******************************
ကျမ ဒီလောကထဲ စရောက်ဖြစ်ခဲ့တာက သူများတွေနဲ့ ထူးမခြားနားပါပဲ ....
ကျမက တစ်ခုလပ်မ ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်ကစားတဲ့အရ
ပြီးတော့ ယောက်ျားကလဲအသက်ငယ်တော့ လက်ကြောမတင်းဘူး နှစ်ယောက်ထဲခွဲနေတော့လဲ မိဘအိမ်ကပဲပြန်တောင်းရတာပဲ ....
ဒီတော့ စီးပွားရေးဘာမှမရှိတော့ အိမ်ထောင်ရေးလဲရေရှည်မခံဘူး ယောက်ျားနဲ့လွယ်လွယ်လေးကွဲသွားခဲ့တယ် .....
ကျမက အိမ်ထောင်ပျက်တစ်ယောက်ဖြစ်သလို ဘာအလုပ်မှလဲမရှိတော့ အိမ်မှာနေရတာမိသားစုနဲ့သိပ်အဆင်
" အလတ်မ နင်အလုပ်ကောလုပ်ဖို့ စိတ်ကူးမရှိဘူးလားဟင် ဟိုပေါက်စအငယ်ကောင်တောင် ခုဆိုအိမ်ကိုတောင်ပြန်ထောက်နိုင
အမေကလဲ သိပ်မကြည်ဖြူဘူး ပြဿနာတစ်ခုခုဖြစ်တိုင်း ကျမဘက်ပဲမြှားဦးလှည့်လာတယ် ....
ကျမမောင်လေးက ၈ တန်းနဲ့ကျောင်းထွက်ပြီး အခုဝပ်ရှော့မှာဝင်လုပ်လို့ လစာတောင် တော်တော်ရနေပြီလေ ဒီတော့ ကျမကိုမြင်ပြီပေါ့ .....
" လုပ်မှာပါ အမေရယ် ဒီလကုန်ရင် မသွယ်တို့နဲ့ နယ်ဘက်သွားအလုပ်လုပ်ဖို့ပြောထား
" ဘာအလုပ်လဲ "
" အလှပြင်ဆိုင်မှာ လုပ်ရမယ်လို့ပြောတာပဲ ပညာသင်အလုပ်လုပ်ပေါ့ လစာကောင်းတယ်တဲ့ "
" အေး အဲဒါဆိုလဲသွားလေ အိမ်မှာထိုင်နေအလကားပဲဟာကို အလုပ်လေးရှိတော့ သုံးနိုင်စွဲနိုင်မှာပေါ့ ခုဟာက ညည်းကအပိုသက်သက်ဖြစ်နေတယ် "
အမေကတော့ အလုပ်မရမချင်း တစ်ဗျစ်တောက်တောက်တော့ပြောနေတော
ဒီလိုနဲ့ မသွယ်ခေါ်တဲ့နောက် အလုပ်လုပ်ဖို့လိုက်လာခဲ့တယ် ...
" နင့်အမေကို ဘယ်လိုပြောထားခဲ့လဲ စံပယ် "
" အင်း အလှပြင်ဆိုင်မှာ လုပ်မယ်လို့ပြောထားခဲ့တယ် မသွယ် "
" အေး ကောင်းတယ် ဟိုရောက်ရင်ငါပြောတဲ့အတိုင်းနေေ
" ၀င်ငွေတော့ကောင်းလောက်ပါတယ်နော်
" အမလေးစိတ်ချ နင့်ရုပ်နင့်ရည် အလုံးအပေါက်နဲ့ အဲဒီမှာက တောပွဲစားတွေများတယ် တောသားတွေဆိုတော့ မိန်းမလှလှနဲ့ထိုင်ရရင် အလိုလိုထွက်ပြီးသား အပြောအဆိုနပ်ဖို့အရေးကြီးတယ် "
" အင်း "
" ချူတတ်ဖို့ လှည့်တတ်ပတ်တတ်ဖို့ ရှောင်တတ်သိမ်းတတ်ဖို့တော့လိုတယ
မသွယ်ရဲ့အသင်အပြတွေကို နားထောင်ရပေမယ့် ဒီအလုပ်မလုပ်ဖူးတော့ သိပ်နားမလည်သလို နည်းနည်းတော့ကြောက်မိတယ် ဘယ်လိုယောက်ျားတွေနဲ့များကြုံရမ
အို သူများတွေတောင်လုပ်သေးတာပဲ မသွယ်ဆို လုပ်သက် ၂ နှစ်အတွင်း ရွှေနဲ့ငွေနဲ့ဖုန်းနဲ့တောင်ဖြစ်ေ
ကိုယ်လဲအပျိုအစစ်မှမဟုတ်တာ နာမည်ပျက်ရုံကလွဲပြီး ဒီထက်လဲဘ၀ပျက်စရာအကြောင်းတော့မရ
အရေးကြီးတာ လူလူသူသူသုံးစွဲနိုင်ဖို့နဲ့ ပင်ပင်ပန်းပန်းမလုပ်ရပဲ ငွေလွယ်လွယ်ရနိုင်ဖို့ပဲမဟုတ်လာ
******************************
" ဟော မိုးတို့ရောက်လာပြီလား ပေးပေးအထုပ်တွေပေး "
အသက် ၄၀ အရွယ်၀၀ဖိုင့်ဖိုင့်နဲ့ အမျိုးသမီးကြီးက ကျမနဲ့မသွယ်လက်ထဲက အထုပ်တွေကိုဆွဲယူရင်း လွတ်တဲ့နေရာမှာ နေရာချပေးတယ် ....
ကျမတို့နေရမှာက အမျိုးသမီးတွေသီးသန့်နေတဲ့အဆောင
အဲဒီမှာမှ ကိုယ့်နေရာနဲ့ကိုယ် ဖျာလေးတွေခင်းပြီး နေကြတာ နေ့လည်နေ့ခင်းဆိုတော့ ဘာအလုပ်မှမရှိတော့ အကုန်အိပ်နေကြတယ်နဲ့တူတယ် ....
ခုနက အမျိုးသမီးကြီးရဲ့အသံကြားတော့ တစ်ချို့ကအသစ်ရောက်တယ်ကြားတော့ အိပ်နေရာက ခေါင်းထောင်ကြည့်ကြတယ် စပ်စုတဲ့မျက်လုံးတွေနဲ့ အကုန်လုံးနီးပါးကလဲ ခေါင်းမှာ အနီအ၀ါအစုံဆိုးဆေးတွေနဲ့ အိပ်မှုန်စုန်မွှားဖရိုဖရဲ ....
" ဒါက အဆောင်မှုးလေ ဒေါ်မိုခမ်းတဲ့ .... အမ ဒါကကျမညီမ စံပယ်တဲ့ ခုမှစလုပ်ဖူးမှာ "
မသွယ်က ကျမနဲ့အဆောင်မှုးဆိုတဲ့ အမကြီးကိုမိတ်ဆက်ပေးတယ် အသက်ကြီးပေမယ့်သူလဲ ခေါင်းမှာဆိုးဆေးတစ်ချို့တစ်ဝက်
" အေးလေ အဲဒါဆိုလဲ သူ့ကို စီနီယာထိပ်ဆုံးထားပေးလိုက် မလုပ်ဖူးသေးရင်တော့ မသွယ်ပဲအတူဝင်ပြီး ကြည့်ထိန်းပေးလိုက်ပေါ့ ဧည့်သည်တွေကိုတော့ ဒီနေ့အသစ်ရောက်မယ်ပြောထားတယ် ဒီနေ့ဟိုပွဲစားအုပ်စုလာမယ်ထင်တယ
မသွယ်နာမည်က ဒီမှာမိုးစက်လို့ပေးထားတယ် နေရာတစ်နေရာပြောင်းရင် နာမည်တစ်မျိုးပြောင်းကြတယ်တဲ့ ကျမလဲ စံပယ်ဆိုတဲ့နာမည်ကရိုးနေတော့ နာမည်တစ်ခုခုပေးမှထင်တယ် .....
" နာမည်ပြောဦးသမီး စီနီယာစာရင်းထဲထည့်မလို့ "
ကျမ မသွယ်ကိုလှမ်းကြည့်လိုက်တယ် မသွယ်ကလဲသဘောပေါက်တဲ့အနေနဲ့ ....
" သူ့နာမည်စံပယ် ဒါပေမယ့် နာမည်ကရိုးတော့ပြောင်းပေးလိုက်မ
ပြောပြောဆိုဆို အဆောင်မှုးက စီနီယာဘုတ်ရဲ့ထိပ်ဆုံးမှာ ကျမအတွက်နာမည်ရေးလိုက်တယ် ... ကျမအောက်ကနာမည်တွေကို ဆက်ဖတ်ကြည့်တဲ့အခါမှာ ကြယ်စင် ၊ ကဗျာ ၊ မြတ်နိုး ၊ မိုးတိမ် ၊ လပြည့် ၊ တိမ်လွှာ ၊ လမင်း ၊ လင်းလက် ၊ ရောင်စဉ် အားလုံးနာမည်လှလှလေးတွေနဲ့ အယောက် ၃၀ လောက်ရှိမယ်ထင်တယ် .....
" မာမီ စီနီယာတွေ ဘာတွေ နားမလည်ဘူးနော် အဲဒီအဖွဲ့ထဲမှာ သမီးဘိုင်ပါတယ် ကျော်မထည့်နဲ့ "
အိပ်နေတဲ့ကောင်မလေးတွေထဲက ဆံပင်အနီရောင်ဆိုးထားတဲ့ အသံစာစာနဲ့ ခပ်ပိန်ပိန်ကောင်မလေးတစ်ယောက်က ထပြောတယ် မျက်လုံးကတော့မဖွင့်ဘူးပိတ်လျှက
" အေးပါဟယ် နင့်ဘိုင်လာမှတော့နင့်ပဲခေါ်မှာေ
အသစ်တစ်ယောက်ရောက်လာပြီဆိုတာနဲ့
" ဧည့်သည်လာပြီ စီနီယာ ၂ ယောက် ဘိုင် ၅ ယောက်ဝင်မယ် "
အလှတွေပိန်းနေအောင်ပြင်ထားတဲ့ကျ
(ဆက်ပါဦးမည်) —
0 ကွန်မန့်ရေးရန်:
Post a Comment