ထူးခြားသောကံ မြင့်မားခြင်း၊ လာဘ်ပွင့်ခြင်းရှိမည်။အလုပ်လျှေ
ယတြာ ။ ။ မွးနေ့တွင် အုတ်ခဲကျိုးများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
မိမိရည်မှန်းထားသည်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။
ယတြာ ။ ။ မွေးနေ့တွင် ကြိမ်ထည်ပစ္စည်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ပေါ်လာသော ကံအခွင့်အရေးများကို အသုံးချ၍ ဘဝအောင်မြင်မှုများ ရရှိမည်။ မိမိစိတ်ကူးထားသလောက် ဆောင်ရွက်အောင်မြင်မည်။ ရန်အပြိုင်တို့ ကိုလည်း ကျော်လွှားနိုင်မည်။ ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စများတွင် ကြားဝင် တာဝန်ယူ အာမခံခြင်း ကြုံမည်။ ကိုယ်ရေးကိုယ်တာကိစ္စများ ဦးစားပေးနိုင်ခြင်း မရှိ။ ကံပွင့်၊ လာဘ်ပွင့်မည်။ ခရီးကံမှာ အထူးကောင်းလှသည်။ မရောက်ဖူးသော အရပ်ဒေသများသို့ ရောက်တတ်သည်။ အလုပ်အကြံအောင်မြင်မည်။
ယတြာ ။ ။ မွေးနေ့တွင် ဆန်ကြဲပက်၍ ကြက်၊ ငှက်အစာ ကျွေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
စီးပွားလာဘ်လာဘ တိုးပွားမည်။ မိတ်ကောင်း၊ ဆွေကောင်းများနှင့် တွေ့ မည်။ စနေနေ့မွေးသူများ အကျိုးပေးမည်။ ဝင်လာသောငွေကို အလှူဒါနပြုပါ။ အညံ့အဆိုးများကင်းစင်၍ ကောင်းခြင်း လာဘ်လာဘကြုံမည်။ အရေးကြီးသော ကိစ္စများ စတင်ဆောင်ရွက်ပါ။ ပြောရေးဆိုခွင့် အောင်မြင်၍ အလုပ်တိုးတက်ခြင်း များ အထင်အရှားကြုံမည်။ အခက်အခဲများ ဖြေရှင်းအဆင်ပြေမည်။ လူမျိုးကွဲ လူမျိုးခြားအကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့တွင် ရေသန့်ဘူးခွံအဟောင်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
ဤကာလအတွင်း ဆောင်ရွက်သမျှ ကိစ္စအားလုံး အနှောင့်အယှက်များ ပြည့်နှက်နေမည်။ သူတစ်ပါးအပေါ် ယုံကြည်မှု လွန်ကဲခြင်းကြောင့် ပြဿနာ တစ်မျိုးပြီးတစ်မျိုး ဝင်တတ်သည်။ ရန်အတိုက်အခံများရှိမည်။ သူတစ်ပါးအပေါ် မိမိက စိတ်ကောင်းစေတနာကောင်း မည်မျှထားစေ စေတနာ၏တန်ဖိုးအပေါ် နားလည်သဘောပေါက်မည့်သူ တွေ့ရှိလိမ့်မည်မဟုတ်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ကလေးသူငယ်တစ်ဦးအား ဗလာစာအုပ် ဒါနပြုပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
ပြောဆိုလုပ်ကိုင်သည့် ကိစ္စမှန်သမျှ ထူးထူးခြားခြားအောင်မြင်မည်။ ပိတ် နေသည့်လမ်းကြောင်းများပြန်ပွင့်
ယတြာ ။ ။ မွးနေ့တွင် သီးစုံထမင်း ဆွမ်းတော်တင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
ရန်အပြိုင် အတိုက်အခံကြားမှ ဘဝတိုးတက်မှု ရရှိမည်။ ဦးတည်လိုက်တိုင်း နေရာတိုင်း အနှောင့်အယှက်များနှင့်ကြုံမည်။
ယတြာ ။ ။ မွေးနေ့တွင် သော့အဟောင်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
ကူညီသူပေါများမည်။ လုပ်ကိုင်သမျှ ကိစ္စအားလုံးတို့မှ ကောင်းသော အကျိုးဆက်များ ဖြစ်ထွန်းစေမည်။ လူမျိုးကွဲ အကျိုးပေးမည်။ ငွေကြေးကိစ္စ စကားပြောဆိုမှု အောင်မြင်မည်။ လူယုံထား၍မရ။ အာမခံခြင်း၊ တာဝန်ယူခြင်း မပြုပါနှင့်။ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို လက်လွတ်မခံပါနှင့်။ ချစ်သူမှ မိမိအပေါ် အနေစိမ်း တစ်စစ ဖြတ်တောက်ခြင်းများကြုံတတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် ထိုးမုန့်ဆွမ်းတော်တင်ပါ။
ဗေဒင်စာအုပ်
0 ကွန်မန့်ရေးရန်:
Post a Comment