တောင်ငူမြို့အတွင်း ရေကြီးနေစဉ် |
အလားတူ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၈၄၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် ၉၂ စင်တီမီတာ (၃-ပေခန့်) ကျော်လွန်နေကြောင်း နောက် ၃ ရက်အတွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီလို မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်မှုကြောင့် ဘားအံမြို့မှာတော့ လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းက အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ၀င်ပြီး ကယ်ဆယ်ရေးစခန်း ၄ ခုလောက် ဖွင့်ထားရတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။
ဘားအံမြို့ရဲ့ မြေနိမ့်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁ နဲ့ ၂ ရပ်ကွက်မှာ ရေတွေမြုပ်နေပြီး ဘုန်းကြီးကျောင်းတွေ၊ ဘောလုံးကွင်း၊ အားကစားရုံတွေမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ရေမြုပ်တာက ဘုရားမှာ အိမ်ထောင်စု ၄၀ ရှိတယ်တဲ့။ ဘောလုံးကွင်းမှာ ၇၀ ရှိတယ်တဲ့။ အားကစားရုံမှာကျတော့ အိမ်ထောင်စု ၉၀ တဲ့။ များတယ်။ ရေက ရုတ်တရက် တက်လာတာ။ ခါတိုင်းက နည်းနည်း တက်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်က များများ တက်လာတာ။ အစားအသောက်တွေက ဆီပေးတယ်၊ ဆန်ပေးတယ်၊ ကြက်ဥပေးတယ်၊ မားမားခေါက်ဆွဲပေးတယ်၊ အင်္ကျီအ၀တ်အစားတွေလည်း ပေးတယ်တဲ့။ ဌာနဆိုင်ရာတွေ လာပေးတာ။”
ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၇၁၉ စင်တီမီတာကို ရောက်နေပြီး စိုးရိမ်ရေမှတ်အထက် ၆ လက်မခန့်ကျော်လွန်နေပြီး ဩဂုတ်လ ၂ ရက်မွန်းတည့်ထိ မြို့ရဲ့စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာအထက်မှာ ဆက်တည်ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
ဧရာဝတီတိုင်းမှာ င၀န်မြစ်ရေတက်ပြီး ငါးသိုင်းချောင်းမြို့မှာ ၁၁၅၃ စင်တီမီတာသို့ ရောက်နေတာကြောင့် စိုးရိမ်ရေမှတ်အထက် ၁၀ လက်မနီးပါး ကျော်လွန်နေပြီး ဩဂုတ် ၂ ရက်နေ့ထိ မြို့ရဲ့စိုးရိမ်ရေမှတ် ၁၁၃၀ စင်တီမီတာ အထက်မှာ ဆက်တည်ရှိမယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း မုတ်သုံလေ အားကောင်းနေကြောင်းလည်း ကြေညာထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်း မြို့တွင်းရေလွှမ်းမှုဖြစ်ပွာြး
by နော်နိုရင်း - ဒီဗွီဘီ
0 ကွန်မန့်ရေးရန်:
Post a Comment