This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Monday, December 23, 2013

အိမ်ထောင် တစ်ခုမှာ အချစ်အပြင် တစ်ခြား လိုအပ် တာက သစ္စာ တရားပါ..........................









အိမ်ထောင် တစ်ခုမှာ အချစ် အပြင် တစ်ခြား လိုအပ်တာက သစ္စာတရားပါ နန်းသူဇာ လူရယ်လို့ ဖြစ်လာ
ရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ် ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်
ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ ဆိုပြန်ပါ တယ်။

အချစ် ဒသန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆို ကြသလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြား
မှာ ဘယ်လို ဆက်နွယ်မှု တွေရှိနေလဲ အနုပညာ ရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ...

မြင်မြင်ချင်း ချစ်မယ်လို့ မထင်ဘူး

မြင်မြင်ချင်း အချစ်ဆိုတာမျိုး ကို ရှိမယ်လို့ မထင်ဘူး။ ကြားပဲကြား ဖူးတာပါ။ မြင်မြင်ချင်း ကြိုက် တာလို့ ပဲ
ထင်ပါတယ်။ ကောင်လေးတစ် ယောက်က ကောင်မလေး တစ်ယောက် ကိုမြင်သွားရင် ချစ်သွားတယ်လို့
မ ထင်ဘူး။ ကောင်မလေး ပုံစံကိုကြည့် ပြီး သူနဲ့လိုက်မယ် ထင်လို့ကြိုက်သွား တာပဲဖြစ်မှာပါ။

ဆယ်ကျော်သက် အချစ်က

ဆယ်ကျော်သက် အချစ်က ဆယ်ကျော်သက် အချစ်ပါ။ ဒီတစ် ယောက်မှ ဒီတစ်ယောက်ကို ချစ်ပြီး မြဲ မယ်
ထင်တာတွေ မမြဲခဲ့တာလည်းရှိ တာပဲ။ တစ်ဖက်သတ်ကြိုက်တာ တွေလည်းရှိတာပဲ။ အဲဒါကတော့ ဆယ်
ကျော်သက်အချစ်ပေါ့။

ကိုယ့်အတွက် အချစ်က ပှုလောင်တယ်၊ အေးချမ်းမှု မရှိပါဘူး...

ဆယ်ကျော်သက် အရွယ်က အချစ်တို့၊ အသက် အရွယ် ရလာပြီး နောက်ပြီးမှ အချစ်ဆိုတာ မျိုးတော့ မရှိ
ပါဘူး။ ငယ်ရွယ်တဲ့ အချိန်မှာ ရင့် ကျက်ပြီးတစ်ယောက်တည်း ကိုချစ် သွားတာလည်း ရှိတာပဲ။ အသက်
ကြီး မှချစ်ရတဲ့ သူကိုတွေ့ပြီး ချစ်သွားတာ လည်းရှိပါတယ်။ နန်းသူဇာအတွက် အချစ်ကပူလောင်တယ်။
အေးချမ်း တယ်မရှိပါဘူး။ အဓိကက နားလည် မှုတစ်ခုပါပဲ။ လူနှစ်ယောက်မှာ တစ် ဘဝလုံး သွားဖို့အ
တွက် မိသားစု အပြင် အချစ်ကို ရာခိုင်နှုန်းနဲ့ ပြောရရင် မတရားဘူးလို့ ထင်တယ်

အချစ်က ရာခိုင်နှုန်းနဲ့ ပြောလို့ မရဘူး။ ရာခိုင်နှုန်းနဲ့ ပြောရင် မတရားဘူးလို့ နန်းသူဇာထင်ပါတယ်။ အ
ချစ်နဲ့ လက်ထပ်ခြင်းက အချိုးကျ လားဆိုတာကတော့ မိန်းကလေးဆိုလည်းသူ့ရဲ့ခံစားချက် ဆုံးဖြတ်ချက်
အပေါ်မှာပဲမူတည် ပါတယ်။ အချစ် မပါဘဲနဲ့ အိမ်ထောင်ရေးက မြဲချင်မှ မြဲမှာပါ။ အိမ်ထောင် တစ်ခုမှာ
အချစ် ကအရေးပါပါတယ်။

အိမ်ထောင်ပြုခါနီး စဉ်းစားကြပါ

အိမ်ထောင် တစ်ခုမှာ အချစ် အပြင် အခြားလိုအပ်တာက သစ္စာ တရားပါ။ မိန်းမဆိုလည်း မိန်းမကျင့်
ဝတ်နဲ့ အညီ နေထိုင်ဖို့လိုပါတယ်။ လင်နဲ့မယားမှ လျှာနဲ့သွားမဟုတ်ပါ ဘူး။ သူငယ်ချင်းအချင်းချင်း
လည်း လျှာနဲ့သွားလိုပါပဲ။ အချင်းချင်းရန် ဖြစ်ပြီးလည်း ပြန်ချစ်သွားတာပါပဲ။ နန်းသူဇာအတွက် အိမ်
ထောင်ပြုဖို့ က ဝေးပါသေးတယ်။

အိမ်ထောင်ပြုခါနီး စဉ်းစာကြပါ.....။

By 8 Days

Thursday, December 19, 2013

ပတ်ဆောင်ဟွာ၏ စကားပြန်နှင့် အင်တာဗျူး.........................


Bookmark and Share [ ]







စကားပြန် ကိုနိုင်ဝင်း ဓာတ်ပုံ - ထွန်းခိုင်/ 7day Daily

“သိသိကြီးနဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့”

အင်ဒိုနီးရှားကို မယုံနိုင်စရာ ရှုံးပွဲကြုံရသည့် ဒီဇင်ဘာ ၁၆ ည တွင် မြန်မာအသင်း ဘာတွေဖြစ်ခဲ့ပါလဲ။

ဒေါသကြီးသည့် ပတ်ဆောင်ဟွာနှင့် မြန်မာကစားသမား၊ နည်းပြများအကြား ဘာသာပြန်အဖြစ် တာဝန်
ယူရမည့် ဦးနိုင်ဝင်းက ထိုညအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကန့်လန့်ကာနောက်ကွယ်မှ အကြောင်းအရာ
များကို ပြောပြခဲ့သည်။

ခပ်အေးအေးနေတတ်ပြီး မြန်မာကစားသမားများ ချစ်ခင်ကြသည့် ကိုနိုင်ဝင်းသည် ပတ်ဆောင်ဟွာဒဏ်
မခံနိုင်သောကြောင့် ထွက်စာတင်သည့် စကားပြန်သုံးဦးနောက်တွင် ဘာသာပြန်အဖြစ် တာဝန်ယူခဲ့သူ
ဖြစ်သည်။

မြန်မာဘောလုံးအသင်းအတွက် နည်းပြပတ်၏ ကိုယ်ထိလက်ရောက်စော်ကားမှုများကိုပင် ခံခဲ့ရသည့်
ဦးဝင်းနိုင်နှင့် 7Day Daily တွေ့ဆုံခန်းမှ အချို့ကို ဖော်ပြလိုက်ပါသည်။

နည်းပြနဲ့ ကစားသမားတွေကြားမှာ အစ်ကိုက အနီးကပ်ဆုံးနေရတာဆိုတော့ ပထမဆုံးမေးချင်တာ မ
နေ့က ဘာတွေဖြစ်သွားခဲ့တာလဲ။

ဘာဖြစ်လို့ဆိုတာကတော့ အဓိကကိုင်တွယ်တဲ့ ကာယကံရှင်တွေရဲ့ သိသိကြီးနဲ့ အမှားလား၊ မသိဘဲနဲ့
မှားတဲ့ အမှားလားဆိုတာ ကာယကံရှင်ကလွဲလို့ မသိဘူး။ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရတာက မဖြစ်
သင့်တဲ့ကိစ္စလို့ ဒီလိုပဲပြောနိုင်တယ်။ မမှားသင့်တဲ့ကိစ္စ။ အသေးအဖွဲ မဟုတ်ဘူး။ အကြီးကြီး။

သတင်းစာရှင်းလင်းပွဲမှာလည်း အစ်ကိုရှိတယ်။ ပတ်ဆောင်ဟွာက နောက်ဆုံးအချိန်မှ စည်းမျဉ်းကိုသိ
တယ်ပြောတယ်။ ဒီအဖြစ်အပျက်က တကယ်လား။

အဲဒါက ကျွန်တော်သိသလောက် အမှန်အတိုင်း ပြောပြပါ့မယ်။ သတင်းစာရှင်းလင်းပွဲမှာပြောတယ်ဆို
တာက ကျွန်တော့်ရဲ့ တာဝန်အရ သူပြောတာ ဘာသာပြန်ပေးတယ်။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ
ဖြေရှင်းပိုင်ခွင့်မရှိတဲ့အချိန်ပေါ့။ သိတယ်၊ မသိဘူးဆိုတာက မကစားခင် သုံးရက်လောက်အလိုမှာဖြစ်
မယ်။ ထမင်းစားနေတဲ့ စားပွဲဝိုင်းမှာ နည်းပြတွေနဲ့ တာဝန်ရှိသူတွေနဲ့ အမြဲဆွေးနွေးကြတယ်။ ဆွေးနွေး
တဲ့အချိန်မှာ AFC စည်းမျဉ်းနဲ့ပတ်သက်ပြီး သူက သိချင်တဲ့အခါကျတော့ ဆရာဦးတင်မြင့်အောင်က ဦး
စိုးမိုးဆီကနေပြီး i-Pad လေးနဲ့ သွားကူးလာပြီး သူ့ ကိုပြတယ်။ စည်းမျဉ်းကတော့ အင်္ဂလိပ်လို ရေးထား
တာ။ ဒါက ကတ်နဲ့ထိတာ ဘာညာပေါ့။ ဦးတင်ကလည်း ပြောနေတာပေါ့။ အင်္ဂလိပ်လို။ နည်းပြကြီးက
i-Pad ယူသွားပြီး လက်တွေဘာတွေနဲ့ ဆွဲကြည့်တယ်။ ကြည့်ပြီးတော့ ကျွန်တော့်ကို ဒါဘာလဲလို့ သူမ
သိရင် မေးရင်လည်း ဖြေရမယ့်တာဝန် ကျွန်တော့်မှာရှိတယ်လေ။ သူကြည့်တယ်။ ပြီးတော့ သူလက်ခံ
လိုက်တယ်။ ပြီးတော့ ဦးတင်မြင့်အောင်ကို ပြန်ပေးလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ဒါ စည်း
မျဉ်းကို သူသိပြီလို့ပဲ ခံယူလိုက်တယ်။ မသိရင် မေးခွန်းထုတ်လာမှာကို။ မမေးတဲ့ကိစ္စကို ကျွန်တော်က
မဖြေမိလိုက်ဘူးပေါ့နော်။ ကျွန်တော်လည်း သူသိထားပြီလို့ ခံယူထားတယ်။ ပြီးတော့ ဒီပွဲနဲ့ပတ်သက်
ပြီး ဥက္ကဋ္ဌက ညဘက်လည်းကျရော ဖုန်းလာတယ်။ ဒီပွဲက မဖြစ်မနေ နိုင်မှ တက်ရမယ့်ပွဲဆိုတာပြော
ခိုင်းတယ်။ အရင်တုန်းက ဥပမာပေးတယ်။ ဆူဇူကီးတုန်းက ကျွန်တော်တို့ တစ်ဖက်အသင်းကို လျှော့
တွက်ပြီးကစားခဲ့လို့ ရှုံးတာပြောခိုင်းတယ်။ မနက်ဖြန် အ၀ါတစ်ကတ်နှစ်ကတ်ကို အသာထား။ နိုင်ဖို့
အရေးကြီးတယ်ဆိုတာ ဥက္ကဋ္ဌက သူ့ကိုပြောခိုင်းတဲ့ အချိန်မှာ ဆရာဦးတင်မြင့်အောင်ဖုန်းကနေတစ်
ဆင့် ကျွန်တော့်ကို ပြောခိုင်းတဲ့အချိန်မှာ နည်းပြကြီးက ကြည့်တယ်။ ကျွန်တော်ပြန်ပြောမယ်ဆိုတော့
သူကမင်းငါ့ကို ဘာမှမပြောနဲ့တဲ့ သူဘာပြောမယ်ဆိုတာ ငါသိတယ်ဆိုတော့။ သူစိတ်တိုနေရင် သူ့ကို
ဘာတစ်ခုမှ ပြောခွင့်မရဘူး။ သူပြောမယ့် စကားကို ငါပြောပြမယ်ကွာတဲ့။ မန္တလေးမှာ မိန်းကလေးပွဲ
ကလည်း ရှုံးသွားပြီ။ အဲဒီတော့ မနက်ဖြန် မင်းတို့ နိုင်ကိုနိုင်ရမယ်။ ဘယ်လိုကစား ဒီလိုကစား ဒါပဲမ
ဟုတ်လားဆိုတော့ မဟုတ်ဘူးလို့။ မန္တလေးပွဲ မိန်းကလေးရှုံးတာ မပြောဘူးလို့။ မနက်ဖြန်ပွဲနိုင်ဖို့ပြော
တယ်။ ဆူဇူကီးဖလားမှာ ဖိလစ်ပိုင်နဲ့ရခဲ့တဲ့သင်ခန်းစာကို သတိပေးတယ်။ အ၀ါကတ်ထိထားတဲ့ က
စားသမားတွေကိုလည်း မနက်ဖြန်ပွဲနိုင်မှ နောက်တစ်ဆင့် ဆက်စဉ်းစားမယ်။ နိုင်ဖို့အတွက် ထည့်သုံး
ပါဆိုတော့ အဲဒီမှာ သူဘာပြောလဲဆိုတော့ အ၀ါကတ်ထိတာ ဥက္ကဋ္ဌ ဘယ်လိုသိလဲ။ ဒီကလူတွေ သ
တင်းပို့လို့ သိတာပေါ့ ဆိုပြီး သူက Staff တွေ အပေါ် မဲတာပဲ။ နောက်နေ့ မနက် အစောကြီး လည်း
ဥက္ကဋ္ဌက ကစားသမားတွေ မနက်စာစားနေတုန်း အစောကြီးရောက်လာတယ်။ ထပ်ပြီး နိုင်အောင်က
စားဖို့ ဒီနေ့နိုင်ရင် ဆုတွေဘယ်လောက်ချမယ်ဆိုတာ ပြောသွားတယ်။ ဒါကို ကျွန်တော် သူ့ကိုလည်း ဒီနေ့နိုင်အောင်ကစားရမယ်။ နိုင်ရင်ဆုချမယ်ဆိုပြီး ဘာသာပြန်ပေးလိုက်တာပေါ့။ သူ့နားထဲကို ဒီနေ့
နိုင်အောင်ကစားရမယ်။ ဒီပွဲနိုင်အောင် ကစားရမယ် ဆိုတာ အကြိမ်ကြိမ် သိနေပြီးသား။ စည်းမျဉ်းကို
လည်း ဦးတင်မြင့်အောင်ဆီက သူယူကြည့်ထားပြီးသား။တစ်ခါ ပွဲကစားမယ့်အချိန် ကွင်းထဲမရောက်
ခင်မှာ ၂ နာရီ ၄၀ မိနစ် တွေ့ဆုံပွဲမှာ ဥက္ကဋ္ဌ ဒီနေ့ နိုင်ကိုနိုင်ရမယ်။ မနိုင်ရင် နေပြည်တော်မရောက်
တော့ဘူး။ နာတဲ့ ကစားသမားတွေရှိတယ်။ တစ်ရက်ခြားပွဲဖြစ်တဲ့အတွက် အားမပြည့်သေးဘူးဆိုတာ
သူသိတယ်။ သို့သော် ပွဲအရေးကြီးတဲ့အတွက် ကြိုးစားပြီး ကစားပေးပါလို့ပြောတယ်။ နေပြည်တော်
ကို ပျော်ပျော်ရွှင်ရွှင်သွားကြမယ်ပေါ့။ ဒီနေ့ပွဲမှာ အင်ဒိုနီးရှားက ဘယ်လိုကစားမလဲလို့ မင်းတို့ထင်လဲ
လို့ ကစားသမားတွေကို မေးတယ်။ တိုက်စစ်နဲ့ကစားမယ်လို့ သိတယ်ပေါ့။ အဲဒါဆိုတို့က ခံစစ်နဲ့ကစား
ရမယ်။ တန်ပြန်တိုက်စစ်နဲ့ ကစားရမယ်ပေါ့။ အဲဒီလိုလည်း သူက ပြောတယ်။ နောက်ပြီး ရှုံးရင်ထွက်
ရမယ်ဆိုတာရော သိလားဆိုတော့ ကစားသမားတွေက နှုတ်နဲ့လည်း ဖြေတယ်။ ခေါင်းညိတ်လည်း
ဖြေတယ်။ အဲဒီအချိန်မှာ ဆီးဂိမ်းအောင်နိုင်ရေးဥက္ကဋ္ဌ ဦးအောင်မိုးကျော်လည်း အနားမှာရှိနေတယ်။

မြန်မာရှုံးတဲ့အတွက် သူကရော ခံစားရတဲ့ပုံရှိလား။

ပွဲပြီးပြန်လာတော့ “ Why..Why...Why... I don't know” ဆိုပြီး သူက အဲလိုပြောတယ်။ ပြောတော့
ဦးတင်မြင့်အောင်ကလည်း နည်းပြကြီးကို ပြတယ်လေတဲ့။ အဲဒီမှာ သူက ဘာပြန်ပြောလဲဆိုတော့ ပြ
တာ သူမသိဘူးပေါ့။ တကယ်တမ်းဆို သူမေးရမှာလေ။ သူ မသိရင် မမေးဘဲနဲ့ ဒီလောက်အရေးကြီး
တဲ့ စာရွက်စာတမ်းတစ်ခုကို အစအဆုံးသူဖတ်မိလိမ့်မယ် နားမလည်တာရှိရင် မေးလို့ရတာပဲ။ မမေး
တာက သူ့အပိုင်း မပြောဖြစ်တာက ကျွန်တော်တို့တာဝန်ပေါ့ အဲဒါကို သူကအခုမှသိတယ်တဲ့ နောက်
ပြီး Head to Head ဆိုတာ အသက် ၆၀ မှာ အခုမှ ပထမဦးဆုံးအကြိမ် ကြားဖူးကြုံဖူးတာလို့ သူကိုယ်
တိုင်က ဦးတင်မြင့်အောင်ရှေ့မှာ ပြောတာ။ သူက တစ်ခါဘာပြောသေးလဲဆိုတော့ သူမသိဘူးလား
ဆိုaတာ့ နည်းပြကြီးတောင် ပြောသေးတယ်လေလို့ meeting room ထဲမှာ ဒီနေ့ပွဲ ရှုံးလို့မဖြစ်ဘူး။ ရှုံး
ရင်ထွက်ရမယ် သိလားလို့ မေးတော့ ကစားသမားတွေက သိတယ်လို့ ဖြေတယ်လေလို့ ပြောတယ်
ဆိုတော့ သူကငါအဲဒီလိုပြောလိုက်တာ ကစားသမားတွေပိုပြီးတော့ ကြိုးစားချင်စိတ်ပေါက်သွားအောင်
အဲဒီအဓိပ္ပာယ်နဲ့ ပြောတာလေတဲ့။ ဒါကတော့ သူပဲသိမယ်။ သိသိကြီးနဲ့ မသိဘူးလုပ်တာလား။ ၂ နာရီ
၄၀ Meeting မှာ အရှေ့သုံးပွဲမှာ အရမ်းကြိုးစားပြီး ကစားလာတာနော်တဲ့။ ဒီနေ့ပွဲမှာ ခြေချော်လက်
ချော်ဖြစ်သွားရင် ကြိုးစားထားသမျှတွေ အရာမ၀င်ဖြစ်သွားလိမ့်မယ်လို့ သူက အဲဒီလို ပြောတာကို
ကျွန်တော်က ဗမာလို အလွဲအချော်ဖြစ်သွားရင် သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မယ်လို့ ပြောလိုက်
သေးတယ်။ ဒါတွေ အားလုံးက ကစားသမားတွေရော၊ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌကြီးရော၊ ဦးစိုး
မိုးတို့အားလုံးရှိတယ်။

အစ်ကိုက သူနဲ့အနီးကပ်နေရတော့ ဒီပြသနာဟာ သာမန်လွဲချော်မှုလို့ ထင်လား။ နောက်ဆုံးအကြိမ်
ကျမှ တေ့ဖြုတ်လိုက်တဲ့သဘောလို့ ထင်လား။

ကျွန်တော်က ဒီစကားကြီးကို ပြောသင့်၊ မပြောသင့်တော့ တော်တော်စဉ်းစားတယ်။ အစ်ကိုတို့က
တော့ မီဒီယာသဘောအတိုင်းပဲလုပ်ပါ။ သူက ဆီးဂိမ်းပြီးရင် သူ့စာချုပ်က ပြီးပြီပေါ့နော်။ တစ်လပိုင်း
သုံးလပိုင်းမှာလည်း ယူ-၂၂ တို့ AFC ပွဲတွေ ရှိနေတဲ့အခါမှာ အဲဒီပွဲတွေကို အရမ်းကို မျှော်လင့်နေ
တာပေါ့နော်။ ကျွန်တော့်ကို စကားစပ်တိုင်းမေးတာ ယူ-၂၂ က ကပ်နေပြီ။ သူ့ကို အခုထိ မကမ်း
လှမ်းသေးဘူး။ ပွဲပြီးမှပြောမယ်ဆိုရင် သူ့ဘက်က ပြင်စရာရှိတာ ပြင်ရမယ်ပေါ့။ အဲဒီလို (စာချုပ်သစ်
ကိစ္စ) မပြောတဲ့အပိုင်းလေးတွေမှာတော့ သူက ဖုနေတာရှိတာပေါ့။ ဒါက သူနဲ့ ကျွန်တော်ရဲ့ အတွင်း
စကားပါ။ (သာမန်လွဲချော်မှုနဲ့ တမင်ကြံစည်မှု) နှစ်ခုစလုံးကတော့ ၅၀/၅၀ ပေါ့ အစ်ကိုရာ။ သိသိကြီး
နဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့။ ဒါက
လည်း ကျွန်တော့်အတွေးပါ။ သူ့ကို လစာပေးထားတာက ဒေ၀ူးပေါ်စကိုကေ ပးတယ်အစ်ကိုရာ။ ဥ
က္ကဋ္ဌကတော့ အသုံးစရိတ်နဲ့ အိမ်ကား အားလုံးပြည့်စုံအောင် ပေးထားတယ်။ ဒေ၀ူးက သူ့ကို လုံးဝမ
ပေးတော့ဘူးလည်းဆိုရော သူက နည်းနည်းလေး ပျာသွားပြီးတော့ ဥက္ကဋ္ဌမှာလည်း ပိုက်ဆံရှိတာပဲ။
သူပေးချင်ပေးလို့ ရတယ်ပေါ့။ အဲဒီလိုတော့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဆီးဂိမ်းကို ပထမဦး
စားပေးနေတော့ သူ့ကိစ္စက ဒုတိယနေရာရှိနေတာပေါ့။ အင်ဒိုတွေထခုန်ပြီး မြန်မာတွေငိုတော့မှသိ
တယ်ပြောတယ်။ အဲဒါကရော။အင်ဒိုတွေက ထခုန်တော့ ဘာဖြစ်လို့လဲမေးတော့ သူတို့က တက်
သွားတယ်လေလို့။ မြန်မာတွေက ဟိုမှာငိုနေကြတယ်လို့ သူတို့ထွက်သွားရတယ်လေလို့။ အဲဒီတော့
မှ သူက “ Why.. why..why ” ဆိုပြီး မေးတော့ (ကိုရီးယားလူမျိုး) သူ့နည်းပြနှစ်ယောက်ကလည်း
ပြောတယ် ထွက်ရလို့ ငိုတာလို့။

သူ့လက်ထောက်နှစ်ယောက်ကရော သိလား။

နည်းပြကြီးက မေးလိုက်တဲ့ အချိန်မှာ သူတို့က မသိဘူးလို့ ဖြေတယ်။ ဒါပေမဲ့အရန်ခုံမှာ ထိုင်နေတော့
ကျွန်တော့်ကို ဂိုးနည်းပြက ဒီနေ့ပွဲရှုံးရင် နည်းပြကြီးသိလားဆိုတော့ သူသိထားလို့မေးတယ်လို့ ကျွန်
တော်က ဒီလိုယူဆတယ်။ သူသိထားလို့ ဒီမေးခွန်းကို ကျွန်တော့်ကို မေးတာပေါ့။

ပြိုင်ပွဲပြီးသွားတော့ အ၀တ်လဲခန်းထဲမှာ ဘာတွေဖြစ်ကြသေးလဲ။

ဦးတင်မြင့်အောင် ဘာလို့မပြောတာလဲဆိုတော့ ဦးတင်မြင့်အောင်က ပြောတယ်လေ။ သူ့ကိုပြတယ်
လေဆိုတော့ မပြောဘူးတဲ့။ ပြောတာက တခြားကိစ္စ၊ အ၀ါကတ်ကိစ္စဘာညာပဲ ပြောတာပေါ့။ ဒီစည်း
မျဉ်းနဲ့ ပတ်သက်ပြီး ပြောတာမဟုတ်ဘူးဆိုတော့။ ၀ုန်းဝုန်း..၀ုန်းဝုန်းနဲ့ တော်တော်လေး ရုတ်ရုတ်သဲ
သဲဖြစ်တာပေါ့။ တစ်ယောက်အော်၊ တစ်ယောက်အော်နဲ့ ပြောကြတာ။ ပြီးတော့မှ ဟိုတယ်ပြန်ရောက်
တော့မှ စားပွဲမှာပြန်ထိုင်မှ ပြောတော့မှ ဦးတင်မြင့်အောင်က ပြတယ်။ သူကလည်း ကြည့်တယ်ဆို
တော့မှ ဟုတ်တယ်။ ငါကြည့်တာက ကတ်တလောက်ကိုပဲ သူကြည့်လိုက်တာတဲ့။ အောက်အထိ သူ
မကြည့်လိုက်ဘူး။ သူက အင်္ဂလိပ်လိုနားမလည်ဘူး အဲဒီလိုကာလိုက်တယ်။

7day Daily

Monday, November 25, 2013

ပြောင်းလဲလာနိုင်တဲ့ မြန်မာ့စီးပွားရေး နဲ့ ဘဏ်စနစ် ........................

သမ္မတ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဦးဇော်ဦး
သမ္မတ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဦးဇော်ဦး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့  စီးပွားရေးနဲ့ ဘဏ်စနစ် ပတ်သက်တဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်ရဲ့  စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးဇော်ဦး နဲ့ ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်းတို့ တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီလုပ်ငန်းစဉ်မှာ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေဟာ အဓိကဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုပိုင်း အားနည်းချက်တွေ အများကြီးရှိနေသေးတယ်လို့ နိုင်ငံတော်သမ္မတရဲ့  စီးပွားရေးဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာဦးဇော်ဦး က ပြောပါတယ်။ မကြာသေးခင်ကမှ သမ္မတအကြံပေးတဦးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဦးဇော်ဦး ကို ဝါရှင်တန်ဒီစီ ဗွီအိုအေရုံးချုပ်မှာ ကျနော် တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အခုလက်ရှိကတော့ ပြုပြင်ပြောင်းလဲမှုတွေကို ဦးတည်ပြီး သွားနေတယ်။ အထူးသဖြင့် ဦးဇော်ဦးတို့ အခုနောက်ပိုင်းမှာ တာဝန်ယူရတဲ့အကြောင်းက ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ။ အဲဒီတော့ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမှာ ဘယ်လိုအပိုင်းတွေက အဓိက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသလဲဆိုတာကို အကျဉ်းချုံပြီး အရင်ပြောပြပါလား။

ဦးဇော်ဦး ။ ။ ဘဏ္ဍာရေးကဏ္ဍမှာ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ နောက်ပြီး အာရှဖွံ့ဖြိုးမှုဘဏ်တွေနဲ့အတူ ပူးပေါင်းပြီးတော့ သူတို့ရဲ့  ပူးပေါင်းကူညီမှုနဲ့ ကျနော်တို့ရဲ့  ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို စတင်ဆောင်ရွက်နေပါတယ်။ အဲဒီတော့ အရင်တုန်းကတော့ ဘာကို စတင်ဆောင်ရွက်ရသလဲဆိုတော့ ဘဏ္ဍာရေးစနစ်မှာ ဘာ အားနည်းချက်တွေ ရှိနေသလဲ။ ဘာ လစ်ဟမှုတွေ ရှိနေသလဲဆိုတဲ့ကိစ္စကို စမ်းစစ်တဲ့ကိစ္စ။ ဒါကတော့ ကမ္ဘာ့ဘဏ်ကနေ ဦးဆောင်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ADB နဲ့ အမေရိကန်အစိုးရရဲ့  Treasury Department ကပါ ဝင်ပြီးတော့ ကူပေးခဲ့တဲ့ အစီအစဉ်တခု ရှိပါတယ်။ အဲဒါ PEFA (public expenditure and financial accountability)။ ဆိုလိုတာက ကျနော်တို့ရဲ့  ပြည်သူ့ဘဏ္ဍာ ခန့်ခွဲမှုမှာ ဘယ်လောက်အထိ တာဝန်ခံမှု ရှိသလဲဆိုတဲ့ကိစ္စကို စီစစ်တဲ့ကိစ္စပါ။ ပွင့်လင်းမြင်သာမှု ရှိသလဲဆိုတဲ့ဟာ။ အဲဒါက စီစစ်မှု ပြီးသွားပါပြီ။ ဆိုတော့ အဲဒီ စီစစ်ချက်အရ ကျနော်တို့ဟာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ပိုပြီးတော့ နည်းဗျူဟာတွေကို စပြီးရေးဆွဲပြီးတော့ ဆောင်ရွက်တဲ့အပိုင်း ရှိပါတယ်။ အခုကတော့ Public Financial Management ဆိုတဲ့ PEFA အပြီးမှာ PFM နဲ့ စပြီးလုပ်နေပါတယ်။ ဒါကတော့ အဓိက ဌာနဆိုင်ရာ တော်တော်များများကို ဘဏ္ဍာစီမံခန့်ခွဲမှု အားကောင်းအောင် သင်တန်းတွေပေးတယ်။ အတွေ့အကြုံတွေ ဖလှယ်စေတယ်။ နောက်ပြီးတော့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရအောင် ဆောင်ရွက်ပေးတဲ့ အစီအစဉ်ပါ။

ဦးသန်းလွင်ထွန်း ။ ။ ဖြတ်မေးရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ နှစ်အတော်ကြာအတွင်းမှာ မြန်မာနိုင်ငံက အာဏာရှင်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာ ဌာနဆိုင်ရာတွေ၊ ဘဏ္ဍာရေးစနစ်တွေက ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့။ အလားတူပဲ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် နိုင်ငံတကာစနစ်တွေနဲ့ ကင်းကွာနေတော့ ဒီလို အခြေအနေတွေကို နိုင်ငံတကာက ပြည်တွင်းဖြစ်နေတဲ့ အခြေအနေတွေကို တိတိကျကျသိအောင် နိုင်ငံတကာကနေ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဒီအချက်ကို ပြန်ပြီးတည်ထောင်ယူရတယ့် သဘောပေါ့။

ဦးဇော်ဦး ။ ။ အဲဒီ သဘောပါပဲ။ အဲဒီတွေကို ကျနော်တို့ မလုပ်နိုင်ဘူးဆိုရင်တော့ အခုနပြောတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျနော်တို့ကို ထိထိရောက်ရောက် ကူညီနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ မတိုင်ခင်ကိုက ကျနော်တို့ လုပ်ခဲ့ရတဲ့ကိစ္စတခု ရှိပါတယ်။ ဒါက အင်မတန်မှ အရေးကြီးတဲ့ကိစ္စတခု ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ကျနော်တို့ ပြောကြဆိုကြ ဆွေးနွေးကြတဲ့ကိစ္စ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့မှာ နိုင်ငံတကာ ချေးငွေတွေ အများကြီး အကြွေးတင်နေတဲ့ ပြဿနာ။ အဲဒါက စီးပွားရေး ပြစ်ဒဏ်ခတ် သတ်မှတ်ချက် ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ အရင် အစိုးရကလည်း ဒီအကြွေးတွေကို မပေးနိုင်ပဲ ရှိခဲ့တယ်။ တချို့ ကြွေးမြီတွေကို မပေးခဲ့တာလည်း ရှိခဲ့သလို၊ တချို့ ကြွေးမြီတွေကို ပေးချင်ရဲ့ နဲ့ အမေရိကန်ဘဏ်တွေက ဖြတ်တဲ့အခါ ဖြတ်လို့မရတဲ့အတွက် မပေးခဲ့ရတဲ့ ပြဿနာတွေ ရှိခဲ့တယ်။ အဲဒီတော့ ကြွေးမြီတွေက တော်တော်တင်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ စုစုပေါင်း ဒေါ်လာသန်းပေါင်း (၈၉၀) ကျော်။

ဦးဇော်ဦး ။ ။ မကဘူး ခင်များ။ ကျနော်တို့ စုစုပေါင်းဆိုရင် ဒေါ်လာသန်းပေါင်း (၁၁) ဘီလီယန်လောက် ရှိပါတယ်။ (၁၁) ဘီလီယန်ဆိုပြီးတော့ ပြည်တွင်းမှာ ခေါင်းစဉ်တပ်ပြီး ပြောကြတယ်ဆိုတဲ့ဟာက account မဟုတ်ဘူး။ ကျနော်တို့ တင်တဲ့အကြွေး။ တင်နေတဲ့အကြွေးက (၁၁) ဘီလီယန်လောက်ရှိတယ်။ (၁၁) ဘီလီယန်လောက်က ကျနော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တခြားအပြည်ပြည်ဆိုင်ရာ ငွေကြေးဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ လုပ်တော့မယ်ဆိုရင် အကြွေးတင်နေရင် ဘာမှဆက်လုပ်လို့ မရဘူး။ အဲဒီ တင်နေတဲ့အကြွေးကို အရင်ဆုံး ပြေလည်အောင် ပြန်ဆပ်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ ရှင်းအောင် နည်းနည်းထပ်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ပြဿနာတခုအနေနဲ့၊ ပြောစရာအနေနဲ့ ပေါ်လာတာက မြန်မာနိုင်ငံအစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံခြားကို တင်နေတဲ့ ဒေါ်လာသန်းပေါင်း (၈၉၀) ကျော်ကို လျှော်ပစ်ဖို့အရေးမှာ။ ဒီကြားထဲမှာတော့ ဦးဇော်ဦးတို့ ပြင်သစ်မှာသွားပြီးတော့ ညှိနှိုင်းပြီးတော့ ဂျပန်အစိုးရက ဝင်ပြီးတော့ ကြားခံလျှော်ပေးလိုက်တာရှိတယ်လေ။ အဲဒါ လျှော်ပေးလိုက်ပြီးမှ အကြွေးသစ်တွေရတယ်။ နိုင်ငံတကာ ထောက်ခံမှု။ အဲဒီနေရာမှာ အမြင်အထင်မှားပြီးတော့ ပြောကြဆိုကြတဲ့အကြောင်းတွေရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ တင်နေတဲ့အကြွေးတွေကို လျှော်ပစ်ဖို့အရေးမှာ ပြင်ပမှာရှိတဲ့ ဘဏ့်အကောင့် (၅) ခုမှာရှိနေတဲ့ (၁၁) ဘီလီယန်ကနေ လျှော်ပေးလို့ ရမလားဆိုတဲ့အချက်။ ဒါမျိုး ဆွေးနွေးခဲ့တာ ရှိလား။

ဦးဇော်ဦး ။ ။ အဲဒီဟာမျိုး ဆွေးနွေးခဲ့တာ လုံးဝမရှိဘူး။ အဓိကတော့ ကျနော်တို့ ကြွေးမြီက (၂) ပိုင်း ရှိတယ်။ တပိုင်းက အစိုးရတွေကို တင်တဲ့အကြွေးက (၁၁) ဘီလီယန်ကျော် ရှိတယ်။ နောက် နိုင်ငံတကာအဖွဲ့အစည်းကို တင်တဲ့အကြွေးက အခုနပြောတဲ့ ကမ္ဘာ့ဘဏ်ကို တင်တဲ့အကြွေးက သန်း (၈၉၀) ရှိတယ်။ အာရှဖွံ့ဖြိုးမှုဘဏ်ကို တင်တဲ့အကြွေးက (၅၀၀) နီးပါးလောက်ရှိတယ်။ ဆိုတော့ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ဒီကြွေးမြီကို လျှော်ပစ်ဖို့ကိစ္စကို ဆွေးနွေးတဲ့အခါမှာ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့ကို အရင်သွားလုပ်လို့ မရဘူး။ ဒါပေမဲ့ နိုင်ငံတကာ တခြားအစိုးရတွေနဲ့ အရင်ဆုံး ညှိရတယ်။ ဘာကြောင့် ညှိရသလဲဆိုတော့ အစိုးရတွေက ကြွေးမြီကို လျှော်ပစ်ပေးလို့ရတယ်။ ကမ္ဘာ့ဘဏ်နဲ့ ADB က လျှော်ပစ်ပေးလို့ မရဘူး။ ပြန်ကိုဆပ်ရမယ်။ ဆိုတော့ ကျနော်တို့ ဘယ်လို လုပ်ခဲ့ရသလဲဆိုတော့ Paris Club မှာသွားပြီး ညှိခဲ့ရတဲ့ကိစ္စက အဲဒါပဲ။ အဲဒီမှာ ညှိခဲ့ရတဲ့ပုံစံမှာ အရေးကြီးတဲ့ လိုအပ်ချက်က (၃) ချက်ရှိတယ်။ နံပတ်တစ် က ကျနော်တို့မှာ တိကျမှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တခု ရှိရမယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ Paris Club နဲ့ မဆွေးနွေးခင်မှာ FESR လို့ခေါ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဘောင်ကို ပထမဦးဆုံး ချမှတ်ပြီး ဒီလို မူဘောင်နဲ့ သွားမယ်ဆိုတဲ့ဟာကို ကျနော်တို့အစိုးရက ကတိကဝတ်ပြုပြီး Donor Conference မှာ ကြေညာခဲ့ရတယ်။ အဲဒါက နံပတ်တစ်။ နံပတ်နှစ်က ကျနော်တို့မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကနေ သတ်မှတ်ထားတဲ့ တင်းကြပ်မှုတွေကို လိုက်နာနိုင်ရမယ်ဆိုတဲ့ဟာ ရှိတယ်။ အဲဒါ လိုက်နာနိုင်ရမယ်ဆိုတဲ့ဟာမှာ သူတို့ခေါ်တာက Self Monitor Program ဆိုတဲ့ဟာ။ တခြားနိုင်ငံတွေမှာဆိုရင် (၃) နှစ်လောက် လုပ်ရတယ်။ ကျနော်တို့ကတော့ (၁) နှစ်နဲ့ ပြီးသွားတယ်။ နောက်ဆုံးကတော့ ကျနော်တို့မှာ တစုံတခုသော အတိုင်းအတာအားဖြင့် ချေးငွေကို ပြန်ဆပ်မယ့် အားသာချက် အားနည်းချက်တွေကို တွက်ချက်တဲ့ဟာ ရှိတယ်။ ဒါလည်း IMF က လုပ်ရတယ်။

အဲဒီ အချက် (၃) ချက်နဲ့ ပြည့်စုံပြီဆိုမှ ပြင်သစ် Paris Club မှာ သွားပြီးတော့ ကြွေးမြီလျှော်ပစ်ရေးကို ဆွေးနွေးရတယ်။ ဆိုတော့ ကြွေးမြီလျှော်ပစ်ပြီလို့ ဆုံးဖြတ်တော့မှ ကျနော်တို့က အခုနပြောတဲ့ တခြားနိုင်ငံအသီးသီးကနေ ကျနော်တို့ကို ကြွေးမြီလျှော်ပစ်လိုက်ပြီးတော့ ကြွေးမြီအသစ်ကို စနိုင်တဲ့ နိုင်ငံတခုအနေနဲ့ သတ်မှတ်လိုက်တယ်။ အဲဒီတော့မှ ကမ္ဘာ့ဘဏ်တို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က စပြီးလုပ်နိုင်တယ်။ အဲဒီမှာ တချိန်တည်းမှာ ကမ္ဘာ့ဘဏ်က ကျနော်တို့ ပြင်သစ်မှာ sign ထိုးနေတဲ့အချိန်မှာ ကမ္ဘာ့ဘဏ်က စောင့်နေတာ။ ဒီမှာပြီးသွားပြီဆိုတာနဲ့ ဟိုဘက်မှာ ကမ္ဘာ့ဘဏ်ရှိတဲ့အကြွေးကို လျှော်ပစ်မယ်ဆိုတဲ့ဟာ ဖြစ်လာတယ်။ ကမ္ဘာ့ဘဏ်အကြွေးက ဘယ်လိုလျှော်ရသလဲဆိုတော့ ဂျပန်ဆီကနေ အကြွေးကို အကြွေးသစ်ကို ယူလိုက်တယ်။ ကမ္ဘာ့ဘဏ်ကို ပေးလိုက်တယ်။ ဂျပန်နိုင်ငံကရတဲ့ အကြွေးဟာ ကမ္ဘာ့ဘဏ်ကို လျှော်ပစ်ရမယ့် အတိုးထက်တောင် ပိုပြီးနည်းတဲ့ အတိုးနှုန်းနည်းတဲ့ အကြွေးဖြစ်တယ်ဆိုတော့ ဒါက ဘာမှပြဿနာမရှိဘူး။ အဲဒါနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားအစိုးရအသီးသီးနဲ့ ပြန်ပြီးတော့ လက်တွေ့လုပ်ငန်းတွေကို စနိုင်တဲ့အနေအထား ရောက်သွားတယ်။ အဲဒီကိစ္စတွေကို အခုနပြောတဲ့ ပြည်တွင်းမှာဖြစ်နေတဲ့ ကောလဟာလတွေနဲ့ တခါမှ ဆွေးနွေးခဲ့ရတဲ့ အတွေ့အကြုံမရှိဘူး။ ကျနော်ကိုယ်တိုင် Paris Club မှာသွားပြီးတော့ ဝင်ပြီးတော့ ဆွေးနွေးပေးခဲ့ရတာ ရှိပါတယ်။ အဲဒီအနေအထားမှာ ဒီကိစ္စဟာ မတက်လာခဲ့ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအကြောင်းကို အသာထားပြီးတော့ အစောကပြောတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကို အသေအချာ ကတိပြုနိုင်အောင်အတွက် မြန်မာနိုင်ငံကနေ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေခံတွေကို တင်ပြရတယ်ဆိုတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေခံတွေကို ပြောသာပြောနေတယ် အဓိကအားဖြင့် သာမန်လူ နားလည်းအောင်ဆိုရင် ဘာတွေလဲဆိုတာကို တချက်လေး ပြောပြပါလား။

ဦးဇော်ဦး ။ ။ အဓိကတော့ ဈေးနှုန်းတွေ။ ဈေးနှုန်းတွေကို တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲဆိုတာက အရေးကြီးဆုံး။ အဲဒီမှာ ကုန်ဈေးနှုန်းတွေရှိတယ်။ ဥပမာအားဖြင့် ငွေကြေးဈေးကွက်ကို ကြည့်မယ်ဆိုရင် အတိုးနှုန်းဆိုတာကလည်း ဈေးနှုန်းတမျိုး။ ဘဏ်တွေကလုပ်တဲ့ အတိုးနှုန်းတွေ။ နောက်ပြီးတော့ ငွေလဲနှုန်းဆိုတာလည်း ပြင်ပနဲ့ ကုန်သွယ်ရေးမှာ လုပ်တဲ့ဟာတွေ။ ငွေလွှဲနှုန်းတွေ။ ဒီဟာတွေ အားလုံးကို တည်ငြိမ်အောင် လုပ်ရတယ်။ အဲဒီနေရာမှာမှ ဒါကို ဝိုင်းပြီးတော့ အကြိတ်အနယ် ဆွေးနွေးကြတဲ့ကိစ္စက ငွေလွှဲနှုန်းက မြင့်နေတယ်၊ နှိမ့်နေတယ်တို့။ ကျနော်တို့ စီးပွားရေးရှုထောင့်က၊ ပေါ်လစီရှုထောင့်က ကြည့်မယ်ဆိုရင် ငွေလွှဲနှုန်းက တည်ငြိမ်နေဖို့လိုတယ်။ တည်ငြိမ်နေမှပဲ အပြင်ကလုပ်တဲ့ ကုန်သွယ်ရေးတွေကလည်း (၃) လလောက် ကြိုပြီးတော့ ကျနော်တို့နဲ့ ချိတ်ဆက်တာတွေရှိတယ်။ ပြီးတော့ အဲဒီ (၃) လအတွင်းမှာလဲ ငွေလွှဲနှုန်းက တည်ငြိမ်နေမှ သူ့ရဲ့  တွက်ချက်မှုတွေအားလုံးက မှန်မယ်။ အဲဒီတော့ ကျနော်တို့ဆီက ပိုကုန်လုပ်တဲ့လူတွေကလည်း ဒီအတိုင်းပဲ ပိုကုန်လုပ်တဲ့လူတွေ နောက်မှာဆိုရင် ထုတ်လုပ်တဲ့လူတွေ၊ လယ်သမားတွေ၊ တောင်သူတွေ ရှိကြတယ်။ ဒါတွေအားလုံးရဲ့  တွက်ချက်မှုမှာ သူတို့က ကြိုးစားပမ်းစားနဲ့ လုပ်ချင်တယ်။ သူတို့ အကျိုးအမြတ်တွေအားလုံးကို တွက်ထားတယ်။ အဲဒီအချိန်မှာ ငွေလွှဲနှုန်းက မတည်မငြိမ်တွေ ဖြစ်တယ်ဆိုရင် သူတို့တွက်ချက်မှုတွေအားလုံး မှားပြီးတော့ သူတို့လုပ်ငန်းတွေအားလုံး ပျက်ဖို့ရှိတယ်။ အဲဒီတော့ နိုင်ငံအစိုးရတခုရဲ့  အဓိကတာဝန်က အခုနပြောတဲ့ ဈေးနှုန်းတွေအားလုံးကို တည်ငြိမ်အောင်လုပ်တာ။ ကျနော်တို့ ပညာရှင်စကားနဲ့ ကျယ်ကျယ်ပြောမယ်ဆိုရင်တော့ microeconomic stability - microeconomic စီးပွားရေးပတ်ဝန်းကျင် တည်ငြိမ်မှုရှိအောင်လုပ်ရေး။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် အစိုးရလို့ ပြောရမှာထက် ဗဟိုဘဏ်လို့ ပြောလို့မရဘူးလား။ ဒီ နိုင်ငံမှာဆိုရင်တော့ အဓိကအားဖြင့်တော့ ဒီလို ဈေးနှုန်းတွေ၊ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းကိစ္စတွေက အစိုးရက လုပ်တာထက် ဗဟိုဘဏ်က လုပ်တာ။ ဆိုတော့ မြန်မာနိုင်ငံရဲ့  ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့လပိုင်းမှာတော့ ဗဟိုဘဏ်ဟာ အစိုးရနဲ့ သီးခြားလွတ်လပ်မှု ဖြစ်ရမယ်ဆိုပြီး ဥပဒေပြဌာန်းချက်နဲ့ ဖြစ်လာတယ်။ မကြာသေးခင်ကပဲ ထူးထူးဆန်းဆန်း ဒုတိယဥက္ကဋ္ဌ နုတ်ထွက်ခွင့်ပေးလိုက်တယ် ကြားတယ်ဆိုတော့ ဗဟိုဘဏ်ရဲ့  အခြေအနေက ဘယ်လိုရှိသလဲ။

ဦးဇော်ဦး ။ ။ ဗဟိုဘဏ်ရဲ့  ဥပဒေက အင်မတန်မှ တော်တော်ကို အားကောင်းပြီးတော့ ဗဟိုဘဏ်ကို သီးခြားရပ်တည်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ပေးထားတယ်။ အထူးသဖြင့် ဒီဘက်က အစိုးရတာဝန်ရှိတဲ့အပိုင်းက ဒါကို လမ်းဖွင့်ပေးသလို။ ပါလီမန်ကလည်း ဒီကိစ္စကို ပြည်သူ့လွှတ်တော်ကလည်း ဒါကို သေသေချာချာနဲ့ ဗဟိုဘဏ်ကို သီးသန့်ရပ်တည်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်နိုင်အောင် ဥပဒေကြောင်းလမ်းအရ အခိုင်အမာ ပြဌာန်းပေးထားတယ်။ အခု ဗဟိုဘဏ်ထဲမှာ တာဝန်ယူဆောင်ရွက်တဲ့လူတွေကလည်း တကယ့် ကျနော်တို့ဆီမှာတော့ စီးပွားရေး ပညာရပ်ပိုင်းဆိုင်ရာမှာ ထိပ်တန်းတာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆိုတော့ ဗဟိုဘဏ်က ရှေ့ မှာ ဈေးနှုန်းတွေ တည်ငြိမ်တဲ့ကိစ္စကို ဦးစားပေးပြီး လုပ်သွားမယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ ဒီကြားထဲမှာတော့ ဆက်ကူးမက်ကူး ကာလမှာတော့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့  အခန်းကဏ္ဍကလည်း အရေးကြီးသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သည် တချို့ သော ပေါ်လစီတွေ၊ တချို့ သော အမိန့်အာဏာတွေကို ချမှတ်နိုင်သေးတဲ့ အခွင့်အလမ်း ရှိနေတဲ့အခါကြတော့ ဒီ ပေါ်လစီတွေမှာလဲ မှန်ကန်ဖို့ အရေးကြီးတယ်။ ဒီကြားထဲမှာ သူတို့ရဲ့  ပေါ်လစီတွေ မှန်ကန်တော့မှ အခုနပြောတဲ့ ဈေးနှုန်းတည်ငြိမ်မှုက ရပြီးတော့ ဈေးကွက်ထဲမှာ အားလုံးရှင်သန်လှုပ်ရှားနိုင်မယ့် အခွင့်အလမ်းတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ သမ္မတရဲ့  စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဦးဇော်ဦး နဲ့ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။http://burmese.voanews.com/content/burma-democracy-forum-myanmar-econmy-and-banking-system/1792011.html

Friday, July 19, 2013

"ဥသြဆွဲတာဟာအနှောက်အယှက်ဖြစ်မယ် မထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို"


=========================

အာဇာနည်နေ့မှာ ဥသြဆွဲရင် အဆင်မပြေမှုတွေ ပေါ်ပေါက်နိုင်တဲ့အတွက် အဲဒီလိုပြုလုပ်ဖို့ အစီအစဉ်မရှိဖူးလို့ ပြန်ကြားရေး ဒု ဝန်ကြီးက လွှတ်တော်မှာပြောကြားခဲ့တာနဲ့ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဥသြဆွဲချိန်မှာ ကားသွားကားလာတွေ ရုတ်တရက်ရပ်ဆိုင်းလိုက်ရင် အနှောက်အယှက်ဖြစ်နိုင်တာမှန်ပေမယ့် ပြည်သူလူထုက ခေတ္တရပ်တန့်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရကြောင်းပြသတာကတော့ အနှောက်အယှက်ဖြစ်နိုင်တယ်လို့ မထင်ကြောင်း၊ ဗြိတိန်နိုင်ငံမှာဆိုရင်လည်း ကမ္ဘာစစ်မှာကျဆုံးခဲ့သူတွေကို အောက်မေ့ခြင်းနေ့မှာ အချက်ပေးပြီး အလေးပြုကြတဲ့ အစဉ်အလာရှိကြောင်း RFA ကို ပြောဆိုလိုက်ပါတယ်။

"သူတို့လည်း အချက်ပြတယ်။အဲလိုအချက်ပြရင် လမ်းသွားလူတွေက ငြိမ်ငြိမ်သက်သက်လေးနဲ့ သတိရခြင်း အထိမ်းအမှတ် လုပ်ကြတာပဲ၊ဘာမှတော့ အနှောင့်အယှက် ဖြစ်တယ် မထင်ဘူး"

RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်နဲ့ပတ်သက်ပြီး မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်မှု မခံခဲ့ရဖူးဆိုရင် မြန်မာပြည်ရဲ့အခြေအနေဟာ ခုလိုဆိုးဝါးနေမှာ မဟုတ်ဖူးဆိုတဲ့အမြင်ကို သူ သဘောတူလက်ခံကြောင်းလည်း ပြောပါတယ်။

"သဘောတူတယ်ဆိုတာက လွတ်လပ်ရေးရကာစ နိုင်ငံတစ်နိုင်ငံမှာ ရှေ့တန်းက ခေါင်းဆောင်တွေ ကျသွားတယ်ဆိုတာ နိုင်ငံရဲ့ ကံကြမ္မာကို ထိခိုက်မှုတော့ ရှိမှာပါ၊အိန္ဒိယနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် အိန္ဒိယနိုင်ငံမှာ ခေါင်းဆောင်ကြီးတွေဟာ လွတ်လပ်ရေးနောက်ပိုင်းမှာ ခေါင်းဆောင်မှု ပေးနိုင်တယ်ဆိုတော့ အိန္ဒိယနိုင်ငံဟာ တော်တော် အခြေအမြစ် ခိုင်သွားတယ်"

ဒါ့အပြင် မြို့တော်ခန်းမရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး မိမိ အပါအဝင်ပြည်သူတရပ်လုံးအနေနဲ့ ပြုပြင်သင့်တာတွေကို ပြုပြင်ကြဖို့ ပြောကြားခဲ့တာဖြစ်တဲ့အတွက် နှစ်သက်သဘောကျမိတယ်လို့ လည်းပြောဆိုပါတယ်။

RFA Burmese
SeñorAye Thein

Saturday, June 22, 2013

ဆရာတော် ဦးဝီရသူအနေနဲ့ အကြမ်းဖက်ဝါဒကို ဘယ်တော့မှ လက်မခံသလို အစွန်းရောက်ဝါဒကိုလည်း ဆန့်ကျင်တဲ့အကြောင်း ဆရာတော်က မိန့်ပါတယ်။

တိုင်းမ်းမဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး ရေးသားချက် ဆရာတော် ဦးဝီရသူ လက်မခံ
==========================================
21/6/2013

ဗုဒ္ဓဘာသာနဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး လှုပ်ရှားမှုတွေကြောင့် ထင်ရှားလာသူ မန္တလေး မစိုးရိမ်တိုက်သစ်ကျောင်းတိုက်က ဆရာတော် အရှင်ဝီရသူကို ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးက ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ပြယုဒ်အဖြစ် ဇူလိုင်လဆန်းထုတ် မဂ္ဂဇင်းမျက်နှာဖုံးမှာ ဖော်ပြလိုက်ပါတယ်။

ဒီဖော်ပြချက်တာဟာ မိမိကို ချိုးနှိမ်ရေးသားလိုက်တာဖြစ်ကြောင်း အရှင်ဝီရသူက RFA ကို မိန့်ကြားပါတယ်။

"ခြင်္သေ့ကို မြေခွေးနဲ့ အနှိုင်းခံရသလို၊ ဘုရားလောင်းကို ဒေဝဒတ်လောင်းနဲ့ အနှိုင်းခံရသလို ခံစားရတာပေါ့၊ ဦးဇင်းတို့ဟာ ကလောင်ကိုင်တဲ့လက်တွေ၊ သူတပါးအကြမ်းဖက်တာကို မပြောနဲ့၊ ကိုယ်ကိုတိုင်က အကြမ်းဖက်ခံရတဲ့လူတောင်မှ၊ အကြမ်းဖက်ပြီး တုန့်ပြန်တာကို မလိုလားတဲ့လူလေ၊ သူလာပြီးတော့မေးတုန်းက ဒီစကားတွေမပါဘူး၊ ဦးဇင်းဖြေတဲ့အထဲမှာလည်း ဒီစကားတွေမပါဘူး၊ ဒါပေမယ့် သူ့ဘာသာသူ ရေးချင်တာ ရေးချသွားတာကိုး၊ အဲဒါကြောင့်မို့ ဒီမီဒီယာတွေကို မွတ်စလင်တွေက ချုပ်ကိုင်ထားတယ်ဆိုတာ ဒီတိုင်းမ်မဂ္ဂဇင်းမှာ ထင်ရှားသွားတာပေါ့နော်"

အမေရိကန်ပြည်ထောင်စုမှာ မနေ့ကထုတ်ဝေတဲ့ Time မဂ္ဂဇင်းမှာ ဆရာတော် ဦးဝီရသူကို မွတ်စလင် ဆန့်ကျင်ရေးလှုပ်ရှားသူ ဗုဒ္ဓဘာသာအကြမ်းဖက်ဝါဒီအဖြစ် ဖော်ပြထားပါတယ်။ သူ့အနေနဲ့ အကြမ်းဖက်ဝါဒကို ဘယ်တော့မှ လက်မခံသလို အစွန်းရောက်ဝါဒကိုလည်း ဆန့်ကျင်တဲ့အကြောင်း ဆရာတော်က မိန့်ပါတယ်။

Source: RFA Burmese

Thursday, May 23, 2013

"အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူး" - ဘလော်ဂါသစ်ထူးလွင်

Thursday, May 23, 2013
အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် ဒေါ့ကွန် ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊

ကုန်သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိသတ်က အလွှာအသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူးလွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။
ဧရာဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။သစ်ထူးလွင် - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ www.thithtoolwin.com ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။

သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
 
ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။
ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။
သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။

သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ

  • ၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
  • ၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
  • ၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
  • ၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
  • ၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန

ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ https://www.facebook.com/pages/Myanmar-News-Now/164568630295390?ref=hl စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး  https://www.facebook.com/thithtoolwin အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။
ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။ သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည်ဖို့ ဆုံးဖြတ်ထားသူပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေဖန်မှုတွေ ရှိနေပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။ 

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 


<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

နန်းခင်ဇေယျာ အင်တာဗျူး၊ မှာပြောတဲ့ အသုံးချ ခံဖို့ ချဉ်းကပ်မှု

အသုံးချ ခံဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့ ဟု ဖြေဆိုခဲ့တာကို တွေ့လိုက်ရပါတယ်။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာ ပေါ့လို့ သူမဖြေဆိုခဲ့တာလည်း တွေ့ရပါတယ်။
(နန်းခင်ဇေယျာ)


သူပြောလိုက်တဲ့ စကား ၁ ခွန်းက ၉၆၉ ကိုရည်ရွယ်တာလား ၊ 
၈၈ ခေါင်းချောင်ကြီးများကို ရည်ရွယ်လေသလား ... ?


ဘယ်လိုပဲ ဖြစ်ဖြစ် ညီမရေ .... ။
မင်းကို အသုံးချတယ်လို့ ပြောတယ် ၊ ဒီလိုမင်းထင်ခဲ့တယ်ဆိုရင် .... 

အွန်လိုင်း သုံးနေတဲ့ ပြည်သူ ၁ ယောက်အနေနဲ့ အစ်ကိုပြောပါရစေ .... ။
နန်းခင်ဇေယျာ လို့ နာမည် ၁ လုံးဖြစ်လာဖို့ .. 
မင်း အသုံးချခြင်းကို ခံခဲ့ရတဲ့သူတွေဘက် ပြန်ပြီးလှည့်စဉ်းစားပေးပါလား .... ။


Miss International ပြိုင်ပွဲကြီးမှာ .... 
မင်းရခဲ့တဲ့ ဆုကရော .. ?????


စဉ်းစားပါ ညီမရေ .. 
ပြောမည့် စကား 
မပြောမှီ စဉ်းစား 
ပြောရင်း စဉ်းစား 
ပြောပြီး ပြန် စဉ်းစားတက်ပါစေ .... ။



မင်း ပြောတဲ့ စကားအရဆိုရင် .. 
မင်း ခုလုပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေမှာ ဖြူစင်တဲ့ စိတ်ထားရော ရှိပါ့မလားလို့ ပြန်တွေးမိတဲ့ သူတွေ အများကြီးနော် ..... ။
မင်း နာမည် ကြီးဖို့ အတွက် ၊ လောက ၁ ခုမှာ ရပ်တည်ဖို့ အတွက် ၊ ဒီ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ယူဆ ကုန်မဲ့ ပြည်သူတွေ ရှိနေမယ်ဆိုတာ မမေ့ပါနဲ့ ဦး ... ။


အချိန်များစွာ ယူပြီး တည်ထောင်ခဲ့တဲ့ အောင်မြင်ကျော်ကြားမူ့ဟာ 
စက္ကန့်ပိုင်း အတွင်း ပြန်လည် ပျက်စီးစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့ ညီမရေ ..... ။





ME
 — with Thway Thit Sar and 14 others.
နန်းခင်ရဲ့ ပရိသတ်အားလုးံအား အသိပေး အပ်ပါတယ်...
ယခု အင်တာနက် Facebook စာမျက်နှာတွင် ပျံ့နှံ့သွားသော interview တစ်ခုနှင့်ပက်သက်ပြီး နန်းခင် ရဲ့ စကားလုံးများ အတိအကျဖော်ပြခံရ ခြင်းမရှိကြောင်းနှင့် နန်းခင်ပေါ့လျော့မှုကြောင့် ပုံနှိပ်ထုတ်ဝေခံခြင်းဖြစ်ကြောင်း ဝမ်းနည်း စွာ တောင်းပန်အပ် ပါသည်.. 
နောက်နောင် ထိုကဲ့သို့ ပေါ့လျော့မှုကြောင့် နန်းခင် ကို ချစ်သော ပရိတ်ကြီး စိတ် အနှောက် အယှက်မ ဖြစ်စေရန် အထူးကြိုးစားသွားပါမည်...

Give Guidance
နန်းခင်ဇေယျာ အင်တာဗျူး၊ နန်းခင်ဇေယျာ၏ ရှင်းလင်းချက်နှင့် ဂျာနယ်၏ တုန့်ပြန်မှု

ဂျာနယ် အင်တာဗျူးတစ်ခုက အပြောအဆို တစ်ခုကြောင့် ၉၆၉ အပေါ် အမြင်တစ်မျိုး ဖြစ်လာပါ တယ်။ အဆို ပါ အပြောအဆို အတွက် နန်းခင်ဇေယျာမှ ဂျာနယ်ကို လွှဲချခဲ့ပြီး ဂျာနယ်ကလည်း သူတို့ရဲ့ မှန်ကန် မှုကို သက်သေပြဖို့ အဆင်သင့်ပါပဲတဲ့

$$$ သေချာတာကတော့ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခုတော့ ၉၆၉ ပေါ့ ဆိုတဲ့ စကားကို သူမ ပြောကို ပြောခဲ့ပါတယ်။ ####
 
အသုံးချ ခံဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့ ဟု ဖြေဆိုခဲ့တာကို တွေ့လိုက်ရပါတယ်။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာ ပေါ့လို့ သူမဖြေဆိုခဲ့တာလည်း တွေ့ရပါတယ်။
(နန်းခင်ဇေယျာ)


သူပြောလိုက်တဲ့ စကား ၁ ခွန်းက ၉၆၉ ကိုရည်ရွယ်တာလား ၊ 
၈၈ ခေါင်းချောင်ကြီးများကို ရည်ရွယ်လေသလား ... ?


ဘယ်လိုပဲ ဖြစ်ဖြစ် ညီမရေ .... ။
မင်းကို အသုံးချတယ်လို့ ပြောတယ် ၊ ဒီလိုမင်းထင်ခဲ့တယ်ဆိုရင် .... 

အွန်လိုင်း သုံးနေတဲ့ ပြည်သူ ၁ ယောက်အနေနဲ့ အစ်ကိုပြောပါရစေ .... ။
နန်းခင်ဇေယျာ လို့ နာမည် ၁ လုံးဖြစ်လာဖို့ .. 
မင်း အသုံးချခြင်းကို ခံခဲ့ရတဲ့သူတွေဘက် ပြန်ပြီးလှည့်စဉ်းစားပေးပါလား .... ။


Miss International ပြိုင်ပွဲကြီးမှာ .... 
မင်းရခဲ့တဲ့ ဆုကရော .. ?????


စဉ်းစားပါ ညီမရေ .. 
ပြောမည့် စကား 
မပြောမှီ စဉ်းစား 
ပြောရင်း စဉ်းစား 
ပြောပြီး ပြန် စဉ်းစားတက်ပါစေ .... ။



မင်း ပြောတဲ့ စကားအရဆိုရင် .. 
မင်း ခုလုပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေမှာ ဖြူစင်တဲ့ စိတ်ထားရော ရှိပါ့မလားလို့ ပြန်တွေးမိတဲ့ သူတွေ အများကြီးနော် ..... ။
မင်း နာမည် ကြီးဖို့ အတွက် ၊ လောက ၁ ခုမှာ ရပ်တည်ဖို့ အတွက် ၊ ဒီ ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ယူဆ ကုန်မဲ့ ပြည်သူတွေ ရှိနေမယ်ဆိုတာ မမေ့ပါနဲ့ ဦး ... ။


အချိန်များစွာ ယူပြီး တည်ထောင်ခဲ့တဲ့ အောင်မြင်ကျော်ကြားမူ့ဟာ 
စက္ကန့်ပိုင်း အတွင်း ပြန်လည် ပျက်စီးစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့ ညီမရေ ..... ။





ME

Monday, May 6, 2013

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြား

Zawminmaung Zawminmaung and Kaung Myat shared Thit Htoo Lwin blog's photo.
ပြည်တွင်း၌ အကြမ်းဖက် ဖေါက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန် ညွှန်ကြားထား၊ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် မြို့များ၌ စီမံချက်ဖြင့် စုံစမ်း စစ်ဆေးလျက်ရှိ

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပနိုင်ငံ အချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ပြီး ဖောက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ထွန်းနိုင်က "မြန်မာနိုင်ငံကို ဂျီဟတ်ဆင်နွဲမယ်ဆိုပြီးတော့ ပြောကြားm လိုက်တဲ့အတွက် ကျွန်တော်တို့ တိုင်းအတွင်းမှာ ယခင်ကထက် လုံခြုံရေးကို ပိုမိုဆောင်ရွက်နေပါတယ်။

 မြို့အ၀င် အထွက်တွေမှာလဲ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ မြို့တွင်းမှာလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ တိုင်းတစ်ခုလုံး အနေနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲအင်အားက တစ်ရက်ကို ပျှမ်းမျှဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။

 ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ပေါက်ကွဲမှုတွေ အကယ်၍ ဖြစ်ပွား လာပြီဆိုရင် ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး ရောက်ရှိဖို့ အမြန်ဆုံး စစ်ဆေးဖမ်းဆီး အရေးယူဖို့အတွက် အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်။ 

ဗုံးနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း လုံခြုံရေးသတိ အမြဲတမ်းရှိစေဖို့အတွက် ပညာရေး ဟောပြောပွဲတွေမှာ ထည့်သွင်းပြောကြားနေပါတယ်" ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာဘာရှာ၏ တိုက်တွန်းခဲ့မှုကြောင့် အစ္စလာမ်ဘာသာဝင်များ အများစု နေထိုင်သည့် မြို့များတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများ၏ အစီအမံဖြင့် စီမံချက် ချမှတ်ကာ စုံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး လှမိုးက ပြောပြခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က "ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက အဖြူရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့အတွက် အကြမ်းဖက်မှုတွေ လုံးဝမဖြစ်ပွားအောင်လို့တော့ အစစအရာရာ ကြိုပြီးတော့ စီမံထားတယ်။ 

သက်ဆိုင်ရာ မြို့နယ်အလိုက် အမာခံ သတင်းပေးတွေနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ နေ့စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်တွေပူးပေါင်းပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံးမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီးတော့ လုံခြုံရေး ဆောင်ရွက်နေတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က "ပြည်တွင်းကို အကြမ်းဖက်သမားတွေက ၀င်ရောက်ပြီးတော့ ဖောက် ခွဲဖျက်စီးမှု ပြုလုပ်မယ်လို့ သတင်းရရှိထားပါတယ်။ 

ဒါကြောင့် လုံခြုံရေးကို အရင်ကထက် ကြပ်မတ်ဆောင်ရွက် ဖို့ ညွှန်ကြားထားပါတယ်။ သူတို့တွေက အခွင့်အရေးရတဲ့ အချိန်ကို စောင့်ပြီးတော့ ဖျက်စီးမှုတွေ ပြုလုပ်နိုင်တဲ့အတွက် အမြဲတမ်း သတိရှိနေဖို့ လိုအပ်ပါတယ်။ 

အခု နယ်စပ်ဂိတ်ပေါက်တွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှုးကြီးမြ၀င်း က "အခုလို ပြောဆိုနေတာတွေကို သတင်းရရှိပြီး ဖြစ်တဲ့အတွက် မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေးမှု ပြုလုပ်နေတယ်။ အဓိကတော့ လူစိမ်းတွေ ၀င်တာနဲ့ သတင်းရရှိအောင် ဆောင်ရွက်ထားတယ်။ 

ဟိုတယ်တွေ၊ တည်းခိုးခန်းတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သတင်းကို အမြန်ဆုံး ရရှိဖို့အတွက် ဖြန့်ကြက်ထားပြီး ဖြစ်ပါတယ်။

 သတင်းတွေကို လက်ဦးရရှိဖို့အတွက် အလွှာအသီးသီးကိုလည်း လုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် လာသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာများကိုလည်း စနစ်တကျ စစ်ဆေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဌာန အနေနဲ့ နိုင်ငံခြားသားတွေ ရဲ့ဗီဇာတွေကို နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ 

Black List စာရင်းဝင်တဲ့ သူတွေကိုတော့ အဓိကထားပြီး စောင့်ကြည့် စစ်ဆေးနေပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရုံးအဖွဲ့မှူးဖြစ်သူ ဦးသန်းနိုင်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ကြီး ခုနစ်ဖွဲ့ရှိပြီး ယင်းတို့မှာ မှုးခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာ ရဲတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့ဖြစ်ကြောင်း သိရှိရသည်။

News From Eleven Media Group
ပြည်တွင်း၌ အကြမ်းဖက် ဖေါက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန် ညွှန်ကြားထား၊ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့် မြို့များ၌ စီမံချက်ဖြင့် စုံစမ်း စစ်ဆေးလျက်ရှိ

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပနိုင်ငံ အချို့မှ အကြမ်းဖက်သမားများ ၀င်ရောက်ပြီး ဖောက်ခွဲဖျက်စီးမှုများ ပြုလုပ်ရန် သတင်းများ ရရှိထားသဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအား လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ထွန်းနိုင်က "မြန်မာနိုင်ငံကို ဂျီဟတ်ဆင်နွဲမယ်ဆိုပြီးတော့ ပြောကြားm လိုက်တဲ့အတွက် ကျွန်တော်တို့ တိုင်းအတွင်းမှာ ယခင်ကထက် လုံခြုံရေးကို ပိုမိုဆောင်ရွက်နေပါတယ်။

မြို့အ၀င် အထွက်တွေမှာလဲ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ မြို့တွင်းမှာလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ တိုင်းတစ်ခုလုံး အနေနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲအင်အားက တစ်ရက်ကို ပျှမ်းမျှဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။

ဆူပူမှုတွေ အကြမ်းဖက်မှုတွေ ပေါက်ကွဲမှုတွေ အကယ်၍ ဖြစ်ပွား လာပြီဆိုရင် ဖြစ်ပွားတဲ့နေရာကို အမြန်ဆုံး ရောက်ရှိဖို့ အမြန်ဆုံး စစ်ဆေးဖမ်းဆီး အရေးယူဖို့အတွက် အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်။

ဗုံးနဲ့ပတ်သက်ပြီးတော့ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကိုလည်း ဖြည့်ဆည်းပြီးသား ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း လုံခြုံရေးသတိ အမြဲတမ်းရှိစေဖို့အတွက် ပညာရေး ဟောပြောပွဲတွေမှာ ထည့်သွင်းပြောကြားနေပါတယ်" ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် ဘာလီဗုံးဖောက်ခွဲမှု အကြမ်းဖက်ခေါင်းဆောင် အဘူဘာကာဘာရှာ၏ တိုက်တွန်းခဲ့မှုကြောင့် အစ္စလာမ်ဘာသာဝင်များ အများစု နေထိုင်သည့် မြို့များတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများ၏ အစီအမံဖြင့် စီမံချက် ချမှတ်ကာ စုံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး လှမိုးက ပြောပြခဲ့သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က "ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက အဖြူရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့အတွက် အကြမ်းဖက်မှုတွေ လုံးဝမဖြစ်ပွားအောင်လို့တော့ အစစအရာရာ ကြိုပြီးတော့ စီမံထားတယ်။

သက်ဆိုင်ရာ မြို့နယ်အလိုက် အမာခံ သတင်းပေးတွေနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ နေ့စဉ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်တွေပူးပေါင်းပြီးတော့ တိုင်းဒေသကြီး တစ်ခုလုံးမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီးတော့ လုံခြုံရေး ဆောင်ရွက်နေတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က "ပြည်တွင်းကို အကြမ်းဖက်သမားတွေက ၀င်ရောက်ပြီးတော့ ဖောက် ခွဲဖျက်စီးမှု ပြုလုပ်မယ်လို့ သတင်းရရှိထားပါတယ်။

ဒါကြောင့် လုံခြုံရေးကို အရင်ကထက် ကြပ်မတ်ဆောင်ရွက် ဖို့ ညွှန်ကြားထားပါတယ်။ သူတို့တွေက အခွင့်အရေးရတဲ့ အချိန်ကို စောင့်ပြီးတော့ ဖျက်စီးမှုတွေ ပြုလုပ်နိုင်တဲ့အတွက် အမြဲတမ်း သတိရှိနေဖို့ လိုအပ်ပါတယ်။

အခု နယ်စပ်ဂိတ်ပေါက်တွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ရဲမှုးကြီးမြ၀င်း က "အခုလို ပြောဆိုနေတာတွေကို သတင်းရရှိပြီး ဖြစ်တဲ့အတွက် မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေးမှု ပြုလုပ်နေတယ်။ အဓိကတော့ လူစိမ်းတွေ ၀င်တာနဲ့ သတင်းရရှိအောင် ဆောင်ရွက်ထားတယ်။

ဟိုတယ်တွေ၊ တည်းခိုးခန်းတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သတင်းကို အမြန်ဆုံး ရရှိဖို့အတွက် ဖြန့်ကြက်ထားပြီး ဖြစ်ပါတယ်။

သတင်းတွေကို လက်ဦးရရှိဖို့အတွက် အလွှာအသီးသီးကိုလည်း လုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် လာသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာများကိုလည်း စနစ်တကျ စစ်ဆေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဌာန အနေနဲ့ နိုင်ငံခြားသားတွေ ရဲ့ဗီဇာတွေကို နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ စနစ်တကျ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။

Black List စာရင်းဝင်တဲ့ သူတွေကိုတော့ အဓိကထားပြီး စောင့်ကြည့် စစ်ဆေးနေပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ရုံးအဖွဲ့မှူးဖြစ်သူ ဦးသန်းနိုင်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ကြီး ခုနစ်ဖွဲ့ရှိပြီး ယင်းတို့မှာ မှုးခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာ ရဲတပ်ဖွဲ့၊ ရထား ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့ဖြစ်ကြောင်း သိရှိရသည်။

News From Eleven Media Group

Thursday, April 25, 2013

ဝင်းကမ္ဘာကျော် မှ အဒ်မင်တစ်ဦး ဖြစ်သူ IT Helper နှင့် အင်တာဗျူး

 
 
သစ်ဆန်းခန့် အနေဖြင့် နည်းပညာလောကမှာ လက်ရှိ IT ပိုင်းနှင့် ပတ်သက်၍ နည်းပညာများကို စေတနာဖြင့် ဖြန့်ဝေပေးနေသူ ၀င်းကမ္ဘာကျော် မှ အဒ်မင် ဘလော့ဂ်ဂါ တစ်ဦးဖြစ်သူ
IT Helper ဖြင့် အင်တာဗျူးခဲ့တာကို
 သစ်ဆန်းခန့် စာဖတ်သူများ သိရှိနိုင်စေရန် တင်ပေးလိုက်ပါတယ် ခင်ဗျာ...
 
သစ်ဆန်းခန့် - အကို IT Helper ရေ မင်္ဂလာပါ ခင်ဗျာ...
IT Helper: ဟုတ်ကဲ့ မင်္ဂလာပါခင်မျာ..
 
သစ်ဆန်းခန့် : ဟုတ်ကဲ့ ကျွန်တော်ကတော့ သစ်ဆန်းခန့် ပါ IT Helper နဲ့ ပတ်သက်ပြီး အင်တာဗျူးလေး လုပ်ချင်လို့ပါ ခင်ဗျာ။
 
IT Helper: ဟုတ်ကဲ့..ကျနော်ကတော့ IT Helper ပါခင်မျာ...အခုလို အင်တာဗျူးပေးတဲ့အတွက် ကျေးဇူုးအထူးတင်ရှိပါတယ်ခင်မျာ
 
သစ်ဆန်းခန့်: ပထမ ဆုံး အကို့ ရဲ့ နာမည်အရင်းရယ် အကို့ ရဲ့ မွေးနေ့ နဲ့ အကို့ရဲ့ မိသားစု အကြောင်းလေး မိတ်ဆက်ပေးပါအုံး ခင်ဗျ...
 
IT Helper: ဟုတ်~~ ကျနော့်နာမည် အရင်းက တိုးတက်အောင် လို့ခေါ်ပါတယ်... အသက်ကတော့ 20 နှစ် 10.4.1993 မှာမွေးပါတယ်..ကျနော့်မှာ မိသားစု လေးယောက်ရှိပါတယ်..အဖေအမေ ကျနော်နဲ့ ညီမလေးတစ်ယောက်ပါ ..နေပြည်တော် ။ ရေဆင်း မယ်နေပါတယ်အစ်ကို..
 
သစ်ဆန်းခန့်: ဟုတ်ကဲ့ အကို ဒီ နည်းပညာလောက နဲ့ စတင် ထိတွေ့ခဲ့တဲ့ အချိန်နဲ့ ဘယ်လိုကြောင့် ၀ါသနာပါခဲ့တာလဲ ခင်ဗျာ..
 

IT Helper: ဟုတ်ကဲ့~~ကျနော်က နေရာက တောကျတဲ့အရပ်ဒေသပါ..ကွန်ပျူတာဆိုတာ ကြားဖူးတယ်..ဘာမှန်းတောင်မသိခဲ့ပါဘူး..ကျနော် ငါးတန်းနှစ်မှာ ကျနော်အမေ ပြည်ပ ကိုပညာတော်သင်သွားပါတယ်...အမေက ကျနော်တို့ဆီကို လှမ်းဖုန်းဆက်ရင် ကွန်ပျူတာနဲ့ဆက်တယ်ပြောပါတယ်..အဲဒီကတည်းက ကွန်ပျူတာကို သေသေချာချာသတိထားမိခဲ့ပါတယ်.ကိုင်တော့မကိုင်ဖူးသေးပါ...ကျနော် 9 တန်းလောက်မှာ အမေပြန်လာပြီး ကွန်ပျူတာတစ်လုံးကျနော့်အတွက် ၀ယ်ပေးပါတယ်..ကျနော်ကို အမေက အနည်းငယ်သင်ပေးပေမယ့်လည်း ကျနော်က ကလိလွန်တဲ့အတွက် Windows ကျသွားခဲ့ပါတယ်...အဲဒီအခါမှာ အမေက ကျနော့်ကို စေတနာနဲ့မတန်ဘူး ကလိလွန်းတယ် ဆိုပြီး ဆူငေါက်ပါတယ်.ရိုက်ပါတယ်... ( အဲဒီအချိန်တုန်းက ကွန်ပျူတာမှာ Virus ပါလို့ Windows ကျသွားတယ်ဆိုတာ ကွန်ပျူတာအကြောင်းနားလည်လာမှ သိခဲ့ရပါတယ် ) အဲလိုဆူငေါက်တဲ့အတွက် ကျနော်ရဲ့ မခံချင်တဲ့စိတ်က ဒီကွန်ပျူတာ ဘာကြောင့်ပျက်သွားသလဲဆိုပြီး ကွန်ပျူတာအကြောင်း နားလည်တဲ့ အစ်ကိုတွေ အမတွေကို လိုက်မေး..သူငယ်ချင်းတွေဆီက လိုက်သင်ရင်းနဲ့..နောက်ဆုံး ကွန်ပျူတာအသုံးဝင်ပုံကို သိလာပြီး 10 တန်းနှစ်မှာ စတင်လေ့လာဖြစ်ခဲ့ပါတယ်..ဒါက ကျနော်နည်းပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ် ခင်မျာ.. :-)
 
 
သစ်ဆန်းခန့်: ဟုတ်ကဲ့ အကို IT Helper ဆိုပြီးနာမည်ပေးဖြစ်ခဲ့ပုံလေးလဲ သိချင်ပါတယ်...


IT Helper: ဟုတ်ကဲ့... ကျနော် တက်ရောက်နေတဲ့ တက္ကသိုလ်က တစ်ခု..ကျနော်စိတ်ဝင်စားတဲ့ ပညာရပ်က တစ်ခု ဖြစ်နေပါတယ်.ဒါပေမယ့် ကျနော်စိတ်ဝင်စားတာကိုဘဲ ကျနော်လုပ်တယ်..အခု ကျနော်တို့မြန်မာနိုင်ငံဟာ နည်းပညာအရမ်းအားနည်းနေတယ်..အခုမှ စတင်ပြီး မျိုးစေ့ အညှောင့်ပေါက်တုန်းရှိပါသေးတယ်... ဒါကြောင့် ကျနော်တတ်တဲ့ ကွန်ပျူတာပညာရပ်နဲ့ အများအတွက် ကူညီပေးချင်တဲ့ စိတ်ရင်းလည်း ကျနော့်မယ်ရှိပါတယ်..အခုဆိုရင် ပြည်ပရောက်မြန်မာအများစုဟာလည်း နည်းပညာကိုလေ့လာနေကြပါပြီ.. ကျနော်တို့မြန်မာနိုင်ငံမှာ ကွန်ပျူတာ တစ်လုံးပျက်ရင် ပျမ်းမျှအားဖြင့် ထောင်ဂဏန်းလောက်ပဲကုန်တာပါ..အလွန်ဆုံးသုံးလေးသောင်းပေါ့..ပြည်ပမှာတော့ တစ်သိန်းကျော် တစ်သိန်း နီးပါးလောက် ကုန်တာပါ..ဒီလို မကုန်ရလေအောင် ကျနော်တတ်တဲ့ ပညာနဲ့အတတ်နိုင်ဆုံး ကူညီချင်ပါတယ်..အဓိက ကိုယ်ကွန်ပျူတာလေ့လာရတဲ့အကြောင်းရင်းက ကိုယ်သိဖို့တတ်ဖို့နဲ့ အများအတွက်ပြန်လည် အသုံးချဖို့ရည်ရွယ်ချက်လေးပါ..အများကို ကူညီချင်ပါတယ်..ဒါကြောင့် IT Helper ဆိုပြီး အမည်ပေးဖြစ်ခဲ့တာပါခင်မျာ
 

သစ်ဆန်းခန့်: ဒီလို ရည်ရွယ်ချက်လေးတွေနဲ့ ကူညီခဲ့တဲ့ အချိန်မှာရော အခက်အခဲတွေ နဲ့ ၀မ်းသာကြည်နှုးမိတဲ့ အမှတ်တရလေးတွေများ ရှိလား ခင်ဗျာ


IT Helper: ဟုတ်ကဲ့....အခက်အခဲကတော့ နှစ်မျိုးရှိပါတယ်... ပထမတစ်ခုက ကွန်နက်ရှင်အခက်အခဲပါ...အင်တာနက်ပေါ်ကနေတစ်ဆင့် ကျနော့်အနေနဲ့ကူညီရာမှာ အင်တာနက်မြန်နှုန်းဟာအလွန်ရေးပါပါတယ်..ကျနော့်နယ်မှာ ADSL Internet မရှိပါဘူး..GSM Connection ကိုသာအသုံးပြုရပါတယ်..ဒါပထမအခက်အခဲပါ..နောက်တစ်ခုကတော့ ဖုန်းနဲ့အသုံးပြုရတာဖြစ်တဲ့အတွက် ဖုန်းခအင်မတန်ကုန်ပါတယ်..ဒါကျနော်အနေနဲ့ပြောပြရုံပါ..သူ့အလိုလိုတော့ အဆင်ပြေသွားခဲ့တာချည်းပါဘဲ..... ၀မ်းသာကြည်နူးမိတာတွေကတော့ ကိုယ့်မှာ ဘာအခက်အခဲတွေ ဘယ်လောက်ပဲဖြစ်နေဖြစ်နေ..ကိုယ်ကူညီလို့လို့ အဆင်ပြေသွားတဲ့အခါ..ပြုံးသွားတဲ့ သူတွေရဲ့မျက်နှာ..စိတ်ချမ်းသာလွန်းလို့..ကျေးဇူုးတင်ပါတယ်ခင်မျာ./ ရှင် လို့ပြောသွားတဲ့ သူတို့ရဲ့စကားလုံးလေးတွေဟာ ကျနော်အတွက် ကူညီရကျိုနပ်တဲ့အပြင်..နောက်နေ့များအတွက်လဲ ဆက်ပြီး ကူညီနိုင်ဖို့အားဆေးတစ်ခွက်ပါ...ဒီလိုဝမ်းသာကြည်နူးမှုတွေကြောင့် ကျနော့်ရဲ့အခက်အခဲမှန်သမျှကို မေ့သွားခဲ့ရတာချည်းပါဘဲ ခင်မျာ.. :-)
 
သစ်ဆန်းခန့်:အကို့အနေနဲ့ ဒီလောကမှာ ကျင်လည်လာရင်းနဲ့ ကိုယ်နဲ့ ဘ၀တူ IT သမားတွေ ရဲ့ နည်းပညာဘလော့ဂ်တွေ ၀ဘ်ဆိုက်တွေ ဖိုရမ်တွေ ပေါ်ပေါက်များပြားလာတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ..
 
IT Helper: ဟုတ်ကဲ့
အများကြီးကြိုဆိုပါတယ်လို့ပြောချင်ပါတယ်..တကယ့်အစစ်အမှန် မှန်ကန်တဲ့နည်းပညာအကြောင်းအရာတွေ Software တွေကိုတင်ပေးဖို့နဲ့ အခြား သူများတင်ထားတဲ့ Download Link တွေကို ကူးမချဖို့လဲ တိုက်တွန်းအပ်ပါတယ်...ကျန်တဲ့အရာတွေကတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး..အားလုံးက တတ်စွမ်းသမျှ စေတနာရှေ့ထားပြီး ကူညီပေးနေကြတဲ့အတွက် အားလုံးကိုလေးစားပါတယ်...မြန်မာ့အိုင်တီနည်းပညာ တိုးတက်ရေးအတွက် အလွန်ကိုအရေးပါနေပါတယ်။
 
သစ်ဆန်းခန့်: ခုပြသနာတက်နေတဲ့ Data Sharing တွေ မှာ Credit ပေးရတဲ့ အပေါ်မှာ အကို့အမြင်လေးကိုလဲ သိချင်ပါသေးတယ်..
 

IT Helper: ဟုတ်ကဲ့..အဲဒါကို အဓိကပြောချင်ဆုံးဘဲဗျ.. ကျနော်တို့မြန်မာတွေရဲ့ အတ္တစိတ်ပဲလား ဘာလဲတော့ကျနော်လဲမပြောတတ်ဘူး~~ဘာလို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်လဲ Software တွေ နည်းပညာတွေကို ပြည်ပဆိုဒ်တွေကနေ ဖတ်ရှုလေ့လာပြီး ပြန်တင်ပေးနေရတာပါ..အရှင်းဆုံးပြောရရင် ကော်ပီပေါ့ဗျာ...သူတို့အချင်းချင်းလဲ ကော်ပီ ချတာဘဲ..ဒါပေမယ့် Credit တွေပါတွေ မတွေ့ရဘူးခင်မျ..သို့သော်..Upload တွေကိုတော့ ကိုယ်တိုင်ပြန်တင်ကြတာတွေ့ရပါတယ်..ကျနော်တို့ဘလော့ဂါတွေကရော ဘာကြောင့် ပြည်ပဆိုဒ်တွေကနေ ကူးချတာချင်းအတူတူဘာလို့ Credit တောင်းနေရသလဲ..ကိုယ်တင်ထားတဲ့ နည်းပညာသည် အများလေ့လာ စေချင်လို့ အများ ရယူစေချင်လို့တင်ပေးထားတာပါ~~ လွတ်လွတ်လပ်လပ်မျှဝေခွင့်ပေးသင့်တယ်..နာမည်ကြီးချင်လို့ဆိုရင်တော့ စေတနာနည်းပါးတာအသိသာကြီးပါဘဲ~~ကျနော်တို့ ၀င်းကမ္ဘာကျော်ဆီကဘဲယူယူ ကျနော့် ဆိုဒ်ကဘဲ ယူယူ ဘာ Credit မှမပေးခိုင်းပါဘူး...ကျနော် ကိုယ်တိုင်ကြုံဖူးပါတယ် Blogger နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် Credit မပေးမိလို့ အငြင်းပွားကြ ဆဲကြဆိုကြနဲ့ တော်တော်လေးကိုရုပ်ပျက်ပါတယ်... ပြည်ပဆိုဒ်တွေကနေ ကူးချထားတာခြင်းအတူတူကိုဗျာ..ကျနော်ကတော့ အတ္တတစ်ခုလို့ဘဲမြင်မိပါတယ်။
 
သစ်ဆန်းခန့်: ပြီးတော့ လက်ရှိ နည်းပညာလေ့လာသူများ သိတဲ့အတိုင်းပေါ့အကိုရာ
သူ့ဆိုက် ငါ့ဆိုက် ဆိုပြီး ဂိုဏ်းဂန လေးတွေ ကွဲလွဲနေကြတဲ့ အပေါ်မှာရော အကိုဘာများ အကြံပေးချင်လဲ ခင်ဗျ...
 

IT Helper: ဒါလဲ ငါဆိုတဲ့အတ္တတစ်ခုအပေါ်မယ် မူတည်နေပါတယ်..အားလုံးက မြန်မာလူမျိုးတွေမဟုတ်ဘူးလား..ကိုယ့်လူမျိုး..ကိုယ့်နိုင်ငံတိုးတက်စေချင်လို့ တတ်နိုင်တဲ့ဖက်က လုပ်နေကြတာချင်းအတူတူ စည်းလုံးနေဖို့အရေးကြီးပါတယ်.. အားလုံးရဲ့ရည်ရွယ်ချက်က အများအတွက်ပဲလေ.. ဒီလိုဆိုရင်စည်းလုံးကြရမှာပါ...စည်းလုံးခြင်းသည် အင်အားဆိုတဲ့ ဆောင်ပုဒ်လဲရှိပါတယ်..ဒါကြောင့် နည်းပညာညီအစ်ကိုတွေ စုစုစည်းစည်းနဲ့ အတူပူးပေါင်းလုပ်ကိုင်မှသာလင် ကျနော်တို့ နိုင်ငံရဲ့ အိုင်တီနည်းပညာ အနာဂတ်သည်လည်း ပိုမိုထွန်းလင်းတောက်ပလာမှာဖြစ်ပါတယ်ခင်မျာ.။
 
သစ်ဆန်းခန့်: အကိုက ၀င်းကမ္ဘာကျော် မှာ စလုပ်ဖြစ်ပုံလေးကရော ပြောပြပေးပါအုံး...
 
IT Helper: ဟုတ်ကဲ့~~ကျနော် ကိုးတန်းနှစ်မှာ ချစ်သူမြို့တော်မယ် နည်းပညာ အက်ဒမင်စလုပ်ပါတယ်...အဲဒီကနေတစ်ဆင့် အများအတွက် လိုအပ်တာလေးတွေ တင်ပေးရင်း ကူညီရင်း..အခြားနည်းပညာအကြောင်းအရာတွေကိုလည်းလေ့လာဖြစ်ခဲ့ပါတယ်..ကျနော်ရဲ့ လက်ဦးဆရာက ညီနေမင်း ဆိုလည်းမမှားပါဘူး...ဒီလိုအောင်မြင်နေတဲ့ အများကို ကူညီပေးနေတဲ့ Blogger တွေကိုလည်း အားကျမိပါတယ်...တစ်နေ့ကျတော့ ကျနော့်မယ်ဖြစ်နေတဲ့ ကွန်ပျူတာပြသနာလေးတစ်ခုကို အဖြေရှာရင်း ၀င်းကမ္ဘာကျော်ရဲ့ဆိုဒ်ကို စတွေ့ပါတယ်..အောင်မြင်တဲ့ ဆိုဒ်တစ်ခုဖြစ်သလို Cbox မှာမေးမြန်းထားတာတွေကလည်း ကိုယ်ကိုတိုင်ဖြေလို့အဆင်ပြေတဲ့မေးခွန်းတွေလဲ ဖြစ်ပါတယ်..ဒါကြောင့် ကိုဝင်းကမ္ဘာကျော်ကို ကူညီတဲ့အနေနဲ့ ခွင့်တောင်းပြီး အက်ဒမင် စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်..လုပ်သက်ကတော့ 6 လလောက်ရှိပါပြီ။
သစ်ဆန်းခန့်: ဟုတ်ကဲ့ အကိုက IT Helper အနေနဲ့ရော ကိုယ်ပိုင် ၀ဘ်ဆိုက် သို့မဟုတ် ဘလော့ဂ် လုပ်ထားတာ ရှိသလားခင်ဗျ...
 
IT Helper: ဟုတ္ကဲ့ ရွိပါတယ္ခင္မ် Myanmar IT Helper www.mmithelper.blogspot.com ပါ ခင္မ်ာ။
 

သစ်ဆန်းခန့်: အကို့ ရဲ့ အခု Admin အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ၀င်းကမ္ဘာကျော် မှာရော အကို့ရဲ့ IT Helper မှာရော အပြင် တစ်ခြား နည်းပညာ ၀ဘ်ဆိုက်တွေကနေ အကူအညီတောင်းလာရင်ရော ကူညီပေးဖို့ အကြံပေးဖို့ အကို့အနေနဲ့ လုပ်ပေးနိုင်မလား...
 
IT Helper: ဟုတ်ကဲ့...ကျနော်အနေနဲ့ ကျောင်းအားလပ်ရက်တွေ နဲ့ ကျနော့်အတွက် အင်တာနက်အဆင်ပြေနေသေးရင်လုပ်ပေးမှာပါ..အခုလက်ရှိတင် ဆိုဒ်ငါးခု မှာ အက်ဒမင်လုပ်ပေးနေပါတယ်...ဘာဘဲဖြစ်ဖြစ် အတတ်နိုင်ဆုံး အားလုံးကို ကူညီပေးသွားမှာပါခင်မျာ။
 
သစ်ဆန်းခန့်: အကို့ ကို ဆက်သွယ်ချင်တယ်ဆိုရင်ရော ဘယ်လိုဆက်သွယ်ရမလဲ ခင်ဗျာ...
 
IT Helper: ဟုတ်.. ကျနော့်ကိုဆက်သွယ်ချင်ရင်တော့
adflycreator@gmail.com နဲ့ ဖုန်း 09 420 700 582 သို့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်.ကျနော်သိသမျှ တွေအကုန်လုံးကို မေးမြန်းလာသူများအတွက်
ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
 
သစ်ဆန်းခန့်: ကျွန်တော် မေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတဲ့ IT Helper ကို သစ်ဆန်းခန့် ၀ဘ်ဆိုက် မှ အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ဒီထက်မက တိုးတက်အောင်မြင်ပြီး အများပြည်သူအား ကူညီနိုင်ပါစေ ဗျာ...
 

IT Helper: ဟုတ်ကဲ့..ကျနော်ကလဲ အခုလို မေးမြန်းပေးတဲ့ အစ်ကိုသစ်ဆန်းခန့်ကိုလည်း အများကြီးကျေးဇူုးတင်ရှိပါတယ်...နောက်ဆုံးအားလုံးအတွက် အကြံပေးလိုတာက နည်းပညာကိုလေ့လာကြပါ...နည်းပညာသည် မကြာခင်အချိန်အတွင်းမှာ လူနေမှုဘ၀အတွက် အင်မတန်မှအရေးပါလာပါတော့မယ်..ဒါကြောင့်လက်လှမ်းမှီသမျှလေ့လာကြပါ..မသိတာရှိရင်မေးကြပါ.ဆက်သွယ်ကြပါ...အင်တာနက်ပေါ်မှာ စေတနာရှင်နည်းပညာ ပရဟိတအဖွဲ့တွေအများကြီးရှိနေပါတယ်..အားလုံးက မြန်မာသူမြန်မာနိုင်ငံသားများအတွက် နွေးထွေးရင်းနှီးစွာ ကြိုဆိုလျက်ရှိနေပါတယ်ခင်မျာ.. ( Myanmar IT Helper )
 
 
 
သစ်ဆန်းခန့်
mr.thitsankhant@gmail.com
www.thitsankhant.com

Thursday, April 11, 2013

အခွန်မဆောင်ခြင်းကြောင့် ပြည်သူများ ဆုံးရှုံးမှုဖြစ် ဟု ပြည်သူ့လွှတ်တော် ဥက္ကဌဆို


စောဇင်ညီ

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဝန်ထမ်းများ အခွန်မဆောင် ကြခြင်းသည် နိုင်ငံတော် ဆုံးရှုံးမှုမဟုတ်ပဲ ပြည်သူများအတွက် ဆုံးရှုံးမှုသာ ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့သည်။

ထိုသို့ ပြောကြားခြင်းမှာ အခွန်ဆောင်နိုင်သူများမှာ အခွန်မဆောင်၍ ကျန်အခွန် မဆောင်ရသော ပြည်သူများ အတွက် ထောက်ပံ့မှုများ နိုင်ငံတော်မှ မလုပ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သူရဦးရွှေမန်းက “ဘယ်သူတွေကို အခွန်ကောက်ရမယ် မကောက်ရဘူးလဲ ဆိုတာ စာရင်းတွေရှိဖို့ လိုတယ်။ ကောက်ရမဲ့လူတွေကို မှတ်သားပြီးတော့ ကောက်သင့်တယ်။ ဒါမှ နိုင်ငံတော်က ပြည်သူတွေကိုထောက်ပံ့မှုတွေ ပေးနိုင်မယ်” ဟု ရှင်းပြခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင် ပြည်သူများ အနေဖြင့် တလလျှင် ၁၄.၄ သိန်း ရရှိပါက အခွန်ထမ်း ရမည်ဖြစ်ပြီးအောက်ခြေဝန်ထမ်း ပြည်သူတဦးအနေဖြင့် ၁.၂ သိန်း ရရှိပါက အခွန်ထမ်းရမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကောက်ခံမည် အကောက်အခွန်များအနေဖြင့် အများပြည်သူမှ လက်ခံနိုင်စရာ အခြေအနေ တစ်ရပ်ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

"ကျွန်မတို့နိုင်ငံမှာ အခွန်ကောက်တယ် ဆိုတာက ပြည်သူ့အကျိုး အတွက်လည်းပါတယ်ဆိုတာ သိဖို့လိုပါတယ်။ တဖက်တည်းစဉ်းစားလို့ရတာမဟုတ်ဘူး။အခွန်ကောက်ဝန်ထမ်းတွေက လည်း အခွန်အကြောင်းကို ပြည်သူတွေ သိဖို့ ပြောကြားဖို့ လိုတယ်။" ပာု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရလက်ထက်က မြန်မာပြည်၏ ထိပ်သီး စီးပွားရေးလုပ်ငန်းကြီးများမှ အခွန်ရှောင်ခဲ့ရာ အစိုးရသစ် တက်လာပြီး ယခုနှစ်မှသာ အခွန်ဆောင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အသိပေး ပြောကြားခဲ့ကြောင်း သတင်းအချက်အလက်များမှ သိရသည်။

အခွန်ထမ်းရမည့် ပြည်သူများအနေဖြင့် အခွန်အခနှုန်းထားများအား ပေးဆောင်ရန် စားဝတ်နေရေး အဆင်ပြေသည့် အချိန်အတိုင်းအတာ လိုအပ်ကြောင်း ထိုမှသာ အခွန်ပေးဆောင် နိုင်ကြမည်
ဖြစ်ကြောင်း ရွှေလင်ပန်း စက်မှုဇုန်ရှိ ကေဇာမြန်မာ ကုမ္ပဏီပိုင်ရှင် ကိုဝင်းကိုမျိုးက ပြောသည်။

၎င်းက “ နိုင်ငံအတွက် အခွန်က အရေးကြီးပါတယ်။ လူတွေအတွက်လဲ စားဝတ်နေရေး ဖူလုံဖို့က အရေးကြီး တယ်။ ဖူလုံမှ အခွန်ပေးနိုင်မှာ။ ဒီလိုဖြစ်မှပဲ အပြန်အလှန် အဆင်ပြေမှာပါ ” ဟု ဆိုသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် နယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ ယနေ့ တွေ့ဆုံခဲ့ကြသည်။

Saturday, March 30, 2013

မစိုးရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသ်ူနှင့် အင်တာဗျူး

ဦးဝီရသူနှင့်တွေ့ဆုံခြင်း

 
အင်တာဗျူး

မွတ်စလင်ဆန့်ကျင်ရေး ဟောပြောမှုများဖြင့် နာမည်ကျော်ကြားလာပြီး လတ်တလော ဗုဒ္ဓဘာသာဝင်တို့၏ သင်္ကေတအဖြစ ၉၆၉ ကို အမှတ်တံဆိပ်ကို သတ်မှတ်ရေး ဦးဆောင်ဟောပြောနေသည့် မန္တလေး၊ မစိုးရိမ်ကျောင်းတိုက်မှ သက်တော် ၄၅ နှစ် အရွယ်ရှိ ဦးဝီရသူသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် အပြစ်...ပေးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မတ်လတွင် အကျဉ်းကျနိုင်ငံရေး ဘုန်းတော်ကြီးများ လွတ်မြောက်ရေး ဆန္ဒပြပွဲ၊ အောက်တိုဘာလတွင် အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက်မှုအသင်း ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ဘာသာရေး ပဋိပက္ခများနှင့် စပ်လျဉ်းပြီး ဧရာဝတီအယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက် ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ မိတ္ထီလာပဋိပက္ခမှာ သေဆုံးမှုက ၄၂ ဦးထိရှိလာပြီလို့ အစိုးရက တရားဝင်သတင်းထုတ်ပြန်တယ်။ အရှင်ဘုရားကလည်း မိတ္ထီလာကို သွားရောက်ပြီး တားမြစ်ခဲ့တာတွေလုပ်ခဲ့တော့ ဘာကြောင့် ဒီလောက်အထိ အသေအပျောက်တွေ များလာရတယ်လို့ ထင်ပါသလဲ။

ဖြေ။ ။အသေအဆုံးများတာက ဒုတိယနေ့(မတ် ၂၁) ပိတ်မိနေတဲ့ မွတ်စလင်တွေ၊ အဲဒီအကြောင်းပြောရရင်တော့ ဖြစ်ပြီးလို့ မီးတွေဘာတွေရှို့ကြတဲ့အခါမှာ ရှောင်တိမ်းနေတဲ့ မွတ်စလင်တွေ၊ အဲဒီမွတ်စလင်တွေက ကျောင်းသားတွေများတယ်။ အာရဗီစာသင်ကျောင်းက ကျောင်းသားတွေများတယ်။ အရပ်သားတွေလည်း ပါတယ်။ သူတို့တတွေကို ရယက ဖွက်ပေးထားတယ်။ လုံခြုံရေးလည်း ချပေးထားတယ်။ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။ ၀ိုင်းတဲ့အချိန်မှာ သူတို့က ဘေးပတ်လည်လည်မှာဆိုရင် ဒီဘက်ဘေးမှာဆိုရင် ဗလီရှိတယ်။ ညာဘက်မှာဆိုရင် မီးလောင်ပြင်ရှိတယ်။ သူတို့ရဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာဆိုရင် ကုန်းမြင့်ကြီးရှိတယ်။ သူတို့က မပြေးသာတော့ဘူး။ အဲဒီမှာ ၀ိုင်းတဲ့ အချိန်မှာ မွတ်စလင်ထဲက တယောက်က လေးခွနဲ့ သံဃာတပါးကို ပစ်တယ်။ အဲဒီမှာ ဗမာလူအုပ်က သွေးကြွလာတယ်။ ဗမာလူအုပ် နီးသထက်နီးလာတဲ့အချိန်မှာ အက်ဆစ်ထုပ်တွေ ဘာတွေပစ်တယ်။ အဲဒီအချိန်အထိ တိုက်ခိုက်မရှိတာဘူး။ ဗမာလူအုပ်ကလည်း ရပ်ကြည့်နေတယ်။ သူတို့တွေကလည်း ထွက်မလာဘဲ ဟိုဟာနဲ့ ဒီဟာနဲ့ ပစ်တယ် ဒါပါပဲ။ အဲဒီနေ့ မိတ္ထီလာကို ဦးဇင်းရောက်နေတာ။ ဦးဇင်းက ၂၀ ရက်နေ့ ညကတည်းက ရောက်နေတာ။ အဲဒီအချိန်မှာ ဦးဇင်းရော၊ ရွှေည၀ါရော၊ မင်းကိုနိုင်တို့တောင်ရောက်နေပြီ။ အဲလိုဖြစ်နေတဲ့ အချိန်မှာ အယောက် ၂၀ လောက်က ဗမာလူအုပ်ကြီးကို အသေခံပြီးထွက်တိုက်တယ်။ အဲဒီမှာ ကျဆုံးကြတယ်။ တနေရာတည်းကို ၉ လောင်း၊ ၁၀ လောင်း၊ ၁၁ လောင်းလောက်ကျတယ်။ အဲဒီလို တိုက်ခိုက်နေတဲ့အချိန်မှာ လုံခြုံရေးတွေက ကျန်တဲ့သူတွေကို ဖော်ထုတ်ကယ်တင်သွားတယ်။ အဲဒါ အကျအဆုံး အများဆုံးပဲ။ တနေရာတည်းမှာ။ ကျန်တာတွေကတော့ အပြန်အလှန်မီးရှို့ကျတယ်။ ဟိုနေရာ တယောက်ကျ၊ ဒီနေရာ တယောက်ကျ။ အစုလိုက်အပြုံလိုက်ကတော့ အဲဒီနေရာမှာပဲကျတာ။

မေး။ ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ နိုင်ငံတကာ သတင်းဌာနတွေက မိတ္ထီလာ အဓိကရုဏ်းက စနစ်တကျ စီစဉ်ထားတဲ့ ရက်စက်တဲ့ လူသတ်အကြမ်းဖက်မှုကြီးလို့ ရေးသားနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ရဲ့ အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ ဘယ်သူမှ စနစ်တကျမရှိပါဘူးဗျာ။ တကယ်တန်းစနစ်တကျရှိတာက ပထမနေ့မှာ ကုလားရပ်ကွက်ထဲမှာရှိတဲ့ မွတ်စလင်တွေကမှ စနစ်တကျရှိတာ။ သူတို့က တုတ်တွေ၊ ဒုတ်တွေ၊ ဓါးတွေလက်နက်တွေ အကုန်ကိုင်ဆောင်ပြီးတော့ ဗမာမှန်သမျှကို အကုန်ခုတ်တာ။ သံဃာတပါးအသတ်ခံရတယ် ကြားတဲ့အခါမှာ ဗမာလူအုပ်ကြီးက ကုလားရပ်ကွက်ထဲကို တိုးဝင်သွားတာ။ တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ၂ ယောက်သေပြီးတော့ ၁၆ ယောက်လောက် ဒဏ်ရာရတယ်။ ဓားခုတ်ဒဏ်ရာနဲ့ တကယ့်ပြင်းထန်တဲ့ဒဏ်ရာပေါ့။ အဲဒီလိုစီစဉ်ထားတာက မွတ်စလင်ရပ်ကွက်ထဲကဖြစ်တယ်။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။

မေး။ ။ အခု နိုင်ငံတကာသတင်းဌာနတွေက ၉၆၉ နဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေဆိုပြီး ရေးလာကြတာတွေ ရှိနေပါတယ်။ အဲဒါ ဆရာတော်အနေနဲ့ ၉၆၉ အဓိပ္ပာယ်ကို နည်းနည်းလေး သိအောင်ရှင်းပြပေးပါလား။

ဖြေ။ ။ ရှင်းပြလို့ရပါတယ်။ ပထမအစ ဂဏန်း ၉ က ဘုရားဂုဏ်တော်ကိုးပါးရည်ရွယ်တယ်။ ဒုတိယ ဂဏန်း ၆ က တရားဂုဏ်တော် ၆ ပါးကို ပြောတာ။ တတိယ ဂဏန်း ၉ က သံဃာ့ဂုဏ်တော် ၉ ပါးကို ရည်ရွယ်တာ။ ဘုရားတရားသံဃာ ရတနာ ၃ ပါးရဲ့ ဂုဏ်တော်တွေဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဗုဒ္ဓံသရံဏံ၊ အရဟံတို့ ဓမ္မစကြာတို့ စသည်ဖြင့် အဲဒါတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့သင်္ကေတဖြစ်သလို ၉၆၉ က ဗုဒ္ဓဘာသာဝင်တွေရဲ့ သင်္ကေတဖြစ်တယ်။ ၉၆၉ ကို မဆီမဆိုင်ဆွဲထည့်တာကတော့ တရားခံရှာမရလို့ တွေ့ရာမြင်ရာလူကို ထုထောင်းရိုက်နှက်ပြီးတော့ တရားခံလုပ်သလိုမျိုးပေါ့နော်။ ဘာဖြစ်လို့လဲ ၉၆၉ က မိတ္ထီလာမှာ တရွက်မှ မရောက်ဘူးဗျ။ ဘယ်သူမှလည်း လာမဖြန့်ဘူး။ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။ အဲဒါကို မဆီမဆိုင် ၉၆၉ ကို တရားခံ လုပ်နေတာကြီးက တခြားစီပါဗျာ။ တကယ်တန်းတော့ ဘုရားတရားသံဃာ ဂုဏ်တော်တွေပါ။ တကယ်အပြစ်ကင်းပါတယ်။

မေး။ ။ပဲခူးတိုင်းဒေသကြီးမှာ မွတ်စလင်တွေရဲ့ ဗလီတွေ၊ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ အဖျက်ဆီးခံရတယ်။ ကြို့ပင်ကောက်က အဖျက်ဆီးခံရတဲ့ နေအိမ်နဲ့ ကားတွေပေါ်မှာ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းနဲ့ ရေးတာတွေရှိနေပါတယ်။ ဆရာတော်အနေနဲ့ ဗလီတွေကို ဖျက်ဆီးနေတာတွေ၊ ဖျက်ဆီးထားတဲ့အပေါ်မှာ ၉၆၉ ရေးထိုးသွားတာတွေနဲ့ပတ်သက်လို့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ

ဖြေ။ ။ဒကာကြီး ပဲခူးတိုင်းဖြစ်ပျက်နေတဲ့ နေရာတော်တော်များများမှာ ဦးဇင်းက မြို့ခံတွေနဲ့ အဆက်အသွယ် မရှိတဲ့အခါကျတော့ အဲဒီအကြောင်းအရာကို ဘာမှ မသိရဘူး။ ဦးဇင်းတို့ ဖွဲ့စည်းထားတဲ့နေရာတွေမှာတော့ ဦးဇင်းမူဝါဒ၊ လမ်းစဉ်အတိုင်း အလုပ်လုပ်ကြတဲ့အတွက်ကြောင့် ဘာပြသနာမှမဖြစ်ဘူး။ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။ မွတ်စလင်နဲ့ ဗမာတွေနဲ့ ဖြစ်တဲ့အမှုတွေ။ မုဒိမ်းမှုတွေ၊ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသူ၊ ၇ တန်းကျောင်းသူ၊ ကျောင်းသူတွေကို ပြုကျင့်တဲ့ အမှုတွေများတယ်။ နောက် ကာယကံအလျောက် ထိုးကြိတ်စော်ကားတဲ့ အမှုတွေများ၊ ဘာသာ သာသနာကိုစော်ကားတဲ့အမှုတွေ များတယ်။ နောက်ဆုံးဗျာ ရဟန်းသံဃာကို ပက်ပက်စက်စက် မိုက်မိုက်ရိုင်းရိုင်း ဆဲတဲ့အမှုတောင်ပါတယ်။ တရားမ၀င် ဗလီတွေပါတယ်။ ကျူးကျော် ဗလီတွေပါတယ်။ မွတ်စလင်သချိုင်းတွေပါတယ်။ ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီးတော့ အကြံဥာဏ်ပေးရတာပေါင်းရင် ၁၀၀ ကျော်ရှိနေပြီ။ သိတာအကုန်လုံးကို ဦးဇင်းက ဥပဒေဘောင်ထဲကနေ ဖြေရှင်းဖို့ဆိုပြီးတော့ ဆုံးမ သြ၀ါဒပေးတဲ့အတွက် ဦးဇင်းထက် ကြီးတဲ့ သံဃာတွေရော၊ လူတွေရော ဦးဇင်းစကား နားထောင်ကြတယ်။ ဥပဒေဘောင်ထဲက ဖြေရှင်းတဲ့အတွက် ဘာပြသနာမှ မရှိဘူး။ ဦးဇင်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တကယ် ၉၆၉ ဆိုတာ အကြမ်းမဖက်ဘူး။

မေး။ ။နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ၉၆၉ အမှတ်တံဆိပ်က ဗုဒ္ဓဘာသာရဲ့ တရားဝင်သင်္ကေတအဖြစ် အသိအမှတ်ပြုထားတာမရှိပါဘူးလို့ ပြောပါတယ်။ အကြောင်းကြားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမြင်လေးသိချင်ပါတယ်။

ဖြေ။ ။ဟုတ်ပါတယ်။ ဦးဇင်းတို့ သိသလောက် မှတ်သလောက် တတ်သလောက်ပဲ လိုက်လံဖြန့်ဖြူးနေကြတာလေ။ ဒါကြီးကို တရားဝင်မှတ်ပုံတင်ပြီးတော့ ဖြန့်ဖြူးနေတာမဟုတ်ဘူးပေါ့။ ဥပမာဆိုကြပါစို့၊ ဒီဟာကို ပြင်ဆင်တဲ့သူက ပြင်ဆင်တယ်။ လှူဒါန်းတဲ့သူက လှူဒါန်းတယ်။ လိုက်ဖြန့်တဲ့သူက လိုက်ဖြန့်တယ်။ အစိုးရဆီမှာ တရားဝင်မှတ်ပုံတင်ပြီးတော့ ဒါတွေကို ရောင်းဝယ်ဖောက်ကားတာမဟုတ်ဘူး။

မေး။ ။ဆရာတော်ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ ဆိုတဲ့ တရားဟောပြောမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်က ဘာမှမလုပ်နိုင်ဘူး။ NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ရှင်းပြပေးပါ ဘုရား။

ဖြေ။ ။ဦးဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို တလျှောက်လုံးထောက်ခံခဲ့တယ်။ ဒါပေမယ့် ရခိုင်အရေးဖြစ်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တကယ်တန်းကျတော့ ဘာမှ အားမကိုးလောက်ဘူး။ အဲဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။ ပြီးတော့ မြို့တွေတော်တော်များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကိုသွားပြီးတော့ လှည့်ပြန်လာရတယ်။ အချို့မြို့တွေမှာဆိုလိုရှိရင် မွတ်စလင်အိမ်ကိုငှားပြီး ရုံးဖွင့်ရတဲ့အတွက်ကြောင့် မွတ်စလင်မျက်နှာကိုကြည့်ပြီး အာဇာနည်နေ့လိုမျိုးတောင်မှ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် နေ့မျိုးမှာ ဆွမ်းကပ်ဖို့ အိမ်ရှင်က တားမြစ်လို့ ဆွမ်းမကပ်ရဘူး။ အဲဒါကြောင့်မို့လို့ ခွပ်ဒေါင်းက ခွပ်ဒေါင်းအသွင်မဆောင်ဘဲ မွတ်ဒေါင်းအသွင်ဆောင်လာပြီလို့ ဦးဇင်းဟောတာလေ။

မင်းကိုနိုင်တို့ ၈၈ အဖွဲ့ ကို ဦးဇင်းက ဒုတိယအင်အားအကြီးဆုံးအဖွဲ့ဆိုပြီးတော့ တအားအားကိုးတယ်။ အနာဂတ်အတွက် အများကြီးမျှော်လင့်ထားတာ။ ဒါပေမယ့်သူတို့လည်း ရခိုင်အရေး အခင်းမှာ ပြည်သူလူထု ပြောပလောက်အောင် အားကိုးစရာမရှိဘူး။ အဖွဲ့အစည်းတရပ်အနေနဲ့ ပြည်သူ့ဘက် ရပ်တည်တာမျိုးမရှိဘူးပေါ့ဗျာ။ လူပုဂ္ဂိုလ်အနေနဲ့ တဦးတယောက် ထပြောတယ်။ ရခိုင်ဒုက္ခသည်တွေကူညီပြီး အပြန်မှာ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ဒါပဲ။ ကြေညာချက်တရပ်ထုတ်ပြီးတော့ သတ်သတ်မှတ်မှတ် ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ပါဘူးတို့၊ အခုလို ဘင်္ဂလီတွေက ရခိုင်တွေ အတုံးအရုံးသတ်ဖြတ်နေတာကို လုံးဝ ရှုတ်ချပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ မတွေ့ရဘူး။ အဲဒါကြောင့်မို့ ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။

မေး။ ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရား။

ဖြေ။ ။အော် ဒကာကြီးရဲ့။ အဲဒါက ဗမာနည်းမဟုတ်ဘူး။ အဲဒါ မွတ်စလင်နည်းလေ။ မွတ်စလင်တွေ အဲဒီအတိုင်း ကျင့်သုံးတာ။ ဒကာကြီး မြို့ထဲလှည့်ကြည့်လေ မွတ်စလင်တွေက ဗမာဆိုင် အားပေးတာ ဘယ်နှယောက်ရှိသတုန်း။ သူတို့က သူတို့ဆိုင်တွေကို အားပေးရင် ဦးဇင်းတို့ကလည်း ဦးဇင်းတို့ ဆိုင်ကို အားပေးရမှာပေါ့။ ဆိုတော့ ဦးဇင်းဘာသာဝင်တွေရဲ့ ဆိုင်တွေသာ ဦးဇင်းတို့အားပေးရင် ဒီလိုစော်ကားခံရတာ တွေ မရှိနိုင်ဘူးလေ။ ကိုယ့်အချင်းချင်း ပြသနာဖြစ်တယ် ဒီလောက်တော့ မပိုဘူးပေါ့ဗျာ။ အမျိုးသားရေး ပြသနာအဆင့်မရောက်နိုင်ဘူး။ ကိုယ့်အချင်းချင်းဆိုင် မ၀ယ်ဘဲ ရွှေဆိုင် မွတ်စလင်ဆိုင်ကို သွားတော့ အစော်ကားခံရတာပေါ့။ အခုလို စော်ကားခံရတော့ အမျိုးသားရေးပြသနာအဆင့်ရောက်သွားတာပေါ့။ အဲဒါကြောင့်မို့ ဈေးဝယ်တာနဲ့ပတ်သက်လို့ သွေးခွဲရာမရောက်ပါဘူး။ ကိုယ့်လူကာကွယ်ရာတောင် ရောက်တယ်။ ကိုယ့်လူမျိုးကို ကိုယ်ပြန်ကာကွယ်ရာရောက်တယ်။

မေး။ ။အခု ပဋိပက္ခတွေ ပျံ့နှံ့မှုကြီးလာတော့ လူ့အဖွဲ့အစည်းတွေကြားမှာ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေဖြစ် လာနေပြီ။ ဒါတွေ ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်သင့်တယ်လို့ ဆရာတော်အကြံပြုချင်ပါသလဲ။

ဖြေ။ ။ကျုပ် အမြဲတမ်းအကြံပြုနေတယ်။ ထောင်ကထွက်ကတည်းက မွတ်စလင်အသိုင်းအ၀ိုင်းကို အကြံပြုနေတယ်။ အခုလည်း အကြံပြုနေတယ်။ မနေ့ညကလည်း အကြံပြုနေတယ်။ ဦးဇင်းတို့တွေက ပူးပေါင်းပြီးတော့ ဖြေရှင်းမှဖြစ်တော့မယ်။ မွတ်စလင်တွေကလည်း မြို့ရွာတွေမှာ ရပ်မိ၊ ရပ်ဖအသင်းဖွဲ့ပါ။ ဗမာတွေကလည်း ကိုယ့်မြို့ကိုယ့်ရွာမှာ ရပ်မိရပ်ဖ အသင်းဖွဲ့ပါ။ အဲဒီအဖွဲ့ ၂ ဖွဲ့က ပြသနာဖြစ်လာတဲ့အခါမှာ ကိုယ့်လူကိုယ် ထိရောက်စွာအရေးယူရမယ်။ အဲဒီလို ကိုယ့်လူကိုယ် ထိရောက်စွာ အရေးယူတဲ့အချိန်မှာ တဖက်လူက အင်အားသုံး ဖြိုခွင်းသလိုမျိုး လုပ်ခဲ့လို့ရှိရင် ကိုယ့်လူကပဲ ဖြိုးခွင်းလို့မရအောင် ရှေ့မှာ မားမားရပ်တည်ပြီးဖြေရှင်းပါ။ အဲဒီပုံစံလိုမျိုးနဲ့သွားမယ်ဆိုရင် တကမ္ဘာလုံး ငြိမ်းချမ်းမှာပါ။

မေး။ ။ သမ္မတအနေနဲ့ မနေ့က မိတ္ထီလာပဋိပက္ခနဲ့ပတ်သက်လို့ ပြောတဲ့ မိန့်ခွန်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံ ကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြားမှာ အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေကို တည်ဆဲဥပဒေနဲ့ ထိထိရောက် ရောက် အရေးယူမယ်လို့ ပြောထားတယ်။ အဲဒီအပေါ်မှာ ဆရာတော်အမြင်လေးသိချင်ပါတယ်

ဖြေ။ ။အဲဒါအရေးယူရမယ်။ ပေါ်ပေါ်တင်တင်လုပ်တဲ့သူကို အရေးယူတာထက်၊ နောက်ကွယ်ကနေ သွေးထိုးပြီးတော့ သပ်လျှိုနေတဲ့သူတွေကို အရေးယူတာက ပိုပြီးထိရောက်တယ်။ ဥပမာအားဖြင့်- မော်လ၀ီ ဆရာတွေပေါ့။ သူတို့တွေက ကလေးလေးတွေကို စာသင်ပေးတယ်။သူတို့တွေက သွေးခွဲစကားတွေကို ပြောပြီးတော့ သွေးခဲတာများတယ်။ ကလေးလေးတွေက ရဟန်းသံဃာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူလိုပဲ။ ဗမာတွေကို ကြည့်တဲ့ အကြည့်က တကယ့်ရန်သူကြီးတွေလို။ အဲဒီလိုဖြစ်နေတယ်။ အဲဒီတော့ သွေးခွဲတဲ့သူတွေ၊ အထူးသဖြင့် ကလေးတွေကိုမှိုင်းတိုက်ပြီးတော့ သွေးခွဲနေတဲ့နေတဲ့သူတွေကို အရေးယူနိုင်အောင်ကြိုးစားရမယ်။
   ဧရာဝတီ

Copy from - The Irrawaddy

Saturday, March 16, 2013

လက်ပံတောင်းကိစ္စ အမြင်အမျိုးမျိုး


လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာအပြီး လက်ရှိအခြေအနေပေါ်မှာ သုံးသပ်ပြောဆိုတာနဲ့အတူ အင်အားသုံး အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားမှာကို စိုးရိမ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုသုံးသပ်ပါတယ်။

“လက်ပံတောင်းတောင် ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်အပ်နှင်းတဲ့အခါမှာ ကျနော်တို့က အကျပ်အတည်းကြီးတခုကြားထဲကို ရောက်သွားနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ အခုလည်း အကျပ်အတည်းကြီးတခုထဲကို ရောက်နေသလို ခံစားရပါတယ်။ ဒါပေမဲ့လို့လည်း အစီရင်ခံစာနဲ့ပတ်သက်လို့ ကျနော်တို့ ကြည့်တဲ့အခါမှာ ပညာရပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကိုသုံးသွားတာ တွေ့ရပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုရင်လည်း ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကို တာဝန်ပေးပါတယ်။ ကဏ္ဍအလိုက်ပေါ့။ အဲ့ဒီ့အပေါ်မှာ နိုင်ငံရေးအားဖြင့် သုံးသပ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ပေးတယ် လို့မြင်ပါတယ်။ ဆိုတော့ သူပြောထားသလိုပါပဲ၊ ဒါ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် သူဦးတည်သွားတယ်။ နိုင်ငံရဲ့ အနာဂတ်မျှော်မှန်းချက်ကို သူဘယ်လိုချဉ်းကပ်တယ်။ ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းအပေါ်မှာ တည်ရှိတဲ့ အမဏ္ဍိုင်သုံးရပ်ကလည်း စောင့်ကြည့်နေတယ်ဆိုတာ သူခံစားရမှာပဲလို့ ယူဆတယ်လေ။ အဲ့တာကြောင့် သူ့ရဲ့သုံးသပ်ချက်ဟာ အနာဂတ်အတွက် မြန်မာနိုင်ငံရဲ့ လမ်းကြောင်းတခုကို ရောက်အောင်သွားတယ်လို့ပဲ ယူဆပါတယ်။ တချို့ဒေသတွေမှာ ဆန္ဒပြမှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့လို့ သူတွေ့ဆုံဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ အဓိကကတော့ အနာဂတ်နိုင်ငံတော်ရဲ့ လားရာလမ်းကြောင်း၊ သူ့ရဲ့ဆွဲခေါ်မှု လို့ပဲ သုံးသပ်ပါတယ်။”

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဇေယျာရဲ့အမြင်ကရော-

“သိပ်တော့ Fair မဖြစ်ဘူးထင်တယ်ဗျ။ တချို့နေရာတွေမှာ ရေးတာတွေကလေ။ အများစုကိုပြောတာမဟုတ်ဘူး။ တချို့ Points လေးတွေမှာလေ၊ စီးပွားရေးဦးပိုင်လို့ပြောပြီး အဲ့ဘက်က နည်းနည်းအသာယူထားသလိုပဲ။ အဓိကကတော့ လက်ပံတောင်းက ထွက်ရှိတဲ့ ပြောချင်တာက ဒီ Capital ကြီးက ရရှိတဲ့ တိုင်းပြည်ဘဏ္ဍာထဲကို ထည့်မှာမဟုတ်ဘူး။ အဓိကက စီးပွားရေးဦးပိုင်နဲ့ရှယ်ယာလုပ်တဲ့ အတွက် သူ့ရဲ့အကျိုးရလာဒ်က စစ်တပ်ကိုပဲ ဗဟိုပြုနေတာပေါ့။ အခြေခံစဉ်းစားရင်တော့လေ။ သတ္တုတွင်းဝန်ကြီးဌာနက မြန်မာပိုင်မို့လို့လုပ်တယ်ဆိုရင် ဒါက ထင်သာမြင်သာရှိတယ်ဆိုရင်လည်း ဒါ နိုင်ငံတော်အစိုးရက လုပ်တယ်ဆိုရင် အခုဟာက စစ်တပ်နဲ့လုပ်တယ်ဆိုရင် တစ်ဦးချင်း ခံစားရမယ် မခံစားရဘူးဆိုတာ အတပ်တော့ ကျနော်တို့ပြောလို့မရဘူးဗျာ။”

အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်စန္ဒာဝေကျော်ကလည်း အခုလိုပြောပါတယ်။

“ ကျမအနေနဲ့ကတော့ မျှတတယ်လို့မြင်ပါတယ်။ အခုကော်မရှင်ဥက္ကဌကိုယ်တိုင်ကလည်း ရွာတွေကိုဆင်းပြီး ဒေသခံတွေနဲ့ဆွေးနွေးစကားပြောနေတာ မြင်တွေ့ရတယ်လေ။ အခုအချိန်မှာ ဖြစ်သင့်တာကတော့ ရှေ့ကိုဆက်လုပ်သွားဖို့ပဲ။ နောက်ကိုပြန်မလှည့်ဖို့ပေါ့။ နောက်ကို ပြန်မလှည့်ဖို့လိုတယ်။ ဦးပိုင်နဲ့ ဝမ်ပေါင်ကလည်း ဒီအစီရင်ခံစာပေါ်မှာ လိုလိုလားလား လုပ်ပေးမယ် လို့ပြောလာတာကို တွေ့ရတယ်လေ။ သူတို့တကယ်လုပ်တယ်၊ မလုပ်ဘူးဆိုတာကိုပဲ ဒေသခံတွေ အနေနဲ့ စောင့်ကြည့်ပြီးတော့ တောင်းဆို သွားသင့်တယ်လို့ထင်တယ်။ စီမံကိန်း လုံးဝရပ်သွားဖို့ဆိုပြီး ဖိအားပေးတောင်းဆိုတာတွေကိုတော့ ရပ်သင့်ပါတယ်။ အခုအစီရင်ခံစာက အပြည့်စုံဆုံး မဟုတ်ရင်တောင်မှ အကောင်းဆုံး အနေအထားတရပ်မှာရှိတယ်။ လက်ပံတောင်းတောင် ကိစ္စက National Course တခုဖြစ်တာကြောင့်မို့လို့  ပါဝင်ဆောင်ရွက်သူတွေ ကလည်း သေသေချာချာ စည်းကမ်းရှိရှိနဲ့ ဆောင်ရွက်ဖို့လိုပါတယ်။ မဟုတ်ရင် ကျမတို့အခု ရနေတဲ့ အခွင့်အရေးတွေတောင် ပျောက်သွားနိုင်တယ်လေ။”

တခါ စာပေအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ ဦးသန်းနိုင်စိုးက ဘယ်လိုမြင်လည်းဆိုတာကို ပြောပြပါတယ်။

“လူထုဒီနေ့ဖြစ်နေတာနဲ့ပတ်သက်လို့ ခံစားနားလည်လို့ရပါတယ်။ ကျနော်တို့ အေးချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးစားလာအောင် လူထုကို ဆွဲဆောင်တဲ့ ဘက်ပဲ ဖြစ်စေချင်တယ်။ လှုပ်ရှားမှုတွေနဲ့ သွေးထွက်သံယိုမှုတွေဖြစ်အောင်၊ လှုံ့ဆော်နေတဲ့ အင်အားစုတွေကိုလည်း ကျနော် အားမပေးဘူးဗျ။ လူထုတွေကို အင်အားသုံးဖြေရှင်းတဲ့ နည်းကိုလည်း ကျနော်တော့ လုံးဝ လက်မခံဘူး။ တကယ်တော့ ဒေါ်စုအနေနဲ့က သူကတော့ နိုင်ငံတော်က တာဝန်ပေးရင် လုပ်မယ်ဆိုတဲ့ သူ့သဘောထားကြောင့် သူကတော့ ကြားညှပ်တဲ့ သဘောဖြစ်နေတယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

စာရေးဆရာကျော်ဝင်းက အစီရင်ခံစာနဲ့ပတ်သက်လို့ သူမြင်ထားတာကိုလည်း အခုလိုတင်ပြထားပါတယ်။

“ နှစ်ဖက်စလုံးက Expected Value တွေနဲ့သွားရင် အဖြေမရဘူးဗျ။ လက်ရှိအဖြစ်နဲ့ပိုကောင်းရင် တော်ပြီဆိုတဲ့ ဘောင်ပေါ်ကနေ ချိန်ရင်တော့ကာ အဖြေတခုက ထွက်မယ်။ အခုကော်မရှင်လုပ်သွားတာက ဒီစဉ်းစားနည်းပေါ်က အခြေခံတယ်လို့ ကျနော်ယူဆတယ်။ ကော်မရှင်ရဲ့ အခြေခံ စဉ်းစားတဲ့ သုံးချက်စလုံးကလည်း ကျနော်က ကွက်တိသဘောတူတယ်။ တိုင်းပြည်စီးပွားရေးကလည်း ကြည့်ရမှာပဲဗျ။ ကျနော်တို့ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုကလည်း သိပ်နောက်ကျတဲ့တိုင်းပြည်၊ သို့သော် စီးပွားရေးဖွံ့ဖြိုးမှုတခုတည်းကိုပဲ ကြည့်ပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေကိုလည်း ဘေးချိတ်လို့မဖြစ်ဘူးပေါ့ဗျာ။ ဒါကြောင့် ဒုတိယအချက်အနေနဲ့ ဒါလည်း ကြည့်ရမှာပဲ။ တတိယအချက်ကတော့ ကျနော်တို့ နိုင်ငံတကာနဲ့ဆက်ဆံရေးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ တရုတ်နဲ့ဆက်ဆံရေးပေါ့။ တရုတ်ပြည်ကို ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ နိုင်ငံတကာဆက်ဆံရေးမှာ ချစ်ခြင်း၊ မုန်းခြင်းနဲ့ သိပ်မဆိုင်ဘူးဗျ။ ပါးပါးနပ်နပ်နဲ့  ဒီပလိုမေစီ ကစားရမှာပဲ။ ရေရှည်မျက်နှာမပျက်အောင် ဆက်ဆံရမှာပဲ။

ဒါကတော့ လက်ပံတောင်းတောင် အရေး သုံးသပ်ပြောဆိုမှုတချို့ကို လက်လှမ်းမှီသမျ တင်ပြခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)

ဒေါ်အောင်ဆန်းစုကြည် တုံရွာဒေသခံတွေနဲ့တွေ့ဆုံစဉ်။ (မတ် ၁၄၊ ၂၀၁၃)