Sunday, October 20, 2013
ဆေးရုံစရိတ်မရှိလို့ ကိုယ့်ခြေတောက်ကို ကိုယ်တိုင်ဖြတ်ခဲ့ရသူ.... ..........
Saturday, October 19, 2013

အသက် ၄၇ အရွယ် တရုတ်လယ်သမား တစ်ဦးဖြစ်သူ Zheng Yanliang ဟာ
သူ့ရဲ့ခြေထောက်တွေမှာ Arterial Thrombosis ခေါ် သွေးလွှတ်ကြော
ပိတ်ဆို့တဲ့ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရတာကြောင့် ခွဲစိတ်ကုသမှုတွေ
မလုပ်ရင် အသက်ရှင်ဖို့ နောက်ထပ် ၁ လသာ ရှိမယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါ
တယ်... ဆေးရုံမှာ ခွဲစိတ်ကုသမှုတွေ လုပ်ဖို့လည်း သူ့မှာ ငွေကြေးမရှိပါဘူး...
အဲဒီလို မလုပ်ရင်လည်း မကြာခင်ကာလမှာ သေရတော့မှာကို သိနေတဲ့ Zheng အတွက်..
သူ့ရဲ့တခုတည်းသော ရွေးချယ်မှု ကတော့ သူ့ခြေထောက်ကို သူ့ကိုယ်တိုင်
ခွဲစိတ်ဖြတ်တောက်ပစ်ဖို့ပါဘဲ..

ဒီလိုနဲ့ Zheng ဟာ သူခြေတောက်ကို စတင်ဖြတ်တောက်ဖို့ လွှတချောင်းနဲ့
ဓါးတလတ်ကို ကိုင်ပြီး ဇနီးဖြစ်သူ အိပ်ယာဝင်တဲ့အချိန်ကို စောင့်နေခဲ့တယ်...
ဇနီး အိပ်တဲ့အချိန်မှာတော့ သူ့ခြေထောက်ကို သူကိုယ်တိုင် လွှနဲ့
စတင်ဖြတ်တောက်ပါတယ်... ဇနီးဖြစ်သူ သိလိုက်တဲ့အချိန်မှာ သူ့ရဲ့ခြေတောက်
တဖက်ဟာ အောင်မြင်စွာနဲ့ ပြတ်သွားပါပြီ... ဘယ်လောက်ထိအောင် နာကျင်သလဲဆိုရင်
ပါးစပ်ထဲမှာ သစ်သားကို ကိုက် အံကိုတင်းတင်းကြိတ်ပြီး ဖြတ်ရတာကြောင့်
သူ့ရဲ့သွား ၃ ချောင်း ကျိုးသွားတဲ့ အထိပါပဲလို့ ဆိုပါတယ်...
တကယ့်အံ့ဖွယ်ပါ...။

အခု Mr. Zheng ကိုယ်တိုင် ဖြတ်ထားတဲ့ ခြေတဖက်ဟာ ကောင်းမွန်သက်သာနေပါပြီ... ဒါပေမဲ့ ကျန်တဲ့တဖက် ဖြတ်ရဖို့ ရှိနေပါသေးတယ်... ကံကောင်းချင်တော့ ဒီသတင်းက Shanghai မှာရှိတဲ့ ဆရာဝန်တယောက်ထံ ရောက်သွားပြီးနောက်... ဆေးရုံမှာ အခမဲ့ခွဲစိတ်ကုသမှု ရမယ်လို့ ဆိုပါတယ်....။
Ref: oddee/dailystar/ By Ko Myo
ဗုံးကွဲ၊ ဗုံးတွေ့မှုကိစ္စတွေနဲ့ပတ်သက်ပြီး KNU သတင်းစာ ရှင်းလင်းပွဲ လုပ်မယ် ................
Saturday, October 19, 2013
အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မှာ လုပ်တဲ့ အစိုးရရဲ့ သတင်းစာ ရှင်းလင်းပွဲ၊ ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ
မနေ့ကတော့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်အပါအ၀င် ရဲချုပ်ဇော်ဝင်းတို့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ KNU ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာက ဦးမင်းဇော်ဦးရဲ့ ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။
Press Conference by Karen National Union (KNU) tomorrow Sunday October 20, 2013
ယခုရက်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ်KNU ၏ သဘောထားရှင်းလင်းချက်ကို သတင်းစာရှင်းလင်းပွဲပြုလုပ်ပါမည်။
အချိန်။ နေ့ခင်း ၃ နာရီ မှ ၅ နာရီ၊
တနင်္ဂနွေ၊ အောက်တိုဘာ ၂၀၊ ၂၀၁၃၊
(Time: 3 p.m. Sunday, October 20, 2013)
နေရာ။ Myanmar Peace Center (အမှတ် ၁၁၊ ရွှေလီလမ်း၊ ရန်ကုန်မြို့)
လုံခြုံရေးအစီအစဉ်များကြောင့် စောစောဝင်လိုသူများ အနဲဆုံး တစ်နာရီခန့် ကြိုတင်ရောက်ရှိကြပါရန် ပန်ကြားအပ်ပါသည်။
အိမ့်သံစဉ် ~http://blog.irrawaddy.org/2013/10/knu_19.html
မြန်မာပြည်သားများ တရုတ်ပြည် လူသားဈေးကွက်သို့ ရောက်ရှိခြင်း ....................
၁၉၉၅ ဝန်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်း ကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ၊ အဆုပ်၊ နှလုံး၊ မျက်ကြည်လွာများ (cornears) အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုး ကုသမှုများ ပြုလုပ် လာကြသည် ။
တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက နှစ် ကာလ တော်တော်ကြာစမ်းသပ်ခဲ့ပြီးေ
အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။
တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသရန်ငွေကြေးပြည့်
စောင့်ဆိုင်းနေသော ဝယ်လိုအား မြင့်တက်လာသည်မှာ လူနာဦးရေ တနှစ်လျင် တသန်းခွဲ နီးပါးမျှဖြစ်လာလေသည်။ ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခိုဂိုဏ်းများ တိုးပွားလာတော့သည်။ တရုတ်ပြည်၏ တည်ဆဲ ဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇဝတ်မှုအဖြစ် ကြီးမားသောပြစ်ဒဏ်နှင့် သေဒဏ်ထိ ချမှတ်ရန်
ပြဋ္ဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်း ရောင်းဝယ်ဖောက်ကားရေး
ဖက်သို့ ဦးမလှည့်တော့ဘဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျက်ရှိနေကြသေ
တရုတ်ပြည်တွင် ကျောက်ကပ် တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅ဝဝ မှ ၅၅ဝဝ ထိဈေးပေါက်ကြောင်း (Xinhua News Agency) ဆင်ဟွာ သတင်းက တရားဝင်တင်ပြသွားရာ မတ်လ ၂၅ ရက် ၂ဝ၁၂ ခုနှစ် သတင်းစာက လူမှောင်ခိုဂိုဏ်းသားများအတ
ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃ဝ အောက်ရှိသော လူပျောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်းနှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂ဝ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်ထိုး ပြောဆိုထားသည်။လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော
မြန်မာပြည်သားများအဖို့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးသော အဖြစ်များမှာ မိမိ၏မိသားစုမှ တဦးဦးပျောက်ဆုံးကြောင်း သွားရောက်တိုင်ကြားလျှင် တိုင်ကြားသူများကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများမှ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက် ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောကများအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများပေးနေကြရသည်။ ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင်နှင့် ဥပဒေ အကာကွယ် အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားအညွှန့် အဖူးလေးများသည် ကလီစာထုတ်ခံရသော နေရာများသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက်ရှိကာ လူမှောင်ခိုဂိုဏ်းသားများ၏ ရောင်းဝယ်ဖောက်ကားခံရသော ဘဝသို့ နေ့စဉ်သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း….. ။
Credit by နေ့သစ်
" မဟူရာညရဲ့ ကချေသည် " အပိုင်း(၁)
******************************
ကျမ ဒီလောကထဲ စရောက်ဖြစ်ခဲ့တာက သူများတွေနဲ့ ထူးမခြားနားပါပဲ ....
ကျမက တစ်ခုလပ်မ ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်ကစားတဲ့အရ
ပြီးတော့ ယောက်ျားကလဲအသက်ငယ်တော့ လက်ကြောမတင်းဘူး နှစ်ယောက်ထဲခွဲနေတော့လဲ မိဘအိမ်ကပဲပြန်တောင်းရတာပဲ ....
ဒီတော့ စီးပွားရေးဘာမှမရှိတော့ အိမ်ထောင်ရေးလဲရေရှည်မခံဘူး ယောက်ျားနဲ့လွယ်လွယ်လေးကွဲသွားခဲ့တယ် .....
ကျမက အိမ်ထောင်ပျက်တစ်ယောက်ဖြစ်သလို ဘာအလုပ်မှလဲမရှိတော့ အိမ်မှာနေရတာမိသားစုနဲ့သိပ်အဆင်
" အလတ်မ နင်အလုပ်ကောလုပ်ဖို့ စိတ်ကူးမရှိဘူးလားဟင် ဟိုပေါက်စအငယ်ကောင်တောင် ခုဆိုအိမ်ကိုတောင်ပြန်ထောက်နိုင
အမေကလဲ သိပ်မကြည်ဖြူဘူး ပြဿနာတစ်ခုခုဖြစ်တိုင်း ကျမဘက်ပဲမြှားဦးလှည့်လာတယ် ....
ကျမမောင်လေးက ၈ တန်းနဲ့ကျောင်းထွက်ပြီး အခုဝပ်ရှော့မှာဝင်လုပ်လို့ လစာတောင် တော်တော်ရနေပြီလေ ဒီတော့ ကျမကိုမြင်ပြီပေါ့ .....
" လုပ်မှာပါ အမေရယ် ဒီလကုန်ရင် မသွယ်တို့နဲ့ နယ်ဘက်သွားအလုပ်လုပ်ဖို့ပြောထား
" ဘာအလုပ်လဲ "
" အလှပြင်ဆိုင်မှာ လုပ်ရမယ်လို့ပြောတာပဲ ပညာသင်အလုပ်လုပ်ပေါ့ လစာကောင်းတယ်တဲ့ "
" အေး အဲဒါဆိုလဲသွားလေ အိမ်မှာထိုင်နေအလကားပဲဟာကို အလုပ်လေးရှိတော့ သုံးနိုင်စွဲနိုင်မှာပေါ့ ခုဟာက ညည်းကအပိုသက်သက်ဖြစ်နေတယ် "
အမေကတော့ အလုပ်မရမချင်း တစ်ဗျစ်တောက်တောက်တော့ပြောနေတော
ဒီလိုနဲ့ မသွယ်ခေါ်တဲ့နောက် အလုပ်လုပ်ဖို့လိုက်လာခဲ့တယ် ...
" နင့်အမေကို ဘယ်လိုပြောထားခဲ့လဲ စံပယ် "
" အင်း အလှပြင်ဆိုင်မှာ လုပ်မယ်လို့ပြောထားခဲ့တယ် မသွယ် "
" အေး ကောင်းတယ် ဟိုရောက်ရင်ငါပြောတဲ့အတိုင်းနေေ
" ၀င်ငွေတော့ကောင်းလောက်ပါတယ်နော်
" အမလေးစိတ်ချ နင့်ရုပ်နင့်ရည် အလုံးအပေါက်နဲ့ အဲဒီမှာက တောပွဲစားတွေများတယ် တောသားတွေဆိုတော့ မိန်းမလှလှနဲ့ထိုင်ရရင် အလိုလိုထွက်ပြီးသား အပြောအဆိုနပ်ဖို့အရေးကြီးတယ် "
" အင်း "
" ချူတတ်ဖို့ လှည့်တတ်ပတ်တတ်ဖို့ ရှောင်တတ်သိမ်းတတ်ဖို့တော့လိုတယ
မသွယ်ရဲ့အသင်အပြတွေကို နားထောင်ရပေမယ့် ဒီအလုပ်မလုပ်ဖူးတော့ သိပ်နားမလည်သလို နည်းနည်းတော့ကြောက်မိတယ် ဘယ်လိုယောက်ျားတွေနဲ့များကြုံရမ
အို သူများတွေတောင်လုပ်သေးတာပဲ မသွယ်ဆို လုပ်သက် ၂ နှစ်အတွင်း ရွှေနဲ့ငွေနဲ့ဖုန်းနဲ့တောင်ဖြစ်ေ
ကိုယ်လဲအပျိုအစစ်မှမဟုတ်တာ နာမည်ပျက်ရုံကလွဲပြီး ဒီထက်လဲဘ၀ပျက်စရာအကြောင်းတော့မရ
အရေးကြီးတာ လူလူသူသူသုံးစွဲနိုင်ဖို့နဲ့ ပင်ပင်ပန်းပန်းမလုပ်ရပဲ ငွေလွယ်လွယ်ရနိုင်ဖို့ပဲမဟုတ်လာ
******************************
" ဟော မိုးတို့ရောက်လာပြီလား ပေးပေးအထုပ်တွေပေး "
အသက် ၄၀ အရွယ်၀၀ဖိုင့်ဖိုင့်နဲ့ အမျိုးသမီးကြီးက ကျမနဲ့မသွယ်လက်ထဲက အထုပ်တွေကိုဆွဲယူရင်း လွတ်တဲ့နေရာမှာ နေရာချပေးတယ် ....
ကျမတို့နေရမှာက အမျိုးသမီးတွေသီးသန့်နေတဲ့အဆောင
အဲဒီမှာမှ ကိုယ့်နေရာနဲ့ကိုယ် ဖျာလေးတွေခင်းပြီး နေကြတာ နေ့လည်နေ့ခင်းဆိုတော့ ဘာအလုပ်မှမရှိတော့ အကုန်အိပ်နေကြတယ်နဲ့တူတယ် ....
ခုနက အမျိုးသမီးကြီးရဲ့အသံကြားတော့ တစ်ချို့ကအသစ်ရောက်တယ်ကြားတော့ အိပ်နေရာက ခေါင်းထောင်ကြည့်ကြတယ် စပ်စုတဲ့မျက်လုံးတွေနဲ့ အကုန်လုံးနီးပါးကလဲ ခေါင်းမှာ အနီအ၀ါအစုံဆိုးဆေးတွေနဲ့ အိပ်မှုန်စုန်မွှားဖရိုဖရဲ ....
" ဒါက အဆောင်မှုးလေ ဒေါ်မိုခမ်းတဲ့ .... အမ ဒါကကျမညီမ စံပယ်တဲ့ ခုမှစလုပ်ဖူးမှာ "
မသွယ်က ကျမနဲ့အဆောင်မှုးဆိုတဲ့ အမကြီးကိုမိတ်ဆက်ပေးတယ် အသက်ကြီးပေမယ့်သူလဲ ခေါင်းမှာဆိုးဆေးတစ်ချို့တစ်ဝက်
" အေးလေ အဲဒါဆိုလဲ သူ့ကို စီနီယာထိပ်ဆုံးထားပေးလိုက် မလုပ်ဖူးသေးရင်တော့ မသွယ်ပဲအတူဝင်ပြီး ကြည့်ထိန်းပေးလိုက်ပေါ့ ဧည့်သည်တွေကိုတော့ ဒီနေ့အသစ်ရောက်မယ်ပြောထားတယ် ဒီနေ့ဟိုပွဲစားအုပ်စုလာမယ်ထင်တယ
မသွယ်နာမည်က ဒီမှာမိုးစက်လို့ပေးထားတယ် နေရာတစ်နေရာပြောင်းရင် နာမည်တစ်မျိုးပြောင်းကြတယ်တဲ့ ကျမလဲ စံပယ်ဆိုတဲ့နာမည်ကရိုးနေတော့ နာမည်တစ်ခုခုပေးမှထင်တယ် .....
" နာမည်ပြောဦးသမီး စီနီယာစာရင်းထဲထည့်မလို့ "
ကျမ မသွယ်ကိုလှမ်းကြည့်လိုက်တယ် မသွယ်ကလဲသဘောပေါက်တဲ့အနေနဲ့ ....
" သူ့နာမည်စံပယ် ဒါပေမယ့် နာမည်ကရိုးတော့ပြောင်းပေးလိုက်မ
ပြောပြောဆိုဆို အဆောင်မှုးက စီနီယာဘုတ်ရဲ့ထိပ်ဆုံးမှာ ကျမအတွက်နာမည်ရေးလိုက်တယ် ... ကျမအောက်ကနာမည်တွေကို ဆက်ဖတ်ကြည့်တဲ့အခါမှာ ကြယ်စင် ၊ ကဗျာ ၊ မြတ်နိုး ၊ မိုးတိမ် ၊ လပြည့် ၊ တိမ်လွှာ ၊ လမင်း ၊ လင်းလက် ၊ ရောင်စဉ် အားလုံးနာမည်လှလှလေးတွေနဲ့ အယောက် ၃၀ လောက်ရှိမယ်ထင်တယ် .....
" မာမီ စီနီယာတွေ ဘာတွေ နားမလည်ဘူးနော် အဲဒီအဖွဲ့ထဲမှာ သမီးဘိုင်ပါတယ် ကျော်မထည့်နဲ့ "
အိပ်နေတဲ့ကောင်မလေးတွေထဲက ဆံပင်အနီရောင်ဆိုးထားတဲ့ အသံစာစာနဲ့ ခပ်ပိန်ပိန်ကောင်မလေးတစ်ယောက်က ထပြောတယ် မျက်လုံးကတော့မဖွင့်ဘူးပိတ်လျှက
" အေးပါဟယ် နင့်ဘိုင်လာမှတော့နင့်ပဲခေါ်မှာေ
အသစ်တစ်ယောက်ရောက်လာပြီဆိုတာနဲ့
" ဧည့်သည်လာပြီ စီနီယာ ၂ ယောက် ဘိုင် ၅ ယောက်ဝင်မယ် "
အလှတွေပိန်းနေအောင်ပြင်ထားတဲ့ကျ
(ဆက်ပါဦးမည်) —
" မဟူရာညရဲ့ကချေသည် " အပိုင်း(၂)
******************************
ကျမ အခန်းထဲဝင်ဖို့ တွန့်ဆုတ် တွန့်ဆုန်ဖြစ်နေတဲ့အချိန်မှာ အနောက်ကနေတစ်စုံတစ်ယောက်က တွန်းပြီးအခန်းထဲပို့လိုက်တယ် .....
ကျမ ငိုက်ကနဲရှေ့ကိုတစ်ချက်ယိမ်းပြီ
အပြင်ကအလင်းရောင်နဲ့အထဲကို ၀င်လိုက်တဲ့အချိန်မှာ လူတစ်ချို့ထိုင်နေတာကလွဲလို့ မျက်နှာတွေကို သဲသဲကွဲကွဲမမြင်ရဘူး .....
" ညီမက ဒီအကိုကြီးဘေးနားထိုင်ပါ "
ခုနက နောက်ကနေတွန်းလိုက်တဲ့ ၀ိတ္တာက ကျမကို နေရာချပေးတယ် သူချပေးတဲ့နေရာမှာ ကျမလဲအလိုက်သင့်ဝင်ထိုင်မိလိုက်
အိခနဲကျမခန္ဓာကိုယ်ဆိုဖာထဲနစ်ဝင်
" ညီမ ဘာအအေးသောက်မလဲ ဘာစားမလဲ "
ဝိတ္တာက ကျမမျက်နှာနားကပ်ပြီးလာမေးတော့ ကျမဘာဖြေရမှန်းမသိဖြစ်နေတယ် ဘာမှာလို့မှာရမယ်မှန်းမသိဘူးလေ .....
" အဆင်ပြေတာချပေးပါ "
ကျမဖြေလိုက်တာမဟုတ်ဘူးဘေးက ကျမနဲ့အတူထိုင်နေတဲ့ လူကြီးကလှမ်းပြောလိုက်တာ .....
ကျမလှည့်ကြည့်လိုက်တော့ သူ့ရုပ်က လူရွှင်တော်မန်းဝင်းကြီးနဲ့တူနေတ
သူလဲ ပြုံးလို့ပေါ့ ဒါပေမယ့် သူ့အပြုံးကတီဗွီကမီးရောင်နဲ့ဆို
ခဏနေကျတော့ အခန်းထဲမှာ သူ့လူကိုယ့်လူနဲ့အတွဲတွေစုံသွား
" ခဏခဏ စိတ်ဆိုးခဲ့ရ ခဏခဏရန်ဖြစ်ခဲ့ရ ဒီမှာမောနေပြီသိရဲ့လား....... "
ကျမနဲ့အတူအခန်းဝင်တဲ့ကောင်မလေးေ
" ညီမလေး သီချင်းဆိုလေ "
ကျမကြက်သီးဖြန်းခနဲထသွားတယ် စကားသံနဲ့အတူ ကျမလက်မောင်းကို ညှစ်လိုက်တဲ့အတွက် ဆတ်ခနဲတုန်သွားတယ် .....
ကိုယ်နဲ့မသိတဲ့ သူစိမ်းယောက်ျားတစ်ယောက်ရဲ့အထိအ
" ဟုတ် ... ဟုတ် သမီးသီချင်းမဆိုတတ်ဘူး ဦး "
တောင်းပန်တိုးရှိုးသံနဲ့ ကျမပြောမိတော့ သူကဘ၀င်မကျသလိုပြန်ကြည့်တယ် ....
" ဟင် ဒီအလုပ်လုပ်ပြီး သီချင်းမဆိုတတ်ဘူးလား နည်းနည်းပါးပါးတော့ ဆိုတတ်ရမှာပေါ့ "
" ဟုတ် သမီးကဒီနေ့မှ ရောက်လို့ပါ "
ကျမပုံစံက အရမ်းကြောက်နေတဲ့ပုံများပေါက်နေ
ခုမှ အဲလူကြီးကိုကြည့်မိတယ် အသားကမည်းသလို သွားမှာလဲ ကွမ်းဂျိုးတွေအပြည့်နဲ့ စကားပြောတဲ့အခါ ထွက်လာတဲ့အနဲ့က ညှီစို့စို့ ချွေးနံ့ကလဲ တစ်ချက်တစ်ချက်ထောင်းခနဲ ......
" ဒါဆို ကိုကြီးနဲ့စုံတွဲဆိုမယ်လေ စုံတွဲသီချင်းဘာရလဲ ငယ်ကျွမ်းဆွေရလား "
ဘုရား .... စုံတွဲဆိုရမယ် အဲဒီသီချင်းတော့ရပါတယ် ဒါပေမယ့် ဒီလူကြီးနဲ့တွဲဆိုလို့ဖြစ်ပါ့မလ
ခဏနေတော့ အမြည်းတွေဘီယာတွေစားပွဲပေါ်စုံသွ
" ငယ်သူငယ်ချင်းရေ ခုတော့ငယ်ကျွမ်းဆွေ .... ငယ်သူငယ်ချင်းရေ ခုတော့ငယ်ကျွမ်းဆွေ ခုလိုပြန်လည်ဆုံတွေ့ရတာဝမ်းသာမဆ
ကျမတို့အလှည့်ရောက်တော့ စုံတွဲဆိုကြတယ် ကျမအသံက အနည်းငယ်တုန်နေသလိုထင်ရသလို ဆိုရတာလဲ ဆိုင်တွေမှာဆိုရသလို မပျော်မိဘူး ....
" ရွှတ် "
သီချင်းဆိုနေတုန်း ကျမပါးကို အမွှေးကြမ်းကြမ်းနဲ့နှုတ်ခမ်းတစ်ခ
ကျမ ကပျာကယာမျက်နှာကိုလွှဲလိုက်တယ် ဒါပေမယ့် ကျမအနမ်းခံလိုက်ရပြီလေ ....
" ဟဲဟဲ ညီမလေးကလဲ ချစ်လို့ပါကွာ ဒါလေးကိုကြောက်နေသေးတယ် "
ပြောရင်းဆိုရင်း ကျမခါးကို လက်နှစ်ဖက်နဲ့သိမ်းကြုံးဖက်ထားပ
ကျမလဲ အားရှိသမျှရုန်းရင်းသူ့လက်တွေကိ
ကျမအားကိုးတစ်ကြီး ဘေးကအတူဝင်တဲ့ကောင်မလေးတွေကို ငဲ့ကြည့်မိတယ် .....
တစ်ချို့က ဧည့်သည်တွေရဲ့ပေါင်တွေပေါ်တက်ထို
ဒီအခန်းထဲက ထွက်ပြေးချင်စိတ်ပဲ ဖြစ်မိတော့တယ် အသက်ရှူကျပ်သလို မွန်းကျပ်လာတယ် ကျမကိုဘယ်သူမှမကယ်နိုင်တော့ဘူးလ
ကျမဖြစ်ပျက်နေတာကို အတူဝင်တဲ့ကောင်မလေးတွေက မဲ့ပြုံးပြုံးကြည့်ကြတယ် ဒါလေးကိုဖြစ်နေသလားဆိုတဲ့သဘော .....
ကျမရုန်းပါများတော့ အဲဒီလူကြီးလက်လျှော့သွားတယ် ပြီးတော့အပြင်ထွက်သွားတယ် ...
သိပ်မကြာပါဘူး ၀ိတ်တာက အခန်းထဲဝင်လာပြီးကျမကို ခေါ်ထုတ်သွားတယ် ...
အပြင်ရောက်တော့ ညီမကိုလူချိန်းခိုင်းတယ် ဒီအခန်းထဲမ၀င်နဲ့တော့တဲ့ ....
ကျမ လွတ်မြောက်သွားတယ် ပျော်လဲပျော်သွားတယ် မွန်းကျပ်မှုတွေကလွတ်မြောက်ခဲ့ပြ
ဖြစ်နိုင်ရင် ဒီအလုပ်ကို ဆက်မလုပ်ချင်တော့ဘူး ထွက်ပြေးသွားချင်မိတယ် .....
ကိုယ်မသိတဲ့ ယောက်ျားတွေရဲ့ရမ္မက်အထိအတွေ့ကို
အခုအချိန်မှာ ကျမအာခေါင်ခြစ်ငိုလိုက်ဖို့ပဲသိ
ကျမအ၀တ်အစားလဲပြီး ကိုယ့်နေရာလေးမှာ စိတ်ပျက်လက်ပျက် အိပ်နေမိတော့တယ် ....
" အမ အမ ဧည့်သည်က မုန့်ဖိုးပေးခိုင်းလိုက်လို့ "
အဆောင်ထဲကို ခုနက အခန်းကိုင်တဲ့ ၀ိတ်တာလေးက ဧည့်သည်ပေးလိုက်တဲ့မုန့်ဖိုးကို
ကျမလဲဘုမသိဘမသိ လူးလဲထပြီး သူ့လက်ထဲက ပိုက်ဆံကို အားတုံးအားနာနဲ့ လှမ်းယူလိုက်တယ် ....
" တစ်ထောင် "
ငွေတစ်ထောင်မုန့်ဖိုးပေးတယ်တဲ့.
ခန္ဓာကိုယ်အထိခံအတို့ခံ အဖက်ခံအနမ်းခံခဲ့ရတဲ့ ကျမရဲ့တစ်နေ့တာ လုပ်အားခက တစ်ထောင်တဲ့ ......
ဘာပဲဖြစ်ဖြစ် ပထမဆုံးလုပ်အားခကရတဲ့ ငွေတစ်ထောင်ကို အမှတ်တရအနေနဲ့ ကျမအိတ်ထဲကို တယုတယထည့်ထားလိုက်မိပါတော့တယ် ....
Saturday, October 19, 2013
အခြားယောကျာ်းနှင့် အတူအိပ်ခဲ့သူ၏ အင်္ဂါကို မိန်းမဖြစ်သူက ဖြတ်ပစ်ခဲ့ .......................
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ဆန်တိုစ်မြို့တွင် အမျိုးသမီးတစ်ဦးသည် အခြားအမျိုးသားနှင့် လိင်တူဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ယောကျာ်းဖြစ်သူ၏ အင်္ဂါကို ဖြတ်ပစ်ခဲ့သည်။ ယင်းအမျိုးသမီးသည် ၎င်း၏ယောကျာ်းက အခြားအမျိုးသားနှင့် လိင်တူဆက်ဆံမှုများ ပြုလုပ်နေသည်ဟု ကြားသိရသော်လည်း ကိုယ်တိုင် တွေ့မြင်ခဲ့ခြင်း မရှိသည့်အတွက် တစ်ပတ်ကျော် စောင့်ကြည့် လေ့လာခဲ့ပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းတွင် ယင်းသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသားကို ဆေးရုံတင်ကုသမှုများ ပြုလုပ်ပေးခဲ့ရာ ပြန်လည် သက်သာလာပြီ ဖြစ်သော်လည်း ၎င်းသည် နောက်တစ်ကြိမ် မည်သည့် လိင်ဆက်ဆံမှုမျိုးကိုမှ ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ဆရာဝန်ဖြစ်သူက ဒေးလီးတယ်လီဂရပ်ဖ်သို့ ပြောကြားသွားခဲ့သည်။
ref: ပြည်မြန်မာ
Facebook v3.8 Build 453177 Final Apk
Thursday, October 17, 2013
Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက်
Facebook
version အသစ်လေးပါ
အသုံးပြုမယ်ဆို အောက်မှာရယူုနိုင်ပါတယ်
What's New
-Use icons in status updates to express what you’re feeling or doing (English only)
-Edit your posts and comments, and tap to see all your changes
-See upcoming events at a glance on your favorite Pages
-Create and share new photo albums from your phonehttp://www.zwmnna.com/2013/10/facebook-v38-build-453177-final-apk.html
“ဖူးခက်မြို့Super Cheapကုန်တိုက်ကြီးမီးလောင်ပြာကျ”
မြန်မာအလုပ်သမား ထောင်ချီ၍ အလုပ်လုပ်နေကြသည့် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ အကြီးဆုံး Super Cheap ကုန်တိုက်ကြီး ယမန်နေ့ က မီးလောင်ကျွမ်းခဲ့သည်။ လူသေဆုံးမှုနှင့်
ပတ်သက်၍ အတိအကျ သတင်းရရှိခြင်းမရှိသေး။ ထိုင်းအစိုးရဌာနပေါင်းစုံနှင့် ဒေသခံ အင်ဂျီအိုများ
လိုအပ်သည့် ကူညီစောင့်ရှောက်မှုများပြုလုပ်နေကြကြောင်း အလုပ်သမားများပြောပြချက်အရသိရသည်။
16-10-2013 ရက်နေ. ည ( 9း50) မီးနစ်ခန်.တွင် ထိုင်းနိုင်ငံ ဖူးခက်( Phuket ) မြို. စူပါချစ် ( super
cheap ) ကုန်တိုက်ကြိးတွင် မီးလောင်မှူ. ဖြစ်ပွားခဲ့ပြီး
ထိုကုန်တိုက်တွင် မြန်မာ နိုင်ငံသား အလုပ်သမားအများစု အလုပ်လုပ်ကိုင်လျှက်ရှိသည်။
ယခုအခါ ထိခိုက်မှု.ဖြစ်စဉ်ကို မသိရသေး
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးအနေနှင့် ထိုမီးလောင်မှု. ခံရသည့် မြန်မာနိုင်ငံသား များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်၇ွက်ပေးရန် အရေးကြီးကြောင်း တင်ပြလိုက်ရပါသည်
ထိုင်းနိုင်ငံ ဖူးကတ်မြို့ စူပါချစ် အလုပ်ရုံတစ်ခုမီးလောင်ပါတယ် ထိုင်းနိုင်ငံရှိမြန်မာနိုင်ငံသားအလုပ်သမားတော်တော်များများမီးလောင်တဲ့အထဲပါသွားကြပါတယ် မြန်မာနိုင်ငံ ရှိမိဘဖြစ်သူများ ကိုယ့်၏သားသမီးများကိုအမြန်ဆက်သွယ်ပေးကြပါခင်ဗျား...........Moe Kyaw စူပါချိပ်စ်မှာမီးမငြိမ်းသေးဘူး ဘယ်သူမှအထဲကိုမဝင်ရဲသေးဘူး ဒို့ကစူပါချိပ်စ်ကအလုပ်သမားပါ......Myeik Dried Prawn-Trading
ဖူခက်မှာရှိတဲ့ ဈေးမီးလောင်တာ လူ ၂၀၀ လောက်သေတယ်လို့ သတင်းရ။ အမျီးတွေပါမပါစစ်ဆေးကြည့်ပါ
((((((((((((( ဒီ post ကိုရှယ်ပေးကြပါ )))))))))))))http://wlovestory.blogspot.com/2013/10/super-cheap.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29
အမေရိကန်ဒေါ်လာ ၁၀ သန်းတန် Bra ..............
2013
Victoria's Secret Catwalk Show ပွဲမှာ မော်ဒယ်လ် Candice Swanepoel
ဝတ်ဆင်ပြသခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းတန် Bra ဖြစ်တယ်လို့သိရပါတယ်။
ရှားပါးတန်ကြေးမြင့် လက်ဝတ်ရတာနာတွေနဲ့ အလှဆင်ပြသခဲ့ Victoria's Secret Show မှာယခင်ကလည်း အလားတူ ဈေးကြီးတဲ့ ကျောက်မျက်အတွင်းခံကို နာမည်ကျော် ထိပ်တန်းဘရာဇီးမော်ဒယ်လ် Gisele Bundchen တို့အပြင် Tyra Banks, Heidi Klum, Miranda Kerr, Adriana Lima , Claudia Schiffer နဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ မော်ဒယ်လ် Alessandra Ambrosio ဝတ်ဆင်ပြသခဲ့တယ်လို့သိရ ပါတယ်။
Fashion & Design
ရှားပါးတန်ကြေးမြင့် လက်ဝတ်ရတာနာတွေနဲ့ အလှဆင်ပြသခဲ့ Victoria's Secret Show မှာယခင်ကလည်း အလားတူ ဈေးကြီးတဲ့ ကျောက်မျက်အတွင်းခံကို နာမည်ကျော် ထိပ်တန်းဘရာဇီးမော်ဒယ်လ် Gisele Bundchen တို့အပြင် Tyra Banks, Heidi Klum, Miranda Kerr, Adriana Lima , Claudia Schiffer နဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ မော်ဒယ်လ် Alessandra Ambrosio ဝတ်ဆင်ပြသခဲ့တယ်လို့သိရ ပါတယ်။
Fashion & Design
ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကျောင်းသား/ ကျောင်းသူတွေကို
မေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။
မေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။
ဒီအပြင်စစ်ရဟတ်ယာဉ်နဲ့ လည်း ဘဲကင်ဝယ်တယ်ဆိုတာ မဟုတ်သလို၊ စင်္ကာပူကိုလည်း နေ့ချင်း
ပြန် ကျောင်းမတက်ဘူးပါတဲ့။ ဒီအပြင် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းကိုလည်း မ၀ယ်နိုင် ပါကြောင်း ရေးသားထားပါတယ်။
UCL မှာ ဖော်ပြထားတဲ့ နေရွှေသွေးအောင်ရဲ့ စာ အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
"UCL ဥက္ကဌ
ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ" ၊
၎င်း၏ စာ အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည် -
" ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအပေါင်းတို့ခင်ဗျာ... -
ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏ အစွမ်းကုန်ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူး
ရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။
မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလိုသည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင် ရှင်းလင်းဖော်ပြအပ်ပါသည်။
- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်က ရရှိသည့် ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကို
ဖြေကြားလိုပါသည်။
ဤပြိုင်ပွဲ၏ကုန်ကျ စရိတ်စုစုပေါင်းမှာ သိန်း(၃၀၀) နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်
နေ့စဉ် Video ရိုက်ကူးခတို့ဖြစ်ကြပါသည်။
ဘောလုံးကွင်း၊ ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊ အားကစားဝန်ကြီးဌာန နှင့် ရန်ကုန် ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။
ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်ကြီးများက အချိုးကျပါဝင်လှူဒါန်းပါသည်။
ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲ ဝင်ကြေး ကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များ သို့လှူဒါန်းစေခဲ့ပြီြး
ဖြစ်ပါသည်။
- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြလိုပါသည်။ ယင်းဒိုင်လူကြီးများ အားလုံးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင် အသိအမှတ်ပြု ထားပြီး နိုင်ငံတကာ ဒိုင်လူကြီး လိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍ စေတနာဖြင့် လာရောက် ကူညီပေးနေသူများဖြစ်ကြပါသည်။
ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်းလည်းမရှိသကဲ့သို့ ဘက်လိုက်
ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်မည်မဟုတ်ပါ။
ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို နိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကိုရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခုစဉ်းစားစေလိုပါသည်။
မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ ဆိုးသွမ်းနေသူ
ဖြစ်ပါက မည်သည့် ဝန်ကြီး၊ ဒုဝန်ကြီးက မိမိနှင့် လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း??
မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း??
မည်သည့်ကျောင်းသား၊ ကျောင်းသူ များနှင့်မိဘများက မိမိနှင့်ပူးပေါင်းဆောင်ရွက်မည်နည်း??
မည်သည့် မီဒီယာက မိမိဘက်မှ ရပ်တည်ဖြေရှင်းပေးမည်နည်း??
မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်လည်း ကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာချိတ် ပါသည်)၊
မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက် စားခြင်းမပြုပါ)၊
ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင် ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊
မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင် မဝယ်နိုင်ပါ၊ မည်သည့် ယာဉ်ထိန်းရဲ ကိုမှ လည်း ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ၊ဘာသက်သေအထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော ၎င်း၏အထက်အရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ် အပျက် ကိုနားလည်သဘောပေါက်ပါသည်)။
မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများ မမှန်ကန်ကြောင်းသိရှိသောအခါ မည်သည့်ဖြေရှင်းချက်မျှ လည်း မပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာ တစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။
ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ ဖွင့်ပွဲ တွင် ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိက ကားတံခါးနားသို့ဆင်းကြိုသည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ -
မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍ အမြင်စောင်းနေသူ အချို့လဲရှိနိုင် သည့်) ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာ လူကြီးမင်းများ ကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်းပခြင်းဖြစ်ပါသည်။
မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာ တက္ကသိုလ် မှကျောင်းသား၊ ကျောင်းသူများင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲ ကြီးအဓွန့်ရှည်တည်တံ့မည်ဖြစ်ပါသည်။
မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီ
ဖြစ် ၍ မိမိနှင့် ရည်ရွယ်ချက်ချင်းတူသည့် မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ် ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝရှိပါသည်။
- သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိစ္စ တစ်စုံ တခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်း ဝေဖန်တိုက်ခိုက်ခြင်းမျိုး မပြုဘဲ အားကစား စိတ်ဓာတ်အပြည့်ဖြင့် အားပေးကူညီကြပါ၊
နိုင်ငံတော်အဆင့် တာဝန်ရှိသူ လူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်းသားများ၏ စည်းလုံး၊ ညီညွတ်မှု စွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။
ဖိုးလပြည့်ရဲ့ စာပါအကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။
အိမ့်သံစဉ် ~
ဧရာဝတီblog
Thursday, October 17, 2013
“ဟီရိုရှီးမားပုံပြင်”
October 14, 2013 at 10:43am
တိုက်တိုက်ရယ်မှဆိုင်ဆိုင် အခုရက်ပိုင်း သွားလေ့လာဖြစ်တဲ့နေရာက ဟီရိုရှီးမားမြို့ကလေး ဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ ပညာသင်ကြားဖူးတဲ့ကလေးတွေမှန်သမှ
အဲဒီမြို့ကလေးနှစ်မြို့အကြောင်း
ပထမဦးဆုံးအနေနဲ့ ဂျပန်နိုင်ငံကို ပထ၀ီကစပြီး မိတ်ဆက်ပေးရရင် ဂျပန်ဆိုတာ အာရှတိုက်ကြီး အရှေ့ဘက်ဖျားက ကျွန်းပေါင်း ၆၈၅၂ ခု နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတာပေါ့။ သူတို့ကိုယ်သူတို့ နိပွန် ဒါမှမဟုတ် နီဟွန်း လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ နေနတ်နွယ်တွေပါတဲ့။ ကိုယ်တို့ဗုဒ္ဓဘာသာ ကျမ်းဂန်အယူနဲ့ဆိုရင်တော့ အဲသည်စကားလုံးကို ပြုပ္ဗာကျွန်း လို့ ခေါ်မလားမသိဘူး။ နေထွက်ရာအရပ်တဲ့။ ဂျပန်နိုင်ငံကိုပထမဦးဆုံးရှာေ
သူ့ဘာသူ တသီးတခြားနေတဲ့ ဂျပန်နိုင်ငံကို ၁၈၅၃ မှာ အနောက်ဘက်တံခါး အတင်းဆွဲဖွင့်ပေးသွားတာကတော့ အမေရိကန်ကြီးတွေ ဖြစ်ပါသတဲ့။ အဲဒီအချိန်ကစလို့ အင်မတန် အရှေ့တိုင်းဆန်တဲ့ အာရှသားကြီးဂျပန်ဟာ အနောက်နိုင်ငံတွေဆီက နိုင်ငံရေး၊ တရားစီရင်ရေး၊ စစ်ရေးဆိုင်ရာဖွဲ့စည်းပုံတွေကို သူ့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြီး ခေတ်နဲ့အမှီ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားတော့သတဲ့။ (တိုးတက်ချင်ရင် ဖွဲ့စည်းပုံအရင်ပြောင်းရတယ် လို့တော့ မဆိုလိုပါဘူးနော်) ဂျပန်က စက်မှုခေတ်ပြောင်းတော်လှန်ရေး (ဆိုရှယ်လစ်စာအုပ်ကြီးထဲက စကားငှားသုံးပျစီ) လုပ်နေတဲ့အချိန်ဟာ ၁၈၅၄ က စတာဆိုတော့ တို့ဆီမှာဆိုရင် မင်းတုန်းမင်းကြီး နန်းတက်စ၊ ညီတော်ကနောင်မင်းသားကြီးနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်နဲ့ဆို မတိမ်းမယိမ်းလောက်ပဲ ရှိမယ်။ ဦးဖိုးလှိုင်ကြီး စည်းမျဉ်းခံဘုရင်စံနစ် ဖွဲ့စည်းပုံသစ် အဆိုတင်သွင်းခဲ့တာလည်း သူ့စနက်မှ ကင်းရဲ့လားမသိ။ သိတဲ့အတိုင်း တို့ဆီကတော့ ကုလားထိုင်နဲ့ပတ်သက်လာရင် ဗီတိုအာဏာနဲ့ တော်တန်တိတ် ငါးကြော်ပန်းကန်ဖိတ် လုပ်ထည့်လိုက်ရင် နန်းသက်မြဲပြီး ကျွန်သက်ရှည်သွားပြန်ရော မဟုတ်လား။ ဒီလိုပဲ သူ့ကျွန်ခံလိုက် ငါ့ကျွန်ခံလိုက်နေလာတာ ကြာကြာလှပေါ့။
ဂျပန်တွေကတော့ စက်မှုစွမ်းအားခေတ်ကျော်လွှားပြီး (တို့ဆီမှာလည်း တီဗီထဲမှာ အဲသလိုမျိုး ပါးစပ်ကလေးနဲ့ ပြောတတ်သားပါလေ) စစ်အင်အားတောင့်တင်းလာတဲ့နောက် အနောက်ဘက်မှာရှိတဲ့ တရုတ်ကိုရော၊ ရုရှားကိုပါ ကျူးကျော်တော့သတဲ့။ ထိုင်ဝမ်တို့ ကိုရီးယားတို့ဆိုတာကတော့ ကျူးကျော်စရာတောင် မလိုတော့ပဲ ပြားပြားဝပ် မီးသေတဲ့ဘ၀ကို ရောက်လာတော့တယ်။ ပထမကမ္ဘာစစ်ကြီးလည်းစရော ဂျပန်ရဲ့ စစ်အင်အားဟာ ဥရောပတလွှားမှာပါ သာဒင်ကို ဘာထင်သလဲ လို့ လူမိုက်လုပ်နိုင်လောက်အောင် ကြီးထွားလာခဲ့တယ်။ ၁၉၃၁ ရောက်တော့ မန်ချူးရီးယားကို ကျူးကျော်သိမ်းပိုက်လိုက်ပြီး နောင်ကျရင် ကုလသမဂ္ဂဖြစ်လာမယ့် နိုင်ငံပေါင်းချုပ်အသင်းကြီး (Leagues of Nations) ကိုတောင် ပမာမခန့်ပြုလာပါလေသတဲ့။
ဒုတိယကမ္ဘာစစ်ဖြစ်မယ့် ၁၉၄၀ကျော်ကာလတွေဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးအပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်တဲ့ ကာလလို့ဆိုရင်လည်း မမှားပါဘူး။ ဥရောပမှာ ဂျာမဏီ နဲ့ အီတလီက သြဇာတက်လာတယ်။ အင်္ဂလိပ် နဲ့ ပြင်သစ်တွေ မျက်ခုံးလှုပ်လာရတဲ့အချိန်ပေါ့။ အာရှတလွှားမှာတော့ ရုရှားကြီးကို Counter ballance လုပ်ထားစရာ ဂျပန်ကလွဲပြီး သူ့အပြင်မရှိဘူး။ ၁၉၃၇ ရောက်တော့ တရုတ်ပြည်ကို ဒုတိယအကြိမ်ကျူးကျော်ဝင်ရောက်
၁၉၄၁ မှာတော့ ဂျပန်ဟာ အမေရိကန် ရေတပ်စခန်းစိုက်တဲ့ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ဒုတိယကမ္ဘာစစ်ပွဲကြီးကို မူဆိုလိုနီ ဟစ်တလာတို့နဲ့အတူ အပြိုင်ဝင်နွှဲပါလေတော့တယ်။ သူ့ချည့်ပဲ ၀င်တာ မဟုတ်ပါဘူး။ ပထမကမ္ဘာစစ်တုန်းက သူများတွေ စစ်တိုက်နေတာကို ဟိုဘက်သည်ဘက် နှစ်ဘက်ခွ လက်နက်ရောင်းပြီး ခေတ်ပျက်သူဌေးဖြစ်လာတဲ့ အမေရိကန်ကိုပါ စစ်ထဲမပါပါအောင် ဆွဲထည့်သွားသေးတယ်။ ဖတ်တဲ့သူတွေ ပျင်းစရာကောင်းလောက်အောင် အတိတ်ကိုလှန်သော် လုပ်ရတဲ့အကြောင်းကတော့ ဂျပန်ရဲ့ စိတ်နေစိတ်ထားကို သဘောပေါက်နိုင်အောင်လို့ပါ။ အဲသလောက် မာန်တက်လန်ထွက်နေတဲ့ဂျပန်ဟာ သူ့သဘောနဲ့သူ စစ်ထဲဝင်လာသလိုပဲ သူ့ဘာသာသူပဲ စိတ်လိုလက်ရ စစ်ထဲကနေ ချွင်းချက်မရှိ လက်နက်ချပြီး ထွက်သွားခဲ့ပါတယ်။ အကြောင်းရင်းကတော့ အဲသည် ဟီရိုရှီးမား နဲ့ နာဂါဆာကီ မြို့ကလေးနှစ်မြို့ပေါ်ကို စောစောကပြောတဲ့ အက်တွမ်မစ်ဗုံးတွေ ကျဲချလိုက်တဲ့အတွက်ပါ။
သည်ကနေ့ထိတိုင်အောင် အမေရိကန်ကြီးက တဖွဖွပြောပြီး ဂုဏ်ယူနေပါသေးတယ်။ ဒုတိယကမ္ဘာစစ်တုန်းက သူသာမကယ်ရင် တကမ္ဘာလုံး သေဖွယ်ရာသာ ရှိတော့တယ်။ ကမ္ဘာကြီးပေါ်က လူသားတွေ ငြိမ်းချမ်းဖို့အတွက်၊ ဒုတိယကမ္ဘာစစ်ကြီးကို သူ ဗုံးနှစ်လုံးနဲ့ အဆုံးသတ်ခဲ့ပါတယ်တဲ့။ သူပြောသလိုဆိုရင်တော့ သူ့ရဲ့ အနုမြူဗုံးဒဏ်ကို ဂျပန်ကကြောက်ပြီး လက်နက်ချ အရှုံးပေးသွားတာပေါ့နော်။ ဟုတ်သားပဲ။ ငြင်းလို့မှ မရတာ။ မေးကြည့်လေ။ ဂျပန်တွေကို “ဟေ့ ကောင်တွေ။ မင်းတို့ ကြောက်သွားပြီလားကွ။” ဆို ဟိုက ဘာမှတောင် ပြန်ပြောမှာ မဟုတ်ဘူး။ သူ့အလုပ်သူ ဆက်လုပ်နေလိမ့်မယ်။ တကမ္ဘာလုံးလည်း အဲသလိုပဲ ထင်လိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း အဲသည်အတိုင်းပဲ ထင်ပါတယ်။ ဟီရိုရှီးမားကို မရောက်ခင်အထိပေါ့။
ဟီရိုရှီးမားမြို့ကလေးဟာ အလယ်ခေါင်မှာ မြစ်ကလေးနှစ်ခွစီးဆင်းသွားပြီး အင်မတန်ကို သာတောင့်သာယာရှိတဲ့ ဂျပန်နိုင်ငံတောင်ပိုင်းက မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။ အနောက်ဘက်မှာတည်ရှိပြီး စီးပွားရေးကောင်းသတဲ့။ ရှေးခေတ်က ဂျပန်ဘုရင်မင်းမြတ်များအတွက် ဆုပန်ရာအောင်မြေလည်း ဖြစ်ပါသတဲ့။ ကံဆိုးချင်တော့ အဲသည်နေရာမှာ ဂျပန်ရေတပ်စခန်း အခြေစိုက်တာမို့ ဗုံးကျဲဖို့ မျက်စိကျသွားတယ် ထင်ပါတယ်။ အနုမြူဗုံး ကျလိုက်ပြီးတဲ့နောက်မှာတော့ အခု ငြိမ်းချမ်းရေး အထိမ်းအမှတ်ပြတိုက်လုပ်ထားတဲ့ အဆောက်အဦတပိုင်းတစကလွဲလို့ ထောင်းလမောင်းကျေအောင်
ပြာပုံအတိ ပြောင်တလင်းခါသွားခဲ့ပါတယ်။ ကျန်ရစ်တဲ့ အုတ်တံတိုင်းနံရံများတောင် စိုက်ဝင်နေတဲ့ မှန်စကလေးတွေကြောင့် အမာရွတ်တွေ မွစာကျဲသွားခဲ့သလို သံနဲ့ဆောက်တဲ့ အဆောက်အဦကြီးများလည်း အရည်ပျော်ကွေးညွှတ်လို့ ပြိုဆင်းလာတာ ၉/၁၁ တုန်းက တွင်တာဝါကြီး ပြိုတဲ့အတိုင်းပါပဲ။ ဗုံးပေါက်လို့ မှိုပွင့်ကြီးတွေလို အလိပ်လိုက်ပွင့်ထွက်လာပြီးတဲ့ေ
ရေတွင်းရေကန်တွေအားလုံး အဲသည်မိုးစက်တွေနဲ့ အဆိပ်သင့်ပြီး သောက်သုံးမိသူတွေခမျာ လပေါင်းများစွာ ၀မ်းရောဂါရပြန်ပါရော။ အနုမြူရောင်ခြည်သင့်တဲ့ဆိုးကျို
အမေရိကန်ကြီးကပြောတာတော့ “ကမ္ဘာမြေငြိမ်းချမ်းစေချင်လို့ ထောင်လွှားရမ်းကားနေတဲ့ ဂျပန်တွေကို ဗုံးကလေးနှစ်လုံးတည်းနဲ့ ဆုံးမပြီး ကမ္ဘာစစ်ကြီး အဆုံးသတ်ပေးလိုက်တာပါ” တဲ့။ ဂျပန်ကလည်း ပြထားပါတယ်ဗျာ။ ပြတိုက်ထဲမှာ စစ်သားပုံတစ်ပုံတောင် မတွေ့ခဲ့ရဘူး။ မူလတန်းကျောင်းဝတ်စုံနဲ့ ကလေးမလေးတွေ။ မီးဟပ်ထားတဲ့ ဂါဝန်အိပ်ထဲမှာ အဲဒီနေ့နေ့စွဲနဲ့ ရထားလက်မှတ်လေးတောင် ပါသေး။ လိန်ပိန်လောင်ကျွမ်းနေတဲ့ ဗိုလ်အုန်းသီးစက်ဘီးကလေးတွေ၊ “အဲ့နေ့တုန်းက သားက ပုစဉ်းကလေးကို ဖမ်းမလို့ လုပ်နေတာလေ။ သူ့အမြီးကလေးကို ကိုင်မိတယ်ဆိုရုံရှိသေး...” ဆိုတဲ့ ကလေးအရေးအသားလေးတွေ၊ ပြတိုက်ကြီးတစ်ခုလုံးဟာလေ သရဲလေးတွေမွေးထားပြီး လာသမျှလူတွေကို ဇာတ်ကြောင်းပြန်ပြောနေသလား အောင့်မေ့ရတယ်။ ဖြစ်ြဖစ်ချင်းမှာ အများကြီးသေကုန်တယ်။ ဖြစ်ပြီးနောက်ပိုင်းမှာ တစိမ့်စိမ့်သေနေသေးတယ်။ အဆုံးမသတ်သေးဘူး။ ရောဂါဘယတွေဒဏ်ကို ဆက်ခံစားရသေးတယ်လေ။ ဥာဏ်ရည်မမှီတဲ့ ရောဂါပါလာတဲ့ကလေးတွေ မွေးလာသေးတယ်လေ။ ဒါတောင်မှ အခုထက်ထိ ဗုံးသင့်ဂျပန်မျိုးဆက်တွေ မကုန်ခမ်းနိုင်သေးဘူး။ ဘိုးဘွားရိပ်သာတစ်ခု နဲ့ ပြုစုပေးထားတယ်။ အငယ်ဆုံးအဖွားက ၆၈ နှစ်ပေါ့။ ရာကျော်ဖွားဖွားတွေလည်း တွေ့ခဲ့တယ်။ ဖိုးဖိုးတွေကတော့ မရှိသလောက်နည်းတယ်။ အကြောင်းကတော့ ယောင်္ကျားသားတွေ စစ်မြေပြင်ရောက်နေပြီး မိန်းမသား၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုများသာ ကျန်ခဲ့တဲ့အချိန်မှာ ဗုံးဒဏ်ခံရတာမို့ ပါတဲ့။ ပြောချင်တာက အမေရိကန်က သူတို့ကို စစ်မတိုက်ပဲ လူနေမြို့ရွာအပေါ် ဗုံးကျဲသွားတာပေါ့လေ။
သူ့ဘက်နဲ့သူ သူ့စကားကိုယ့်စကား လှအောင်နိုင်အောင် ပြောခဲ့ကြတာ ဟိုဘက်ကအမှန် သည်ဘက်ကအမှန် ဘာမှဝင်ပြီး မှတ်ချက်မပေးလိုပါဘူး။ စစ်ဖြစ်ပါတယ်ဆိုမှ တို့မြန်မာပြည်မှာ ဗုံးကျဲတော့ရော ဘယ်နေရာချန်တာ ရှိလို့လဲ။ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ မဟုတ်လား။ အင်္ဂလိပ်ကပဲ ကျဲကျဲ၊ ဂျပန်ကပဲ ကျဲကျဲ အတူတူပဲ။ ဒါပေမယ့် ဗုံးကျဲအပြီးမှာ ဂျပန်တွေ ကြောက်လို့လက်နက်ချပြီး ထွက်သွားတယ်ဆိုတဲ့ အယူအဆကိုတော့ သံသယရှိပါတယ်။ ဂျပန်ဆိုတာမျိုးက ကိုယ့်အလုပ်ကိုယ် တာဝန်မကျေလို့ ရှက်လာရင်တောင် ကိုယ့်လည်ပင်းကိုယ် ဓါးနဲ့လှီးဖို့ ၀န်မလေးတဲ့အမျိုးပါ။ ပုလဲဆိပ်ကမ်းကို ဗုံးကျဲတိုက်တော့ အမေရိကန်ကြီး ဖိန့်ဖိန့်တုန်သွားတာဟာ သူတို့စစ်သင်္ဘောခေါင်းတိုင်ထဲကို
လေယာဉ်ခေါင်းစိုက်ထိုးဆင်းသွား
ဒါပေမယ့် သူတို့က သူတို့အသက်သေမှာကိုသာ မကြောက်တာ။ သူတို့မြေ သူတို့ပြေက ပြည်သူပြည်သားတွေ
သေကုန်မှာကိုကျတော့ ကိုယ့်အသက်ထက်ပိုပြီး ကြောက်ကြတယ်။ “နင်မပစ်ရင် ငါတို့ခေါင်းဖြတ်ခံရမှာပေါ့ဟဲ့” လို့ ပြောပြီး သေနတ်ကြီးနဲ့ချိန် ပစ်မိန့်ပေးခိုင်းတယ်ဆိုတဲ့ ကောလာဟလဟာ တွေးကြည့်လိုက်ရင် ဘယ်လောက် ရှက်ဖို့ကောင်းသလဲ။ ဟုတ်ပါတယ်။ အမေရိကန်တွေက ဂျပန်ကြီးတွေရဲ့ ပျော့ကွက်ချက်ကောင်းကို မိမိရရကိုင်ပြီး စစ်ထဲက ဆွဲထုတ်သွားခဲ့တယ်။ ဒါပေမယ့် ဂျပန်တွေ အညံခံလိုက်တာဟာ သူ့ကိုကြောက်လို့ တော့ ဟုတ်မယ်မထင်ဘူး။ “ထမီကျွတ်၍လွှတ်လိုက်တယ်။ နိုင်တယ်လို့တော့ မထင်နဲ့ကွယ်။” ဆိုတဲ့ ဆရာမောင်သာရ ၀တ္ထုထဲကလိုပေါ့။ တကယ်လို့များ အဲသည်အချိန်က ဂျပန်တွေစိတ်ထဲမယ် ကိုယ်တို့ဆီက မျိုးချစ်ကြီးတွေလို လက်တုန့်ပြန်ရမှ ကျေနပ်မှာဆိုတဲ့ စိတ်ရှိနေရင် ဘယ်လိုလုပ်မလဲ။ ဆုံးမှာကို မဟုတ်တော့ဘူး။
ဒါကြောင့် အဲဒီတုန်းက ငြိမ်းချမ်းရေးဟာ အမေရိကန်က ယူတာ မဟုတ်။ ဂျပန်က ပေးလိုက်တာ ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း စစ်မြေပြင်မှာ လက်နက်ချခဲ့တဲ့ ဂျပန်တွေဟာ စီးပွားရေးစစ်မျက်နှာမှာ ကျားကုတ်ကျားခဲ ကြိုးပန်းပြီး တိုက်နေသေးတာ အခုလက်ရှိသူတို့ရောက်နေတဲ့နေရာ
အခုမှပဲ ကိုယ်တို့မြန်မာတွေ အင်္ဂလိပ်ကို စစ်ရှုံးရတဲ့အဖြစ်ဟာ ဘယ်လောက် ရှက်ဖို့ကောင်းမှန်း သိတော့တယ်။ စာအုပ်ထဲမှာသင်တာ လက်နက်အင်အားမမျှလို့ လက်နက်အင်အားမမျှလို့ တဖွဖွပြောတယ်လေ။ တကယ်တော့ စိတ်ဓါတ်အင်အားလည်းမမျှဘူး။ စကတည်းက လုပ်ကြံမှုနဲ့တက်လာတဲ့မင်းသားရဲ့ နောက်ကွယ်က နန်းတွင်းနိုင်ငံရေးဟာ မြန်မာတွေ အသက်နဲ့လဲ ခုခံလောက်တဲ့ စည်းလုံးညီညွတ်မှု၊ ယုံကြည်ကိုးစားမှုကို မရခဲ့ဘူး။ အခုပဲ “စစ်မတိုက်ရဲရင် ထမီကျောက်ပျဉ်ပို့လိုက်မယ်” ပြောတဲ့သူက ပြော။ “မခုခံရ။ ခုခံလျှင် သူပုန်။” လို့ စာထုတ်တဲ့သူကထုတ်၊ ဗန္ဓုလကြီး ဓနုဖြူမှာ ရွှေထီးဆောင်းတာ စောစောသေ စောစောအိပ်ရတယ်လို့များ တွေးမိသွားသလား။ နောက်ဆုံးတော့ သူတို့ကိုယ်တိုင်ပြောသလိုပဲ ကြက်ကလေး ငှက်ကလေးဖမ်းသလိုဖမ်းပြီး ပါသွားရရှာတယ်။ တွေးမိတာကတော့ လက်နက်အင်အားမမျှတာ တစ်ခုတည်း မဟုတ်ဘူး။ နိုင်ငံရေးမတည်ငြိမ်လို့။ တိုင်းပြည်ရှေ့ရေးကို အမျှော်အမြင်မထားပဲ ကိုယ့်လက်ထဲ အာဏာရရေးကိုသာ ရှိသမျှအာရုံအားလုံး ပုံထားလို့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဂျပန်တွေ ဟီရိုရှီးမားမှာ ပြာပုံဖြစ်တဲ့အချိန်ဟာ စစ်ပြီးခေတ် ကိုယ်တို့ဆီမှာ ပြာပုံဖြစ်တဲ့အချိန်နဲ့ အတူတူပါပဲ။ ဒါပေမယ့် သူတို့က အတိတ်ကို သင်ခန်းစာယူပြီး ရှေ့ကို တွန်းတက်သွားတယ်။ ကိုယ့်မှာက ကရွတ်ကင်းလျှောက်သလို အမှားဟောင်းတွေ ပြန်ပြန်မှားလို့ မပြီးနိုင်မစီးနိုင် သံသရာလည်နေတုန်း။ မောင် ညီမလေးတို့ရေ။ ဟီရိုရှီးမား ပုံပြင်ကလေးကတော့ ဒါပါပဲကွယ်။

"Hiroshima Peace Memorial Museum"

"ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်"

"ဘာမှ မရှိတော့ဘူး။ တစ်ခုမှ မရှိတော့ဘူး။"

"သူတို့လာဗုံးကျဲတဲ့ စစ်စခန်းက စစ်သင်္ဘော စစ်လေယာဉ်တွေ"

"သားသားရဲ့ ဗိုလ်အုန်းသီး"

"မီးမီးရဲ့ ရထားလက်မှတ်"

"နံရံပေါ်က မိုးရေစီးကြောင်း"
ဖြူးမြို့ ဒုတိယအကြိမ် ခေါင်းဖြတ် တရားခံ(၂)ဦး ဖမ်းဆီးရမိ .................
Wednesday, October 16, 2013
ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြ၀င်း၏ လမ်းညွှန်မှု၊ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဝင်းနှင့် အထူးအမှုစစ်အဖွဲ့၏ စုံစမ်းစစ်ဆေး
ဖော်ထုတ်ချက်အရ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။
တရားခံများ ဖြစ်ကြသော သန်းထွန်းဦး(ခ) သံချောင်း(ခ) သံလုံး(၂၆)နှစ်၊ (ဘ)ဦးတင်ဦး၊ ဗမာ ဗုဒ္ဓ၊ ကျဘမ်း၊ လှေကားထောင်မြောင်း၊ ရေးထိုး ကျေးရွာအုပ်စု၊ ဖြူးမြို့နယ် နေသူနှင့် ရဲညွှန့်(ခ)ဖထီး(၅၃)နှစ်၊ (ဘ)ဦးသန်း၊ ဗမာဗုဒ္ဓ၊ကျဘမ်း၊ ထန်းလျှက်ကုန်းရွာ၊ ပျဉ်းကတိုးကျေးရွာ အုပ်စု ဖြူးမြို့နေသူ(၂)ဦးအား စစ်ဆေးခဲ့ရာ ၄င်းတို့(၂)ဦးသည် သေဆုံးသူ ဦးဇော်မင်းနှင့်အတူ အခင်းဖြစ် တဲတွင် အရက်အတူတူသောက် စားပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။
တရားခံတဦးဖြစ်တဲ့ သန်းထွန်းဦးမှ ဦးဇော်မင်းအား ၀ါးရင်းတုတ် ဖြင့် ရိုက်သတ် လိုက်သည်ကို ရွာထဲမှ ထမင်းချိုင့်ယူ၍ တဲသို့ ပြန်လာသော သေဆုံးသူ၏ဇနီး ဒေါ်တင်ရွှေတွေ့မြင်သွားသဖြင့် နှုတ်ပိတ်ရန် သန်းထွန်းဦး မှဒေါ်တင်ရွှေအား ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်ရာ ရဲညွှန့ှ်သည် ဒေါ်တင်ရွှေ မသေမှာကို စိုးရိမ်၍ တဲရှိဓါးဖြင့် ထပ်မံထိုးသတ်ခဲ့ပါတယ်။
သန်းထွန်းဦးမှလည်း ဦးဇော်မင်း၏လည်ပင်းအား ဖြတ်၍ ၄င်းတွင်အသင့်ပါလာသော လွယ်အိတ်ထဲသို့ထည့်ပြီး ခေါင်းအား တောလမ်းတွင် စွန့်ပစ်ခဲ့သည်ကို ထွက်ဆိုခဲ့သဖြင့် သေဆုံးသူ ဦးဇော်မင်း၏ခေါင်းအား ခင်တန်းကြီးရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် ရှာဖွေသော်လည်း မတွေ့ရှိရတော့ကြောင်းနှင့် အမြန်တရား စွဲတင်ပို့ရန် ဆောင်ရွက်လျှက်ရှိကြောင်း Myanmar News Now မှ စုံစမ်း သိရှိရပါတယ်။
ကိုသန့် ဇင်
by Thit Htoo lwin
" မဆိုင်တဲ့လူတွေ ဝေးဝေးနေပါ သိပ်အနားမကပ်ကြပါနဲ့ ဟာသ
shared မြန်မာပြည်သား's photo.
အိတ်အမည်း
" မဆိုင်တဲ့လူတွေ ဝေးဝေးနေပါ သိပ်အနားမကပ်ကြပါနဲ့ မကြာခင်တာဝန်ရှိသူတွေ ရောက်လာပါတော့မယ် " ရပ်ကွက်လမ်းထိပ်တွင် လူများ ၀ိုင်းအုံနေကြသလို အချို့လဲမလှမ်းမကမ်းမှ ရပ်ကြည့်ကွက်ကြည့်လုပ်နေကြသည် ။ " ဟဲ့ လမ်းထိပ်မှာ ဗုံးတွေ့လို့တဲ့ " အမျိုးသမီးတစ်စုမှာလဲ ဟိုနားကြိတ်ကြိတ်ဒီနားကြိတ်ကြိတနိုင်ငံမအုပ်ချုပ်သော ဗီယက်နမ်စစ်ဗိုလ်ချုပ် ကွယ်လွန်
နိုင်ငံမအုပ်ချုပ်သော ဗီယက်နမ်စစ်ဗိုလ်ချုပ် ကွယ်လွန်
ဝတ်မှုန်၊ အောက်တိုဘာ ၁၆၊ ၂၀၁၃
ကျနော်ငယ်စဉ်က ဗီယက်နမ်စစ်တပ်ကို အလွန်လေးစားခဲ့သည်။ ၁၉၇၀နောက်ပိုင်း ထိုင်းနိုင်ငံဗဟိုပြုသော အမေရိကန်လေတပ်၊ မရိန်းတပ်များမှ ဘီ၅၂လေယာဉ်ကြီးများဖြင့် မြောက်ဗီယက်နမ်ကွန်မြူနစ်များကို တဝုန်းဝုန်းဗုံးကြဲတိုက်ခိုက်နေသည့်ကြားမှ နောက်ဆုံး အမေရိကန်ကန်တပ်များ ၁၉၇၅တွင် အရှုံးပေးလိုက်သည်။ ထိုစဉ်က ဆိုင်ဂုံမြို့ (ယခ ဟိုချီမင်းမြို့)တွင် နောက်ဆုံး မြို့သိမ်းတိုက်ပွဲ အမေရိကန်များဆုတ်ခွာခဲ့ပုံများနှင့် ဗီယက်နမ်စစ်ကားများသည် ကျနော်တို့ငယ်စဉ်က များစွာကြည့်ရှုခဲ့ရသည်။ နာမည်ကျော် First Blood ရမ်ဘိုမင်းသား စတောလုံး၏ ရုပ်ရှင်မှာ နာမည်အကြီးဆုံးဖြစ်သည်။ ၁၉၅၄ခုနှစ်တွင်ကလည်း ကိုလိုနီပြင်သစ်နိုင်ငံက လွတ်လပ်ရေးပေးရန် တိုက်ပွဲဖြစ်ပွားရ ပြင်သစ်စစ်တပ်ကြီးတစ်ခုလုံး ဘိန်ဒိန်ဖူး အရပ်ဒေသတွင် လက်နက်ချ၊ အရှုံးပေးကာ ပြင်သစ်တို့ဆုတ်ခွာခဲ့ရသည်။ နောက်ပိုင်းရောက်လာသော အမေရိကန်တို့လည်း အရှုံးကြီးရှုံးကာ ဆုတ်ခွာခဲ့ရသည်။ ထိုစစ်ပွဲကြီးများကို ဦးဆောင်တိုက်ခိုက်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးမှာ General Vo Nguyen Giap ဖြစ်သည်။ ယခု အသက်၁၀၂နှစ်တွင် ကွယ်လွန်သောအခါ နိုင်ငံတော် ဈာပနတွင် လူတစ်သိန်းခွဲ လာရောက်ဂါရဝပြုကြသည်။
Uncle Ho ဟုခေါ်ကြသော ခေါင်းဆောင်ဟိုချီမင်းသည် နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး၊ Giap သည် စစ်ရေးခေါင်းဆောင်ဖြစ်သည်။ ပြင်သစ်တို့နှင့်စစ်ပွဲတွင် တရုပ်စစ်အကြံပေးဖြစ်သူတစ်ဦးအဆိုအရ သမရိုးကျတိုက်ပွဲမှ ရုတ်တရက်စစ်ကြောင်းပြောင်းပြီး၊ ပြင်သစ်ခံတပ်ကြီး၏ နောက်ဖက် တောတောင်ကြီးများကို ဖြတ်ကျော်ချီတက်လာရာ ၅၆ရက်အကြာတွင် ပြင်သစ်တို့၏ ဒိန်ဘိန်ဖူးခံတပ်ကြီး ကျဆုံးသွားခဲ့သည်။ ထိုကျဆုံးမှုသည် ပြင်သစ်တို့ ဗီယက်နမ်မှထွက်ခွာရသလို ၊ အင်ဒိုချိုင်းနားတခုလုံးမှလည်း ထွက်ခွာရသော စစ်ပွဲကြီးဖြစ်သည်။ စစ်ဗိုလ်ချုပ် Giap သည် အမေရိကန်နှင့်စစ်ပွဲတွင်လည်း ဆက်လက်တိုက်ခိုက်ခဲ့သည်။ အားနည်းလှသော ဗီယက်နမ်စစ်တပ်ကို ပျောက်ကြားစစ်အဖြစ် အားကြီးလှသည့် အမေရိကန်စစ်တပ်ကြီးကို ခုခံရင်း၊ တဖြေးဖြေးနှင့် အမေရိကန်တပ်များကို အနိုင်ယူတိုက်ခိုက်နိုင်ခဲ့သည်။ အလွန်ကျွမ်းကျင်စော စစ်ဗိုလ်ချုပ်ကြီးဖြစ်သည်။
မြန်မာနိုင်ငံမှ တရုပ်တို့၏ ကျုးကျော်တပ်များ ရှမ်းပြည်တခုလုံးအထိ ရောက်ရှိနေစဉ်၊ အင်အားနည်းသော်လည်း အနိုင်တိုက်ခိုက်နိုင်ခဲ့သော စစ်ဗိုလ်ချုပ် ဗိုလ်မှုးချုပ်ကျော်ဇော ရှိခဲ့ပါသည်။ ဗိုလ်မှုးချုပ်ကျော်ဇောသည် စစ်ပညာ ပရောဖက်ရှင်နယ်တစ်ဦးဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်သည် စစ်အာဏာရှင်အစိုးရလက်ထက်တွင် တရုပ်ပြည်သို့ သွားရောက်နေထိုင်ခဲ့ရပြီး၊ ၂၀၁၁ ပြည်ပတွင်ကွယ်လွန်ခဲ့ရသည်။ သူ၏ဈာပနမှာလည်း ဗီယက်နမ်စစ်ဗိုလ်ချုပ် Giap ကဲ့သို့ နိုင်ငံတော်က လုပ်ပေးသင့်သည့် ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။
လက်ရှိမြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ပြည်ပရန်ကိုကာကွယ်သူများဖြစ်ရန်လိုသည်။ ပြည်တွင်း မိမိတိုင်းရင်းသားအချင်းချင်း တိုက်ခိုက်၊သတ်ဖြတ်နေသော ပြည်တွင်းစစ်ပွဲများကို ရပ်ဆိုင်းပြီး ကမ္ဘာ့အဆင့် ပရိုဖက်ရှင်နယ်စစ်ဗိုလ်ချုပ်များဖြစ်ရန် ပြုပြင်ပြောင်းလဲရလျှက်ရှိသည်။ ယခု ကချင်လက်နက်ကိုင်များနှင့် အပစ်ခတ်ရပ်စဲရေး အခြေအနေကောင်းနေသည်ဟု ကြားသိရသည်။ ငြိမ်းချမ်းရေးရမှ၊ အခွင့်အရေးများခွဲဝေပေးနိုင်မှ ပြည်တွင်းစစ်များရပ်စဲမည်ဖြစ်သည်။
AP သတင်းဌာနကြေငြာချက်အရ စစ်ဗိုလ်ချုပ် Giap သည် ၁၉၈၂ခုနှစ်အထိ ဗီယက်နမ်ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဖြစ်ခဲ့သည်။ အငြိမ်းစားယူသည်။ 12 Oct 2013 တွင်ကွယ်လွန်ပြီး နိုင်ငံတော်ဈာပနကျင်းပခဲ့သည်။ (ဝတ်မှုန်)
Categories:
International News
ဆိုနီရဲ့ ဒေါ်လာ ၂၀၀ တန် စမတ်လက်ပတ်နာရီ၊ အင်ဒရွိုက်ဖုန်း
စမတ်လက်ပတ်နာရီဖုန်း သုံးကြမယ်
Wednesday, October 16, 2013
ဆိုနီရဲ့ ဒေါ်လာ ၂၀၀ တန် စမတ်လက်ပတ်နာရီ၊ အင်ဒရွိုက်ဖုန်းပါ။ လက်ပတ်နာရီအဖြစ်လည်း အသုံးပြုနိုင် သလို အင်ဒရွိုက် ဖုန်းအဖြစ်လည်း သုံးနိုင်ပါတယ်တဲ့။
ဆမ်ဆောင်းရဲ့ Galaxy Gear လောက် စိတ်ဝင်စားမှု သိပ်မရဘူး ဆိုပေမယ့် သူ့ထက်ဈေးချိုတာ
ကြောင့် ဈေးကွက် မှာ တဖြည်းဖြည်းချင်း အ၀ယ်လိုက်လာတယ်လို့ ဆိုနီက ပြောတာကို TIME က ဖော်ပြထားပါတယ်။
ဘက်ထရီက တခါ အားအပြည့်သွင်းထားရင် ၃ ရက်ကနေ ၄ ရက်ထိ ခံနိုင်ရည်ရှိတယ်လို့ ဆိုနီက အာမခံပါတယ်။
Android 4.0 နဲ့ The display measures 1.6 inches diagonally ရှိပါတယ်။ စမတ်လက်ပတ်နာရီ ဖုန်းတွေကို Locked လုပ်ထားတာ တခုမှ မရှိပါဘူးတဲ့၊ အဓိက ဈေးနှုန်းလည်း ချို၊ နည်းပညာလည်း အဆင့်မြင့်၊ တာရှည်ခံ ဘက်ထရီနဲ့ Application တွေ က အကောင်းဆုံး ၀န်ဆောင်မှုပေးတာနဲ့ ဆွဲဆောင်ထားတာပါလို့ ဆိုနီက ဆိုပါတယ်။
စမတ်လက်ပတ်နာရီဖုန်းတွေကို အမေရိကားမှာတော့ စတင်မိတ်ဆက်ရောင်းချပေးနေပြီဖြစ်ပြီး ကျန် နိုင်ငံတွေ ကို ဘယ်လို ဖြန့်ချီသွားမယ်ဆိုတာတော့ အသေးစိပ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး.
အိမ့်သံစဉ် ~
တေးသံရှင် ဆိုတေး ဒဏ်ရာသက်သာလာတာကြောင့် ယနေ့မနက် ၅ နာရီကဆေးရုံကဆင်းသွားပြီ
ဇူလိုင်လ
၁၄ ရက်ကတည်းက ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်မှာ ကားတိမ်းမှောက်မှုကြောင့်
မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံခဲ့ရတဲ့ တေးသံရှင် ဆိုတေးဟာ
ဒဏ်ရာသက်သာလာတာကြောင့် ယနေ့မနက် ၅ နာရီကဆေးရုံကဆင်းသွားပြီဖြစ်တယ်လို့
ဆိုတေးကို ဆေးကုသပေးခဲ့သူ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်
အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာဦးခင်မောင်လွင်ကပြောပါတယ်။
ဓာတ်ပုံ---ဒေါက်တာဦးခင်မောင်လွင်
The Modern News Journal
ဓာတ်ပုံ---ဒေါက်တာဦးခင်မောင်လွင်
The Modern News Journal
ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် ( ၁၇-၁ဝ-၂ဝ၁၃ မှ ၂၃-၁ဝ-၂ဝ၁၃ ) ဟောစတမ်း
ထူးခြားသောကံ မြင့်မားခြင်း၊ လာဘ်ပွင့်ခြင်းရှိမည်။အလုပ်လျှေ
ယတြာ ။ ။ မွးနေ့တွင် အုတ်ခဲကျိုးများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
မိမိရည်မှန်းထားသည်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။
ယတြာ ။ ။ မွေးနေ့တွင် ကြိမ်ထည်ပစ္စည်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ပေါ်လာသော ကံအခွင့်အရေးများကို အသုံးချ၍ ဘဝအောင်မြင်မှုများ ရရှိမည်။ မိမိစိတ်ကူးထားသလောက် ဆောင်ရွက်အောင်မြင်မည်။ ရန်အပြိုင်တို့ ကိုလည်း ကျော်လွှားနိုင်မည်။ ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စများတွင် ကြားဝင် တာဝန်ယူ အာမခံခြင်း ကြုံမည်။ ကိုယ်ရေးကိုယ်တာကိစ္စများ ဦးစားပေးနိုင်ခြင်း မရှိ။ ကံပွင့်၊ လာဘ်ပွင့်မည်။ ခရီးကံမှာ အထူးကောင်းလှသည်။ မရောက်ဖူးသော အရပ်ဒေသများသို့ ရောက်တတ်သည်။ အလုပ်အကြံအောင်မြင်မည်။
ယတြာ ။ ။ မွေးနေ့တွင် ဆန်ကြဲပက်၍ ကြက်၊ ငှက်အစာ ကျွေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
စီးပွားလာဘ်လာဘ တိုးပွားမည်။ မိတ်ကောင်း၊ ဆွေကောင်းများနှင့် တွေ့ မည်။ စနေနေ့မွေးသူများ အကျိုးပေးမည်။ ဝင်လာသောငွေကို အလှူဒါနပြုပါ။ အညံ့အဆိုးများကင်းစင်၍ ကောင်းခြင်း လာဘ်လာဘကြုံမည်။ အရေးကြီးသော ကိစ္စများ စတင်ဆောင်ရွက်ပါ။ ပြောရေးဆိုခွင့် အောင်မြင်၍ အလုပ်တိုးတက်ခြင်း များ အထင်အရှားကြုံမည်။ အခက်အခဲများ ဖြေရှင်းအဆင်ပြေမည်။ လူမျိုးကွဲ လူမျိုးခြားအကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့တွင် ရေသန့်ဘူးခွံအဟောင်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
ဤကာလအတွင်း ဆောင်ရွက်သမျှ ကိစ္စအားလုံး အနှောင့်အယှက်များ ပြည့်နှက်နေမည်။ သူတစ်ပါးအပေါ် ယုံကြည်မှု လွန်ကဲခြင်းကြောင့် ပြဿနာ တစ်မျိုးပြီးတစ်မျိုး ဝင်တတ်သည်။ ရန်အတိုက်အခံများရှိမည်။ သူတစ်ပါးအပေါ် မိမိက စိတ်ကောင်းစေတနာကောင်း မည်မျှထားစေ စေတနာ၏တန်ဖိုးအပေါ် နားလည်သဘောပေါက်မည့်သူ တွေ့ရှိလိမ့်မည်မဟုတ်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ကလေးသူငယ်တစ်ဦးအား ဗလာစာအုပ် ဒါနပြုပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
ပြောဆိုလုပ်ကိုင်သည့် ကိစ္စမှန်သမျှ ထူးထူးခြားခြားအောင်မြင်မည်။ ပိတ် နေသည့်လမ်းကြောင်းများပြန်ပွင့်
ယတြာ ။ ။ မွးနေ့တွင် သီးစုံထမင်း ဆွမ်းတော်တင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
ရန်အပြိုင် အတိုက်အခံကြားမှ ဘဝတိုးတက်မှု ရရှိမည်။ ဦးတည်လိုက်တိုင်း နေရာတိုင်း အနှောင့်အယှက်များနှင့်ကြုံမည်။
ယတြာ ။ ။ မွေးနေ့တွင် သော့အဟောင်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
ကူညီသူပေါများမည်။ လုပ်ကိုင်သမျှ ကိစ္စအားလုံးတို့မှ ကောင်းသော အကျိုးဆက်များ ဖြစ်ထွန်းစေမည်။ လူမျိုးကွဲ အကျိုးပေးမည်။ ငွေကြေးကိစ္စ စကားပြောဆိုမှု အောင်မြင်မည်။ လူယုံထား၍မရ။ အာမခံခြင်း၊ တာဝန်ယူခြင်း မပြုပါနှင့်။ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို လက်လွတ်မခံပါနှင့်။ ချစ်သူမှ မိမိအပေါ် အနေစိမ်း တစ်စစ ဖြတ်တောက်ခြင်းများကြုံတတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် ထိုးမုန့်ဆွမ်းတော်တင်ပါ။
ဗေဒင်စာအုပ်
ကားအစီး ၂၀ ဘီး ဖောက်သည့် တရားခံမှာ ဖမ်းဆီး........................

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်(၈) ရပ်ကွက်တွင် အောက်တိုဘာ (၁၅) ရက် ညအချိန်၌
လမ်းအချို့ တွင် ရပ်ထားသည့် ကားအစီး(၂၀)ခန့် ကားဘီးများကို ချွန်ထက်စေသည့်အရာနှင့် ထိုး
ဖောက် မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ်မြို့မ ရဲစခန်းမှ သိရှိရသည်။
အဆိုပါ ကားဘီးထိုးဖောက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တန်ဖိုးမြင့်ကားများကိုသာ ထိုး
ဖောက်ခဲ့ခြင်းဖြစ်ကာ တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရရှိထားသည့် တရာခံအားမေးမြန်းရာတွင် တာယာဆိုင်တစ်ခုမှဖြစ်ကြောင်း ပြောဆိုသော်
လည်း မည်သည့် တာယာဆိုင်ဟု ပြောဆိုခြင်းမရှိဟု ကမာရွတ်မြို့နယ် မြို့မရဲစခန်းမှ သိရှိရသည်။
“တာယာဆိုင်တစ်ခုကလို့တော့ ပြောတယ်။ ဘယ်ဆိုင်ကလဲဆိုတာကိုတော့ မပြောဘူး။” ဟု မြို့မ
ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ထိုးဖောက်ခံခဲ့ရမှုကြောင့် ကမာရွတ်မြို့နယ်တွင်း နေထိုင်သူများအနေဖြင့် ကားပါကင်
တစ်ခုပြုလုပ် ပေးရန် ဆန္ဒရှိနေ ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်နေပြည်သူများထံမှ သိရသည်။
“တကယ်တော့ မြို့ကြီးပြကြီးတွေမှာ ကားပါကင်ဆိုတာ သီးသန့်ရှိသင့်တယ်။ ပိုက်ဆံ ဘယ်လော
က်ပဲ ကုန်ပါစေ။ ကားပါကင် တစ်ခု လုပ်သင့်တယ်။ ခုလို လမ်းဘေးမှာ စည်းကမ်းမဲ့ ကားတွေရပ်
ထားတော့ ခုလို မဖြစ်သင့်တဲ့ ကိစ္စရပ်တွေ ဖြစ်လာ ရတာပေါ့။”ဟု ကမာရွတ်မြို့နယ် အမှတ်(၈)
ရပ်ကွက်၌ နေထိုင်သူ တစ်ဦးက ပြောသည်။
ကားဘီးများထိုးခွဲခံရခြင်းမှာ လှည်းတန်းအနီးအနားရှိ လမ်းအချို့၌ ဖြစ်ပွားခဲ့ခြင်းများရှိခဲ့ပြီး ပထမ
အကြိမ်တွင် ကားအစီ(၃၀)ခန့် ထိုးဖောက်ခံခဲ့ရကြောင်း၊ ထိုစဉ်ကလည်း ကားတာယာ များရောင်း
အားမြင့် တက်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
Myit Ma Kha Media Group.

































