မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်
နီးကပ်လာသည်နှင့်အမျှ လုံခြုံရေး ကို အမေရိကန် ၊ မြန်မာ နှစ်နိုင်ငံလုံးမှ
တိုးမြင့်လျှက်ရှိရာ မြန်မာ့ လေပိုင်နက် အတွင်း အမေရိကန် မောင်းသူမဲ့
ထောက်လှမ်းရေး လေယဉ်ငယ်များ ပျံသန်း ထောက်လှမ်းနေနိုင်သည်ဟု အမည်မဖော်လိုသူ
လေကြောင်း လုံခြုံရေး အရာရှိတဦးမှ ခန့်မှန်း ပြောဆိုလိုက်ပါတယ် ။
တကယ်တို့ ဒီလိုထောက်လှမ်း နေမယ်ဆိုရင် လုံခြုံရေး အတွက် ပိုမိုကောင်း
မွန်စေတဲ့ ဆောင်ရွက်ချက် ဖြစ်လို့ လက်ခံနိုင်စရာအကြောင်း ရှိတယ်လို့လည်း ၎င်းက
ပြောဆို လိုက်ပါတယ် ။ မြန်မာနိုင်ငံ အနေနဲ့ အဆင့်မြင့်နည်းပညာတွေကို
အသုံးပြုဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့လဲ ၎င်းက ပြောဆို လိုက်ပါတယ်။
Copy from - Myanmar Mediamm
0 ကွန်မန့်ရေးရန်:
Post a Comment