This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label တိုင်းရင်းသားများ ရိုးရာဓလေ့. Show all posts
Showing posts with label တိုင်းရင်းသားများ ရိုးရာဓလေ့. Show all posts

Wednesday, April 16, 2014

ယဉ်မတော်တဆမှုများကြောင့် ၁၆၁ ဦးသေဆုံးပြီး ၁၆၄၀ ဦး ဒဏ်ရာရရှိထားသည့် ထိုင်းသင်္ကြန်ပွဲတော် ............

Posted by: Ko Myo on Tuesday, April 15, 2014 Categories:

Tuesday, April 15, 2014

မြန်မာနိုင်ငံနှင့်အတူ သင်္ကြန် ရေသဘင်ပွဲတော်ကို ဆင်နွှဲလျက်ရှိသော အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရေသဘင် ပွဲတော်စတင်ကျင်းပသည့် ပထမ ၃ ရက်မြောက်နေ့မှာပင် မော်တော်ယဉ်မတော်မဆ မှုများကြောင့် လူ ပေါင်း ၁၆၁ ဦး သေဆုံးကာ ၊ ၁၆၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ရေသဘင်ပွဲတော်ကိုဆင်နွှဲလေ့ရှိသော ဧပြီလ၏ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်းကို အန္တရာယ်ရက်များ အဖြစ်သတ်မှတ်ကာ ယဉ်မတော်တဆမှုများလျော့ချနိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော်လည်း ယမန်နေ့ တစ်ရက်တည်းမှာပင် ယဉ်မတော်တဆမှုများကြောင့် လူပေါင်း ၅၉ ဦးသေဆုံးကာ ၇၄၇ ဦးဒဏ်ရာရရှိခဲ့ သည်။ သင်္ကြန် (ဆွန်ခရမ်) ပွဲတော်ကျင်းပစဉ်အတွင်းဖြစ်ပွားခဲ့သော ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းများမှာ အရက်သေစာသောက်စားမောင်းနှင်ခြင်းနှင့် အရှိန်ပြင်းမောင်းနှင်ခြင်းကြောင့်ဟု သိရသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဌာန ၏ထုတ်ပြန်ချက်များအရ ဆွန်ခရမ် (သင်္ကြန်) ပွဲတော် စတင်ကျင်းပသည့်နေ့မှ စတင်ကာ ပထမ ၃ ရက်အတွင်းယဉ်မတော်တဆမှုပေါင်း ၁၅၃၉ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၁ ဦးသေဆုံးကာ ၁၆၄၀ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ယဉ်မတော်တဆမှုများ၏ အဓိက အကြောင်းအရင်းအဖြစ် အရက်သေစာ သောက်စားမှုက ၄၂.၃၈ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိပြီး အရှိန်လွန်မောင်း နှင်မှုကြောင့်ဖြစ်ပွားရသည့် ယဉ်မတော်တဆမှုများမှာ ၂၃.၉၅ ရာခိုင်နှုန်းဖြစ်သည်။ ဒါ့အပြင် ယဉ်မတော်တဆမှုများ၏ ၇၆.၃၅ ရာခိုင်နှုန်းမှာ မော်တော်ဆိုင် ကယ်များနှင့်ပတ်သတ်မှုများရှိနေပြီး ၁၄.၈၁ ရာခိုင်နှုန်းမှာ ကုန်တင်ယဉ်များနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Sunday, April 14, 2013

Saturday, April 13, 2013

2013 သင်္ကြန် မကျမှီ ညမြင်ကွင်းများ (ဓါတ်ပုံ)


2013 သင်္ကြန် မကျမှီည ကန်တော်ကြီး ပတ်လမ်းရှိ မဏ္ဍပ်များပြင်ဆင်နေပုံ
ဓါတ်ပုံ - Nickey







5

Thursday, April 11, 2013

၂၀၁၃သင်္ကြန်တွင် ခေတ်စားမည့်သီချင်းများ



မူးကြမယ့်ပုလင်းသံ ပျံ့လွင့်လို့နေ ..♪ ♫
ကူးပြောင်းစ တန်ခူးလေမှာ .. ♪ ♫
တစ်ယောက်တစ်ခွက်နဲ့ကမ်းကာ သောက်လိုက်ကြစဉ်
မသောက်ဘူးပြောကာ အန်အောင်သောက်သူရေ ..
ခေါင်းကြီးစိုက်လို့ မသောက်ဘူးပြောကာ အန်အောင် သောက်သူရေ ... ♪ ♫

သည်တန်ခူးရွှင်မြူး အမူးသောက်မယ်လေ....
ကမ်းကုန်အောင်သောက်လိုက်တော့လေ...မောင်မောင်ရယ်တဲ့...♪
ကမ်းကုန်အောင်သောက်လိုက်တော့ မူးပါတယ်ခင်ဗျ..
မြန်မာဘီယာကမူးပါတယ်ဆို...ဒဂုံဘီယာက မူးပါတယ်ကွယ်.....♪ ♫

ရှာပုံတော်မင်းသားကြီး...မဏ္ဍပ်တကာရောက်ခဲ့ပြီ...♪ ♫
ဘယ်အရပ်သူဇာတိမှန်းလဲ မသိတော့အခက်တွေ့ပြီ....
မနှစ်ကပေးတဲ့ မင်းလိပ်စာ...ဦးပိုင်မြေကွက်ဖြစ်နေသည်♪ ♫♪ ♫
.မမှတ်မိတော့ အခတ်သားလှဒေ၀ီ...♪ ♫

သင်္ကြန်နွေဦး ချွတ်ပြ ချွတ်ပြ ချွတ်တဲ့ပွဲတော်ပါ♪ ♫
သင်္ကြန်နွေဦး ရူးကြ မူးကြ ဆဲတဲ့ပွဲတော်ပါ
ဟိုဘက်မှာလည်း ချွတ်ပြ ချွတ်ပြ sexy ပျိုမေပါ♪ ♫
ဒီဘက်မှာလည်း ရူးကြ မူးကြ သေကြေကုန်ပြီခင်ဗျာ♪ ♫♪ ♫

Credit to သားကို ဆိုးပေပေကောင်လေး မန္တလေး

ကောလာဟလ သတင်းများကြောင့် ယခုနှစ် သင်္ကြန်ကာလအတွက် ရေပက်ခံကား ငှားရမ်းမှု မရှိသလောက် နည်းပါးနေသလို ရေကစားမဏ္ဍပ်ထိုင်ရန် စိတ်ဝင်စားသူ နည်းပါးနေသေး


w1-9-4-6
၂၀၁၃ ခုနှစ် သင်္ကြန်ကာလ မကြာမီရောက်ရှိလာတော့မည်ဖြစ်ရာ သင်္ကြန်မဏ္ဍပ်ဆောင်လုပ်မှုများ၊ သင်္ကြန် အတွက် စီစဉ်မှုများ ပြုလုပ်နေပြီး ယခုနှစ်သင်္ကြန်တွင်း လည်ပတ်ရန် စင်းလုံးငှားရမ်းမှု မရှိသလောက် နည်းပါးပြီး မဏ္ဍပ်တွင် ရေပက်ကစားမည့်သူ အရေအတွက်မှာလည်း လက်ရှိအချိန်အထိ နည်းပါးလျက် ရှိသည်ဟု စုံစမ်းသိရှိရပါသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ်အကြီး (ပေ ၁၀၀နှင့် အထက်)အနေဖြင့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် မဏ္ဍပ် ၁၇ ခု၊ ပြည်လမ်းတွင် မဏ္ဍပ်နှစ်ခု၊ ကမ္ဘာအေးစေတီလမ်းပေါ်တွင်  ၁၀ ခု၊ ပါရမီလမ်းပေါ်တွင် သုံးခု၊ ဆရာစံလမ်းအနီး တစ်ခုတို့လည်း ပါဝင်ကြောင်း၊ ဘုရင့်နောင်လမ်းပေါ်တွင် ငါးခု၊သုဝဏ္ဏအားကစားကွင်းအနီး တစ်ခုစသည်ဖြင့် ရေကစားမဏ္ဍပ်အခု ၄၀ ခန့် ဆောက်လုပ် ခွင့် ပြု ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ယခုနှစ်သင်္ကြန်တွင် ကန်တော် ကြီးပတ်လမ်း၌ မဏ္ဍပ် ဆောက်လုပ်လိုသူဦးရေ များပြားခဲ့ပြီး ဆောက်လုပ်ခွင့် လျောက်ထားသူ ၉၀ ဦးခန့် ရှိခဲ့သော်လည်း မဏ္ဍပ်နေရာ ၁၇ ခုသာ ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မဏ္ဍပ်နေရာ ချထားပေးရေး ဆပ်ကော်မတီမှ သိရသည်။
w1-9-4-4
ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်နေသည့် ရေကစားမဏ္ဍပ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို မတ်လကုန်ပိုင်းတွင် ခွင့်ပြုပေးခဲ့ပြီး ဧပြီလ ဆန်းပိုင်း မှ စတင်၍မဏ္ဍပ်များ စတင်ဆောက်လုပ်ခဲ့ရာ အတော်များများ ပြီးစီးနေပြီ ဖြစ်ကြောင်း၊ မဏ္ဍပ်များ တွင် ရေကစားလက်မှတ် ဈေးနှုန်းများအနေဖြင့် ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်တစ်ခုလျင် သင်္ကြန်ရက်အပြည့် ကျပ် ၃၀၀၀၀၊ ၃၅၀၀၀၊ ၄၀၀၀၀ စသည်ဖြင့် သတ်မှတ်ထားရာ ယခင်နှစ်နှင့် ယှဉ်ပါက ဈေးနှုန်းအပြောင်းအလဲ မရှိသော်လည်း လက်မှတ်ဝယ်ယူသူဦးရေ နည်းပါးနေသည်ဟု မဏ္ဍပ် အချို့ထံမှ သိရသည်။ ကမ္ထာအေးစေတီလမ်းပေါ်တွင်မူ ရေကစားလက်မှတ်ခ နှုန်းထားများအနေဖြင့် ကျပ် ၅၀၀၀၀၊ ၅၅၀၀၀ စသည်ဖြင့် သတ်မှတ်ထားသည်။
ယခုနှစ် ရန်ကုန်သင်္ကြန်အတွက် လိုက်နာရမည့် စည်းကမ်းချက် ၂၇ ချက်ကို ထုတ်ပြန်ထားပြီး စည်းကမ်း ပိုင်းအရလည်း ပိုမိုတင်းကျပ်ထားကြောင်း၊စည်းကမ်း ပိုမိုတင်းကျပ်သော အချက်အနေဖြင့် ယခင်နှစ် ကကဲ့သို့ မဏ္ဍပ်တာဝန်ခံနှစ်ဦးသာ ထားရှိရမည် မဟုတ်ဘဲ မဏ္ဍပ်ပိုင်ရှင်၊ မဏ္ဍပ်တာဝန်ခံနှင့် ဒုတာဝန်ခံ၊ မဏ္ဍပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ရေပက်ခံယာဉ်များ ထိန်းသိမ်းရေး တာဝန်ခံနှင့် ဒုတာဝန်ခံဟူ၍ ငါးဦး ထားရှိရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ဖုန်းနံပါတ်များကို မဏ္ဍပ်များ၏ ဗီနိုင်းများပေါ်တွင် ရိုက်နှိပ်ဖော်ပြ ထားရန်လည်း သင်္ကြန်မဏ္ဍပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ထုတ်ပြန်ထားသည်။
ထို့ပြင် အာမခံ စပေါ်ငွေများလည်း မြင့်တက်ခဲ့ပြီး ယခင်နှစ်က မည်သည့် မဏ္ဍပ်မဆို တစ်လုံးလျင် စပေါ်ငွေ ကျပ် သိန်း ၃၀ မှ ယခုနှစ်တွင် မဏ္ဍပ်အကြီးကို ကျပ် ၇၅ သိန်းနှင့် မဏ္ဍပ်အလတ်ကို ကျပ် ၄၅ သိန်းသို့ တိုးမြှင့်ခဲ့ပြီး ရေဆက်သွယ်ခ နှုန်းထားများလည်း တိုးမြှင့်ခဲ့သည်။ ရေဆက်သွယ်ခများ အနေဖြင့် ယခင်နှစ်က ကန်တော်ကြီးနှင့် အင်းလျားကန်တို့မှ ရေသွယ်ယူပါက အချင်း သုံးလက်မ ပိုက်လိုင်း တစ်လိုင်းလျင်ကျပ် ၂၂၀၀၀၀ မှ ယခုနှစ်တွင် ကျပ် ၃၀၀၀၀၀၊  ရန်ကုန်မြို့တော် စည်ပင် သာယာပိုင် ရေပိုက်လိုင်းများမှ အချင်းတစ်လက်မနှင့် တစ်လက်မခွဲ တစ်လိုင်းလျင် ယခင်နှစ် ကျပ် ၈၀၀၀၀ မှ ယခုနှစ်ကျပ် ၁၀၀၀၀၀ သို့ လည်းကောင်း၊ အချင်းနှစ်လက်မ ပိုက်တစ်လိုင်းလျင် ယခင်နှစ်ကျပ် ၁၂၀၀၀၀ မှ ယခုနှစ် ကျပ် ၁၅၀၀၀၀ အထိ တိုးမြှင့်ခဲ့သည်။
w1-9-4-5
ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်နေသည့် ရေကစားမဏ္ဍပ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
''ဒီနှစ်တော့ လက်မှတ်ရောင်းရတဲ့ ပမာဏ နည်းတယ်။ လက်မှတ်ဈေးနှုန်းက အရင်နှစ် ဈေးနှုန်း အတိုင်း ပဲ ဖြစ်ပေမယ့် ကောလာဟလတွေ ရှိတဲ့အတွက် လက်မှတ်ဝယ်တာ နည်းတယ်လို့ ထင်မိပါတယ်။ ဒီနှစ်က သင်္ကြန်မဏ္ဍပ်ဆောက်တာ အာမခံ စပေါ်ငွေ၊ ရေဆက်သွယ်ခတွေ အပါအ၀င် ကုန်ကျစရိတ် အရင်နှစ် ထက် ပိုများတယ်။ ဒါပေမယ့် လက်မှတ်ခကို တင်လို့မရဘူး။ သင်္ကြန်ရက် အကုန်လုံးကို ကျပ် ၃၅၀၀၀ နဲ့ပဲ ရောင်းနေရတယ်''ဟု ကန်တော်ကြီး ပတ်လမ်းရှိ Caribbean Paradise မှ တာဝန်ခံဖြစ်သူ ကိုချစ်ညီစိုး က ပြောသည်။

ဒီနှစ်က သင်္ကြန်မဏ္ဍပ်ဆောက်တာ အာမခံ စပေါ်ငွေ၊ ရေဆက်သွယ်ခတွေ အပါအ၀င် ကုန်ကျစရိတ် အရင်နှစ်ထက် ပိုများတယ်။ ဒါပေမယ့် လက်မှတ်ခကို တင်လို့မရဘူး။ သင်္ကြန်ရက် အကုန်လုံးကို ကျပ် ၃၅၀၀၀နဲ့ပဲ
ရောင်းနေရတယ် . . .


သို့သော် ရေကစားမဏ္ဍပ် လက်မှတ်များအား သင်္ကြန်အနီးနားကပ်သည့် ဧပြီလ ၁၀ ရက်၊ ၁၁ ရက်နေ့ စသည့် နေ့များတွင် သိသာစွာ ရောင်းချရပြီး လက်ရှိလက်မှတ်ရောင်းချမှုကို ခန့်မှန်း၍ မရနိုင်သေးကြောင်း လည်း ကန်တော်ကြီးပတ်လမ်းရှိ Apoidea ရေကစားမဏ္ဍပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မဏ္ဍပ် အချို့ကမူ ရေကစားမဏ္ဍပ်လက်မှတ်များကို သင်္ကြန်ရက်အကုန်လုံးကို ယခင်သတ်မှတ်သည့် ကျပ်လေးသောင်းအစား ကျပ်သုံးသောင်းဖြင့် လျော့၍ ပရိုမိုးရှင်း လုပ်လာကြသည်။
ထို့ပြင် ယခုနှစ် သင်္ကြန်တွင် မဏ္ဍပ်များအား ကုမ္ပဏီများမှ စပွန်ဆာပေးရန် ကမ်းလှမ်းမှုများ သိသာစွာ နည်းပါးခဲ့သလို စပွန်ဆာပေးရန် သင်္ကြန်မဏ္ဍပ်များမှ ကမ်းလှမ်းသော်လည်း စိတ်ဝင်စားသည့် ကုမ္ပဏီများ နည်းပါးလျက်ရှိကြောင်း၊ ထို့အတွက် သင်္ကြန်မဏ္ဍပ်အများစု စပွန်ဆာရရှိရန် ခက်ခဲသည့် အခြေအနေဖြစ် ခဲ့ကြောင်း မဏ္ဍပ်အချို့ထံမှ သိရသည်။
w1-9-4-7
''ဒီနှစ် စပွန်ဆာကြေးက ကျပ် သိန်း ၁၀၀ နဲ့ ၂၀၀ ကြား ရှိတယ်။ ဒါပေမယ့် စပွန်ဆာပေးချင်တဲ့သူ အရမ်းနည်းတယ်။ ကျွန်တော်တို့ မဏ္ဍပ်ကတော့ ကုမ္ပဏီတစ်ခုနဲ့ စာချုပ် ချုပ်ထားလို့ရတာ။ ဒါပေမယ့် ကျွန်တော်တို့တောင်းတာ ကျပ်သိန်း ၂၀၀ ဒါပေမယ့် ကျပ်သိန်း ၁၀၀ ကျော် လောက်ပဲရတယ်''ဟု ကန်တော်ကြီးပတ်လမ်းရှိ My X မဏ္ဍပ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သို့သော် သင်္ကြန်ကာလတွင် အက်စစ်ရေဖြင့် ပက်မည်ဆိုသည့် သတင်းများ၊ အုပ်စုဖွဲ့ ရမ်းကားမှု များ ဖြစ် လာနိုင်သည့် အစရှိသော ကောလာဟလသတင်းများသည် သင်္ကြန်မရောက်ခင် ရက်ပိုင်းအလိုတွင် ရန်ကုန်နှင့် အခြားမြို့ကြီး အတော်များများတွင် ပျံ့နှံ့နေသည်။
အဆိုပါ သတင်းပျံ့နှံ့မှုကား မကြာမီက မိတ္ထီလာနှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) မြို့များတွင် ဖြစ် ပွားခဲ့သော ပဋိပက္ခများ၏ နောက်ဆက်တွဲ ဂယက်ပင်ဖြစ်သည်။ ယင်းဂယက်များကြောင့် သင်္ကြန်တွင် လူငယ်အချို့ မဏ္ဍပ်ထိုင်မည့် အစီအစဉ်များ ဖျက်သိမ်းခဲ့ပြီး အချို့မှာမူ ပုံမှန်အတိုင်း မဏ္ဍပ်ထိုင်ရန်ပင် စီစဉ်မှုများ ရှိနေသည်ဟု သိရသည်။
တာမွေမြို့နယ်တွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကိုခိုင်မင်းဇင်က ''မနှစ်ကတော့ မဏ္ဍပ် ထိုင်ဖြစ်သေးတယ်။ ဒီနှစ် ကောလာဟလတွေ ကြားတာနဲ့ အိမ်ကလည်း အပြင် ရေကစားမဏ္ဍပ်ကြီးတွေမှာ ကစားဖို့ ခွင့်မပြုဘူး။ ဒီနှစ်ကို ရပ်ကွက်ထဲမှာလောက်ပဲ ရေကစားရတော့မယ်။ လူစည်ကား တဲ့ နေရာတွေ ကိုတော့ မသွားဖြစ်တော့ပါဘူး''ဟု ပြောသည်။
''ကောလာဟလတွေကိုတော့ ကြားမိပါတယ်။ ဒါပေမယ့် ဒီနှစ်ကို မဏ္ဍပ်ထိုင်ဖို့ စီစဉ်ထားတယ်။  မနှစ်ကတော့ ကားနဲ့လည်တယ်။ သူငယ်ချင်းကလည်း လက်မှတ်ဝယ်ထားပြီးပြီဆိုတော့ အတူတူထိုင်ဖြစ် ပါမယ်။ ကျွန်တော့်အထင်ကတော့ ရန်ကုန်သင်္ကြန်က ဒီနှစ်တော့ သိပ်မစည်ဘူးလို့ ထင်တယ်။ အခြေ အနေတွေက သိပ်မကောင်းဘူး''ဟု သာကေတမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် ကိုစစ်နိုင်က ပြောသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း ရေပက်ခံကား ငှားရမ်းမှု မရှိသလောက် နည်းပါးနေကြောင်း ၊ပြည်တွင်း ဘုရားဖူး ခရီးစဉ်များအတွက်သာ ငှားရမ်းမှုများ ရှိနေကြောင်းနှင့် ကားအငှားဝန်ဆောင်မှု လုပ်ငန်းများမှ စုံစမ်းသိရှိရသည်။
''ပြီးခဲ့တဲ့နှစ်ကဆိုရင် သင်္ကြန်မတိုင်ခင် တစ်လအလိုလောက်ကတည်းက ကားငှားနေရတာ။ ဒီနှစ်မှာ ကား အငှားဈေးကွက်က မရှိသလောက်ကို နည်းပါတယ်။ ဘာအကြောင်းကြောင့် ဒီနှစ်မှာ သင်္ကြန်ကား အငှားဈေးကွက်မရှိတာလဲဆိုတာ သေချာမပြောနိုင်ပေမယ့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရယ်၊ လတ် တလော ဖြစ်ပေါ်နေတဲ့ ကောလာဟလတွေရယ်ကြောင့်လို့ ထင်တယ်''ဟု 'ချို' ကားအငှားဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မကြာမီ ကျရောက်မည့် သင်္ကြန်ပွဲတော်အား အခွင့်ကောင်းယူ၍ ပဋိပက္ခ ဖြစ်စဉ်နှင့် ဆူပူအုံကြွမှုများကို ဖန်တီးလိုသူများ၏ အဓိက ဦးတည်ရာ ပစ်မှတ်ဖြစ်လာနိုင်ကြောင်း ကောလာဟလ သတင်းများ ပျံ့လွင့်မှု များကြောင့် ရေကစားပွဲတော်တွင် ပါဝင်ဆင်နွဲမည့်သူ အများစု၏ စိုးရိမ်စိတ်များနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လုံခြုံရေး အခြေအနေအရပ်ရပ်ကို တိုးမြှင့်ချထား လုပ်ဆောင်မှုများလည်း ရှိနေသည်။
ရန်ကုန် သင်္ကြန်ပွဲတော်အတွက် ကောလာဟလ ဖြစ်စဉ်များကြောင့် အများစု စိုးရိမ်ပူပန်မှု များ ဖြစ်ပေါ်နေသော်လည်း ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲ တော်အတွက် စိတ်ချအေးချမ်းရမည့် လုံခြုံရေး အစီအစဉ်များ ပြုလုပ်ထားမည့်အပြင် သင်္ကြန်မဏ္ဍပ်များ၏ လုံခြုံရေးကိုလည်း အထူးဂရုပြုရန် ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီး တင်ဝင်းက ဧပြီလ ၂ ရက်နေ့ ညနေပိုင်း သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။
အထူးသဖြင့် ရေကစားမဏ္ဍပ် အများဆုံးရှိမည့် ကန်တော်ကြီးပတ်လမ်းအတွက် လုံခြုံရေး အစီအစဉ်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် မြို့နယ်ငါးမြို့နယ်မှ ရဲတပ်ဖွဲ့အင်အားကို အသုံးပြု၍ လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်အေးက Eleven Media Group သို့ ပြောသည်။
ဒုတိယရဲမှူးကြီး မြင့်အေးက ''အက်စစ်နဲ့ ပတ်သက်တဲ့ သတင်းတွေက ကောလာဟလအနေနဲ့ သိထား ပါတယ်။ ဒါပေမယ့် မဖြစ်လာနိုင်ဘူးလို့လည်း မပြောနိုင်ဘူး။ ဖြစ်လာမယ်ဆိုရင် ကာကွယ်မှု၊ ကုသရေး အတွက် ကြိုပြီး ဆောင်ရွက်ထားပြီးပါပြီ''ဟု ပြောကြားခဲ့သည်။
ယင်းသို့ အစိုးရပိုင်းနှင့်အတူ သင်္ကြန်မဏ္ဍပ်များဘက်မှလည်း လုံခြုံရေးပိုင်းတွင် တိုးမြှင့်စီစဉ်ထားခြင်းကို ''မဏ္ဍပ်လက်မှတ်တွေက ပုံမှန်ရောင်းနေရတယ်။ သင်္ကြန်ရက်နီးလာတော့ ပိုရောင်းလာရပါ တယ်။ ကောလာဟလတွေကြောင့် မဏ္ဍပ်မထိုင်တော့ဘူးလို့ ပြောတဲ့သူငယ်ချင်းတွေတောင် ရက်နီး လာတော့ သင်္ကြန်ပိုးကြောင့် လက်မှတ်တွေ လာဝယ်နေကြပါတယ်။ ဒီနှစ်တော့ မဏ္ဍပ်လုံခြုံရေး ပိုင်းဆိုင် ရာတွေ အရင်နှစ်ထက် တိုးပြီး လုပ်ထားပါတယ်။ တကယ့်သင်္ကြန်ရက် ရောက်ရင်တော့ သင်္ကြန်ပိုးနဲ့အတူ စည်ကားလာတာပါပဲ''ဟု ကန်တော်ကြီးပတ်လမ်းရှိ My X မဏ္ဍပ်မှ မစုလှိုင်ဖြိုးက ပြောသည်။
w1-9-4-8
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် သင်္ကြန် အကြတ်နေ့က ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း နောက်နေ့ သင်္ကြန်အတက်နေ့၌ ကန်တော်ကြီး ပတ်လမ်း တွင် ရေကစားသူများ ပုံမှန်ရှိခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
ယခုနှစ် ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားလာသည့်အတွက် သင်္ကြန်တွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနိုင်သည်ဟုလည်း သုံးသပ်နေကြသည်။ ကန်တော်ကြီး ကန်ပတ်လမ်း အား ယခုနှစ်သင်္ကြန်တွင် ယခင်နှစ်အတိုင်း တစ်လမ်းမောင်းစနစ် သတ်မှတ်ခဲ့ပြီး ဦးထောင်ဘိုအ၀ိုင်း အတိုင်း ကန်ပတ်လမ်းမှတစ်ဆင့် မင်္ဂလာဈေးစက်ရုံလမ်းဘက်သို့ တစ်လမ်းမောင်းစနစ်ဖြင့် ၀င်ရောက် ရမည်ဖြစ်သည်။ ကမ္ဘာအေးစေတီလမ်းကိုမူ နှစ်လမ်းမောင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်းနှင့် ပြည်လမ်း၊ ပါရမီလမ်း၊ ဆရာစံလမ်းများအား ပုံမှန်အတိုင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် ရေကစားမဏ္ဍပ်ထိုင်ရန် မတတ်နိုင်သူများအနေဖြင့်လည်း သက်ဆိုင်ရာရပ်ကွက်များ မြို့နယ်များ အတွင်း၌မူ လှည့်လည်ရေပက်ခံမည့်သူများ ရှိနေသလို ရေကစားမဏ္ဍပ်များ တည်ရှိရာ နေရာများသို့ လှည်လည်ကာ လမ်းလျောက် ဆင်နွှဲသူများလည်း အများအပြား ရှိနေမည်ဖြစ်သည်။
ရန်ကုန်မြို့အပြင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး သင်္ကြန်ရေပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများမှာ အရေအတွက် အားဖြင့်သော်မနည်း၊ ကောလာဟလ သတင်းများသည် ထွက်ပေါ်နေသော်လည်း တစ်နှစ်လျင် တစ်ကြိမ် သာ ကြုံရသည့် သင်္ကြန်ကို အလွဲမခံနိုင်ကြသူများလည်း ရှိပေသည်။
ယခုနှစ် သင်္ကြန်အချိန်အခါ ပျော်ပွဲရွှင်ပွဲများနှင့် ပတ်သက်၍ အုပ်ထိန်းသူ မိဘများကလည်း စိုးရိမ်မှုများ ရှိနေကြကြောင်း သိရသည်။  ''ကျွန်မတို့ ငယ်ငယ်က ကြုံခဲ့ရတဲ့ သင်္ကြန်ဆိုတာက ရေကစား ကြပြီး ပျော် ရွင်မှုတွေနဲ့ပဲ နှစ်သစ်ကို ကြိုတဲ့ သင်္ကြန်ပါ။ ကိုယ့်သားသမီးတွေရဲ့ ဒီဘက်ခေတ်မှာကတော့ သင်္ကြန်ကို ပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြတယ်။ ဒီနှစ်ကတော့ ထွက်ပေါ်လာ တဲ့ ကောလာ ဟလတွေရယ် ၊ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရယ် အားလုံးကို ပြန်ကြည့်ရင် စိုးရိမ်ပါတယ်။ ဘာမှ မဖြစ်ရင် တော်သေးတယ်။ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မတို့ရဲ့ သားသမီးတွေပဲ နစ်နာကြရမှာ။ ပျော်ရွှင်မှုဆိုတာ အတိုင်းအတာနဲ့ စဉ်းစားပြီးတော့ ပျော်သင့်တယ်''ဟု အလုံမြို့နယ်မှ ဒေါ်ညွန့်က ပြောသည်။
''ကျွန်တော်တို့မြို့မှာလည်း ကောလာဟလတွေ ထွက်ပါတယ်။ အဲဒီအတွက် သင်္ကြန်တွင်းကို ပြဿနာ အသေးလေးတွေကနေ အကြီးကြီးတွေ ဖြစ်မလာအောင် ဂရုတစိုက်ရမယ့် အခြေအနေမှာ ရှိပါတယ်။  အခု ကြိုတင်အစီအမံတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေ တင်းတင်း ကျပ်ကျပ်လုပ်ဖို့ ညှိနှိုင်းထားပါတယ်။ သင်္ကြန်တွင်း ကိုယ့်အိမ်မှာပဲ အတတ်နိုင်ဆုံး နေကြဖို့ အစ္စလာမ် ဘာသာဝင်တွေကိုလည်း မေတ္တာရပ်ခံထားပါတယ်''ဟု ပြည်မြို့ဘာသာရေး အဓိကရုဏ်း တားဆီးရေး ကွန်ရက်မှ  ကိုကြည်စိုးဦးက ဆိုသည်။
w1-9-4-9
အင်းလျားကန်ဘေးရှိ ရေကစားမဏ္ဍပ်တစ်ခုကို ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဉာဏ်ဝင်းရှိန်)
ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင်မဏ္ဍပ် ၂၀ ခု အပါအ၀င် မဏ္ဍပ်အကြီး ၄၀ နှင့် မဏ္ဍပ်အသေးများ စုစုပေါင်း ၁၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။
From....Eleven

ဧပ၇ယ် ၁၄ ရက်နေ. မနက်ကိုးနာ၇ီတွင် CNN သတင်းလိုင်းမှ မြန်မာ့အစားအစာ နှင့် သဘာဝအကြောင်း ထုတ်လွှင့်မည်

   ဧပ၇ယ်  ၁၄ ရက်နေ.  ၂၀၁၃ ခုနှစ် မနက်ကိုးးနာ၇ီမှာ  CNN သတင်းလိုင်းမှ မြန်မာ့၇ိုး၇ာ အစားအစာနှင့်   မြန်မာလူမျိုးတို.၏ သဘာဝများကို  Anthony Bourdain  ဆိုသူ မှ  တင်ဆက်ပြသသွားမည်ဖြစ်ပါကြောင်း   အသိပေး မျှဝေအပ်ပါတယ်။  တင်ပြရာတွင်  မြန်မာ့၇ိုး၇ာ သင်္ကြန်တွင်ေ၇မစိုပဲ နေလို. မရကြောင်း ၊  သင်္ကြန်လေးရက်ဆင်နွှဲကြကြောင်း  ၊  နှစ်ဆန်းတစ်၇က်နေ.မှာ  သက်ကြီး၇ွယ်အိုများအား တစ်ကိုယ်ေ၇ သန်.၇ှင်းေ၇း လုပ်ပေးခြင်း ၊  တိ၇ိစ္ဆာန်လေးများ ဘေးမဲ့လွှတ်ပေးခြင်း ၊  အလှူအတန်းများ လုပ်ခြင်း ၊ စသည်တို.ကို အသားပေးတင်ပြသွားမှာဖြစ်ပါတယ်တဲ့ ။  သူတင်ပြမယ့်အထဲမှာ သင်္ကြန်ဆို  လူငယ်တွေ ပန်.က်ကေ ဆံပင်ထောင်ခြင်းလဲ ပါဝင်သေးသည်။
           သူ၇ိုက်ကူးတင်ဆက်ထားတဲ့ နေရာကတော့ ပုဇွန်တောင်ေ၇ကျော် မှာ တန်ဆောင်တိုင်ပွဲခင်းထဲမှာပါ ။  အကြော်စုံ စားခြင်း  နဲ.  လမ်းဘေး မုန်.မျိုးစုံ  များကို တင်ပြခြင်း  နှင့်
။ လူ.စွမ်းအင်သုံး  ၇ဟတ် အကြောင်း လဲပါပါတယ် ။    မြန်မာနိုင်ငံကို  မြန်မြန် သွားလည်သင့်ကြကြောင်းနဲ. သွားလည်၇င် ပိုက်ဆံများများထည့်သွားသင့်ကြောင်း ။ တစ်ဒေါ်လာကို  မြန်မာငွေ  အများကြီး လဲလို.၇ကြောင်း ။  မြန်မာကျပ်ငွေကို Chat ဟုတ် အသံထွက်ကြောင်း  ။  ပိုက်ဆံများများထည့်ပြီး  လျှောက်လည်သင့်ကြောင်း တင်ပြမည်ဖြစ်ကြောင်း   Anthony Bourdain  ၏  ဖေ့ဘွတ်မှာ တင်ထားကြောင်း  သိရှိရပါတယ် ။
အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ် ။   http://startingpoint.blogs.cnn.com/2013/04/08/anthony-bourdain-why-...
ဘု၇ားပွဲက လူ.စွမ်းအင်နဲ. လှည့်၇တဲ့၇ဟတ်အကြောင်းကို တင်ပြထားတာကို  ဒီမှာ အသေးစိတ် ကြည့်နိုင်ပါတယ်
http://edition.cnn.com/video/#/video/living/2013/04/06/ab-bourdain-...

Monday, February 4, 2013

တပို့တွဲလနွှဲပျော်စရာ ထမနဲပွဲတော်မဟာ


   ကဲ..ကဲ..ဘော်တာတို့ရေ ထမနဲလေးထိုးထားပါတယ် ဆွမ်းတော်လဲကပ်ချင်တာကြောင့်ပါ ထမနဲဆိုရင်မြန်မာအများစုက ကြိုက်ကြတာများပါတယ်ထိုးရတာလဲလွယ်ကူသလို အချိန်လဲသိပ်မကြာပါဘူး မြန်မာပြည်မှာဆိုရင်တော့အချိန်အခါမရွေး ဝယ်လို့ရတဲ့မုန့်လေးတစ်မျိုးပါ
ထမနဲလေးထိုးကြည့်ကြမယ်နော်။
ပါဝင်ရမှာလေးတွေက
  • ကောက်ညှင်းဆန် - ပေါင်းအိုးဆန်ချင်ခွက် သုံးဗူး
  • ဆီ - လက်ဖက်ရည်ပန်းကန် သုံးလုံး
  • နှမ်း - လက်ဖက်ရည်ပန်းကန် တစ်လုံးနှင့်တစ်ဝက်(နှမ်းမဲရလျှင်ပိုကောင်းပါသည်)
  • အုန်းသီး -တရုတ်ဟင်းရည်သောက်ပန်းက န်တစ်လုံးနီးနီး
  • မြေပဲ - လက်ဖက်ရည်ပန်းကန် တစ်လုံးနှင့်တစ်ဝက်
  • ချင်းလှီပီးသား - လက်ဖက်ရည်ပန်းကန် တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

      နှမ်းလှော် အုန်းသီး မြေပဲလှော် ချင်း ကောက်ညှင်းဆန်

      ကောက်ညှင်းဆန်ကိုရေနာရီဝက်လောက်စိမ်ပေးပြီးမြေပဲဆံကိုအခွံချွတ်ကာအုန်းသီးကိုမွှေးလာတဲ့ထိကြော်ပေးပါတယ်

      ဆီပူပူထဲမှာချင်းကိုမွှေးလာတဲ့ထိကြော်ပေးပြီးမှကောက်ညှင်းဆန်ကိုရေစစ်ကာထဲ့ပြီးကြော်ပေးပါတယ်

ကောက်ညှင်းဆန်များမာတောင့်သွားပါကရေမြုပ်အောင်ထဲ့ပြီးဆား ဟင်းချိုမှုန့်တို့ထဲ့ကာရေခမ်းတဲ့ထိမွှေမွှေပေးပြီးဆက်တက်ပါတယ်

     ရေခမ်းပြီးကောက်ညှင်းစေ့များပျောက်လာပါကနှမ်း အုန်းသီး မြေပဲဆံတို့ကိုထဲ့ကာနာနာမွှေပေးပါတယ်

     ထမနဲစီးစီးလေးရပါပြီ

စားချင့်စဖွယ်မြန်မာ့ရိုးရာထမနဲလေးရပါပြီ
       mmlazp.blogspot.com   မှ ကူယူခံစားတင်ပြသည်။

Thursday, January 10, 2013

ကရင့်တူရိယာ ပစ္စည်းများ

ကရင့်တူရိယာ ပစ္စည်းများ

ကရင်လူမျိုးတို့သည် အဆို၊ အက၊ အတီး၊ အမှုတ်တို့ကို ၀ါသနာ ထုံကြသည့်အလျောက် ကိုယ်ပိုင် တူရိယာများ ကိုလည်း တီထွင်ပြုလုပ်လေ့ရှိသည်။ အချို့သော တူရိယာပစ္စည်းများသည် တီးမှုတ်ရန်အသုံးပြုခြင်းအပြင် အမျိုးသား အထိမ်းအမှတ်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းလေ့ရှိကြသည်။ ကရင်လူမျိုးတို့၏ ကိုယ်ပိုင်တူရိယာပစ္စည်းများကို ဖော်ပြရသော် -

(၁) ကလို (ခေါ်) ဖားစည်၊
(၂) ခွေ (ခေါ်) တံပိုး၊
(၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)၊
(၄) ဂိန် (ခေါ်) မိကျောင်းလျှာ တူရိယာတစ်မျိုး၊
(၅) ဏာဒိန် (ခေါ်) စောင်းကောက်၊
(၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား၊
(၇) သောင့်ထွန် (ခေါ်) သောတု (ခေါ်) တယော၊
(၈) ထာ့ (ခေါ်) အိုးစည်ရှည်၊
(၉) ခနာ (ခေါ်) ဗျတ်စောင်းငယ်တစ်မျိုး။
(၁) ကလို (ခေါ်) ဖားစည်
ကလို (ခေါ်) ဖားစည်မှာ အမျိုးသား အထိမ်းအမှတ် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းထားလေ့ ရှိသော တူရိယာပစ္စည်း ဖြစ်သည်။

ဖားစည်ပြုလုပ်ခြင်း


ယေဘုယျအားဖြင့် ဖားစည်ကိုသတ္တုဖြင့် သွန်းလုပ်ထားကြသည်ဟု နားလည်ထားကြသည်။ ဖားစည်သွန်းလုပ်ခြင်းကို တတ်သိနားလည်သူတို့က ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်သော ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲနှင့်သွပ်တို့ဖြင့် သွန်းလုပ်ရသည်ဟုဆို၏။ ဖားစည်၏ မြည်ဟီးအသံ သာယာစူးရှမှုအရ ထိုအဆိုသည် မှန်ကန်နိုင်ပေသည်။


ဖားစည်၏အသံသည် သာယာ၍ အေးမြသည်။ ငြိမ့်ညောင်းခြင်း မရှိသော်လည်း စူးရှ၍ ထည်ဝါနေသည်။ အသံထွက်ထုံ၍ ခပ်အုပ်အုပ် ဖြစ်သော်လည်း အသံလှိုင်းများ ဝေးစွာ၍လွင့်ပြေးသည်။ လျှိုကြားမြိုင်ကြောတွင် တီးခတ်ပါက အသံပို၍ပြေးသည်။ တောတောင်များရှင်းနေလျှင် အသံမှာဟိန်း၍ ရှည်လျားနေသည်။ ရှေးအခါက စာဆိုများအရ ဖားစည်သံသည် သုံးယူဇနာ အဝေးကပင် ကြားနိုင်သည်ဟုဆို၏။ ဖားစည်၏ လိုချင်သောအသံ အသံလွင်လွင်လေး ဖြစ်စေရန်မှာ ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်ကို အချိုးကျ သွန်းလုပ်နိုင်မှသာ ရရှိနိုင်သည် ဆိုကြသည်။

(၂)ခွေ (ခေါ်) တံပိုး

ခွေ (ခေါ်) တံပိုးတူရိယာသည် ပါးစပ်ဖြင့် မှုတ်ရသော တူရိယာပစ္စည်းဖြစ်သည်။ အများအားဖြင့် ကျွဲချိုဖြင့် ပြုလုပ်လေ့ရှိသောကြောင့် ကျွဲချို ဟူ၍ အများက သတ်မှတ်၍ ခေါ်ဝေါ်ကြသည်။ သို့ရာတွင် အောက်ပါ အရာဝတ္ထုတို့ဖြင့်လည်း ပြုလုပ်ကြသည်ကို တွေ့ရသည်။

(၁) သမင်ဦးချို၊
(၂) ၀ါး၊
(၃) သစ်သား၊
(၄) ဆင်စွယ်၊
(၅) ဆတ်ဦးချို၊
(၆) အောက်ချင်းငှက်နှုတ်သီး။

တံပိုးပြုလုပ်ခြင်း


ခွေ (ခေါ်) တံပိုးပြုလုပ်ရာတွင် တစ်ပေကျော်ခန့်ရှိသော ကျွဲချိုကိုဖြတ်ယူပြီး ထိပ်နှစ်ဖက် တောက်လျှောက် အပေါက်ကို ယူရသည်။ ကျွဲချို၏ အရင်းပိုင်း သုံးပုံတစ်ပုံခန့်တွင် လျှာခင်အပေါက်တစ်ပေါက်ကို ဖေါက်ယူ ရလေသည်။ ငွေပြားဖြင့် အပေါက်လျှာခင်အဖြစ် ခပ်စောင်းစောင်း တပ်ထားရလေသည်။ လျှာခင်အပေါက်ကို နှုတ်ဖြင့်မှုတ်ပြီး လက်ယာဖက်လက်သည် ကျွဲချိုထိပ်ပိုင်းကိုပိတ်၍ အဖွင့်အပိတ်လုပ်ပြီး မှုတ်ခြင်းဖြင့် အသံ အကြီးအသေး မြည်လာလေသည်။ ဟိန်း၍ စူးရှကျယ်လောင်သောအသံ ငြိမ့်ညောင်းသာယာသော အသံများကို အမျိုးမျိုး မှုတ်ယူ၍ရလေသည်။


ကျွဲချို၊ ဆတ်ချိုတို့ဖြင့် ပြုလုပ်သော တံပိုးသည် ပြုလုပ်ရခက်ခဲခြင်းရှိပြီး နေရာတကာတွင် အသုံးပြုလုပ်လေ့ မရှိချေ။ မင်္ဂလာရှိသော ကိစ္စရပ်တို့တွင်သာ အသုံးပြုကြသည်။ အခြားသောကိစ္စရပ်များ အထူးသဖြင့် အမင်္ဂလာ ကိစ္စရပ်များတွင် အသုံးပြုပါက ကျေးရွာကိုသော်လည်းကောင်း၊ အသုံးပြုသူကို သော်လည်းကောင်း ခိုက်တတ်သည်ဟု ယူဆကြသည်။ ဆင်စွယ်နှင့် ပြုလုပ်သော တံပိုးသည် နယ်စား၊ ကျေးရွာအကြီးအကဲတို့၌သာ ပြုလုပ်ထားရှိနိုင်လေသည်။ ဆင်စွယ်ကို ရွှေကွင်း၊ ငွေကွင်းတို့ဖြင့် အဆင့်ဆင့် ညှပ်ကွပ်ထားနိုင်လျှင် အလွန် လှပ၍ တန်ဖိုးမြင့်သော တူရိယာပစ္စည်းအဖြစ် သတ်မှတ်ကြလေသည်။ ဆင်စွယ်တံပိုးကို အမြတ်တနိုး ထွတ်မြတ်သော နေရာတို့တွင် သိမ်းဆည်းလေ့ရှိပြီး အမျိုးသားရေးရာကိစ္စတို့မှာသာ အသုံးပြုကြသည်။ အောက်ချင်းငှက် နှုတ်သီး၊ ၀ါး၊ သစ်သားတို့ဖြင့်ပြုလုပ်သော တံပိုးများသည် နွားကျောင်းသား၊ ကျွဲကျောင်းသား၊ ဆင်ထိန်းသမားတို့အများအပြား သုံးစွဲကြသည်ကို တွေ့ရှိနိုင်သည်။ တောတောင်များတွင် သွားလာရာ၌ လမ်းမှားရောက်ခြင်း လူစုကွဲခြင်းဖြစ်သည့်အခါ အချက်ပေးအဖြစ်မှုတ်လေ့ရှိကြသည်။

(၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)


ကရင့်အခေါ် ပီဘာသည် "ပီ" မှာ ပြွေဟူ၍ အဓိပ္ပါယ်ရပြီး "ဘာ" ဟူသော ကရင်စကားသည် ရှိခိုးကန်တော့ခြင်း အဓိပ္ပါယ်ရသည်။ ပီဘာကို မှုတ်ရာတွင် နှုတ်ခမ်းဖြင့်တေ့၍ လက်နှစ်ဖက်ဖြင့် အစီအစဉ်တကျ လက်ဝါးဖြင့် ကိုင်တွယ်ရပြီး လက်အုပ်ချီဟန်ပန် ကန်တော့ခြင်း သဏ္ဍာန် ဆောင်လေသည်။ ပီဘာသည် အလွန်ရှားပါးသော ရှေးကျသည့် ကရင်တူရိယာတစ်မျိုးဖြစ်သည်။

ပြွေ ပြုလုပ်ခြင်း


ပီဘာကို အများအားဖြင့် ၀ါးဖြင့်ပြုလုပ်လေ့ရှိသည်။ သို့ရာတွင် အချို့ဒေသများ၌ ကြေးဝါးချောင်းဖြင့် လည်းကောင်း၊ ကျွန်းသား၊ ယမနေသား စသောသစ်သားတို့ဖြင့်လည်းကောင်း ပြုလုပ်ကြသည်လည်းရှိသည်။ ကြေးဝါးချောင်းဖြင့် ပြုလုပ်ရာတွင် ချမ်းသာကြွယ်ဝသူများ ကျေးရွာခေါင်းဆောင်များတို့ပါ ပြုလုပ်နိုင်ကြသည်။ ပီဘာကို ပြုလုပ်ရာတွင် အုံကိုခရုသင်းခွံကဲ့သို့ လုံးလုံးဝန်းဝန်းနှင့် မှုတ်ရန် နှုတ်ခမ်းအပေါက်ကို သီးခြား ကွပ်ညှပ်ထားလေသည်။ ပီဘာအုံ အလယ်တည့်တည့်တွင် ပီဘာပြွေချောင်းများ တပ်ဆင်ရန် အပေါက် ရှည်လျားလျားကို တိုးလျှိုးပေါက် ဖေါက်ထွင်း ယူရသည်။

ထီးရိုးဝါးကဲ့သို့သော ဖြောင့်တန်းသည့် လုံးချောဝါးများကို အချောင်းအလိုက် အနိမ့်အမြင့် အစဉ်လိုက်တွဲပြီး ပီဘာအုံတွင် စိုက်ထောင်၍ အောက်ခြေမှနှစ်ပေကျော် တစ်ပေကျော်ခန့်တွင် တစ်လက်မစီ အနိမ့်အမြင့် စီတန်းထားလေသည်။ ပီဘာအုံ၏ အထက်နှစ်လက်မခွဲ၊ သုံးလက်မခန့်တွင်တွဲထားသော ၀ါးလုံးတိုင်ကို သေးငယ်သော အပေါက်ကလေးများ ဖေါက်ထားရသည်။ ပီဘာအုံအပေါက်တွင် ငွေပြားဖြင့် လျှာခင်အဖြစ် ထည့်ထားရလေသည်။ ပီဘာကိုမှုတ်ရန် အထွက်အပေါက်ဖက်ရှိ ရှေ့ပြွန်နှစ်လုံးကို အပေါက်ကလေး ဖေါက်ထားရလေသည်။ ပီဘာကို မှုတ်ရာတွင် လက်နှစ်ဖက်ဖြင့် ပီဘာအုံကို ကိုင်ထားရပြီး လိုသော အသံမျိုးစုံကို ထွက်နိုင်အောင် ပြွန်ရှိအပေါက်များကို လက်ချောင်းများဖြင့် ပိတ်၍ဖွင့်၍ မှုတ်ရသည်။ သို့ကြောင့် ပီဘာသည် သံစုံပြွေဖြစ်လာလေသည်။
(၄) ဂိန် (ခေါ်) မိကျောင်းလျှာ
ဂိန် (ခေါ်) မိကျောင်းလျှာကို ကရင်အမျိုးသား ကာလသား လူပျိုတို့ကသာ သုံးလေ့ရှိသော တူရိယာ ဖြစ်သည်။ တူရိယာဟု ဆိုအပ်သော်လည်း အခြားသော တူရိယာတို့ဖြင့် တွဲဖက်၍ တီးလေ့မရှိပါချေ။ ပါးစပ်ဖြင့် အာခေါင်အထိငုံ၍ လေမှုတ်လက်ခတ်တီးရသော တူရိယာပစ္စည်းလည်းဖြစ်သည်။

မိကျောင်းလျှာ ပြုလုပ်ခြင်း


ဂိန်ကိုဝါးဖြင့် သော်လည်းကောင်း၊ သံချောင်းကလေးဖြင့် သော်လည်းကောင်း ပြုလုပ်ယူကြသည်။ ဂိန်ကို ပြုလုပ်ယူကြရာတွင် ကောင်းစွာ ရင့်နေသော အရှည် တစ်ထွာခန့်ရှိသည့် ၀ါးခြမ်းကိုဖြတ်ယူပြီး အလယ်တွင် အလျားလိုက် လျှာခင်ဖြစ်အောင် ထွင်းယူရလေသည်။ ပါးစပ်ဖြင့် မှုတ်ရမည့် နေရာတွင် အဟိုက်ဖြစ်အောင် ပြုလုပ်ယူရသည်။ ဂိန်ကိုမှုတ်ရာတွင် ပါးစပ်ဖြင့်ငုံထားရပြီး လက်ယာလက်က ဂိန်၏ လျှာခင်အဖျားကို လက်ညှိုးနှင့် ခတ်၍ အသံထွက်လာလေသည်။ ထွက်လာသော အသံအလိုက် သီချင်းတွဲမှုတ်ယူ၍ ရလေသည်။ အချို့က ဂိန်ကိုသံချောင်းနှင့် ခွေယူပြီး လျှာကိုသံပြားလေးနှင့် တပ်ဆင်မှုတ်လေသည်။ သံဖြင့် ပြုလုပ်သော ဂိန်သည် ၀ါးဖြင့် ပြုလုပ်သော ဂိန်ထက် ပို၍ အသံလွင်လေသည်။ ဂိန်ကို ကရင်အမျိုးသား ကာလသား လူပျိုတို့က အပျိုရှိရာအိမ်သို့ ညအခါ လူပျိုလှည့် လည်ပတ်ရင်း မိမိပြောလိုသော စကားကို သီချင်းလင်္ကာတို့ဖြင့် အပျိုအား သိစေသည်။ စင်စစ် ဂိန် (ခေါ်) မိကျောင်းလျှာသည် လူပျိုကာလသားတို့၏ လက်စွဲ တူရိယာ ဖြစ်သည်ဟုဆိုလျှင် မှားမည် မဟုတ်ချေ။

(၅) ဏာဒိန် (ခေါ်) စောင်းကောက်

ကရင်အမျိုးသား တူရိယာများအနက် ဖားစည်ကလွဲလျှင် ဏာဒိန်(ခေါ်) စောင်းကောက်သည် လူသိများ၍ နှစ်သက်ကြသော တူရိယာပစ္စည်းဖြစ်သည်။ စောင်းကောက်သံသည် လူတိုင်းက နှစ်သက်ကြသည်။ အခြားသော တူရိယာများနှင့် တွဲဖက်၍ တီးခတ်ရသော်လည်း စောင်းကောက်သက်သက်ဖြင့် တီးခတ်ခြင်းကို ပို၍ နှစ်သက်ကြသည်။ အထူးသဖြင့် ညအခါ တီးခတ်ရာတွင် အလွန် သာယာသော တူရိယာတစ်မျိုးဖြစ်သည်။ စောင်းသံ၏ အညုအဆွဲသည် သေသူပင် ပြန်ရှင်မတတ်ရှိသည်ဟု အဆိုအမွှန်းပြုကြသည်။ ကရင့် စောင်းကောက်တွင် ကြိုးငါးချောင်း သို့မဟုတ် ခုနှစ်ချောင်းဖြင့် တပ်လေ့ရှိသည်။ မျက်မှောက်တွင် ခေတ်သီချင်းများ တီးခတ်နိုင်ရန် ကြိုး ၁၀ ချောင်းမှ ၁၂ ချောင်းအထိ တပ်ယူကြသည်။ ရှေးအခါက စောင်းကြိုးကို ပျားဖယောင်းဖြင့် လွန်းတင်၍ ကျစ်ထားသော လျှော်မျှင်၊ ကြိုးနွယ်ပင်၊ ၀ါးမျှင်၊ ပိုးချည်တို့ဖြင့် တပ်လေ့ ရှိသော်လည်း မျက်မှောက်တွင် နိုင်လွန်ကြိုး၊ သံမဏိကြိုးတို့ဖြင့် အသုံးပြုလာကြပေပြီ။

စောင်းကောက်ပြုလုပ်ခြင်း


စောင်းကောက်ကို ပြုလုပ်ရာတွင် ကိုယ်ထည်ပိုင်းနှင့် ခေါင်းပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားလေသည်။ ကိုယ်ထည်ကို သစ်သားတစ်မျိုးနှင့် ပြုလုပ်ပြီး ခေါင်းပိုင်းကို အခြား သစ်သားတစ်မျိုးနှင့် ပြုလုပ်ယူလေ့ ရှိသည်။ ကရင့် စောင်းကောက် ခေါင်းပိုင်းသည် ဗမာ စောင်းကောက်ကဲ့သို့ ကွေးညွတ်ခြင်း မရှိလှချေ။ လောက်လေးကိုင်း မျှလောက်သာ ကောက်သည်။ အထူးသဖြင့် ကိုယ်ထည်ပိုင်းကို မာသော သစ်သားတို့ဖြင့်သာ ပြုလုပ်၍ရသည်။

စောင်းကိုယ်ထည်ကို အလျားသုံးမိုက်၊ အနံတစ်မိုက်ခန့်ထား၍ အခေါင်းထွင်းကာ ဒရယ်သားရေ၊ ချေသားရေ တို့ဖြင့် ဖုံးအုပ်ပြီး ကိယ်ထည်ဘေးနှစ်ဖက်တွင် အပေါက်နှစ်ပေါက် ဖောက်ထားသည်။ ယင်းအပေါက်ကို "နတ်သမီးပေါက်" ဟူ၍ ခေါ်ကြသည်။ စောင်း၏ခေါင်းပိုင်းကို ကိုယ်ထည်နှင့် ဆက်စပ်ယူပြီး ထိပ်ပိုင်းတွင် ကြိုးတပ်၊ ကြိုးတင်းရန် လက်တံကို ထားရှိရသည်။ စောင်းခေါင်းပိုင်းသည် သဘာဝ ကောက်နေသော သစ်သားတို့ဖြင့် အလျားခြောက်မိုက်ခန့် အရှည်ယူ၍ တပ်ဆင်ယူရသည်။

ဏာဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်း


ဏားဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်းသည် အထွတ်အမြတ်ထားသော စောင်းတစ်မျိုးဖြစ်သည်။ အချို့က တော်ဝင်စောင်း ဟူ၍ အမည်သတ်မှတ်ပေးကြသည်။ တော်ဝင်စောင်းကို အချို့က ဏားဍိင်ကိုင် နာဒိန်ဘားကန် ဟုလည်း ခေါ်ကြသေးသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် အစီအရင်တစ်မျိုးနှင့် လုပ်ယူရလေသည်။ ကိုယ်ထည်ကို ပိတောက်သားဖြင့် ပြုလုပ်ရပြီး ခေါင်းပိုင်းကို ယင်းတိုက်သားနှင့် ပြုလုပ်ယူကြသည်။ ကြိုးတပ် ကြိုးတင်းရန် လက်တံကို သစ်၊ ဆင်စွယ်ဖြင့် ပြုလုပ်ပြီး တပ်ဆင်ရသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် မပြီးမချင်း တောထဲ၌သာ ထားခဲ့ရခြင်းဖြစ်သည်။ စောင်းကိုပြုလုပ်ပြီး စောင်းကြိုးတပ်သောအခါ စောင်းအိုးအပေါက်တွင် ပန်းခုနှစ်မျိုး ခုနှစ်ပွင့် သွင်းရလေသည်။ စောင်း၏ အမြုတေ ခေါ်အပ်သော ဏာဒိန်အပနယ့် ကို ထည့်ရလေသည်။ ပန်းညို ခုနှစ်ပွင့်၊ စကားဝါပွင့်၊ နန်းလုံးကြိုင်၊ ဆောင်တော်ကူး၊ တရုတ်စကား၊ စကားစိမ်းပွင့် စသည့် ခုနှစ်ပွင့်ကို ထည့်သွင်းပြီးလျှင် စောင်းကြိုးညှိကာ ထိုတောအုပ်၌ပင် သီချင်းနှင့် သီဆိုတွဲဖက်ပြီး တီးခတ်ရလေသည်။


အထက်ပါ အစီအရင်အတိုင်း စီရင်သီဆို တီးခတ်ပြီးသောအခါမှသာ ရွာသို့ ယူဆောင်၍ ရလေသည်။ ထိုစောင်းကို သီဆိုတီးခတ်လျှင် ကြားရသူတိုင်း လွမ်းဆွေးကြရသည်ဟု ရှေးလူကြီးများက ဤသို့ မှာကြားချက် တစ်ရပ် ရှိပေသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်က်ုလယ်၊ ဏာဍိင်မွဲာ ကႜင်ကိႜင်းအ်ုလယ့်၊ အေဍယ်စူးလင် အ်ုပးနယ့် ဍယ်ထင်းဍယ်လင် မေးထီ့ဟှယ့်။" လွမ်းဖွယ်ကောင်းသော စောင်းမဟာကို ကြန်အင်နှင့် ပြည့်စုံသော ပိတောက်သားနှင့် ထုလုပ်ထားပါသည်။ စောင်း၏ အမြုတေဖြစ်သော ပန်းခုနှစ်မျိုးဖြင့် စီရင်အပ်သည်ဖြစ်၍ တီးခတ်ပါက ကြားရသူတိုင်း မျက်ရည်မဆည်နိုင်အောင် လွမ်းဆွေးဘွယ်ရာ ဖြစ်ပါသည်။ ထို့အပြင် အစီအရင်နှင့် ပြီးသော လွမ်းဘွယ်စောင်း (၀ါ) တော်ဝင်စောင်းကို ဤသို့ဆင့်၍ ပိုးကရင်လင်္ကာဖြင့်  အမွှန်းပြု ထားပေသေးသည်။

ကာလသား ကာလသမီးတို့ ပိုင်ဆိုင်သော စောင်းကောက်တစ်မျိုးကိုလည်း ဤသို့ ဖွင့်ဆိုထားကြသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်အွာ၊ ဏာဍိင်မူးဏင်. ဖေါဟ်သးခွ့၊ အေဍယ်ထင်း ကေ၀်မူးဏာဏာ၊ ဟ်ုယှာ.လ်ုဖံႜုဏင်းထင်းသာ၊ ဏာဍိင်ယူ.မုဂ် ဏာဍိင်က်ုလ၀်၊ မ်ုဍယ်လေ ဍုံဍူးဍံထ၀့်၊ အေဍယ်ထင်း ကေမူဟှဝ်ဟှဝ်၊ ဟ်ုသီ့မု့်ထင်းထာင်လ၀့်။" ဖြူစင်သန့်ရှင်းလှသော ကာလသား ကာလသမီးတို့၏ စောင်းကောက်ကို ညအခါ တီးခတ်ပါက လူကြီးသူမတို့ပင် လူငယ်အတိတ်ဘ၀ကို ပြန်ပြောင်းသတိရပြီး အိပ်ရာမှထ၍ မှေးစက်ခြင်း မရနိုင် ဖြစ်ရသည်။ ထိုနည်းတူပင် ရောင်နီပျိုးချိန် နံနက်ဆည်းဆာတွင် တီးခတ်ပါက သေသူပင် ပြန်လည် အသက်ရှင်လိမ့်မည်ဟူ၍ ဆိုလေ၏။
(၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား
ကရင်လူမျိုးတို့၏ ရိုးရာ တူရိယာများ အနက် ပေါ်ကူး (ခေါ်) ၀ါးပတ္တလားသည် ရှေးကျလှသော တူရိယာ တစ်ခုပင် ပါဝင်လေသည်။ စာတစ်စောင် ပေတစ်ဖွဲ့ဖြင့် မှတ်တမ်းတင်ခဲ့ခြင်း မရှိသဖြင့် မည်သည့် ခေတ်အခါလောက်ကတည်းက ပေါ်ကူး (ခေါ်) ၀ါးပတ္တလားကို ကရင်လူမျိုးတို့ မည်သည့် အချိန်မှ စတင် သုံးစွဲခဲ့ကြောင်းကို အတိအကျ ဆိုရန် ခက်လှသည်။ ကရင်လူမျိုးတို့သည် တောင်ယာ ခုတ်ခြင်း၊ အမဲလိုက်ခြင်း၊ တောတောင်များအတွင်း သွားလာခြင်းပြုရာမှ အနားယူနေသည့် အခါတွင် ဒူးလေး၊ မြားကို ပြုလုပ်၍ ရြှိုကသည်။ ထိုသို့ ပြုလုပ်နေစဉ် ၀ါးဆစ်များကို ခုတ်ထစ် ပိုင်းဖြတ်၍ တီးခတ်ကြည့်ရာ အသံအမျိုးမျိုး ထွက်လာသည်ကို အကြောင်းပြုပြီး ၀ါးပတ္တလားကို စတင် လုပ်ယူကြသည်ဟု ကရင်လူကြီးများက ဆိုကြသည်။

ဝါးပတ္တလား ပြုလုပ်ခြင်း


ပေါ်ကူးကို ၀ါးလုံး (၉) လုံးဖြင့် များသောအားဖြင့်ပြုလုပ်ကြပြီး အချို့မှာ ၀ါးလုံး (၁၁) လုံးအထိ ပြုလုပ်ကြကြောင်း တွေ့ရှိနိုင်ပေသည်။ ၀ါးအရင်းမှ တစ်ပိုင်းစီတစ်ပိုင်းစီ အဆစ်ခံ၍ ဖြတ်ယူလေ့ရှိကြသည်။ ၄င်းအဖျားပိုင်း (၃) ချိုး (၂) ချိုးအထိ တစောင်းကျအောင် ခုတ်ဖဲ့ပြီး အသံကို ညှိယူရသည်။ ၀ါးခြမ်းသစ်သား စသည်ဖြင့် လည်ကောင်း တုတ်တံထိပ်ပိုင်းကို အ၀တ်ကဲ့သို့သောအရာဖြင့် စီးပတ်၍ သော်လည်းကောင်း တီးခတ်သံအဖြစ် ပြုလုပ်ကြသည်။ အလယ်ဝါးကို သံမှန် (၀ါ) မူလအသံဖြင့်ထားပြီး ၀ါး (၉) လုံးပါပေါ်ကူးကို အသံစဉ်အလိုက် ညှိယူကြောင်း သိရှိရပါသည်။ မျက်မှောက်တွင် အသံအားဖြင့် စူးရှလှသော ပတ္တလားတစ်ခုကိုကြည့်လျှင် အရှည်အားဖြင့် နှစ်လက်မခွဲခန့် ရှိသည်။ အသံတိမ်သော ပတ္တလား အသွားအရှည်မှာမူကား ၁၁ လက်မကျော် ရှိသည်ကို တွေ့ရရှိသည်။

ထို့အပြင် အသံထွက်တိမ်သော ပတ္တလား တစ်မျိုးမှာလည်း ၀ါးဆစ်မှာ အရင်းအထိ တစ်ပေ နှစ်လက်မခန့်ရှိပြီး အရင်းမှာ အဖျားအထိ နှစ်ပေခွဲကျော်ခန့် ရှိသည်ကို တွေ့ရှိရပေသည်။ ကရင့်အခေါ် ပေါ်ကူး၊ ၀ါးပတ္တလားမှာ မျက်မှောက်မွန် ၊ ဗမာတို့၏ ၀ါးပတ္တလားတို့နှင့် အခြေခံအားဖြင့် ခြားနားမူ မရှိလှချေ။ မွန်၊ ဗမာတို့၏ ၀ါးပတ္တလားကို မွမ်းမံမူုဖြင့် လခြမ်းပုံ သစ်သားအိမ်များ၊ မှန်စီရွှေချအိမ်များချ၍ ရူချင်စဖွယ် လှပသော်လည်း ကရင်တို့၏ ၀ါးပတ္တလားသည် သဘာဝအတိုင်းသာ ရှိနေ၍ လှပခြင်း မရှိလှချေ။ သို့သော် လွင်သောအသံ ညက်ညောသော အဆွဲအငင်တို့ဖြင့် အခြားသော ကရင်တူရိယာတို့နှင့် တွဲဖက်တီးခတ်သောအခါ သာယာ နာပျော်ဖွယ် တူရိယာအဖြစ် ကရင်လူမျိုးတို့က သတ်မှတ် အသုံးပြုကြသည်။

(၇) သောင့်ထွန် (ခေါ်) တယော


ကရင့်အခေါ် (သောင့်ထွန်) မှာ ငြိမ့်ညောင်းစွာ တီးရသော တူရိယာပစ္စည်းတစ်မျိုးဖြစ်သည်။ ရှေးကျ၍ ရှားပါးလှသော ပစ္စည်းလည်း ဖြစ်၏။

တယောပြုလုပ်ခြင်း


သောင့်ထွန်ကို အုန်းမှုတ်ခွက်တို့ဖြင့် လည်းကောင်း ၀ါးပိုးကျည်တောက်တို့ဖြင့် လည်းကောင်း ပြုလုပ်လေ့ ရှိသည်။ ရှေးအခါက သောင့်ထွန်ကို ကြိုးတစ်ချောင်းတပ်ဖြင့် အသုံးပြုလေ့ရှိပြီး နောက်ပိုင်းတွင် ကြိုးနှစ်ချောင်း တပ်၍ သုံးစွဲလာကြသည်။ ထိုကြိုးတို့မှာနှစ် ချောင်းပူးထားသော ကြိုးတစ်ချောင်းနှင့် သုံးချောင်း ပူးထားသော ကြိုးတစ်ချောင်း ဖြစ်သည်။ အချို့သော ဒေသတွင် ကြိုးသုံးချောင်းတပ်၍ ရှားရှားပါးပါး အသုံးပြု တီးခတ် နေကြောင်းကို တွေ့ရှိရသေးသည်။ ကရင့်သောင့ထွန်သည် အများအားဖြင့် အလျားနှစ်တောင်ခန့် ရှိသည်။

ထိုးတံဖြင့် တယောထိုးသကဲ့သို့ တီးခတ်၍ရသလို လက်ချောင်းဖြင့် တီးခတ်၍လည်း ရသည်။ မတ်တပ်ထောင်၍ ဘေးတိုက် ထိုးရပြီး အသေအရှင်ထိုးနည်ဟူ၍ နှစ်မျိုးရှိ၏။ အသေထိုးနည်းမှာ ထိုးတံကို ကြိုးအတွင်းသို့ ထားပြီး ထိုးသောထိုးနည်းကို ဆိုလိုသည်။ အရှင်ထိုးနည်းမှာ ထိုးတံနှင့် တသီးတခြားထားပြီး အပြင်မှနေ၍ ထိုးခြင်း ဖြစ်သည်။ ကရင့်သောင့်ထွန်သည် ရှေးအခါက ပေါများလှသော်လည်း ယနေ့ တယောဂီတများ ပေါ်ထွန်းလာချိန်တွင် တဖြည်းဖြည်း ကွယ်ပျောက်၍ ကျေးလက်အချို့တွင်သာ ရှားရှားပါးပါး တွေ့ရှိ နိုင်တော့သည်။

(၈) ထာ့ (ခေါ်) ကရင်အိုးစည်


ကရင်အိုးစည်သည် ဗမာ၊ ရှမ်းတို့၏ အိုးစည်ပုံသဏ္ဌာန် ဖြစ်သည်။ သို့ရာတွင် ရှမ်းအိုးစည်ကဲ့သို့ ကိုယ်ထည် ရှည်လျားခြင်း မရှိချေ။ ခါးသေးပြီး အ၀ိုက်ကျယ်ခြင်းလည်း မရှိချေ။ ကရင်အိုးစည်မှာ ခါးတုတ်၍ ကိုယ်ထည်လည်း တိုသည်။

ကရင်အိုးစည် ပြုလုပ်ခြင်း


ကရင်အိုးစည်ကို မာသော သစ်သားတို့ဖြင့် ထွင်းယူပြီး မျက်နှာဝကို နွားသားရေဖြင့် ကျက်ထားသည်။ ထိပ်ဝ အနည်းဆုံး တစ်ပေရှိသည်။ အိုးစည်ထိပ်ဝ အချင်းကို မူတည်လျက် တွဲဖက်တီးရသော တူရိယာတို့၏ အရွယ်အစားကို လိုက်၍ သတ်မှတ်ချက်ရှိ၏။ အိုးစည်ထိပ်ဝ ၁၂ လက်မ၊ ဖားစည်ထိပ်ဝ ၁၈ လက်မ၊ လင်းကွင်းအကျယ် ၁၂ လက်မနှင့် ၁၀ လက်မ အချင်းရှိသော မောင်းတို့ဖြင့် တွဲဖက် တီးခတ်သော် လိုက်ဖက်လှသော အသံကို ရရှိသည်ဟု ဆိုကြသည်။ မျက်မှောက်တွင် ကရင်ရိုးရာ ဒုံးအက၊ တေးသီပွဲ (ခေါ်) အော်ပွဲတို့တွင် အိုးစည်ကိုပင် တူရိယာအဖြစ် ထားပြီး နှဲ၊ ပုလွေ၊ ၀ါး၊မောင်း၊ လင်းကွင်း၊ ဗုံတို့ဖြင့် တွဲ၍ တီးခတ်နေသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။

(၉) ခနာ (ခေါ် )ဗျတ်စောင်း


ကရင်လူမျိုးတို့ ကြိုးတပ်တူရိယာများ ရှိသည့်အနက် ဗျတ်စောင်းသည် တစ်မျိုး အပါအ၀င်ဖြစ်သည်။ ကရင်ဗျတ်စောင်းသည် ယခုခေတ် မယ်ဒလင် တစ်မျိုးဟု ဆိုနိုင်သည်။ အချို့က ကိုယ်တိုင်တီး ကိုယ်တိုင်သီဆို၍ အချို့မှာ အမျိုးသားက တီးခတ်၍ အမျိုးသမီးက သီချင်း သီဆိုသောအခါ သာယာနာပျော်ဖွယ် ရှိလှသည်ဟု လက်ခံ ထားကြပေသည်။

ဗျတ်စောင်းပြုလုပ်ခြင်း


ရှေးအခါက အုန်းမှုတ်ခွက်ဖြင့် အုန်းသီးတစ်လုံးကို သုံးပုံတစ်ပုံမှ ညီညာစွာ ဖြတ်ယူပြီး အ၀ကို သစ်သား ၀ါးပြားဖြင့် ပိတ်၍ ပြုလုပ်ယူလေ့ ရှိသည်။ နောင်ခေတ်အချိန်တွင် သစ်မာသားဖြစ်သော ယင်းတိုက်၊ ပျဉ်းကတိုး၊ ပိတောက်သားတို့ဖြင့် ပြုလုပ်နေကြသည်။ ရှေးကကြိုးသုံးချောင်း ရိုးရိုးတပ်ပါရှိသော်လည်း မျက်မှောက်တွင် ကြိုးငါးချောင်းကို နှစ်ချောင်းတွဲစုံ လေးချောင်းနှင့် တစ်ချောင်းတွဲ တပ်ကြိုးအဖြစ် တပ်ဆင်ကြသည်။ ယခင်က ပိုးချည်မျှင် သစ်သားမျှင် ၀ါးမျှင်တို့ဖြင့် ကြိုးအဖြစ် အသုံးပြုလေ့ ရှိသော်လည်း ယခုအခါ နိုင်လွန် သံမဏိကြိုးတို့ဖြင့် တပ်ဆင် သုံးစွဲလာကြသည်။

ဖော်ပြပါ ထင်ရှားလှသော ကရင်လူမျိုးတို့၏ ရိုးရာတူရိယာများကို ဖော်ပြရာတွင် အားလုံးပြည့်စုံနိုင်ပြီး မဟုတ်ချေ။ ဒေသအလိုက် ရိုးရာတူရိယာ ပစ္စည်းများ ရှိနေဦးမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြပါသည်။

Saturday, December 15, 2012

ဆလုံတိုင်ရင်းသားများ


သည်စာစုမှာ ကျွန်တော် လန်ပိ အဏ္ဏ၀ါအမျိုးသားဥယျာဉ် အကြောင်းရေးဖို့ပါ။
ဒါပေမယ့်ဆလုံလူမျိုး တို့၏ အကြောင်းကို ရင်တင်ပြမှ ပြည့်စုံမည်ဖြစ်သဖြင့်
ပထမဦးစွာ ဆလုံတိုင်းရင်းသားများ အကြောင်း ရှာဖွေလို့ရသလောက် တင်ပြပါမည်။
ဆလုံတိုင်းရင်းသားများ

ရေငုပ်ကျွမ်းကျင်မှုဖြင့် နာမည်ကြီးသော ဆလုံကလေးငယ်တစ်ဦး

ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။
 
  ဆလုံလူမျိုးများ၏ အိမ်တန်းများ
  ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါနီးစပ်ရာကျွန်းပေါ်တွင် ၀ါးခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။ Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်းတတ်ကြသည်။
 
 
ရေပျော်ဆလုံလူမျိုးများ
  ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင်သွားနိုင်ကြသည်။ ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။
 
 ရေပေါ်တွင်ဖျံတစ်ကောင်အလား...
  (ပင်လယ်ကြမ်းပြင် ၁၆ လံ ထက် ပိုပြီး မည်သည့် ရေငုတ်သမား မှ မငုတ်နိုင်ကြပါ ရေဖိအား ဒါဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ရေအရမ်းနက်လျှင် နှာခေါင်း၊ နား၊ မျက်စိ စသည့်နေရာများမှ သွေးများ ယိုထွက်လာသည်ကို မည်သူမျှမခံနိုင်ပါ။ တစ်နာရီကြာအောင် ရေငုတ်သော စလုံလူမျိုးလည် မရှိပါ အလွန့်အလွန် မိနစ် (၂ဝ) မျှသာ အောက်စီဂျင်မပါဘဲ ငုတ်နိုင်ကြသည်။)
 




 ဆလုံလူမျိုးများ၏ သဘာဝ ပုံရိပ်များ
တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။ ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ၀ိုင်းဖွဲ့ကခုန်ကြသည်။သူတို့၏ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။
 
 ဆလုံကလေးငယ်လေးများ
  “ပျူ၊ မွန်၊ မြန်မာ၊ သက်”ဟူသော မြန်မာတိုင်းရင်းသားအစ လူမျိုးကြီး(၄)စုမှာ ဆလုံတိုင်းရင်းတို့မှာ “သက်”လူမျိုးတို့မှတစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူး ပါသည်။ ဆလုံ တိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်း ခေါ်ကြပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ၀ါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကြရုံ သာမက သူတို့ဘ၀၏ အဖော်မွန်ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင်သွားကြပါသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ၀ါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက် မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ပြီး နေထိုင်ကြပါသည်။
 
 ဆလုံရိုးရာ သစ်လုံးလှေ ထွင်းနေပုံများ
ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊ မျှော့(ပင်မယ်မျှော့)၊ ရေခူ၊ ငါး၊ ပုဇွန် ၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီး အန်ဖတ်တွေကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြ ပါသည်။ သူတို့ ရိုးရာဓလေ့များ ထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ် ကိုးကွယ်ခြင်း တို့လည်း ပါဝင်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစ

(၁၉၆၄)ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့် ပြုလုပ်ပါသည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသောအယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြပါသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိးသမီး အချင်းချင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့ မွေးထ ရှိလာကြပါပြီ။

ကျန်းမာရေး
ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်းလျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ ရှိကြပါသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့ တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြပါသည်။ တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်း ကိုလည်း လုပ်မြဲလုပ်ကြ ပါသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျား စွဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများပင် ဖြစ်ပါသည်။

 
 ဆလုံမိန်းမပျို...
ဝတ်စားဆင်ယင်ခြင်း
ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အ၀တ်အစား ၀တ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အ၀တ်အစား ဆင်ယင်လာကြ ပါသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်သည် ဆိုသော်လည်း ၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြပါသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်လာကြ ပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိပါသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ သူတို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ များသောအားဖြင့် ၀တ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့်အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏အသားအရောင်မှာ ညိုရောင်သန်းပါသည်။ ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့်အလျောက် ယိုးဒယားနိုင်ငံမှရောက်လာသော အ၀တ်အစား၊ ပါတိတ်။ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။ ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနား ၀တ်ဆင်လာကြပေပြီ။

အစားအသောက်
ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြ ပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြ ပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။
အစားအသောက်

ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြ ပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြ ပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။
 

အလုပ်အကိုင်
ဆလုံ တိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်း ၀ိုင်းဝန်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်း ပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင် ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့်တစ်စု စီစီညီညီ ထပ်ကာ ပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင် ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မျှမပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ်ခြင်း ၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။ ရေတစ်စက်မျှ လှေဝန်းထဲသို့ မ၀င်ပါ။ သူတို့၏ ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မရှိကြပါ။ သို့သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ် လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြ ပါသည်။

ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ်မျှော့ ငုပ်ခြင်း၊ ကနုကမာ ရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပါတ်သက်သော လုပ်ငန်း အ၀၀ကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်ပါသည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစားနှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်ပါသည်။

ကျွန်တော် တွေ့ခဲ့သော ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀) နှစ်ခန့်တွင် ရေနှင့် ပါတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့် ရှိသော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့် နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသော အခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့သြသွားပါသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန်ငါးပြားကြီး) တစ်ကောင်းကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါ သေးသည်။ ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင် ဖြစ်ပါသည်။ လွတ်လပ်မှုကို မြတ်နိုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိုးယူ ဖမ်းဆီးကြ ပါသည်။ ဟိုစဉ်က ဆလုံ တိုင်းရင်းသားတို့ ငါးဖမ်းသည် ဆိုသည်မှာ ငါးဖမ်း ပိုက်များဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြ ပါသည်။ သူတို့ဘ၀မှာ ယခင်က ဖမ်းယူရရှိ ငါးများနှင့် ရေငုပ်၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်း ခံရသော်လည်း ယခုအခါ ထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန် ရရှိခဲ့ပါပြီ။ ဖဲရိုက်ကာ ကက်ဆက်နားထောင် နေကြသော ဆလုံများ၊ ရွှေဆွဲကြိုး တ၀င်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေ နေကြသော ဆလုံ ကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားတို့ လူနေမှုဘ၀ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။
ထိမ်းမြားလက်ထပ်ခြင်း

ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေး အတွက် နတ်ဆရာနှင့် နတ်ကိုးကွယ် ကြသည်။ သေဆုံးသွား လျှင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလျှင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိပါသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရပါသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာများကို စီမံပြင်ဆင်ကြ ပါသည်။

သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိပါသည်။ မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ၀ိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြ ပါသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာပါသည်။ ဆလုံမင်္ဂလာပွဲကို များသော အားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိပါသည်။ ဆလုံ နတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာ မောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆို ပါသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက်မြှောက်ကာ တိုင်တည်စေ ပါသည်။

ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့ လောကတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြ ပါသည်။ သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။

ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ တုန်တက်လာပါသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွား ပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီင်္ခန့် ကြာမြင့်ပါသည်။


ဆလုံလူမျိုးများနေထိုင်ရာ လန်ပိကျွန်းတစ်ဝိုက်
တစ္ဆေကြီးပွဲ
တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာ မွန်ရာရောက်သူ ရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိပါသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်န၀ါရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်ပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များ ကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူပါသည်။ အရက်သောက်ထားပြီး သွေးကြွ နေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများသား။ မည်သို့ပင်ဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။


ယနေ့ဆလုံ နောက်ဆုံးအခြေအနေ
မြန်မာနိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းခြေ တစ်ဝိုက်၌ နေထိုင် ကျက်စားလေ့ရှိသော ဆလုံ တိုင်းရင်းသား ဦးရေသည် အယောက် ၁၀၀၀ ပင် မပြည့်တော့ သည့်အပြင် ယဉ်ကျေးမှု ဓလေ့စရိုက် များပါ ပျောက်တော့မည် ဟုလေ့လာသူများကပြောကြပါသည်။ ဆလုံ တိုင်းရင်းသားများသည် မြိတ်၊ ကဒူး၊ ဂနန်း၊ ယော၊ ဆိုဖုန်း(ဖွန်)၊ ရဘိန်း ဟူသော မြန်မာတိုင်းရင်းသား အုပ်စုတွင် ပါဝင်ပြီး ၁၉၁၁ ခုနှစ်တွင် ဗြိတိသျှ အစိုးရလက်ထက် စာရင်း ကောက်ယူခဲ့စဉ်က လူဦးရေ ၅၀၀၀ ခန့် နေထိုင်ခဲ့ကာ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တွင် လူဦးရေ ၂၀၀၀ ခန့်သာ ကျန်ရှိခဲ့ရာမှ ယခုအခါတွင် လူဦးရေ ၁၀၀၀ အောက်သို့ ကျဆင်းနေခြင်း ဖြစ်ကြောင်း သိရသည်။
ဒီစာစုများမှ အများစုစာသားများကို ဧရာဝတီဘလော့ မှ ရရှိပြီး စာသားအနည်းငယ်ကို 

အင်တာနက်သတင်းများမှ စုစည်းတင်ပြထားပါသည်။
ဓာတ်ပုံများကိုလည်း အင်တာနက်အတွင်းမှ ရှာဖွေရသမျှ ကို ပေါင်းစပ် ထည့်သွင်းထားပါသည်။
ထိုကြောင့် မူရင်းဓာတ်ပုံရှင်များခွင့်ပြုပေးကြပါခင်ဗျာ
လန်ပိအမျိုးသားဥယျာဉ်အကြောင်းကို ဆက်လက်တင်ပြပါမည်။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ...........................နေခရမ်း

Friday, December 14, 2012

ကရင့်ရိုးရာ ကြေးဖားစည်



ကရင်ဘာသာအားဖြင့် “က္လိုအိုဝ်တ္လာအိုဝ်” ဟုခေါ်သည့်
ကရင်ရိုးရာ ကြေးဖားစည်သည် ကရင်ရိုးရာ ယဉ်ကျေးမှု၏
အရေးကြီးဆုံး ပြယုဂ်များတွင် တစ်ခု အပါအ၀င် ဖြစ်သည်။
အလားတူ စည်များကို တရုတ်၊ မွန်ဂိုလ**ယားနှင့် အခြား
အရှေ့တောင်အာရှ ဒေသများတွင် ပျံ့ နှံ့ စွာ တွေ့ ရသည်။
စည်အမျိုးအစား ငါးမျိုးရှိရာတွင် တစ်မျိုးမှာ
ကရင်ဖားစည် ဖြစ်သည်။
ဖားစည်တွင် လုံးရှည်ပုံ ကိုယ်ထည် ရှိသည်။
မျက်နှာပြင်သည် အနည်းငယ်ကျယ်ပြန့် ပြီး
အလယ်ဗဟိုရှိ ကြယ်ကို ၀န်းရံထားသော စုဆုံစက်ဝိုင်း သဏ္ဍာန်မျိုးစုံဖြင့် တန်ဆာဆင်ထားသည်။ မျက်နှာပြင် ထောင့်စွန်းဝန်းကျင်တွင်
လေး သို့ မဟုတ် ခြောက် အရေအတွက် ရှိသော ဖားများ
အကွာအဝေး တူညီစွာ ရှိကြသည်။
ဖားစည်အားလုံးသည် အရွယ်အစား အမျိုးအမျိုး ပြောင်းလဲမှုရှိပြီး
၎င်းတို့ကို သေးငယ်သော လက်ကိုင်နှစ်ခုဖြင့် သယ်ဆောင်ကြသည်။
ဖားစည်၏ မူလအစကို မည်သူမျှ သေချာ မသိပါ။ ကရင်ရိုးရာ
အဆိုအရမူ တစ်နေ့သ၌ ဖူးမော်ထော်ဟု ခေါ်သော
ကရင်အဘိုးတစ်ယောက်သည် သူ့ထံသို့ ဦးတည်လာသော
မျောက်ရိုင်း တစ်အုပ်ကို တွေ့ ရသည်။
အသက်အန္တရယ်ကို ကြောက်ရွံ့ သောကြောင့် သူလည်း
သေချင်ဟန်ဆောင်လိုက်သည်။ ၎င်းအချင်းအရာကို
တွေ့မြင်ရသောအခါ အသုဘ အခမ်းအနားအတွက် အုပ်စုထဲမှ
မျောက်များကို စည်ပြန်ယူခိုင်းလေသည်။ နောက်ဆုံးတွင်
မျောက်များသည် ဖါးစည်(၃)မျိုး ရွှေရောင်၊ ငွေရောင်နှင့်
အဖြူရောင်ဖားစည်များကို ယူဆောင်လာကြသည်။ စည်များကို
တီးခတ်စဉ်အတွင်း ဖူးမော်ထော်က ထထိုင်လိုက်ရာ
မျောက်များက လန့် ပြီး ထွက်ပြေးသောကြောင့်
အဖြူရောင်ဖားစည်သည် ရေထဲသို့  ပြုတ်ကျသွားတော့သည်။
ဖူးမော်ထော်သည် ကျန်ရစ်သော ဖားစည်များကို
ကရင်လူမျိုးများထံ ယူဆောင်လာပြီးချိန်မှစ၍ ၎င်းတို့ သည်
ကရင်လူမျိုးတို့ ၏ အမြတ်နိုးဆုံး အရာများ ဖြစ်သွားကြသည်။
ထိုအချိန်မှစ၍ ဖားစည်များကို ဂုဏ်ပြုသောအားဖြင့်
နှစ်စဉ်နှစ်တိုင်း “က္လိုထူးဂေါ်”နှင့် က္လိုခွါ့ ဆေး”ပွဲတော်ကို
နှစ်ပေါင်းများစွာ ကျင်းပခဲ့သည်။

credit@ဖားစည်သံ