ယခု ရက်ပိုင်း အတွင်း မန္တလေးမြို့တွင် လူတစ်စုက ဆေးဝါးတစ်မျိုးကို လိမ်လည် ရောင်းချလျှက်ရှိပါသည်။
ဆေဘူး နှင့် ကြောငြာ စာရွက်ပေါ်တွင် Propolis Classic & Gold ပရိုပေါလစ် (စ်) ဟု ရေးသား ထားပါသည်။ ထုတ်လုပ်သည့် ကုမ္ပဏီ၊ ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးမည့် ရက်စွဲ စသည်တို့မပါရှိပါ။ အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်သည် ဟုသာ ဖော်ပြထားပါသည်။
ကြော်ငြာ စာရွက်ပေါ်တွင် ပျောက်ကင်းနိုင်သည့် ရောဂါ (၃၂) မျိုးဖော်ပြထားပါသည်။
လိမ်လည် ရောင်းချခြင်းခံရသူက ပြောဆိုရာတွင် ဆေးတစ်ဘူးလျှင် ကျပ်ငွေ ၃၀၀၀၀ ( သုံးသောင်းကျပ်) ပေးရကြောင်း နှင့် ဆေးဘူး အတွင်းတွင် ပျားရည် များထည့်သွင်း ထားကြောင်း ပြောဆိုပါသည်။
by MNN သစ်ထူးလွင်မှ

0 ကွန်မန့်ရေးရန်:
Post a Comment