ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ‘အဓိကရုဏ်း’ မျိုး ထပ်မံ မဖြစ်ပွားရန်နှင့် ပြည်သူ များ လုံခြုံမှုရှိစေရန်အတွက် ဘင်္ဂါလီ လူမျိုး များအား သီးခြားနေရာချထားပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ဇွန်လ ၂၆ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်သည်။
အစိုးရနှင့် ရခိုင်ပြည်သူတို့ ပူးပေါင်းပါဝင်သော လုံခြုံရေး အစီစဉ်များ ချမှတ် ဆောင်ရွက်ရန်နှင့် ရခိုင်ပြည်နယ် မြို့၊ ရွာများတွင် ဘင်္ဂါလီ လူမျိုး များအား “သင့်တော်ရာ နေရာ၌ ယာယီ သီးခြားနေရာချထားရန်” သဘောထား ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
“ဒါက သမရိုးကျ ဖြစ်တဲ့ ပြဿနာ မဟုတ်ဘူး။ အတူတူ ဆက်ထားတယ်ဆိုရင် ဒီထက်မက ဆက် ဖြစ်လာနိုင်တယ်။ ထိန်းလို့သိမ်းလို့ နိုင်မှာမ ဟုတ်ဘူး။ ညဘက်ဆို မအိပ်ရဲကြဘူး။ နေ့စဉ် ကျီးလန့် အစာစားနေရတဲ့ အနေအထား ရှိ တယ်။ နီးစပ်နေတဲ့ နေရာဆိုရင် ကလေး၊ မိန်းမ တွေကို အိမ်မှာထားပြီး အပြင်ထွက် အလုပ်မလုပ်ရဲဘူး။ ညဘက်ဆို ကိုယ့်အိမ် ငုတ် တုတ် ထိုင်နေရတယ်” ဟု RNDP အတွင်းရေးမှူး ဦးခိုင် ပြည်စိုး က ပြောသည်။
လုံခြုံရေး အစီအမံများနှင့်ပတ်သက်ပြီး “သေပြီးမှ လုံခြုံရေး ရောက်သွားတယ်။ အဲဒီအခါ ဘာမှ လုပ်လို့ မရတော့ဘူး။ အဲဒီလို မဖြစ်အောင် ကြိုတင်ကာကွယ်မှု ရှိရမယ်လို့ လုပ်စေချင်တာ။ အဲဒါကြောင့် စနစ်တကျ လုံခြုံရေးတခု ချမှတ် သင့်တယ်လို့ အကြံပြုတာပါ” ဟု မဇ္စျိမကို ပြောသည်။
ရခိုင်ပြည်နယ် မြို့ကြီးများတွင် လူဦးရေအချိုးအစားအရ စစ်တွေမြို့တွင် ရခိုင်လူမျိုး ၅၂ ရခိုင်နှုန်းနှင့် ဘင်္ဂါလီလူမျိုး ၄၈ ရာခိုင်နှုန်းသည် ဟု အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းကို ကိုးကား၍ ဦးခိုင်ပြည်စိုးကကပြောသည်။ ရသေ့တောင် မြို့နယ် တွင် ရခိုင်လူမျိုး ၆၅ ရာခိုင်နှုန်းနှင့် ဘင်္ဂါလီလူမျိုး ၃၅ ရာခိုင်နှုန်းရှိပြီး ဘူးသီးတောင်၊မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် ရခိုင် လူမျိုး ၂ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ဇူလိုင်လလည်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည့် သမ္မတ ဦးသိန်းစိန် အနေနှင့် ရခိုင်တိုင်းရင်းသား တို့၏ ဆန္ဒအ တိုင်း ဆွေးနွေးစေလိုကြောင်း RNDP အတွင်းရေးမှူးက အကြံပြုလိုက် သည်။
“ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေရဲ့ဆန္ဒသဘောထားအတိုင်းလုပ်စေချင် ပါတယ်။အဲဒီသဘောထားအတိုင်း အတတ် နိုင်ဆုံး စဉ်းစားပြီးတော့ ဒီပြဿနာဟာ ရခိုင်ဒေသတခုတည်းအတွက် မဟုတ်ဘူး။ပြည် ထောင်စုနဲ့ ဆက်စပ်နေတဲ့ ပြဿနာ ဆိုတာကို ကွင်း ကွင်းကွက်ကွက် မြင်ဖို့ လိုတယ်”ဟု ဦးခိုင်ပြည်စိုး က ပြောသည်။
RNDP အကြံပြုချက်တွင် “ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ညှိနှိုင်းမှုများ ရယူပြီး မြန်မာနိုင်ငံသား မ ဟုတ်ကြသည့် ဘင်္ဂါလီများကို ကာလတိုတခု သတ်မှတ်၍ တတိယနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်စေရန်” ဟု တောင်းဆို တင် ပြထား သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် အနေနှင့် ထိုသို့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများအား သီးခြားခွဲထားရေးနှင့် ပတ်သက်၍ မှတ် ချက်မပေးလိုသော်လည်း အစိုးရအနေဖြင့် လုံခြုံရေးကို အကောင်း ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးရမည့် တာဝန်ရှိသည်ဟု ဆို သည်။
“ကျနော်တို့နဲ့ အစိုးရနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် အေးအေးချမ်းချမ်း ဖြစ်အောင် ဆောင်ရွက်ဖို့ စိတ်ဝင်စားတယ်။ သီးခြား နေ ရာချထားဆိုတဲ့နေရာမှာ အစိုးရကနေ ဒီကိစ္စကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ ထင် တယ်။ ဒီကိစ္စမှာ အတိုင်းအတာတခုက အစိုးရအ နေနဲ့ လုံခြုံမှုတွေ အားလုံး အကောင်းဆုံးဖြစ်အောင် သူ့မှာ တာဝန်ရှိတယ်။ သူလုပ် ပေး မှာပါ” ဟု မော်လဝီအဖွဲ့ချုပ် အထွေထွေ အတွင်းရေး မှူးချုပ် ဦးကျော်စိုး က မဇ္စျိမကိုပြောသည်။
ရခိုင်ပြည်နယ်အတွင်း မေလ ၂၈ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ အပြန်အလှန် တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ် ဖြစ်ပွား ခဲ့ပြီး လူ့အသက် ပေါင်း ၇၈ ဦးထက်မနည်း သေဆုံးခဲ့ကြရသည်။ အဆောက်အဦ ၃,၁၅၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည် ဟု အစိုးရ တရားဝင် သတင်းထုတ် ပြန်ချက် အရ သိရသည်။
စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့းတောင်နှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် ဒုက္ခသည် စုစုပေါင်း၂ဝ,ဝဝဝ ခန့်ရှိနေသည်ဟု ဦးခိုင် ပြည်စိုး က ခန့်မှန်းသည်။
အကြမ်းဖက်မှုများကြောင့် ဇွန်လဆန်းပိုင်းကတည်းက ကျောင်းများ ပိတ်ထားခဲ့ရကာ ဇွန်လ ၂၆ ရက်နေ့ကမှ ပြန်ဖွင့်လှစ် ပေးသော် လည်း ကျောင်းသားများ လာရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
လယ်အများဆုံး လုပ်ကိုင်နေသော စစ်တွေ၊ ပေါက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ် များတွင် လယ်လုပ် နိုင် ခြင်းမရှိခြင်း၊ ဈေး မရောင်းနိုင်ခြင်းနှင့် စက်လှေမော်တော်များ မထွက်နိုင်ခြင်းတို့ကြောင့် ဤနှစ်အတွက် စားဝတ်နေရေး အခက်အခဲ ရှိလာ နိုင်သည်ဟု ဦးခိုင်ပြည်စိုးက သုံးသပ်ပြောဆိုသည်။
0 ကွန်မန့်ရေးရန်:
Post a Comment