- IT ခေတ် မြန်မာစကားပုံဖွင့်ဆိုချက်များ
- ပိုနေမြဲ ကျားနေမြဲ။
- GATE WAY များပြင်ပြီးသွားသောအခါ နဂိုမူလအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။
- ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်
Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။ - ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း
Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။ - ဂါထာပေး တေးဖြစ်
မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။ - ငါးစိမ်းမြင် ငါးကင်ပစ်
ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။ - စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်
ဆေးရိုးသည် = Access Denied Page - ဆင့်ပါးစပ် နှမ်းပက်
ဆင့်ပါးစပ် = Internet Users
နှမ်း = Internet Bandwidth - ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး
မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... Cheesy - တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည် - တစ်ရွာ တစ်ကျီဆောက်သည်
ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည် - ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်
ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။ - ဒူးလောက်တင်မှ ရင်လောက်ကျသည်
Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။ - နဂိုရှိမှ နကိုင်းထွက်သည်
Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။ - ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)
မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။ - ပျက်အစဉ် ပြင်ခဏ
MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်) - ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်
ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ... - ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ
ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။ - ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း
ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။ - မမှားသောရှေ့နေ၊ မသေသောဆေးသမား
မကျဖူးသော ကွန်နက်ရှင်လိုင်း.... - မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်
နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။ - ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ
Mac Book Air, Pro, iPad 2, iPhone 5 - လင်းတလောက်တော့ ငှက်တိုင်းလှသည်
လင်းတ = မြန်မာပြည် ကွန်နက်ရှင် - လယ်ထွန်သွား နွားမေ့
အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။ - လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)
ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့) - ဝက်ဖြစ်မှ မစင်မကြောက်နှင့်
အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။ - ခါင်ထက် ညဥ့်တို
သန်းခေါင်ထက် ညဥ့်တိုးမနက်
Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။ - သေချင်တဲ့ကျား၊ တောပြောင်း
မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။ - အုတ်ရောရော ကျောက်ရောရော
Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ တက်လာလေ့ရှိသည်။ - အရေးကြီးတော့ သွေးနီးရာ
အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။ - အငိုလွယ်လျက် အရှိုက်ခက်သည်
Download လွယ်သလောက် Upload ခက်သည်။ - အရူးမီးဝိုင်းသလို
တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။ - အကြံတူရန်သူ
အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။ - အနာပေါ်တုတ်ကျသည်
ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.D - By;https://www.facebook.com/profile.php?id=1491004113
0 ကွန်မန့်ရေးရန်:
Post a Comment