၁) အလီဇယား
ဆရာမ - ကဲ.. မောင်ထုံ.. ၉ အလီကို အလီဇယားမကြည့်ဘဲ ရွတ်ပြစမ်း။
မောင်ထုံ - ၉ တစ်လီ ၉ ။ ၉ နှစ်လီ ၁၈.. (သူ၏ စာအုပ်နောက်ကျောရှိ ဇယားကိုကြည့်လျက်)
ဆရာမ - နင့်ကို အလီဇယားမကြည့်ဘဲ ရွတ်လို့ပြောတာလေ။
မောင်ထုံ - ကျနော်ကြည့်တာ အလီရဲ့ ဇယားမဟုတ်ပါဘူး။ သူ့စာအုပ်ကိုပိတ်ထားပါတယ်။ ကျနော်ကြည့်တာ ကျနော့်ဇယားပါ..
၂ ) facebook ID
ဆရာမ - ခရစ္စတိုဖာကိုလံဘတ် (၁၄၅၁-၁၅၀၆) ဆိုတဲ့ ခေါင်းစဉ်မှာ ကိုလံဘတ်နာမည်နောက်က ဂဏန်းတွေကဘာကို ကိုယ်စားပြုတုန်း။
ကျောင်းသား - သူရဲ့ facebook profile ID လို့ထင်ပါတယ် ဆရာမ။
၃ ) ဝါကျဆုံးအောင်နားထောင်ပါ
ဆရာမ - "ဘုန်းကြီးကျောင်း" ဆိုတဲ့နာမ်ကိုသုံးပြီး ဝါကျတစ်ကြောင်းဖွဲ့ပြပါ။
ဆရာမ - ဘုန်းကြီးနဲ့တွဲလာရင် သေဆုံးတယ်ဆိုတဲ့စာလုံးအစား ပျံလွန်တော်မူတယ်လို့သုံးရတယ်။ ကဲပြန်ပြင်ဆိုစမ်း..
ကျောင်းသား - ဘုန်းကြီးကျောင်းတွင် ပျံလွန်တော်မူသွားသော ကြောင်လေးကိုမြေမြုပ်လိုက်ပါသည်။
၎ ) ကိုယ်တတ်သလိုစာလုံးပေါင်းတာပဲ
ဆရာမ - ကဲ.. မောင်ထုံ တက္ကသိုလ်ကို မင်းဘယ်လိုစာလုံးပေါင်းတုန်း..
မောင်ထုံ - "တတ်ကသို"
ဆရာမ - မှားတယ်...မောင်ထုံ - မှားတယ်၊
မှန်တယ်ဆိုတာ ဆရာမဆုံးဖြတ်ရမှာပါ။ ဆရာမက ကျနော်ဘယ်လိုပေါင်းလဲမေးလို့
ကျနော်စာလုံးပေါင်းသလို ပေါင်းပြတာပါ။
၅ ) အကွာအဝေး
ဆရာမ - ဒီနေရာကနေ လနဲ့ အာဖရိကတိုက် ဘယ်ကပိုဝေးသလဲ???
မောင်ထုံ - အာဖရိကတိုက်ကပိုဝေးပါတယ်။
ဆရာမ - ဘာဖြစ်လို့လဲ???မောင်ထုံ - ဒီကနေ လကိုလှမ်းမြင်ရပေမယ့် အာဖရိကတိုက်ကိုလှမ်းမမြင်ရလို့ပါဆရာမ..
၆ ) မေးမိတာမှားပါတယ်...
ဆရာ - မောင်ထုံ.. ကမ္ဘာမြေကြီးရဲ့အလေးချိန်က ဘယ်လောက်ရှိလဲ???
မောင်ထုံ - ဘယ်ကတ္တားနဲ့ချိန်မှာလဲဆရာ။ အရောင်းဒိုင်ကတ္တာလား.. အဝယ်ဒိုင်ကတ္တာလား... ဒါမှမဟုတ် သမာဓိကတ္တာလား??
ဆရာ - သမာဓိကတ္တားကွာ..
မောင်ထုံ - ဘယ်ယူနစ်နဲ့လဲဆရာ.. ကီလိုလား၊ တန် လား၊ ပိဿာလား ???ဆရာ - ကီလိုကွာ...
မောင်ထုံ - ဒါနဲ့ဆရာ .. လူတွေအလေးချိန်ကောထည့်တွက်မှာလား..???
ဆရာ - ဒီကောင်တယ်ရှည်ပါလား.. အကုန်ထည့်တွက်ကွာ..
မောင်ထုံ - အကုန်ဆိုတာ.. လူအပါအဝင်
အဆောက်အဦးတွေ.. လေ..ဓာတ်ငွေ့စတာတွေပါ ပါမှာလား???ဆရာ - ဟုတ်တယ်ကွာ..
ရှိရှိသမျှ အကုန်ကွာ.. (စိတ်သိပ်မရှည်တော့)မောင်ထုံ - ဒါဆို ဒဿမ
ဘယ်နေနေရာအထိ သိချင်တာလဲ???
ဆရာ - ဒီကောင် စာမေးတာကောင်းကောင်းမဖြေဘူး ကြိမ်လုံးစားချင်ပြီနဲ့တူတယ်..
မောင်ထုံ - ကြိမ်လုံးချည်းအလွတ်စားရမှာလား.. တခြားအရံဟင်း၊ အချိုတည်းဖို့ပါသေးလား...
ဆရာ - ကြိမ်လုံးချည်းအလွတ်ကျွေးမှာဟေ့...
မောင်ထုံ - ဘယ်အမျိုးအစားလဲဆရာ.. ပဲခူးကြိမ်လုံးလား.. တိုက်ကြီးကြိမ်လုံးလား..
ဆရာ - ထောက်ကြံ့ကြိမ်လုံးဟေ့... မင်းကိုရိုက်မှာ..
မောင်ထုံ - ဒီအတိုင်းရိုက်မှာလား။ ရေစိမ်ပြီးမှ ရိုက်မှာလား..
ဆရာ - အေး ရေစိမ်ပြီးမှ ရိုက်မှာ ဒါမှမှတ်မှာ..
မောင်ထုံ - ရိုးရိုးရေလား.. ရေသန့်လား..
ဆရာ - တော်ပြီ.. မင်းထိုင်တော့.. မင်းကိုမေးရတာ စာသင်ချိန် တစ်ချိန်ကုန်တော့မယ်..
0 ကွန်မန့်ရေးရန်:
Post a Comment