This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Friday, June 29, 2012
ရခိုင်ပြည်နယ် တည်ငြိမ်ဖို့ နောက်ကွယ် ပယောဂ ရှာဖို့လိုတယ်”
Inbox
x
ကျော်ခ
ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့က မောင်တော၊ ဘူးသီးတာင် မြို့နယ်များက စတင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း အကြမ်းဖက်မှု ဖြစ် စဉ် များနှင့် ပတ်သက်ပြီး နောက်ကွယ်တွင် အကြမ်းဖက်လိုသော လူတစု၏ ပယောဂများ ပါဝင်ကြောင်း ရန်ကုန်
BROUK အဖွဲ့ ဥက္ကဋ္ဌက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဗြိတိသျှပါလီမန်မှာ တင်ပြ
Inbox
x
from RFA by May Zaw Khin
အဲသလိုတင်ပြခဲ့ရာမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဟာ အစိုးရအဖွဲ့တွင်းက မြန်မာပြည်အပြောင်းအလဲကို မလိုလားတဲ့ သဘောထားတင်းမာသူတွေနဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP) တို့ရဲ့ သေသေချာချာ ပြင်ဆင်စီမံခဲ့တဲ့ လုပ်ရပ်တွေဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်ကုန်နဲ့ ရခိုင်ပြည်နယ်မှာ RNDP က ကမကထပြု ဆောင်ရွက်ခဲ့တဲ့ အစည်းအဝေးပွဲတွေ အပါအ၀င် ရိုဟင်ဂျာ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးတက် များပြားလာခဲ့ကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် ဦးထွန်းခင်က - ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း
စစ်တွေဈေးကြီး မွတ်ဆလင် ဆိုင်များမှ ပစ္စည်းများကို အပြင်သို့ ရွှေ့ပြောင်း
Inbox
x
နိရဉ္စရာ
စစ်တွေ ဈေးကြီးရှိ မွတ်ဆလင် လူမျိုးများပိုင် ဈေးဆိုင်များမှ ပစ္စည်းများကို အာဏာပိုင်များ၏ အကူအညီဖြင့် သူတို့နေထိုင်ရာ ကျေးရွာ ရပ် ကွက်များသို့ ပြောင်းရွှေ့နေကြောင်း သိရသည်။
မနေ့ (ဇွန်လ ၂၇ ရက်နေ့) နေ့လည် ၁၂
အပြောင်းအလဲတွေလုပ်လာမယ့် အင်န်အယ်ဒီ နဲ့ ယူအက်စ်ဒီ
Inbox
x
Richard Aung richardaung68@gmail.com
အပြောင်းအလဲတွေလုပ်လာမယ့် အင်န်အယ်ဒီ နဲ့ ယူအက်စ်ဒီ
ဝတ်မှုံ (စကာင်္ပူ)၊ ဇွန် ၂၈၊ ၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲ နေရာများမှာ အန်အယ်ဒီက အပြက်အသတ်နိုင်သွားတဲ့အတွက် လွှတ်တော်မှာနေရာ ၈ရာနှုန်းလောက်ရရှိသွားခဲ့ပြီးပါပြီ။ အတိုက်ခံ တိုင်းရင်းသားပါတီများကို ထည့်တွက်ရင် ၁၅ ရာနှုန်းလောက်တော့ လွှတ်တော်မှာရှိပါမယ်။ တိုင်းရင်းသားပါတီဆိုတာ အတိုက်အခံဖက်သားများလို့
သာသနာကိုတကယ်ကြည်ညိုတတ်ရဲ့လား
 တစ်ခါတုန်းက မုံရွာမြို့မှာ ဒကာတစ်ယောက်က ဆရာတစ်ပါးကိုလျှောက်တယ် “ဆရာတော်ဘုရား" ဘုန်းကြီး တွေဟာနေရာတကာပါတယ် ဘောလုံးပွဲဆိုရင်လည်း ဘုန်းကြီးတွေ၊ ရုပ်ရှင်ရုံမှာလည်း ဘုန်းကြီးတွေပဲ၊ ယုတ်စွ အဆုံး ချင်းတွင်းမြစ်ရေကြီးလို့ လာကြည့်ရင်တောင် ဘုန်းကြီးတွေများတယ်ဘုရား”
          အဲ့ဒီနောက် ဆရာတော်ကြီးက
“ဟဲ့ဒကာ မင်းသာသနာကိုကြည်ညိုရဲ့လား”
“မှန်လှပါ ကြည်ညိုတတ်ပါတယ်ဘုရား”
“အေ မင်းတကယ် သာသနာကိုကြည်ညိုရင် အဲ့ဒီဘုန်းကြီးတွေ မင်းတွေ့တဲ့နေရာမှာ ကန်တော့လိုက်”
ဆရာတော်ကြီးမိန့်တဲ့အတိုင်း ဒကာကြီးက ဘုန်းကြီးတွေဘယ်နေရာတွေ့တွေ့
မလေးရှား တွင် ဇနီး နှင့် ကလေး ကို တွေ့ ခွင့် မရ သဖြင့် ကြိုးဆွဲ ချ သတ်သေ
မလေးရှား နိုင်ငံ ဆီလန်ဂေါ် မြို့  ပယ်တလင်း ဂျာယာ ရှိ အမျိုး သမီး ထိမ်းသိမ်း စောင့်ရှောက်ရေးအဖွဲ့  အစည်း တစ် ခု တွင် အသက် နှစ်ဆယ် ကျော် အရွယ်ရှိ မြန်မာ နိုင်ငံ သား တစ်ဦး သည် ၎င်း၏ ဇနီး နှင့် ကလေး ဖြစ်သူ ကို တွေ့ ခွင့် မရ သဖြင့် မိမိ ကိုယ် ကို ကြိုး ဆွဲ ချ သတ် သေမှု ဗုဒ္ဓဟူးနေ့ ညနေ က ဖြစ် ပွား ခဲ့ သည်။
ပယ်တလင်း ဂျာယာ ရှိ Women Aid Organization က
NLD ကူခဲ့သူ သားအဖ နှစ်ဦး ၅ (ဃ)ဖြင့် တရားစွဲခံနေရ
ကြားဖြတ် ရွေးကောက် ပွဲတွင် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် NLD အောင်နိုင် ရေးအတွက် အကူအညီ ပေးခဲ့သူ ဒက္ခိဏ သီရိမြို့နယ်မှ သားအဖ နှစ်ဦးအား “ရပ်ရွာထိတ်လန့်၊ ခြောက်ခြားရန် လုပ်ဆောင်သည်” ဟု ဆိုကာ အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ဃ) ဖြင့် တရားစွဲဆိုထားသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာသား ဦးစံအေးနှင့် သားဖြစ်သူ ကိုနေခြည်ဦး တို့သည်
ရွေးကောက်ပွဲ ကာလအတွင်း အသံချဲ့စက် အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းတို့အား မေလ ၁၁ ရက်နေ့တွင် ရာအိမ်မှူးမှ တရားလိုပြု၍ ရဲစခန်းတွင် တိုင်ချက်ဖွင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ကျေးရွာလူထုအနေဖြင့် ရပ်ရွာ သာရေး၊ နာရေးနှင့်
မထသ ယာဉ်လုပ် သားများအား စိတ်ပိုင်း ဆိုင်ရာ စစ်ဆေး
မထသ(ဗဟို)နှင့် စိတ်ပညာဌာနရှိ ပါမောက္ခများ ပူးပေါင်း၍ ယာဉ်လုပ်သားများအား စိတ်ပိုင်း ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို ဒဂုံတက္ကသိုလ်မှ
သမ္မတ အကြောင်း ကြားပါက ဒုတိယ သမ္မတ နေရာ ပြန်လည် ရွေးချယ် မည်
လာမည့်  ဇူလိုင် ၄ ရက်နေ့တွင် ကျင်းပမည့် စတုတ္ထ အကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေး များတွင် နိုင်ငံတော် သမ္မတမှ အကြောင်းကြား လာပါက ဒုတိယ သမ္မတနေရာ ပြန်လည်ရွေး ချယ်အ တည်ပြုမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။
“ဒုတိယသမ္မတ သီပာသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးချို့ယွင်းနေတယ်ဆိုတော့ နိုင်ငံတာဝန်တွေ ထမ်းဆောင်ဖို့က ဘယ်လိုမှကို အဆင်မပြေတော့ဘူး။ ပြီးတော့ သူအနားယူဖို့အတွက်ကိုလည်း သမ္မတဆီကို အကြောင်းကြားပြီးသား။ ဒီတော့ သမ္မတကသာ လက်ခံပြီး အကြောင်း ကြားလာမယ်ဆိုရင် ခုကျင်းပမည့် လွှတ်တော်အစည်း အဝေးမှာ ဒုတိယသမ္မတတစ်ဦး ထပ်မံရွေးချယ်သွားမှာပါ”ပာု အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးက
အင်္ဂလန်နှင့် စင်္ကာပူ နိုင်ငံရှိ ကျောင်းများမှ ပေးအပ်မည့် ပညာသင် ထောက်ပံကြေး
"အင်္ဂလန်နှင့် စင်္ကာပူ နိုင်ငံရှိ ကျောင်းများမှ ပေးအပ်မည့် ပညာသင် ထောက်ပံကြေးကို Summit Parkview တွင်ကျင်းပ ပြုလုပ်မည့် နိုင်ငံတကာ ပညာရေးပြပွဲတွင်လာရောက် လျှောက်ထားနိုင်" 
အင်္ဂလန်နံပါတ်ထိပ်တန်းတက္ကသိုလ်ကြီးများဖြစ်သော University of Leicester နှင့် National Teaching Fellowship (၈)ဆု ရရှိထားသော Lancaster University တို့တွင် Business and Management Studies နှင့် Economics and Management ဘာသာရပ်များကို International Foundation Year တက်ရောက်မည့် ကျောင်းသားကျောင်းသူများအတွက် အမေရိကန်ဒေါ်လာ ၆,၀၀၀ခန့် တန်ကြေးရှိ ပညာသင် ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ကြောင်း နှင့် MBA လျှောက်ထားမည့်သူများအတွက်  Murdoch University မှ ပေးအပ်မည့် ပညာသင်ထောက့်ပံ့ကြေး စင်္ကာပူဒေါ်လာ (၃၀၀၀) ကို June 30, 2012 (စနေနေ့)၊ Summit Parkview Hotel တွင်ကျင်းပပြုလုပ်မည့် နိုင်ငံတကာပညာရေးပြပွဲတွင် လာရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း CROWN Education မှ တာဝန်ရှိသူတစ်ဦးမှပြောကြားသည်၊၊
တက္ကသိုလ်သို့ တိုက်ရိုက်ဝင်ခွင့်မရရှိသူများအတွက်
Myeik Shopping Centre မှာ ရက်လွန် စားသောက် ကုန်များ ရောင်းချနေ
တနင်္သာရီတိုင်း မြိတ်မြို့နယ် ကမ်းနားလမ်းရှိ မြိတ်မြို့ ရဲ့  တစ်ခု တည်းသော မြို့နေလူထု အားပေးနေတဲ့
မြိတ်မြို့၏ ရေလုပ်ငန်းရှင် ဦးလှသန်း ပိုင်ဆိုင်သည့်  Myeik Shopping Centre တွင် 25-6-2012 တွင် ၄င်းကုန်တိုက်၏ စားသောက်ကုန်များရောင်းချပေးနေသော နေရာတွင် တရုတ်ပြည်မှတင်သွင်းလာသော ရယ်ဒီမိတ် မုန့်ထုပ်အချို့ ကုန်ဆုံးရက်များ လွန်သည်အထိရောင်းချနေ သည်ကိုတွေ့ရပါတယ်။
ထိုကုန်တိုက်ရဲ့ဝန်ထမ်းတစ်ဦးရဲ့ပြောပြချက်အရ ၄င်းကုန်တိုက်တွင် ရက်လွန်နေသော စားသောက်ကုန် ပစ္စည်းများရှိနေသည်ကိုတွေ့ရှိခဲ့ရပါတယ်။
ထိုတရုတ်ပြည်မှတင်သွင်းလာသောစားသောက်ကုန်များ
မန်းမှရခိုင်သွား ကူညီရေးယာဉ်တန်း အခက်အခဲတွေ့
ရခိုင်ဒေသ ကူညီရန် အလှူပစ္စည်း များတင်ဆောင် လာသော ကုန်ကားများ အား ဂိတ်မှ ပိုက်ဆံတောင်းနေစဉ်
မန္တလေးမှ နာမှုကူညီ ရေးအသင်းများ စုပေါင်း၍ ရခိုင်ဒေသ ကူညီရန် ဇွန်လ (၂၆) ရက်နေ့ ညနေ(၆)နာရီ(၃၀)မိနစ်တွင် အလှူပစ္စည်း တင်ဆောင်လာသည့် ကားများ စတင်ထွက်ခွာခဲ့သည်။
မန္တလေးမှကား(၃)စီးဖြင့်ထွက်ခွါလာရာ စဥ့်ကိုင်သော်တာဝင်းတန်ပိုဂိတ်သို့
မြန်မာ သံအမတ် နေရာအတွက် အမေရိကန် အထက် လွှတ်တော်မှာ ကြားနာ
မြန်မာနိုင်ငံ အတွင်းမှာ ပြုပြင်ပြောင်း လဲမှုတွေ ပေါ်လာပြီ ဆိုပေမယ့် စိုးရိမ်ရဆဲ အခြေအနေနဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အဆိုပြု ခံထားရတဲ့ အမေရိကန် မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell က သူ့ကို သံအမတ်ကြီးအဖြစ် အဆိုပြုတာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကောက်မတီ ရှေ့မှောက်ကြားနာပွဲမှာ  မနေ့က ပြော ဆိုပါတယ်။ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အမေရိကန်ပြည်ထောင် စုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ဖို့ သူ့အနေနဲ့ အားပေးလုပ်ဆောင်သွားမယ်လို့ ပြောပါ တယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ထိတွေ့ဆက်ဆံရေးမူဝါဒတွေဟာ အကျိုးဖြစ်ထွန်းပြီး ဒီ ထက်ပို ရှေ့ဆက် လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အဆိုပြုခံထားရတဲ့ မစ္စတာ Derek Mitchell က အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရှေ့မှောက် ကြားနာပွဲမှာ ပြောဆိုသွားပါတယ်။
“ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာအစိုးရဘက်က ပြောင်းလဲလာတဲ့ ခြေလှမ်းတွေ တော်တော်များများကို တွေ့နေရပါတယ်။ အမေရိကန် ပြည်ထောင်စုဘက်ကလည်း လှုပ်ရှားမှုတခုချင်းဆီပေါ် တုံ့ပြန်သွားမယ်ဆိုတဲ့အတိုင်း ဆက်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ကျနော်တို့ဘက်က ဆောင်ရွက်ချက်တွေဟာ မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်စေရေးနဲ့
နိုင်ငံတကာ ရင်းနှီးမြှုပ် နှံမှုတွေ နိုင်ငံရေး ပြုပြင်မှု အတွက် ဖြစ်ဖို့ ဒေါ်စုတိုက်တွန်း
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ပဲရစ္စ် မြို့တော် ခန်းမအတွင်း ကျင်းပသော အခမ်းအနား အပြီး အမည် မဖော်ပြသော ပုဂ္ဂိုလ်တဦးမှ လက်ဆောင် ပေးအပ်နေစဉ်။ (ဂျွန်လ ၂၇ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံကို ကူညီကြမယ့် အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေဖို့ ပြင်ဆင် ဆောင်ရွက်ကြပါလို့ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညနေပိုင်းက ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရုံးထဲမှာ အမှတ်တရ လွတ်မြောက်ရေး သစ်ပင် စိုက်ပျိုးခဲ့ပါတယ်။ မနေ့ညနေပိုင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့ အခြေအနေနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
ကမ္ဘာကျော် သိမ်းမြစ်ကမ်းက ဇာဂနာ ဆွေးနွေးပွဲ
ဗြိတိန်နိုင်ငံ အခြေစိုက် PEN International အဖွဲ့ရဲ့ ဖိတ်ကြား ချက်အရ
ဗြိတိန် နိုင်ငံကို ခေတ္တရောက် ရှိနေတဲ့ လူရွှင်တော် ဒါရိုက်တာ ကိုဇာဂနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အကြောင်းကို ဒီကနေ့မနက်ပိုင်းမှာ လန်ဒန်မြို့ရှိ ကမ္ဘာကျော် သိမ်းမြစ်ကမ်းက Queen Elizabeth Hall ခန်းမမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ သူ တင်ပြပြောဆိုခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုဇာဂနာက အခုလို ရှင်းပြပါတယ်။
"ကျနော့်အနေနဲ့လည်း မြန်မာနိုင်ငံမှာ Pen လို အဖွဲ့အစည်းမျိုး ရှိစေချင် တယ်။ အဲဒီအတွက်လည်း ကျနော် သူတို့ကို ထုတ်ဖော်ပြီးမေတ္တာ ရပ်ခံတယ်ပေါ့။ ကျနော် freedom of expression ကို လူပျက်လုပ်လာတဲ့ တလျှောက်လုံးမှာ ဒါကိုပဲ တောက်လျှောက်လုပ်လာတယ်။ ဒီအခွင့်အရေး တရပ်ကိုပဲ ဆိုက်လိုက်မတ်တပ် တောင်းဆိုလာတယ်။ အဲဒီအတွက်လည်း ကျနော် ဘဝကို ရင်းခဲ့တယ် ဆိုတော့ အခုချိန်ထိပဲ အဲဒီ freedom of expression ဆိုတာကိုပဲ ဦးတည်နေတယ်ဆိုတာကို ကျနော် သူ့တို့ရှေ့မှာ ပြောပြခဲ့တယ်ခင်ဗျ။"
သူ့ဟောပြောချက်တွေထဲက သူပထမဦးဆုံး ကဗျာစတင်ရေးဖွဲ့တုန်းက
ဒေါ်အောင်ဆန်းစုကြည် လူ့ အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့ ဝင်တွေနဲ့  ပဲရစ်မြို့  စိန်းမြစ်ထဲမှာ တွေ့ ဆုံ
(ဓာတ်ပုံ- AFP-ပြင်သစ်  နိုင်ငံကို ရောက်နေစဉ် အတွင်း အစိုးရ မဟုတ်တဲ့ NGO အဖွဲ့ဝင် များနှင့် ဇွန်လ ၂၇ ရက်နေ့က တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်
ကို ရုရှားနိုင်ငံတွင် ထောင်ကျခံနေရသော အတိုက်အခံ Mikhaïl Khodorkovsky ၏ သားဖြစ်သူ Pavel Khodorkovsky (၀ဲ) နှင့် ယူကရိန်းနိုင်ငံက ထောင်ဒဏ်ကျခံနေရသည့် ၀န်ကြီးချုပ်ဟောင်း Yulia Tymoshenko ၏ သမီးဖြစ်သူ Eugenia Tymoshenko (ယာ) တို့နှင့်အတူ တွေ့ရစဉ်။)
ဥရောပခရီးစဉ် နောက်ဆုံးခရီးတစ်ထောက်အဖြစ် ပြင်သစ်နိုင်ငံကို
နေအိမ်အတွင်း ဝင်၍ အိမ်ရှင်ကို ဓားဖြင့် ထိုးသတ်
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်-ပြည်လမ်း၊ (၃)ရပ်ကွက်၊ မှော်ဘီမြို့နယ် အတွင်း၌ အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်အတွင်းဝင်ရောက်ကာ အိမ်ရှင် အမျိုးသား အား ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၉ ရက် နံနက်၁နာရီခွဲတွင် ဒေါ်ခင်ဝင်း (ခ)ဒေါ်ဝင်းသည် ၄င်း၏ အမျိုးသား ၆၅ နှစ်နှင့်အတူနေ အိမ်အိပ်ခန်းတွင် မျက်နှာချင်းဆိုင် ခုတင်တစ်လုံးစီဖြင့် အိပ်နေခဲ့ကြောင်း၊ ထိုစဉ် ရုတ်တရက် ခင်ပွန်းဖြစ်သူ၏ အော်သံကြောင့် လန့်နိုးပြီး ခင်ပွန်း ဖြစ်သူရှိရာနေရာသို့ လှမ်းကြည့်ရာ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦး (စုံစမ်းဆဲ)က
ဆောက်လုပ်ရေး လုပ်သားများ နှစ်ရက်စာ လုပ်ခမရ၍ ဆန္ဒပြ
ဓာတ်ပုံ - အောင်သူရ  7Day News Journal
ရန်ကုန် ၊ဇွန်-၂၈
တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ က ဆောက်လုပ်နေသော မုဒိတာ (၂)တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ ထောင်ဂဏန်းခန့်ရှိသော လုပ်သားများသည် နှစ်ရက်စာလုပ်ခ လစာမရသဖြင့် ဇွန်လ ၂၈ ရက် နံနက် ၈ နာရီမှစ၍ ဆန္ဒပြနေကြသည်။
“နှစ်ရက်ကို နားလိုက်ပါ (တ နင်္လာ၊ အင်္ဂါ) ဗုဒ္ဓဟူးနေ့ကျရင် ပြန်ဆင်း သုံးရက်ခကို အပြည့်ပေးမယ်လို့ ပြောတယ်။ ဆင်းတဲ့အခါကျတော့ နှစ်ရက်ခလည်း မပေးတဲ့အတွက် ဆန္ဒပြကြတယ်”ဟု အဆိုပါစီမံကိန်းတွင် လက်သမားတစ်ဦးဖြစ်သူ ကိုမောင်မောင်ထွန်းက ပြောသည်။
ထို့ကြောင့် အလုပ်သမားများသည် ယနေ့နံနက်မှစ၍ ဆန္ဒပြခဲ့ပြီး
ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် ရေဘေးသင့် ဒုက္ခသည်များပါ ထပ်တိုးလာ
ရခိုင်ပြည် နယ်မြောက် ပိုင်းဒေသ များဖြစ်သော ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များ၌ ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ သောကြောင့်  ဒုက္ခသည်ဦးရေ ပိုမိုများပြားလာ ကြောင်းသိရသည်။
ဘူးသီးတောင်မြို့တွင် ရေဘေးသင့် ဒုက္ခသည်လူဦးရေ (၃၀၀)ခန့် ရှိပြီး အိမ်ထောင်စု(၆၀)ခန့် မှ ဒုက္ခသည်များ တိုးပွားလာသည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးတာဝန်ယူထားသော ဒုတိယ ဗိုလ်မှုးတစ်ဦးက ဆိုသည်။
“အိမ်တွေထဲကို ရေတွေဝင်ပြီး တဲတွေပျက်စီးကုန်တယ်၊ ပုစွန်ကန်တွေလည်း တော်တော်ပျက်စီးတယ်  တောင်တွေပါ ပြိုတော့  တော်တော် အခက်အခဲ ဖြစ်နေပါတယ်။ ရေဘေးဒုက္ခသည်တွေကိုလည်း ကယ်ဆယ်ရေးစခန်းဖွင့် ပေးထားပါတယ်”ပာု အထက်ပါ ဒု-ဗိုလ်မှုးက ပြောသည်။
မိုးသည်းထန်ခြင်းနှင့် ရေကြီးမှုများကြောင့်  ကယ်ဆယ်ရေးစခန်းများသို့ ပိုဆောင်ပေးရမည့် ဆန်တင်ဆောင်လာသော ကားများမှာ လမ်းပျက်စီးမှုများကြောင့်  ပိုဆောင်နိုင်ခြင်း မရှိကြောင်းကိုလည်း ဒေသခံတစ်ဦးက ဆိုသည်။
“မေယုတောင်က မြေသားပဲ ကျတာတွေကြောင့်  လမ်းပျက်စီးပြီး
မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့် အချိန်
လူတစ် ရပ်ကျော်မြင့်သော ဆိုင်းဘုတ်ကြီးတွင် စည်းကမ်းချက် ၁၅ ချက်ကို တရုတ်-မြန်မာနှစ် ဘာသာဖြင့် ရေးသားထားသည်။ စည်းကမ်းချက်၊ နံပါတ်၁၂ တွင် “အရပ်သားနှင့် ချစ်ရေး ကြိုက်ရေးပြုခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ခြင်းမပြုရ”ဟူသောသတ်မှတ်ချက်ပါဝင်သည်။ ရခိုင်ပြည်နယ်၊
    ကျောက်ဖြူမြို့နယ်ရှိ မြဒေးကျွန်း၌ အခြေစိုက်ဆောင်ရွက်လျက်ရှိသောေ
ကျာက်ဖြူရေနက်ဆိပ်ကမ်းတွင် မြန်မာ-တရုတ်ရေ နံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်မှ တရုတ်ဝန်ထမ်းများ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းချက်ဖြစ်သည်။
    အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ၀င် ရောက်လာတော့မည် အချိန်တွင် နိုင်ငံခြားသား၊ လူမျိုးခြားများလည်း အလုံးအရင်းဖြင့်ရောက် ရှိလာတော့မည်ဖြစ်သည်။ မြန်မာ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပွင့် လန်းလာမည်ဖြစ်သလို လူမှုရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများလည်း ကြုံတွေ့လာတော့မည် ဖြစ်သည်။
    အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများအနေဖြင့်
မျောလွင့်သွားတဲ့ "ရိုးသားဖြောင့်မတ်ခြင်း"
"တော်ထက်"တဲ့လူတစ်ယောက်က "ရိုးသားဖြောင့်မတ်ခြင်း"ကို ရေထဲလွတ်ချစွန့်ပစ်ခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ ကူးရင်းခတ်ရင်း ကျွန်းငယ်လေးတစ်ခုပေါ် ရောက်လာခဲ့တယ်။ "ရိုးသားဖြောင့်မတ်ခြင်း"ဟာ သဲသောင်ပြင်မှာအနားယူရင်း တစ်ယောက်ယောက်လာရင် အကူအညီတောင်းဖို့ စောင့်နေခဲ့တယ်။
တအောင့်ကြာတော့ အဝေးကနေ သီချင်းသံတစ်သံလွင့်လာတာကို သူကြားလိုက်မိတယ်။ သူချက်ချင်းထရပ်ပြီး အသံလာရာဆီကြည့်လိုက်တော့ လှေငယ်လေးတစ်စီး သူ့ဘက်ကိုဦးတည်ပြီး လှော်ခတ်လာတာကို တွေ့လိုက်တယ်။
Thursday, June 28, 2012
ငြိမ်းချမ်းရေး အတွက် ဘာလိုလဲ။
 ငြိမ်းချမ်းရေး အတွက် ဘာလိုလဲ။
ငြိမ်းချမ်းရေးဆိုတာ
စစ်ဖြစ်နေတာကို
အရင် ပြောရရင်....။
စစ်တလင်းကို
ရေရှည်ခင်းပြီး
ဘဏ္ဍာကိုထိုင်ဖြုန်း
အောက်လက်ငယ်သား
သူရော ကိုယ်လည်း
ကောင်းကောင်းမအိပ်ရ
ကောင်းကောင်းမစားရ
ကောင်းကောင်း
ဘူးသီးတောင်တွင် မိုးကြီး ရေနစ်၍ ဈေးကြီးတွင် ဆုံးရှုံးမူများရှိ
နိရဉ္စရာ
မိုးကြီး ရာမှ မေယူမြစ်ရေ လျှံတက်လာသဖြင့် ဘူးသီးတောင်မြို့ ဈေးကြီးကို ရေနစ်ရာမှ ပျက်စီး ဆုံးရှုံးမူ တချို့ ရှိကြောင်း သိရသည်။
“မနေ့က ညနေမှာ ရေတက်လာတဲ့ အတွက် ဈေးကြီး တစ်ခုလုံး နစ်သွား ခဲ့ပါတယ်။ ဂိုဒေါင်တွေနဲ့ ဆိုင်တွေမှာ သိုလှောင်ထားတဲ့ ပစ္စည်းတချို့ ပျက်စီးဆုံးရှုံးမူ ရှိပါတယ်။ ဆိုင်တိုင်းလိုလိုမှာ ရေနစ်တဲ့ အတွက် ပျက်စီး တာ တွေ ရှိပါ တယ်”
★`•☂ •´အိပ်မက်နှင့်ပတ်သက်သော နိမိတ်များ`•☂•´★
သူငယ်ချင်းများ အိပ်မက်နှင့်ပတ်သက်ပြီး နိမိတ်များ ဆောင်ရန်ရှောင်ရန်များကို ဗဟုသုတအနေဖြင့် သိရှိ့စေရန်                                              ***{တင်ပြလိုက်ပါသည်}***
အိပ်မက်ကို လူတိုင်းမက်သည်။ သို့သော မိမိတို့ အိပ်မက်၏ကောင်းကျိုးဆိုးကျိုးကို ကြိုတင်၍ သတိမထားသည့်အတွက် အကျိုးခံစားသင့်သော အရာများလွဲချော်သွားသည်လည်း ရှိပေသည်။ မကောင်းကျိုးကို မခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့ အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်လဲနှင့် တွေ့ရတတ်သည်။ ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏။ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။
    အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု
ကိုယ်ဝန်ရှိ အလုပ်သမများကို ပြန်ပို့မည့် ထိုင်းအစိုးရ ဝေဖန်ခံနေရ
သန်းထိုက်ဦး
ထိုင်းနိုင်ငံ တွင်း အလုပ် လုပ်နေသော ရွှေ့ပြောင်း အလုပ်သမ များတွင် ကိုယ်ဝန်ရှိနေပါက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု စီ စဉ်နေခြင်း သည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း အလုပ် သမား အ ရေးဆောင်ရွက် နေသူများက ဝေဖန်နေကြသည်။
အဆိုပါ အမျိုးသမီး များအား ကိုယ်ဝန် ၃ လနှင့် ၎
ရခိုင်နှင့် ဘင်္ဂါလီများကို သီးခြားစီ နေရာချပေးရန် RNDP လိုလား
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၂
ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ‘အဓိကရုဏ်း’ မျိုး ထပ်မံ မဖြစ်ပွားရန်နှင့် ပြည်သူ များ လုံခြုံမှုရှိစေရန်အတွက် ဘင်္ဂါလီ လူမျိုး များအား သီးခြားနေရာချထားပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ဇွန်လ ၂၆ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်သည်။
အစိုးရနှင့် ရခိုင်ပြည်သူတို့ ပူးပေါင်းပါဝင်သော
စစ်တပ်က ငွေကြေးယူ၍ ဘိန်းစိုက်ခွင့်ပေးနေ
မန်းသားလေး
အစိုးရ က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မဆောင်ရွက်နိုင် သေးသည့်အပြင် စစ်တပ်က ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ပျိုးသူ များထံမှ ငွေ ကြေးကောက်ခံ၍ စိုက်ပျိုးခွင့် ပေးနေဆဲဖြစ်ကြောင်း သိရသည်။
‘‘ရှမ်းပြည်နယ် မိုင်းတုံမှာ အခြေစိုက်တဲ့ တပ်မ ၆၅ ဆိုရင် နှစ်တိုင်း ဘိန်းခွန် ကောက်စားတယ်။ သူ မကောက်တဲ့ နှစ်ဆိုတာ မရှိပါဘူး”ဟု ရှမ်း ပြည်နယ် မူးယစ်ဆေးဝါး လေ့လာရေး အဖွဲ့မှ ဦးခွန်စိုင်းက ဧရာဝတီကို ပြောသည်။
စစ်တပ်ကို စိုက်ပျိုးသည့် မြေဧက တဧကလျှင် ကျပ် ၄ သိန်း ပေးရပြီး
ရေဦးမြို့နယ် ကော်မရှင်ရုံးမှ ကြားဖြတ်ရွေးကောက်ပွဲ အသုံးစားရိတ် ငွေကြေးအလွဲသုံးစားလုပ်မှုအတွက် သမ္မတကြီးထံတိုင်ကြားစာ
ငွေကြေး အလွဲသုံးစား လုပ်မှုအတွက် သမ္မတကြီးထံတိုင်ကြားစာ..
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီးခင်ဗျား
ကျွန်တော်၊ကျွန်မတို့သည် ၂၀၀၈ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ မြို့နယ်ကော်မရှင်ရုံးတွင် တွဲဖက်တာဝန် ထမ်းဆောင်ခဲ့ကြသော သ/မဦးစီးဌာနမှ
The All-in-one Android Smartphone Management Tool ကွန်ပြူတာနဲ့ Android ဖုံးကို ဆက်သွယ်ပေးတဲ့ Programs လေးပါ .
ဒါလေးကတော့ Android ချစ်သူတွေ အတွက်ပါ (iPhone မှာလည်း သုံးလို့ရပါတယ်)
ဘာအတွက်လဲဆိုရင်တော့ iPhone မှာဆိုရင် iTunes , iTool  တို့လိုပါပဲ ..... ကွန်ပြူတာနဲ့ Android ဖုံးကို ဆက်သွယ်ပေးတဲ့ Programs လေးပါ ... Android ချစ်သူတွေအတွက်တော့ အသုံးဝင် အဖိုးတန် တဲ့ All-in-one Program လေးပါပဲ... သူလုပ်ပေးနိုင်တာလေးတွေကို
ငြိမ်းချမ်းရေးဝန်ကြီး မယ်တော်ဆေးခန်းကို ဘတ် တသိန်းခွဲ လှူဒါန်း
~
(Photo: Wai Moe/ The Irrawaddy)
ဒေါက်တာစင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေးခန်းမှာ ဒီကနေ့ ပြုံးပြုံးရွှင်ရွှင် တွေ့ရတဲ့ ဦးအောင်မင်းနဲ့အဖွဲ့ဝင်များပါ။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် မီးရထားဝန်ကြီး ဦးအောင်မင်းက မယ်တော်ဆေးခန်း အတွက် ဘတ် တသိန်းခွဲ လှူဒါန်းနေပုံ ဖြစ်ပါတယ်။
(ဒီပမာဏဟာ ကျပ်ငွေနဲ့ ဆို သိန်း ၄ဝ၊
လူငယ် တစ်ဦး၏ အန်ခြင်းနှင့် မစင်စွန့် ခြင်းတို့မှ သံချောင်းများ ထွက်လာသည့် ထူးခြားဖြစ်စဉ်
လူငယ် တစ်ဦး၏ အန်ခြင်းနှင့် မစင်စွန့် ခြင်းတို့မှ သံချောင်းများ ထွက်လာသည့် ထူးခြားဖြစ်စဉ် တစ်ခု ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားနေ ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်မှ စတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၅ ရက် နံနက်ပိုင်းအ ထိ အန်ထွက်ရာနှင့် မစင်စွန့်ရာမှ သံချောင်း ၁၂၀ ချောင်းခန့် ထွက်လာကြောင်း သိရသည်။ “စပြီးသတိထားမိ တုန်းက ဇွန်လ ၁၆ ရက်လောက်ကပါ။ စပြီးအန်တာတော့ ၁၇ ရက်ကစပြီး အန်တာ ဆေးခန်းမှာသွားပြတော့ Ultrasond ရိုက်တာ အထဲမှာဘာမှမတွေ့ရဘဲနဲ့ ကျွန်တော်က အောင့်တာမခံနိုင်အောင်ဖြစ်နေပြီ” ဟု အသက် ၂၅ နှစ်အရွယ် ယင်းဖြစ်စဉ်ကို ခံစားနေရသူ ကိုအောင်ချိုချိုကပြောကြားသည်။ “ရပ်ကွက်ထဲမှာတော့ ဒီကိစ္စကို တော်တော်ပြောကြပါတယ်။ ကျွန်မတို့လည်း ကိုယ်တိုင်တွေ့ရတယ်.. ”ဟု ၁၀/၃၄ ရပ်ကွက်၊ ရေကြည်လမ်း၊ ရွှေ ပြည်သာမြို့နယ်တွင် နေထိုင်သည့်
ဝိရိယရှိသူရဲ့ ဆန္ဒ
~
ကာတွန်း - လိုင်လုဏ်
နိုင်ငံရပ်ခြားဟာသများ(၉)
မြက်မရှိမှတော့
ပြတိုက်တစ်ခုရှိ ပန်းချီပြပွဲတွင် ပန်းချီဆရာက သူ၏ပန်းချီကားကို ရှင်းပြနေပါသည်။ တစ်ခုလုံး မဲနက်နေသော ပိတ်ကားတစ်ခုကို ညွှန်ပြရင်း " ဒါဟာ နွားမတစ်ကောင် မြက်စားနေတဲ့ပုံပါ" ဟု သူက ပြောလိုက်သည်။
"မြက်က ဘယ်မှာလဲ" ဟု လာကြည့်သူကမေးသည်။
"နွားစားလို့ ကုန်သွားပြီလေ" ဟု ပန်းချီဆရာက ဖြေသည်။
"ဒါဆိုရင် နွားမကရော…"ဟု လာကြည့်သူကမေးပြန်သည်။
ထို့အခါ ပန်းချီဆရာက ဤသို့ပြန်ပြောလိုက်သည်။
"မြက်တွေကုန်အောင် စားပြီးမှတော့ နွားမက ဘယ်လိုလုပ် ရှိနေတော့မှာလဲဗျ"
လျှော့ဈေး
တရားသူကြီးက တရားခံကို
Apple နဲ့ပတ်သတ်တဲ့ လူကြိုက်များသော Softwares ၊ Games ၊ Appliications မှန်သမျှ Free ဒေါင်းနည်း
သူငယ်ချင်းများအားလုံး မင်္ဂလာပါနော် ..သီဟဒီနေ့တင်မှာက Apple နဲ့ဆိုင်တဲ့လူကြိုက်များတဲ့ Software Applications Games အကုန်ကို
သီဟတို့ပိုက်ဆံတွေပေးပေးပြီးတော့ ဒေါင်းရတာလည်း ရှိပါတယ် ။
ပိုက်ဆံတွေက နည်းတာမဟုတ်ဘူး ။ သီဟဥပမာတစ်ခုပဲပြောပြမယ် ။
သီဟတို့ App Store ထဲမှာ မြင်တွေ့တတ်ပါတယ် ။
ပိုက်ဆံပေးရတဲ့ဟာဆို ဘယ်လောက်ပေးရတယ်
ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အလေးထား ဆွေးနွေးတော့မည်
ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အလေးထား ဆွေးနွေးတော့မည်
နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လတ်တလော ရှေ့တန်းရောက်လာနေသော ရိုဟင်ဂျာများ အရေးအား ဇူလိုင်လအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ ပိုမိုအလေးထား ဆွေးနွေးကြမည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့
စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက် ပြောင်းရွှေ့
လူမျိုးရေး အဓိကရုဏ်းများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက်ဖြစ်သော အောင် မင်္ဂလာ(အောင်းဘားလာ)ရပ်ကွက်အား ဒေသခံအာဏာပိုင်များမှ အတင်းအကျပ် ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သိရသည်။
လူဦးရေ သုံးသောင်းကျော်နေထိုင်နေသည့် အဆိုပါရပ်ကွက်အား ပြောင်းရွှေ့မှသာလျှင် စစ်တွေမြို့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများ လျော့နည်းသွားမည်ဖြစ်ခြင်းကြောင
ရိုဟင်ဂျာအရေးအခင်းဖြစ်နိုင်ဖွယ်သက်ရောက်မှုများနှင့်နောက်ဆုံးရသတင်းများ
ရိုဟင်ဂျာအရေးအခင်းနှင့် ဖြစ်နိုင်ဖွယ်သက်ရောက်မှုများ
by Myo Set on Wednesday, June 13, 2012 at 6:11am ·
ယနေ့အထိ မီးတောက်များကတောက်နေဆဲဖြစ်သည်။ လမ်းခုလတ်တွင် လက်တွဲခဲ့သော လူများက လှည့်ပြန်သွားကြပြီ။ မီဒီယာ တိုက်ပွဲတွင် ပြည်တွင်းမီဒီယာများ ဝင်ပါလာသည်။ ခံစစ်ကိုလုံအောင်ကာဖို့လိုသည်။
 တစ်ခါကပြောခဲ့သလို မြန်မာသည် "စံနစ်တကျ လုပ်ကြံမှုကြီး" နှင့်ရင်ဆိုင်နေရပြီဖြစ်သည်။
 ထိုလုပ်ကြံမှုကြီးတွင် လက်ကိုင်ဒုတ်ပြည်ပမီဒီယာများပါသည်၊ ကုလသမဂ္ဂဒုက္ခသည်ဌာနမှ အရာရှိဆိုသူများပါသည်၊ ပြည်ပနိုင်ငံရေးလက်ဝေခံ သစ္စာဖောက်များပါသည်။ ရိုဟင်ဂျာတို့၏ ပစ်မှတ်သည် နယ်မြေရရှိရေး။ ပြည်ပနိုင်ငံရေးသမားလက်တစ်ဆုပ်စာနှင့် မီဒီယာများကမူ ငွေစကြေးစရွှင်ရေးဖြစ်သည်။
 မြန်မာသတင်းထောက်များက သက်စွန့်ဆံဖျား မီးတောက်များကြားထဲတွင် ဓါတ်ပုံများ၊ သတင်းများ ရယူရန်ကြိုးစားကြသည်။ ပြည်တွင်း သတင်းဌာနများက ရသမျှအချိန်အတွင်း တင်ပေးသည်။ ကိုမြအေး စကားပြောသည်ကို အပြည့်အစုံတင်ပေးသော သတင်းဌာနများက ယနေ့ ရခိုင်ပြည်နယ်တွင် အိမ်များအလုံးလိုက်မီးလောင်ပြာကျနေသည်ကို၊ ရွာများ
ေ၇ာက်တတ်ရာရာသင်ပုန်းကြီးဖတ်စာ(၂)
ဒီနေ့တော့ ကိုဆူးလှည်းနှင့် အင်တာနက်အကြောင်း ပြောပါမည်။
ကိုဆူးလှည်းတစ်ယောက် ၊  သူ့အိမ်ရှေ့တစ်ပေခန့်ရှိချိုင့်ခွက်ကို ခုန်ကျော်သွားသည်။
မှောက်လဲပြီး ဆူးလှည်း ဒူးပြဲသွားဧ။်။
ကုန်းထကာ အော်လိုက်သေးသည်။
အတော်ညံ့တဲ့လမ်းပါလားတဲ့။
ဆူးလှည်း လမ်းထိပ်လ္ဘက်ရည်ဆိုင်ရောက်သွားသည်။
ကြားသတင်းကို နားထောင်မှတ်သားနေသည်။
ညနေအင်တာနက်ဆိုင်ရောက်သွားပြန်သည်။
သူနှင့်မတည့်သူအကြောင်းကို ချဲ့ကာ
အထိုင်များလို့ ခါးဝေဒနာ မဖြစ်ရအောင်
အထိုင်များလို့ ခါးဝေဒနာ မဖြစ်ရအောင်
~
တနေရာထဲမှာ
နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ
ကျရောက်နေတတ်ပါတယ်။ အဲဒီလို နာရီများစွာ ထိုင်တဲ့အခါ ထိုင်ပုံက
ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ်ပုံသဏ္ဌာန် ပျက်ယွင်းတာကစပြီး အသက်
၄၅-နှစ်အောက် လူများမှာဆိုရင် ခါးနာရာက မသန်မစွမ်းဖြစ်တဲ့အထိ
အန္တရာယ်ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တနေရာတည်း
နာရီများစွာ မလှုပ်မယှက် ထိုင်နေတာများလာရင်
ရခိုင်ပြည် ရသေ့တောင်မြို့နယ်ရှိ ဂူတောင် ချေကျေးရွာ ရွာသား ( ၁၀ )ဦးကို ဘင်္ဂါလီ ကုလားများရက်စက်စွာ သတ်ဖြတ်ထားပုံများ ( သတိ ကြောက်တတ်သူများ လုံးဝ မကြည့်ရ )
ရခိုင်ပြည် ရသေ့တောင်မြို့နယ်ရှိ ဂူတောင် ချေကျေးရွာအား ဘင်္ဂါလီကုလားများမှ လာရောက်မီးရှီု့ ကြရာ ရွာသွားများမှ လိုက်လံတိုက်ခိုက်ရာက ထောက်ချောက်ဆင် ခံရသည်။
ဖြစ်ပွားပုံမှာ ဇွန်လ ၁၉ ရက်က ဂူတောင်ချေကျေးရွာသို့ ဘင်္ဂါလီ ၁၀၀ ခန့်မှ အိမ်များကိုလာရောက်မီးရှို့ခဲ့သည့်အတွက် ဒေသခံရခိုင်လူမျိုးများမှ မီးရှိုသည့် အကြမ်းဖက်သမားများအားလိုက်လံဖမ်းဆီးရာ လယ်ကွင်းများအတွင်း ပုလင်းကွဲများ၊
တွင်းများတူးထားပြီး ထောင်ချောက်များ ဆင် ထားသည့်အတွက်
ရခိုင်လူမျိုးများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ဘင်္ဂါလီကျေးရွာများအတွင်းသို့ ခေါ်ဆောင်သွားကာ သတ်ပစ်ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ဂူတောင်ချေကျေးရွာမှ
Jokes (26.6.2012)
Inbox
x
Haroon roon.ha@gmail.com
ဟာသ
စားသောက်ဆိုင်တစ်ဆိုင်မှာ လင်မယားနှစ်ယောက် မင်္ဂလာနှစ်ပတ်လည်နေ့ ကျင်းပနေတယ်။ ရိုမန်တစ်ဆန်တဲ့ဝန်းကျင်မှာ မယားက ချိုချိုသာသာလေးနဲ့ ယောက်ျားကိုပြောပါတယ်။
"ယောက်ျားရေ... နောင်ဘဝကျရင် ငါ့ကိုနင်ယူဦးမလားဟင်း...!"
ဒါကို ယောက်ျားက အားတက်သရော ပြန်ဖြေပါတယ်။
"မိန်းမရေ.. ဒီဘဝမှာ နင်နဲ့ဆုံရတာ ငါ့အတွက် ပျော်ရွှင်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့ တစ်ကြိမ်ပဲ ပျော်ပါရစေတော့။ တစ်ခြားလူလည်း
EURO 2012 Football Live ကြည့်ရန်
EURO 2012 Football Live ကြည့်ရန် အင်တာနက်မှ အောက်ပါလင့်များတွင် ကြည့်ရူနိုင်ပါကြောင်း။
Link 1
http://www.livefootballol.com/streaming/channel/btv-6-uusee.html
ဒီလင့်အတွက် အင်တာနက် Speed က 512Kbs/s လိုအပ်မှာပါ၊ Firefox သုံးသူများ Flash Player အလုပ်မလုပ်သူများ Opera Browser ဖြင့် ပြောင်းဖွင့်ပါ၊ နောက်ခံစကားပြောက တရုတ်ဖြစ်ပါတယ်၊ Speed နှေးသူများအတွက်က Readon TV Movie Radio Player Version 7.6 ကို Free Download ရယူပါ။ Install ပြုလုပ်ပြီးပါက Country မှာ China
windows and Zawgyi..( ဝင်းဒို 7 မှာ မြန်မာဖောင့်မပေါ်တဲ့ပြသနာကို ထပ်ခါတစ်လဲလဲမေးလာလို့ ဒီတစ်ခါအသေးစိတ် ထပ်တေင်ပေးလိုက်ပါတယ်...
ဒါက သတိမထားမိလို့ဖြစ်တာပါ။ ဒါကြောင့် 64 အတွက်ပြဿနာဖြစ်သူများ အောက်မှာအတိုင်း အဆင့်ဆင့်လုပ်သွားရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ကျနော်လည်း ခဏခဏ ရှာပေးနေရလို့ သုံးရလွယ်ကူအောင် ဒီဆိုက်မှာ ကိုသံလုံငယ်
Wednesday, June 27, 2012
မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်
မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်   
အင်ဒိုနီးရှားနိုင်ငံ စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများနှင့် မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့ [၀ဲမှယာ- ကိုထက်နိုင်ဇော်(Venus News)၊ ဒေါက်တာကျော်ဇောနိုင်၊ ဦးကိုကို၊ ဦးရဲတင့်၊ မောင်ဝံသ၊ ဦးတင့်ဆွေနှင့် ဦးစိုးမြင့်(မဇ္ဈိမသတင်းဌာန)]
Android ဖုန်းမှ EDGE/EVDO အင်တာနက်ကို ကွန်ပျူတာမှာ ချိတ်ဆက်ပြီးအသုံးပြုနည်း
Android ဖုန်းမှ EDGE/EVDO အင်တာနက်ကို ကွန်ပျူတာမှာ ချိတ်ဆက်ပြီးအသုံးပြုနည်း
(ဒီနည်းလမ်းကို ပြုလုပ်ဖို့အတွက်အရင်ဆုံး ကွန်ပျူတာမှာ မိမိဖုန်းနဲ့သက်ဆိုင်တဲ့ ဖုန်း Driver ကိုအရင်သွင်းထားရပါမယ်။)
Android ဖုန်းက EDGE/EVDO အင်တာနက်ကို ကွန်ပျူတာမှာ
ချိတ်ဆက်ပြီးသုံးချင်သူတွေအတွက်
မည်သည့် ဆော့ဝဲ (သို့) တခြားဆိုက်တခုသို့ သွားစရာမလိုပဲ youtube videos များအားအလွယ်ဆုံး တိုက်ရိုက် ဒေါင်းနည်း
တကယ်တော့ လွယ်လွယ်လေးပါ..သိရင်ပြေားတာပါ..မသိခင်တော့ အကုန်ခက်တာပါပဲ…..:D
Youtube  URL လိပ်စာေ၇ှ့မှာ  ss ထပ်ပေါင်းပေးလိုက်ရုံပါပဲ…
ဥပမာ
ဒီအောက်ဟာလေးက ဒေါင်းချင်တဲ့ Youtube URL  ဆိုပါတော့
http://www.youtube.com/watch?v=_f-Q9h-n1PE ;
အောက်ကအတိုင်းေ၇ှ့မှာ ss
ဂေါ်ရခါး သီးနှင့် ကျန်းမာရေး
ဂေါ်ရခါး သီးနှင့် ကျန်းမာရေး
ဂေါ်ရခါးသီး ကို မြန်မာနိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်…..။ ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်…။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်…။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်…။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ…။ ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့…။ စီးပွားဖြစ်စိုက်ပျိုးကြတဲ့ စိုက်ခင်းတွေ ဆိုတာကလည်း တမျှော်တခေါ် မျက်စိတဆုံးပဲ မို့ တစ်နိုင်ငံလုံးကိုတောင် ရောင်းချနိုင်လောက်အောင်ကို ဖြစ်ထွန်းအောင်မြင်နေတာပါ ။
တခြားနေရာဒေသတွေမှာလည်း ဂေါ်ရခါးသီး မထွက်ပေမယ့် လူတိုင်း ၀ယ်ယူစားသုံးနိုင်လောက်အောင်ကို ဈေးသက်သာမယ် ပေါများမယ် ဆိုတာ သေချာပါတယ်…။
ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲဆိုတာတော့ သတိထားမိတဲ့ သူ ရှားပါတယ်…။
ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်…။
ဂေါ်ရခါးသီးမှာ လူသားတွေရဲ့
အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)
ကျေးဇူးပြုပြီး မိန်းကလေးများ ဖတ်ပေးပါရန်)
အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)
အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)
အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်
ဂွမြို့တွင် ဖမ်းမိ၍ သံတွဲသို့ ပို့ခံရသူ ဘင်္ဂလီများထဲတွင် လမ်းပြ ပသျှူးများလည်း ပါဝင်
Inbox
x
Richard Aung richardaung68@gmail.com
နိရဉ္စရာ
ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့တွင် ဖမ်းဆီးခံရပြီး သံတွဲထောင်သို့ လွဲပြောင်းခံရသူ ဘင်္ဂလီလူမျိုး ၁၀၀ နီးပါး ထဲတွင် လမ်းပြ အဖြစ် လိုက် ပါလာသူ တနင်္သာရီတိုင်း ဘိတ်ဘက်မှ ပသျှူးများလည်း ပါဝင်သည်ဟု ဂွမြို့ခံ လူကြီး တစ်ဦးက ပြောသည်။
“ အခု သူတို့ကို မနေ့က ၂၅ ရက်နေ့မှာ ဂွကျွန်းကနေက ဂွမြို့ကို စက်လှေနဲ့ ယူလာတယ်။ ဂွ ကနေ တဆင့် သံတွဲကို ကားတွေနဲ့ ပို့တယ်။ သူတို့အထဲမှာ ဘိတ်ဘက်က လမ်းပြ ပသျှူးတွေလည်း ပါတယ်လို့ သိရပါတယ်။ အခု တစ်ယောက်မှ ဂွမှာ မရှိတော့ဘူး။ သံတွဲကို အကုန်လုံး ယူသွားပြီ” ဟု အမည်မဖေါ်လိုသူ ဂွမြို့ တည်ငြိမ် အေးချမ်းရေး ကော်မီတီ အဖွဲ့ ၀င် တစ်ဦးက ပြောသည်။
သူတို့အား ဂွမြို့မှ ၇ မိုင်ခန့်ဝေးသည့် ဂွကျွန်းတွင်