊ ရခိုင်သို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်း၊ (၁၇၈၇-၁၈၁၅) ခုနှစ်အတွင်း မြန်မာ ဘုရင်၏ အုပ်စိုးမှုကို ပုန်ကန်မှု အရှိန်မြင့်လာခြင်း၊ ရခိုင်များ အလုံးအရင်းနှင့် ဘင်္ဂလားတောင်ပိုင်းသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း၊ (၁၈၁၅ -၁၈၂၅) ခုနှစ်အတွင်း စီးပွားရေးပုံစံ ကူးပြောင်းလာခြင်းနှင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက်သည့် ခြိမ်းခြောက်ခံရမှု မရှိခဲ့ခြင်းတို့ ဖြစ်ပျက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အလားတူ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများကို ရှင်းလင်းခဲ့သည်။

၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာပုံ၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာမှုများတွင် ကုန်သွယ်ရေးမှ ရရှိသည့် အခွန်ဘဏ္ဍာများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပုံ၊ ရခိုင်နှင့် ဘင်္ဂလားဒေသတွင် ဒတ်ခ်ျတို့၏ ကုန်သွယ်ပုံများကို ၎င်းကပြောကြားခဲ့ပြီး ၁၆၃၈ ခုနှစ် နောက်ပိုင်း ဘင်္ဂလား အရှေ့တောင်ဘက်တွင် ရခိုင်များ၏ ထိန်းချုပ်မှု လျော့နည်းလာရခြင်းမှာ အခွန်ဘဏ္ဍာ ရရှိမှု လျော့နည်းလာခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်း အားမကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျကုန်သည်များ ထွက်ခွာသွားခြင်းမှာလည်း ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က ရှင်းလင်းခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် (၁၈၂၆-၁၉၇၅) ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသားများ၏ ပြောင်းရွှေ့နေထိုင်မှုများ များပြားလာခြင်း၊မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်းတို့ ကို ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါက်တာအေးချမ်းက ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာပုံ၊ ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးပုံ၊ မူဂျာဟစ်ပါတီ၏ တောင်းဆိုချက်များ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေကြောင်း ပြောသည်။

“ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး” ဟု သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းက ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဖိတ်ကြားထားသူများ၊ ပညာရှင်များက ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ ၎င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ရခိုင်သမိုင်း ပညာရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ပုဂံခေတ် ရခိုင်ကို သိမ်းပိုက် အနိုင်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြင်သစ်နိုင်ငံ အာရှ လေ့လာရေးဌာနမှ ဒေါက်တာဂျက်ပလိုင်ဒါက “သက်သေအထောက်အထား မရှိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အလားတူ လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ စတီဖင်ဗင်ဂလန်က “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ်လို့ ၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး။ တခြား ယဉ်ကျေးမှုတွေလည်း မြောက်ဦးမှာ ရှိနေပါပြီ။ ၁၆၀၈ ခုနှစ်မှာ ပထမဆုံး ဒတ်ခ်ျလူမျိုး မြောက်ဦးကို ရောက်ပါတယ်။ ၁၆၄၀ ပြည့်နှစ်မှာ ရခိုင်မိခင်တွေနဲ့ ရတဲ့ ဒတ်လူမျိုးကလေးတွေ အများကြီး ရှိနေပါပြီ။
မြောက်ဦးမြို့ဟာ အသွေးအရောင် စုံတဲ့မြို့လို့ ပြောရမှာပဲ” ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သည်။

ထို့ပြင် ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂလန်က “၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး” ဟုလည်း ဖြေကြားခဲ့သည်။

ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရို ဟင်ဂျာ စကားလုံး မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲ၊ မည်သူ စတင်သုံးစွဲခဲ့သလဲ ဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ “ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့ စကားရပ်ပါ” ဟု ဖြေကြားသည်။

ဘင်္ဂါလီအရေး ဆောင်ရွက်ရေးသားနေသူ ဦးဌေးလွင်ဦးက ရိုဟင်ဂျာနှင့် ရခိုင်ပြည်နယ် အကြောင်းကို မေးမြန်းခဲ့ရာတွင် ဒေါက်တာအေးချမ်းက ဦးဌေးလွင်ဦး ပြောကြားသည့် စကားရပ်သည် ရိုဟင်ဂျာဟု မဆိုလိုကြောင်း၊ ဘင်္ဂါလီများက ရခိုင်ကိုခေါ်သည့် စကားလုံးသာ ဖြစ်ပြီး Rohan စကားလုံးသည် နောက်မှ ၀င်ရောက်လာသည့် တရားမ၀င် ခိုးဝင် အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း ရှင်းလင်းခဲ့သည်။

“ဒီရှင်းလင်းပွဲကြောင့် လူတွေဟာ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ရိုဟင်ဂျာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ ဒေါက်တာအေးချမ်းက ရှင်းရှင်းလင်းလင်း ပြောသွားတယ်။ နောက်ပြီး လက်ရှိ ရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခကတော့ နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အကြီးအကဲတွေက ဖြေရှင်းပေးမှပဲ ပြေလည်မယ် ထင်တာပဲ။ ကိုယ့်နိုင်ငံမှာ အဲဒီလိုမျိုး ကြားနေရ၊ မြင်နေရတာလည်း မကောင်းဘူး။ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆန္ဒပြုပါတယ်။ အကုန်လုံး ကိုယ့်စီးပွားနဲ့ကိုယ်၊ ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်စေချင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန်ပဲ ဖြစ်စေချင်ပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဘာသာ ပထမနှစ်ကို တက်ရောက်နေသည့် အရှင်တေဇက မိန့်သည်။

ဆွေးနွေးပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြား နေကြသည့် ရခိုင်ရဟန်းသံဃာများနှင့် ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေးသာအောင်၊ဒေါက်တာအေးမောင်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် ၉ ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲအား တွေ့ရစဉ်

Copy from - Eleven Media Group

Friday, November 30, 2012

၆၇ ကြိမ်မြောက် ကုလ အထွေထွေ ညီလာခံတွင် ရိုဟင်ဂျာ နာမည် သုံးစွဲခြင်းကို မြန်မာဘက်က ပယ်ချ


နိရဉ္စရာ

နိုဝင်္ဘာလ ၂၆ ရက်နေ့ တနင်္လာနေ့က ပြုလုပ်ခဲ့သော (၆ရ) ကြိမ်မြောက်ကု လသမဂ္ဂ အထွေထွေ ညီ လာခံကြီး၏ (၄၃) ကြိမ်မြောက်တတိယကော်မ တီ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရခိုင်ပြည် နယ်တွင် ရှိသော မူဆလင် များကို ရို ဟင်ဂျာ လူမျိုး အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းကိုမြန်မာဘက်ကပယ်ချလိုက် သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးဆို သည်မှာ မရှိကြောင်း၊ ကုလသမဂ္ဂ၏ ဆုံး ဖြတ်ချက်ထဲတွင် သုံး နှုန်းဖော်ပြထားသော အသုံးအနှုန်း အပေါ် မိမိတို့ ကိုယ် စားလှယ် အဖွဲ့အနေဖြင့် အပြင်း အထန် ကန့်ကွက်ကြောင်း၊ ရခိုင်ပြည် နယ်အ တွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များမှာ ဘာသာရေးအရ ဖိနှိပ်မူကြောင့် ပေါ်ပေါက်လာသော အကြမ်း ဖက်မှုများ မဟုတ်ဘဲ လူမှု အဖွဲ့အစည်း နှစ်ခုအ ကြား ဖြစ်ပွားခဲ့ သော ပဋိပက္ခသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ကိုယ်စားလှယ်မှ ပြန်လည် တုံ့ပြန်ပြောဆို ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်က ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်ပြီး အထူး စိုးရိမ်မိကြောင်း၊ လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်များအပေါ်အကြမ်း ဖက် ဖိနှိပ်မူများကို လက်ခံနိုင်စရာ မရှိကြောင်း၊ မြန်မာ အစိုးရအနေဖြင့်လူနည်းစုဖြစ်သောသူတို့၏အခွင့်အရေးကိုအကာအကွယ်ပေး ရန်တောင်း ဆိုကြောင်း စသည့် အချက်များ ပါဝင်သည့် ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယ ကော်မတီ ဆွေး နွေးပွဲ တွင် ချမှတ်ခဲ့သည်ဟု ဆိုသည်။

မြန်မာ ကိုယ်စားလှယ်ကလည်း ရိုဟင်ဂျာ အမည်ခံထားသူများမှာ ရွှေ့ပြောင်း ၀င်ရောက်လာသူ များသာဖြစ်ကြောင်း၊ သူတို့ကိုယ်သူတို့ ခွဲခြား သတ်မှတ်ရန် ကြိုးစားနေရာတွင် ရွှေ့ပြောင်း ၀င်ရောက်လာသူများ အဖြစ် မပြောဆိုဘဲ လူမျိုးစုတခု အဖြစ် သူတို့ဖာသာ ဖန်တည်းသတ်မှတ် ခြင်း မျိုးကို လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုး စုများ အထဲတွင် ရိုဟင်ဂျာဆိုသော တိုင်းရင်းသား လူမျိုးစု မရှိပါကြောင်း၊ ယခုကဲ့သို့ သတ်မှတ်မူမျိုးကို အစိုးရအဆက်ဆက် ဘယ်တုန်း ကမှ အသိအမှတ် မပြုခဲ့ဖူး ပါ ကြောင်း၊ ဤကဲ့သို့ အခြေအနေ မျိုးတွင် တိုင်းပြည်၏ တည်ဆဲ ဥပဒေများနှင့် ကိုက်ညီပါက နိုင်ငံတွင်း မည်သည့် လူမှု အ၀န်းအ၀ိုင်း မဆို နိုင်ငံသားဖြစ်ခွင့်ကို မည်သည့် အခါ မှ မငြင်းပယ်ခဲ့ဘူးကြောင်းနှင့် ငြင်းပယ်မှာလည်း မဟုတ် ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

မြန်မာအနေဖြင့် တတိယ ကော်မီတီ အစည်းအဝေး ဆုံးဖြတ်ချက်ကို လက်ခံသော်လည်း ရိုဟင်ဂျာ အမည် သုံးစွဲခြင်းကို ကန့်ကွက် ကြောင်း ပြောဆိုသည်ဟု ရွိုက်တာ သတင်းတွင်လည်း ဖေါ်ပြသည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ထဲတွင် ရခိုင်ပြည်နယ်၏ အခြေအနေအတွက် စိုးရိမ်ကြောင်းနှင့်ရခိုင်ပြည်နယ်တွင်နေထိုင်သူများအားလုံး အ တွက် အကာအကွယ်ပေး ရန် တောင်းဆိုချက်များ လည်း ပါဝင်သည်ဟု ဆိုသည်။

(၆ရ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး၏ (၄၃) ကြိမ်မြောက် တတိယ ကော်မတီ အစည်းအဝေးကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြည်တွင်း ပြည်ပရှိ ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမူ ရေး အဖွဲ့အစည်းများ၏ တစ်စုံတစ်ရာ တုန့်ပြန်မူများ ယနေ့ထိ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

Thursday, September 20, 2012

KIA ကွန်မန်ဒို ကိုလဖိုင်ဇော်ဆိုင်း ရန်ကုန်ေ၇ာက်ပြီ



၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ.ကား ကချင်လူမျိုး ကိုလဖိုင်ဇော်ဆိုင်းအတွက် ဘယ်သောအခါမှ မမေ.နိုင်မည်.နေ.တစ်နေ .ဖြစ်သည်။ ထို.နေ. တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တာဝန်
ပေးချက်အရ အစိုးရစစ်တပ်မှတိုင်းမှုး အယ်လ်ခွန်ဖန် အား ကချင်ပြည်နယ် မြစ်ကြီးနား မြို. မိုင်ဒေးကွင်းနား တွင် အောင်မြင်စွာပစ်ခတ်လုပ်ကြံခဲ.သည်။
ကေအိုင်အေ၏အထူးပျောက်ကျားကွန်မန်ဒိုတပ်ဖွဲ.ကို အသက် ၂၂ အရွယ်တွင်ဦးစီးတာဝန်ယူထားသော ကို
ဇော်ဆိုင်းနှင်. အခြား ကေအိုင်အေ ၃ ဦးတို. တိုင်းမှုးအယ်ခွန်ဖန်အားလုပ်ကြံအပြီး သတ်မှတ်ဆုံမှတ်သို.ပြန်
လာချိန်တွင် တစ်ဦးမှာ ကျန်ရစ်ခဲ.သဖြင်. ကိုဇော်ဆိုင်းကလာလမ်းအတိုင်းပြန်နောက်ဆုတ်၍ ရှာဖွေရာချိန်
တွင် သူဖမ်းဆီးခံခဲ.ရ၏။ သူ၏ ကျန်ကွန်မန်ဒိုရဲဘော်များမှမူလွတ်မြောက်ခဲ.ကြ၏

ကိုဇော်ဆိုင်းသည် သေဒဏ် နှင်. ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံခဲ.ရပြီး ရှစ်လေးလုံးအရေးတော်ပုံ အပြီး သေ
ဒဏ်ပျက်ပြယ်ပြီး နောက်တိုး ထောင်ဒဏ် ၃ နှင်.ဖြင်. ထောင်သက် ၂၇ နှစ်နီးပါး ကို မြစ်ကြီးနားထောင်၊ မန္တ
လေးထောင် နှင်.မြင်းခြံထောင်တို.တွင် ယမန်နေ.နေလည်ခင်းအချိန်ထိ အကျဉ်းကျခဲ.သည်။

ခုတော.ကိုဇော်ဆိုင်း ယမန်နေ.က အစိုးရကြေငြာသောပြစ် ဒဏ်လျှော.ပေါလွှတ်ပေးမှုကြောင်လွတ်မြောက်
လာပြီး ရန်ကုန်မြို.သို.ရောက်ရှိနေပြီဖြစ်သည်။ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနီးတူ မွေး
ရပ်ဇာတိ သို.မဟုတ် မိဘဆွေးမျိုးများရှိရာကချင်ပြည်နယ် သို.မပြန်နိုင်ရှာ။ အကြောင်းကား လွန်ခဲ.သော
နှစ်ပေါင်း ၃၀ ကျော်ကကဲ.သို. ကချင်မြေတွင် အစိုးရစစ်တပ်နှင်. ကေအိုင်အေတို. အပြင်းအထန်တိုက်ပွဲများ
ဖြစ်နေပြီး စစ်မီးများတဟုန်းဟုန်းလောင်မြိုက်နေခြင်းကြောင်.ဖြစ်သည်။

“ရှေ.လ ၁၆ ရက်ဆို ကျနော်ထောင်သက် ၂၇ နှစ်ပြည်.ပါပြီ။ ဒါ.ကြောင်.လွှတ်ပေးလို.ကျေးဇူးတင်ရမယ်ဆို
တာလဲတစ်မျိုးဘဲ။ ကျနော်ခုရန်ကုန်ကိုဆင်းလာတယ်ဆိုတာလဲ စစ်မတိုက်ချင်လို.၊ ငြိမ်းချမ်းရေးအဖြေရှာ
ချင်လို.၊ သိန်းနဲ.ချီတဲ. ကချင်ဒုက္ခသည်တွေအတွက် တစ်ခုခုကြိုးစားချင်လို.ပါ” ဟုသူကဆိုသည်။

သူထောင်သက် ၂၇ နှစ်အတွင်း  ကေအိုင်အေ နှင်. အစိုးရတို. ၁၇ နှစ်ကြာ ၁၉၉၄ မှ ၂၀၁၁ ဇွန်လထိ အပစ်
အခပ်ရပ်ဆဲခဲ.သည်။ သို.သော်ယခုကိုဇော်ဆိုင်းမြင်တွေ.ရသော ကချင်ပြည်နယ်ကား သူမြင်တွေ.ခဲ.သည် ၁၉၈၀ ကျော်ကစစ်ပွဲကာလများကဲ.သို.ဖြစ်နေသည်။

၁၉၈၅ ခုနှစ်တွင် ဦးနေ၀င်းခေါင်းဆောင်သောမြန်မာအစိုးရတပ်နှင်. ကေအိုင်အေတို. တိုက်ပွဲများအပြင်းအ
ထန်ဖြစ်ပွားနေကြောင်း ကိုဇော်ဆိုင်းကဆိုသည်။ ထိုကာလများတွင် ကချင်ရွာ များမီးရှို.ခံရခြင်း၊ ထောင်
ပေါင်းများစွာသော ကချင်လူမျိုးတို. စစ်ပြေးဒုက္ခသည်ဖြစ်ခဲ.ခြင်းတို.သည် ကချင်လူမျိုးပင်ဖြစ်သော တိုင်းမှူး
အယ်လ်ခွန်ဖန်ကိုလုပ်ကြံရန် အကြောင်းဖန်လာခြင်းဖြစ်ကြောင်း သူကဆိုသည်။ အယ်လခွန်ဖန်မှာ နာမည်
ကျော်အဆိုတော် အယ်လခွန်းရီ ၏ ဖခင်ဖြစ်သည်။

“ကေအိုင်အေခေါင်းဆောင်ဟောင်းတွေဖြစ်တဲ. ဦးဘရန်ဆိုင်း နဲ. ဦးဇော်မိုင် တို.က တာဝန်ပေးတဲ.အတွက်
ကြောင်. လုပ်ကြံမှုကိုလုပ်ခဲ.တာပါ။ ခုကေအိုင်အေ စစ်ဖက်ဆိုင်ရာ အကြီးအကဲ လုပ်နေတဲ. ဗိုလ်ချုပ်ကြီး
လဘန်လ ကော၊ ခု ကေအိုင်အိုခေါင်းဆောင်တာဝန်ယူထားတဲ. ဦးဇောင်းခရား တို.လည်းကျနော်တာဝန်ယူ
တဲ.ကိစ္စကိုသိပါတယ်” ဟု ကိုဇော်ဆိုင်းက ဆိုသည်။

ကိုဇော်ဆိုင်းကိုလွှတ်ပေးလိုက်မှုသည် ကေအိုင်အေအတွက်တော. ထူးခြားမှုတစ်ရပ်လို.မှတ်ယူစရာရှိသည်။ အကြောင်းမှာ ယခကေအိုင်အေမျိုးဆက်သစ်လူငယ်ခေါင်းဆောင်များထဲမှအချို.သည် ကိုဇော်ဆိုင်းနှင်သက်
တူရွယ်တူ ခေတ်ကာလတစ်ခုတည်းလုပ်ကိုင်ခဲ.သူများဖြစ်ကြောင်းသိရသည်။

ယခုတော. အသက် ၄၉ နှစ်ရှိပြီဖြစ်သော ကိုဇော်ဆိုင်းတစ်ယောက် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် သူတတ်နိုင်သမျှကြိုးပမ်းမည်ဖြစ်ကြောင်း၊ ထောင်သက် ၂၇ နှစ်ကာလအတွင်း တွေ.ခဲ.သော များမြောင်လှ
သည်. သူ.မိတ်ဆွေ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင်. အဆင်ပြေပါက အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်
ဒေါ်အောင်ဆန်းစုကြည် ကိုပါတွေ.ဆုံရန် ရှိသည်ဟုသူကဆိုသည်။

လက်ရှိဖြစ်နေသော ကေအိုင်အေနှင်. အစိုးရတိုက်ပွဲများအပေါ် သူမှတ်ချက်ပေးရန်ငြင်းဆန်သော်လည်း အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်များ နယ်ခြားစောင်.တပ်ဖွဲ.အသွင်ပြောင်းရေးစီမံကိန်းဟာ ဖြစ်နိုင်စ
ရာအကြောင်းမရှိဟု သူကမှတ်ချက်ပြုသည်။


ထို.အပြင် မြင်းခြံထောင်ထဲတွင် မတရားညှင်းပန်းနှိပ်စက်မှုကြောင်. KNU နှင်.ပတ်သက်ပြီးအကျဉ်းချခံခဲ.ရ
သူ ၆၀ ကျော် ၁၉၉၂၊ ၁၉၉၃ ကာလများတွင် သေဆုံးခဲ.မှုနှင်. ထောင် ထဲတွင်လူအခွင်.အရေးချိုးဖောက်မှု
များကိုလည်း သူက ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျနော်ကိုယ်တိုင် သံခြေကျင်းဒေါက်ခတ်ပြီး ၄ နှစ်နေခဲ.ရတယ်၊ နှိပ်စက်ခံခဲ.ရတယ်၊ အစာရေစာငတ်မွတ်
ခဲ.တယ်၊ ဘုရားသခင်ရဲ.ကျေးဇူးတော်ကြောင်. ကျနော်ဒါတွေကျော်လွှားနိုင်ခဲ.တယ်။ ကျနော် ငြိမ်းချမ်းရေး
အတွက် ကြိုးစားသွားမယ်" ဟု ကိုဇော်ဆိုင်းကဆိုသည်။

သေချသည်ကတော. ကိုဇော်ဆိုင်းသည်မငြိမ်းသေးသော မြန်မာပြည် ပြည်တွင်းစစ်၏ သားကောင်ဖြစ်ခဲ.ရ
ကာ၊ ယခုလက်ငင်း စစ်၏အခြေအနေကြောင်. အသက်ရှစ်ဆယ်ကျော်မိခင်ကြီးရှိရာ ကချင်ပြည်နယ် အင်း
တ်ာကြီးသို. မပြန်နိုင်ဘဲ ဆက်လက်၍ စစ်၏ သားကောင်ဖြစ်နေလေသည်။

အာရှလေဘာတီ

Wednesday, September 19, 2012

ရခိုင်ပြည်ကို ကာကွယ်ရန် အခွင့်အရေး မရခဲ့ဟု ဦးအေးသာအောင် ဆို




 
ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင်
တွေ့ရသော ဦးအေးသာအောင်ဓါတ်ပုံ - The Voice Weekly

အစိုးရကသာ အဏာကို ချုပ်ကိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ အနောက်ဖက် တံခါး ရခိုင်ပြည်ကို ရခိုင် တိုင်းရင်းသားများ ကာကွယ်ခွင့် မရခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောကြားသည်။

အစိုးရကသာ အာဏာကို ချုပ်ကိုင်ထားခဲ့ပြီး ရခိုင် တိုင်းရင်းသားများတွင် လုပ်ပိုင်ခွင့် အာဏာ မရှိခဲ့သဖြင့် အနောက်ဖက် တံခါးကို ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း မရှိခဲ့ကြောင်း ၄င်းက ရှင်းပြသည်။
ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် ဦးအေးသာအောင်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အနောက်ဖက်တံခါးကို ရခိုင်တိုင်းရင်းသားများ သမိုင်းပေးတာဝန်အရ စောင့်ရှောက်ခဲ့သောလည်း အာဏာကို ချုပ်ကိုင်ထားသော အစိုးရပိုင်း၏ အားနည်းမှု အကျင့်ပျက် ခြစားမှုတို့ကြောင့် တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ၀င်လာခဲ့ကြောင်း၊ ယင်းသို့ ၀င်ရောက်လာမှုတို့ကြောင့် ဘူးသီးတောင် ၊ မောင်တောမြို့နယ်တို့တွင် လူဦးရေ မညီမျှမှုများ ဖြစ်လာခဲ့ကြောင်း ဦးအေးသာအောင်က ဆိုသည်။

ဘူးသီတောင် ၊ မောင်တောမြို့တို့တွင် ရခိုင် တိုင်းရင်းသား ဦးရေမှာ ၉ရာခိုင်နှုန်းခန့်သာ ရှိပြီး ဘင်္ဂါလီ ၈၄ရာခိုင်နှုန်းခန့်ရှိသည်။

By Rakhine Citizen Journalists
REF: မြန်မာ့သတင်းများစုစည်းရာ
 

Tuesday, September 18, 2012

ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် တွေ့ရသော သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း


ဓါတ်ပုံ - The Voice Weekly
 
ရခိုင် အရေးကို အလေးပေးဆွေးနွေးခဲ့သော အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသား သမိုင်းပညာရှင် ဒေါက်တာအေးချမ်း တက်ရောက်ဆွေးနွေးခဲ့သည်။

ဒေါက်တာအေးချမ်းသည် ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီများ ခိုးဝင်လာသည့် သမိုင်းကြောင်းများကို အသေးစိတ်ရှင်းလင်းခဲ့သည်။ ယင်းရှင်းလင်းချက်များကို ဘင်္ဂါလီ နှစ်ဦးက ကန့်ကွက် ဆွေးနွေးခဲ့သဖြင့် အခြေအနေ အနည်းငယ် တင်းမာခဲ့သည်။

သို့သော်လည်း ဒေါက်တာ အေးချမ်းကမှု အမေရိကန်တွင် သော်လည်းကောင်း၊ ဘင်္ဂလားဒေခ်ျ့တွင် သော်လည်းကောင်း ယင်းနိုင်ငံတို့၏ လူဝင်မှု ကြီးကြပ်မှု ဥပဒေရှိပြီး ယင်း ဥပဒေကို လိုက်နာရကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်လည်း လိုက်နာ ရမည်ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့တော် CHATRUM ဟိုတယ်တွင် စက်တင်ဘာလ ၁၆ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော ဒေါက်တာ အေးချမ်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရှေ့နေ ဦးသန်းမောင် တို့ တက်ရောက်ခဲ့ပြီး ရခိုင်ကိစ္စ စုံစမ်း စစ်ဆေးရေး ကော်မရှင်၊ ကုလသမဂ္ဂ၊ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား၊ ပြည်တွင်း ပြည်ပ သမိုင်း ပညာရှင်များ တက်ရောက် ခဲ့သည်။

Copy from - New MyanmarFoundation

Friday, August 31, 2012

ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ ရှင်းလင်းပွဲ ပြုလုပ်




ရန်ကုန်၊ သြဂုတ် ၃၀

မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ခေါင်းဆောင်များ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ဝင် အချို့ မနက်ဖြန် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်းနှိပ်စက်ခံခဲ့ရသည်ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်းရှင်းလင်းမည်ဖြစ်သည်။

အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး နိုင်ငံအတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က သန်ဘက်ခါတွင် အသီးသီး ရန်ကုန်မြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။

ထို့အတူ မနက်ဖြန်တွင် မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်မြို့တော်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အစိုးရ သူလျှိုဟု စွပ်စွဲခံရပြီး တောတွင်းရောက် ကျောင်း

Monday, August 6, 2012

ရခိုင်ပဋိပက္ခ သီးခြားလွတ်လပ်စွာ စုံစမ်းရေး ကင်တားနားတောင်းဆို


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ကနေ စုံစမ်းစစ်ဆေး ပေးနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား (Tomas Ojea Qintana) က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို အကဲခတ် ဆန်းစစ်ဖို့အတွက် မြန်မာနိုင်ငံကို တပတ်ကြာခရီး ရောက်

၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ"...



၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ယနေ့ညနေ ၃း၀၀နာရီက ကျင်းပရာ "မစ္စတာ ကွင်တာနား ပြောကြားခဲ့သော နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကို ၈၈ အနေဖြင့် မည်သို့မြင်ပါသနည်း"ဟု အလင်းတန်းဂျာနယ်မှ မေးမြန်းရာ မင်းကိုနိုင်က " နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသော ဥပဒေကို အမျိုးသားအကျိုးစီးပွား

Sunday, August 5, 2012

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း



မြန်မာနိုင်ငံ အနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ် ခွင့်အား ငြင်းပယ်ခြင်း အပါအ၀င်
ခွဲခြား ဆက်ဆံမှုများ ရှိနေသော ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့် ဥပဒေအား ပြန်
လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ
ကွင်တားနားက တိုက်တွန်းပြောဆို လိုက်သည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ဒေသခံ
ရခိုင်တိုင်းရင်း သားများနှင့် ဘင်္ဂါလီလူမျိုးများကို သွားရောက်တွေ့ဆုံ မေးမြန်းမှု
များပြုလုပ်ခဲ့ပြီး၊ ယနေ့ညနေ ၆ နာရီခွဲတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်းပြည်ပ
သတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် အထက်ပါအတို

Wednesday, July 25, 2012

မန်းတွင် ဓာတ်ဆီဆိုင်ဖွင့်လှစ်ခွင့်ပြုခြင်းနှင့်ပတ်သတ်၍ မန်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရှင်းလင်း


မန်းတွင်ဓာတ်ဆီဆိုင်ဖွင့်လှစ်ခြင်း မန်းလျှပ်စစ်ဝန်ကြီးရှင်းလင်းပွ
မန္တလေးမြို့ ပေါ်အပါအ၀င် မန္တလေးတိုင်း ဒေသကြီးအတွင်း စက်သုံးဆီ အရောင်းဆိုင် များဖွင်လှစ် ရောင်းချခွင့် ပြုနေခြင်းနှင့် ပတ်သတ်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဒေါက်တာ မြင့်ကြူက မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဇူလိုင်လ ၂၄ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ယခင် တ.ရ.က ရုံးဟောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ၀န်ကြီးက အစိုးရသစ်လက်ထပ် စက်သုံးဆီအေ

Wednesday, July 11, 2012

ဘင်္ဂါလီ ရိုဟင်ဂျာ အခြေအနေ AI အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


2012-07-10
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လစ်လျူမရှုသင့်ကြောင်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက် အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုပါတယ်။

RFA
အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့တော်က သတင်းထောက်များ အသင်းတိုက်မှာ မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာများရဲ့ အခြေအနေအကြောင်း ဇူလိုင်လ ၁၀ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက် အာရှပစိဖိတ်ရေးရာ စည်းရုံး လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုနေစဉ်။
အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့တော်က သတင်းထော

Sunday, July 8, 2012

ဆဲဗင်း ဇူလိုင်အကြို ဖမ်းဆီး ကျောင်းသားအားလုံး ပြန်လွတ်လာ



ဓာတ်ပုံ- ၈၈

လင်းသန့် ရေးသားပေးပို့သည်။

ယမန်နေ့ညက ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အခမ်းအနားများ ကျင်းပရန် ပြင်ဆင်ကြိုးစားခဲ့ကြတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့ တွေ က ဖမ်းဆီးခံခဲ့ကြရတဲ့ ကျောင်းသား အားလုံး ယနေ့ အသီးသီး ပြန်လွတ် လာကြတယ်လို့ ၈၈ မျိုး ဆက် ကျောင်းသားများရဲ့ ရုံးက အတည်ပြု ပြောကြားပါတယ်။

ရန်ကုန်မှာ ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသော ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့် ဖြိုးဖြိုးအောင် တို့ ၄ ဦး ယနေ့ မနက်ပိုင်းက ပြန်လွတ်လာပါတယ်။ ပြန်လွတ်

Monday, June 18, 2012

ဦးကျော်လှအောင်နှင့် ပတ်သက်၍နယ်စည်းမထားဆရာဝန်များအဖွဲ့ရှင်းလင်း




ရန်ကုန်၊ ဇွန်-၁၈
နယ်စည်းမထားဆရာဝန်များအဖွဲ့    (MEDECINS SANS FRONTIERES -HOLLAND (AZG))    မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်သည် ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည်ဟူသော သတင်းများနှင့်ပတ်သက်၍   AZG မှ ရှင်းလင်းပွဲတစ်ရပ် ဇွန် ၁၇ ရက် ယနေ့တွင်ပြုလုပ်ခဲ့သည်။

သက်ဆိုင်ရာမှ AZG ရှိ ရုံးခန်းများနှင့် ဂိုဒေါင်များအားကောင်းမွန်စွာဝင်ရောက်ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ပြီး မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာတွေ့ရှိခဲ့ခြင်းမရှိခဲ့ကြောင်း    AZG    မှ ဒုတိယဌာနေကိုယ်စားလှယ်   Ms. Vickie Hawkins  က ရှင်းလင်းပွဲတွင်ပြောသည်။

AZG မှ ၀န်ထမ်းများသည် မိမိတို့ စီမံကိန်းများ လုပ်ကိုင်လျက်ရှိရာ နိုင်ငံများ၏ ဥပဒေများအား လိုက်နာဆောင်ရွက်ရပြီး   AZG    မှလည်း လိုက်နာရမည့် စည်းကမ်းချက်များအား လက်မှတ်ရေးထိုး ထားစေကြောင်းသိရသည်။ အကယ်၍ ဖောက်ဖျက်ခဲ့ပါက စည်းမျဉ်းအတိုင်း အရေးယူမည်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ဦးကျော်လှအောင်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးသည်မှာမှန်သော်လည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုရှိသည် မရှိသည်ကို အတည်ပြုပြောကြားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

ဦးကျော်လှအောင်သည်   AZG  ၏ စီမံရေးရာဌာနတွင် အလုပ်လုပ်လျက်ရှိသော ၀န်ထမ်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်နေထိုင်သည့် မွတ်စလင်လူမျိုးတစ်ဦးဖြစ်ကာ   AZG   တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း   AZG   မှ အတည်ပြုပြောကြားသည်။

by 7Day News Journal

Sunday, June 17, 2012

နော်ဝေး၀န်ကြီးချုပ်နဲ့ ဒေါ်စု ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်



ဓာတ်ပုံ ASSOCIATED PRESS
နော်ဝေးမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg (ဂျွန်လ ၁၅ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိနှိုင်းဖြတ်ကျော်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မနေ့က နော်ဝေးနိုင်ငံကို ရောက်ရောက်ချင်း နော်ဝေး၀န်ကြီးချုပ် Jens Stoltenberg နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှရှိလိမ့်အုံးမယ်လို့
လည်း သတိပေးပြောဆိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲ အကြောင်း ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ ကျော် နိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ Rufto လူ့အခွင့်အရေးဆုတွေ ချီးမြှင့်ခဲ့ကြတဲ့ အချိန် ကတည်းက နော်ဝေးပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းခဲ့ကြတာပါဆိုပြီး နော်ဝေနိုင်ငံ ၀န်ကြီးချုပ် Jens Stoltenberg က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။ အခု ကိုယ်တိုင်ရောက်လာ တာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် နှစ်ရှည်လများ ရုန်းကန်ကြိုးစား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထုတ်မှုတွေ အရာထင်လာပြီဆိုတာကို ပြသလိုက်တာလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

“မြန်မာပြည်မှာ အရှိန်အဟုန်နဲ့ အပြောင်းအလဲတွေ  ပေါ်လာနေပြီဆိုပေမယ့်လည်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။  နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အာဏာရှင်စနစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အတိတ်မှာချန်ထားနိုင်ခဲ့ဘို့ဆိုတာ ပြည်သူတွေအတွက် အချိန်ယူရပါလိမ့်မယ်။  ကျနော်တို့ အနေနဲ့ ပကတိအနေအထားကို သိမြင်ဖို့လိုပါတယ်။ ရရှိပြီးသား တိုးတက်လာတဲ့ ဖြစ် စဉ်တွေ နောက်ကြောင်းပြန် မလှည့်ဖို့ လိုပါတယ်။”

ဒီလိုအခြေအနေတွေ နောက်ကြောင်းပြန်လှည့်မသွားဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အပြောင်း အလဲတွေ ဖော်ဆောင်နေတဲ့ သူတွေကို အားပေးထောက်ခံပြီး တက်တက်ကြွကြွ ထိတွေ့ဆက်ဆံဖို့ လိုမယ် လို့ နော်ဝေး၀န်ကြီးချုပ်က ပြောပါတယ်။ နော်ဝေဂျီယံ စီးပွားရေး ကုမ္မဏီတွေကို မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံကြဖို့ နော်ဝေး ၀န်ကြီးချုပ်က ပြော ဆိုပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

နော်ဝေး၀န်ကြီးချုပ် ပြောတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှ ရှိလိမ့်အုံးမယ်ဆိုတာကို ပြောဆိုပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိညှိနှိုင်းနှိုင်း ဆောင် ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နော်ဝေးစီးပွားရေး ကုမ္မဏီတွေနဲ့ ပတ်သက်လို့-

“လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် အထောက်အကူပြုစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျမတို့ လိုချင်ပါ တယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံမှု မျိုးပဲလုပ်လုပ် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမျိုး ဖြစ်ရပါ လိမ့်မယ်။ အစိုးရက ဘာလုပ်မယ် မလုပ်ဘူးဆိုတာတွေကို နှစ်ဘက် ရှင်းရှင်းလင်းလင်း စာချုပ်စာတမ်းမှာ ထည့်သွင်းရပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ အစိုးရက စီးပွားရေး ထိမ်းချုပ်မှုကို ပိုပြီး အားဖြည့်တာ မျိုးထက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးအားကောင်းအောင် မြေတောင်မြှောက်ပေးနိုင်မယ့် လုပ်ငန်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။”

နိုဗယ်ငြိမ်းချမ်းရေးဆုကို လက်ခံယူဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ သူဖြတ်သန်းခဲ့တဲ့ ဘ၀ ကို ထင်ဟပ်တဲ့ မိန့်ခွန်းတခု ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံတကာ ခရီးစဉ်အတွင်း နိုင်ငံတွေရဲ့ လက်ခံကြိုဆို အားပေးထောက်ခံမှုတွေ ကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးမှာ လာပြီး ထိခိုက်နိုင်မယ် ထင်ပါသလားလို့ သတင်းထောက်တွေက မေးခဲ့ကြပါတယ်။

“ကျမ နိုင်ငံခြားကို ခရီးထွက်တာနဲ့ ပတ်သက်လို့ ကန့်ကွက်သင့်တဲ့ ခိုင်လုံတဲ့အကြောင်း ရှိမယ်လို့ ကျမမမြင် မိပါဘူး။ လက်ခံတဲ့နိုင်ငံတွေ ဘယ်လို ကြိုဆိုကြတယ်ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေအပေါ်မှာ မူတည် ပါတယ်။ ဒီမိုကရေစီကို ကျမတို့ ယုံတယ်။ နိုင်ငံတခုချင်း စီရဲ့ အချုပ်အခြာကို ကျမတို့ယုံတယ်။ သက်ဆိုင် ရာနိုင်ငံတွေက သူတို့မှန်တယ်ထင်တဲ့ပုံစံနဲ့ ကျမကို ကြိုဆိုမှာပါ။ ဒါသူတို့ သဘောပါ။ ဒါကို သမ္မတ ဦးသိန်းစိန် အနေနဲ့ရော၊ အစိုးရအဖွဲ့နဲ့ စစ်တပ်အနေနဲ့ပါ ကန့်ကွက်စရာရှိမယ်လို့ ကျမ လုံးဝ မမြင်မိပါဘူး။ တခြားနိုင်ငံတွေ က ကျမနဲ့ ကျမပါတီအပေါ် သဘောထားနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ စိုးရိမ်စရာလည်း မရှိပါဘူး။ ကျမတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ချင်တယ် ဆိုတာ ပြောထားပြီးသားပါ။”

သတင်းထောက်တယောက်က သူ့ရဲ့အမေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဆိုပြီး သုံးနှုန်းသွားတာကို သူက ငြင်းဆိုသွားပါတယ်။ သူနဲ့ NLD ဟာ စစ်တပ်ကို ဂုဏ်သိက္ခာ ရှိရှိ၊ ပြည် သူတွေ ချစ်ခင်လေးစားတဲ့ တပ်မတော်သားကောင်းတွေ ပီပီ ရပ်တည်တာကို တွေ့လိုတဲ့ အကြောင်း၊ ဒီလို ရပ်တည် တာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လည်း လက်ခံယုံကြည်ထားတဲ့ အကြောင်း ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနေ့နေ့တချိန်ချိန် နော်ဝေးကို အခုလို ရောက်လာမယ်ဆိုတာ တကယ်ပဲ ယုံကြည်ခဲ့ပါသလားလို့ သတင်းထောက်တယောက်က မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒါကို အမြဲ တစေ ယုံကြည်ခဲ့တဲ့အကြောင်း၊ ဒါကြောင့်လည်း နော်ဝေး နိုင်ငံကို ပထဆုံးသွားချင်တယ်လို့ သူပြောခဲ့တဲ့ အကြောင်း ပြန်ဖြေသွားပါတယ်။ ကျမတော့ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။ ရှင်ရော မယုံမကြည်ဖြစ် ခဲ့မိလား။ ရှင်က မယုံခဲ့လို့လားဆိုပြီး သတင်းထောက်ကို ပြန်မေးခွန်းထုတ်သွားပါတယ်။

By ကိုသိန်းထိုက်ဦး (ဗွီအိုအေ မြန်မာပိုင်း)

Friday, June 15, 2012

ရခိုင်ပြည်နယ်အခြေအနေ ပြည်နယ်အစိုးရ ရှင်းလင်းပြောကြား


By Eleven Media Group
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပျက်စီးဆုံးရှုံးမှုများနှင့် ကယ်ဆယ်ရေးစခန်းများ၏ အခြေအနေကို ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက အောက်ပါအတိုင်းပြောကြားပါသည်။
"၈ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ အားလုံးတောက်လျှောက်ပေါင်းကြည့်မယ်ဆိုရင် မီးလောင်ဖျက်ဆီးခံခဲ့ရတာ ရခိုင်လူမျိုးတွေရဲ့အိမ် ၁၁၉၂ အိမ်ရှိပါတယ်။ မူစလင်အိမ် ၁၃၃၆အိမ် ရှိပါတယ်။ စုစုပေါင်း ၂၅၂၈ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဗလီ ၇ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ သေဆုံးမှုအနေနဲ့ ၂၉ ဦးသေဆုံးခဲ့ပြီး ရခိုင်လူမျိုး ၁၃ ဦးနဲ့ မူစလင် ၁၆ ဦး ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် အားလုံးစုစုပေါင်း ၃၈ ဦးရှိပြီးတော့ ရခိုင်လူမျိုး ၁၆ ဦးနဲ့ မူစလင်လူမျိုး ၂၂ ဦးရှိပါတယ်။ ဒီကိန်းဂဏန်းတွေကတော့ ကျနော်တို့ ၁၃ ရက်နေ့အထိ ကျနော်တို့ ဖွဲ့စည်းထားတဲ့ စာရင်းဇယားရယူရေးအဖွဲ့နဲ့ တောက်လျှောက်ကောက်ခံရရှိထားတဲ့ စာရင်းဇယားအရ တင်ပြခြင်းဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားရှိတဲ့ စခန်းတွေအကြောင်း တင်ပြလိုပါတယ်။ ပရိပက္ခကြောင့် တိမ်းရှောင်ခဲ့တဲ့ အဖွဲ့တွေစုစည်းပြီး ယာယီနေထိုင်ဖို့ စခန်း ၃၇ ခု ကျနော်တို့ လက်ရှိဖွင့်ထားပါတယ်။ စုစုပေါင်း လူဦးရေ ၃၁၈၈၄ ဦး စခန်း အသီးသီးမှာ ရောက်ရှိနေပါတယ်။ မရောက်ရှိသေးတဲ့ အချို့အချို့သော အဖွဲ့တွေလည်း ရှိကောင်းရှိမှာဖြစ်ပါတယ်။ စစ်တွေမှာဆိုရင်တော့ ရခိုင်လူမျိုးတွေအတွက် ဖွင့်လှစ်ထားတဲ့ စခန်း ၁၅ ခု ရှိပါတယ်။ အဲ့ဒီမှာ လူဦးရေ ၅၆၉၀ ရှိပါတယ်။ တိမ်းရှောင်နေတဲ့ မူစလင်တွေစုစည်းပြီးထားတဲ့ စခန်း ၂ ခုရှိပါတယ်။ အင်အားအနေနဲ့ ၁၈၈၈၆ ဦး ရှိပါတယ်။ ဒါ့ကြောင့်မို့ စစ်တွေမှာ ရခိုင်ရော မူစလင်ရော ပေါင်းမယ်ဆိုရင် ၂၄၅၇၆ ဦးရှိနေတာ တွေ့ရပါတယ်။ ရသေ့တောင်မှာကတော့ ၁၄ နေရာရှိပါတယ်။ ရခိုင်လူမျိုးတွေ သင့်တော်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့မှာ ဖွင့်လှစ်ထားတာရှိပါတယ်။ အင်အားကတော့ ၃၁၀၄ ဦးရှိပါတယ်။ ပုဏ္ဏားကျွန်းမှာ စခန်း ၄ နေရာ ဖွင့်ထားပြီးတော့ ၂၇၀၄ ဦးရှိပါတယ်။ ပေါက်တောမှာတော့ မူစလင်စခန်း ၂ ခု ဖွင့်ထားပါတယ်။ အင်အားက ၁၅၀၀ ရှိပါတယ်။

မနေ့ကစပြီးတော့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ မနေ့ညကဆိုရင် မီးရှို့ဖျက်ဆီးဖို့ ကြံတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့နေရာက ၂ နေရာဖြစ်ပါတယ်။ တစ်နေရာမှာတော့ အဝတ်စတွေပါ ထိုးထည့်ထားတဲ့ ဓါတ်ဆီပုလင်း ၂၅ ပုလင်း၊ ပြင်ဆင်မှုလုပ်ဖို့ ရည်ရွယ်ပြီး ဆောင်ထားတဲ့ ပုလင်းခွံ ၃၄ လုံး၊ ဓားတို့ ဓားမြောင်တို့ ဦးချွန်တို့ သစ်သားအရိုးတပ်မှန်တို့၊ သံချွန်တွေ၊ သံတူရွင်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာရှိပါတယ်။ ဒါကို ပြန်ကြည့်မယ်ဆိုရင် စစ်တွေ ကုန်းတန်းရပ်ကွက်မှာ ၂၃ ဦး ဖမ်းဆီးရမိပါတယ်။ နောက်ထပ် မီးရှို့ဖို့အတွက် တက်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖမ်းဆီးတဲ့အတွက် ၆ ဦးထပ်မိပါတယ်။ အားလုံး ၂၉ ဦးရှိပါတယ်။ ဒါကိုလဲ အမှတ် (၁) ရဲစခန်းကို အပ်နှံပြီးတော့ ကျင့်၁၅၁အရ ချုပ်နှောင်ထားရှိပြီး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာတော့ တည်ငြိမ်အေးချမ်းမှု ရရှိနေပြီဖြစ်ပါတယ်။ " ဟု နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက သတင်းထောက်များကို ပြောကြားခဲ့ကြောင်း  Eleven Media Group - Facebook အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။

Tuesday, June 12, 2012

ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်



ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့ ညနေ ၄နာရီတွင် ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများမှ သတင်းထောက်များ၊ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူ အများအပြား တက်ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်၊ SNLD အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ရခိုင်သားကြီးစာပေမှ ဦးလှမြင့်နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးကျော်မြင့် အစရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ပြီး ၄င်းတို့ သဘောထားများကို ပြောကြားခဲ့ကြသည်။
''လူတော်တော်များများက Globalization ခေတ်လို့ ပြောတဲ့အခါမှာ နယ်နိမိတ်တွေပဲ မရှိတော့သလိုလို လူသားဝါဒဆိုတာကိုပဲ အခြေပြုရ မလိုလို အစရှိသဖြင့် သဘောထား အယူအဆတွေ ပျံ့နှံ့လာတာကို တွေ့ရပါတယ်။ နောက်ပိုင်း လူငယ်တွေထဲမှာ လူသားဝါဒဆိုတာကို အတော်လေး ဦးစားပေးပြီး တွင်တွင်ကျယ်ကျယ် ပြောလာကြပါတယ်။ ကျွန်တော်လည်း ကြိုက်ပါတယ်။ ဒါပေမယ့် လက်တွေ့နိုင်ငံရေးကို ကျွန်တော်တို့ သတိထား ကြည့်ရင်တော့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေ ကိုယ်၌က နိုင်ငံသားဖြစ်မှု ဥပဒေ၊ မဲပေးခွင့် ဥပဒေ၊ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ဥပဒေ ဆိုတာတွေကို တိတိကျကျ ပြဌာန်းထားတာကို အခိုင်အမာတွေ့ရမှာပါ။ လူသားတစ်ဦးချင်း အနေနဲ့ စာနာမှု ထောက်ထားမှုက အင်မတန် အရေးကြီးပါတယ်။ တစ်ဆက်တည်းမှာပဲ အမျိုးသားရေးဝါဒနဲ့ အမျိုးသားရေး နယ်နိမိတ်တွေဟာ ကမ္ဘာမှာ လက်တွေ့နိုင်ငံရေး အဖြစ်နဲ့ ဆက်ရှိနေဆဲပါ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ နိုင်ငံနယ်နိမိတ်နဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရမှာကတော့ ကျွန်တော်တို့ရဲ့ အမျိုးသားရေး တာဝန်ပဲ ဖြစ်ပါတယ်'' ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက ပြောပြခဲ့သည်။
'' အခုလက်ရှိမှာ ဒေသခံတွေဟာ ကြောက်ရွံ့မှု၊ မလုံခြုံစိတ်ကြောင့် ဒီဒေသမှာ နေချင်စိတ် မရှိတော့ပါဘူး။ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ဒီဒေသတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီလိုဖြစ်တာမှာ နိုင်ငံတော် အစိုးရမှာ အဓိက တာဝန်ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အမျိုးသားရေး၊ ပြည်ထောင်စုအရေး ဖြစ်တာကြောင့် အစိုးရမှာ တာဝန်ရှိသလို နိုင်ငံရေး ပါတီတွေမှာလည်း တာဝန်ရှိသင့်သလောက် ရှိပါတယ်။ အဖွဲ့အစည်းတွေမှာလဲ ရှိသင့်သလောက် ရှိပါတယ်။ ပြည်ထောင်စု နယ်မြေတစ်ခု ပဲ့ထွက်သွားမယ့် အရေးကိစ္စကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်''ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောပြခဲ့သည်။