ဒီနေ့တော့ ကိုဆူးလှည်းနှင့် အင်တာနက်အကြောင်း ပြောပါမည်။
ကိုဆူးလှည်းတစ်ယောက် ၊ သူ့အိမ်ရှေ့တစ်ပေခန့်ရှိချိုင့်ခွက်ကို ခုန်ကျော်သွားသည်။
မှောက်လဲပြီး ဆူးလှည်း ဒူးပြဲသွားဧ။်။
ကုန်းထကာ အော်လိုက်သေးသည်။
အတော်ညံ့တဲ့လမ်းပါလားတဲ့။
ဆူးလှည်း လမ်းထိပ်လ္ဘက်ရည်ဆိုင်ရောက်သွားသည်။
ကြားသတင်းကို နားထောင်မှတ်သားနေသည်။
ညနေအင်တာနက်ဆိုင်ရောက်သွားပြန်သည်။
သူနှင့်မတည့်သူအကြောင်းကို ချဲ့ကာ
အတင်း (ယောင်လို့ပါ) သတင်းတင်လိုက်သည်။
ရပ်ကွက်တွင်းမှာ ဟောင်ဖွာဟောင်ဖွာ လုပ်လိုက်သေးသည်။
သူနှင့်ဖက်ဖြစ်လျှင် နှစ်ကောင်ဖြစ်မှာစိုးသောကြောင့် သူ့ကိုရှောင်ကြသည်။
ဒါကိုသူမသိပါ။
မိုက်တဲ့ကောင်ထွက်ခဲ့၊ ကျန်တဲ့ကောင်နှင့်ချမည်တဲ့။
ပြောလိုက်ပါသေးသည်။
ဘယ်ခွေးမှ လူမထင်ဘူးတဲ့။
ဘယ်ခွေးမှ လူလို့သတ်မှတ်ပေးရန် မတောင်းဆိုကြပါ။
ခွေးကိုလူထင်လျှင် သူဘဲမှားပေမှာပေါ့။
ညေ၇ာက်တော့ ဘုရားကို အော်ကာရှစ်ခိုးပြန်သည်။
အမျှဝေတော့ သူ့ရန်သူ ကိုတုတ်ကြီးမပါ ဘူးတဲ့။
နောက်နေ့မနက် အင်တာနက်ဆိုင် ရောက်သွားပြန်သည်။
ေ၇းစရာသတင်း ကိုဆူးလှည်းမှာမပါလာခဲ့ပါ။
လိုင်းပေါ်မှာတွေ့ရာကောင်မလေးနှင့် ချက်တင်ထိုင်လိုက်သည်။
ကောင်မလေးက သူ့အသက်မေးတော့ (၂၅)နှစ်ပါတဲ့။
အမှန်မှာ သူအသက်က(၅၀)နှစ်ပါ။
V Z O ဖွင့်ရန် ကောင်မလေးကပြောပါသည်။
သည်ဆိုင်မှာ ကင်မရာမ၇ှိပါလို့ ပြောလိုက်ပါသည်။
နာမည်မေးပြန်တော့ ကိုကိုမောင် ပါတဲ့။
ကောင်မလေးကို လူပျိုလို့ပြောပြန်ပါသည်။
ဒါပေမဲ့ သူ့မှာ ကလေး(၅)ယောက်နှင့် တစ်ဗိုက်ပိုင်ဆိုင်ထားပါသည်။
ဟာ .... ဟင်
တောက်!
ကွန်နက်ရှင်ကျသွားပါသည်။
ဒီနေ့တော့ တော်လောက်ပြီပေါ့။
ရွှေမြန်မာဥယျာဉ်မိသားစုများ ကျန်းမာ၊ချမ်းသာကြပါစေ။
ဥ က္ကာ ကျော်
0 ကွန်မန့်ရေးရန်:
Post a Comment