This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, August 22, 2012

သတိ အနေအထားနဲ့ စစ်ရေးပြင်ဆင်နေ တဲ့ရှမ်းပြည်တပ်မတော်မြောက်ပိုင်း







DVB|နန်းြမနဒီ
အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ထိန်းချုပ်ဒေသထဲ ကို အစိုးရတပ်ရင်းတွေ ထပ်မံတိုးချဲ့ချထားနေတဲ့ အတွက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဘက်ကလည်း သတိ အနေအထားနဲ့ စစ်ရေးပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် မိုင်းအွတ်ဒေသ ဘက်မှာ အစိုးရတပ်တွေနဲ့ အက်အက်စ်အေ မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေမှာရော ဌာနချုပ် ၀မ့်ဟိုင်းကို သွားတဲ့လမ်းတွေမှာပါ အစိုးရတပ်ဘက်က တပ်အင်အားတွေ ရာနဲ့ချီပြီး တိုးမြှင့်ချထားနေတယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့က ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ဗိုလ်မှူးစိုင်းလ
“အခုတိုးလာတာက အရင် နမ့်ပုတ်စခန်းမှာဆိုရင် ၁၀ ယောက်ကျော်လောက်ပဲ နေတယ်လေ၊ အခုအင်အား ၁၀၀ လောက် ရောက်လာတယ်။ မိုင်းအွတ် တ၀ိုက်မှာဆိုရင် တောင်ဟျိုး၊ လွယ်ဖာဖိန့်တို့ အဲဒီတောင်ကုန်းတွေ ဘက်မှာလည်း ဖြန့်ခွဲ့ပြီးတော့ တပ်စွဲထားတာ အင်အား ၃၀၀ လောက်ရှိမယ်၊ ကျနော်တို့ဌာနချုပ်ရဲ့ တောင်ဘက် မိုင်းနောင် လမ်းကြောင်းမှာလည်း တပ်ရင်း တရင်းလေ၊ ဌာနချုပ်အ၀င်အထွက်လမ်း အဓိကကျတဲ့ နေရာတွေမှာ ပိတ်ဆို့ထားတဲ့ အခြေအနေမျိုးပေါ့။”
အစိုးရတပ်တွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်

" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( ၁)


" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( ၁)

အခုတင်မယ့် သွားများ ဖြူဝင်းစေတဲ့ နည်းလမ်းကို
တစ်ချို့ သူငယ်ချင်းများလည်း သိချင်သိမှာပါ
မသိတဲ့ သူငယ်ချင်းများလည်း ရှိမှာပါ ဘာပဲဖြစ်ဖြစ်
အားလုံး ဗဟုသုတ ရစေတာပေါ့နော်


သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။

- သီးမွှေးဌက်ပျောသီးလေး တစ်လုံးကို အခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော်။
- အခွံကို မပစ်လိုက်ပါနှင့် . သွားများဖြူဝင်းစေဖို့ အခွံလေးက စွမ်းဆောင်ပေးမှာပါ။
- သီးမွှေးဌက်ပျောသီး အထဲက အခွံနှင့် သွားများအားလုံးကို ပွတ်တိုက်ပေးလိုက်ပါ။
- ပွတ်တိုက်ပြီးတာနှင့် တစ်ရှုးလေးနှင့် စင်ကြယ်အောင် သု

Monday, August 20, 2012 ထွေရာလေးပါး....

ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှ ကျောင်းပေါင်း ၄၆၇ ကျောင်း ပိတ်ထား

*
Inbox
x







Eleven Media Group:
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှ ကျောင်းပေါင်း ၄၆၇ ကျောင်း ပိတ်ထား
မြစ်ရေကြီးမြင့်မှုဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ်အနက် မြို့နယ် ၁၂ မြို့နယ်မှ  ကျောင်းပေါင်း ၄၆၇ ကျောင်းအား ယာယီပိတ်ထားခဲ့ပြီး လတ်တလောကာလတွင် ဖွင့်လှစ်နိုင်မှု မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး အုပ်ချူပ်ရေးမှုး ဦးအေးကျော် ကပြောသည်။
မြစ်ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် သာပေါင်း၊ ရေကြည် ၊ကျုံပျော် ၊ ပုသိမ်၊ ကန်ကြီးထောင့် ၊ ကျောင်းကုန်း ၊ ပန်းတနော် ၊ဓနုဖြူ အစရှိသည့် ဒေသများနှင့် ဇလွန် ၊လေးမျက်နှာ ၊ အိမ်မဲ၊ ညောင်တုန်း အစရှိသည့် မြို့နယ်များတွင်  ကျောင်းများ ပိတ်ထားရပြီး  လတ်တလောကာလတွင့် ပြန်လည် ဖွင့်လှစ်နိုင်ဦးမည် မဟုတ်ကြောင်း သိရှိရပါသည်။
"ကျောင်းတွေ စပိတ်ခဲ့တာက သြဂုတ်လ ၄ ရက်နေ့ ကတည်းကပါ မြိုနယ်အလိုက်တော့  ပိတ်ရက် မတူပါဘူး ။  တချို့မြှိုတွေမှာက မြို့ပေါ်မှာ ရေကြီးလို့ ပိတ်ထားတာ မဟုတ်ဘူး။ ရွာတွေက လာမဲ့ ကျောင်းသူကျောင်းသား ကလေးငယ်တွေ ရေပြင်ကျယ်ကြီး ဖြတ်လာရမှာ အန္တရာယ် ရှိလို့ ပိတ်ထားတာပါ"" ဟု ဦးအေးကျော် ကပြောသည်။
မြစ်ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် သာပေါင်းမြို့တွင် ကျောင်းပေါင်း ၉၀ ၊ ရေကြည်မြို့တွင် ကျောင်းပေါင်း၄၅ကျောင်း ၊ကျုံပျော်မြို့တွင် ကျောင်းပေါင်း ၂၄ ကျောင်း ၊ ပုသိမ်မြို့တွင် ကျောင်းပေါင်း ၉၆ကျောင်း၊ ကန်ကြီးထောင့် မြို့တွင် ကျောင်းပေါင်း၄၅ကျောင်း၊ ကျောင်းကုန်းမြို့တွင် ကျောင်းပေါင်း ၄၅ကျောင်း  ၊ ပန်းတနော်မြို့တွင် ကျောင်းပေါင်း ၂၆ ကျောင်း ၊ဓနုဖြူ မြို့တွင် ကျောင်းပေါင်း ၂၃ကျောင်း၊ဇလွန်မြို့တွင် ကျောင်းပေါင်း၂၆ကျောင်း ၊လေးမျက်နှာမြို့တွင် ကျောင်းေ

ရှေးခောတ်ဟောင်းအောင့်မေ့ဘွယ်


လန်ခြား

ဥရောပမှာ စာမသင်ပါ (ကောင်းဆက်နိုင်-အံ့သြလွန်းလို့ သေတော့မယ်)


ဥရောပမှာ စာမသင်ပါ (ကောင်းဆက်နိုင်-အံ့သြလွန်းလို့ သေတော့မယ်)
               ဥရောပဘက်မှာတော့ သနားစရာ ငှက်ကလေးများလို တစာစာအော်ပြီး ကြက်တူရွေး များလို သည်မလွဲ အလွတ် ပြန်ရတဲ့ စာသင်နည်း မသုံးတော့ပါဘူး။ သင်ရိုးညွန်းတမ်းတွေကို ဘုရားဟောကျမ်းလိုမျိုး တစ်သက်လုံး ဦးထိပ်ပန်ဖို့ အာဂုံ ဆောင်ရတာကို စာသင်တယ် ခေါ် တာပါ။ တကယ်တော့ ပညာရေးလောကဟာ ရေသေမဟုတ်ဘဲ အမြဲ ပြောင်းလဲနေတဲ့ ရေရှင်ဖြစ်ပါတယ်။ မနေ့က သင်ရိုးထဲ ပါတဲ့ သီအိုရီတစ်ခုဟာ ဒီနေ့ ပြောင်းပြန် ဖြစ်သွားနိုင်လောက်အောင် အပြောင်း အလဲ မြန်ပါတယ်။
               သင်ရိုးတွေကို ခေါင်းပေါ် ရွက်မထား ဘဲ ဝေဖန်သုံးသပ်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ တီထွင်တတ်လာအောင် ပြုစုပျိုးထောင်တာဟာ ပညာသင်တာပါ။ ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာဖို့ မေးခွန်းမေးတတ်ဖို့၊ များများမေးတတ်ဖို့၊ ကိုယ်ပိုင်ဥာဏ် သုံးတတ်လာဖို့ ဆရာ ဆရာမရဲ့ တာဝန်ပါ။

နှမြောဖို့ ကောင်းတယ်
               ဒါကြောင့် ဥရောပမှာ “စာ” မသင်တော့ဘဲ “ပညာရေးစနစ်” ဆိုတဲ့အတိုင်း “ပညာ” တတ်အောင် လေ့လာချင်စိတ်တွေ၊ တီထွင်ချင်စိတ်တွေ လူသား အချင်းချင်း ကူညီချင်စိတ်တွေ

ဂတိတလုံးလွယ်လွယ်မပေးဖို့ဒါလေးဖတ်ကြစို့


ဘယ်သောအခါမှ ဆန္ဒအမှန်မပါပဲ ကတိစကားတစ်ခုကို လွယ်လွယ်နဲ့ မပေးပါနဲ့ ..
သေးငယ်တဲ့ကတိပဲဖြစ်ဖြစ်
ကြီးမားတဲ့ကတိပဲဖြစ်ဖြစ်
ကတိဟာ ကတိပါပဲ..

ကတိစကားဆိုတဲ့အရာကို အရေးတကြီးလို့ မယူဆလို့  ပေါ့ပေါ့ပါးပါးလွယ်လွယ်ကူကူနဲ့ ကတိပေးလိုက်ပြီး နောက်မတည်နိုင်လဲဖြစ်တာပါပဲ လို့ တွေးချင်တွေးနိုင်ပေမယ့် တဖက်ကသင့်ကိုယုံကြည်သူတစ်ယောက်အတွက်တော့
သင့်နှုတ်ဖျားက ကတိစကားဆိုတာဟာ..
သူ့ အတွက်
နှလုံးသားတစ်ခုလုံးလဲ ဖြစ်ရင်ဖြစ်နေနိုင်တယ်..
ကမ္ဘာတစ်ခုပမာလဲ ဖြစ်ရင်ဖြစ်နေနိုင်တယ်..
သူ့ ရဲ့ အကြီးမားဆုံးဆန္ဒတစ်ခုလဲ ဖြစ်နေနိုင်သလို..
နောက်ဆုံးအချိန်ထိ သူဘယ်တော့မှမစွန့် လွှတ်နိုင်မယ့် မျှော်လင့်ချက်တစ်ခုလဲ ဖြစ်နေနိုင်တယ်မဟုတ်လား..

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း


မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး
နေ့စဉ် လူနေမှုဘဝ
ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။
ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။ ဒါပေမယ့် လူနာရှင်တွေ အားထားရာ ဆရာဝန်က အနီးအနားက အခြားတာဝန်နဲ့ ရှိနေတဲ့ ဒေါက်တာအောင်ရဲကျော် ဖြစ်ပါတယ်။ အဲ့ဒီဆရာဝန်ဟာ လူနာတွေကို တစ်ပတ်တစ်ကြိမ် လာကြည့်ပေးနေပြီးတော့ လူနာတွေအတွက် ဆေးလိုအပ်လာလို့ အလှူရှင်မရှိရင် သူတို့ သူငယ်ချင်းတွေ စုထားတဲ့ ငွေလေးနဲ့ ဆေးဝယ်ပြီး ကုပေးနေတာကို အခု ၀ဘ်ဆိုဒ်ကို ရေးနေသူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ လူနာတွေစိတ်ချမ်းသာအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လူနာတွေနဲ့ ထမင်းအတူ စားပေးတဲ့ အချိန်တောင် ရှိတယ်ဆိုတာ ဝေဒနာရှင် အဖွဲ့ခေါင်းဆောင် ဦးတာက ပြောပြပါတယ်။နေ့လည်ပိုင်း ၁၀ နာရီဆိုရင်တော့ အလှူရှင်တွေကို မေတ္တာပို့ပြီး နေ့လည်စာ စားရတဲ့ အချိန်လေးပါဘဲ။ အလှူရှင်တွေ လာပြီး တစ်နပ်ကို

ငြိမ်းချမ်းရေးမရသေးခြင်းနှင့် သဘာဝဘေး မြန်မာ့စီးပွားရေးအား နှောင့်နှေးစေ


မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအား ပြည်တွင်း၌ ငြိမ်းချမ်းရေး မရရှိသေးမှုနှင့် သဘာဝဘေး ကျရောက်မှုများက အဓိက စိန်ခေါ်ချက် ဖြစ်နေသည်ဟု အာရှဖွံ့ဖြိုး တိုးတက်ရေး ဘဏ်(ADB)မှ လက်ထောက် စီးပွားရေး ဆိုင်ရာ အကြီးအကဲ Ms. Cyn-Young Park က ပြောသည်။

သြဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသော ADB ဘဏ်၏ မြန်မာနိုင်ငံ အပေါ်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အစီရင်ခံစာ အပေါ် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ရာ၌ ၄င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုကို အဓိကစိန်ခေါ်ဟန့်တားနေ တာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းငြိမ်း ချမ်းရေး မရရှိသေးတာနဲ့ သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျက်စီး မှုကြောင့် ဖြစ်လာတဲ့ ရာသီဥတုပြောင်းလဲမှု ကြောင့်သဘာဝဘေး အန္တရာယ်ဒဏ် တွေကို ဆိုးရွားစွာခံနေရတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်တဲ့အခါ မှာ ကျေးလက်နဲ့ မြို့ပြ သာတူညီမျှဖွံ့ဖြိုးရေးတွေ မလုပ် ဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကွာ ခြားပြီးလက်နက်ကိုင် ပဋိပက္ခအသွင် ဖြစ်ပေါ် လာနိုင်ဖွ

ပြည်တွင်းကုမ္ပဏီအများစု၏ ပိုင်ဆိုင်ငွေ မပွင့်မလင်း စာရင်းမရှိခြင်းသည် ပြည်ပနှင့် လက်တွဲရန် အဓိကအဟန့်အတားဖြစ်

GE (General Electric) အမေရိကန်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ စီးပွားရေးစာချုပ် ချုပ်ဆိုနေစဉ် (AP Photo/Khin Maung Win)

ပြည်တွင်းကုမ္ပဏီ အများစု၏ ပိုင်ဆိုင်မှုကို နိုင်ငံတကာအဆင့်မီ စာရင်း စစ်ဆေးအတည်ပြုထားခြင်း မရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ကိုင်ရန်အတွက် အဓိက အဟန့် အတားဖြစ်သည်ဟု

မြန်မာ အနောက်ဘက် နယ်စပ် လုံခြုံရေး တိုးမြှင့်


ခိုင်သိန်း

မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလာဒေ့ခ်ျ-ရခိုင် နယ်စပ်တလျှောက်တွင် မနေ့က စပြီး လုံခြုံရေး တိုးမြှင့်ချထားလိုက်ကြောင်း သတင်း ရရှိ သည်။

မောင်တော မြောက်ပိုင်း နံသာတောင် ကျေးရွာသားတစ်ဦးက “ အခု ကျွန်တော် တို့ မောင်တောမြို့ နယ် မှာရှိတဲ့ နစက တွေအပါအ၀င် စစ် သားတွေ တိုးချဲ့ ချထားတာကို တွေ့ ရပါတယ်။ ကျွန်တော်ထင်တာကတော့ အခု မူဆလင် တွေရဲ့ ဥပုသ်လ အပြီး တခုခု ဖြစ်လာမှာ စိုးရိမ် လို့ အ ခုလို စစ်သားတွေ တိုးချဲ့ ချထားတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

၎င်းပြင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နစက စခန်း ၉ ခုနှင့် ရသေ့တောင်မြို့ နယ်နစက စခန်းတစ်ခုတွင် လည်း စစ် သားများကို အင်အား ဖြည့်တင်းထားသည်ဟု ဆိုသည်။

“ နယ်စပ်တလျှောက် လုံခြုံရေးအတွက် ဒီလ အစောပိုင်းကတည်းက စစ်သား ၁၀၀၀ ခန့်ရှိမယ် ထင်ပါတယ်။ အခုတစ်ခါ တခြားမြို့နယ် မှာ ရှိတဲ့ တပ်ရင်းတွေက စစ်သားတွေကို ခေါ်ယူပြီး တိုးချဲ့ အင် အား ဖြည့်ထား ပါတယ်။ သူတို့ အပြောအရတော့ အထက်အရာရှိတွေက မင်းတို့ နယ်စပ်ကို သွားရ မယ်။ ဘာကြောင့် ဆိုတာကို မပြောဘူးလို့ စစ်သားတွေက ပြောပါ တယ်” ဟု သူက

အင်တာနက်မှဖြစ်ရပ်မှန် ထူးဆန်သောပုံ



ဖြစ်ရပ်မှန်လေးပါ..ဂျပန်နိုင်ငံမှာ ကောင်မလေးတစ်ယောက် ပန်းချီပုံတစ်ပုံဆွဲပါတယ်..။ ပုံကို စကင်နာဖတ်ပြီးတော့ ကာလာချိန်တယ်...။ ဆိုက်...အရွယ်အစားနဲ့ ပုံစံတွေကို သတ်မှတ်ပြီးတော့...။ အင်တာနက်ပေါ်ကို ဗွီဒီယိုအနေနဲ့တင်လိုက်ပါတယ်...။




ပြီးတော့ သူ့ကိုယ်သူသတ်သေသွားတယ်....။ အဲဒီပုံလေးကို ဗွီဒီယိုအဖြစ်နဲ့ လူတိုင်း ယနေ့ထိကြည့်နေကြ ဆဲပါ...။

ပုံမှာထူးခြားချက်ရှိတယ်လို့ပြောကြတယ်...။ ပုံကို ၅ မိနစ်ခန့် စိုက်ကြည့်ပေးပါလို့ပြောတယ်...။

ဘယ်သူ့ကို မှ အာရုံမထားပဲ.. စူးစူးစိုက်စိုက်ကြည့်ပေးပါတဲ့။ တချို့က တစ်ခုခုပြောင်းလဲ

ကလေးတွေကို သတ်ဖြတ်စားသောက်တယ်လို့ ချင်းမိုင်ကမိခင်တဦး စွပ်စွဲခံရ..



သတင်းများ အဆိုအရ ကိုယ့်သား ကလေးငယ် ၂ ဦးကို သတ်ပြီး ချက်ပြုတ်စားတယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးကို ရဲက ဖမ်းဆီးထားတယ်လို့ သြဂုတ်လ ၂၀ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် ညနေ ကြားဖြတ်သတင်းမှာ ဖော်ပြ ထားပါတယ်။
ချင်းမိုင်နဲ့ မလှမ်းမကမ်း မဲအိုင် ခရိုင်မှာ လွန်ခဲ့တဲ့ သတင်းပတ်က အသက် ၁ နှစ်နဲ့ ၅ နှစ်သား သားယောင်္ကျား
လေး ၂ ဦး ကို မိခင်အရင်းဖြစ်သူက သတ်ဖြတ်ပြီး ချက်ပြုတ်စားသောက်တဲ့ တိုင်တန်း သတင်းပို့ချက်တွေကို ရဲက လက်ခံ ရခဲ့ပြီးနောက် တရားခံ အမျိုးသမီးကို ဖမ်းဖို့ ဖြစ်လာရတာပါ တဲ့။
ဒီ ကိစ္စဟာ ထိုင်းသတင်းလောကကို တောမီးလို ပြန့်နှံ့ သွားပါတယ်။
တရားခံဖြစ်သူ အမျိုးသမီးကို သူ့နေအိမ်မှာ အိပ်ပျော်နေစဉ် သူ့ဘေးမှာလည်း ပြန့်ကျဲနေတဲ့ သူ့သားလေးတွေရဲ့ ခန္ဓာကိုယ် အစိပ်အပိုင်း တွေနဲ့ အတူ တွေ့ခဲ့ရတာလို့ ထိုင်းရဲတွေက ပြောပါတယ်။
ရဲတွေက ဒါနဲ့ အဲဒီအမျိုးသမီးကို ခေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လို့ ရဲတွေ မေးသမျှ ဘာမေးခွန်းကို မဆို အဲဒီ အမျိုးသမီးက တခွန်းတပါဒမှ ပြန်မဖြေပါဘူးတဲ့။
ဒါနဲ့ အမျိုးသမီးရဲ့ နောက်ကြောင်း ရာဇ၀င်ကိုလိုက်တဲ့အခါမှာ

ကွန်ပျူတာနှင့်အလုပ်လုပ်ကြရာဝယ်


ယနေ့ခေတ်ကာလ လုပ်ငန်းခွင်တွေမှာ Computer နဲ့ အမြဲ အလုပ်လုပ်နေကြရပါပြီ။
Computer ရဲ့ Monitor ကိုပဲ တစ်ချိန်လုံး ကြည့်နေရတော့ Monitor က
ထုတ်လွှတ်တဲ့ ရောင်ခြည်ကြောင့် မျက်စိတွေ အနည်းနဲ့အများ ဆိုသလို ဘေးဥပါဒ်
ဖြစ်လာကြပါပြီ။ ခေါင်းကိုက်၊ ဇက်ကြောတက် ဝေဒနာလည်း အားလုံးလိုလို
ခံစားနေကြရပါပြီ။ Computer ကို အလုပ်ထဲမှာ သုံးတာဖြစ်ဖြစ်၊
ကိုယ်ရေးကိုယ်တာ သုံးတာပဲဖြစ်ဖြစ် မျက်စိတွေကို အားစိုက်ထုတ် ရ တာပါပဲ။
ကြာလာရင် မျက်စိတွေ နာကျင်လာမယ်။ ယားယံလာမယ်။ ခြောက်သွေ့လာမယ်။
အမြင်တွေဝါးပြီး မြင်ကွင်းနှစ်ထပ်ဖြစ်လာမယ်။ Monitor ကနေ မျက်စိကိုခွာပြီး
တခြားကိုကြည့်လိုက်တာနဲ့ အရောင်တွေကို မြင်နေ မယ်။ အလင်းရောင်ကို ကြည့်ရင်
မျက်စိစူးမယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် အလုပ်ကို
ကြာရှည်အာရုံစိုက်နိုင်ဖို့ ခဲယဉ်း သွားပါပြီ။ ဆိုးရွားလှတဲ့
ရောဂါကြီးတစ်ခု မဟုတ်ပေမယ့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတာပါပဲ။ Computer
နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းသဘာဝကို ဘယ်လိုမှ ပြောင်းလဲပစ်ဖို့
မဖြစ်နိုင်တော့လည်း မျက်စိအားစိုက်ထုတ်မှုက လျော့နည်းအောင်၊ မျက်စိကို အနား
ပေး နည်းလေးတွေကိုပဲ ကျင့်သုံးရတော့မှာပါပဲ။
မျက်စိလေ့ကျင့်ခန်းလေးလုပ်ပြီး မျက်စိအားစိုက်ထုတ်မှု ကို

ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်


စွဲစွဲမြဲမြဲ လုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့် တစ်ခုကို ဖြတ်လိုက်ဖို့ ဆိုတာ မလွယ်ပါဘူး။
အထူးသဖြင့် ဆေးလိပ်သောက်ခြင်းလို မကောင်းတဲ့ အလေ့အကျင့် ဆိုရင်
ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသား ကင်ဆာဌာနကနေ
ဆေးလိပ်ပြတ်အောင် ဖြတ်နည်းတွေကို အောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်
ဆေးလိပ်ဖြတ်ပြီးချိန်မှာ
- ဆေးလိပ်ဖြတ်တဲ့ အကြောင်းချရေးပါ။ ဘာကြောင့် ဆေးလိပ်ဖြတ်ချင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ကိုပါ စာရင်းနဲ့ ချရေးပါ။ ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းအရင်း
စာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ပြီး မနက်တိုင်းရွတ်ပေးပါ။
- ပန်းအိုးထားရှိပါ။ အခန်းထဲမှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက် အများကြီး ရနံ့သင်းပျံ့စေပါတယ်။
- သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည်သုံးပါ။
ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ ဒီနည်းအားဖြင့် ဆေးလိပ်နံ့ကင်းတဲ့
ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ် ဆိုတာ သင်သိလာမှာပါ။
- သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင်
အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။ သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။
- ငွေစုပါ၊ နေ့စဉ်ဆေးလိပ်ဖိုး အတွက် ကုန်ကျငွေတွေကို စုဘူးထဲမှာ စုဆောင်းပါ။
- လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက်အစား ဘောလ်ပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထားပါ။
- ဆေးလိပ်သောက်ခွင့် ပြုတဲ့နေရာတွေကို ရှောင်ပါ။ ဆေးလိပ်ေ

စိတ်ဖိစီးမှု နည်းစေနိုင်သော နည်းလမ်း ၁၀ခု


(၁) ဆားများများစားတဲ့ အကျင့်ကို ဖျောက်ပါ
ဆားများများစားတဲ့ အတွက် ရေဓာတ် စုဆောင်းမှုတွေ ရရှိကာ သွေးဖိအား မြင့်တက်လာ နိုင်ပါတယ်။ ပြုပြင်ထားတဲ့ အစာ ဒါမှမဟုတ် စည်သွတ်ဘူးတွေ စားမယ့်အစား လတ်ဆတ်တဲ့ အစာ
စားတာကြောင့် ဆားစားသုံးမှု လျော့နည်းသွား နိုင်ပါတယ်။
ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ မဆလာတွေ ထည့်စားခြင်းဖြင့်
အနံ့အရသာ ကောင်းမွန်ပြီး သင့်ကို ကျန်းမာစေနိုင်ပါတယ်။
(၂) လှေကား အသုံးပြုပါ
သင်ရဲ့ stress ဟော်မုန်းတွေ များလာလို့ ဆေးလိပ်သောက်ချင်တာ၊ လက်ဖက် စားချင်တာတွေ ဖြစ်လာရင် လေ့ကျင့်ခန်း လုပ်လိုက်ပါ။ သင်ဟာ ရုံးခန်း တွင်းရောက်နေပါက
ရုံးခန်းတွင်းလှေကားမှ ဆင်းလာပြီး ၁၀မိနစ်လောက် လမ်းလျှောက်ပါ။ လေ့လာမှုတွေ
အရ ၁၀ မိနစ်လောက် ကာယလေ့ကျင့်ခန်း လုပ်တာနဲ့တင် စိတ်ခံစားမှု
ပိုကောင်းမွန်လာပြီး စွမ်းအင်တွေ ပိုပြည့်လာနိုင်တယ်လို့ သိရပါတယ်။
(၃) သကြားစားချင်စိတ်ကို တွန်းလှန်ပါ
ဒိုးနပ်၊ ချောကလက်နဲ့ အချိုစာတွေဟာ သင့်ကို ယာယီအားဖြင့်သာ စွမ်းအင်ပေးနိုင်ပေမယ့် သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် တိုးလာနိုင်တာက ယာယီမဟုတ်ပါဘူး။ သင်ဟာ

မှတ်သား မိသောအဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ


၁.   မိန်းမ မရှိတဲ့ ယောင်္ကျားဟာ ဆွဲလှေမပါတဲ့ သမ္ဘာန်ကြီးလိုပဲ။

၂.   ချိုသော ကြက်သွန် ကောင်းသော လင်ယောင်္ကျားဟူသည်မရှိ ။

၃.   လူအများသည် အမှန်များပါသည့် ပြက်လုံးများကိုစိတ်ဆိုးကြသည် ။

၎.   ဘာသာတရား များစွာရှိသော်လည်း ကိုယ်ကျင့်တရားတခုတည်းသာရှိသည် ။

၅.   မြှောက်ပင့်ပြောဆိုသူများသည် အဆိုးဝါးဆုံး သစ္စာဖောက်များဖြစ်သည်။

၆.  ဟိတ်တလုံးဟန်တလုံးဖြင့်ပြောဆိုသူများသည် ယေဘူယျအားဖြင့်သူရဲဘောအကြောင်ဆုံးသောသူများဖြစ်သည် ။

၇.   လောကမှာ ကျေးဇူးမသိတတ်သူလို့ သတ်မှတ်ခံရတာလောက်

မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်း




ခေတ်နဲ့ အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင် ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆ
တောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေး က ဝေးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှ လိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကို လေးစားလျှက်…
Good Idea


အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။
Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။
Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes လုပ်ပါ။ Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။

အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name မှာ MPTNET ဆိုတာတွေ့နေ

ဧရာဝတီတိုင်း၊ ကျော်စံကုမ္မဏီ၊ ဒေါ်လာသန်းချီပြီ လိမ်ပြီး အခွန်ရှောင်






ပြည်ခိုင်ဖြိုးပါတီဝင်တဦး၏ ပေးစာ၊
 သြဂုတ် ၂၀၊ ၂၀၁၂
ပေးစာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ထိုစာကို အင်န်အယ်ဒီပါတီဌာနချုပ် သို့လည်း ပေးပို့ထားသည်ဟု ဆိုသည်။
သို့
         ဦးသိန်းစိန်
         သမ္မတ
         ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
         နေပြည်တော်
ရက်စွဲ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (       ) ရက်
အကြောင်းအရာ။                ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တရားမ၀င် အခွန်တိမ်းရှောင်     စက်သုံးဆီ   တင်သွင်းမှုအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန်  တင်ပြခြင်းကိစ္စ။
၁။                                 ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆားလုပ်ငန်းများ ဖွံ့ဖြိုးရာဒေသကြီးလည်း ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများလုပ်ကိုင်ရာတွင် စက်သုံးဆီ ( ဒီဇယ်ဆီ ) သည် မရှိမဖြစ်လိုအပ်သော စွမ်းအင်တစ်ခုဖြစ်ပါသည်။
ထိုသို့ မရှိမဖြစ် လိုအပ်သော စွမ်းအင်ကို ပြည်သူလူထုနှင့်လုပ်ငန်းရှင်များ လွယ်ကူသက်သာစွာ သုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ စေတနာရှေ့ထား၍ စက်သုံးဆီလုပ်ငန်းရှင်များအား နိုင်ငံခြားပို့ကုန်ရ၀င်ငွေဖြင့် နိုင်ငံခြားမှ ပုသိမ်ဆိပ်ကမ်းသို့ စက်သုံးဆီများကို တင်သွင်းရောင်းချခွင့် ပြုခဲ့ပါသည်။
၂။                                 ထိုသို့ တင်သွင်းရောင်းချခွင့်ပြုခဲ့သဖြင့် နိုင်ငံတော်အတွက်လည်း ထိုက်တန်သည့်အခွန်ရရှိခြင်း၊ ပြည်သူလူထုလည်း စက်သုံးဆီများကို လွ

မြန်နှုန်းမဲ့ အင်တာနက်၊ ခရိုနီ ဈေးကွက် စီးပွားရေး ၊ ဈေးအကြီးဆုံး တန်ဖိုးနည်းဖုန်း နှင့် ပျောက်ဆုံးနေဆဲ အိမ်မက်များ

 
နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အင်တာနက် မြန်နှုန်းနဲ့ တိုင်းတာတဲ့ ခေတ်ကာလမှာ မြန်နှုန်း လုံးဝ တိတိ ကျကျမရှိတဲ့ အင်တာနက် လိုင်းနဲ့ သုံးစွဲသူတို့ နှစ်ပါးသွားနေရဆဲ ဖြစ်နေရတဲ့ အကြောင်းရင်းက ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးဖြစ်နေသေးလို့ပါလို့ပြောရင် အင်တာနက်သုံးစွဲသူများ စိတ်ဖြေသာရာရနိုင်ကြမယ်ထင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်တာနက်မြန်နှုန်းက လိုက်ပါ မြန်ဆန်လာမှာပါလို့ပြောရင် အိပ်မက်လေးတွေ ဆက်လက်လှပနိုင်ကြ မယ်ထင်ပါတယ်။

အာရှမှာတော့ တောင်ကိုရီးယားက အင်တာနက်မြန်နှုန်း အမြင့်ဆုံးပဲဆိုလို့ မြန်မာနိုင်ငံက တရားဝင်ရုပ်သံလိုင်းပေါင်းစုံမှာ ဘယ်တုန်းကမှ အဲဒီဇာတ်လမ်းတွဲတွေကို မကြည့်တဲ့ ကျွန်တော့်လိုလူ အဖို့တောင် ငြီးငွေ့ ပျင်းရိဖွယ် ကောင်းလောက်အောင် တောက်လျှောက် ပြနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို အသာလေး အကဲခတ်ကြည့် မိတော့ ကျိုးကြောင်း ဆီလျော်နေတာ တွေ့ရပါတယ်။ ဟိုးတောရွာ ကျေးလက်ဒေသက အိမ်ကလေး တွေကို နောက်ခံ ထားပြီး ရိုက်ပြတဲ့ ဇာတ်လမ်းတွေမှာတောင် အစစ အရာရာ သန့်ရှင်း သပ်ရပ်နေပြီး ကိုရီးယား ရွာသားတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခေတ်အမီဆုံး လို့ ပြောလို့ရတဲ့ ကျွန်တော်တို့ ရန်ကုန်သားတွေ ထက်တောင် သားနား သန့်ပြန့်နေတာ သိသိသာသာ ကြီးကို မြင်တွေ့ရပါတယ်။ မိုဘိုင်းလ် ဖုန်းကိုယ်စီနဲ့ပါ။
အင်တာနက် မြန်နှုန်းနဲ့ တိုင်းပြည် ကြီးပွား ချမ်းသာခြင်းတို့ အကြား အဆက်အစပ်ကို

ရခိုင်ပြည်နယ်ကို သွားရင် မျက်လုံး နှစ်လုံးစလုံး နဲ့ ကြည့်ဖို့လဲ မှာလိုက် ပါသေးတယ် .... အမေစု

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂါလီပြသနာမှာ နှတ်ဆိတ်နေတာ မဟုတ်ပါဘူး ။ တူရကီ FM ကို အသေအချာ ပြောလိုက်ပါတယ် ။ ဧည့်ခန်း ထဲမှာတောင် ထိုင်မပြောပဲ မီတင်စားပွဲမှာ မျက်နှာချင်းဆိုင် ဖေ့တူဖေ့ ပြောခဲ့တာပါ ။ မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက် တစ်ဖက်တည်း မဟုတ်ပဲ နိုင်ငံတကာ ငလှော်များကပါ ဘယ်လိုတွေးခေါ် ကိုင်တွယ်ရမယ် ဆိုတာလည်း သင်ပေးလိုက်ပါသေးတယ် ....

အခု ပြည်ပကနေ နည်းမျိုးစုံ လှုံဆော်နေတဲ့ ဇာနည် ၊ ၀ါကာဥူးဒင် ၊ ထွန်းခင် တို့က ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကို လူ့အခွင့်အရေး ဒေါင့်ကနေ ရှုံချစေချင်တာ ။ ဒါမျိုး ဒေါ်စု လုပ်မလားဗျာ ။ ပြောပြီးသားပဲ ရှုံချတယ်ဆိုတာ အဖြေမှ မဟုတ်တာ

ကျောက်သင်ပုန်းကိုင်ပြီး ဘာလုပ်နေသလဲ


ကျောက်သင်ပုန်းနဲ့တူတဲ့အရာတခုကို ပုံမှာ တွေ့ရတဲ့အတိုင်းကိုင်ထားပြီဆိုရင်

မြန်မာနိုင်ငံတွင် စာပေစိစစ်မှုဖျက်သိမ်းလိုက်ခြင်းအပေါ် တရုတ်အစိုးရသတင်းစာက ဝေဖန်ရေးသား



မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အစိတ်အပိုင်းအဖြစ် မကြာသေးမီက စာပေစိစစ်ခြင်း လုပ်ငန်းများ ဖျက်သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့ အနေဖြင့် ယင်းကို စံနမူနာမတင်သင့်ဘဲ ကိုယ့်မူကိုယ့်ဟန်နှင့်သာ စာပေလွတ်လပ်ခွင့်ကို ရယူသင့်ကြောင်း ဝေဖန်ရေးသားလိုက်သည်။

“ တရုတ်နိုင်ငံ၏သတင်းစာလွတ်လပ်ခွင့်သည် သင့်တင့်မျှတသော ခရီးရှည်ကြီးကိုလျှောက်လှမ်းခဲ့ပြီဖြစ်သည်။ အနာဂတ်တွင် ပို၍ခရီးဆက်လှမ်းကြရဦးမည်။တရုတ်တို့အနေဖြင့် စိတ်ရှုပ်ထွေးခံပြီး မြန်မာနှင့်ဗီယက်နမ် စသည့် နောက်ပေါက်ရွှေကြာနိုင်ငံများအား စံနမူနာယူနေခြင်းထက် အချိန်ကာလ လမ်းကြောင်း အတိုင်းသာလိုက်ပါသင့်ပြီး နိုင်ငံ၏လက်တွေ့အခြေအနေကိုသာ

လူအချင်းချင်း လေးစားမှုရှိဖို့ အိုဘာမား ပြောကြား



By Shade The Mandalay Hill

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု Wis cons ပြည်နယ် ဆစ်ခ်ဘုရားကျောင်း တစ်ခုတွင် ပစ်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး အမေရိကန်ပြည်သူများ မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန် သမ္မတ အိုဘားမားက တိုက်တွန်းပြောကြားလိုက်သည်။

"အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူမြင်ကွင်းနေရာမျိုးတွေမှာ ပစ်ခတ်မှုမျိုးစုံ ပုံမှန်ဖြစ်ပွားနေပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာကြည့်စေချင်ပါတယ်" ဟု အိုဘားမားက ပြောဆိုခဲ့သည်။

စစ်သားဟောင်းတစ်ဦးဖြစ်သည့် သေနတ်သမားသည် လူဖြူလူမျိုးကြီး ဝါဒဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုရှိ၊ မရှိ စုံစမ်းနေကြောင်း FBI မှ

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ... အသုံးပြုနည်းကတော့ ....



https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn1/531326_444219762265457_567894013_n.jpg
1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို

Tuesday, August 21, 2012

စက်တင်ဘာ(၁)ရက်နေ့တွင် တစ်သိန်းဖုန်းထွက်ရှိမည်ဟု သတင်းများထွက်ပေါ်


စက်တင် ဘာလ(၁) ရက်နေ့တွင် ကျပ်တစ်သိန်းတန် မိုဘိုင်းဖုန်း များအား ချထားပေး မည်ဟု ပြည်သူများ အကြား သတင်းများ ထွက်ပေါ် နေသော်လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ဈေးနှုန်း အပြောင်း အလဲရှိပါက တရာဝင် ကြေ ညာချက် ထုတ်ပြန်မည်ဟု  မြန်မာ့ ဆက်သွယ်ေ

ဆွီဒင်က အသန်မာဆုံးအမျိုးသမီး



ဆွီဒင်နိုင်ငံက အသန်မာဆုံး အမျိုးတဦးပါ။ သူ့နံမည်က Irene ဖြစ်ပြီး ဒိန်းမတ်နိုင်ငံမှာ ၁၉၆၆ ခုနှစ်က မွေးဖွားခဲ့သူ လည်း ဖြစ်ပါတယ်။ သူ အသက် ၂ နှစ် သမီး လောက်မှာ ဆွီဒင်နိုင်ငံကို မိဘတွေနဲ့ အတူ ပြောင်းရွှေ့ခဲ့တာပါ။ သူက နှစ်ပေါင်း ၂၀ လောက် အားကစားရုံ တွေ မှာေ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတာဝန်မှ နုတ်ထွက်မည်မဟုတ်

ခုံရုံး ဥက္ကဌ ဦးသိန်းစိုး

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးတာဝန်များကိုဆက်လက် ထမ်းဆောင် သွားမည်ဟု ခုံရုံး ဥက္ကဌ ဦးသိန်းစိုးက ပြောသည်။ နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတွင် ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တွင်၎င်းက ထိုသို့ ပြောကြား ခဲ့ခြင်ြး

ADSLအင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေး

ယခု ၁ ရက်နေ့မှ စတင်၍ ADSL အင်တာနက် လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့် ပေးခဲ့သည်ဟု ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက သြဂုတ်လ ၁၅ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြော

စစ်ဗျူဟာမြောက် KIA ပန်းဝါ စစ်စခန်းကို ဗမာအစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်



20 August 2012

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ချီဖွေမြို့နယ် ပန်းဝါဒေသ၊ တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသ နယ်ခြားမှတ်တိုင် (၆) အနီးတွင်ရှိသော ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIA) တပ်မဟာ (၁) ဌာနချုပ် စခန်းကို အစိုးရတပ်ဖွဲ့များက ယနေ့မနက် ပိုင်း၌ စခန်းသိမ်းရန် ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်ဟု KIA ပြောခွင့်ရရှိသူ ဆလန်ကဘာလနန်းက ဆိုပါသည်။

“ ၂နာရီလောက် အပြင်းအထန်ဖြစ်တယ်။ အစိုးရဖက်က အလောင်း (၂) လောင်း ကျန်ခဲ့တယ်။ သူတို့က တပ်ရင်း (၂) ရင်းနဲ့ လာပြီး ထိုးစစ်ဆင်တယ်။ အင်အားကတော့ (၄၀၀) ကျော် ရှိမယ် ထင်တယ်။ မနိုင်လို့ သူတို့ ပြန်ဆုတ် သွားတယ်။ အစိုးရ ဖက်က အထိအခိုက် အကျအဆုံး များပုံရတယ်။ စစ် ဆင်လာတဲ့ တပ်ရင်းကတော့ ခလရ (၇၇) နဲ့ ခလရ (၄၇) တပ်ရင်း တွေဖြစ်တယ်”ဟုဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည် ဤ နယ်ခြား မှတ်တိုင် (၆) (၇) အနီးရှိ ပန်းဝါဒေသကို သြဂုတ်လ (၁၅) ရက်နေ့ကတည်းက ထိုး စစ်ဆင်လာရာက ယနေ့တွင် KIA တပ်မ

ရခိုင်ပြည်နယ် ပြဿနာ ပုံကြီး မချဲ့ ဖို့ အစ္စလာမ်ဘာသာရေး အဖွဲ့  ကြေချက်ထုတ်ပြန်


မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ ကြီးက ရခိုင် ပြည်နယ် တွင် ဖြစ်ပေါ်နေသော အခြေအနေ များနှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန် ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။ ---


လားရှိုးတွင် ရေမျောပစ္စည်း လိုက်ဆယ်သူ တစ်ဦးသေဆုံး


လာရှိုးမြို့တွင်ဖြစ်ပေါ်ခဲ့သောရေကြီးမှုကြောင့် အိမ်ထဲတွင် ပိတ်မိနေသော သက်ကြီးရွယ်အိုများ၊ ကျမ်းမာရေး မကောင်းသူများနှင့်ကလေး သူငယ်များကို တပ်မတော်သားများနှင့် အခြားဌာန ဆိုင်ရာ ၀န်ထမ်းများက ကြိုးများဖြင့်ဆွဲ၍ ကယ်ဆယ်ပေးနေသည်ကို သြဂုတ်လ ၂၀ ရက် (ယနေ့)တွင် မြင်တွေ့ရစဉ်။
လားရှိုး၊ သြဂုတ် ၂၀

လားရှိုးမြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်

စစ်ရင်းစစ်ပြီး အရေးယူခြင်းရှိမရှိ မေးမြန်းချက်


ဦးစိန်ဝင်း(မအူပင်မဲဆန္ဒနယ်)။ ။ ကျွန်တော်ကတော့ မအူပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မေးခွန်းကတော့ မြို့နယ်အဆင့်‌ရှိဌာနဆိုင်ရာများလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ ငွေကြေးသုံးစွဲမှုအခြေအနေ၊ မှန်/မမှန်၊ ကိုက်/မကိုက်ထိန်းကျောင်းပေးနိုင်သော အတွင်းစာရင်း စစ်နှင့် ပြင်ပစာရင်းစစ်တွေ့ရဲ့ရှိချက်တွေကို အရေးယူဆောင်ရွက်ထားမှုရှိ၊ မရှိသိရှိလို၍ မေးမြန်းသွားမှာ ဖြစ်ပါတယ်။

ဒီမေးခွန်းမေးရတဲ့ရည်ရွယ်ချက်အကြောင်းအရင်းကတော့ သမ္မတရဲ့ Good Governance, Clean Government ဆိုတဲ့ဆန္ဒကိုဖြည့်‌ဆည်းပေးချင်လို့ မေးမြန်းခြင်းဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဝန်ကောင်းမှ ပြည်အောင်ဆိုသလို နိုင်ငံ့ဝန်ထမ်းတွေအရည်အချင်း၊ အရည်အသွေး၊ နိုင်ငံအပေါ်ထားရှိတဲ့ စိတ်ထားတွေကောင်းမွန်ဖို့အထူးလိုအပ်ပါတယ်။ နိုင်ငံတိုးတက်ဖွံ့ဖြိုးဆောင်ရွက်ရေးကို အစိုးရဌာနများက အနီးကပ်အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အတွက် အစိုးရဝန်ထမ်းကောင်း ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။

နိုင်ငံတိုးတက်မှုရဲ့အခြေခံဟာ ဝန်ထမ်းကောင်းပဲလို့ ကျွန်တော်ဒီ

ရယ်မောခြင်းအပိုင်းအစများ



    ဆရာဝန်က လူနာကိုစမ်းသပ်ကြည့်ပြီးနောက်...
    "ခင်ဗျားအသည်းက အားနည်းနေတယ်။ အသည်းအားဆေးတွေ သောက်ရမယ်။ ဒါနဲ့ ခင်ဗျား အရက်ကော သောက်တတ်သလား"
    "ဟုတ်ကဲ့"
    "မဖြတ်နိုင်ဘူးလား"

    "ရုတ်တရက်တော့ ဖြတ်ဖို့မလွယ်ဘူးဆရာ"
    "ကောင်းပြီ။ ဒါဆို လျှော့သောက်ရမယ်။ တစ်နေ့ကို ၂ယူနစ်ထက် ပိုမသောက်ပါနဲ့"
    နောက်တစ်လခန့်ကြာသောအခါ လူနာဖြစ်သူသည် ဆေးခန်းသို့ ပြန်ရောက်လာသည်။
    "မသက်သာဘူးဆရာ"
    ဆရာဝန်က စမ်းသပ်ကြည့်ပြီး...
    "ဟင်.. အသည်းက ပိုပြီးတော့တောင်ဆိုးလာသေးတယ်။ ကျွန်တော့်စကား နားမထောင်ဘူးထင်တယ်"
    "ဆရာညွှန်ကြားချက်ကို အတိအကျလိုက်နာပါတယ်။ ဆရာက

တရားစီရင်ရေး စနစ် ပြုပြင်ပြောင်းလဲရေး လွှတ်တော်မှာ ဆွေးနွေး


ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားစီရင်ရေး စနစ် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တရားစီရင်ရေးမှာ တာဝန် မကျေပြွန်တဲ့၊ ဂုဏ်အင်္ဂါ အရည်အချင်း ပျက်ယွင်းတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ရှားပြီး
ပြည်သူက ရွေးချယ်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်ဖို့ တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေရေးရာကျွမ်းကျင်သူတွေ
အပါအဝင် ကိုယ်စားလှယ် ၁၉ ဦး က ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အစည်းအဝေး အပြီးမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ

ဖားကန့်ဒေသတွင် တကျော့ပြန် စစ်ရေးပြန်တင်းမာလာ


 
 
KIA တပ်ရင်း ၆ လက်အောက်ခံ ပဒိုင်းတောင်တပ်စခန်း (Hpri Bum) နှင့် မောမော်ဘွမ်တပ်စခန်း (Mawmaw Bum) အား ရုပ်သိမ်းပေးရန် ဗမာစစ်တပ်မှ ဖိအားပေးလာသဖြင့် နှစ်လခွဲခန့် ငြိမ်သက်နေခဲ့သော ဖားကန့်ဒေသ တွင် တကျော့ပြန် စစ်ရေးပြန်တင်းမာ လာပါသည်။ သြဂုတ်လ ၁၈ ရက်နေ့မှ စ၍ ဗမာစစ်တပ်သည် အဆိုပါ ဒေသများသို့ စစ်ရေး ပြသလာသဖြင့် ဒေသခံများမှာ စိုးရိမ် ကြောက်လန့်ကာ ဖားကန့် နှင့် မှော်ဝှမ်း ဘုရားကျောင်း များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ခိုလှုံ စစ်ရှောင် လာကြောင်း ဒေသခံများမှ သိရှိရပါသည်။ ယခုအခါ ဒေသခံများမှာ ကျီးလန့်စာစား အခြေအနေတွင်ရှိနေပြီး အလုပ်

တခြား ဘာသာရေး ခေါင်းဆောင်များ နည်းတူ ဗုဒ္ဓဘာသာ ရဟန်း ခေါင်းဆောင် များလည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် ပါဝင်သင့်


မောင်အေး

သြဂတ်စ်လ (၁၇) ရက်နေ့က နိုင်ငံတော်သမတ ဦးသိန်းစိန်အမိန့်ဖြင့် ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည် တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခအား စုံ စမ်း စစ်ဆေးရေး ကော်မရှင်တွင် မွတ်ဆလင်၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနည်းတူ ဗုဒ္ဓဘာ ခေါင်းဆောင် ရဟန်းတော်များ လည်း ပါဝင် သင့်သည် ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်အား နိရဉ္စရာမှ ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် ပတ် သက်ပြီး မေးမြန်းစဉ် သူက ထိုကဲ့သို့ ပြောဆို လိုက် ခြင်း ဖြစ်သည်။

“ ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ၊ ခရစ်ယာန် ခေါင်း ဆောင်တွေ၊ ဟိန္ဒီ ဘာသာက ခေါင်းေ

ကွဲပြားငြိမ်းချမ်းပါတီဥက္ကဋ္ဌကို ဦးခင်ရွှေ တရားစွဲပြီ



တရားစွဲခံရတဲ့ ဦးနေမျိုးဝေ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ (ဓာတ်ပုံ - စည်သူ)

မိုင်အဲမလီ ~

မြန်မာတနိုင်ငံလုံးချီပြီး ဖြစ်ပေါ်နေတဲ့ မတရား လယ်သိမ်းခံရမှု၊ မြေယာ ပြဿနာ၊ လယ်ယာမြေဥပဒေဟောင်းတွေရဲ့ အားနည်းချက်တွေအကြောင်း ဝေေ၀ဆာဆာ ရေးသား ထုတ်ဖော် ပြောဆိုနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ တရားစွဲဆိုခံထားရပါတယ်။

သူ့ကို ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက အသေ

မြန်မာနိုင်ငံသားတွေ ဝင်ငွေသုံးဆတိုးလာနိုင်တယ်လို့ အေဒီဘီ ခန့်မှန်း


မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခက်အခဲတွေကို
ကျော်လွှားနိုင်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာပြီး လာမယ့် သက္ကရာဇ် ၂၀၃၀ ခုနှစ်လောက်အရောက်မှာ ၀င်ငွေ
အလယ်အလတ်တန်းစားလောက်ရှိမယ့် နိုင်ငံစာရင်းထဲကို ၀င်ရောက် နိုင်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဘန်ကောက်မြို့မှာဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီးပွါးရေးပညာရှင်အကြီးအကဲတဦးဖြစ်တဲ့ Ms. Cyn-Young Park ကမြန်မာနိုင်ငံဟာ စီးပွါးရေးဖွဲ့ဖြိုးတိုးတက်ရေးအတွက် အင်မတန် အလားအလာကောင်းတဲ့နိုင်ငံဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး ဂျီဒီပီ ဟာ လာမယ့် ၁၈ နှစ်အတွင်း နှစ်စဉ် ၇% ကနေ ၈% အထိတိုးတက်နိုင်ပြီး ၊ လူတစ်ဦးချင်း တနှစ်ဝင်ငွေဟာလည်း ၃ဆလောက် ပိုများလာနိုင်တယ်လို့ အေဒီဘီက ခန့်မှန်းတွက်ချက်ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေး

အမေရိကန်အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ပွင့်လင်းစေခဲ့ သူ ကွယ်လွန်



by FNG on August 14, 2012

Helen Gurley Brown
 
11
 
1
 
မဲပေးပါ

ငယ်လေး ၊  ၊ အိမ်ထောင် မကျသေးတဲ့ အမျိုး သမီး တွေ အနေနဲ့  လိင် ကိစ္စ ကို ပွင့် လင်း စွာ လုပ် လို့  ရတယ် ဆို 
တဲ့ ဆန်းသစ် တဲ့ အတွေး အခေါ် ကို လွန် ခဲ့ နှစ်ပေါင်း၅၀ လောက် ကတည်းက အမေရိကန် အမျိုး သမီးထု နဲ့  မိတ် ဆက် ပေး ခဲ့ တဲ့ နာမည် ကျော် အမေရိကန် အလှအပ နှင့် အမျိုးသမီး ရေးရာ မဂ္ဂဇင်းအယ်ဒီတာ ဟယ်လင် ဂါလီ ဟာ အသက် ၉၀ အရွယ် တနင်္လာ နေ့  ကွယ် လွန် ခဲ့ ပါတယ်။

1962 ခုနှစ် ၊ ဟယ်လင် အသက် ၄၀ အရွယ်  မှာ သတင်းစာ နဲ့  မဂ္ဂဇ

ဗျူဟာကောင်းသူ


~

ပထမဆုံး သားကောင် ဖြစ်သွားသော အခြေခံဥပဒေခုံရုံးနှင့် ဗိုလ်ရွှေမန်းရဲ့ နောက်ထပ် ခြေလှမ်းများ (၁)



by Myat Thi Ha 

 အင်္ဂါနေ့၊ ဩဂုတ်လ ၂၁၊ ၂၀၁၂
အခု ရွေး ချယ်လိုက်တဲ့ သားကောင်က ခုံရုံး ဖြစ်နေတာကိုက အရေးကြီးတဲ့ အချက်လို့ မြင်တယ်။
                                (ဝေဖန်ပိုင်းခြားသုံးသတ်နိုင်ရန်တင်ပြခြင်းဖြစ်ပါသည်။ ။)
  
မြန်မာနိုင်ငံ ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေ ဖြစ်နေတာလဲ။ အာဏာလုပွဲ၊ ခွက်စောင်းခုတ်ပွဲတွေက ပါလီမန်ခေတ်ကအတိုင်း တစ်ထေရာထဲ ဖြစ်နေပြီ။ ကြည့်လို့ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ပြီးတော့ ဘာတွေ ဆက် ဖြစ်လာ

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နွယ်ခွေကျေးရွာရှိ အမှိုက်ပုံမှထွက်ရှိသော အညစ်အကြေးအရည်များ ရေတွင်းများသို့ စိမ့်ဝင်သည့်အတွက် သောက်သုံးရေပြတ်လပ်မှုနှင့်အတူ အနံ့ဆိုးများနှင့် ရင်ဆိုင်နေရ


အညစ်အကြေးရည်များနှင့် အနံ့ဆိုးများ ထွက်ရှိနေသော အမှိုက်ပုံကြီးကို တွေ့ရစဉ်
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်၊ နွယ်ခွေကျေးရွာရှိ အမှိုက်ပုံကထွက်ရှိသော အညစ်အကြေးအရည်များသည် ရေတွင်းများသို့ စိမ့်ဝင်လာသည့်အတွက် သောက်သုံးရေ ပြတ်လပ်မှုနှင့် အတူ အနံ့ဆိုး

ကြောက်စရာလူသားများ (သို့မဟုတ်) ကျားသတ္တ၀ါများကိုကာကွယ်ပါ


ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ သတ္တ၀ါချင်းအတူတူ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ် မှုတွေ ဟာ နေရာတိုင်းမှာ မြင်မကောင်းလောက်အောင်တွေ့ကြုံနေရတယ် ။ ကိုယ့်ထက် အသိဥာဏ်နည်းတဲ့ ဒီလို သတ္တ၀ါတွေကို အကြောင်းမဲ့သတ်ဖြတ်ခြင်းကိုတော့ ရှောင်ရှားသင့်တယ်လို့မြင်ပါတယ် ။ မ

ကဲ ခုပုံ ပါပဲ မူဆလင်တရားစီရင်ရေးပါ



ကဲ ခုပုံ ပါပဲ မူဆလင်တရားစီရင်ရေးပါ ပေါင်မုန့်တဖဲ့ခိုးတာ ဒီကလေးတသက်လုံးမသန်မစွမ်း ဖြစ်စေတဲ့အပြစ်နဲ့ မျှတရဲ့လား ဒီကော

ကျွန်မစိတ်မကောင်းဖြစ်ခဲ့ရသည့်ဓါတ်ပုံများ


ဝမ်းစာ-------------------------ဪသမုဒ္ဒရာ ဝမ်းတ

ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းဆည်း








Posted by khonumthung
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် ငွေတိုးချေးစား သူများက ငွေတိုး မပေးနိုင်သူ များ၏ သမီးတွေကို မယားအဖြစ် ယခုလအတွင်း သိမ်းဆည်းနေ သည်ဟု သိရသည်။

ဒေသထုတ် ဟားခါးလူငယ် အော်သံ သတင်းတွင် ကန်ပက်လက်မြို့နယ် ပန်ကွင်းရွာမှ ငွေတိုးချေးစား သူ ဦးလိန်းထန်း၊ မူလတန်းကျောင်း အုပ် ဆရာကြီး ထာဟုန်းတို့က ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းပိုက် လိုက် ကြောင်း ဒေသခံဆလိုင်းပိုင်စိုးက ပြောသည်ဟု ပါရှိသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ပန်ကွား ရွာသား ဦးလောကွီးသည် ငွေရှင်တွေရဲ့ သေနတ်ပြ ခြိမ်းခြောက်ဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွားပြီး သူ့မိ သားစု လည်း ပြိုကွဲသွားကြောင်း သိရသည်။

ထို့အပြင် အိမ်ထောင်မိသားစု ၈ ခုသည် ငွေတိုးမပေးနိုင်ကြသောကြောင့် အိမ်ယာ သိမ်းဆည်းခြင်း ခံရပြီး နေစရာ အိမ်မဲ့အိမ်မဲ့ဖြစ် သွားကြကာ တခြားဒေသ များသို့ ပြောင်းရွေ့ကြသည်။

အလားတူ အကြွေးမပေးနိုင်သည့် ကန်ပက်လက်မြို့နယ်အတွင်း အမှတ် ၆ နှင့် အမှတ် ၈ နယ်မြေရှိ အိမ်ထောင်မိသားစု ၂၀ သည် ရဲသို့ တိုင်ကြားခြင်း ခံရပြီး ငွေတိုး