July 30, 2012
ကချင်ဒေသတွင် ထိုးစစ်ဆင် တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်များတို့သည် နောက်တန်း စစ်ဆင်ရေး ကွပ်ကဲရေး ဗျူဟာစခန်း မှ စစ်ဆင်ရေး ညွှန်ကြားမှုကို လိုက်နာရန် ငြီးငွေ့လာနေကြောင်း သိရှိရသည်။
အချို့တပ်ဖွဲ့ဝင်များသည် တစ်နှစ်ကျော်ခန့် ရှေ့တန်းတွင်သာ အချိန်ဖြုန်းနေရပြီး တပ်ဖွဲ့ဝင်အင်အား များစွာ ပြုန်းတီး နေကြရသည်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေး ယိုယွင်းဖြစ်ကြရကာ စိတ်ဓါတ်ကျဆင်းနေကြရသည်။ ဤကဲ့သို့ အခက်အခဲများစွာကို ရင်ဆိုင် နေကြရသဖြင့် အထက်မှ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြတော့ချေ။
ဗျူဟာမှူး မှ ညွှန်ကြားလာသော KIA ကို နေ့စဉ် ရင်ဆိုင်တိုက်ခိုက်ရန်
ညွှန်ကြားချက်ကို လိုက်နာရန် ဆန္ဒ မရှိတော့သဖြင့်၊ ရှေ့တန်းရောက်
စစ်ကြောင်းမှူးများသည် အထက်သို့ အစီရင်ခံစာကို လိမ်လည်၍ တင်ပြ နေကြကြောင်း
သိရှိရသည်။ နေ့စဉ် KIA နှင့် မည်သည့် အရပ်တွင် ရင်ဆိုင် တိုက်ခိုက်နေကြ
ကြောင်း၊ ရန်သူအလောင်း မည်မျှသိမ်းဆည်း ရမိကြောင်းကို မဟုတ်မမှန် အစီရင်ခံ တင်ပြနေကြ ကြောင်း သိရှိရသည်။
ကချင်ဒေသတွင် ထိုးစစ်ဆင် တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်များတို့သည် နောက်တန်း စစ်ဆင်ရေး ကွပ်ကဲရေး ဗျူဟာစခန်း မှ စစ်ဆင်ရေး ညွှန်ကြားမှုကို လိုက်နာရန် ငြီးငွေ့လာနေကြောင်း သိရှိရသည်။
အချို့တပ်ဖွဲ့ဝင်များသည် တစ်နှစ်ကျော်ခန့် ရှေ့တန်းတွင်သာ အချိန်ဖြုန်းနေရပြီး တပ်ဖွဲ့ဝင်အင်အား များစွာ ပြုန်းတီး နေကြရသည်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေး ယိုယွင်းဖြစ်ကြရကာ စိတ်ဓါတ်ကျဆင်းနေကြရသည်။ ဤကဲ့သို့ အခက်အခဲများစွာကို ရင်ဆိုင် နေကြရသဖြင့် အထက်မှ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြတော့ချေ။
ဗျူဟာမှူး မှ ညွှန်ကြားလာသော KIA ကို နေ့စဉ် ရင်ဆိုင်တိုက်ခိုက်ရန
Copy from - myitkyina
Posted in: တိုက်ပွဲသတင်း
0 ကွန်မန့်ရေးရန်:
Post a Comment