အိတ်အမည်း
" မဆိုင်တဲ့လူတွေ ဝေးဝေးနေပါ သိပ်အနားမကပ်ကြပါနဲ့ မကြာခင်တာဝန်ရှိသူတွေ ရောက်လာပါတော့မယ် "
ရပ်ကွက်လမ်းထိပ်တွင် လူများ ၀ိုင်းအုံနေကြသလို အချို့လဲမလှမ်းမကမ်းမှ ရပ
်ကြည့်ကွက်ကြည့်လုပ်နေကြသည် ။
" ဟဲ့ လမ်းထိပ်မှာ ဗုံးတွေ့လို့တဲ့ "
အမျိုးသမီးတစ်စုမှာလဲ ဟိုနားကြိတ်ကြိတ်ဒီနားကြိတ်ကြိတ်နှင့် မျက်နှာမှာလဲ ထိတ်လန့်မှုများဖြင့် ကြည့်လဲကြည့်ချင်သည် ကြည့်လဲမကြည့်ရဲ ....
ရပ်ကွက်ထဲမှ သတ္တိကောင်းသူ ယောကျာ်းသုံးလေးယောက်မှာ ဗုံးဟုယူဆရသော မသင်္ကာဖွယ် အနက်ရောင်အထုပ်ကလေးကို မလှမ်းမကမ်းမှ ကာစီးထားသည် ....
" အမိန့်မရပဲ ဘယ်သူမှ မကိုင်ကြနဲ့နော် ကားတာယာနှစ်ကွင်းလောက်ရှိရင် ကာထားတာကောင်းမယ် "
တစ်ဖြေးဖြေးနှင့် လူများမှာ ၀ိုင်းအုံလာသည် ကားများလဲ ရပ်ကြည့်နေကြ၏ ...
သတင်းက ပြန့်တာမြန်သည်ထင်သည် ခဏတွင်းချင်း တာဝန်ရှိသူများမလာရောက်ခင် ထိုအထုပ်လေးနားတွင် လူအယောက် ၅၀ လောက် အုံနေတော့သည် ....
ပလတ်စတစ်ကြိုးများလဲ တားထားသေးသည် ....
ထိုအချိန်တွင် အသက် ၃၀အရွယ် ၀၀ကျစ်ကျစ်နှင့်အမျိုးသမီးတစ်ယောက် လူအုပ်ထဲတိုးဝင်လာသည် .....
" ညီမ ဒီနားမလာနဲ့လေ သွားသွား ဝေးဝေးသွားနေ "
အထုပ်ကို ကာထားသော လူများထဲမှ ရပ်ကွက်ထဲတွင် နဲနဲလူတွင်ကျယ်လုပ်ဟန်ရှိသော လူကြီးမှ ထိုအမျိုးသမီးအား အော်ငေါက်လေသည် ...
" ဟေ့ကလေးမ ပြောတာကြားလား ရှေ့တိုးမလာနဲ့ ဝေးဝေးသွားဆို "
်ထိုအမျိုးသမီးမှာ မျက်နှာတွင် အနည်းငယ်စိုးရွံ့သောအားတုံးအားနာအမူအယာဖြင့် ..
" ဦးလေး ... ဟိုလေ အဲ .. အဲဒီအထုပ်က သမီးဟာပါ ဗုံးမဟုတ်ဘူး ဟီးးး "
" ဟင် ဘာပြောတယ် ဒါက ညည်းဟာဟုတ်လား "
" ဟုတ် ... ဟုတ် ဦးလေး ခုနက စတိုးဆိုင်မှာ ၀င်ဝယ်ပြီး ခြင်းထောင်းထဲထည့်ခဲ့တာ ပြုတ်ကျခဲ့လို့ ခုလိုက်ရှာတာ အာ့အထုပ်ပဲ "
ဘေးမှာရပ်ကြည့်နေသောလူများလဲ ဇဝေဇ၀ါဖြစ်ကုန်ကြသည် ....
" ဒါ ညည်းအထုပ်သေချာတယ်နော် အထဲမှာ ဘာပါလဲပြော "
" ဟို ဟိုလေ ပြောရမှာတော့ ရှက်ပါတယ် အမျိုးသမီး လစဉ်သုံးပစ္စည်းပါ ဒါကြောင့် အိတ်အမဲနဲ့ထည့်ပေးလိုက်တာပါ "
" ငင် "
(မသင်္ကာဖွယ်ရာအထုပ်နှင့် ကောလဟာလ)
*** ပါပါလေး ***
ဘရုတ်သုတ်ခ ပုံများ
0 ကွန်မန့်ရေးရန်:
Post a Comment