ပြီးခဲ့သည့် သတင်းပတ်က အမေရိကန်နိုင်ငံ၊ ကော်လိုရားဒိုးပြည်နယ်၊ အော်ရိုရာမြို့ရှိ ရုပ်ရှင်ရုံ၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် ၁၂ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာများ ပြင်းထန်စွာ ရရှိစေခဲ့သည့် တရားခံ James Holmes အား ယနေ့တွင် တရားရုံး၌ စွဲချက်တင်ခဲ့ပြီဖြစ်သည်။
လူသတ်မှု စွဲချက် ၂၄ ခုမှာ ယင်းသတ်ဖြတ်ခဲ့သူ ၁၂ ဦးအတွက် တစ်ဦးလျှင် စွဲချက် ၂ ခု ဖြင့်လည်းကောင်း သူတစ်ပါအား
ဒဏ်ရာပြင်းထန်စွာ ရရှိစေမှု စွဲချက် ၁၁၆ ခုမှာ ယင်း ဒဏ်ရာ ရရှိစေခဲ့သူ ၅၈ ဦးအတွက် တစ်ဦးလျှင် စွဲချက် ၂ ခုစီဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
အစိုးရ ရှေ့နေများကမူ တရားရုံးထံသို့ သေဒဏ်အပြစ်ပေးရန် တောင်းဆိုသွားရန် စဉ်းစားနေကြောင်း၊ သို့သော်လည်း ကျန်ရစ်သူ မိသားစုများ၏ သဘောထားအား ရယူရဦးမည်ဖြစ်သဖြင့် အချိန်ကြာမြင့်နိုင်ကြောင်း ပြောကြားသွားသည်။
ပြည်သူအချို့ကမူ သေဒဏ်ထက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းသာ ကျခံစေချင်လျက်ရှိသည်။
0 ကွန်မန့်ရေးရန်:
Post a Comment