This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, June 30, 2014

ပုခုံးလွယ်အိတ်မျိုးတွေကို ဖက်ရှင်အနေနဲ့ လွယ်လာကြ............




၁၃,၅ဝဝ

ဖက်ရှင်နဲ့ အလှအပကို ဦးစားပေးတဲ့ ဒီနေ့ခေတ်ရေစီးကြောင်းထဲမှာ လူကြီး၊ လူငယ် ကျား၊မ မရွေး ကျောင်းသားဆိုလည်း ကျောင်းသားအလျောက်၊ လုပ်ငန်းခွင်ထဲကသူတွေကလည်း လုပ်ငန်းခွင်အလျောက် သူတို့ရဲ့ နေ့စဉ်လှုပ်ရှား ဆောင်ရွက်နေကြတဲ့ လုပ်ငန်းဆောင်တာတွေမှာ အဝတ်အစားကို စမတ်ကျကျနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်စားဆင်ယင်လာကြတာကို တွေ့ရပါတယ်။

ဖက်ရှင်ကျအောင် ဝတ်စားဆင်ယင်တဲ့နေရာမှာ အဝတ်အစားအပြင် အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဦးထုတ်၊ ဖိနပ်၊ Accessories အစရှိတာတွေအပြင် နေ့စဉ်လှုပ်ရှားသွားလာမှုတွေထဲမှာ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတခုကတော့ အိတ်ပါပဲ။

အိတ်ဆိုရင် ကျောပိုးအိတ်၊ ဘေးလွယ်အိတ်၊ လက်ကိုင်အိတ် အစရှိသဖြင့် အမျိုးမျိုးရှိပြီး အဲဒီအိတ်ထဲကိုမှ ပိုက်ဆံအိတ်၊ ဖုန်း၊ ခေါက်ထီး၊ စာရေးကိရိယာ၊ တစ်ရှူး၊ မိန်းကလေးဆိုရင်လည်း အလှပြင်ပစ္စည်း အစရှိတဲ့ ပစ္စည်းပစ္စယတွေ၊ စုံစီနဖာတွေ ထည့်သို သယ်ယူဖို့အတွက် အိတ်ကို အသုံးပြုကြပါတယ်။

အိတ်ဟာ သယ်ဆောင်စရာပစ္စည်းတွေကို ထည့်သွင်းသယ်ဆောင်စရာတခုအဖြစ် အသုံးပြုနေကြတဲ့ အသုံးဝင် ပစ္စည်းတခုဖြစ်သလို ဖက်ရှင်အတွက်လည်း တနည်းအားဖြင့် ပံ့ပိုးပေးတဲ့ အရာတခုပါပဲ။

ဒီနေ့ခေတ် ဖက်ရှင် ရေစီးကြောင်းထဲမှာဆိုရင် အမျိုးသမီးတွေသာမကဘဲ အမျိုးသားအချို့ကပါ Tote လို့ခေါ်တဲ့ ပုခုံးလွယ်အိတ်မျိုးတွေကို ဖက်ရှင်အနေနဲ့ လွယ်လာကြတာကို တွေ့ရပါတယ်။

ရုံးတက်အလုပ်လုပ်ကြတဲ့ အမျိုးသားတွေ၊ အသက် ၂၀ကျော် လူငယ်အမျိုးသားတွေနဲ့ မော်ဒယ်၊ Dancer စတဲ့ အနုပညာနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အမျိုးသားတွေက စမတ်ကျတဲ့ဝတ်စားဆင်ယင်မှုပုံစံ၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး Free Style ဒါမှမဟုတ် ကိုးရီးယားဆန်တဲ့ K-pop style ဖက်ရှင်တွေနဲ့ လိုက်ဖက်အောင် ပုံစံအမျိုးမျိုးနဲ့ ကိုယ့်အထာနဲ့ကိုယ် ဆလင်းဘတ်လို လက်ကိုင်အိတ်တွေကို ဖက်ရှင်တခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြု ကိုင်တွယ်လာကြတာကို တွေ့ရပါတယ်။

ဒီလိုမျိုး ပုခုံးလွယ်အိတ်တွေကို ဆိုင်တချို့မှာ မြန်မာပြည်ရဲ့ မြန်မာကိုးရီးယားမင်းသားလို့ တင်စားထားတဲ့ “မင်းသားအောင်ရဲလင်း ကိုင်တဲ့အိတ်” လို့ လည်း သုံးစွဲခေါ်ဝေါ် ရောင်းချကြပါသေးတယ်။

လက်ကိုင်အိတ်တွေရဲ့ ဈေးနှုန်းတွေကတော့ နာမည်ရှိပြီးသား branded လက်ကိုင်အိတ်တွေဆိုရင် မိကျောင်းသားရေ၊ မြွေသားရေ အစရှိတဲ့ လယ်သာအသားတွေနဲ့ ချုပ်လုပ်ထုတ်လုပ်ထားတာကြောင့် ဈေးနှုန်းငါးသောင်းအထက်ကနေ  သိန်းဂဏန်းကျော်တဲ့အထိ အစားစားရှိပါတယ်။ နာမည်ကြီး အိတ် Brand အချို့ကတော့ Gucci, LV, Coach, Charles & Keith အစရှိတဲ့ brand တွေပါ။

ဈေးနှုန်းချိုသာပြီး ဒီဇိုင်းလှတဲ့ ပုခုံးလွယ်အိတ်နဲ့ လက်ကိုင်အိတ်တွေလည်း ရှိပါတယ်။ ဒီအိတ်တွေကတော့ branded အိတ် တွေလောက် အရည်အသွေးမမြင့်မားပေမယ့် ဈေးနှုန်းက ထောင်ဂဏန်း၊ သောင်းဂဏန်းဝန်းကျင်မို့ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏပေါ်မူတည်ပြီး ကြိုက်နှစ်သက်ရာ အိတ်ဒီဇိုင်းကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ဒီအိတ်တွေ အများစုကတော့ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင် အစရှိတဲ့နိုင်ငံတွေကနေ တင်သွင်းတဲ့ အိတ်တွေလို့ သိရပါတယ်။

ဒီတော့ ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေထဲမှာ ကျောပိုးအိတ်၊ ပုခုံးလွယ်အိတ်တွေကို အသုံးပြုရတာကို ရိုးအီလာပြီဆိုရင် ဖက်ရှင်လည်းကျ စတိုင်လည်းမိုက်မယ့် Tote ပုခုံးလွယ်အိတ်မျိုးတွေကို ပြောင်းသုံးဖို့ အကြံပြုချင်ပါတယ်။ ဒီတပတ်မှာတော့ ဈေးနှုန်းသင့်တင့်တဲ့ အမျိုးသားကိုင် အိတ်အချို့နဲ့ အမျိုးသမီးကိုင် အိတ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပုံမှာပြထားတဲ့ အမျိုးသား၊ အမျိုးသမီးကိုင် အိတ်တွေကို အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ 119 Fashion Complex မှာ သွားရောက် ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။

 

၁၇,၅ဝဝ
၂၄,ဝဝဝ
၁၇,၅ဝဝ
၁ဝ,၅ဝဝ
၂၄,၅ဝဝ
၁၂,၅ဝဝ
၉,၅ဝဝ


Saturday, June 28, 2014

ရိုမန်းဘော့ထ်ဖတ်အပြီး နောက်ဆက်တွဲ အတွေးများ ...................

 

       "ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊ အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။  အဆိုအမိန့်တွေတင် မကဘူး၊ နိုင်ငံရေး အခြေအနေတွေလည်း အတုံးလိုက်အတစ်လိုက် ထည့်ထားတယ်။ အဆိုအမိန့်တွေနဲ့ ဝတ္ထုတစ်ပုဒ် တည်ဆောက်နိုင်တယ်လို့ ယုံကြည်ပေမဲ့ ဝတ္ထုထဲမှာ စာရေးဆရာ အဆိုအမိန့်တွေကို ထည့်သုံးထားပုံက ချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ် မရှိလှဘူး။

ဒီစာအုပ်ထုတ်လို့ အာဏာပိုင်တွေက လိုက်ဖမ်းတယ် ဆိုတာတော့ လွန်လွန်းပါတယ်ဗျာ။ အောင်ရင်ငြိမ်းရဲ့ ဝတ္ထုကောင်းခြင်း မကောင်းခြင်း၊ တော်လှန်ရာ ရောက်ခြင်း မရောက်ခြင်းက တစ်ပိုင်း။ ညစ်ညမ်းတာ အကြောင်းပြ၊ ဘာသာရေးကို အကြောင်းပြပြီး ဖမ်းတာတွေ အကျင့်ပါမှာ ကြောက်ရတယ်။ ပြီးတော့ ဒါရေးလို့ သူ့ကို ဖမ်းမယ်ဆိုတာ မျှတမှုလည်း မရှိဘူး။ အဲဒါမျိုးကိုတော့ ဝိုင်းပြီး ကာကွယ်ပေးကြဖို့ လိုမယ်ထင်တယ်။"

  • လွတ်လပ်ခွင့် နဲ့ ပိတ်ပင်မှု

ဒါကတော့ ရိုမန်းဘော့ထ် မဖတ်ခင် ဟိုအရင်ကတည်းက တွေးခဲ့တဲ့ အတွေးမျိုးပါ။ သက်ဆိုင်နေလို့ ထည့်ရေးလိုက်ပါမယ်။

ရုပ်ရှင်ဇာတ်ကား တစ်ကားမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ ဇာတ်ဝင်ခန်း ပါတယ် ဆိုပါစို့။ လူငယ်တစ်ယောက်ဟာ အဲဒီ ဇာတ်ကားကို ကြည့်ပြီး ရုပ်ရှင်ထဲကအတိုင်း လိုက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ် ဆိုပါစို့။ လူတော်တော်များများက အဲဒီ ရုပ်ရှင်ကို တရားခံရှာကြလိမ့်မယ်။ တကယ်တော့ လောကကြီးက ကျယ်ဝန်းပြီး ဖြစ်ရပ်တွေ စုံလှပါတယ်။ အဲဒီ သေကြောင်းကြံသွားတဲ့လူဟာ အဲဒီ ရုပ်ရှင် မကြည့်ရလည်း လောကဓံရဲ့ တစ်ကွေ့ကွေ့မှာ တခြားတစ်ယောက်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သတင်းမျိုး ကြားတာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ ပါတဲ့ စာအုပ်တွေ ဖတ်ရတာ၊ သီချင်းတွေ နားထောင်ရတာ၊ ဒါမှမဟုတ် အဲလိုဖြစ်ရပ်ပါတဲ့ တခြားရုပ်ရှင်ကြည့်ရတာ မျိုးတွေ ကြုံချင်ကြုံမှာပဲ။ တကယ်တော့ အဲဒီ လူငယ် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းမှာ အဓိက အကြောင်းရင်းက လောကကို အရှုံးပေးလိုစိတ် ဖြစ်ချင်ဖြစ်မယ်၊ ပျော့ညံ့လွန်းတဲ့ စိတ်လည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ သတ်သေသွားတာလည်း ဖြစ်ချင်ဖြစ်မယ်။
သူများ နောင်တရအောင် လုပ်ချင်လို့ သတ်သေတာလည်း ဖြစ်ချင်ဖြစ်မယ်။ အချုပ်ကို ပြောရရင် အဓိက အကြောင်းရင်းက အဲဒီလူငယ်ရဲ့ စိတ်အနေအထားကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဖြစ်တယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့ အချိန်မှာ ရုပ်ရှင်ကို ကြည့်လိုက်ရတော့ အမြန် လုပ်ဖြစ်သွားတာမျိုးတော့ ရှိချင်ရှိမယ်။ ဒါပေမဲ့ အဲဒီလူငယ်ဟာ အဲဒီ ရုပ်ရှင်ကို မကြည့်ရလည်း သူ့မှာသာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ်တိမ်းညွတ်မှုမျိုး ရှိမယ်ဆိုရင် တစ်ကွေ့ကွေ့မှာ သူ့ကိုယ်သူ သတ်သေဖြစ်ဖို့ များပါတယ်။ အဲဒီလိုပဲ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ လိင်ဆက်ဆံတဲ့အခန်းပါတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ပြီး လက်တွေ့စမ်းတယ် ဆိုပါစို့။
တကယ်တော့ အဲဒီလူဟာ လိင်ဆက်ဆံတဲ့ ရုပ်ရှင်တို့၊ တခြားစာအုပ်တို့ကို တစ်ကွေ့ကွေ့မှာ တွေ့မှာပဲ။ အသက်မပြည့်သေးတဲ့သူတွေ မကြည့်ရ၊ မဖတ်ရ ဆိုတာမျိုး တားမြစ်တာ ရှိသင့်ပေမဲ့ အရွယ်ရောက်ပြီး လူတစ်ယောက်မှာ အဲဒီလူကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိက ကျပါတယ်။
လူတိုင်းဟာ ကိုယ့်တာဝန်ကိုယ် ယူသင့်ပါတယ်။ တစ်ဘက်မှာ လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်လည်း ရှိရမှာပေါ့။

ပိတ်ပင်တားမြစ်တာတွေမျိုးထက်... လူတစ်ယောက်၊ တရားခွေတစ်ခွေ၊ စာအုပ်တစ်အုပ်ရဲ့ လွှမ်းမိုးမှုကို လူ့အဖွဲ့အစည်းကြီးက အလွယ်တကူ မခံဖို့၊ ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ တုံ့ပြန်နိုင်ဖို့ပဲ အရေးကြီးတာပါ။။
ဒါက စာအုပ်အကြောင်းကနေ စစဉ်းစားရင်း ပေါ်လာတဲ့ အတွေးပါ။

  • စာအုပ်အပြင်အဆင်

အဖုံးကစပြီး ပြောရရင် “NC-18” လို့ တပ်ထားပြီးရင် “Not For Conservatives” ဆိုတာနဲ့ “Adult Fiction” ဆိုတာက မလိုတော့ဘူး ထင်တယ်။ အောင်ရင်ငြိမ်းက လူ့အဖွဲ့အစည်းကို သစ်စေချင်လို့ လုပ်တာလို့ သူကိုယ်တိုင် ဆိုခဲ့တယ် မဟုတ်လား။ ဒါဆို ရှေးရိုးစွဲတွေ မဖတ်ရဘူးဆိုပြီး လုပ်တာ လွဲသလို ဖြစ်နေတယ်။ ဒီစာအုပ်ကို အောင်ရင်ငြိမ်းလို တူတဲ့အတွေးအခေါ်ရှိတဲ့လူတွေပဲ ဖတ်တော့ ဘာများထူးလာမှာလဲ။ သူမရေးခင်ကတည်းက အဲဒီလူတွေမှာ ဒါမျိုး အယူအဆတွေ ရှိနေပြီလေ။ လက်ခုပ်သံ ရရုံကလွဲလို့ ဘာများ ပြုပြင်ပြောင်းလဲမှု ဖြစ်လာမှာလဲ။ (ဒီနေရာမှာ အနုပညာဟာ ဘာအတွက်မှ မဟုတ်ဘူးလို့ ဆင်ခြေပေးရင်တော့ ရတယ်။ ဒါဆိုရင်လည်း လူ့အဖွဲ့အစည်းကြီး သစ်ဖို့တို့ ဘာတို့ ဘာလို့လျှောက်ပြောနေမလဲ။)

ယူဆကြည့်လို့ ရတာ တစ်ခုက “Not For Conservatives” ဆိုမှ ရှေးရိုးစွဲတွေ ပိုဖတ်ချင်လာအောင် စတန့်ထွင်လိုက်တာလို့ ခန့်မှန်းကြည့်လို့ရတယ်။ ဒါမှ ဖတ်ချင်တဲ့သူ ပိုများလာမယ်လေ။
နောက်တစ်ခုက “Adult Fiction” ဆိုပြီး စာရေးသူကိုယ်တိုင် တံဆိပ်ကပ်လိုက်တဲ့ ကိစ္စ။ အဲဒီလို တပ်လိုက်တော့ အပြာဆန်ဆန် သဘော သက်ရောက်သွားစေတယ်။ “Adult Fiction” ဆိုရင် လူတိုင်းက အပြာစာအုပ်လို့ ရုတ်တရက် တွေးကြမှာပဲ။
ကိုယ့်စာအုပ်ကို အပြာစာအုပ်လို့ အထင်မခံချင်ရင် စာရေးသူကိုယ်တိုင်က “ကဗျာဆရာ တစ်ယောက်ရဲ့ ဆိုက်ကို နောက်ခံ ဝတ္ထု” လို့ပဲ ရေးလိုက်တာ ပိုကောင်းမယ်။
အခုတော့ ကိုယ့်စာအုပ်ကိုယ် နှိမ်လိုက်သလိုဖြစ်သွားတယ်။ လူတွေကို လိင်ကိစ္စအကြောင်းအသားပေးလို့ မြင်လာစေပြီးတော့ ဖတ်လာကြအောင် ဆွဲဆောင်တာလားလို့လည်း တွေးကြည့်မိတယ်။

  • အမှာစာ

        အစဉ်အလာတွေကို ရိုက်ချိုးတဲ့ စာအုပ်လို့ ဆိုထားပေမဲ့ အမှာစာဆိုတဲ့ အစဉ်အလာကိုတော့ လိုက်ထားတယ်။ ဒီနေရာမှာ ကြားဖြတ်ပြီး ပြောရရင် မြန်မာစာအုပ်တွေရဲ့ အမှာစာတချို့က ပေရှည်လွန်းတယ်။ စာအုပ်နဲ့ မဆိုင်တာတွေလည်း ပါတတ်တယ်။ တစ်ခါတစ်ခါကျလည်း အမှာစာတွေက စာဖတ်သူအပေါ် ဆရာလုပ်လွန်းတယ်။ ဒါပေမဲ့ တစ်ဘက်မှာလည်း မှတ်သားစရာလေးတွေ ပါတဲ့ အမှာစာတွေလည်း ရှိပါတယ်။

စာအုပ်ရေးတဲ့သူတွေကလည်း နာမည်ကြီးတွေရဲ့ ဝိတ်လိုချင်တော့ အမှာစာ မရမက ရေးခိုင်းတာမျိုးရှိတယ်။ အမှာစာရေးပေးဖို့ မျက်နှာချို သွေးကြရရှာတယ်။ အမှာစာကို ဖျစ်ညှစ်ပြီး ရေးနေရတယ်ဆိုတာမျိုးလည်း တစ်နေ့က ဖတ်လိုက်ရတယ်။ ရယ်တော့ ရယ်ရတယ်။ မှာစရာ ထွေထွေထူးထူး မရှိရင် မှာမနေနဲ့တော့ပေါ့။ ပြီးတော့ အမှာစာ အများစုက ဟန်ဆောင်ပန်ဆောင်များတယ်လို့ ခုနောက်ပိုင်း ခံစားလာရတယ်။ အစဉ်အလာကို ရိုက်ချိုးတဲ့ဝတ္ထုဆိုတော့ တကယ်လို့ အဲလို အပေါ်ယံ ဟန်ဆောင်မှု အားလုံးကို ရိုက်ချိုးရင် ပိုကောင်းမယ်။

ဒါပေမဲ့ ထုတ်ဝေသူက ရေးချင်လို့ ဖြစ်စေ (သူက ပိုက်ဆံစိုက်မှာကိုး)  ပြောစရာ တစ်ခုခု ရှိနေလို့ ဖြစ်စေ ရေးတာမျိုးကတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ များသောအားဖြင့်တော့ စာဖတ်သူကို ဆရာလုပ်တာတွေ၊ စာရေးသူကို စွတ်မြှောက်ပေးထားတာတွေ၊ မဆိုင်တာတွေ၊ (တခါတခါဆို) အမှာစာရေးတဲ့သူက စာအုပ်ရေးတဲ့သူကို အပေါ်စီးကနေ ဆရာကြီးဆန်ဆန် သုံးသပ်ချိုးနှိမ်ရေးတာမျိုးတောင် ဖတ်ဖူးသေးတယ်။

အမှာစာဆိုတာ နိုင်ငံတကာမှာလည်း ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ လေးငါးမျက်နှာလောက် ရှည်တာတွေတော့ မတွေ့ဖူးဘူး။ တွေ့လည်းမဖတ်ဖြစ်ဘူး။ များသောအားဖြင့်တော့ နိုင်ငံတကာ စာအုပ်တွေမှာ ထည့်ကြတာက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအများကြီးဆီက စာတစ်ကြောင်း နှစ်ကြောင်းလောက်စီ စုထည့်ထားတာမျိုးများတယ်။ ဒါမှလည်း ကြေညာရာ ရောက်ပြီး ရောင်းကောင်းမှာကိုး။

(မှတ်ချက်။ ကျွန်တော် ပြည်ပမှာ စာအုပ်ထုတ်တုန်းက အမှာစာ ထည့်ပါတယ်။ အဲဒီတုန်းက ဒါမျိုးအတွေးလည်း မရှိသေးဘူး။ အဲဒီတုန်းက အမှာစာ ရေးတဲ့သူက ထုတ်ဝေသူရယ်၊ ကျွန်တော်ကိုယ်တိုင်ရယ်ပါ။ ထုတ်ဝေတာကလည်း စာကြည့်တိုက်က ကျောင်းသွားတွေမို့ အဲဒါမျိုး အမှာစာကိုတော့ ကျွန်တော် မြတ်နိုးပါတယ်။ ဒီတော့ တခြားသူတွေလည်း သူတို့ မြတ်နိုးတဲ့ စာရေးဆရာတွေကို တလေးတစား အမှာစာ တောင်းတာဖြစ်လိမ့်မယ်လို့ ခံစားနားလည် ပေးမိပြန်ရော။ ကျွန်တော့် ကဗျာစာအုပ်မှာ ကျွန်တော်ကိုယ်တိုင် အမှာစာ ရေးခဲ့ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ စာအုပ်မှာ “ကျွန်တော်” “ကျနော်” ဆိုပြီး သတ်ပုံနှစ်မျိုး တမင်တကာ သုံးထားတာကို ရှင်းချင်လို့ပါ။ တကယ်တော့ ကိုယ့်ဘာသာရေးထားခဲ့တဲ့ အမှာစာကို အခုချိန် ပြန်ဖတ်ကြည့်တော့လည်း သိပ်အဓိပ္ပါယ် မရှိလှပါဘူး။ ကိုယ်ကျတော့လုပ်ပြီး သူများကျမှ ဝေဖန်သလိုဆိုတော့ hypocrite လို့ ကျွန်တော့်ကို ပြောလည်း ခံရမှာပဲ။ ဟုတ်လည်း ဟုတ်နေတာပဲလေ။ တကယ်တော့ အစဉ်အလာတွေကို ဆန့်ကျင်ရတယ်ဆိုတာ အပြောသာလွယ်ပြီး လက်တွေ့လုပ်ဖို့ကျတော့ ပေးဆပ်ရတာတွေ ရှိတာကိုး)

အမှာစာဆိုတဲ့ ဓလေ့က တကမ္ဘာလုံး လုပ်နေကြပေမဲ့၊ စာအုပ်ရောင်းထွက်ဖို့ လိုအပ်ပေမဲ့ အဲဒီလို ဝိတ်သုံးရတဲ့ အစဉ်အလာကြီးကိုတော့ သဘောမကျဘူး။ ဒါပေမဲ့ အခြေအနေအရ လုပ်ကြရတာတွေကိုတော့ နားလည်ပေးလို့ရပါတယ်။
(မှတ်ချက်။ ။ ဆရာမြသန်းတင့်ရဲ့ အမှာစာ အရှည်ကြီးတွေ၊ ဆရာ တာရာရဲ့ အမှာစာ အရှည်ကြီးတွေကိုတော့ နှစ်သက်ပါတယ်။ သူတို့က စာဖတ်သူအပေါ် စေတနာထားပြီး ရေးတဲ့ အမှာစာတွေကိုး။ ဖတ်မိသလောက်က စာဖတ်သူတွေကို ငတုံးလို့ သဘောထားတဲ့ အမှာစာမျိုးတွေ မဟုတ်ဘူး။ ဒါတောင် သူတို့လည်း တခါတခါ စာအုပ်နဲ့ ဘာမှ မဆိုင်တာတွေကို စာရေးသူကို အားမနာဘဲ အမှာစာမှာ ရေးထားကြတာတွေ ရှိသေးတယ်)

မင်းခက်ရဲတို့ မလေးတို့ရဲ့ အမှာစာထဲမှာ တွေးစရာလေးတွေ ထုတ်နုတ်ပြထားတာတွေ၊ သုံးသပ်ပြထားတာတွေထဲမှာ သဘောမတူတာတွေ ပါပေမဲ့ သူတို့အတွေးတွေ သိရလို့ ဗဟုသုတတော့ ရပါတယ်။

မလေး ရဲ့ အမှာစာကတော့ အလွန်အကျူး ညွှန်းဆိုသလိုရှိတယ်။ ကျူးလွန်ချိုးဖောက်မှု မပါတာကို ပုပ်ပွနေတဲ့ ရေသေအိုင်နဲ့  တင်စားထားသေးတယ်။ ပြီးတော့ ရိုမန်းဘော့ထ်ဟာ လူသားသစ်၊ မိုးကုပ်စက်ဝိုင်းသစ်နဲ့ ကမ္ဘာသစ်ကို ဖျတ်ခနဲ လှမ်းမြင်ထားပြီးပြီတဲ့။ ကျန်တဲ့သူတွေကရောတဲ့။ စိန်ခေါ်ထားတာလား၊ ရိုးရိုးမေးခွန်းထုတ်လိုက်တာလားတော့ မသိ။

  • Sexism

ဝတ္ထု စစချင်း စာ(၂၈) အောက်ဆုံးနားနဲ့ စာ (၂၉) အပေါ်ဆုံးမှာ မိန်းမတွေကို နှိမ်ထားတဲ့ sexist ဖြစ်တဲ့ ကွန်ဆာဗေးတစ် ဆန်တာကို စတွေ့တယ်။ အမှာစာရေးတဲ့ စာရေးဆရာမ မလေး ကဇာတ်ကောင် ရိုမန်းဘော့ထ် ကမ္ဘာသစ်ကို ရောက်ပြီလို့ ပြောပေမဲ့၊ ဇာတ်ကောင်ကာ ကမ္ဘာဟောင်းဖြစ်တဲ့၊ အမျိုးသမီးတွေကို ချိုးနှိမ်တဲ့ ကမ္ဘာမှာ ကျန်နေတုန်းပဲ။
ဇာတ်ကောင်ကလည်း ဝန်ခံထားပါတယ်။ မိန်းမတွေကို အဆိုးမြင်တတ်တဲ့ ရိုမန်းဘော့ထ် တစ်ကောင်ပါတဲ့။ မိန်းမတွေကို အထင်မကြီးဘူးဆိုတာတွေ၊ မိန်းမဆန်တယ် ဆိုတာတွေနဲ့ နှိမ်ထားတယ်။ ဒါပေမဲ့ အဲဒီလို မိန်းမဆန်တဲ့ စရိုက်သဘာဝ၊ အတင်းအဖျင်းပြောတဲ့ စရိုက်သဘာဝ က ခေတ်သစ် ယောကျာ်းတစ်ချို့မှာလည်း ရှိတယ် တဲ့။
မဟော်မုန်းဓာတ်တွေ လွန်ကဲနေတဲ့ ငနဲတွေတဲ့။ ဒီနေရာမှာတော့ ရိုမန်းဘော့ထ်ဟာ (အောင်ရင်ငြိမ်းကို ပြောတာ မဟုတ်ဘူးနော်။ ဇာတ်ကောင်ကို ပြောတာ) ကွန်ဆာဗေးတစ်လို့ ပဲ မှတ်သားလိုက်ရတော့တယ်။ ဒါပေမဲ့ စာအုပ်ရဲ့ တချို့နေရာတွေမှာ ကျတော့လည်း sexism ကို ဆန့်ကျင်ထားပြန်ရော။

  • လိင်ဆက်ဆံခန်း နဲ့ အပျိုစင်အယူ ပယ်ချမှု

ခုနက sexist ဖြစ်တဲ့၊ အမျိုးသမီးတွေကို နှိမ်တဲ့ ဇာတ်လမ်းစဉ် အပြီးမှာတော့ လိင်ဆက်ဆံတာကို အသေးစိတ်ရေးပြထားတယ်။ တကယ်ကတော့ မထည့်လည်း ရတဲ့ ဇာတ်ဝင်ခန်းမျိုး။ အဲဒီ ဇာတ်ဝင်ခန်းမှာ metaphor နဲ့ လှလှပပ ဖွဲ့ထားတာမျိုးလည်း မရှိဘူး။ ဒါကိုတော့ နားလည်ပေးလို့ရတယ်။ ဇာတ်လမ်းအတွက် မလိုအပ်လှပေမဲ့ သူက လိင်ကိစ္စဆိုတာ ရှက်စရာ ရွံစရာ မဟုတ်ဘူးဆိုတဲ့ မက်ဆေ့မျိုး၊ ဟန်ဆောင်မှုတွေကို ရိုက်ချိုးချင်တာ မဟုတ်လား။

အပျိုစင်ဖြစ်နေရမယ် ဆိုတဲ့ အယူအဆကို ပယ်ချတာမျိုးတော့ လက်ခံပါတယ်။ ဒါကလည်း တော်လှန်ရေး တစ်ရပ်တော့ မဟုတ်ပါဘူး။ အထူးအဆန်း အမှတ်ပေးရလောက်အောင်တော့ မဟုတ်ဘူး။ လက်တွေ့အပြင်လောကမှာ သဘောထားပြည့်ဝတဲ့ ယောကျာ်းတော်တော်များများ အဲလိုသဘောထား ရှိကြတာပဲ။

  • Anarchism အငွေ့အသက် နည်းနည်း

အောင်ရင်ငြိမ်းရဲ့ အခန်း(၂) မှာ Anarchism (မင်းမဲ့ဝါဒ) အငွေ့အသက်လေးတွေတော့ ထင်ဟပ်နေတယ်။ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ထားတာမျိုး ပြောထားတာတွေ ပါတယ်။ ဒါပေမဲ့ အယူအဆသစ် တစ်ခုတော့ မဟုတ်ပါဘူး။ ဒီအချက်လေးတွေ ရေးပြရုံနဲ့တော့ ဒီဝတ္ထုကို တော်လှန်ဝတ္ထုအဖြစ် အမှတ်ပေးစရာ အကြောင်းမရှိဘူး။
ပြီးတော့ မတရားတဲ့ ဥပဒေအကြောင်း ပါးပါးလေး ထည့်တာမျိုးထက် အတုံးလိုက် အတစ်လိုက် ရေးသွားသလို ခံစားမိတယ်။ Anarchism အငွေ့အသက် ပါတယ် ဆိုပေမဲ့ တကယ့် anarchism တော့ မဟုတ်ဘူး။
Anarchist တွေက ဥပဒေဆိုရင် လုံးဝကို လက်မခံတာ။
အခြေခံဥပဒေဆိုတာ ဥပဒေ ဖြစ်နေတဲ့ အတွက်ကို ပယ်ချကြတာ။ ဒီထဲက ဇာတ်ကောင်ကတော့ တကယ် တရားမျှတဲ့ ဥပဒေ ဆိုတာ ရှိသင့်တယ်လို့ ဆိုထားတယ်။

 အသစ်အဆန်း ဘာတစ်ခုမှ မရလိုက်ပေမဲ့ ဒီအခန်းက ဖတ်လို့တော့ အဆင်ပြေတယ်။

  • မတရားတဲ့ ဥပဒေတွေလည်း ရှိတယ်

အမျိုးသားနဲ့ အမျိုးသမီး အိပ်လိုက်တဲ့အခါ အမျိုးသားက အမြတ်ထွက်ပြီးတော့ အမျိုးသမီးက နစ်နာသွားတယ် ဆိုတဲ့ အယူအဆကို ဇာတ်ကောင်က ပယ်ချထားတယ်။ ကျွန်တော်လည်း အဲလိုပဲ တွေးတယ်။ ဒါလည်း အတွေးအခေါ် အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အများစုက မိန်းကလေးတွေ နစ်နာတယ်လို့ တွေးကြတာ မှန်ပေမဲ့ အပြင်လောကမှာ မိန်းကလေးတွေ အပါအဝင် တော်တော်များများက ဘယ်သူမှ မနစ်နာဘူးလို့ပဲ တွေးပြီး အိပ်နေကြတာတွေ ရှိတာပဲ။ မြန်မာနိုင်ငံမှာလည်း ရှိတယ်။ နစ်နာတယ် ထင်ရင်မိန်းကလေး တော်တော်များများက အိပ်မှာမဟုတ်ဘူး။ အိပ်ပြီး ယောကျာ်းလေးကို ပစ်သွားတဲ့ မိန်းကလေးတွေတောင် ရှိသေးတယ်။ တစ်ခုတော့ ရှိတယ်နော်။ ကိုယ်ဝန်ရသွားတဲ့ ကိစ္စမျိုးမှာ ယောကျာ်းလေးက ပစ်သွားတာမျိုးဆိုရင် မိန်းကလေးဘက်က တော်တော်နစ်နာပါတယ်။ အဲဒါမျိုး ပစ်သွားတာကိုတော့ လက်ခံပေးလို့ မရဘူး။

တရားဥပဒေတွေ မျှတမှု မရှိတာကိုလည်း ဇာတ်ကောင်က ထောက်ပြထားတယ်။ ဒါကလည်း လူတိုင်းသိနေတဲ့ ကိစ္စဆိုတော့ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

  • အထွေထွေ

၉၆၉ နဲ့ မဘသ ကို ဆန့်ကျင်ထားတာလည်း ပါတယ်။ အနောက်ဘက် ခြံစည်းရိုးတစ်ဝိုက်မှာ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး လူသားအသိအမြင်တွေ ပျောက်ကွယ်နေတယ် ဆိုတာ ရေးထားတယ်။ “အမှောင်ခေတ်လွန် သို့မဟုတ် အရူးခေတ်လွန် ၉၆၉ စင်တီမီတာ” တဲ့။ ဘာပဲဖြစ်ဖြစ် အသစ်အဆန်းမဟုတ်ပေမဲ့ လူသားဝါဒလေး ရှိနေတာကိုတော့ အသိအမှတ်ပြုမိတယ်။ ဒါပေမဲ့ အဲလိုဟာတွေ ထည့်ထားပုံက သက်သက်၊ ဝတ္ထုက သက်သက်လို တခြားစီ ဖြစ်နေတယ်။ အတင်းကြီး ညှပ်ထည့်ထားသလိုဖြစ်နေတယ်။


 ကြားထဲမှာ အိုရှိုးအယူအဆတွေ ထည့်ထားတယ်။ ဒါကလည်း အိုရှိုးဖတ်ဖူးပြီးသားသူတွေ အတွက်ဆို သိပ်အထူးအဆန်းမဟုတ်ပါဘူး။

စာမျက်နှာ ၁၁၁ မှာတော့ အသစ်အဆန်း မဟုတ်ပေမဲ့ လှပတဲ့ သဘောထားလေးကို တွေ့ရတယ်။ စံနှုန်းတွေကို ပစ်ပယ်ထားတဲ့ ဇာတ်ကောင် ရိုမန်းဘော့ထ်ရဲ့ စံနှုန်းတစ်ခုကို ဖတ်လိုက်ရတယ်။ “ဟင့်အင်း… သူတို့ကို (ယေဘုယျကျင့်ဝတ်တွေကို လိုက်နာတဲ့သူတွေကို) ကွန်ဆာဗေးတစ်တွေလို့ ကိုယ်မစွပ်စွဲချင်ပါဘူး။
သူတို့အမြင်မှာ အဲဒါကို ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားလို့ ယုံကြည်နေမယ်ဆိုရင် ကောင်းမှုလို့ သတ်မှတ်ထားမယ်ဆိုရင် ကောင်းတဲ့အပြုအမူကို လုပ်တာကို ကိုယ့်အနေနဲ့ အပြစ်တင်စရာမှ မလိုအပ်တာ။ သူတို့ တန်ဖိုးစံနှုန်းနဲ့ သူတို့ လွတ်လွတ်လပ်လပ် ပြုမူကျင့်ကြံ နိုင်ပါတယ်။
အဲ…. ဒါပေမဲ့ သူတို့က သူတို့သာ ကောင်းမွန်မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားပိုင်ရှင်တွေဖြစ်တယ်။ သူတို့ ကိုင်စွဲထားတဲ့ ကိုယ်ကျင့်တန်ဖိုးစံနှုန်းတွေနဲ့ သွေဖည်နေတဲ့သူတွေကို ကိုယ်ကျင့်တရား ပျက်ယွင်းနေသူတွေလို့ စွပ်စွဲပြောဆိုလာမယ် ဆိုရင်တော့ ကိုယ်ဆန့်ကျင်ငြင်းဆန်ရလိမ့်မယ်” တဲ့။

“ကိုယ့်တန်ဖိုးစံနှုန်းကိုမှ အမှန်တရား၊ ကောင်းမှုလို့ စွဲလမ်းဆုပ်ကိုင်ထားပြီး ကိုယ်နဲ့မတူတဲ့ တခြားတန်ဖိုး စံနှုန်းတွေကို အမှား၊ မကောင်းမှုလို့ သတ်မှတ်ယူဆမယ်ဆိုရင်၊ ဥပမာ မိစ္ဆာဒိဌိလို့ ပြောမယ်ဆိုရင် အဲဒါ တရားမျှတမှု မရှိတဲ့ အပြုအမူ တစ်မျိုးပဲလေ” ဆိုပြီး ရေးထားပါတယ်။

အဲဒီနောက်မှာတော့ အိုရှိုးက စကားဝိုင်းထဲ ဝင်လာပြန်ရော။ ဒါပေမဲ့ ဒဿနတွေကို အတုံးလိုက် အတစ်လိုက် ချပြဖို့အတွက် အတင်းကြီး ညှပ်ထည့်ထားသလိုဖြစ်နေတယ်။ (ဇာတ်လမ်းထဲက) အိုရှိုးက ဝင်ပြောတယ်။ “ခင်ဗျားတို့ လူ့အဖွဲ့အစည်းမှာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ပေါ်ပေါက်ခဲ့တဲ့ အစဉ်အလာ ကိုယ်ကျင့်တရား၊ လူမှုကျင့်ဝတ်၊ အတွေးအခေါ်ဟောင်းတွေရဲ့ ဆုံးမသွန်သင်မှုတွေပဲ လွှမ်းမိုးကြီးစိုး အမြစ်တွယ်နေတာ” တဲ့။  Gay Right ကို ထောက်ခံထားပြီး ပုဒ်မ-၃၇၇ ကို ဆန့်ကျင်ထားတယ်။ သိပ်အထူးအဆန်း မဟုတ်ပေမဲ့ တိုးတက်တဲ့ အမြင်လို့တော့ ပြောရမှာပေါ့။

အခန်း (၁၁) မှာတော့ ရပ်ဆဲလ် တို့ အိုရှိုးတို့ မြသန်းတင့်တို့ရဲ့ စာအုပ်တွေအပြင် ရိုမန်းဘော့ထ်စာအုပ်ကို အမှာစာ ရေးပေးထားတဲ့ မင်းခက်ရဲ တို့ မလေး တို့ရဲ့ စာအုပ်တွေထဲမှာ ဇာတ်ကောင် ရိုမန်းဘော့ထ်က စိတ်အာရုံ နှစ်မြှုပ်ထားသတဲ့။ သြော်….ရိုမန်းဘော့ထ်က အောင်ရင်ငြိမ်းရဲ့ စာအုပ် မဖတ်လို့တော်သေး။ :D

ဇာတ်လိုက်တစ်ယောက်တည်း တစ်ကိုယ်တော် ဆန္ဒပြတဲ့အခါမှာပြောတဲ့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုတည်းကပဲ တရားမျှတမှုကို ထိခိုက်စေတာ မဟုတ်ဘူး၊ တခြား ဥပဒေ အဟောင်းအနွမ်းတွေကလည်း တရားမျှတမှုကို ထိခိုက်စေတယ် ဆိုတာတော့ သဘောကျတယ်။

ဇာတ်သိမ်းလေးလည်း မဆိုးပါဘူး။

ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊ အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။  အဆိုအမိန့်တွေတင် မကဘူး၊ နိုင်ငံရေး အခြေအနေတွေလည်း အတုံးလိုက် အတစ်လိုက် ထည့်ထားတယ်။ အဆိုအမိန့်တွေနဲ့ ဝတ္ထုတစ်ပုဒ် တည်ဆောက်နိုင်တယ်လို့  လက်ခံနိုင်ပေမဲ့ ဝတ္ထုထဲမှာ စာရေးဆရာ အဆိုအမိန့်တွေကို ထည့်သုံးထားပုံက ချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ် မရှိလှဘူးလို့ ထင်တယ်။

အတွေးအခေါ် တော်လှန်ရေးလို့ ပြောရအောင်ကျတော့လည်း ဒီဝတ္ထုထဲက အတွေးတွေဟာ တစ်ချို့တွေအတွက်တော့ ခုမှ အသစ်အဆန်း ဖြစ်နေနိုင်ပေမဲ့ တကယ်တော့ အသစ်အဆန်းမဟုတ်ပါဘူး။ အဆိုအမိန့်တွေ များလွန်းတော့ ကိုယ်ပိုင်အယူအဆ နည်းသလိုလည်း ဖြစ်နေတယ်။ ပါတဲ့ ကိုယ်ပိုင်အယူအဆတွေကလည်း အသစ်အဆန်းတော့ မဟုတ်လှပါဘူး။ ဒါပေမဲ့လည်း ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ လုပ်ပုံ၊ လူအများစုရဲ့ တွေးပုံခေါ်ပုံတွေကြောင့် ဒီလောက်လေးကပဲ တော်လှန်ရေးတစ်ရပ်လိုတောင် ဖြစ်သွားရော။

ကောင်းကင်ကို (ဇွန် ၂၇၊ ၂၀၁၄)



ဒီဝေဖန်ချက်ကို ကောင်းကင်ကိုရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ဖတ်ရှုနိုင်ပါတယ်။ ဧရာဝတီဘလော့မှာ ပြန်လည် ဖော်ပြဖို့ သူ့ဆီက ခွင့်ပြုချက် ရယူခဲ့ပါတယ်။
တခြားသော စာရေးသူတချို့ရဲ့ ဝေဖန်ချက်တွေကိုလည်း ခွင့်ပြုချက်ရရင် အလျဉ်းသင့်သလို ဒီဘလော့မှာ ပြန်လည် ဖော်ပြဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်

http://burma.irrawaddy.org/opinion/viewpoint/2014/06/20/60694.html
http://blog.irrawaddy.org/2014/06/blog-post_1279.html မှ ....

Saturday, June 7, 2014

ကြိုးတိုက် ဋီကာ (၅) ......................


Friday, June 6, 2014
ကြိုးတိုက်နေ ကြိုးသမားတဦးအတွက် ကြိုးစင်ဆိုတာကိုတော့ မြင်ဖူးတွေ့ဖူးချင်တဲ့ အာသီသက ပြင်းပြ ခဲ့တယ်။ ဒါကြောင့် အစောင့် အကြပ် အထပ်ထပ်နဲ့ ရေချိုးဆင်းတဲ့ အချိန်မှာ ကြိုးစင်ကို မရောက်ရောက်
အောင် အလည်သွားခဲ့ ဖူးတယ်။ ကြိုးသမားတဦး အတွက် ကြိုးစင်ကို သွားကြည့်ရတာလည်း ထောင်တွင်း စွန့်စားခန်း တခုပါ။ 

-ထောင်တွင်း တနေရာ၊ ဓာတ်ပုံ/ဧရာဝတီ

အင်းစိန်ထောင်ရဲ့ ကြိုးစင်ဟာ တိုက် ၅ တိုက်ရှိတဲ့ တိုက်ဝင်းနဲ့ ကပ်လျက်၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်း သား အများစု ရှိကြတဲ့ ၅ တိုက်နဲ့ အတော် နီးပါတယ်။ အမျိုးသမီး ကျွန်းတိုက်၊ ကြိုးတိုက်နဲ့လည်း အနီးဆုံး တည်ရှိတာပါ။ နံရံတွေ၊ ဆူးကြိုးတွေ ကာရံ ထား ပေမယ့် ကြိုးစင်ဟာ အမှတ် ၁ တောင်ယာထဲမှာ တည်ရှိ တာ မို့ တောင်ယာတွေကို ဝင်ထွက် သွားလာလို့ ရတဲ့ သံတံခါးတချပ် ရှိပါတယ်။ 

အဲဒီ သံတံခါးချပ်ကတဆင့် ကြိုးစင်ရှိရာကို မိုးသည်းထန်တဲ့ တနေ့မှာ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ခဲ့ ပါတယ်။ အယူခံတွေ၊ စောဒ က တွေ ရှုံးပြီး နောက်ဆုံး ကြိုးပေး အသတ်ခံရမယ့် နေရာရပ်ဝန်းဟာ ကွင်းပြင်ထဲမှာ ထီးထီးမားမား ရှိနေပါတယ်။ 

စစ်အစိုးရ တက် ပြီးနောက် ကြိုးစင်ကို မွမ်းမံထားတာ တွေ့ရတယ်။ အင်းစိန်ထောင် ကြိုးစင်ဟာ လူ ၂ ဦး ကို တပြိုင်တည်း ကြိုးပေးသတ်လို့ ရတဲ့နေရာလည်း ဖြစ်ပါတယ်။ လှေကား ၄၊ ၅ ထစ်လောက် အမြင့်ကို တက်သွားရင် တဖက်တချက် သံတိုင်တွေနဲ့ ကြိုးပေးတဲ့ သံပေါင်တန်း တခုလည်း ရှိပါတယ်။ 

ကြမ်းပြင်ကတော့ တံခါးတချပ်လို မောင်းတံတွေ၊ တံခါးမင်းတုပ် တွေနဲ့ပါ။ ကြိုးစင်ရဲ့ အခြေမှာတော့ ကြိုးပေး တဲ့ အခါ အဓိက အသုံးပြုတဲ့ ဒေါက်တိုင်နဲ့ ဒေါက်လို့ ခေါ်တဲ့ မောင်းတံ ရှိပါတယ်။ မောင်းတံ ကို ဖြုတ်လိုက်ရင် ကြမ်းပြင်ပေါ် မတ်တတ်ရပ်နေတဲ့ ကြိုးပေးခံရမည့်သူဟာ တံခါးချပ်လို ရှိနေတဲ့ ကြမ်း
ပြင်ပေါ် ခြေလွတ်သွားပြီ ဆိုတော့ လေဟာပြင်ထဲ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေပွဲဝင်ရမယ့် ပုံပါ။ 

ကြိုးစင်ရဲ့ ကြမ်းခင်းအောက်မှာ အခန်းတခန်းလည်း ရှိနေပြီး အဲဒီအခန်းထဲမှာ လူသေကို အသက် သေ တယ်၊ မသေဘူး စစ်ဆေးဖို့ အလောင်းတင် ကျောက်ခုံတခုလည်း တွေ့ရတယ်။ ကြိုးသမားတွေရဲ့ လူ့
လောက နောက်ဆုံးနေရာဟာ တကယ်တော့ အေးဆေး တိတ်ဆိတ်နေပြီး အကျဉ်းသား တချို့လည်း ကြိုးစင်ရှိရာ နေရာမှာ ထမင်းစားကြ၊ ဆေးလိပ်သောက်ကြ၊ တချို့ မူးယစ်ဆေး သုံးတာတွေနဲ့ လောင်း ကစား လုပ်တာမျိုးတွေလည်း ရှိတယ်လို့ ဝါရင့်ထောင်သားကြီးတွေက ဖောက်သည်ချ ပါတယ်။ 

ဒီကြိုးစင်မှာ လုယက်၊ လူသတ်၊ အလောင်းဖျောက်၊ မုဒိမ်းကျင့်သူ ဆိုတဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကိုသာ မက နိုင်ငံရေးနဲ့ ပတ်သက်ပြီး သေဒဏ် ကျခံရသူတွေကိုလည်း ကြိုးပေးသတ်ခဲ့ ပါတယ်။ 

ဒီကြိုးစင်မှာ အာဇာနည်ကြီးတွေကို လုပ်ကြံမှုနဲ့ ဂဠုန်ဦးစော၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့်၊ ၁၉၇၄ – ၇၅ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးတို့လည်း အသက်ဆုံးပါး သွားခဲ့ကြတဲ့ နေရာပါ။ 

အင်းစိန် ထောင်တွင်းမှာ တိုက်ဝန်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားသလို သေဒဏ်ကျ အကျဉ်းသားတွေနဲ့ နာမည်ကြီး အကျဉ်းသား တွေ ထားရာ ကြိုးတိုက်ဟာ ပိုပြီး နာမည်ကြီးတယ်လို့ ပြောရမှာပါ။ 

ကြိုးတိုက်ထဲမှာ ၁၉၈၈ ခုနှစ် တုန်းက နာမည်ကြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထားသလို နဝတ စစ်အစိုးရရဲ့ နာမည်ကြီး ဝါဒဖြန့်ချိရေး သတင်းစာရှင်းလင်းပွဲ ဖြစ်တဲ့ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် များထဲ က ဇာတ်ကောင်တွေ စုဝေး ရှိနေပါတယ်။ 

ကြိုးတိုက်ထဲ ကျနော့်အရင် ရောက်နေကြသူ တွေကပဲ ကျနော့်ရဲ့ ကြိုးသမားဘဝ အစပျိုး နေ့ရက်တွေရဲ့ 
ထောင်ဝင်စာ တွေ့ခွင့် မရသေးတဲ့ ကျနော်တို့ ရဲ့ဝမ်းရေးကို အကူအညီ ပေးကြပါတယ်။ 

 ကြိုးသမား တဦးအတွက် ထောင်က ကျွေးတဲ့ ဝေစုကတော့ နံနက်စာ ပဲဟင်း၊ ငါးပိနဲ့ ထမင်း၊ ညနေစာ တာလဘော ခေါ်တဲ့ အရွက် စုံ ပြုတ်ထားတဲ့ ဟင်းရည်နဲ့ ငါးကြော် ရပါတယ်။ ကျန်းမာရေး မကောင်းတဲ့ ကြိုးသမားဆိုရင်တော့ ဆေးရုံစားလို့ ခေါ်တဲ့ ကြက်သား စွပ်ပြုတ် တခွက်နဲ့ နို့တခွက် အပိုရလေ့ ရှိပါတယ်။ 

သေဒဏ် ကျခံနေရတဲ့ ကြိုးသမား ၁၀ဝ ကျော်ထဲမှာ ၈၈ ဆန္ဒပြမှု ကာလတွေ အတွင်း တောင်ဥက္ကလာပ မြို့နယ်က ရဲသတ်မှုနဲ့ ရဲရဲ့အသားစားသူလို့ စွပ်စွဲခံရသူ “ကိုကော်ရုပ်” ဆိုသူလည်း ရှိသလို သင်္ဃန်းကျွန်း မြို့နယ်မှာ ခေါင်း ၇ လုံး ဖြတ်သူတွေလို့ စွပ်စွဲ ခံရသူ တွေလည်း ရှိတယ်။ 

ဒီ့ အပြင် မြောက်ဥက္ကလာက ရဲသတ်မှုနဲ့ စွပ်စွဲ ပြီး သေဒဏ် ကျခံရသူတွေလည်း ရှိပြီး အလုံမြို့နယ် က ခေါင်းဖြတ် မှုမှာ နိုင်ငံခြား သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်း အတွင်း ခေါင်းပြတ်ကို ကိုင်ပြီး “Very Good” လို့ ပြောဆိုသူလို့ စွပ်စွဲ ခံရသူလည်း ရှိတယ်။ 

ဒလမှာ ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့ ရဲစခန်းကို ဝင်စီးလို့ သေဒဏ် ကျလာသူတွေလည်း ရှိပါသေးတယ်။ 

ရှစ်လေးလုံး ကာလ လူသတ်မှုတွေ ကျူးလွန်လို့ သေဒဏ်ချမှတ် ခံထားရတဲ့ ကြိုးတိုက်ထဲက ကြိုးသမားတွေ ထဲကို အမျိုးအစား ခွဲကြည့်ရင် အမျိုးမျိုး ရှိပါတယ်။ 

 ရှစ်လေးလုံးကာလ စစ်ထောက်လှမ်းရေးတွေ စီစဉ်ခဲ့ တယ်လို့ ပြောဆိုခဲ့ကြတဲ့ တန်ပြန်သပိတ်မှာ အသုံးချ ခံ ရသူတွေ ဖြစ်တဲ့ လူအများသုံး ရေကန်နဲ့ သောက်သုံးရေ တွေမှာ အဆိပ်ခတ်သူ၊ ရပ်ထဲ၊ ရွာထဲ မီးရှို့သူ၊ အဲဒီလို လူတွေကို သတ်ဖြတ်တယ် ဆိုပြီး ကျူးလွန် တယ် လို့ စွပ်စွဲခံရသူတွေ ရှိသလို ရဲစခန်း တွေ၊ ရဲကင်း
တွေကို တိုက်ခိုက် သတ်ဖြတ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သေဒဏ် ကျခံရသူတွေလည်း ရှိတယ်။ 

တချို့ ကတော့ ရိုးရိုး ရာဇဝတ်ပြစ်မှုတွေ ဖြစ်တဲ့ လူသတ်၊ အလောင်းဖျောက်၊ လုယက်၊ ဓားပြတိုက် လူသတ် ဆိုတဲ့ ပြစ်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွဲဆိုချက်တွေနဲ့ သေဒဏ်ချမှတ် ခံထားရသူတွေလည်း ကြိုးတိုက်ထဲမှာ ရှိကြပါတယ်။ 

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် တိုင်းပြည်
ချောက် ထဲ ကျမယ့် အရေး အစဉ်အလာရှိတဲ့ တပ်မတော်က ကယ်တင်လိုက်ရတယ် ဆိုပြီးအကြောင်း ပြခဲ့ တယ်။ 

အဲဒီ အကြောင်းပြချက်ထဲက အထင်အရှား မြန်မာ့ရုပ်မြင်သံကြားက ထိုစဉ်က ဆက်တိုက် ထုတ်လွှင့်တင်ပြ ခဲ့ တဲ့ လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်များ ဆိုတဲ့ ခေါင်းဖြတ်၊ လူသတ်မှုတွေ ဘယ်လို ဖြစ်ခဲ့သလဲဆိုတာ အဲဒီ ကိစ္စတွေကို စွပ်စွဲသေဒဏ် ချမှတ်ခံရသူတွေ ကို မေးမြန်း လေ့လာခွင့် ရခဲ့တယ်။ 

 ဒီ အကြောင်းတွေကို မပြောခင် ရှစ်လေးလုံး အကြို အခင်းအကျင်းတချို့နဲ့ ရှစ်လေးလုံးကာလ ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက် တချို့ကိုလည်း ပြန်ပြောင်း သတိရသင့် ပါတယ်။ 

အကျဉ်းသား အဖြစ် သရုပ်ပြနေစဉ် (ဓာတ်ပုံ - AAPP)  

၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့က ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၂၅ ကျပ်တန် စတဲ့ ငွေစက္ကူ တွေကို တရားဝင် ငွေစက္ကူ အဖြစ်က ရုပ်သိမ်းကြောင်း ကြေညာခဲ့လို့ ကျောင်းသားတွေရဲ့ မကျေနပ်မှုကြောင့် တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းတွေ ပိတ်ခဲ့ရမှုက ရှစ်လေးလုံးကို ကနဦး အစပျိုးခဲ့တယ် လို့ ပြောရမှာပါ။ 

ပြီးတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ကြို့ကုန်း စက်မှု တက္ကသိုလ် ကျောင်းသားတွေနဲ့ အရပ်သားတချို့ ရဲ့ ခိုက်ရန်ဖြစ်ပွားမှု အပေါ် အစိုးရ တာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းမှု မမှန်ကန်ခဲ့တဲ့ ကိစ္စကတော့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို အဓိကပေါ်ပေါက်စေတဲ့ အကြောင်းဖြစ်ခဲ့ပါတယ်။ 

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းဝင်းထဲက အရပ်သားနဲ့ 
ကျောင်းသား ခိုက် ရန်ဖြစ်ပွားမှု အပေါ် အစိုးရကိုင်တွယ်မှုကို မကျေနပ်လို့ ကျောင်းဝင်းထဲ ကျောင်းသား
တွေ စုဝေးနေချိန်၊ ပဋိပက္ခမှာလည်း မပါဝင်တဲ့ အပြစ်မဲ့ ပဉ္စမနှစ် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို မဆလ အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ် လိုက်တာဟာ ၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွေကို အရှိန်မြင့်သွားစေပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ကို အဓိက ပံ့ပိုးခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ကျောင်းသား လှုပ်ရှားမှုတွေဟာ ရန်ကုန်တက္ကသိုလ် အပါအဝင် တခြားတက္ကသိုလ်၊ 
ကောလိပ် ကျောင်း အပြင် အခြေခံပညာ ကျောင်းတွေ အထိပါ ပျံ့နှံ့သွားခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုတွေ ကနေ အစိုးရ ဝန်ထမ်းများ အပါအဝင် လှည်းနေ လှေအောင်း၊ မြင်းဇောင်းပါ မကျန် လူထုလူတန်းစား အသီးသီးပါဝင်ခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး အဖြစ် အသွင်ပြောင်းသွားခဲ့တာပါ။ 

ဒါပေမယ့် ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ပုံဖျက်ဖို့ အတွက် ထိုစဉ်က ဦးနေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရရဲ့ လျှို့ဝှက်စီမံကိန်းတွေကို အကောင်အထည် ဖော်ပေးရတဲ့ စစ်ထောက်လှမ်း
ရေး အဖွဲ့ဟာ ပုံစံအမျိုးမျိုးနဲ့ တန်ပြန် သပိတ် လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြတာ အထင်အရှားပါပဲ။ 

တပ်မတော်က ဗိုလ်ကြီးစည်သူ အပါအဝင် စစ်ထောက်လှမ်းရေး အုပ်စုတွေဟာ လူထုလှုပ်ရှားမှု ဒီမိုကရေစီ သပိတ်ကြီးမှာ ရေပန်း စားနေတဲ့ တချိန်က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး 
ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ အထိ ကြိုးစားတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်လူထုက သူတို့ကို ဖမ်းဆီးရမိခဲ့သလို ကျောင်းသား လှုပ်ရှားမှုတွေကို အနီးကပ် သတင်းရယူနိုင်ဖို့ ကြိုးစားခဲ့သူ စစ်ထောက်လှမ်းရေး ဗိုလ်မှူးစန်းပွင့် ဆိုသူ ကိုလည်း ပြည်သူနဲ့ ကျောင်းသားတွေက ဖမ်းဆီး ရမိခဲ့ပေမယ့် အသက် ချမ်းသာပေးခဲ့တယ်။ 

ဒီလုပ်ရပ်ဟာ ဆန္ဒပြ ပြည်သူနဲ့ ကျောင်းသားတွေရဲ့ လူကိုမုန်းတီးစိတ်နဲ့ ဆန္ဒပြမှုတွေကို လုပ်ဆောင်တာ မဟုတ်ဘူး ဆိုတာ ပေါ်လွင်စေပါတယ်။ ဒီလို ကိစ္စတွေဟာ တပါတီနိုင်ငံရေး စနစ် မူဝါဒ ပြောင်းရေး အတွက် သာ သဘောထား ကြီးကြီးနဲ့ လှုပ်ရှားမှုတွေကို နိုင်နင်းစွာ ကိုင်တွယ်ခဲ့တယ် ဆိုတဲ့ အထင် အရှား 
ပြယုဂ်တွေထဲက တချို့ပါ။ ။ 



လင်းသန့် ~


ဆက်လက်ဖော်ပြပါမည်။ 
ဧရာဝတီ မြန်မာပိုင်း စာမျက်နှာတွင် ဖော်ပြထားပြီး ပြန်လည် ကူးယူဖော်ပြခြင်း ဖြစ်သည်။ 

Wednesday, April 16, 2014

စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ

16 April 2014 03:00(+0630) (36 မိနစ် ခန့်က)


စီးပွား သင်္ကြန် မဏ္ဍာပ် ပေါ်က ဖျော်ဖြေခံ အကသမလေးများက ထိုင်းမမို့ ဖင်ပေါ်တာပေါ့၊ ဖင်ပေါ်ပါစေ ဆိုတဲ့ အတွေးအခေါ်မျိုး ဟာ စင်ပေါ်တက် ဖင် မပေါ့်ပေါ်အောင် က နေရရှာတဲ့ အကြောင်းကို မျက်ကွယ်ပြု ယဉ်ကျေးမှု ခေါင်းစဉ်အောက် ထည့် အပြစ်ဆိုချင်သူများ နဲ့ အဆင့်တူပဲ။  ဒါမျိုးက မှ လူမျိုးရေး အမြင်မို့ ပိုဆိုးတယ် ဆိုရမယ်၊ မြန်မာမ ဆို မပေါ်ဘူး ဆိုတဲ့ သဘောပေါ့။  ပက်ပုန်း မှာ ရာဇဝင်ကြွေး ဆပ်ချင်တဲ့ မြန်မာ သင်္ဘောသား ပုံပြင် မကြားဖူးကြဘူး ထင်တယ်၊ “အမလေးတော့်” နဲ့ တွေ့ဖူးမှ စာနာတတ်မယ် ထင်ပါ့။

ဒီမယ်.. မြန်မာ ဖြစ်ဖြစ်၊ ထိုင်းမ ဖြစ်ဖြစ် စီးပွား ဘီလူး၊ ရာဂ ဘီလူး၊ ကာမ ဘီလူး ကြီးများ အတွက် အသုံးချခံ အဖြစ် လူသား ဂုဏ်သိက္ခာ ကိုချနင်း ဖင်ပေါ် အောင် ကနေရခြင်း ဟာ စာနာ ထောက်ထား နားလည် ခံစား ပေးရမယ့် ကိစ္စ ဖြစ်တယ်။  ဒါဟာ လူသား ကျင့်ဝတ်၊ သိက္ခာ၊ ယဉ်ကျေးမှု ချို့တဲ့မှု ပြဿနာ ဖြစ်တယ်။  လူ့ ဂုဏ်သိက္ခာ ကို ချ စတေး ကာ စီးပွားရှာ ဝမ်းကြောင်းရတဲ့ အရင်းရှင် စီးပွားရေး စနစ်ဆိုး ရဲ့ သရုပ် ဖြစ်တယ်။  တိုင်းပြည် မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ်ခရိုနီ အရင်းရှင် စနစ် ကို ပုံပေါ်စေတဲ့ ပြယုဂ် တခုလည်း ဖြစ်တယ်။

ခင်ဗျား က အခုမှ ရိုးရာ လိုလို၊ ယဉ်ကျေးမှု လိုလို ရာသီစာ မကျက်တကျက် အမြင်မှာမှ တဏှာ စိတ် အခံနဲ့ ထပ်ကြည့်တော့ ဖင်ပေါ်တာကို မြင်တယ်။  တကယ်တော့ စနစ်ဆိုး မှာ အလိုက်အထိုက် ကျင်လည် ကျက်စား ရုန်းကန် ရှင်သန်ရင်း ခင်ဗျား ကိုယ်တိုင် လိပ်ပြာ ဖင်ပေါ်နေပြီး ဖြစ်တယ်။

ဒီ စနစ်ဆိုးကို တချို့က အရှက်ဖင်ပေါ်ရင်း  ခါးစည်းခံ ဖြတ်သန်းရတယ်၊ တချို့ကျ သီလကျင့်ဝတ် ဖင်ပေါ်ရင်း အသက်ဆက်ရတယ်၊ တချို့ကျ လူသား အခွင့်အရေး၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ ဆုံးရှုံးခံ ဖင်ပေါ်ရင်း အံကြိတ် ကျော်လွှားရတယ်။

ဒီလိုနဲ့ စနစ်ခံ လူသာမန် အများဟာ လူသား ပီသမှု တရားတွေ၊ အကျင့်တွေ ကို လမ်းခင်းကာ သီလ အောက်စလွတ် ဖင်ပေါ်ရင်း ဘဝ လမ်းကြောင်း ထမင်းအိုးတည်နေရတယ်။

ကာရာအိုကေ စင်တင်၊ အနှိပ်ခန်း၊ သင်္ကြန် စီးပွား ကြော်ငြာ စင်မြင့် ထက်က အမျိုးသမီး ငယ် ဖြစ်ဖြစ်၊ လူသား သိက္ခာ၊ အခွင့် အရေး၊ လွတ်လပ်မှု ကို မျက်ကွယ်ပြု တိုင်းတပါး မှာ၊ မွေးရပ်မြေမှာ “ငါတို့က ပညာနဲ့ ဝမ်းစာရှာတာကွ” ဆိုပြီး ကိုယ့်ဘာသာ အားတင်း ဆိုရတဲ့ ပညာတတ် လူတန်းစား ဖြစ်ဖြစ်၊ အရောင်း၊ အဝယ် စီးပွားလုပ်ကိုင် ရှာစားရတဲ့ အလယ်အလတ်တန်းစား ဖြစ်ဖြစ်၊ ခိုးစားမှ နပ်မှန်ပါတယ် ဆိုတဲ့ အခြေခံ အလုပ်သမား လူတန်းစား ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းရဲ့ လူအများစု ဟာ စနစ်ဆိုး က ထုဆစ် သွန်းထုတ်လိုက်တဲ့ အကျင့်၊ စာရိတ္တ၊ လူ့ ဂုဏ် သိက္ခာ၊ လွတ်လပ် တရားမျှတမှု ပဲ့ရွဲ့ နေတဲ့ ဒင်္ဂါးပြား တချပ် ရဲ့ ကျောချင်းကပ် မျက်နှာစာ နှစ်ဖက်၊ ခေါင်း နဲ့ ပန်း အတူတူ သာ ဖြစ်တယ်။

စနစ်ဆိုးရဲ့ သားကောင် ဖင်ပေါ်ခံ ဟာ စင်မြင့်ထက် က မိန်းကလေး မှ မဟုတ်၊ ခင်ဗျားလည်း ဖြစ်တယ်၊ ကျနော်လည်း ဖြစ်တယ်။

ခင်ဗျား က စနစ်စံ ထဲက တယောက် ဖြစ်တယ် ဆိုရင်လည်း လူ့အဖွဲ့အစည်း ရဲ့ ဆီဦးထောပတ် ကို စုပ်ယူ လူသား မျက်ရည်၊ သွေး၊ ချွေး ကို စတေးကာ မိုက်ရိုင်းရင်း ထွားကျိုင်းလာခဲ့သူ ဖြစ်လို့ လူသား ဂုဏ်သိက္ခာ ဟာ သုည အဆင့် ကျ ပြီး ဖြစ်တယ်။

ခင်ဗျား ဟာ ကိုယ်ကျိုး စီးပွား  အတွက် မိန်းကလေး ငယ်များကို ဖင်ပေါ် အောင် ခေါ် က ခိုင်း နိုင်တယ်၊ တဏှာ ရာဂ အတွက် ဖင်ဖေါ် စေနိုင်တယ်၊ စီးပွား ဖြစ်မှု အလို့ငှာ ပညာတတ် လူငယ်များကို ခေါ် ဂုဏ်သိက္ခာ လိပ်ပြာ ဖင်ပေါ်အောင် ပြု ခိုင်းနိုင်တယ်။  ဒါပေမယ့် ခင်ဗျား ရဲ့ လူသား အရည်အသွေး၊ လူသား ဂုဏ်ရည်၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှု ကတော့ ဖင်ပေါ်ရုံမက ကိုယ်လုံးတီး ဖြစ်နေပြီး ဖြစ်တယ်။

ဒီလို လူတန်းစားထဲက တယောက်ဟာ အခု လို စနစ်ဆိုးကို အလျားလိုက် ကူးနေရရှာတဲ့ ဖင်ပေါ်ခံ မိန်းကလေး ငယ်များ ကို ယဉ်ကျေးမှု မရှိသူ လို့ ဆိုရင် ပုဆိုး မပါတဲ့ သူက သူများကို သွား အောက်စလွတ်နေကြောင်း ပြော၊ လုံအောင် ထိုင်ခိုင်းနေသလိုပဲ ဖြစ်မယ်။  စနစ်ဆိုးစံ အားလုံးဟာ လူသားတဦးမှာ ရှိရမယ့် ကျင့်ဝတ်၊ သီလ၊ ယဉ်ကျေးမှု အားလုံး ပျက်ယွင်းပြီးမို့ ဒါမျိုးထက် ပို ယဉ်ကျေးမှု မရှိသူ၊ ရိုင်းသူ၊ လူသား မပီသသူ မရှိပါ။

ဒါမျိုးကမှ တကယ့် ယဉ်ကျေးမှု မရှိသူ လို့ သတ်မှတ်ရမှာပါ။

အလားတူပဲ အမှောင်ခန်းမှာ၊ အခု စက်မြင့်ထက်မှာ အကြောင်း အမျိုးမျိုး ကြောင့် ဖင်ပေါ်နေရသူ များ ကို စာနာ ထောက်ထား မှု မပေးနိုင်၊ နောက်ခံ စနစ်ကို မြင်ကြည့် အဖြေ မရှာနိုင်ဘဲ ယဉ်ကျေးမှု လမ်းကြောင်းချ နှမချင်း မစာနာ ဆိုနေသူများ ရဲ့ လူသား ပီသ၊ ယဉ်ကျေးမှု (Human Decency) ရေချိန်ဟာလည်း သုည နီးနီးပါပဲ။

ကိုယ်တိုင် စနစ်ခံ ရင်း လိပ်ပြာ ဖင်ပေါ် နေရတာကိုကျ မမြင်နိုင်ဘူး။  စနစ်ဆိုးရဲ့ သားကောင် ဘဝတူ အမျိုးသမီးငယ်များ ဖင်ပေါ်တာကို ပဲ သွားရည် တများများ သွားကြည့်၊ ရုပ်သေ၊ ရုပ်ရှင် ရိုက်၊ ဖြန့်၊ (ဖြန့်တဲ့ အထဲမှာ ခေတ်ကို ဦးဆောင်ရတဲ့ သတင်းသမား၊ စာရေးဆရာ၊ ကာတွန်း ဆရာ ဆိုသူများ ပါတော့ အံ့သြ၊ တုန်လှုပ်မိပါရဲ့)၊ ပြန် ကြည့်သူများက လည်း မျက်စိ အရသာခံကြည့်၊ ပါးစပ် အရသာခံ ပြော၊ စနစ်ကို စစ်နိုင်တဲ့၊ အကြောင်းကို ရှာနိုင်တဲ့ အမြင် မရှိ၊ သူများ ဘဝတွေကို စာနာ၊ နားလည် မျှဝေ ခံစား ပေးနိုင်တဲ့ နှလုံး မကျယ် မကြီး တော့ ဆီသည်မလက်သုတ် ရိုးရာ၊ ယဉ်ကျေးမှု ကိုပဲ လမ်းကြောင်း ဇောင်းပေး ဆိုနေသူများ အားလုံး ဟာလည်း လူ့ယဉ်ကျေးမှု မရှိသူများပဲ ဖြစ်တယ်။

ဒီလို စနစ်ဆိုး လူ့ အဖွဲ့အစည်း က ပုံဖော်ပေးလိုက်တဲ့ စနစ်စံ သီလ ကျိုးပျက် ဖင်ပေါ်ခံများ၊ စနစ်ခံ လွတ်လပ်မှု ဂုဏ်သိက္ခာ မဲ့ ဖင်ပေါ်ခံများ ကြီးစိုးနေတဲ့ ဗမာပြည်မှာ လူသား တရားမဲ့၊ လူသား ယဉ်ကျေးမှု မရှိ၊ ပျက်ယွင်း အားနည်းနေခြင်းဟာ အဆန်းမဟုတ်ဘူး။

ယဉ်ကျေးမှု မရှိလို့ စနစ်စံ စစ်အုပ်စု နဲ့ အပေါင်းအပါ ခရိုနီ တစု ဟာ ကိုယ်ကျိုး အာဏာ၊ စီးပွား အလို့ငှာ လူသား အချင်းချင်း စစ်ပြု၊ နှိပ်စက်၊ ညှင်းပမ်း သတ်ဖြတ်၊ မြေသိမ်း၊ ယာသိမ်း၊ ဘုရားဖျက်၊ ကျောင်းလု လုပ်နေကြတာပေါ့။

ယဉ်ကျေးမှု မရှိလို့ စနစ်ခံ လူအများကလည်း လူကို လူလို မမြင်နိုင် လူမျိုး၊ ဘာသာ မတူတာနဲ့ပဲ အပြစ်မြင်၊ သည်းမခံနိုင်၊ အမုန်းပွား၊ ရန်ငြိုးထား၊ သတ်ချင် ဖြတ်ချင် ရှိနေတာပေါ့။  အခုပဲ ကြည့်ပါလား၊ ဒီလို လူတွေပဲ နို့ပေါ်၊ ဖင်ပေါ် တာကို မြန်မာ မ ဟုတ်/မဟုတ် ငြင်းရင်း စိတ်ဖြေရာရှာနေကြတာ။  လူမျိုးရေး အမြင် ဘယ်လောက် ရှိ၊ ပြင်းမလဲ ဆိုတာ ခန့်မှန်းနိုင်တယ်။

တိုင်းပြည် ရဲ့ ယဉ်ကျေးမှု ရေချိန်ဟာ ကြီးစိုးတဲ့ နိုင်ငံရေး၊ စီးပွားရေး စနစ်ဆိုး ကို ပုံဖော် လမ်းကြောင်းပေးမှု အတိုင်း ဝမ်းနည်းဖွယ် ကျဆင်း ခဲ့ရတယ်၊ လူသား မပီသသူ၊ မယဉ်ကျေးသူ၊ တင်းပြည့်ကျပ်ပြည့် လူသား အတွေးအခေါ်၊ အမြင်၊ နှလုံးသား မဲ့၊ ချို့ငဲ့ နေတဲ့ လူအများသာ လူ့အဖွဲ့အစည်းမှာ စိုးရိပ်ဖွယ် တိုးပွားလာခဲ့ရတယ်။

ဖျော်ဖြေရေး စင်မြင့် က အကသမလေး ဖင်ပေါ်တာလောက် ပဲ မြင်နိုင်စွမ်းပြီး သမားရိုးကျ ယဉ်ကျေးမှု၊ ရိုးရာ ခေါင်းစီးတပ်ချင်တဲ့ သဘောလောက်နဲ့တော့ (၂၁) ရာစု ပေမီဒေါက်မီ ယဉ်ကျေး၊ လူပီသတဲ့ လူ့အဖွဲ့အစည်း ကို မတည်ထောင်နိုင်ပါ။  သမားရိုးကျ ရိုးရာ ယဉ်ကျေးမှု ကို ထိန်းသိမ်းချင်ရင်လည်း အရင် လူသား တဦးမှာ ရှိရမယ့် အခြေခံ လူ့ယဉ်ကျေးမှု၊ လူ့ ကျင့်ဝတ်၊ လူ့တန်ဖိုး တွေကို မြှင့်တင်ရမှာပါ။

တိုင်းပြည်မှာ လူသား ယဉ်ကျေးမှု ထွန်းကားချင်သလား၊ လူယဉ်ကျေးများ များပြား စေချင်သလား၊ နောင်ခံ စနစ်အဖွဲ့အစည်း ကို အပြစ်ရှာ ထောက်ပြ၊ ဝေဖန် တော်လှန် ရမှာပါ။  ခုလောလောဆယ်မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ် ခရိုနီ အရင်းရှင် စနစ်ကို အရင် မျိုးပြုတ်အောင် တိုက်ဖို့ အရင် ဇောင်းပေး ရပါမယ်၊ တိုင်းပြည်မှာ လူမှု-စီးပွား တရားမျှတမှု တပြေးညီ ရအောင် အရင် ဖော်ဆောင် ရပါမယ်၊ ဇာတိ နောက်ခံ၊ လူမှု အတန်းအလွှာ၊ လူမျိုး၊ ဘာသာ မခွဲ လူသား ဂုဏ်သိက္ခာ နဲ့ အညီ နေထိုင်၊ စားသောက် ဘဝ ရပ်တည်နိုင်ခွင့် ရှိဖို့ ကြိုးစားရပါမယ်။

လူသာမန် လူတဦးချင်း အနေနဲ့ အရင်ဆုံး အလုပ်သင့်ဆုံး၊ အလုပ်နိုင်ဆုံးကတော့ “စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ” စာရင်းမှာ ငါလည်း ပါ ပါ့လား ဆိုတဲ့ အခြေခံ သဘောကို သိမြင်ကာ ကိုယ့်ထက် ပို လူသား ဂုဏ်သိက္ခာ ကို ချနင်း ကံအကြောင်းမလှစွာနဲ့ လူ့ဘဝကို ဖြတ်သန်းနေရတဲ့ နို့ပိန် ပျဉ်းတွဲ ခေတ်စနစ်ဆိုးရဲ့ နို့ဆို့ဖက်၊ ဖွားဖက်တော် ဘဝတူများကို ပိုမို စာနာ နားလည်၊ ခံစား ပေးကာ လူသား အခြေခံ ယဉ်ကျေးမှု ကျင့်ဝတ် လူပီသမှု တရား တိုးပွားဖို့ ကြံဆောင်ခြင်းပါပဲ။

ဒီ့ အတွက် စနစ်ဆိုး ရဲ့ သားကောင် ဖင်ပေါ်ခံ စာဖတ်သူ ခင်ဗျား နဲ့ စာရေးသူ ကျနော့် မှာ ကျင့်ဝတ် တာဝန် ရှိကြောင်းပါ။

ငြိမ်းချမ်းအေး / မိုးမခမီဒီယာ

ဧပြီ ၁၄၊ ၂၀၁၄

Monday, January 20, 2014

"အမေရိကန်နိုင်ငံသည် တန်ဖိုးကျ နေသည့် ဒေါ်လာ ငွေကို ကုစားနိုင်ရန် ရွှေများကို အချိန်အရွေး ထုတ်ရောင်းလာနိုင်

ရွှေသာလျှင် အဓိက

" ကုန်ပစ္စည်း ဈေးကွက်တွင် ဈေးနှုန်းများ တက် သကဲ့သို့ 
ရွှေဈေးသည်လည်း မြင့်တက်လာ နေ ပေသည်။ 
အာရှမှ တရုတ်ပြည်နှင့် အိန်္ဒိယ နိုင်ငံတို့၏ စီးပွားရေးအင်အား တိုးတက်လာမှု ပေါ်တွင် 
ရွှေသည် အကျိုးရှိနေပြီး ဈေးကွက်မြင့် တက်လာပေသည်။"

"အမေရိကန်နိုင်ငံသည် တန်ဖိုးကျ နေသည့် ဒေါ်လာ ငွေကို ကုစားနိုင်ရန် 
ရွှေများကို အချိန်အရွေး ထုတ်ရောင်းလာနိုင်ပေသည်။"
ရွှေသာလျှင် အဓိက -ဦးကြည်ခင်- ၁၉၃၃ ခုနှစ် ကမ္ဘာ့စီပွားရေးကပ် ဆိုက် ရောက် ခဲ့စဉ်ကာလက ကမ္ဘာ့ရွှေဈေးသည် တစ် အောင် စလျှင် အမေရိကန်ဒေါ်လာ ၂၀ ခန့်သာ ရှိခဲ့သည်။ ယခုအခါတွင် နိုင်ငံတကာ၌ ရွှေတစ် အောင်စလျှင် ဒေါ်လာ ၁၃၀၀ ကျော်တွင် ရှိနေပေပြီ။ ယခင်က ၁၆၀၀ အထိ ရှိခဲ့ဖူးသည်။ နိုင်ငံတကာ ရွှေဈေးကွက်တွင် ရွှေကိုအလု အယက်လူကြိုက်များနေရခြင်းမှာ လက်ရှိ အအြေနေအားဖြင့် အကြောင်းနှစ်ချက်ရှိပါ သည်။ ယင်းတို့မှာ ငွေကြေးဖောင်းပွမှုနှင့် နိုင်ငံ တကာ ငွေရေးကြေးရေး အကျပ်အတည်း အခြေ အနေများကြောင့်ပင် ဖြစ်ပါသည်။ ကုန် ပစ္စည်း အမျိုးမျိုးတို့၏ ဈေးနှုန်းမြင့်တက်မှုနှင့် ဒေါ်လာ ငွေကြေး တန်ဖိုးလျော့ကျမှုများကြောင့် ရင်းနှီး မြှုပ်နှံ သူများသည် ရွှေကို ငွေကြေးဖောင်းပွမှုကို အကာအကွယ်ပေးသည့် ရင်းနှီးမြှုပ်နှံသည့် ငွေကြေးကုမ္ပဏီများ ( Gold Funds ) ၏ အစုရှယ်ယာများကို ၀ယ်ယူ ရင်းနှီးမြှုပ်နှံထား ခြင်းသည် ယခုအခါတွင် စိတ်ချရသည့် ရင်းနှီး မြှုပ်နှံမှု ဖြစ်နေပေသည်။ အထူး သဖြင့် ဘဏ်များ ဖျက်သိမ်း၊ ပျက်ပြားခြင်းနှင့် စတော့ဈေးကွက် များ ပြိုကွဲခြင်းတို့ ဖြစ်နေချိန်တွင် ဖြစ်လေသည်။ ရှားပါးခြင်းဆိုသည့် ရွှေ၏အရည်အသွေး သည် လူကြိုက်များရခြင်း အဓိကအကြောင်း ရင်းပင်ဖြစ်သည်။ ရွှေသည် ငွေစက္ကူကဲ့သို့ အကန့်အသတ်မရှိ ရိုက်နှိပ်ထုတ်ဝေသည့် ငွေ ကြေး မဟုတ်ပေ။ ရွှေဈေးနှုန်းသည် တစ်နေ့ တခြား မြင့်မားလာသော်လည်း ရွှေကို ပိုမိုထုတ် လုပ်နိုင်ခြင်း မရှိပေ။ နှစ်ပေါင်း အတန်ကြာ ကတည်းက ရွှေထွက်ရှိမှုသည် ကျဆင်းလာနေ ပေသည်။ ကမ္ဘာ့ရွှေအများစုကို ချမ်းသာသည့် အနောက် နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံ၊ ပြင်သစ်၊ ဆွတ်ဇာလန်စသည့် နိုင်ငံများ၏ ဗဟို ဘဏ်များ ကပိုင်ဆိုင်ကြသည်။ သို့သော်လည်း လွန်ခဲ့သည့် ခုနစ်နှစ်ကာလခန့်မှစ၍ ရွှေကို အထူးပြု ရင်းနှီးသည့်ငွေကြေး တန်ဖိုးရှိသည့် ရွှေကိုအများစု ၀ယ်ယူထိန်းသိမ်းထားသည့် အဖွဲ့ အစည်းများဖြစ် လာကြပေသည်။ ဤကဲ့သို့ ငွေကြေးကုမ္ပဏီများ လက်ဝယ်၌ ရွှေများ စုစည်းရှိနေခြင်းမှာ ယင်းကုမ်္ပဏီများ အနေဖြင့် ဘဏ္ဍာရေး ဈေးကွက်အတွင်း တစ်ဦး ချင်း ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရယူနိုင် ခြင်း ကြောင့်ဖြစ်သည်။ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံ သူများ အနေဖြင့် ရွှေကို ၀ယ်ယူရင်းနှီးသည့် ယင်းငွေကြေး ကုမ်္ပဏီများ၏ အစုရှယ်ယာများ ကို ၀ယ်ယူခြင်း ဖြင့် ရွှေကိုဝယ်ယူနိုင်ခြင်းဖြစ်ပေ သည်။ ယင်းငွေကြေးကုမ္ပဏီများသည် ပုံမှန် စတော့ ရှယ်ယာများကို ၀ယ်ယူခြင်း မပြုပေ။ အလေးချိန်အားဖြင့် အောင်စ ၄၀၀ ရှိ ရွှေတုံး များကို ဒေါ်လာ ဘီလျံပေါင်းများစွာဖြင့် ၀ယ်ယူ ရင်းနှီးမြှုပ်နှံထားကြသည်။ ယင်းရွှေများကို ၀ယ်ယူခြင်းသည် ရွှေဒင်္ဂါးများ၊ တစ်ကီလိုရှိ ရွှေတုံးများ၊ ရတနာများကို ၀ယ်ယူရင်းနှီးခြင်း ထက် ကုန်ကျစရိတ်သက်သာလေသည်။ ဥပမာ အမေရိကန် နိုင်ငံအခြေစိုက် ( Street Tracks ) ငွေကြေး ကုမ္ပဏီသည် ဒေါ်လာဘီလျံ ၂၀ တန်ဖိုးရှိသည့် ရွှေတန်ချိန် ၆၄၉ တန်ကို လက်ဝယ်ပိုင်ဆိုင်ထားရှိလေသည်။ အဓိက ဗဟိုဘဏ်များ၏ ပိုင်ဆိုင်မှုထက် မများသော် လည်း ၎င်းင်းတို့ ထက်မလျော့ပေ။ ရွှေသည် အချိန် ကြာညောင်းသော်လည်း အရောင်မမှိန်ဘဲ အလွယ်တကူ ငွေဖြစ်လွယ်ကာ လက်ဆုပ်လက် ကိုင် ပိုင်ပိုင် နိုင်နိုင် လက်ဝယ်ထားနိုင်သဖြင့် ဆွဲဆောင်မှုကြီး မားလှသည်ဖြစ်ရာ ရွှေကိုငြင်းပယ် မည့် ပုဂ်္ဂိုလ် များ အလွန့်အလွန်နည်းလှပေမည်။ သို့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ကျော်ကာလက အမေရိကန် ဘဏ္ဍာရေး ပညာရှင် Peter Bernstein က ရွှေပေါ်တွင် အထင်ကြီးလွန်းခြင်းနှင့် ပတ်သက်၍ စာအုပ်ရေး ခဲ့ပေသည်။ ရွှေသည် စိတ်ကြိုက်ရင်းနှီးမြှုပ်နှံမှု အဖြစ်မှ လျှောကျလာနိုင်မည့် အန္တရာယ်နှင့် ပတ်သက်၍ သတိပေးခဲ့လေသည်။ အာဖဂန် နစ္စတန်သို့ ဆိုဗီယက်တို့ ၀င်ရောက်သိမ်းပိုက် ခဲ့သည့် ၁၉၈၀ ပြည့်နှစ်တွင် ရွှေသည် တစ်ထ ရွိုင်အောင်စလျှင် ၈၅၀ ဒေါ်လာမှ တန်ဖိုးသုံးပုံ တစ်ပုံခန့် လျော့ကျခဲ့လေသည်။ ရွှေကို အရူးအမူးဖြစ်သူများ အနေဖြင့် ဆုံးရှုံး မှုဒဏ်ရာ ဒဏ်ချက်များကို ကုသရန် အချိန် အတော် ရခဲ့ရာ Bernstein အနေဖြင့် ရွှေ၏ဆွဲဆောင်နိုင်မှုကို အံ့သြခဲ့ရသည်။ သူ၏ စာအုပ် တွင် ရွှေကို မက်မောလွန်းသူများသည် ရွှေ၏ ကျိန်စာသင့်တတ်သည်ဟုဆိုသည်။ ရောမ ခေတ်က ရွှေကို မက်မောလွန်းသူစစ်ဘုရင် Crassus သည် လည်ချောင်းအတွင်းသို့ ရွှေရည်များလောင်းထည့်ခံရ၍ သေဆုံးခဲ့ခြင်း ကို ဖော်ပြထားသည်။ ရွှေသည် စစ်ဘေးကာလအန္တရာယ်များ စိုးမိုးအုပ်ချုပ်သူများ၏ အန္တရာယ်မှ လွတ်ကင်း စေနိုင်ပေသည်။ သို့သော် ပညာရှင် Bernstein က လွန် ခဲ့သည့် နှစ်ပေါင်း ၅၀ ကာလအတွင်း ဒေါ်လာငွေ တန်ဖိုးတက်လာခဲ့သည့် အတွက် ရွှေကိုရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးဟု ယူဆခဲ့ခြင်းသည် မှားယွင်းသည့် အယူအဆ ဖြစ်ခဲ့သည်ဟု ငြင်းချက်ထုတ်ခဲ့သည်။ သို့သော်လည်း ရွှေကိုသာ ယုံကြည်သူများ အနေဖြင့် မကြာမီက ရွှေဈေးသည် တစ်အောင် စဒေါ်လာ ၁၅၀၀ ကို ရောက်ရှိသွားသည့်အခါ လက်မထောင်နိုင်ကြပေသည်။ ယင်းအချက် အရ အချိန်ကြာသည်နှင့်အမျှ ရွှေသည် ငွေ စက္ကူမျှသာဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း ပြသခြင်း ပင်ဖြစ်ပေသည်။ ရွှေခေတ်သည် မကုန်ဆုံးသေးဟု ယုံကြည် မြဲပင်။ ရွှေကိုရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယခုကဲ့သို့ စီးပွားရေးမတည်ငြိမ်သည့် အချိန်တွင် အခြား ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် စတော့ရှယ် ယာနှင့် ဘွန်းစာချုပ် (Bonds) များထက် ရွှေကို ၀ယ်ယူရင်းနှီးမြှုပှ်နှံခြင်းကိုသာ နှစ်သက်ကြပေ သည်။ ကမ္ဘာတွင် ရေနံဈေးတက်နေသကဲ့သို့ပင် ရွှေသည်လည်း ရေနံများနှင့် ယှဉ်လျက် အပြိုင် ပင် ဖြစ်နေပေသည်။ ရေနံဈေးသည် လွန်ခဲ့သည့် ၅ နှစ် အတွင်း ကမ္ဘာ့ရေနံသုံးစွဲမှု လိုအပ်ချက် ၀ယ်လိုအားကြောင့် မြင့်တက်လာခဲ့သည်။ ကုန်ပစ္စည်း ဈေးကွက်တွင် ဈေးနှုန်းများ တက် သကဲ့သို့ ရွှေဈေးသည်လည်း မြင့်တက်လာ နေ ပေသည်။ အာရှမှ တရုတ်ပြည်နှင့် အိန်္ဒိယ နိုင်ငံတို့၏ စီးပွားရေးအင်အား တိုးတက်လာမှု ပေါ်တွင် ရွှေသည် အကျိုးရှိနေပြီး ဈေးကွက်မြင့် တက်လာပေသည်။ တရုတ်နှင့်အိန်္ဒိယလူမျိုးများသည် အစဉ် အလာအားဖြင့် ရွှေကိုအများအပြား စုဆောင်း ကြသူများဖြစ်သည်။ ယင်းနှစ် နိုင်ငံအတွင်း နိုင်ငံ ရေးနှင့် စီးပွားရေး ပေါက်ကွဲမြင့်မားကာ အရှိန် အဟုန်ပြင်းထန်မှုများကို ကြုံတွေ့ခဲ့ရခြင်းတို့က အကြောင်းရင်း တစ်ချက်ပင်ဖြစ်ပေသည်။ ထို့ ကြောင့်ပင် ရွှေကိုစုဆောင်းပိုင်ဆိုင်ကြခြင်းမှာ နှစ်ဖက်စလုံးကို အကျိုးရှိစေလေသည်။ ဈေးကွက်အသီးသီးတွင် ရွှေအရောင်း အ၀ယ် ဖြစ်ထွန်းမှုများကိုတွေ့မြင်ရပြီး ငွေကြေး ရန်ပုံ ငွေကုမ္ပဏီ Hedge Funds များသည် ယင်းတို့၏ ငွေကြေးဒေါ်လာဘီလျံပေါင်း များစွာ ကို ရွှေအရောင်းအ၀ယ်လုပ်ငန်းတွင် အသုံးပြု လာကြ သည်။ (ယင်းငွေကြေး ရန်ပုံငွေ ကုမ်္ပဏီ များတွင် အစုဝင်အဖြစ် ပါဝင်သူများမှာ ဒေါ်လာသိန်းဂဏန်းဖြင့် နိုင်ငံတကာ ရွှေ ဈေးမှာ ပို၍ပင် မြင့်တက် သွားရတော့ သည်။ အချို့က ရွှေ၏ အရေးပါမှု အနေအထား သည် ၎င်းကို ဆွဲဆောင်မှု၊ နှစ်သက်မှုလျော့ပါး လာ သည်နှင့်အမျှ ရွှေနှင့်ယှဉ်လျက် တန်ဖိုးမြင့် လျက်ရှိသည့် ရေနံစွမ်းအင်ဈေးနှုန်းမှာ အမေ ရိကန် စီးပွားရေးသည် လက်ရှိဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ကျဆင်းသည်နှင့် အမျှ ကျဆင်းလာမည်ဟု တင်ပြကြသည်။ ရွှေနှင့်ပတ်သတ်၍ အရေးကြီးသည့် သတိ ပြုဖွယ်အချက်တစ်ချက်ရှိနေပါသည်။ ကမ္ဘာ့ ပမာဏ၏ အဓိကကျသည့် အရေအတွက် ပမာဏဖြစ်သည့် ရွှေအောင်စသန်းပေါင်း ၁၄၇ သန်းသည် အမေရိကန်နိုင်ငံ၏ လက်ဝယ်၌ ရှိပေသည်။ အမေရိကန်နိုင်ငံသည် တန်ဖိုးကျ နေသည့် ဒေါ်လာ ငွေကို ကုစားနိုင်ရန် ရွှေများကို အချိန်အရွေး ထုတ်ရောင်းလာနိုင်ပေသည်။ ယင်းအခြေ အနေသည် ရွှေသမား တို့ကို ထိခိုက် စေနိုင်ပေသည်။ ထို့အပြင် ကမ္ဘာ့တစ်နေရာ၌ ရွှေပမာဏများ ကို ထပ်မံရှာဖွေတွေ့ရှိပေသည်။ ရွှေကို ခုံမင်နှစ် သက်ကြသည့် ရွှေသမားတို့ စဉ်းစားရန် အချက် ပင်ဖြစ်ပေသည်ဟု ဆိုပေသည်။ -ဦးကြည်ခင်- ( SME Myanmar Magazine - January 2014 - တွင် ဖော်ပြပြီး ) ================================================ လေးစားလျှက် ကိုဇင်ဇေ ( Social Media Rep @www.facebook.com/MyanmarSmeMagazine ) ( SME Myanmar Magazine စာအုပ်ပုံမှန် မှာယူဖတ်ရှုလိုသူများ ၊ ကြော်ငြာ ထည့်သွင်းလိုသူများ Message box မှ တဆင့် ဆက်သွယ်နိုင်ပါသည် ။ )

Friday, January 3, 2014

အပျို စစ်စစ် များသာ ဖတ်ရန် ........................

ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော်
အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ ပါ။

အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ်ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ။



တကယ်တော့ လက်မထပ်ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ

အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုးထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်

အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး

ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့

ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်းသိမ်းထားပါ။

ဘဝမှာ ရည်းစားဦးနဲ့ လွဲကျတာ ၁၀၀မှာ ၉၀ အထိ ရှိထားတာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ရင်

နောင်တွင် ကိုယ်နဲ့ တကယ်လက်တွဲရမယ့် ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။ အဲကျမှတော့ နောင်တရပါတယ်လို့ သိသွားလည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။

ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့ အတူတူနေခဲ့တဲ့ video ဖိုင်တွေ laptopကနေတဆင့်ပြန့် ပြီး အိမ်ထောင်ရေးကွဲသွားခဲ့တာ တကယ်လက်တွေ့ ပါ။

အတုမယူသင့်တာတော့ အတုမယူပါနဲ့ ညီမတို့ ။

(နောက်တစ်တစ်ခု အွန်လိုင်းမှာ statusတင်ရင်လည်း စောက်ဘာဖြစ် စောက်ညာဖြစ်တယ် ။ အဲလို စောက်တွေထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့ လည်း တောင်းဆိုပါတယ်။

ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့မသိပါ။ အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ လူတိုင်းအထင်သေးသွားတတ်ကြပါတယ်။ )

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာတာကို ပြောတာ မဟူတ်ပါဘူး ။ အပျိုစင် ဘဝကိုပြောထားတာပါ ။ သေလောက်အောင်လှနေပါစေ လက်မထပ်သေးပဲ အအိုဖြစ်သွားရင် မိန်းမတန်ဖိုးက ကျသွားပြီဆိုတာ သတိရှိကြပါ ညီမငယ်တို့ 

living together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင် ခင်မင်လျက်

Credit to Online Chitthu

Thursday, December 19, 2013

ကမ္ဘာ့ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား နေရာ မည်သူဆက်ခံမည်နည်း .................................

Wednesday, December 18, 2013

ကမ္ဘာ့ ပြဿနာ များကို ဖခင်ကြီး တစ်ဦး သဖွယ် ကိုင်တွယ် ဖြေရှင်း ပေးလေ့ ရှိသည့် ”နယ်လ်ဆင် မန်ဒဲလား”ကို မကြာခဏ ဆိုသလို ကမ္ဘာ့ သက်ကြီး နိုင်ငံရေး သမား တစ်ဦး အဖြစ် ဖော်ပြတတ်ကြသည်။ ကိုယ်ကျင့်တရား ဆိုင်ရာ သြဇာ ကြီးမားမှုက နယ်လ်ဆင်မန် ဒဲလားကို မဟတ္တမ ဂန္ဓီ ဖြစ်စေခဲ့၏။ ယခု သူ့နေရာကို မည်သူ ဆက်ခံ မည်နည်း။

လော့ကာဘီ၊ ဘာရွန်ဒီ၊ ဒီအာ ကွန်ဂို၊ လီဆိုသို၊ အင်ဒိုနီးရှား၊ အစ္စရေး၊ ပါလက်စတိုင်း၊ ကက်ရှ်မီးယား၊ စတက် ဖင်လော့ရင့်စ် လူသတ်မှု၊ HIV ပညာ ပေး လှုံ့ဆော်မှု၊ ကမ္ဘာ့ ဖလား ဘောလုံး ပွဲ စသည့် ကမ္ဘာ့ ကိစ္စများနှင့် ပတ်သက် ၍ နယ်လ်ဆင်မန်ဒဲလား က အမျိုးမျိုး အဖုံဖုံ ပြောဆို ကိုင်တွယ် ကူညီခဲ့သည်။

၁၉၉၃-၂ဝဝ၅ အတွင်း ဖြစ်ပွားခဲ့ သော အာဖရိကတိုက် အလယ်မှ လူ ပေါင်း သုံးသိန်းကျော် သေဆုံးခဲ့ရသည့် ဘာရွန်ဒီ ပြည်တွင်းစစ် တွင် ကြားဝင်ဖျန် ဖြေပေးသူ၊ မိမိ မိသားစု ဝင် တစ်ဦးကိုယ် တိုင် AIDS ရောဂါဖြင့် ကွယ်လွန်ခဲ့ကာ ၄င်းရောဂါနှင့် ပတ်သက်သည့် အာဖရိကတိုက် ရှိ အယူသည်းမှု များကို ပျောက် ကွယ်အောင် ကြိုးစားခဲ့ သူ နယ်လ်ဆင် မန်ဒဲလား ၏ ကမ္ဘာ့ လူ့ အဖွဲ့အစည်း အတွက် ဝင်ရောက် ကူညီမှုများ အားလုံး အောင်မြင်ခဲ့ သည်တော့ မဟုတ်သလို အားလုံးက ကြိုဆို လက်ခံခြင်း လည်း မရှိ ခဲ့ကြပေ။

အမေရိကန် နိုင်ငံခြားရေး မူဝါဒကို လည်းကောင်း၊ ၁၉၉ဝ ကိုဆိုဗို ဝင်ရောက် စွက်ဖက်မှုကို လည်းကောင်း၊ နယ်လ်ဆင် မန်ဒဲလား ကပြင်းထန်စွာ ဝေဖန်ခဲ့ဖူးသည်။ ကမ္ဘာ့ ဗီလိန်ကြီး ကဒါဖီနှင့်လည်းကောင်း အင်ဒိုနီးရှား ခေါင်းဆောင် ဆူဟာတိုနှင့် လည်းကောင်း နယ်လ်ဆင် ၏နွေးထွေးသော ဆက်ဆံရေး ကို ကမ္ဘာက အံ့သြခဲ့ရသည်။

သူ၏ AIDS ရာဂါနှင့် ပတ်သက် ၍ ပြောဆိုမှုများသည် နောက်ကျလွန်း လှသည်ဟု ကမ္ဘာက ဝေဖန်ခဲ့၏။

ကမ္ဘာ့ စင်မြင့်ပေါ် တွင် နှိုင်းယှဉ်ရန် အဆင့်တူ မရှိသော အခြေ အနေ သို့ နယ်လ်ဆင် မန်ဒဲလား ရောက်ရှိ လာသည့် အချိန်တွင်တော့ ဝေဖန် ပြစ်တင်သံ တို့ တိတ်ဆိတ် သွား ခဲ့လေသည်။

”နယ်လ်ဆင် မန်ဒဲလား သည် ယုံကြည်ချက် အကျဉ်းသား ဘဝ၊ လူ့ အခွင့် အရေး တိုက်ပွဲဝင် အိုင်ကွန် ဘဝ မှ လက် တွေ့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး အဖြစ် သို့ လိုက်လျော ညီထွေဖြစ်အောင် ပြောင်းလဲခဲ့သည်။ ထို့နောက် တောင်အာဖရိက၏ ‘ဖခင်’တစ်ဦး အဖြစ်သို့ စိုက်စိုက် မတ်မတ် ရောက်ရှိခဲ့ကာ ကမ္ဘာ့ သက်ကြီး ခေါင်းဆောင် တစ်ဦး ဖြစ်လာ ခဲ့ရသည်။ ယင်းကဲ့သို့ ဘဝမျိုးမှာ နယ်လ် ဆင်မန်ဒဲလား တစ်ဦးတွင်သာ ရှိပုံရ သည်” ဟု ဝါရှင်တန် Feature Story News မှနိုင်ငံတကာ ဆောင်းပါး ရှင် ဆိုင်မွန်မတ် Simon Marks က ပြော လိုက်သည်။

ပေါ့ပ် အဆိုတော်များ၊ စူပါမော် ဒယ်များ အပါအဝင် အလွန်ကျယ် ပြန့် သော လူထု လူတန်းစားများ၏ လေးစား အထင်ကြီးမှုကို ခံရကာ၊ ထို ကဲ့သို့ မေးခွန်း ထုတ်စရာ မရှိသော တရားဝင် သြဇာဂုဏ်၊ သမာဓိ ဂုဏ်မျိုး ကို နယ်လ် ဆင်မန် ဒဲလားသာ ရရှိခဲ့သည်။

၁၉၈၈ ခုနှစ် လော့ကာဘီ လေယာဉ်ပေါက်ကွဲ မှုတရားခံကို UK နှင့် လစ်ဗျားနိုင်ငံ အကြား လွှဲပြောင်းနိုင်ရန် ကြားဝင် ဖျန်ဖြေခဲ့ သည်။ အရှေ့ အလယ်ပိုင်းတွင် အစ္စရေး နိုင်ငံကို ဝေဖန်ခဲ့သည်။ ၁၉၉၈ခုနှစ်က လီဆိုသိုနိုင်ငံတွင်း သို့ တောင်အာဖရိက တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ ဒီအာကွန်ဂို ငြိမ်းချမ်းရေး အတွက် ထိပ်သီး တွေ့ဆုံမှုများ စီစဉ်ပေးခဲ့သည်။ ကက်ရှ်မီးယား အရေး အတွက်အိန္ဒိယနှင့် ပါကစ္စတန် တို့ကို တွေ့ဆုံညှိနှိုင်းရန် တိုက်တွန်းခဲ့သည်။ ဘာရွန်ဒီ ပြည်တွင်းစစ် ကို ကြားဝင် ဖျန်ဖြေပေးခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာ အကျဉ်းထောင် တွင်းရှိ အရှေ့ တီမော နိုင်ငံရေး ခေါင်းဆောင်ဂူဆာ မိုကိုသွား ရောက် တွေ့ဆုံခဲ့သည်။ ၁၉၉၃ ခုနှစ်က ဗြိတိသျှလူမည်း လူငယ် စတက်ဖင်လော ရင့်စ် အသတ်ခံရမှု အတွက် ဗြိတိန် ရဲတပ် ဖွဲ့အား တောင်းဆို ဖိအားပေးခဲ့သည်။

”အခြားသူများ ဝင်ရောက် စွက်ဖက်ရန် မတတ်နိုင်သော ကမ္ဘာ့အရေး ကိစ္စများကို ရိုးသားစွာ ဝင်ရောက်ညှိနှိုင်း ပေးနိုင်သည့် အရည်အချင်း မျိုး နယ်လ် ဆင်မန်ဒဲလား တွင်ရှိသည်” ဟု London School of Economics မှ ခရစ္စတိုဖာ အာလ်ဒန်က ပြောဆိုပြီး ၁၉၉၇ ခုနှစ်က အင်ဒိုနီးရှား သမ္မတ ဆူဟာတို ကို ဆန့်ကျင်၍ အကျဉ်းကျ ခံ အရှေ့ တီမော နိုင်ငံရေး သမား ဂူဆာမို (Gusmao) ကို ဂျကာတာမြို့တွင် ၂ နာရီ ကြာမျှ တွေ့ဆုံနိုင် ခဲ့သည့် နယ်လ်ဆင်၏ အရည်အချင်း ကို ထောက်ပြခဲ့သည်။ ယင်း တွေ့ဆုံမှု က အ ရှေ့တီမော နိုင်ငံ လွတ်လပ်ရေး အတွက် လမ်းခင်းပေးခဲ့ ပြီးနောက် နှစ်နှစ် အကြာ တွင် ဂူဆာမို လွတ်မြောက်ခဲ့သည်။

ယခုနှစ်များ အတွင်း ကမ္ဘာက လေးစားရသော အခြား ကမ္ဘာ့သက်ကြီး နိုင်ငံရေး ခေါင်းဆောင် များလည်း ပေါ်ပေါက်ခဲ့သော်လည်း သူတို့၏ လုပ်ကိုင် ဆောင်ရွက်မှု များ သည် ပြည်တွင်း ကိစ္စ များ (သို့မဟုတ်) အစိုးရ ကိုယ်စား ဝင် ရောက် လုပ်ကိုင်မှုများသာ ဖြစ်သည်။

ဂျင်မီကာတာ သည်လည်း မြောက်ကိုရီးယား အငြင်းပွားဖွယ် ကိစ္စ များအတွက် သွားရောက် ဆွေးနွေးခဲ့ခြင်း ၊ ရွေး ကောက်ပွဲများ ကို စောင့်ကြပ် ကြည့်ရှုပေးခြင်း ၊ လေ့ကျင့် သင်ကြားပေးခြင်း တို့ဖြင့် အာဖရိက ဒီမိုကရက် တိုက်ဇေးရှင်းဖြစ် စဉ်ကို အဓိက နေရာမှ ကူညီခဲ့ခြင်း တို့ကို လုပ်ကိုင်ခဲ့သော်လည်း ယင်းတို့မှာ အလုပ် သဘော အရသာဖြစ်ပြီး မန်ဒဲလား ကဲ့သို့ စိတ်လှုပ်ရှားဖွယ် သြဇာ သက်ရောက်မှု များ မရှိခဲ့ပေ။

”ကမ္ဘာ့ဖခင် တစ်ဦး၏ ပုံရိပ် မျိုးထိနိုးထ လာခဲ့ရ သော အဓိကအချက်မှာ နယ်လ်ဆင်မန်ဒဲလား ၏ ကိုယ်ရည် ကိုယ်သွေး ဖြစ်သည်”ဟု ယုံကြည် မိကြောင်း အတ္ထုပ္ပတ္တိရေး သူ ဒေးဗစ်ဂျိမ်းစမစ်က ပြောဆိုခဲ့သည်။

နယ်လ်ဆင်မန်ဒဲလား သည် လွန်စွာ နက်နက် ရှိုင်းရှိုင်း ရှုပ်ထွေး လှသည့် အခြေအနေ များ အကြား ကိစ္စ များကို ပြီး မြောက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိပြီး တစ်ချိန် တည်းမှာပင် ယာခင်းထဲမှ သိုး ကျောင်းသား တစ်ဦးကဲ့သို့ ရိုးရှင်းမှု၊ ကြည်လင်မှု တို့လည်း ၄င်းထံတွင် ရှိသည်။ အရပ်သား များနှင့် ဘုရင်များ ကိုလည်း တစ် တန်းတည်း ထား၍ စကားပြော ဆိုခဲ့သည်။ မိတ်ဆွေများ၏ အမည်များကို မှတ်မိ အလေးထားပုံ တို့နှင့် လူတစ်ဦးချင်း စီကို အချိန်ပေး စကား ပြောဆိုပေးခြင်း တို့က လည်းသူ့ကို လူတိုင်း က ချစ်ခင်စေပါသည်။

”ကမ္ဘာကြီး၏ မည်သည့် နေရာကို မဆိုသွားပြီး သူ၏ မျက်နှာပုံ ကိုပြလျှင် လူတိုင်းက သူ့အမည်ကို သိကြပါလိမ့် မည်။ ထိုကဲ့သို့ လူမျိုး ယခုသက်ရှိ ထင် ရှားရှိ သူများ အကြား မရှိတော့ပါ”ဟု အတ္ထုပ္ပတ္တိရေးသူ စမစ်က ဆက်လက် ပြောကြားသေးသည်။

”အကျဉ်းသား ဘဝမှ နိုင်ငံရေး သ မားဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည် သည်လည်း အလွန် စိတ်ဝင်စားစရာ ကောင်းသည့် ဇာတ်လမ်း တစ်ပုဒ်ဖြစ် ကြောင်း၊ သူမ သည် တစ်နေ့ နယ်လ်ဆင် မန်ဒဲလား ဖြစ် လာမည်လား၊ နိုင်ငံရေး ဇာတ်လမ်း များက မည်သို့ ဖြစ်လာဦး မည်ကို ကျွန်တော် တို့ မသိသေးသော် လည်း ”ဖြစ်နိုင်ပါသည်”။ ယုံကြည်ချက် အကျဉ်းသား တစ်ဦး ဖြစ်ခဲ့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ထံတွင် အံ့သြ ဖွယ်ရာ ကိုယ်ကျင့် တရား ဆိုင်ရာ သြဇာ ရှိနေပြီး ယခုအခါ တက် ကြွ သော နိုင်ငံရေး အခန်း ကဏ္ဍ တစ်ရပ်ကို ဆောင်ရွက် နေသည်။ အခြေအနေ များစွာ ကလည်း သူမကို ခက်ခဲသည့် အနေ အထား မျိုး ရောက်အောင် ပို့ဆောင်နေ ကြသည်” ဟု နိုင်ငံတကာ ဆောင်းပါးရှင် ဆိုင်မွန်မတ် (Simon Marks) က ပြောကြားသည်။

”တစ်ဦး တစ်ယောက်သည် မလွဲ သာ မရှောင်သာ ခေါင်းဆောင်မှု နေရာ ကို ယူရတော့မည် ဆိုလျှင် မရည်ရွယ်ဘဲ အခြား သူများနှင့် ထိခိုက် ပွတ်တိုက်မှုများ ရှိတတ် သည်မှာ ဖြစ်ရိုး ဖြစ်စဉ်ဟု လက် ခံထားကြသော် လည်း တစ်နေ့သ၌ ရက် စက် ကြမ်းကြုတ်သောနိုင်ငံရေး လုပ်ငန်း များနှင့် ဆက်ဆံစရာ မလိုအပ်တော့ သည့် အချိန်၌ သူမထံ တွင်လည်း ထိုကိစ္စ မျိုး ရှိတော့မည်မဟုတ်ပေ။

မဟတ္တမ ဂန္ဓီ၊ နယ်လ်ဆင်မန်ဒဲ လား၊ ဒေါ်အောင်ဆန်းစုကြည် တို့ အား လုံးသည် နိုင်ငံရေး အကျဉ်းသား များ ဖြစ်ခဲ့ကြပြီး ဤကဲ့သို့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိစ္စများကို အနစ်နာခံမှု များကလည်း အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ် ဖြစ်ကြောင်း၊ မြောက် ကိုရီးယားနှင့် တရုတ်နိုင်ငံ တို့တွင်လည်း အလားတူ ကိစ္စများ ရှိပြီး ထင်ပေါ်ကျော် ကြားခြင်း မရှိသေးကြောင်း” ကိုဆောင်းပါးရှင် ဆိုင် မွန်မတ်(Simon Marks)က ဆက်လက် ပြောကြား ထားသည်။

သက်ဆိုင်ရာနိုင်ငံ များ၏ အပြောင်း အလဲ တစ်နေရာရာ ၌ သူတို့သည် ဦး ဆောင် လုပ်ကိုင်သူ အေးဂျင့်အဖြစ် ပေါ် ပေါက်လာ ခဲ့ကြရသည်။ ထိုကဲ့သို့ အခြေ အနေမျိုး ၌ ဝင်ရောက် အနစ်နာခံဆောင် ရွက်ရန် မှန်ကန်သော အခိုက် အတန့်ကို ရွေးချယ်နိုင်ရန် လည်း လိုအပ်လေသည်။

ဤနေရာ၌ ‘အနစ်နာခံ’ သည် ဆို သော စကားလုံးသည် အနုတ်လက္ခဏာ (Cynical) ဆောင်သော သဘောမျိုး ရှိသော်လည်း နိုင်ငံရေး အရ မှန်ကန် သော အခိုက် အတန့်တွင် ၄င်းတို့၏ ပုဂ္ဂိုလ်ရေး အနစ်နာခံမှု က နိုင်ငံရေး အရ အမြတ် ထွက်စေပြီး အပြောင်းအလဲ ကို လည်း ပိုမို အကျိုးသက်ရောက်စေသည်။

ဤကဲ့သို့ သာမန်ထက် ထူးခြားသော ပုဂ္ဂိုလ်များသည် မကြာခဏ လွယ်လွယ်ကူကူ ပေါ်ထွန်းလာကြလေ့ မရှိပေ။ သို့သော် ယနေ့ လူမှု မီဒီယာကွန် ရက်ခေတ်တွင် မူ ဝေ ဖန်ပြစ်တင်မှု များကို အလွန် လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင် သောကြောင့် ရေရှည် တည်တံ့သည် နာမည်ကောင်း တစ်ခု တည်ဆောက်ရန် မှာလည်း မလွယ်ကူလှပေ။

”The Elders” ဆိုသည့် ကမ္ဘာ့ ခေါင်းဆောင် များပါဝင်သည့် အဖွဲ့တစ် ဖွဲ့ကို နယ်လ်ဆင်မန်ဒဲလား ၏ ၈၉ နှစ် မြောက် မွေးနေ့တွင် ဖွဲ့စည်းခဲ့ကြသည်။

”ထိုကဲ့သို့ ဝါရင့် နိုင်ငံရေး သမား အမျိုးသမီး၊ အမျိုးသားများ ပါဝင်သော အဖွဲ့အစည်း အနေဖြင့် သူတို့၏ အရည် အချင်းကောင်း များနှင့် လုပ်ဆောင်နိုင်သည့် အရာများ ကို မူ စောင့်ကြည့် ရမည် ဖြစ်ကာ ၄င်းတို့သည်လည်း မျိုးဆက် တစ်ဆက်လျှင် တစ်ဦးသာ ပေါ်ထွန်း တတ်သည့် သူမျိုးများ ဖြစ်ကြသည်။

လူသား မျိုးနွယ် အတွက် ထိုကဲ့သို့ ပုဂ္ဂိုလ်များ လိုအပ်ကာ ၄င်းတို့ မရှိလျှင် ရက်စက် ကြမ်းတမ်းသော ပဋိပက္ခများ အတွင်း ကျရောက် သွားနိုင်ခြေ ရှိသည် ကို အလေး အနက် ထားရမည်။ လိုအပ် သော အချိန် တစ်ချိန်ချိန် မှာ ထိုကဲ့သို့ အမျိုးသား၊ အမျိုးသမီး တစ်ဦးဦးပေါ် ပေါက်လာဖို့ မျှော်လင့်မိ ကြသော်လည်း မိုးကုတ် စက် ဝိုင်းအောက် နယ်လ်ဆင် မန်ဒဲလားလို လူမျိုး တစ်ဦး တစ်ယောက်မျှ မတွေ့ရှိသေးပါ” ဟု London School of Economics မှ ခရစ္စတိုဖာ အာလ်ဒန် က မှတ် ချက်ပေး ခဲ့သည်။

လက်ျာထွန်း

Ref: BBC News – Magazine Mandela Death: Who next as the world’s elder statesman?
By Tom Geoghegan ကို ဆီလျော်အောင် ပြန်ဆိုသည်။

Popular Myanmar News Journal

Thit Htoo Lwin - Feature

Tuesday, December 10, 2013

အောင်မြင်တဲ့ အလော့ဂါ တစ်ယောက်ဖြစ်ဖို့ .........................




(ဘလော့ဂ်ဒေးအမှတ်တရ ပို့စ်တစ်ခုရေးပေးဖို့ ကိုဖြိုး
က Tag ထားပါတယ်. ဒါကြောင့် ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ် ခင်ဗျာ.)

August
31 က ကျွန်တော်တို့ ဘလော့ဂါတွေ စုပေါင်းပြီး ရန်ကုန်မှာရော မန္တလေးမှာပါ
ဘလော့ဂ်ဒေး အခမ်းအနားကျင်းပခဲ့တာ အားလုံးအသိပဲဖြစ်မှာပါ။
နှစ်နေရာလုံးအောင်မြင်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ပရိသတ်ကို နည်းပညာအသစ်နဲ့
မိတ်ဆက်ပေးရုံသာမက ပျော်ရွှင်ဖွယ်ရာ အစီအစဉ်လေးတွေကိုပါ
ထည့်သွင်းဖြေဖျော်ခဲ့တာ သတိထားမိပါတယ်။ ဒီလိုမျိုး
စိတ်ကူးစိတ်သန်းကောင်းလေးတွေကို အသုံးချတတ်တဲ့ ဘလော့ဂါမောင်မယ်တို့ကို
ချီးကျူးလေးစားမိပါတယ်.

ကဲဗျာ. ကျွန်တော်တို့ ဘလော့ဂ်ခရီးလည်း
တော်တော်လေး ရောက်ခဲ့ကြပြီနော်။ ဘာတွေဖြစ်နေတယ်ဆိုတာရယ်၊
ဘာတွေဖြစ်လာနိုင်တယ်ဆိုတာရယ်ကို တစေ့တစောင်းလောက် အကဲခတ်ကြည့်လိုက်ကြရင်း
အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ အကြောင်း
နည်းနည်းလောက်ဆွေးနွေးတင်ပြချင်ပါတယ်.

ဘလော့ဂါတွေကြားထဲမှာ
အရင်တုန်းက ပြဿနာတစ်ခု ပုံစံမတူဘဲ ခဏခဏ၀င်လာခဲ့ဖူးပါတယ်။ အဲဒါကတော့
စာလုံးပေါင်း သတ်ပုံအမှားအမှန်ကိစ္စပါ။ ဘလော့ဂါတစ်ယောက်က
သတ်ပုံမှားရေးမိမယ်။ အဲဒါကို နောက်တစ်ယောက်က ထောက်ပြမယ်။ အဲဒီ့မှာ
ပြောတဲ့သူကလည်း အပြောမတတ်ဘဲ ဆရာကြီး ၀င်လုပ်တဲ့လေသံတွေ ပါလာမယ်။
အပြောခံရသူက စိတ်တိုမယ်။ ပြန်လည်ချေပပြောဆိုမယ်။
နီးစပ်ရာဘလော့ဂါသူငယ်ချင်းတွေပါ ပါဝင်လာပြီးတော့ အုပ်စုလိုက်
အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အဖြေမရတဲ့ ငြင်းခုန်ပွဲအပြီးမှာ
အုပ်စုတွေကွဲလို့ ရန်သူတွေဖြစ်ကုန်ကြပါတယ်.။ တစ်ချို့ဆို ဘလော့ဂ်လောကကို
စိတ်ကုန်သွားတဲ့ အထိတောင် ဖြစ်သွားကြပါတယ်။ ခံစားဖူးသူတိုင်းသိကြမယ်
ထင်ပါတယ်။

ဘလော့ဂ်ရေးတာ ခေတ်မစားမီက ဖိုရမ်တွေ၊ Chat Room တွေ
အတော်လေး ခေတ်ထလိုက်ပါသေးတယ်။ အဲဒီ့တုန်းက Yangon Chat တို့၊ Planet
တို့မှာ လူတွေ စည်ကားခဲ့ကြတာပေါ့ဗျာ။ ချက်ကြမယ်၊ မိတ်ဆွေဖွဲ့ကြမယ်စတဲ့လူတွေ
ရှိသလို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဇွတ်မေးပြီး အတင်းမိတ်ဖွဲ့၊
ရည်းစားစကားပြောဖို့ ကြိုးစား စတဲ့သူတွေလည်းရှိပါတယ်။
ခုလည်းဒီလိုရှိနေတုန်းပါပဲ။ ဒါကိုကြိုက်တဲ့သူတွေ ရှိသလို
မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘလော့ဂ်ဆိုတာ ပေါ်လာတော့
လူငယ်တွေ ဒီဖက်ကို အလုံးလိုက်အရင်းလိုက် ၀င်လာကြပြန်ပါတယ်။

ဘလော့ဂ်ရေးတာက
တစ်ခြား Activity တွေနဲ့ သိပ်မတူဘူးဗျ။ သူက ကိုယ့်ရဲ့နေ့စဉ် ဒိုင်ယာရီ
သဘောမျိုးအနေနဲ့ ဖြစ်နိုင်သလို ပညာသင်ယူတဲ့နေရာ၊ ပညာမျှဝေတဲ့နေရာ၊
ပရဟိတလုပ်ငန်းများအတွက် စည်းရုံးနှိုးဆော်တဲ့နေရာ၊
လူမှုဆက်ဆံရေးနည်းပညာတွေကို သင်ယူတဲ့နေရာ စသည်ဖြင့် အမျိုးမျိုး
ဖြစ်လာနိုင်ပါတယ်။ ကိုယ်ရေးတဲ့ဘလော့ဂ်က ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာကိုလည်း
ကိုယ်ပဲဆုံးဖြတ်သွားတာပါ။ အခုနောက်ပိုင်းဆိုရင် ဘလော့ဂါတွေ
အများကြီးစုပေါင်းရေးသားတဲ့ ဘလော့ဂ်ကောင်းလေးတွေပါ ထွက်ပေါ်လာတာ
သတိထားမိပါတယ်။ ဒီလိုရေးသားနိုင်ဖို့ ကိုယ်တစ်ဦးကောင်းတစ်ယောက်ကောင်း
လုပ်လို့မရတော့ပါဘူး။ အများနဲ့ညှိနှိုင်းပြီး သူတို့ပါဝင်ရေးသားချင်လာအောင်
ရည်ရွယ်ချက်ကောင်းဖို့၊ စည်းရုံးတတ်ဖို့ပါ လိုအပ်လာပါတယ်။

အရင်တုန်းက
တော်တော်များများက ယူဆခဲ့ကြပါတယ်။ ဘလော့ဂ်ရေးတယ်ဆိုတာဟာလည်း Online
Activity တစ်ခုပါပဲ။ အချိန်တန်ရင် ငြီးငွေ့သွားပြီး အသစ်တစ်ခုကို
ထပ်ရှာမှာပါပဲလို့ပေါ့။ ပြီးတော့လည်း ထင်ကြပါသေးတယ်။ ဘလော့ဂါတွေဆိုတာဟာလည်း
Online Community တစ်ခုပါပဲ။ အပြင်မှာ လက်တွေ့မကျဘူးလို့
ယူဆခဲ့ကြဖူးပါတယ်။

ဒီအမြင်တွေ မမှန်ကန်မပြည့်စုံဘူးဆိုတာကို
မကြာခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ဘလော့ဂ်ဒေး အခမ်းအနားနဲ့
မကြာခင်ထုတ်ဝေတော့မယ့် ဘလော့ဂ်စာအုပ်တို့က သက်သေပြနေပါတယ်။ ဘလော့ဂါတွေ
Online ပေါ်မှာ တွေ့ဆုံရင်းနှီးခဲ့ကြရုံသာမက အပြင်လက်တွေ့ဘ၀ထဲမှာပါ
လုပ်ဖို့ခဲယဉ်းတဲ့ ကိစ္စတွေကို အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ခဲ့တယ်။
ရင့်ကျက်မှုတွေ၊ ပညာပြည့်ဝမှုတွေကို ပြသနိုင်ခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့
ဘလော့ဂါတွေကို အိပ်မက်ထဲမှာပဲ အိပ်ပျော်နေသူတွေ၊ မိန်းမောနေသူတွေလို့
ယူဆမိရင် မှားမယ်လို့ ရဲဝံ့စွာ ပြောချင်ပါတယ်။

ဘလော့ဂ်တစ်ခုလုပ်ဖို့
လွယ်သလားမေးရင် လွယ်ပါတယ်လို့ ပြန်ဖြေရပါမယ်။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ရော
လွယ်သလားထပ်မေးရင်တော့ ထင်သလောက် မလွယ်ဘူးလို့ ပြန်ဖြေချင်ပါတယ်။

ဘာလို့လဲဆိုတော့

ဘလော့ဂါတိုင်း ဘလော့ဂ်ရှိကြတယ်။ ဒါပေမယ့် ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါကောင်းတစ်ယောက် ဖြစ်မလာနိုင်ဘူး။

ဟုတ်ကဲ့။
မအံ့ဩပါနဲ့ခင်ဗျာ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့၊ အများလက်ခံတဲ့ စာပေတွေ
ရေးသားနိုင်ဖို့ဆိုတာကျတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေသာမက
ကိုယ်ပြဋ္ဌာန်းတဲ့ စေတနာပေါ်လည်း မူတည်ပါတယ်။

ကဲ. ဘလော့ဂ်တစ်ခုရပြီ။
ရေးတယ်ဗျာ။ ပို့စ်တစ်ခု. နောက်နေ့လာမယ်. ရေးမယ်. နောက်တစ်ခု. နောက်နေ့.
နောက်တစ်နေ့. တစ်ပတ်နှစ်ပတ်လောက်နေတော့ ခင်ဗျား ဘာဆက်ရေးရမယ် မသိတော့ဘူး။
ကဲ. ဘယ်လိုလုပ်ကြမလဲ။

သူများတွေများ ရေးနေလိုက်တာ
ပို့စ်တွေတစ်ခုပြီးတစ်ခု၊ ကော်မန့်တွေလည်း ရနေလိုက်ကြတာ သူတို့ပဲ
သိမ်းကျုံးယူနေသလား အောက်မေ့ရတယ်. ငါ့ကျတော့ ဘယ်သူမှလည်း လာအားမပေး.
ငါ့ရဲ့ဆီဘောက်စ်လေးမှာ ဘယ်သူမှ လာနှုတ်မဆက်. ငါကိုယ်တိုင်လည်း ဘာဆက်ရေးရမယ်
မသိ. အဲဒီ့မှာ ခင်ဗျား ဘလော့ဂါဖြစ်မဖြစ် သက်သေပြရတော့မယ်..

တစ်ခုဖြတ်ပြောမယ်…
ဘလော့ဂါကောင်းတစ်ယောက်အတွက် ရေးစရာမရှားဘူး. သူ့မှာ ပြဿနာနှစ်ခုပဲ
ရှိနေတယ်. ရေးနိုင်ဖို့အချိန်ရယ်၊ ရေးချင်တဲ့စိတ်ရယ်ပဲ လိုနေတယ်.
အဲဒီ့နှစ်ခုနဲ့ပြည့်စုံရင် ပို့စ်တွေတစ်ခုပြီးတစ်ခု ရေးနေနိုင်တယ်.

အခုခင်ဗျားမှာ
ရေးစရာပြတ်နေတယ်. ဘာဆက်ရေးရမယ်မသိဘူး. နီးစပ်ရာဘလော့ဂါ
တစ်ချို့ကိုမေးမြန်းပြီး အကြံဥာဏ်တောင်းကြည့်တော့လည်း
သူတို့ကပြန်ပြောပါလိမ့်မယ်.

Everything is bloggable. မင်းကြိုက်တာသာရေး...

အဲဒါမှဒုက္ခ၊ ဘာရေးရမှန်းမသိပါဘူးဆို ကြိုက်တာရေးတဲ့….

ဟုတ်ပြီဗျာ.
အဲလိုမျိုး ကျွန်တော့်ကို တစ်ယောက်ယောက်က လာမေးမယ်ဆိုပါတော့. ဘာရေးရမလဲ.
ကိုယ့်ဘလော့ဂ်ကို လူလာအောင်ဘယ်လို လုပ်ရမလဲ.
အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်အောင် ဘယ်လိုပို့စ်တွေ ရေးရမလဲ.

စိတ်ချ. ကျွန်တော်ပြောတာတွေကိုသာ တသွေမတိမ်းလုပ်. ခင်ဗျား အောင်မြင်စေရမယ်.

၁. စာဖတ်ရမယ်၊ ဗဟုသုတလေ့လာဆည်းပူးရမယ်
၂. ဘလော့ဂ်ရေးတာကို အမှန်တကယ်စိတ်ပါဝင်စားရမယ်
၃. သင့်တော်တဲ့ အချိန်တစ်ခုကို ခွဲဝေပေးနိုင်ရမယ်
၎. မိတ်ဆွေအပေါင်းအသင်းအသစ်တွေ ရယူလိုစိတ်ရှိရမယ်
၅. ကိုယ့်ရဲ့စိတ်ခံစားချက်ကို နိုင်နင်းရမယ်၊ ရိုးသားရမယ်


အဲဒီ့လောက်ဆိုရင် ခင်ဗျားမှာ ဘလော့ဂါကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရှိလာပါပြီ.

သတိထားမိလား. ဘာတွေရေးရမယ်လို့ ကျွန်တော်ဘာမှ ထည့်မပြောသွားဘူးနော်. ကျွန်တော်ပြောသွားတာက ခင်ဗျားကိုယ်တိုင်ရဲ့ အကြောင်းတွေပဲ.

ဟုတ်တယ်.
အဲဒီ့အချက်တွေကို လိုက်နာနိုင်ရင် ခင်ဗျားဟာ ဘလော့ဂ်မရေးဘဲနဲ့တောင်
ဘလော့ဂါတွေကြားမှာ အောင်မြင်နိုင်ပါတယ်. (ရှုပ်သွားပြီလား.
ခဏနေရင်ရှင်းသွားပါလိမ့်မယ်)

ဘလော့ဂါတစ်ယောက်ဖြစ်ချင်ပြီ ဆိုမှတော့
အချက် (၂) နဲ့ (၃) က ပြည့်စုံနေပါပြီ. အချက် (၁) နဲ့ ပြည့်စုံတဲ့
ဘလော့ဂါတိုင်းမှာတော့ ရေးစရာတွေ ပေါများနေမှာ အမှန်ပါပဲ. အဲဒီ့အချက် (၁)
နဲပြည့်စုံအောင် ခင်ဗျားကိုယ်တိုင်လည်း စာပေဗဟုသုတ လေ့လာဆည်ပူးချင်စိတ်
ရှိရပါမယ်. အဲလိုမှမဟုတ်ရင်တော့ ခင်ဗျားရေးတဲ့ စာတွေမှာ အနှစ်သာရ မရှိဘဲ
ပေါ့ပျက်ပျက် ဖြစ်နေပါလိမ့်မယ်. တော်တော်များများက ဘလော့ဂ်ကို လှပနေအောင်
အပီအပြင်မွန်းမံတတ်ကြပါတယ်. ဒါပေမယ့် ပရိသတ်က စာကို
ဦးစားပေးဖတ်ပါတယ်ခင်ဗျာ. မဟုတ်ရင်တော့ နောက်တစ်ခါထပ်လာဖို့
မသေချာတော့ပါဘူး. ဘလော့ဂ်လည်းလှ၊ ရေးတဲ့စာတွေလည်းလှ ဆိုရင်တော့
ပြောစရာမရှိပေါ့ဗျာ…

အချက် (၄)ကတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပါတယ်.
ဘလော့ဂါအသစ်လေးတွေက ဘာတွေဖြစ်နေတတ်လဲ ဆိုရင် ကိုယ့်ဘလော့ဂ်ကို
လူလာစေချင်တယ်. လူသိများတဲ့ ဘလော့ဂ်တွေရဲ့ ဆီဗုံးတွေထဲ ၀င်ပြီး
ကြော်ငြာဝင်တယ်. လူတွေလာလည်ရင် ပျော်နေတယ်. လာတာကြဲသွားရင်
ဝမ်းနည်းနေတတ်တယ်..

ဒါဟာ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တစ်ခုပါ.
ကိုယ့်ဘလော့ဂ်ကို လူလာစေချင်ရင် ကိုယ်က အရင် သူများဘလော့ဂ်တွေကို
လျှောက်လည်ရပါတယ်. နှုတ်ဆက်ရပါတယ်. လာလည်ဖို့ ဖိတ်ခေါ်ရပါတယ်.
သူများတွေရေးတဲ့ ပို့စ်တွေကို ကော်မန့်လေးတွေ ရေးပြီး
ချီးကျူးဝေဖန်တတ်ရပါတယ်. အဲဒီ့လို လုပ်တာဟာ မိတ်ဆွေအပေါင်းအသင်း
ပွားများအောင် လုပ်တာပါပဲ. လူဆိုတဲ့သဘောက ပုဂ္ဂိုလ်ခင်ရင် တရားမင်တတ်ပါတယ်.
ဒီလိုမျိုး မိတ်ဖွဲ့ပြီး ခင်မင်ရင်းနှီးအောင် ပေါင်းတတ်မှ
ကိုယ့်ဘလော့ဂ်ကိုလည်း အပြန်အလှန်အနေနဲ့ လာလည်မယ်. ကိုယ်ကထပ်ခါထပ်ခါ
သွားလည်ရင် သူကလည်း အပြန်အလှန်အနေနဲ့ ထပ်ခါထပ်ခါ လာလည်မယ်. အဆင်ပြေရင်
Gtalk မှာ တွေ့မယ်၊ ပိုရင်းနှီးလာစေမယ်. ကိုယ့်ဘလော့ဂ်အတွက်
လိုအပ်တာလေးတွေကို အကြံဥာဏ်တောင်းခံနိုင်မယ်. နောက်ဆုံး ခင်ဗျား ဘာပို့စ်မှ
မရေးနိုင်ဘဲ ဒီတိုင်းထားပြီး မိတ်ဆွေဘလော့ဂါတွေဆီ လျှောက်လည်နေရင်
ခင်ဗျားဟာ ဘလော့ဂါမဟုတ်ဘဲနဲ့တောင် ဘလော့ဂါတွေကြားမှာ လူသိများလာနိုင်ပါတယ်.
(မယုံရင် ဒီမိုကစ်တိုကိုကြည့်ပါ. သူ့မှာ ဘလော့ဂ်မရှိပါဘူး.
ရေးလည်းမရေးပါဘူး. ဒါပေမယ့် နာမည်ကြီးဘလော့ဂါတိုင်း သူ့ကိုသိကြပါတယ်.
ခင်မင်ရင်းနှီးကြပါတယ်.)

ကဲဗျာ. လာလည်ကြပြီနော်.
ခင်ဗျားရေးတဲ့ပို့စ်တွေကို သေချာဖတ်မယ်ထင်လား. မထင်ပါနဲ့. ၁၀၀ မှာ ၉၉
ယောက်လောက်က ရမ်းသရူးဖတ်သွားပြီး ခင်ဗျားကို First Impression
ပေးသွားပါလိမ့်မယ်. သူကဘာလဲဆိုပြီးတော့ပေါ့. ပြီးရင်တော့ အားနာပါးနာနဲ့
ဖြစ်စေ၊ တကယ်ခင်မင်လို့ဖြစ်စေ ခင်ဗျားကို နှုတ်ဆက်မယ်၊ အားပေးမယ်.
ဒီလောက်ပဲ. ခင်ဗျားရေးတဲ့ပို့စ်လေးတွေ ကောင်းတယ်၊ တကယ်ကိုစစ်မှန်တဲ့
ခံစားချက်တွေနဲ့ ရေးထားတယ်၊ ပညာဗဟုသုတ တစ်ခုခုရတယ်ဆိုရင်တော့
သူတို့နောက်တစ်ခေါက် အချိန်ပေးပြီး ပြန်လာဖတ်မှာ သေချာသွားပါပြီ.

ဒီတော့
ခင်ဗျားအနေနဲ့ ပို့စ်ကောင်းကောင်းလေးတွေ ရေးတတ်ဖို့ လိုလာပြီနော်.
ဘာရေးမလဲ. ပို့စ်ကောင်းတယ်ဆိုတာဘာလဲ. H.G.Wells ရဲ့ စာအုပ်တွေကို
ဘာသာပြန်ပြီး တင်ထားမှ ပို့စ်ကောင်းတယ်ခေါ်မှာလား၊
အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါတွေလုပ်ရမယ်ဆိုပြီး ပြောပြထားတာကို
ပို့စ်ကောင်းတယ် ခေါ်တာလား၊ စာပေဗဟုသုတတွေကို အတုံးလိုက်အတစ်လိုက်
ချပြထားပြီး ကိုယ်ဘယ်လောက်တတ်ကျွမ်းကြောင်း ဝေဖန်ပြောဆိုထားတာကို
ပို့စ်ကောင်းတယ် ခေါ်တာလား….

တစ်ခုမှမဟုတ်ပါဘူး..

ရိုးသားစွာရေးပါ. အမှန်ကိုရေးပါ. ရှင်းလင်းစွာရေးပါ. ယဉ်ကျေးစွာရေးပါ. အဲဒါပို့စ်ကောင်းပဲ..

လမ်းထဲမှာ
ခွေးနှစ်ကောင်ကိုက်တာကို ရေးပါ. သေချာမျက်စိထဲမြင်လာအောင်ကြိုးစားရေးပါ.
ခင်ဗျားပို့စ်ကောင်းတာပဲ. လာဖတ်မယ်. ရီမယ်. ခင်ဗျားရဲ့ အရေးအသားကို
ချီးကျူးမယ်. မယုံမရှိနဲ့. ခင်ဗျားရဲ့ ပို့စ်မှာ ကော်မန့် 1+ ရလာလိမ့်မယ်.
ကော်မန့်တစ်ခုကတော့ သေချာတယ်. နောက်ထပ် + က ကျွန်တော်ဝင်ရေးမယ့်
ကော်မန့်လို့ ပြောတာ. (ဟတ်ဟတ်)

ကျောင်းသွားတုန်း၊ ရုံးသွားတုန်း ကြုံကြိုက်လိုက်ရတဲ့ အဆင်မပြေမှုတစ်ခုခုကို ရေးပါ. အဲဒါလည်း ပို့စ်ကောင်းတစ်ခုပါပဲ…

Rule of thumb (ယေဘုယျသဘော) ပြောမယ်. ကြိုက်တာရေး..

ခင်ဗျားရဲ့စေတနာမှန်ကန်ရင်၊
ဆဲဆိုပုတ်ခတ်မှုမပါရင် ခင်ဗျားရေးတဲ့ ပို့စ်တွေ ကောင်းတာပဲ. ခင်ဗျားဟာ
ဘလော့ဂါကောင်းတစ်ယောက် ဖြစ်လာမှာပဲ.. တစ်ချို့ Rapper တွေ အောင်မြင်တယ်
ဆိုတာလည်း သူတို့က တကယ့်လက်တွေ့ဘ၀ထဲက အဖြစ်တွေကို ပြောင်မြောက်တဲ့
စကားလုံးတွေ သုံးပြီး အပြင်မှာ စကားပြောနေတဲ့ ပုံစံမျိုးနဲ့
သီဆိုသွားကြတာပဲလေ. ဒီလိုပဲပေါ့. Blogger နဲ့ Rapper သိပ်မကွာပါဘူး.
သူတို့က မိုက်ကိုင်ပြီး ဘ၀အကြောင်းပြောတယ်. ကျွန်တော်တို့ ဘလော့ဂါတွေက
Keyboard ကိုင်ပြီး ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအကြောင်းကို ပြောတယ်.
ဒါပါပဲ.

အချက် (၅) ကတော့ ဘလော့ဂါတိုင်းနဲ့ ပတ်သက်ပါတယ်.
ဘလော့ဂါတစ်ချို့က ကိုယ့် စိတ်ခံစားချက်၊ အမြင်နဲ့ မကိုက်ညီရင်
ပစ်ပစ်ခါခါကို ဝေဖန်တတ်ကြပါတယ်. အပြစ်တင်တဲ့ ကော်မန့်တွေ
ဝင်ရေးသွားတတ်ကြပါတယ်. အဲဒါမကောင်းပါဘူး.

ခံစားရသူဖက်ကကြည့်ပါ.
သူလည်းကြိုးစားပြီး ရေးထားရတာပဲ. အဲဒါကို တစ်ဖက်လူက ပျစ်ပျစ်နှစ်နှစ်
ဝေဖန်သွားရင် စိတ်မကောင်းဖြစ်ရပြီပေါ့. သူရေးတဲ့ပို့စ်က သိပ်ကို
ရိုင်းပျနေရင်၊ အဓိပ္ပါယ်ယုတ္တိမရှိရင်တော့ ဆက်ဖတ်မနေပါနဲ့တော့. အဲဒီ့အတွက်
ခင်ဗျားရဲ့ အချိန်တွေ ပေးနေရတာ မတန်ပါဘူး. ဒါမှမဟုတ်ဘဲ သူမြင်တာကို
ပွင့်လင်းရိုးသားစွာ ရေးသားထားရင်တော့ အဲဒါကို ခင်ဗျားက ဖွင့်ထားတဲ့စိတ်နဲ့
စာဖတ်တတ်ဖို့လိုမယ်.

လူတိုင်းမှာ ကိုယ်နှစ်သက်လို့ စီးထားတဲ့
ကိုယ်နဲ့တော်တဲ့ ဖိနပ်တစ်ရံစီရှိကြတယ်. ခင်ဗျားခြေထောက်နဲ့တော်တိုင်း
ခင်ဗျားရဲ့ ဖိနပ်နဲ့လူတိုင်းကို လိုက်စီးခိုင်းနေလို့ မရဘူး.
ကိုယ်နဲ့အမြင်မတူတိုင်း သူဟာ အဆင့်မရှိတဲ့လူတစ်ယောက်လို့ ယူဆနေရင်
ခင်ဗျားဟာ အဆင့်ရှိတဲ့ ပညာတတ်တစ်ယောက်မဖြစ်သေးဘူး. အဲဒါကို
နားလည်သဘောပေါက်မိဖို့ လိုတယ်.

အခုဖြစ်နေတာက အဲလိုမဟုတ်ဘူး.
မင်းကဒီလိုရေးတယ်. မင်းက ဘာလဲ. မင်းဒါတွေကို မသိဘူးလား. ငါပြောပြမယ်.
မင်းနားထောင် …. ဒီလို လေသံမျိုးတွေပါတဲ့ ကော်မန့်တွေကို တွေ့နေရတယ်.

ဒီတော့ အပြောခံရတဲ့သူက နားထောင်မယ်ထင်လား..

ခင်ဗျားရဲ့ စေတနာကမှ မမှန်ဘဲ သူလည်းနာလိုစိတ်မရှိဘူး. သူ့မှာလည်း ခိုင်လုံတဲ့
အကြောင်းပြချက်တွေ
ရှိနေတယ်. သူကလည်း ပြန်ချေပတယ်. အဲဒီ့မှာ အမုန်းတရားတွေ ဖြစ်လာတယ်.
တိုက်ပွဲတွေပြင်းထန်လာတယ်. ရည်ရွယ်ချက်တွေ ဘေးရောက်ကုန်ပြီ
ကိုယ်ရေးကိုယ်တာတိုက်ပွဲ သဘောမျိုးထိ ဖြစ်လာတယ်.

တစ်ခါတစ်လေမှာ
ကိုယ်က တကယ်ကို စေတနာအမှန်နဲ့ ထောက်ပြပြောဆိုတယ်. သူက လက်မခံဘူး. ဒါဆိုရင်
ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတော့ ကိုယ့်မှာပဲ အပြစ်ရှိတယ်.

ခင်ဗျားမပြောတတ်သေးလို့.
တစ်ဖက်လူနာခံတတ်အောင် ပြောနည်းဆိုနည်း လူမှုရေးနည်းပညာကို
ခင်ဗျားနားမလည်သေးလို့၊ ပြောရမယ့် အချိန်အခါကို မသိတတ်သေးလို့ ဆိုပြီး
ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ်.

ဒါဟာ ဘလော့ဂ်ရေးတဲ့ ပတ်ဝန်းကျင်ကို
ကျော်လွန်သွားပြီနော်. တကယ့်ကို လူမှုဆက်ဆံရေးနည်းပညာတွေ ဖြစ်လာပြီ.
ဟုတ်တယ်. လက်တွေ့မှာလည်း ကျွန်တော်တို့ ဘလော့ဂ်လောကက Reality
သဘောမျိုးဖြစ်လာနေပြီ. ဒါကြောင့် လောကကြီးအကြောင်းကို
ဘလော့ဂ်ရေးသားရင်းနဲ့လည်း သင်ယူနိုင်နေပြီလို့ဆိုရင် မှားမယ်မထင်ပါဘူး

ဒီတော့
ကိုယ်နဲ့မကိုက်ညီတဲ့ အမြင်တွေ၊ မှားယွင်းကောင်းမှားယွင်းနေနိုင်မယ့်
သဘောတရားတွေကို ရေးထားတာတွေ့လို့ ဝေဖန်အကြံပြုတော့မယ်ဆိုရင်…

၁. သူနာလိုအောင် ပြောတတ်ရမယ်
၂. ပြောရမယ့် အချိန်အခါကို သိတတ်ရမယ်
၃. ထွက်ပေါက်ပေးထားရမယ်

“စကားခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတည်”ဆိုသလို မှန်တိုင်းပြောလို့မရတဲ့ စကားတွေ ရှိနေပါတယ်.

ဘာတွေလဲ ဆိုတော့

(၁) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၂) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၃) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၄) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၍ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၅) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူမနှစ်သက်စေကာမူ ပြောသင့်တစ်ခွန်း
(၆) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူနှစ်သက်သဖြင့် ပြောဆိုသင့်တစ်ခွန်း

(နှာ-၁၃၆၊ စံမြင့်မှတ်စု၊ မင်းလှစံမြင့်)

နံပါတ်
(၅) နဲ့ (၆) ကိုပဲ ပြောသင့်ပါတယ်. ဒါပေမယ့် ပြောရမယ့် အချိန်အခါကို
သိတတ်ဖို့လည်း သိပ်အရေးကြီးပါတယ်. မြတ်စွာဘုရားတောင်မှ လူတစ်ယောက်ကို
တရားဓမ္မဆေးတိုက်ကျွေးတော့မယ်ဆိုရင် သူ့ရဲ့ ကျွတ်တမ်းဝင်ချိန်ကို
မျှော်ကြည့်ပါတယ်. အချိန်အခါကျရောက်မှ သူနဲ့သင့်တော်တဲ့ တရားတော်ကို
ဟောကြားတော်မူပါတယ်. အချိန်အခါမကျသေးဘဲ ပြောဟောရင်
ဒီတရားစကားပဲဖြစ်နေပေမယ့် အကျိုးတရားဖြစ်ထွန်းမှာ မဟုတ်ပါဘူး.

တကယ်တော့
How to do ထက် When to do က အများကြီး ပိုခက်နေတတ်ပါတယ်. အဲလိုပါပဲ. How
to say ထက် When to say ကလည်း အများကြီး ပိုအရေးကြီးနေတတ်ပါတယ်. ဒါကို
မှန်ကန်စွာ ရှုမြင်သုံးသပ်တတ်ဖို့ကတော့ မိမိကိုယ်တိုင်ရဲ့
ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်နေပါတယ်. ဒါပေမယ့် ဒါတွေက သတိထားပြီးသင်ယူရင်
တတ်ပါတယ်.

နံပါတ် (၃) ဖြစ်တဲ့ ထွက်ပေါက်ပေးထားရမယ် ဆိုတာကတော့
တစ်ဖက်လူကို ချောင်ပိတ်ပြီး စကားစစ်မထိုးပါနဲ့. လူမှာ အတ္တဆိုတာရှိပါတယ်.
ကိုယ့်အတ္တကိုထိရင် လူတိုင်းဆတ်ဆတ်ထိမခံ ဖြစ်တတ်ပါတယ်.

ခွေးပိန်လေးတစ်ကောင်ကို
ချောင်ပိတ်ပြီးရိုက်ကြည့်ပါ. သူ့မှာ ထွက်ပေါက်မရှိတော့တာ သေချာရင်
ရိုက်တဲ့သူကို ရှိတဲ့အင်အားလေးနဲ့ ပြန်ကိုက်ဖို့ ကြိုးစားပါလိမ့်မယ်.

ဒီလိုပါပဲ.
ဘယ်သူ့ကိုမှ ထွက်ပေါက်ပိတ်ရလောက်အောင် ဖိမပြောပါနဲ့. ကိုယ်ပြောချင်တာကို
ပြောပါ. Pros and Cons (အကျိုးအပြစ်) တွေကို ချပြပါ. ပြီးရင်တော့
သူကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပါစေ.

ခေါင်းဆောင်ကောင်း၊
မန်နေဂျာကောင်းတွေက တစ်ဖက်လူကို ဇွတ်မတိုက်တွန်းဘူး. သူဖြစ်စေချင်တာကို
ချပြပြီးတော့ တစ်ဖက်သားကို စဉ်းစားခိုင်းတယ်. နောက်ဆုံးမှာ
ကျွန်တော်ဒီလိုစဉ်းစားမိလိုက်တယ်ဆိုပြီး တစ်ဖက်သားက ထုတ်ပြောလာတဲ့အထိ
ကိုယ့်ရဲ့ အကြံဥာဏ်က သူ့စိတ်ထဲကို စီးဝင်နစ်မြောသွားစေရမယ်.

အဲဒါခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပဲ.

လူတစ်ယောက်ကို
ပြောင်းလဲလာစေချင်ရင်လည်း ဒီသေ****. ပြောင်းလဲသင့်တဲ့ အချက်တွေကို
ပြောပြရမယ်. သူယူဆတာတွေ ဘယ်နေရာမှာ လွဲချော်သွားတယ်ဆိုတာကို သူမြင်လာအောင်
ရှင်းပြရမယ်. ကိုယ့်အမြင်ကိုလည်း သူ့အတ္တကို မထိခိုက်စေဘဲ တင်ပြတတ်ရမယ်.
ပြီးတော့မှ ကိုယ့်ဖက်ပါအောင် စကားအလိမ္မာသုံးပြီး စည်းရုံးတတ်ရမယ်.

ဒီတိုင်းသွားပြီး

ဟေ့ကောင်. မင်းထင်တာ မှားနေတာ. ဒါကမှ အမှန်. မင်းမသိဘူးလား. ငါတို့အားလုံးသိတယ်. မင်းတို့မို့မသိတာ ငါသိပ်အံ့ဩတယ်.

ဒါမျိုးသွားပြောကြည့်.
ဘယ်သူမှ မခံဘူး. သူများမှားကြောင်းပြောနေတဲ့ ခင်ဗျားကိုယ်တိုင်ရဲ့
ပြောဆိုပုံမှားနေတယ်. ဒါကြောင့် ခင်ဗျားလိုချင်တဲ့ ရလာဒ်ရလာမှာ မဟုတ်ဘူး.

နိုင်ငံခြားကလာတဲ့
ဆေးတောင့်လေးတွေကို အခွံချွတ်ပြီး သောက်ကြည့်ဖူးတယ်. ခါးလိုက်တာဗျာ.
အခွံလေးကို ကိုက်စားကြည့်တော့ ချိုနေတာပဲ. ဒီလိုပဲပေါ့ဗျာ.
ကောင်းတယ်ဆိုတိုင်း ဒီတိုင်းသွားပြောလို့ မရဘူး. အပေါ်က သကာအုပ်တတ်ရတယ်.
အဓိကက ကိုယ့်စကားနားဝင်ဖို့ပဲ. ပြောတတ်ရတယ်. မဟုတ်ရင်တော့ ခင်ဗျား
ရန်သူတစ်ယောက် ကောက်ရလိုက်တာနဲ့ အတူတူပဲ. မယုံရင်စမ်းကြည့်ပေါ့.
ကျွန်တော်အပိုမပြောဘူး.

မိဘတောင်မှ သားသမီးကို ဆုံးမတယ်ဆိုပြီး
နိုင့်ထက်စီးနင်းပြောတာနဲ့ ချိုချိုသာသာနဲ့ နားဝင်အောင်ပြောတာ
ဘယ်လောက်ကွာတယ်ဆိုတာ ငယ်ရာကကြီးလာခဲ့တဲ့ ကျွန်တော်တို့အားလုံးသိပါတယ်.
ဒါတွေကို လက်တွေ့လူမှုဘ၀ကြီးထဲမှာကျတော့ ဘာလို့ မသိကျိုးကျွံပြုထားကြတာလဲ.

“တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ချိုလှစေ…” တဲ့.

အဲလိုမကျင့်သုံးဘဲ
ငါ့စကားနွားရပြောနေကြတာကို ဘလော့ဂါတွေကြားမှာ တွေ့နေရတယ်. ဒါတွေကို
မဆင်ခြင်ဘဲ ဒုံရင်းအတိုင်းနေလည်း သဘောပါ. ဒါပေမယ့် ဆင်ခြင်မယ်၊ ပြုပြင်မယ်၊
ကြိုးစားလိုက်နာမယ် ဆိုရင်တော့ ခင်ဗျားဟာ အရှိန်အ၀ါကြီးတဲ့ ဩဇာကြီးတဲ့
အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်လာပါလိမ့်မယ်.

ပြဿနာတစ်ခုဖြစ်တဲ့
အခါမှာ ၀င်တိုင်းမကောင်းပါဘူး. ၀င်သင့်တဲ့အချိန်ကို ပညာမျက်စိနဲ့
ကြည့်တတ်ရပါတယ်. အခြေအနေနဲ့ အချိန်အခါကို နားလည်ကျင့်သုံးတတ်ဖို့လိုတယ်လို့
စကားဟောင်းတစ်ခုကိုပဲ ပြန်သုံးလိုက်ပါရစေ..

ဒါကြောင့် အောင်မြင်တဲ့
ဘလော့ဂါတစ်ယောက်ဖြစ်ချင်ရင် ဘလော့ဂ်တွေကို လျှောက်လည်ရုံသာမက
ကော်မန့်လည်းရေးတတ်ရပါမယ်. ရေးသင့်ရေးထိုက်တာကို ရေးတတ်ဖို့လိုသလို
ရေးရမယ့် အချိန်အခါကိုလည်း နားလည်သင်ယူတတ်ဖို့လိုပါတယ်. မဟုတ်ရင်တော့
ခင်ဗျားကိုယ်တိုင်ပါ ကော်မန့်တိုက်ပွဲထဲ ၀င်ပါသွားပြီးတော့ အရည်မရအဖတ်မရ
ငြင်းခုန်မှုတွေနဲ့ အချိန်ကုန်၊ လူမုန်းများဖို့ပဲ ရှိပါတယ်.

အဲလိုပြောလို့
လူချစ်အောင် ဘာမှမဝေဖန်တော့ဘဲ ဒီတိုင်းလေးနေလို့ မဆိုလိုဘူးနော်.
လူတိုင်းရဲ့ စိတ်ဆန္ဒကို သိမ်းကျုံးယူနိုင်ဖို့ တကယ်တော့ မလွယ်ပါဘူး.
ကိုယ်ယုံကြည်ရာ၊ ကိုယ်လုပ်ချင်ရာကို မည်သူ့အကျိုးစီးပွားကိုမျှ
မထိခိုက်စေဘဲ ယုံကြည်စွာနဲ့ပဲ တစိုက်မတ်မတ်လုပ်ပါ. လူချစ်အောင်မလုပ်ပါနဲ့.
လူကြည်ညိုအောင်လည်း ပြုံးပြုံးပြုံးပြုံးလေးနဲ့ သဘောကောင်းဟန်ပြပြီး
မနေပါနဲ့. လုပ်သင့်တာ ရေးသင့်တာ ပြောသင့်တာ ဆိုသင့်တာကိုသာ လုပ်ပါ ရေးပါ
ပြောပါ ဆိုပါ. မိတ်ဆွေစစ်တစ်ယောက်ရတိုင်း ခင်ဗျားမှာ ရန်သူတစ်ယောက်ပါ
ရလာလိမ့်မယ်. ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ရန်သူဟာ ခင်ဗျားရဲ့ ရန်သူပဲလေ.
ဒါကြောင့် ရန်သူမရှိတဲ့သူမှာ မိတ်ဆွေမရှိဘူးလို့ စကားပုံဖြစ်ပေါ်လာတာပေါ့.

ဒီလိုပါပဲ.
ကျွန်တော်တို့ မိတ်ဆွေချည်းသက်သက်ပဲ လိုချင်တယ်ဆိုလို့တော့ မရဘူး.
ဘလော့ဂ်လောကမှာလည်း သူ့ဖာသာ အသိုင်းအ၀ိုင်းလေးတွေ ဖွဲ့ပြီးနေနေကြတဲ့
ဘလော့ဂါတစ်ချို့ရှိတယ်ဆိုတာ ကြာလာတာနဲ့အမျှ သိလာပါလိမ့်မယ်. ကြာလေကြာလေ
ဘလော့ဂ်လောကကြီးက ပြင်ပလက်တွေ့ဘ၀ကြီးနဲ့ တူလာလေ ဖြစ်နေတယ်ဆိုတာ
ဘလော့ဂ်ရေးတဲ့ သက်တမ်းကြာလာရင် သိလာမှာပါခင်ဗျာ.

တစ်ချိုးတစ်ကွေ့မှာ
ခင်ဗျားနဲ့ ဘလော့ဂါတစ်စုံတစ်ယောက် ကတောက်ကဆဖြစ်ခဲ့ရင်တောင်မှ ပညာတတ်ပီသစွာ
ငြင်းခုန်ဆွေးနွေးပါလို့ ကျွန်တော်အကြံပြုချင်ပါတယ်. ဒါဆိုရင် တစ်ဖက်လူက
ခင်ဗျားကို အမြင်မတူတာတောင်မှ လေးစားမှုပေးပါလိမ့်မယ်. ရေရှည်လည်း
အမုန်းမပွားဘဲ ဆက်ဆံသွားနိုင်ပါလိမ့်မယ်. ကျွန်တော်တို့ဟာ
တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့ မရပါဘူး. ဘလော့ဂ်လောကမှာလည်း ဒီလိုပါပဲ.
အွန်လိုင်းက ကိစ္စတွေပါကွာဆိုပြီး ခင်ဗျားတစ်ဦးတည်းနေကြည့်ပါ.
ဘာဖြစ်လာမလဲဆိုတာ မကြာခင်သိလာပါလိမ့်မယ်.

ဒါကြောင့်
မိတ်ဆွေတိုးပွားအောင် ရယူပါ. မိမိကို တစ်ဖက်သတ် တိုက်ခိုက်ပြီး
စကားတင်းဆိုလာခဲ့ရင်တောင် တည်ငြိမ်ရင့်ကျက်စွာ ဖြေရှင်းပါ၊ ဆွေးနွေးပါ၊
ထိပ်တိုက်ရင်ဆိုင်ပါ၊ စိန်မခေါ်ပါနဲ့။ ဒါဆိုရင် ခင်ဗျားကို ရန်သူကတောင်
လေးစားပါလိမ့်မယ်. လက်တွေ့ ပြင်ပဘ၀ထဲမှာလည်း ဒီလိုသဘောတရားတွေကို
အသုံးချနိုင်ပါတယ်.

ပြီးတော့လည်း ငါ့ဘလော့ဂ်ပဲကွာဆိုပြီး
ရေးချင်ရာတွေ လျှောက်မရေးပါနဲ့. မိမိဘလော့ဂ်အတွက် မိမိသာလျှင် အယ်ဒီတာပါ.
ဒါကြောင့် ပိုတာဝန်ကြီးပါတယ်. မကြီးဘူးလို့ ယူဆရင်လည်း မကြီးဘူးပေါ့လေ.
ကျွန်တော်ကတော့ သုံးလိုက်တဲ့ စကားလုံးအသုံးအနှုန်းကအစ စာဖတ်သူကို စော်ကားတဲ့
ပုံစံမပါအောင် သေချာစိစစ်ရွေးချယ်ပြီး သုံးပါတယ်. ဘလော့ဂ်ပေါ်မှာ
အတင်းအဖျင်းပြောတာမျိုး၊ လူမှုရေးအရ မသင့်တော်တဲ့ ဓာတ်ပုံတွေ တင်တာမျိုးလည်း
မလုပ်သင့်ပါဘူး.

ယောင်္ကျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်နဲ့
လက်ရှိမှာ ချစ်နေပေမယ့်လည်း သူက ကိုယ့်ရဲ့ အိမ်ထောင်ဖက် မဟုတ်သေးပါဘူး.
(လုံးဝကိုသေချာနေရင်တော့ တစ်မျိုးပေါ့လေ.) ဒါပေမယ့် ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊
တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ဓာတ်ပုံတွေ မတင်သင့်ပါဘူး.
ဒါက အားလုံးအတွက်ရည်ရွယ်ပြီးပြောတာပါ. (ကြိုက်သလိုကွဲလွဲစွာ
မြင်နိုင်ပါတယ်ခင်ဗျာ)

ကြမ်းကျွံရင် နှုတ်ရတယ်. စကားကျွံရင်
နှုတ်မရဘူးဆိုတာတောင် ရှိနေသေးတာပဲ. ခုလိုမျိုး အားလုံးသိအောင်
လူသိရှင်ကြားလုပ်ပြီးမှ အကြောင်းတစ်ခုခုကြောင့် လက်မတွဲဖြစ်တော့ရင်
တစ်ဖက်သား သိပ်နစ်နာပါတယ်. အခုဟာက အကုန်ကျွံကုန်တာပါ. ဒါကြောင့်
လူမှုရေးရှုထောင့်ကနေ ကြည့်ပြီး ဒါမျိုးမလုပ်သင့်ပါဘူး. မိန်းကလေးတစ်ယောက်
ကိုယ့်ကို ဆက်ပြီး မချစ်နိုင်တော့လို့ လက်တွဲဖြုတ်သွားမယ်ဆိုရင် ဒါကို
နားလည်လက်ခံပေးနိုင်ဖို့လိုပါတယ်. ကြေကွဲပါ. ခံစားပါ. ဒါပေမယ့် လက်စားတော့
မချေပါနဲ့. ယောင်္ကျားကောင်းပီသစွာ ရင်ဆိုင်ဖြေရှင်းပါ. ကျွန်တော်တို့
Gentleman ပီသဖို့လိုပါတယ်. မကျေနပ်ရင် အပြင်မှာ
ထိပ်တိုက်တွေ့ဆုံဆွေးနွေးပါ. ဘလော့ဂ်ပေါ်တင်ပြီး အရှက်ခွဲတဲ့ပုံစံမျိုး၊
ကြေကွဲတမ်းတနေတဲ့ ပုံစံမျိုးလုပ်ရင်တော့ မိန်းကလေးလည်း နစ်နာတယ်.
ခင်ဗျားကိုလည်း အားလုံးက အထင်သေးရွံရှာသွားမှာ သေချာပါတယ်.
ကိုယ်နဲ့ချစ်နေစဉ်က ယုံကြည်စွာပေးခဲ့တဲ့ သူ့ဓာတ်ပုံလေးတွေကို
ခုလိုဖြစ်တော့မှ တစ်ဖက်သားအတွက် ထည့်မစဉ်းစားဘဲ ကိုယ်လုပ်ချင်တာတွေကို
ဇွတ်မလုပ်သင့်တာ လောကနီတိထဲမှာ ထည့်မရေးထားတဲ့ unwritten law တစ်ခုပါ.
ဒါတွေကို ဂရုမစိုက်ဘူးဆိုရင်တော့ ဆက်လုပ်ပါ. ဘာမှ ဆက်ပြောစရာမရှိတော့ပါဘူး.
လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးတာချည်းပါပဲ.

တစ်ချိန်တည်းမှာပဲ
ပညာဗဟုသုတတိုးပွားအောင် ကြိုးစားလေ့လာမှတ်သားပါ. ဘလော့ဂ်ကိုလည်း
ပို့စ်မှန်မှန်လေးတင်ပေးပါ. မတင်နိုင်သေးရင်လည်း မတင်နိုင်သေးကြောင်း
လေးစားစွာ အသိပေးပါ. ဒါဟာ စာဖတ်သူအပေါ်ထားရှိတဲ့ ကိုယ့်စေတနာကို ပြသရာလည်း
ရောက်ပါတယ်. တစ်ပတ်မှာ ပို့စ်တစ်ခုလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပါ.
မိမိဘလော့ဂ်ကိုလည်း တန်းပလိတ်ခဏခဏမပြောင်းပါနဲ့. စာဖတ်သူက
သူအကျွမ်းဝင်နေပြီးသား တန်းပလိတ်မှာ စာလာဖတ်ရတာ ပိုပြီးတော့
သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရပါတယ်. တန်းပလိတ်ကို
ကြိုက်တာသေချာလိုက်ရွေးပါ. ကြိုက်ပြီဆိုရင် အဲဒါကိုပဲသုံးပါ.
တဖြည်းဖြည်းချင်း feature တွေကို ပြောင်းယူပါ. တန်းပလိတ်တစ်ခုလုံးကြီး
ပြောင်းရတာက တကယ်ကို လိုအပ်မှပဲ
လုပ်သင့်ပါတယ်. ခဏခဏပြောင်းနေတာထက်
အချိန်အတော်ကြာမှ နောက်တစ်ခုပြောင်းတာ ပိုကောင်းပါတယ်.
ပို့စ်ကောင်းကောင်းလေးတွေ ရေးတဲ့ဖက်ကို ပိုပြီး အာရုံစိုက်သင့်ပါတယ်.

ပညာဥာဏ်ကြီးမားအောင် စာများများဖတ်ပါ. စာမျိုးစုံဖတ်ပါ
လေ့လာဆည်းပူးခဲ့တာတွေကို ဝေငှပါ. အများဆီကလည်း ပြန်သင်ယူပါ.
မိတ်ဆွေအပေါင်းအသင်းတိုးပွားအောင် လုပ်ပါ
ကိုယ်ရေးကိုယ်တာခံစားချက်ကို ထိန်းသိမ်းပါ
စာဖတ်သူကို လေးစားပါ

ဒါဆိုရင် မြေကြီးလက်ခတ်မလွဲဘူး
ခင်ဗျားဟာ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ရုံသာမကဘူး. အောင်မြင်တဲ့လူသားတစ်ယောက် ဖြစ်လာဖို့ပါ ၁၀၀ % သေချာနေပါပြီ..

ခင်မင်လေးစားလျက်

ရန်အောင်



(ကျွန်တော်လေးစားခဲ.တဲ.ဘလော.ဂါကိုရန်အောင်ရဲ.ပိုစ်.လေးကိုပြန်လည်မျှဝေပါတယ်)

Shwe Min Wun