This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, October 11, 2012

ဆူဇူကီ ကား စက်ရုံ မြန်မာမှာ တည်ဆောက်မယ်


အိန္ဒိယ နိုင်ငံတွင် ထုတ်လုပ် တပ်ဆင်သည့် Maruti Suzuki Car၊ ဓာတ်ပုံ- autoinfoz.com
 
ဂျပန်နိုင်ငံက ဆူဇူကီ မော်တာ ကော်ပိုရေးရှင်းကြီးက မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ အစီအစဉ်ရှိပြီး တနှစ်မှာ ကား အစီးပေါင်း ၂၀၀၀၀ က ၃၀၀၀၀ ( ၂ သောင်းကနေ ၃ သောင်းထိ) တပ်ဆင် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်တဲ့။
ကမ္ဘာ့ အကြီးဆုံး စက်မှု ပေါင်းစုံ ကုမ္ပဏီတွေထဲက တခုရဲ့ မြန်မာ့ တိုးတက်မှုတွေကို တွန်းအားပေး ဖို့ ဖြစ် တယ်လို့ သတင်းရင်း မြစ်တခုက ဆိုပါကြောင်း ယနေ့နေ့စွဲနဲ့ အာဆာအိ ရှင်ဘွန် သတင်းတပုဒ်မှာ ဆိုပါ တယ်။

ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ကားတပ်ဆင် စက်ရုံတွေ ရောက်လာမယ်ဆိုတော့ အလုပ်အကိုင်တွေလည်း ရဖို့ ရှိပြီး ကား ဈေးတွေလည်း အခုထက် ပိုကျလာဖို့ ရှိနိုင်ပါတယ်။

သတင်းရင်းမြစ် - ဧရာဝတီ

ငွေတိုးပေးသူအချို့ ပူပန်နေ


Photo
ရပ်ကွက်၊ ကျေးရွာနှင့် ဈေးများအတွင်း လိုင်စင်မဲ့ ငွေတိုးချေးသူများနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးမှုလုပ်ပြီးနောက်ပိုင်း အတိုးချေးသူများကြား ပူပန်မှု ပိုများလာကြောင်း ယင်းအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
မှတ်ပုံတင်လိုင်စင်မဲ့ ငွေတိုးချေးစားသူများအား ခွင့်ပြုချက် မှတ်ပုံတင်မရှိဘဲ ငွေတိုးချေးစားပါက The Money LendersAct. 1945 ပုဒ်မ ၅ နှင့် ပုဒ်မ ၆ အရ အရေးယူနိုင်ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၄အရ လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းကို တားမြစ်ထားကြောင်း သြဂုတ်လ ၁၇ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း ငွေတိုးပေးသူ အမျိုးသမီးတစ်ဦးက “သတင်းစာမှာပါ လာတော့ ချေးတဲ့သူဘက်က မရိုးသားတဲ့သူတွေ ပါလာတယ်။ နိုင်ငံတော် အနေနဲ့ ပြည်သူဘက်က ဆိုတော့ ငွေရှင်ဘက်မှာ ဥပဒေဆိုတာ မရှိတော့ဘူး။ အဲဒီတော့ ချေးတဲ့သူအချို့က တိုင်ချင်ရာတိုင် ဖြစ်လာတယ်”ဟု ဆိုသည်။
သတ်မှတ်ချက်ကို လိုက်နာမှုမရှိပါက The Money Lenders Act. 1945 အက်ဥပဒေပုဒ်မ ၁၇ အရ ငွေဒဏ်ဖြစ်စေ၊ သုံးလထိ ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံနိုင်ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၅၇ အရ ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်အရေးယူ ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။
“အခုကျတော့ ပေးတဲ့သူတွေကလည်း သိပ်မပေးချင်ကြတော့ဘူး။ အတိုးယူတဲ့သူ တချို့ကလည်း ပြန်မပေးချင်ကြတဲ့သူတွေ ရှိတယ်။ ပိုက်ဆံရှိတဲ့သူတွေကလည်း ဆုံးမှာစိုးလို့ မပေးဘဲနေတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ လုံးဝရပ်သွားတာတော့ မဟုတ်ဘူး။ ပေးလက်စလူတွေကို ဆက်ပေးနေတာတော့ရှိတယ်။ လူတိုင်းကိုတော့ မပေးရဲကြတော့ဘူးပေါ့”ဟု မော်ကျွန်းမြို့နယ်တွင် အတိုးပေးနေသော လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လိုင်စင်မဲ့လုပ်ကိုင်ပါက ဥပဒေကြောင်းအရ အရေးယူနိုင်ကြောင်း ကို ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့သည့်အပေါ် ငွေတိုးချသူများအနေဖြင့် ၎င်းတို့ချေးငွေများ ဆုံးရှုံးမည်ဆိုပါက ဥပဒေကြောင်းအရ ပြန်၍ရရှိရန် အခြေအနေနည်းပါးသည့်အတွက် စိုးရိမ်ပူပန်လာကြသည်။ ထို့အပြင် ငွေချေးယူသူအချို့ကလည်း ငွေချေးသူမှာ တရားမ၀င် ငွေချေးသူများဖြစ်၍ ပြန်မဆပ်လျှင်ပင် ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူရန် အခက်အခဲရှိနိုင်သည်ကို သိ၍ ငွေပြန်မဆပ်တော့ ဟု ပြောခြင်း၊ ငွေမဆပ်၍ တရားစွဲဆိုက စွဲနိုင်ကြောင်း ပြော ဆိုခြိမ်းခြောက် မှုအချို့ ရှိလာသည်ဟု ဆိုသည်။
ငွေထုတ်ချေးသူအနေဖြင့် ၎င်းတို့၏ငွေကြေးအားလုံး ဆုံးရှုံးမည်ကို စိုးရိမ်သည့်အတွက် အတိုးနှုန်းများကိုလည်း ပုံစံအမျိုးမျိုးဖြင့် မတ်တိုး၊ နေ့ပြန်တိုး၊ ၁၂ ရက်အပြတ် ပေးချေရသော ငွေချေးပုံစံတို့ဖြင့် ၂၀ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း အတိုးတို့ဖြင့် ထုတ်၍ချေးသည်။
ငွေတိုးချသူများအနေဖြင့် ချေးငွေယူသူများအား ငွေယုံကြည်အပ်နှံခြင်း စာချုပ်တို့ဖြင့် ချုပ်ဆိုကာ ငွေချေးယူသူဘက်မှ လိုက်နာမှုမရှိပါက ယုံကြည်အပ်နှံမှု ဖောက်ဖျက်သည့်အတွက် ပုဒ်မ ၄၀၆ နှင့် လိမ်လည်မှုပုဒ်မ ၄၂၀ တို့ဖြင့် တရားစွဲဆိုလေ့ရှိကြောင်း သိရသည်။
“ယုံကြည်အပ်နှံခြင်းနဲ့ စာချုပ်ချုပ်လို့ ပြစ်မှုမြောက်တဲ့အတွက် ထောင်ကျသွားတာတွေရှိတယ်။ ပိုက်ဆံယူတဲ့သူတွေကို ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်တယ်။ ငွေတိုးချေးတဲ့သူတွေ အများစုက စာချုပ်တစ်စောင်ပဲ ချုပ်တယ်။ ချေးတဲ့သူတွေကို မပေးဘူး”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်ဖြင့် ချေးငွေများအား ရပ်ကွက်အုပ်ချုပ် သူများမှ တစ်ဆင့် ချေးငွေများ ထုတ်ချေးပေးသော်လည်း ဆင်းရဲနွမ်းပါးသည့် ပြည်သူလက်ထဲ တိုက်ရိုက်ရောက်ရှိမှု နည်းပါးသည့်အတွက် ရပ်ကွက်တွင်း ရှိ ငွေချေးသူများထံမှ အဆမတန် အတိုးနှုန်းဖြင့် ချေးယူကြရလေ့ရှိသည်။
“အစိုးရက ချေးငွေပေးတာ အန်တီတို့မရဘူး။ သူတို့အချင်းချင်း ပတ်သက်ရာလူတွေပဲပေးတာ။ တကယ်တမ်း အန်တီတို့လက်ထဲ မရောက်ဘူး။ ဒီတော့ ရပ်ကွက်ထဲကပဲ ယူတော့ တယ်။ ပေါင်စရာပစ္စည်းမရှိတော့ အပေါင်ဆိုင်မသွားနိုင်ဘူး”ဟု လှိုင်သာ ယာမြို့နယ်နေ ဒေါ်တင်ထွန်း က ပြောကြားသည်။
လှိုင်သာယာမြို့နယ်နေ ဒေါ်သန်းသန်းဦးကလည်း “အဒေါ်တို့ဆို ကြားတောင်မကြားဖူးဘူး။ ရပ်ကွက်ထဲက ငွေချေးတဲ့သူဆီကပဲ ယူတယ်”ဟု ရှင်းပြသည်။
ဥပဒေဘောင်အတွင်း လုပ်ကိုင်ခွင့် ပေးမထားသည့်အတွက် ဆုံးရှုံးမှုကာမိရန် အတိုးနှုန်းပိုယူ သည့်အတွက် နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနေကြောင်း ငွေတိုးချေးငှား သူတစ်ဦးက ပြောသည်။
“အတိုးနှုန်းများတယ် ဆိုတာကလည်း ချေးတဲ့သူဘက်က မပေးရင် အရင်းနဲ့အတိုးက အတော်လောက်ကျသွားမယ်။ အကယ်၍ ပြန်မဆပ်လို့ တရားရုံးရောက်ရင်လည်း ကိုယ်တွေမှာ လိုင်စင်မရှိတဲ့အတွက် ကြားထဲက ရှေ့နေ၊ တရားသူကြီးတွေပဲ စားသွားတာ။ သူတို့က အမှုကိုခြောက်လ၊ တစ်နှစ်ထိဆွဲပြီးကာမှ နောက်ဆုံး ဤအမှုကို ပလပ်လိုက်သည်ဟုဆိုပြီး ပြီးသွားတာ။ ဒီတော့ ငွေရှင်ဘက်က အများကြီး ဆုံးရှုံးသွားတယ်”ဟု သုံးခွမြို့အတွင်းရှိ ငွေတိုးပေးသူ ဦးနိုင်လင်းဦးကပြောသည်။
ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကလည်း “ချေးတဲ့သူတွေက ပိုက်ဆံပြန်လိုချင်တော့ ငွေယူတဲ့သူတွေကို တရားမကြောင်းအရ လိမ်လည်မှုနဲ့ တရားစွဲတယ်။ အချို့ကတော့ အမှုအတောအတွင်း ပြန်ဆပ်တယ်။ တချို့က အမှုပြီးတောင် ပြန်မဆပ်လို့ ၀ရမ်းထုတ်စစ်ရတယ်”ဟု ဆိုသည်။
“နယ်တွေမှာတော့ အတိုးပေးတာကို ဥပဒေတွေ ထွက်တာ၊ မထွက်တာကိုလည်း မသိဘူး။ အဆင်ပြေသလိုပဲ လုပ်နေကြတာ။ ပေးတာလည်း နှုတ်ကတိတွေနဲ့ပဲ ပေးနေကြတာ များပါတယ်။ ပေးကတည်းက သေချာတဲ့သူကိုပဲ ရွေးပေးတယ်။ နယ်ကလူတွေဆိုတော့ တရားဝင်တာ၊ မ၀င်တာ မသိဘူး။ ပေးနေကြရတာပဲ။ ယူတဲ့သူတွေကလည်း နောက်တစ်ကြိမ် ထပ်မရမှာစိုးလို့ ပုံမှန်ပြန်ကြတာ များပါတယ်”ဟု နယ်ဒေသများတွင် အကြွေးပေးနေသော စနစ်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် မယ်မသော်ကျေးရွာမှ အတိုးပေးထားသူက ပြောသည်။

သတင်း.....  7Day News Journal

ကွန်တိန်နာအတွင်းလက်နက်တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီး ဌာနမှ အဓိကတာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှတွေ့ရှိခဲ့



ဂျုံစေ့ကွန်တိန်နာအတွင်း ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်ကဒ်များ တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ အဓိကတာဝန်ရှိသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်း
စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသည့် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သိရသည်။

ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများတွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း၍ စစ်ဆေးမှုများအားပြုလုပ်ခဲ့ပြီး၊ စုံစမ်းစစ် ဆေးမှုအစီရင်ခံစာအား အောက်တိုဘာလ၁၀ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့ပါသည်။

"ကွန်တိန်နာကို ဆိပ်ကမ်းမှာလုံခြုံရေးအရစစ်ဆေးခဲ့တာ အကောက်ခွန်ဦးစီးဌာနတစ်ခုတည်းဖြစ်ပြီး၊ တစ်ခြားဌာနဆိုင်ရာတွေမပါဘူးဆိုတာ စစ်ဆေးတွေ့ရှိရပါတယ်။ တွေ့ရှိချက်အတိုင်း အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်" ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အဆိုပါကွန်တိန်နာအား တင်ဆောင်လာသော M.V Vission-1204 သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်း၊ MITT တံတားသို့ စက်တင်ဘာ၁၂ရက်နေ့တွင်ရောက်ရှိပြီး၊ ၎င်းကုန်သေတ္တာအပါအ၀င် ဒိုင်းမွန်းစတားကုမ္ပလိမီတက်၏ ဂျုံစေ့ကွန်တိန်နာ ၄၀လုံးအား စက်တင်ဘာလ ၂၁ရက်နေ့တွင် ၁၈လုံးနှင့် ၂၂ ရက်တွင် ကွန်တိန်နာ ၂၂လုံးအား ဆိပ်ကမ်းမှ ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့ညအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ အရှေ့ပိုင်း၊ အမှတ် ၅၀-၅၂၊ ကနောင်မင်းသားကြီးလမ်းရှိ ဒိုင်းမွန်းစတား ကုမ္ပဏီလိမီတက်ပိုင်၊ ဂျုံစက်ရုံ၌ ပါကစ္စတန်နိုင်ငံမှတင်သွင်းလာသော ဂျုံစေ့ကွန်တိန်နာ (BLZU -2118418) အား ဖွင့်ဖောက်ရာ ဂျုံစေ့များထဲမှ အိတ်တအိတ်တွေ့ရှိသဖြင့် ဖွင့်ဖောက်ကြည့်ရာ ပစ္စတိုသေနတ် ၁လက်၊ ၎င်းကျည် ၁၅ တောင့်နှင့် ကျည်ကဒ် ၂ခု တို့အား တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ စက်တင်ဘာလ၂၃ ရက်နေ့တွင် ဒိုင်းမွန်းစတားကုမ္ပလီမီတက်မှ အထွေထွေမန်နေဂျာ ဒေါ်ချောကလျာအေးမှ စက်တင်ဘာလ၂၄ရက်နေ့၊ ညနေ ၅နာရီခန့်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ သွားရောက်သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

By Eleven Media Group

မြန်မာ့တပ်မတော် အင်အား ၂၀ ရာခိုင်နှုန်းသုံး၍ ကေအိုင်အေ အား တိုက်ခိုက်နေ


စိုင်းလုံ

ကချင်လွတ် မြောက်ရေးတပ်မတော် KIA ကို အစိုးရတပ် ၁၂၀ ရင်းခန့်က စစ်ဆင်နေပြီး ယင်းပမာဏမှာမြန်မာနိုင်ငံ တပ်အင်အားစုစုပေါင်း၏ ၂၀ ရာ ခိုင်နှုန်းကို အသုံးပြုထားကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများကဆိုသည်။

“KIA ကို ထိုးစစ်ဆင်နေတာ တပ်မ ၆၆၊ ၇၇၊ ၈၈ တို့ပေါ့။ မကြာသေးခင်ကလည်း တပ်မ ၃၃ ထပ်တိုးလာသေး တယ်” ဟု KIA ပြော ရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြသည်။

လိုင်ဇာမြို့ နှင့် ၇ မိုင် အကွာတွင်လည်း အစိုးရတပ် က ၁၂၀ မမ အမြောက်ဖြင့် KIO ဌာနချုပ် (လိုင်ဇာမြို့)အနီးသို့ နေ့တိုင်း ပစ်ခတ် လာနေကြောင်း၊ မည်သည့်တပ်က အင်အားမည်မျှသုံး၍ တိုက်ခိုက်နေသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါသည်။

အစိုးရတပ်တွင် တပ်ရင်းစုစုပေါင်း ၅၆၀ ခန့်ရှိရာ KIA ကို တပ်ရင်း ၁၂၀ ခန့် အသုံးပြု၍တိုက်ခိုက်နေသည်မှာ မြန်မာ့တပ်မတော် တခု လုံး ၏ အင်အား ၂၀ ရာခိုင်နှုန်း သုံးထားသည် ဟု စစ်ရေးအတွေ့အကြုံ နှစ် ၃၀ ရှိသူ ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။

“ကျနော်တို့ ကချင် တပ်တွေ ကတော့ ပုံမှန် တပ်ရင်း က ၄၁ ရင်းရှိပါတယ်။ ပြည်သူ့စစ်တပ် နဲ့ပေါင်းလိုက်ရင် တပ်ရင်း ၄၅ ရင်း ရှိပါ တယ်။ ထက်ဝက်ကျော်ကတော့ မြို့ပေါ်က ခေတ် ပညာတတ်လူငယ် တွေပေါ့” ဟု ဦးလနန်က ဆက်ပြောပြသည်။

KIA တပ်သည် အပစ်အခတ် မပျက်သေးခင်ကာလက တပ်ဖွဲ့ဝင်အင်အား ၆,၀၀၀ နှင့် ၇,၀၀၀ ကြားရှိ၏။ အပစ်အခတ် ပျက်ပြားပြီး နောက်ပိုင်းတွင် တပ်အင်အား ၉,၀၀၀ မှ ၁၀,၀၀၀ ကျော်တိုးလာသည်ဟု ဦးအောင်ကျော်ဇောက ဆက်ပြောပါသည်။

မြန်မာအစိုးရကတပ်က စစ်အင်အားအမြောက်အများ သုံး၍ စစ်ဆင်ရေး ပြုလုပ် နေခြင်းသည် သာမန်စစ်ဆင်ရေးမဟုတ်ပဲ အမြစ်ပြတ် စစ် ဆင်ရေးသာဖြစ် ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူက ဦးလနန်က ပြောပါသည်။

KIA ကချင်ပြည်နယ် အနှံ အပြား မိုင်းထောင် နေ *

Inbox
x








အောက်တိုဘာလ(၄) ရက်တွင် ကချင်ပြည်နယ်၊ မြို့လှမြို့နယ်ခွဲ၊ အုတ်ချီရွာမှ ရွာသား (၃) ယောက်ဟာ ကျွဲပျောက်၍ သွားရောက်ရှာဖွေစဉ် မြို့လှမြို့နယ်ခွဲရဲ့ အရှေ့ဘက် (၇) မိုင်လောက်ဝေးတဲ့နေရာမှာ ရှိတဲ့


ကိုင်းကြိုးလွင်တောင်ယာစုနဲ့ နန့်မလင်းတော ကြား အမတ်ကြီးကုန်းရွာကို သွားတဲ့လမ်းပေါ်မှာ KIA ထောင်ထားတဲ့မိုင်းကို နင်းမိပြီး မိုင်းပေါက်ကွာလို့ တစ်ယောက်သေ ဆုံးသွားတယ်လို့သိရပါတယ်။










KIA ထောင်ထားတဲ့မိုင်းကြောင့်






ဒသခံတစ်ဦး




သေဆုံးသူမှာ ကျွဲပိုင်ရှင် ဦးကျော်စိုးပြီးပြီး ကျန်နှစ်ယောက်ဖြစ်တဲ့ ဦး သန်းအောင်နဲ့ ဦးအုန်းလှိုင်တို့ဟာ မိုင်းစများထိမှန်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ မြို့လှမြို့နယ်ခွဲ တိုက်နယ်ဆေးရုံမှာ ကုသဆေးကုသမှု ခံနေရတယ်လို့ သိရပါတယ်။




ဒီဖြစ်စဉ်ကဲ့သို့ KIA က ထောင်ထားတဲ့ မိုင်းအားဒေသခံ ရွာသူရွာသားများ နင်းမိခြင်းဖြစ်စဉ်များ မကြာခဏဖြစ်ပွား လျက်ရှိတယ်လို့သိရပါတယ်။




ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ခွန်ပအို့ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ မန်နေဂျာ ဦးကျော်လေးနှင့် လုပ်ငန်းကြီးကြပ်သူ ဦးဝင်းမြင့်တို့(၂)ဦးဟာ KIA က ထောင်ထားတဲ့ မိုင်းနင်းမိပေါက်ကွဲလို့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။


ထို့အတူ ဇန်န၀ါရီလ (၂၉) ရက်နေ့မှာလည်း ဖားကန့်မြို့နယ်၊ လိုက်ဆဲတောင်တက်ကားလမ်းမှာ ဆိုင်ကယ်တစ်စီး ၀ါးဆစ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။




ဦးလက်ခိုမန်း(၃၄နှစ်)ရဲ့ ၀ဲပေါင်ရိုးကျိုး ဒဏ်ရာ ရရှိပြီး မောင်ပိုင်(၂၇နှစ်)ရဲ့ ၀ဲဘက်ပေါင်ခြေသလုံး မိုင်းစထိမှန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့နှစ်ဦး အနေနဲ့ ဖားကန့်မြို့နယ်၊ တာမခံရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ်မှာ ကချင်တပ်ဖွဲ့ KIA က ထောင်ထားတဲ့ မိုင်း နင်းမိပေါက်ကွဲ သွားခြင်းဖြစ်ပါတယ်။




ဧပြီလ ၁၉ ရက်နေ့ မှာလည်း KIA တပ်ရင်း ၁၄ မှ ထောင်ထားသောမိုင်းနင်းမိခဲ့ပြီး ဒေသခံ ဦးထွန်းအေးမှာ ညာဘက်ပေါင်ကျိုးသွားသဖြင့် မြစ်ကြီးနားဆေးရုံတက်ရောက်ခဲ့ရပါတယ်။




ကချင်ပြည်နယ်အတွင်းမှာ အလားတူဖြစ်စဉ်မျိုးများစွာရှိခဲ့ပြီး လက်ရှိအချိန်အထိ KIA မှထောင်ထားသော မိုင်းနင်းမိ၍ သေဆုံး/ ဒဏ်ရာရသူ ဒေသခံ အရပ်သား (၁၀၂) ယောက် ရှိနေပြီလို့ သိရပါတယ်။ KIA မှ အစိုးရတပ်အတွက် ရည်ရွယ်ထောင်ထားသော မိုင်းများဟာ ဒေသခံများ အတွက် အန္တရာယ် ဖြစ်လျက်ရှိသဖြင့် ဒေသခံ ရွာသူရွာသားများဟာ စိုးရိမ်ကြောက်ရွံ့လျက်ရှိပါတယ်




ကချင်းသတင်းဌာန

GSM (2G) EDGE အင်တာနက် စနစ်ကို WCDMA (3G) HSPA speed နဲ့သုံးလို့ရပြီ


GSM (2G) EDGE GSM (2G) EDGE GSM (2G) EDGE WCDMA (3G) HSPA speed WCDMA (3G) HSPA speed WCDMA (3G) HSPA speed
ဒီပိုစ်ကိုရေးဖို့တော်တော်စဉ်းစားရပါတယ်။ သိပြီးသားလူတွေအတွက် ပိတ်ကုန်မှာစိုးလို့ပါ။ မြန်မာ့ဆက်သွယ်ရေးက တရားဝင်ခွင့်မပြုထားဘူးဆိုရင် ပြန်ပိတ်သွားမှာစိုးလို့ပါ။
WCDMA (3G) ဖုန်းတွေရောင်းချပေးနေပါပြီ။ WCDMA (3G) စနစ်သုံး တာဝါတိုင်တွေကိုလည်း နေရာတော်တော်များများမှာစိုက်ထူလာပါပြီ။ WCDMA သည် 3G စနစ်ဖြစ်တဲ့အတွက် အင်တာနက်သုံးရတာတော်တော်မြန်ပါတယ်။
HSPA စနစ်လို့ခေါ်ပါတယ်။ GSM သည် EDGE စနစ်သုံးဖြစ်ပြီး အင်တာနက်သုံးရတာတော်တော်နှေးပါတယ်။ ဒီစနစ် ၂ ခုရဲ့ကွာခြားချက်ကို ကျွန်တော် blog မှာတင်ထားပါတယ်။ အဲ့ဒီလိုပဲ အင်တာနက် speed ကလည်းတော်တော်ကွာပါတယ်။
သုံးလို့ရအောင်လုပ်တဲ့နည်းကိုတော့ ဒီလိုလုပ်လိုက်ဆိုရင် ခဏလေးနဲ့ပြီးပါတယ်။ ဒါပေမယ့် ဘာကြောင့်ဒီလိုသုံးလို့ရတယ်ဆိုတာကိုတော့ သုံးတဲ့လူတွေသိစေချင်ပါတယ်။ တရားဝင်ခွင့်ပြုထားတဲ့ဟာမဟုတ်တော့ တစ်ချိန်ချိန်မှာသုံးလို့မရတာတွေဖြစ်
လာနိုင်ပါတယ်။ ဒါပေမယ့် သုံးလို့မရပါဘူးလို့တော့ပြောမထားပါဘူး။ အဲ့ဒီလိုပဲ ကန့်သတ်ချက်တွေလည်းနည်းနည်းရှိပါတယ်။
၁။ မိမိ အင်တာနက်သုံးလိုတဲ့ နေရာမှာ WCDMA (3G) စနစ်သုံးလို့ရတဲ့ တာဝါတိုင်ရှိရပါမယ်။
၂။ မိမိသုံးတဲ့ ဟန်းဆက်က WCDMA (3G) စနစ်သုံးလို့ရရပါမယ်။
ဒီစနစ်ကိုသုံးမယ်ဆိုရင် Roaming ဆိုတာကိုသိဖို့လိုပါတယ်။ ကျွန်တော်နေတဲ့မြို့မှာ GSM (2G) ကော WCDMA (3G) ပါသုံးလို့ရပါတယ်။ GSM နဲ့ WCDMA ဆိုတာ မျိုးနွယ်တူတဲ့ညီအစ်ကိုတွေပါ။ အဲ့ဒီတော့ တစ်ယောက်ရဲ့ စနစ်ကို တစ်ယောက်ကနား
လည်ပါတယ်။ ကျွန်တော် အခု GSM ဖုန်းသုံးနေပါတယ်။ တစ်ချိန်မှာ GSM တာဝါတိုင် ပျက်သွားတယ်ဆိုပါစို့။ GSM ဖုန်းတွေ လိုင်းပျက်ကုန်ပါတယ်။ WCDMA တာဝါတိုင်ကတော့ကောင်းပါသေးတယ်။ အဲ့ဒီအချိန်မှာ GSM ဖုန်းတွေကို WCDMA တိုင်မှာ
သုံးလို့ရအောင် လုပ်ထားတဲ့စနစ်ရှိပါတယ်။ အဲ့ဒါကို Roaming လုပ်တယ်လို့ခေါ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ GSM (2G) sim card ဖုန်းတွေကို WCDMA (3G) network ပေါ်တင်သုံးလို့ရတယ်ဆိုတာပါပဲ။ 3G ပေါ်တင်သုံးတော့ 3G speed
ရတာပေါ့။ အပေါ်မှာဖော်ပြခဲ့တဲ့ ကန့်သတ်ချက်တွေကတော့ အားလုံးကောင်းနေတဲ့ အချိန်မှာ 3G network ပေါ်တင်သုံးဖို့အတွက် မရှိအဖြစ်လိုတာတွေပါ။ စနစ်နှစ်ခုရဲ့ အမြန်နှုန်းကွာခြားချက်ကတော့ တော်တော်ကြီးပါတယ်။
ကျွန်တော်က android ဖုန်းပေါ်မှာစမ်းတာပါ။ တော်တော်အဆင်ပြေပါတယ်။
GSM SIM CARD ကို WCDMA 3G စနစ်ရတဲ့ ဟန်းဆက်မှာထည့်ပါ။
ကျွန်တော့် android ဖုန်းမှာတော့ mobile network mode ၃ ခု ပါပါတယ်။
- GSM/WCDMA AUTO
- WCDMA only
- GSM only
WCDMA only ကိုရွေးပါ။ ဒါဆိုရင် ဟန်းဆက်က WCDMA network တစ်ခုတည်းကိုပဲရှာပါလိမ့်မယ်။ WCDMA(3G) network ကို WCDMA(3G) ဟန်းဆက်နဲ့လှမ်းချိတ်ပါတယ်။ CARD ကတော့ GSM SIM CARD ပါ။
အင်တာနက်သုံးဖို့ DATA Enable ကိုရွေးပါ။ အင်တာနက်ချိတ်မိပြီဆိုရင် GSM (EDGE) မှာ E ပုံပေါ်ပါတယ်။ WCDMA(HSPA) စနစ်မှာ H ဆိုတဲ့ ပုံလေးပေါ်ပါတယ်။ H ပုံပေါ်ရင် WCDMA (3G) ကိုချိတ်မိပါပြီ။
EDGE စနစ်မှာ IDM နဲ့ဆွဲတာ speed 25 Kb/s ပုံမှန် 35 Kb/s အများဆုံးပါ။ HSPA စနစ်မှာ IDM နဲ့ဆွဲတာ 110 Kb/s ပုံမှန် 170 Kb/s အများဆုံးပါ။ ကျွန်တော်ဆီမှာ လိုင်းဆွဲအားက တစ်တုံးပဲမိပါတယ်။ Data သုံးရင် နှစ်တုံးတော့မိတယ်။
video ကို တိုက်ရိုက်ကြည့်လို့ရပါတယ်။ အခက်အခဲရှိရင် ကျွန်တော့် Blog Forum နဲ့ Blog မှာ Comment ရေးပြီး မေးနိုင်ပါတယ်။
အဆင်ပြေရင် လက်ခုတ်သံလေးကြားချင်ပါတယ်။
ဟန်းဆက်   WellcoM A86
android version 2.1
GSM SIM CARD

သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်



အောက်တိုဘာ ၈၊ အော်စလို
ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရသူကို ထုတ်ပြန်ကြေညာမည်ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်းတွင်ဖော်ပြ ထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်စာရင်း တင်သွင်း ထားသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းေ
ပါင်းမှာ ၂၃၁ ခု ရှိကြောင်း နိုဘယ် ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးကော်မတီ သတင်း Website တွင်ဖော်ပြထားသည်။
နိုဘယ်ငြိမ်းချမ်းရေးဆု နာမည်စာရင်း တင်သွင်းထားသူများ ထဲမှ ထိပ်ဆုံးမှာထင်ကြေးပေးခံရသူ ငါး ဦးကို Peace Research Institute of Oslo မှအကြီးအကဲဖြစ်သူ Kristian Berg Harpvikenက ခန့်မှန်းပြောဆိုရာတွင် မြန်မာသမ္မတ ဦးသိန်းစိန်မှာ ၎င်း၏ထင်ကြေးပေးသူ စာရင်းတွင် ထိပ်ဆုံး ငါးဦးတွင် ပါဝင်နေခြင်း ဖြစ်သည်။
မြန်မာသမ္မတဦးသိန်းစိန် လက်ထက်တွင် ရာစုနှစ် ထက်ဝက်နီးပါး ပဋိပက္ခဖြစ်ပွားခဲ့သော လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့တွင် ၁၀ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင် ခဲ့သည်။
၎င်း၏ ထင်ကြေးပေးခြင်း ခံရသူများမှာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဂျာမနီနိုင်ငံ အဓိပတိဟောင်း ဟဲမွတ်ခိုးလ်၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အတွင်းသတင်းများကို Wikileak သတင်း Website သို့ပေးပို့ခဲ့သော Bradley Manning တို့ပါဝင်လျက်ရှိသည်။
ထို့ပြင်၎င်း၏ ထင်ကြေးပေးခံရသူ စာရင်းတွင် အကြမ်းမဖက် လှုပ်ရှားရေး ဝါဒီ တစ်ဦးဖြစ်သူ အမေရိကန်ပါမောက္ခ ဂျင်းရှပ် လည်း ပါဝင်လျက် ရှိသည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်ကရရှိခဲ့ပြီး ၂၀၁၂ခုနှစ် ဇွန်လမှ ဆုလက်ခံသည့် မိန့်ခွန်းကို ကိုယ်တိုင်ပြောကြားနိုင်ခဲ့သည်။
ွှ့The Voice Weekly

ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း နှင့် ကမ္ဘာ့ပထမဆုံး touch screen ဖုန်း နည်းပညာ ပိုင်ရှင်


ပုံမှာမြင်တွေ့နေရတဲ့ ဖုန်းကတော့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ IBM Simon လို့အမည်ရပြီး ဆယ်လ်လူလာဖုန်းအမျိုးအစား ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းလို့ သတ်မှတ်ရတဲ့အကြောင်းကတော့ ကိုယ်ပိုင် မိုဘိုင်း Operating System ပါဝင်လို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ တို့ထိ မျက်နှာပြင် (touch screen) နဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ အမေရိကန် IBM မှ တီထွင်ပြီး ဂျပန် Mitsubishi အီလက်ထရစ်ကော်ပိုရေးရှင်းမှ စာချုပ်နဲ့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၉၉၄ ခုနှစ် သြဂုတ်လ ၁၆ ရက်ကဖြစ်ပြီး စစထွက်ချင်း ခြောက်လမှာ အလုံးရေ ၅သောင်းရောင်းချခဲ့ရပါတယ်။ အဓိကကတော့ ဈေးကြီးလို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၉၉ တန်ဖိုးရှိပါ တယ်။ နောက်တော့ ဈေးထပ် မံလျော့ချခဲ့သေးတယ်လို့ သိရပါတယ်။
အသုံးပြုတဲ့ OS ကတော့ Datalight ROM-DOS ဖြစ်ပါတယ်။ CPU အနေနဲ့ 16MHz , 16bit ရှိပါတယ်။ third party application တွေတောင် upgrade လုပ်ပြီးရင် ထည့်နိုင်ပါတယ်။ Memory 1MB ရှိပြီး Storage ကလည်း 1MB ပဲဖြစ်ပါတယ်။ ဘက်ထရီကတော့ ၇.၅ ဗို့ရှိတဲ့ NiCad ဘက်ထရီဖြစ်ပါတယ်။
Touch Screen နည်းပညာကတော့ Stylus ဖြစ်ပြီး တို့ထိရန် ဒီဂျစ်တယ် ခဲတံ (Pen) ကိုအသုံးပြုရမှာ ဖြစ်ပါတယ်။ Stylus တို့ထိနည်းပညာကို ယနေ့တိုင် Nintendo DS, 3DS, Wii U လက်ကိုင်ဂိမ်းစက်၊ Windows မိုဘိုင်းဖုန်း အချို့ တို့မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ယနေ့ iPhone, Samsung တို့မှာ အသုံးပြုတဲ့ touch screen ကျတော့ လက်ချောင်းများတဲ့ တို့ထိတဲ့ Multi-touch finger input စနစ်ဖြစ်ပြီး Capacitive styli ကိုအသုံးပြုပါတယ်။
ဒါကြောင့် IBM Simon ရဲ့ Data Input စနစ်မှာ မိုက်ခရိုဖုန်းနဲ့ touch screen ဖြစ်သွားပြီး Key pad မပါဝင်တော့ပါဘူး။ အရွယ်အစားကတော့ အမြင့် ၈လက်မ၊ အကျယ် ၂.၅ လက်မ၊ အထူ ၁.၅လက်မ ဖြစ်ပြီး ၅၁၀ ဂရမ်လေးပါတယ်။ အီးမေးလ်၊ Fax , Pager များ ပို့လိုရမယ်၊လက်ခံလို့ရ မယ့် အစရှိသဖြင့် သူ့ခေတ်သူ့ခါမှာတော့ ထူးခြားတဲ့ ဖက်ရှင်တို့ပါဝင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းနဲ့ touch screen နည်းပညာသုံးဖုန်း ဟာ IBM Simon လို့ အားလုံးလက်ခံထားကြပါတယ်။
---
Ref:Wikipedia
Aung Kham (TSJ team)

Wednesday, October 10, 2012

ဘင်္ဂါလီ(ရိုဟင်ဂျာ)များအတွက် OIC က ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထား *

Inbox
x






ရိုဟင်ဂျာများအတွက် OIC က ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထား
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၂၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက်
အလှူငွေအဖြစ် ကမ္ဘာ့မူဆလင် အဖွဲ့ကြီး OIC က အမေရိကန်ဒေါ်လာ ၂၅ သန်း
ကောက်ခံရရှိထားသည်။

သောကြာနေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော မြန်မာနိုင်ငံ
ရိုဟင်ဂျာအရေးနှင့် ပတ်သက်သည့် လူသားချင်းစာနာထောက်ပံ့မှုများဆိုင်ရာ OIC
၏ ဒုတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့်
စာနာထောက်ထားရေးဌာနများထံမှ ကောက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း Jakata Post
တွင် ရေးသားဖော်ပြထားသည်။

ချမ်းသာသော နိုင်ငံကြီးများမှ ထည့်ဝင်မှု မပြုရသေး၍ ယခု ရရှိသည့်ပမာဏထက်
ပိုမိုများပြားစွာ ရရှိရန်ရှိသေးကြောင်း တွဲဘက်အတွင်းရေးမှူးချုပ်က
ဆိုသည်။

သြဂုတ်လ အတွင်းက မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ပထမအကြိမ်
အစည်းအဝေးတွင်လည်း အဖွဲ့ဝင်နိုင်ငံများ
ဖြစ်ကြသည့် ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တူရကီနှင့် အာရပ်စော်ဘွားများ
ပြည်ထောင်စုတို့က ဒေါ်လာသန်း ၅၀ မှ ၁၀၀ အကြား ထည့်ဝင်ရန်
ကတိပေးထားခဲ့ကြခြင်း ဖြစ်သည်။

OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံ ရှိသည်။

ကောက်ခံရရှိသော အလှူငွေများကို ဇွန်လ အဓိကရုဏ်းနှင့်
အကြမ်းဖက်မှုများကြောင့် ဒုက္ခခံစားနေရသော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ
ပြန်လည်နေရာချထားရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု
သိရှိရသည်။

အင်တာနက် အဆင့်မြှင့်တင်ရေးနှင့် မိုဘိုင်းတိုးချဲ့ တပ်ဆင်ရေး လုပ်ငန်းများကို ချေးငွေသန်း ၃၀၀ ဖြင့် လုပ်ကိုင်သွားမည်


ဂျပန်အကူအညီဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းများကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင် ဦးဆောင်၍ ချေးငွေသန်း ၃၀၀ ဖြင့် စတင်လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ရဲ့ ဒုတိယဝန်ကြီး ဦးသောင်းတင်ဟာ ဂျပန်အကူအညီနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများအပြင် အများသိကြတဲ့အတိုင်း ချေးငွေသန်း ၃၀၀ နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်နေတဲ့အတွက် ကျွန်တော့်အဖို့ အင်မတန်အားရှိပါတယ်” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။ အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးသောင်းတင်သည် ကိုရီးယားနိုင်ငံရှိ Ministry of Public Adminastration and Security နှင့်ပူးပေါင်း၍ နိုဝင်ဘာလ ဒုတိယအပတ် အတောအတွင်း သုတေသန လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်သွားရန် ရှိသည်ဟု သိရသည်။ အစီအစဉ်ကို စမ်းသပ်ကာလအဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆင်ပြေ တိုးတက်မှုများ ကြုံတွေ့လာခဲ့ရပါက နှစ်နိုင်ငံအကြား အိုင်စီတီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် သဘောတူညီမှုစာချုပ် ချုပ်ဆို၍ လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။ “Trial  အနေနဲ့ပါ။ Public ကို အင်တာနက်နဲ့ ပတ်သက်ပြီး Training တွေလုပ်မယ်။ အဲဒီကနေ Research တွေလုပ်မယ်။ ပြီးတော့ Discussion တွေ ဆက်လက် လုပ်ကြမယ် ဆိုတာကို အသိပေးချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ အလားတူပင် မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းများအတွက် လုပ်ကိုင်ရာတွင် ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ အထိ ရောက်ရှိအောင် စီမံကိန်းများ ရေးဆွဲ၍ လုပ်ကိုင်ဆောင်ရွက်နေသည်ဟုလည်း ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ပြောဆိုခဲ့သည်။ အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းနှင့် မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ဝန်ကြီးဌာနအတွင်း၌ အစည်းအဝေးများ ကျင်းပ၍ စတင်လုပ်ကိုင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

သေဆုံးပြီးသူများ ပြန်လည်နိုးထလာပြီး ကျန်ရစ်သူများကို မှာကြားသည့်ပုံသဏ္ဍာန် သရုပ်ဖော်ပြပွဲတစ်ခု ဆည်တည်းကျေးရွာ သုဿာန်တွင် ကျင်းပပြုလုပ်



လက်ပံတောင်းတောင် ထိန်းသိမ်းရန် သေဆုံးပြီးသူများ ပြန်လည်နိုးထလာပြီး ကျန်ရစ်သူများကို မှာကြားသည့်ပုံသဏ္ဍာန် သရုပ်ဖော်ပြပွဲတစ်ခု ယနေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ယင်းတောင် အနီးရှိ ဆည်တည်းကျေးရွာ သုဿာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။





လယ်သိမ်းခံရလို့ ဆန္ဒပြတာ မှန်ပါတယ်။ ဒါပေမယ့် လယ်သမားတွေ အခုလို ပါဖော်မန့်တွေ လုပ်တာ ဘယ်လိုသဘောထားလဲ သိချင်မိပါတယ်။

မော်နီကာ


အားလုံးဘဲဆိုင်ကယ်စီး၇င်သတိထားစီးကြပါနော်


အားလုံးဘဲဆိုင်ကယ်စီး၇င်သတိထားစီးကြပါနော်

မိန်းမဖြစ်သူကို သတ်ပြီး ချက်ပြုတ်ခဲ့သည့် အမေရိကန် စားဖိုမှူး.



အမေရိကန် စားဖိုမှူးတစ်ဦးသည် မိန်းမဖြစ်သူ၏ အလောင်းအား ဖျောက်ဖြက်ရန် ၄ ရက်ကြာ ချက်ပြုတ်ခဲ့ခြင်းအား ဝန်ခံခဲ့ပြီးနောက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ် ရှိနေသည်။
David Viens (၄၉ နှစ်) အား တရားရုံး၌ ၆ ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ရာ ယင်းက မိန်းမဖြစ်သူအား အိမ်မှ ထွက်ခွာသွားခြင်း မရှိရန် တိပ်ဖြင့်ပတ်ပြီးထားခဲ့ကြောင်း၊ ၄ နာရီအကြာ ယင်းအိပ်ယာမှ နိုးလာသည့်အခါတွင် မိန်းမဖြစ်သူမှာ အသက်မရှိတော့ကြောင်း၊ ယင်းအနေဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိသော်လည်း သေဆုံးသွားခဲ့ရာ ထိတ်လန့်တုန်လှုပ်ပြီး စိတ်ကူးပေါက်ရာ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဤလူသတ်မှုတွင် Viens အနေဖြင့် မိန်းမဖြစ်သူ၏ အလောင်းအား သံစည်ပိုင်းကြီး တစ်ခုထဲ ထည့်ကာ ပြုတ်ခဲ့ခြင်းဖြစ်ကြောင်း “အလောင်းကို တစ်ဖြေးဖြေးနဲ့ ပြုတ်ခဲ့တာပါ။ နောက်ဆုံး ၄ ရက် ကြာသွားပါတယ်။ ၄ ရက်ကြာတော့ အအေးခံ၊ ရေစစ်ပြီး အမှိုက်ပုံမှာ ပစ်ခဲ့ပါတယ်။” ဟု ထွက်ဆိုခဲ့သည်။
ထို့အပြင် ပြုတ်ထားသည့် အလောင်းမှ အကျွင်းအကျန်များအား ထည့်ထားသည့် အိတ်တစ်လုံးရှိသေးကြောင်း၊ ထို့အပြင် ဦးခေါင်းခွံမှာလည်း ယင်း၏ အမေ၏အိမ် မျက်နှာကျက် ကြားထဲတွင် ဖွက်ထားကြောင်း ရဲထံ ထွက်ဆိုခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။
အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၆ ဦးပါ ဂျူရီအဖွဲ့က ယင်းအား ဒုတိယအဆင့် လူသတ်မှုဖြင့် ပစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ချက် ချခဲ့ပြီး လာမည့် နိုဝင်ဘာ ၂၇ ရက်နေ့တွင် တရားသူကြီးက စီရင်ချက် ချမှတ်မည်ဖြစ်ရာ အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်မှ တစ်သက်တစ်ကျွန်း ကျခံရဖွယ်ရှိသည်။
အဆိုပါ စားဖိုးမှူးသည် မိန်းမဖြစ်သူအား ယခင်ကလည်း တိပ်ဖြင့်ပတ်ကာ ချုပ်နှောင်ထားခဲ့ဖူးကြောင်း၊ သူမအား အရက်မူးပြီး ကားလျှောက်မောင်းခြင်း၊ မူးယစ်ဆေးသုံးခြင်းတို့ မပြုလုပ်နိုင်ရန် ယင်းကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
တရားခံသည် တရားရုံးသို့ wheelchair ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အမြင့်ပေ ၈၀ ခန့်ရှိ တောင်စောင်းမှ ခုန်ချခဲ့ခြင်းကြောင့် ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်သည်။
Viens အနေဖြင့် ယင်း၏ ရည်းစားဖြစ်သူအားလည်းကောင်း၊ သမီးဖြစ်သူအားလည်းကောင်း ယင်း၏ မိန်းမ သေဆုံးခဲ့ခြင်းမှာ မတော်တဆမှု တစ်ခုကြောင့်သာဖြစ်ကြောင်း ပြောကြားထားခဲ့သည်။
---
Photo: AFP/Getty Images/Kevork Djansezian. All Rights Reserve

ပြည်သူရင်ပြင်၌ ရှေးဟောင်းအမြောက်ကြီး တူးဖော်တွေ့ရှိ


 
ပြည်သူရင်ပြင်၌ အဆောက်အဦးဆောက်လုပ်ရန်အတွက် တွင်းတူးစဥ်မြေဆယ်မြေအနက် အရောက်တွင် ရှေးဟောင်းအမြောက်ကြီးတူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းအမြောက်ကြီးမှာ အရှည် ၁၃ ပေ ၁ လက်မ၊လုံးပတ် ၁၀ ပေ ၃ လက်မ ပြောင်းအချင်း ၁၈ လက်မ ၊ ကျဉ်ထွက်ပေါက် ၉ လက်မ ရှိကြောင်းသိရသည်။ ထိုအမြောက်ကြီးကို မြေတူးစက် ၂စီးဖြင့် မြေပေါ်သို့ လှိမ့်တင်ခဲ့ရပြီး မည်သည့်ခေတ်က အမြောက်ဖြစ်ကြောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာန မှစုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။ယင်းအမြောက်ကြီးကို ယန္တရားစက်မောင်းဦးကျော်ကျော်လေး က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 

အမေရိကန်ကို မြောက်ကိုရီယားက ဒုံးကျည်ဖြင့် ခြိမ်းခြောက် *

Inbox
x






The Irrawaddy's Blog

မြောက်ကိုရီယားနိုင်ငံက သူတို့မှာ အမေရိကန်ပြည်ထောင်စု ကုန်းတွင်းပိုင်းအထိ ပစ်ခတ်နိုင်တဲ့ မဟာဗျူဟာမြောက် ဒုံးကျဉ်တွေ ပိုင်ဆိုင်ထားတယ်လို့ ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ က ပြောလိုက်ပါတယ်တဲ့။
ကိုရီယား ဗဟို သတင်းအေဂျင်စီရဲ့ သတင်းလွှာတခုမှာ အမျိုးသား ကာကွယ်ရေး ကော်မရှင် ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားတာမှာ
“မဟာဗျူဟာမြောက် ဒုံးကျဉ်တွေဟာ ပစ်မှတ်ထဲမှာ ကိုရီယားကျွန်းဆွယ်ပေါ်က အမေရိကန် စစ် အခြေစိုက် စခန်းတွေကိုသာမက ဂျပန်၊ ဂူအမ် (အမေရိကန်ပိုင်ကျွန်း)နဲ့ အမေရိကန် ပြည်ထောင်စု ကုန်းတွင်းပိုင်းထိ ရောက်တယ်” လို့ ပြောထားတာကို AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က တောင်ကိုရီယားနိုင်ငံက မြောက်ကိုရီယားတနိုင်ငံလုံးထိကိုပါ လွှမ်းခြုံနိုင် တဲ့ သူတို့ရဲ့ မစ် ဇိုင်း ဒုံးကျဉ် ပစ်မှတ်အကွာအဝေးဟာ ယခင်ထက်၂ ဆထက်ပိုတဲ့ ပစ်မှတ်ကို ပစ်နိုင်ရေး အမေရိကန်နဲ့ သဘောတူမှု တခုကို ကြေညာခဲ့ပါတယ်။
အဲဒီသဘောတူမှုက တောင်ကိုရီယားအနေနဲ့ အခု လက်ရှိ ကီလိုမီတာ ၃၀၀ အကွာအဝေး တာဝေးပစ် ဒုံးကျည်စနစ်ကို ကီ လို ၈၀၀ အထိ အဆင့်မြှင့်မယ့် ကိစ္စပါ။
အဲဒီလို ဒုံးကျည်ဆိုင်ရာ သဘောတူညီမှုအ သစ်ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်ပြန် လိုက်တာကြောင့် အခုလို မြောက်ကိုရီယားဘက်က တုန့်ပြန်ချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ တောင်ကိုရီယားပညာရှင် တချို့က သုံးသပ်နေကြတယ် ဆိုပါတယ်။


မြောက်ကိုရီယားကတော့ Taepodong2 လို့ အမည်ရတဲ့ တာဝေးပစ် ဒုံကျည်ပိုင်ဆိုင်တယ်လို့ လူသိ များပေမယ့် စမ်းသပ်မှု တကြိမ်မှ အောင်မြင်တာ မရှိသေးပါဘူး။ လွန်ခဲ့တဲ့ ဧပြီလတုန်းကလည်း အာကာသ ပတ်လမ်းထဲကို ဂြိုလ်တုတခု လွှတ် တင် ဖို့ ဒုံကျည်တခု ပစ်လွှတ်ခဲ့တာလည်း အောင်မြင်မှု မရှိခဲ့ပါဘူး။
အဲဒီတုန်းကလည်း ၃ ဆင့်ကွဲ တာပိုဒေါင် ၂ တာဝေး ပစ် ဒုံးကျည်ပစ်လွှတ်ခဲ့မှုအတွက် အမေရိကန်နဲ့ ကုလသမဂ္ဂတို့ကလည်း အပြင်းအထန် ကန့်ကွက် ရှုံ့ချခဲ့ကြပါတယ်။
ကိုရီယား သံတမန်အကယ်ဒမီက ပါမောက္ခ ယမ်ဒတ်မင်းက “ဒါဟာ လေလုံးထွား ခြောက်လှန့် လိုက်တာ
ဖြစ်နိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စု မြေပေါ်ထိ ရောက်လောက်တဲ့ ဒုံးကျည်စမ်းသပ်အောင်မြင်မှု ရှိခဲ့တဲ့ အထောက်အထား မရှိဘူး” လို့ ဆိုပါတယ်။
မြောက်ကိုရီယားစစ်တပ်ဟာလည်း မြောက်ကိုရီယားလူထုလို စားစရာ ရိက္ခာပြတ်လပ် လျှော့ချမှုတွေ ရှိနေတာ၊ စားဝတ် နေရေး ကစဥ့်ကလျား ဖြစ်နေတာတွေကြောင့် ခေါင်းဆောင်သစ် ကင်ဂျုံအမ်ရဲ့နောက် မှာ လူထု ထောက်ခံမှု ရဖို့ စစ်သွေး၊ စစ်မာန် တက်ကြွအောင် ရည်ရွယ်တာလည်း ဖြစ်နိုင်ပါလိမ့်မယ်လို့ သူက ဆက်ပြောထားပါသေးတယ်။
တဖက်မှာလည်း အမေရိကန်စစ်သား ၂၈၅၀၀ ဟာ တောင်ကိုရီယားနိုင်ငံမှာ အခြေစိုက်နေကြပြီး မည်သည့် အနုမြူ တိုက်ခိုက်မှုတွေကိုမဆို ထီးရိပ်မိုးကာကွယ်ပေးဖို့ အာမခံထားတာကြောင့် တောင် ကိုရီယား ကလည်း ဒုံးကျည်ကန့်သတ်မှုတွေကို လက်ခံတာဖြစ်ပါတယ်။
တောင်ကိုရီယားရဲ့ ကီလိုမီတာ ၃၀၀ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တွေကို အလွန်ဆုံး ကီလို ၅၀၀ ထိသာ ကန့်သတ်ထားတဲ့ သဘောတူညီမှုကို ၂၀၀၁ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုနဲ့ လက်မှတ်ရေး ထိုး ခဲ့တာဖြစ်ပါတယ်။
အနုမြူ လက်နက်ပိုင်ဆိုင်ဖို့ ရည်မှန်းချက်ထားတဲ့ မြောက်ကိုရီယားရဲ့ သူတို့ပိုင် ဒုံးကျည်အစီအစဉ်
ကြောင့် တောင်ကိုရီယားဟာ သူတို့ရဲ့ ဒုံးကျည်ကန့်သတ်ခံရမှုကို ချဲ့ထွင်နိုင်ရေး အချိန်တော်တော်
ကြာ အငြင်းပွားနေခဲ့တာလည်းဖြစ်ပါတယ်
ပြီးခဲ့ တဲ့ ဧပြီလက မြောက်ကိုရီယားရဲ့ ဒုံးကျည်စမ်းသပ်မှု လုပ်ပြီးနောက်မှ စေ့စပ်ညှိနှိုင်းမှု အသစ်တွေ ရှိလာခဲ့တာပါ။
တောင်ကိုရီယား ကာကွယ်ရေး တက္ကသိုလ်မှ ဘတ်ဆောင်ဂျူးက
“တနင်္ဂနွေနေ့က ကြေညာချက်ဟာ မြောက်ကိုရီယားကို အကြီးအကျယ်တုန်လှုပ်သွားတယ် ထင်တယ်”လို့ ဆိုပါတယ်။
တောင်ကိုရီယားအနေနဲ့ ဒုံးကျည်ဆိုင်ရာ တာဝေး ချဲ့ထွင်ပစ်နိုင်ရေးဟာ လိုအပ်လာမယ်ဆိုရင် လက်ဦးမှု ရယူတဲ့ ဗျူဟာ အရ မြောက်ကိုရီယယားရဲ့ ဘယ်လို ဒုံးကျည်မျိုးကို မဆို တန်ပြန်နိုင်ဖို့ ဖြစ်မှာပါလို့ သူက ဆက်ပြောသွားပါတယ်။



--
Posted By အောင်မျိုးကျော်

အာရှစီးပွားဖြစ် အစည်းအဝေးကိုပို့မည့် မြေလွတ်မြေလပ်သဘောထား ထုတ်ပြန် *

Inbox
x






DVB
အောက်တိုဘာလ ၁၀ ရက်နေ့ ကျင်းပမယ့် ဒုတိယအကြိမ် အာရှစီးပွားဖြစ် စိုက်ပျိုးရေး အစည်းအဝေးကို ပေးပို့မယ့် မြေလွတ်မြေလပ်များစီမံခန့်ခွဲခြင်းဆိုင်ရာ သဘောထား အမြင် ဆွေးနွေးပွဲတခု ရန်ကုန်မှာ ဒီနေ့ကျင်းပခဲ့ပြီး အချက် ၁၀ချက်ပါ သဘောထားကြေညာချက် တရပ် ထုတ်ပြန်လိုက်ပါတယ်။
ဒီဆွေးနွေးပွဲကို ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့က စီစဉ်ကျင်းပတာဖြစ်ပြီး လယ်ယာမြေအရေး၊ လယ်သမားအရေး ဆောင်ရွက်နေကြသူတွေ၊ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့က တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ စုစုပေါင်း ၇၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးကြတဲ့ အကြောင်းအရာတချို့ကို ၈၈ ကျောင်းသားအဖွဲ့က တောင်သူ လယ်သမားရေးရာဆောင်ရွက်နေသူ တဦးဖြစ်တဲ့ ဦးမျိုးသန့်က အခုလို ပြောပါတယ်။
“အဓိကကတော့ ဒေသခံများ မြေယာရယူရန် နည်းဥပဒေများနဲ့အညီ ရေးဆွဲထားသော်လည်း အချို့ အချို့သော ဌာနဆိုင်ရာ ၀န်ထမ်းများနဲ့ ဒေသခံ ၀န်ထမ်းများ၏ အဂတိလိုက်စားမှု ရှိနေခြင်းသည် မြေယာရယူရန် အဓိက အတားအဆီးဖြစ်သဖြင့် တိတိကျကျ ဖော်ထုတ်အရေးယူရန် ဆိုတာတွေ ဆွေးနွေးကြပါတယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့အတွက် အများစု ဆွေးနွေးကြပါတယ်။ လက်ရှိကြုံနေရတဲ့ မြေယာသိမ်းမှုတွေ၊ လယ်ယာမြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတော်တော်များများမှာလည်း ဌာနဆိုင်ရာနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ တော်တော်များများက အဂတိ လိုက်စားမှု၊ ဘက်လိုက်မှု တော်တော်များများ ရှိနေတာ တွေ့ခဲ့ရတယ်။ ဒါတွေကိုလည်း ပြဿနာဖြေရှင်းတဲ့နေရာမှာ သူတို့အဂတိလိုက်စားမှုတွေကို အဓိက ဖော်ထုတ် အရေးယူပေးဖို့လည်း အားလုံးက ၀ိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။
အာရှစီးပွားဖြစ်စိုက်ပျိုးရေး အစည်းအဝေးကို ပေးပို့မယ့် သဘာထားကြေညာချက်ပါ အချက်တွေကတော့ ဒေသတွင်း မြေယာအငြင်းပွားမှုတွေ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့ အချိန်ကာလအတွင်း အသစ်ထပ်မံ ငှားရမ်းခြင်း ရောင်းချခြင်းတို့ ပြုလုပ်ဆောင်ရွက်ခြင်း မပြုဖို့၊ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများပမာဏနဲ့ မြေပုံမြေညွှန်းတို့ကို နေရာဒေသအလိုက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် အများပြည်သူကို စာရွက်စာတမ်းကြေး ငွေပေးသွင်းစေပြီး ရယူခွင့်ပေးဖို့နဲ့ ထုတ်ပြန်ပေးဖို့၊ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများစီမံခန့်ခွဲရေး နည်းဥပဒေကို အများပြည်သူ သိရှိစေဖို့ နိုင်ငံပိုင်သတင်းဌာနများမှ ထုတ်ပြန်ပေးဖို့၊ နိုင်ငံသား နိုင်ငံခြားသားများအား လုပ်ပိုင်ခွင့်ပေးရာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေဖို့ စနစ်တကျ စီမံခန့်ခွဲပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒီနေ့အစည်းအဝေးပွဲ တက်ရောက်လာသူတွေ အားလုံး သဘောတူလက်မှတ် ရေးထိုးထားတဲ့ ဒီသဘောထားမှတ်ချက်တွေကို ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ရှိတဲ့ အာရှစီးပွားဖြစ်စိုက်ပျိုးရေး အစည်းအဝေးကို ပေးပို့မှာ ဖြစ်ပါတယ်။


--
Posted By အောင်မျိုးကျော်

ရန်ကုန်မှာ လုံခြုံရေး စိုးရိမ်တဲ့ အတွက် ရခိုင်ကျောင်းသားတွေ အိမ်ပြန် *

Inbox
x







Narinjara News
ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ရန်ကုန်မြို့သို့ ပညာ ဆက်သင်ရန် လာရောက်နေကြသူ ရခိုင်မှ ကျောင်းသား ၈ ဦးအား လူအုပ်စု တစ်ခုမှ အနိုင်ကျင့် ထိုးကြိတ်သဖြင့် ပြဿနာ ဆက်လက် ဖြစ်ပွားမည်ကို စိုးရိမ်၍ ကျောင်းသားများမှာ မိမိနေရပ်သို့ ပြန်သွားကြသည်ဟု သူတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ သူတို့က ဆယ်တန်းအောင်ပြီး ရန်ကုန်မှာ ကျောင်းဆက်တက်ဖို့ လာကြတဲ့ ခလေးတွေပါ။ အသက် ၁၇ ၊ ၁၈ အရွယ် ကျောင်းသား ၃ ဦးနဲ့ မိန်းခလေးက ၅ ဦး ဖြစ်ပါတယ်။ သူတို့က ဒီလ ၆ ရက်နေ့ နေ့လည် ၂ နာရီမှာ အင်ယားကန်ဘောင် မြကျွန်းသာ အနီး မှတ်တိုင်မှာ လမ်းလျှောက်ပြန်လာတုန်း လူ ၈ ယောက်ပါ မွတ်ဆလင် အုပ်စု တစ်စုက ထိုးကြိတ်တာကို ခံခဲ့ရပါတယ်” ဟု သူတို့နှင့် နီးစပ်သူ ကိုသန်းဌေးက ပြောသည်။
သူတို့အား မထိုးကြိတ်မှီ မင်းတို့ တောင်ကုတ်ကလားဟု မေးကြောင်း၊ ယောင်္ကျားလေးများက တောင်ကုတ်က ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်နှင့် ပါလာသည့် တုတ်များနှင့် ယောင်္ကျားလေးများကို ၀ိုင်းရိုက်ကြသည်ဟု ဆိုသည်။
“ တောင်ကုတ်ကလား ဆိုပြီး မေးတယ်။ ဟုတ်တယ်လို့ ပြောတော့ သူတို့ကို ၀ိုင်းရိုက်ကြတယ်။ ယောင်္ကျားလေးတွေမှာတော့  နည်းနည်း ပွန်းပဲ့ ဒဏ်ရာ ရသွားတယ်။ နောက်တော့ အနီးအနားက ရဲတွေ ရောက်ရှိလာပြီး ရန်ပွဲကို ဖြန်ဖြေ ပေးတယ်။ နောက် အနီးအနားက ရပ်ကွက် လူကြီးတွေ ရောက်လာပြီး ပြဿနာကို ပြေလည်အောင် ဖြေရှင်း ပေးတယ်လို့ ပြောပါတယ်။ ရဲက ကလေးတွေကို တရားစွဲမလား မေးတော့ ကလေးတွေကလည်း ရန်ကုန်ရောက်တာ သိပ်မကြာသေးတဲ့ အပြင် တရားစွဲရင် တရားရုံး ရောက်မယ်၊ အလုပ်အကိုင်ပျက်မှာ စိုးရိမ်တော့ တရားမစွဲတော့ဘူးလို့ ပြောတယ်။ ရပ်ကွက် လူကြီး တွေကလည်း ပြဿနာ ကြီးထွားလာမှာကို စိုးပြီး ခလေးတွေကို ဖျောင်းဖျ ပြောဆိုပြီး အမြန် သူတို့နေတဲ့ နေရာကို ပြန်ပို့လိုက်တယ်လို့ ပြောတယ်။ နောက်ပိုင်းမှာ ရဲက အုပ်စုဖွဲ့ရိုက်တဲ့ မွတ်ဆလင်တွေဆီက လဘက်ရည်ဖိုးယူပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။
ရခိုင်ကျောင်းသား ကျောင်းသူ (၈)ဦးမှာ တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ရှိ အောင်ချမ်းသာလမ်းတွင် နေထိုင် နေကြသူများ ဖြစ်ကြသည်ဟု ဆိုသည်။ ကျောင်းသားများမှာ ကိုအာကာစိုး (တောင်ကုတ်)၊ သားကလေး (တပ်တောင်-အမ်း)၊ ကိုဖြူစိတ်ကေ (တပ်တောင်-အမ်း)နှင့် ကျောင်းသူများမှာ အမ်းမြို့နယ် တပ်တောင်မှ လွှင်မိုးသွှင်၊ ယမင်းစု၊ စုဒါလီ၊ နီနီဝင်းနှင့် စုစုမြတ် တို့ ဖြစ်ကြသည်ဟု သိရသည်။
သူတို့မှာ တက္ကသိုလ် မတက်မှီ ကွန်ပျူတာ သင်တန်း တက်ရောက်နေကြသူများ ဖြစ်ကြသည်ဟု ကိုသန်းဌေးက ပြောသည်။
အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် မိဘများမှာ နောက်ထပ် ပြဿနာ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ပြန်ခေါ်ရာမှ ယခုအခါ ကျောင်းသားများမှာ နေရပ်ဒေသသို့ ပြန်သွားကြပြီဟု သိရသည်။
တောင်ကုတ်မြို့မှ ကျောင်းသား မိဖ တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်အား အသေးစိတ် သိရှိနိုင်ရန် အတွက် ဖုံးဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။


--
Posted By အောင်မျိုးကျော် t

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင် *

Inbox
x






စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင်
05:09  Myanmar Express Group  No comments

From : Narajia

စစ်တွေတွင်  ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့
လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင်လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ
တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော်
တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။


Photo by: Coral Arakan
“ အခု ဦးဇင်းတို့က ဦးဥတ္တမ ပန်းခြံကို ရောက်ရှိနေပါတယ်။ ရဟန်းတော်တွေက
၇၀၀နဲ့ ၁၀၀၀ ကြား လောက်မှာ ရှိမှာပါ။ လူကတော့ သောင်းချီပြီး ရှိမယ်
ထင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့  သံရုံးရှိရာ အနောက်စံပြ ရပ်ကွက်ကနေ
လမ်းမကြီးတလျှောက် လူတွေ ပြည့်နေပါတယ်။ အခု ငြိမ်းချမ်းစွာဘဲ
လိုလားချက်တွေကို တောင်ဆို ဆန္ဒပြနေကြရပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ
ဆရာတော် ဦးပညာဇောတက ပြောသည်။
ဦးဇင်းတို့ တောင်းဆိုတာက “  OIC ကို မြန်မာပြည်မှာလည်း အလိုမရှိ၊
ရခိုင်ပြည်နယ် အတွက်လည်း အလိုမရှိ၊ ငြိမ်းချမ်း ယှဉ်တွဲ အတူနေထိုင်ရေး
အတွက် အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်တွေကို မြို့ပြင်သို့
ပြောင်းရွှေ့ပေးပါ၊ ဘင်္ဂလာဒေခ်ျ့ရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို
ကာကွယ်ပေးပါ၊ (၅) တရားမ၀င် ဘင်္ဂလီ ကိစ္စနှင့်ပတ် သက်၍ ပြတ်ပြတ်သားသား
မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီးအား ထောက်ခံအပ်ပါသည် ဆိုပြီး အချက်
၅ ချက် တောင်းဆိုပါတယ်” ဟု သူက ပြောသည်။
OIC ကို ကန့်ကွက်ရခြင်းနှင့် ပတ်သက်ပြီးလည်း ဆရာတော်က ယခုလို မိန့်ကြားသည်။
“ OIC က နိုင်ငံခြား အဖွဲ့အစည်းလေ။ မွတ်ဆလင်နိုင်ငံတွေက အဖွဲ့အစည်းလေ။
သူတို့က ဒီနိုင်ငံမှာ ဘာမှ ၀င်ရောက် လုပ်ကိုင်စရာ အကြောင်း မရှိဘူး။
အခုလို ရုံးလာဖွင့်တယ်ဆိုတော့ ပြည်တွင်းရေး ကိစ္စကို ၀င်စွက်ဖက်တာ
ဖြစ်ပါတယ်။ အခု ဖြစ်တာက ပြည်တွင်းရေး ကိစ္စတယ်။ ဒါကြောင့် ခုလို
ဝင်စွက်ဖက်တာကို ဦးဇင်းတို့က လုံးဝ ဆန့်ကျင် ကန့်ကွက်ပါတယ်” ဟု
ပြောဆိုသည်။
ယခုအခါ ပြည်သူများမှလည်း OIC အလိုမရှိ၊ အင်ဘာလာကို ရွှေ့ပေးပါ စသော
ကြွေးကြော်သံများကို ကြွေးကြော် ကာ ဆန္ဒပြနေကြသည်ဟု သိရသည်။
ညနေ ၄ နာရီထိ လူစု မကွဲသေးဘဲ ဆက်လက် ဆန္ဒပြနေကြကြောင်း၊
အာဏာပိုင်များမှလည်း တစ်စုံတစ်ရာ နှောင့်ယှက် မူများ မရှိသေးကြောင်း
ဆရာတော်က မိန့်ကြားသည်။

အာနိသင်ထက်တဲ့ ရေနွေးကြမ်း မသောက်သင့်တဲ့ အချိန်


ဝမ်းတွင် အစာမရှိလျှင် အခါးရည် (လက်လက်ရည်ကြမ်း) သောက်သင့်မသောက်သင့်

Tea လို့ခေါ်တဲ့ လက်ဖက်ရွက်မှ ရရှိတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်များကို လူတို့ တော်တော်များများ သုံးဆောင် လေ့ရှိပါတယ်။ အချို့ ကျတော့ အိပ်ယာထတာနဲ့ လက်ဘက်ရည်ကြမ်းသောက်ကြပါတယ်။ အချို့ ကျ အစာစားပြီးမှ သောက်သလို၊ အချို့ ကျလည်း အစာမစားမီလည်း သောက်တတ်ပါတယ်။
လက်ဘက်ရဲ့  အဓိကလုပ်ဆောင်ချက်ကို သိထားရန်လိုအပ်ပါတယ်။ လက်ဘက်ဆိုတာ ကယ်လိုရီကို လင်မြန်စွာ လောင်ကျွမ်းစေတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အခါးရည်သောက်ရင် အဆီကျတယ်လို့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။

လက်ဘက်ရည်ကြမ်းဟာ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အချိန်မှာ  မှီဝဲတာအကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဝမ်းထဲအစာမရှိလျှင် မသောက်သုံးသင့်ပါ။ဖြစ်စဉ်ကဒီလိုပါ။

 ဝမ်းထဲမှာ အစာမရှိပါ။ သောက်လိုက်သော လက်ဘက်ရည်က ဝမ်းထဲသို့ဝင်သည်။ ဝမ်းထဲတွင် အစာခြေဖျက်ရန် စောင့်ဆိုင်းနေသော Gastric အက်ဆစ်နှင့် အခြားသောအက်ဆစ်များနှင့် လျင်မြန်စွာဓာတ်ပြုသည် ထိုအခါ ခြေဖျက်စရာ ကယ်လိုရီ အဟာရဓာတ်မရှိသည့်အတွက် ဝမ်းထဲတွင် ရှိသော အက်ဆစ်နှင့် ဓာတ်ပြုပြီး အခြားနေရာများသို့လည်း ပြန့်ကျဲသည် အကျိုးဆက်အားဖြင့် မအီမလည်၊ မသက်မသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဓာတ်မတည့်၍ ယားယံခြင်း၊ ခြေလက်များ ဖောယောင်လာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်ပဲ လက်ဘက်ရည်ကို နှစ်လရှည်စွာ ဝမ်းထဲမရှိပဲ စွဲသောက်ပါက ဖြစ်လာမည့် အကျိုးဆက်က အထက်ဖော်ပြပါထက် ပိုနိုင်ပါသည်။ ထို့ကြောင့် ဆေးပညာရှင်များက ဝမ်းထဲတွင် အစာမရှိလျှင် လက်ဘက်ရည်ကြမ်း (Tea) မသောက်ရန် တိုက်တွန်းထားကြောင်း သိရသည်။
Ref:GreatHorseTea
source>>>http://natureenergycare.blogspot.com/2012/10/blog-post_8.html#more

၁ လအတွင်း သမ္မတထံ တိုင်စာပေါင်း ၁၀၀၀ ကျော် ရောက်ရှိ *

Inbox
x







DVB
နိုင်ငံတော်သမ္မတထံ တိုက်ရိုက်စာရေးသားပေးပို့နိုင်တဲ့ သမ္မတရုံးဝက်ဘ်ဆိုဒ် က ပြည်သူ့အသံ ကဏ္ဍကို ဖွင့်လှစ်ခဲ့ပြီး တလလောက်အကြာမှာ စာပေါင်း ၁၀၀၀ ကျော် ရောက်ရှိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတရုံးဝက်ဘ်ဆိုဒ်က ပြည်သူ့အသံကဏ္ဍကို ဖွင့်လှစ်ထားရာမှာ သမ္မတရုံးအဖွဲ့က စိစစ်တွေ့ရှိရသလောက် သမ္မတထံ ပေးပို့လာတဲ့ စာတွေထဲမှာ တိုင်စာ၊ ပစ်စာတွေအပြင် အခုနောက်ပိုင်းမှာ ပြည်ပရောက်မြန်မာတွေထံက အကြံပြုစာတွေ အလာများတယ်လို့ ဆိုပါတယ်။
တိုင်စာနဲ့ ပစ်စာတွေထဲမှာ ဌာနဆိုင်ရာတွေရဲ့ မတော်မတည့်တဲ့ လုပ်ရပ်တွေကို ရေးသားဖော်ပြ ထားတာများပြီး အကြံပြုစာတွေကတော့ တိုင်းပြုပြည်ပြု ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာတွေက အင်္ဂလိပ်လို ရေးသားပေးပို့ အကြံပြုထားကြတာလို့လည်း ဆိုပါတယ်။
ဒီစာတွေနဲ့ ပတ်သက်ပြီး သမ္မတရုံးရဲ့ အရေးယူတုံ့ပြန်ဆာင်ရွက်ပုံကို ဦးဇော်ဌေးက “ဒါနဲ့ပတ်သက်ပြီး တာဝန်ပေးတာက သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ရှိပါတယ်။ စိစစ်ပြီး စိစစ်တယ်ဆိုတာက အချက်အလက်ပြည့်စုံမှုရှိ မရှိ အဲပေါ်မူတည်ပြီး တင်ပြပါတယ်” လို့ ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမှာ ဒီကိစ္စ ကိုင်တွယ် ဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက်ဗဟုဖွံ့ဖြိုးရေးအဖွဲ့က သုတေသီ ဦးအောင်သူငြိမ်းက အခုလို ပြောပါတယ်။
“ကျနော်သိသလောက်တော့ မွန်ဂိုလီယားမှာ သမ္မတဖြစ်တဲ့သူက ကျနော့်တို့အရင် ကျောင်းတက်တုန်းက သူငယ်ချင်း။ သူသမ္မတဖြစ်တဲ့အခါ ဘာလုပ်လဲဆိုတော့ သူ့အီးမေးလ်ကို တနိုင်ငံလုံးက လူတွေကို ပေးလိုက်တယ်။ အကြံပေးချင်ရင် သူ့ကိုပေး ဒါမျိုးရှိပါတယ်။ နိုင်ငံတော်တော်များများမှာတော့ လူတွေပြောချင်တာတိုင်ချင်တာရှိရင် အဆင့်ဆင့်တိုင်လို့ရတဲ့ စနစ်မျိုးလုပ်ထားပေးတာရှိတယ်။ အရေးယူတာမျိုးလည်း ရှိတယ်။ ထိုင်းနိုင်ငံမှာဆိုရင် အုပ်ချုပ်ရေးဘက်က မှားယွင်းတာတွေဆိုရင် အုပ်ချုပ်ရေးဆိုင်ရာ တရားခုံရုံးဆိုတာရှိတယ်။ အနောက်နိုင်ငံတွေမှာဆိုရင် အုပ်ချုပ်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ တရားမမျှတတာ၊ မကျေနပ်တာ ပြောစရာရုံးတွေရှိပါတယ်။ သူတို့က တိုက်ရိုက်အရေးယူကိုင်တွယ်ခွင့်တော့ မရှိဘူး။ သူတို့က တနှစ်လုံးလာတဲ့ အစီရင်ခံစာတွေကို ကြည့်ထားတယ်။ နှစ်ကုန်လို့ အစီရင်ခံစာတွေပြန်ကြည့်တဲ့အခါ လိုအပ်တဲ့ဌာနတွေကို ပြန်ပြီး အကြံပြုစာတွေ ရှိတယ်။ ၀န်ကြီးချုပ်ရုံးတို့၊ သမ္မတရုံးတို့ကို ပြန်ပေးတာလည်းရှိတယ်။ ဒါပေမယ့် ထိုင်းမှာတွေ့တဲ့ အုပ်ချုပ်ရေးဆိုင်ရာခုံရုံးကတော့ တခါတည်း စီရင်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိတာ တွေ့ရပါတယ်။”
နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုဒ်ကို ပြီးခဲ့တဲ့ဇွန်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သမ္မတနဲ့ ဒုတိယ သမ္မတရဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ပေးထားပါတယ်။ ပြည်သူ့အသံကဏ္ဍကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။


--

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ


ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

by NANG KHA YEA on 10.10.2012

တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။


၁။ နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ အက်စစ်ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ်လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

၂။ မွေးမြူရေးကြက်ဥ

 မွေးမြူရေးကြက်ဥတွေမှာ ပဋိဇီဝဆေးဝါးတွေ၊ ဟော်မုန်းတွေ၊ ပိုးသတ်ဆေးတေ၊ ဆာမိုနဲလားနဲ့ တခြား ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်တတ်ပါတယ်။ အကယ်၍ ကြက်ဥ စားတော့မယ်ဆိုရင် အိမ်မွေးကြက်ဥနဲ့  သြဂဲနစ်နည်းပညာနဲ့ မွေးမြူထားတဲ့ ကြက်ဥတွေကို စားပါ။

၃။ မာဂျရင်းနှင့် ထောပတ်

မာဂျရင်းမှာ ထပ်ပြန်ကြော်ဆီတွေနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ထောပတ်မှာ တိရစ္ဆာန်မှရရှိတဲ့ ပြည့်ဝဆီတွေ အများအပြား ပါဝင်တာကြောင့် နှလုံးကို ပျက်စီးစေနိုင်ပါတယ်။ နှစ်မျိုးစလုံးမှ ကယ်လိုရီ အများအပြား ရရှိနိုင်ပြီး သွေးတွင်းကိုလက်စထရော အဆင့်ကိုလည်း မြင့်မားစေနိုင်ပါတယ်။

၎။ မေရိုးနိစ်

မေရိုးနိစ်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပိစပ်အဆီတွေ ပါဝင်ပါတယ်။ သုတေသနပြုလုပ်ချက်အရ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အစားအစာတွေဟာ မြုံတာ၊ မွေးကင်းစကလေး သေဆုံးတာတို့နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မေရိုးနိစ်ရဲ့ သွင်ပြင်သဏ္ဌာန်ဟာလည်း အဆီအခဲပျစ်ပျစ်တွေနဲ့ တူညီနေတာမို့ အဆီပါဝင်မှု များပြားနေမယ်ဆိုတာ အမှန်အကန်ပါ။ ဒီအစာတွေ စားတာကြောင့် ခန္ဓာကိုယ်မှာ အဆီစုဆောင်းမှုတွေလည်း များပြားနိုင်ပါတယ်။

၅။ Ketchup (ဆော့စ်အမျိုးမျိုး)

Ketchup တွေမှာ ဖရုတို့စ် ပါဝင်မှုများတဲ့ ပြောင်းဖူးအချိုရည်  (High-frutose corn syrup, HFCS) နဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ သစ်သီးတွေမှာ HFCS ဟာ  အနည်းငယ် ပါဝင်ပေမယ့် သူတို့မှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ပါဝင်တာမို့ ခန္ဓာကိုယ်တွင်းမှာ ဖရုတို့စ်ကို ထိရောက်စွာ ချေဖျက်နိုင်ပါတယ်။ HFCS ပါဝင်မှု များပြားတဲ့ အစားအစာတွေကိုမူ အသည်းမှ ချေဖျက်နိုင်စွမ်း အရမ်းခက်ခဲသွားပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတာ၊ ထရိုင်ဂလစ်စရိုက်အဆင့် မြင့်မားတာ အစရှိတဲ့ ပြဿနာတွေအပြင် ခန္ဓာကိုယ်မှ အစာစားချင်စိတ်ကို အချက်ပြတဲ့ စနစ်တွေပါ ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ Metabolic Syndrome  ဖြစ်နိုင်ခြေလည်း မြင့်မားသွားပါတယ်။

၆။ စူပါမားကက်ရှိ ဟင်းရွက်သုပ်ရာတွင် ထည့်သောပစ္စည်း (Salad Dressings)

ဒီ Dressings တွေမှာ ဓာတုပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေ၊ သကြား၊ HFCS ၊ နို့ထွက်ပစ္စည်းနဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အစာတွေ ပါဝင်ပါတယ်။ ရှလကာရည်၊ သံလွင်ဆီနဲ့ ဟင်းခတ်အမွေးအကြိုင်တွေကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်တွေနဲ့ သုပ်စားပါ။

၇။ အသားလွှာ

အဆီပါဝင်မှုနည်းတဲ့ အသားလွှာမှာတောင် ပါဝင်တဲ့ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ အသားလွှာတွေ ပါးစပ်ထဲမှာ အလွယ်တကူ ပျော်ဝင်သွားစေနိုင်ဖို့ ဆား၊ သကြားနဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုရလို့ပါ။ တာရှည်ခံပစ္စည်းနဲ့ အရောင်ဆိုးပစ္စည်းတွေကိုလည်း အသုံးပြုထားပါတယ်။

၇။ ပြုပြင်ထားသည့် အသားများနှင့် ဝက်ပေါင်ခြောက်

ဝက်အူချောင်းနဲ့ ဝက်ပေါင်ခြောက်လိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ လေ့လာမှုတစ်ခုအရ ပြုပြင်ထားတဲ့ အစာတွေ စားတာကြောင့် မုန့်ချိုအိတ်ကင်ဆာဖြစ်နှုန်း ၆၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

၈။ ဒိန်ချဉ်

ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်ဟာ ပိုးသတ်ထားတဲ့ နို့နဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူ့မှာ Lactose နဲ့ Casein တွေအပြင် နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ အရာတွေအားလုံး ပါဝင်ပါတယ်။

၉။ တိုဟူး

အသားကို စားမယ့်အစား တိုဟူးကို စားမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရနိုင်တယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ တိုဟူးဟာ ပဲပိစပ် ထုတ်ကုန်တစ်မျိုးပါ။ အမေရိကန်မှ ထုတ်လုပ်တဲ့ ပဲပိစပ်တွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ မျိုးရိုးဗီဇ ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲပိစပ်ဟာ တချို့ ကင်ဆာရောဂါ၊ သိုင်းရွိုက်ရောဂါ၊ မြုံတာ အပါအဝင် ကျန်းမာရေးပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာတွေ စားပေးရင် အသားဓာတ်ကို အများအပြား ရရှိနိုင်ပါတယ်။

၁၀။ ဖျော်ရည်

ဖျော်ရည်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်ပြီး ကယ်လိုရီ အများအပြားလည်း ပါဝင်တာမို့ သွေးတွင်း သကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်တဲ့အပြင် အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ စူပါမားကက်မှာ တင်ရောင်းထားတဲ့ ဖျော်ရည်တွေဟာ ပိုးသတ်ထားတာတွေ ဖြစ်တာကြောင့် အာဟာရဓာတ်တွေ အများအပြား ဆုံးရှုံးပြီးသား ဖြစ်ပါတယ်။

၁၁။ ဆော်ဒါ

ဆော်ဒါဟာ ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်ကို ဖြစ်စေတဲ့အပြင် သူ့မှာလည်း HFCS တွေ အများအပြား ပါဝင်ပါတယ်။ Diet ဆော်ဒါမှာ ဆေးသကြားတွေ ပါဝင်တာကြောင့် အဲဒီနှစ်မျိုးစလုံးဟာ ကိုယ်အလေးချိန် ပြဿနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရေခဲသေတ္တာအတွင်း ထည့်သင့်သည့် အစားအစာများ

- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံများ
- သြဂဲနစ် သစ်သီးများ
- ရှလကာရည်
- သြဂဲနစ် ကြက်ဥ
- ဗာဒံစေ့
- ထောပတ်သီး
- ပဲအမျိုးမျိုး
- လတ်လတ်ဆတ်ဆတ် အသားများ

ဒေါက်တာခင်မိုးမိုး
Ref:Good Health
Source: http://news.yatanarpon.com.mm/news/review-66824
shared by>>>http://natureenergycare.blogspot.com/2012/10/blog-post_2078.html#more

မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့သားမယား ပြုကျင့်သူများအား ဖမ်းဆီးရမိ


၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက် ည ၉ နာရီ ၅ မိနစ်တွင် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ ဦးချစ်ဆွေ၏ ရာဘာခြံဝင်း

အတွင်းရှိ နေအိမ်တွင် နေထိုင်သော ဒေါ်----- (၄၀)နှစ် (ဘ) ဦးဖုန်းငို၊ ရာဘာခြံ အလုပ်သမသည် သား(၂)ဦး၊ အမီး(၃) ဦးတို့ နှင့် အတူ အိပ်ပျော်နေစဉ် နေအိမ်ပေါ်သို့ လူတက်လာသံကြား၍ လန့်နိုးပြီး ကြည့်ရှုရာ နေအိမ်ပေါ်၌ အမည် မသိလူ (၁) ဦး၊ နေအိမ်

အနောက်ဘက်တွင် အမည်မသိ လူ(၂)ဦး၊ နေအိမ် အရှေ့ဘက် ထိုင်ခုံတွင် မျက်နှာအား ပုဆိုးစည်း ထားသော လူ(၁)ဦး၊ ရာဘာခြံ အပြင်ဘက်တွင် အမည်မသိ လူ (၂) ဦး၊ ပေါင်း (၆) ဦးအား ဓားကိုယ်စီ ကိုင်ဆောင် ထားသည်ကို တွေ့ရှိခဲ့ပြီး လူ (၃) ဦးမှာ ဒေါ်------နှင့် သမီးအကြီး ဖြစ်သူ ------- (၁၄)နှစ်၊ (ဘ) ဦးသန်းလွင်၊ ရာဘာခြံ အလုပ်သမ (၂) ဦးတို့ အား ဒေါ်------၏ နေအိမ် အနောက်ဘက်တွင် ရှိသော ဒေါ်------- (၃၀) နှစ် (ဘ) ဦးတင်ထွန်း၊ ရာဘာခြံ အလုပ်သမ၏ နေအိမ်သို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

၂။  ဒေါ်-------၏ နေအိမ်သို့ ရောက်ရှိသောအခါ နေအိမ် အတွင်း ခင်ပွန်းဖြစ်သူ ဦးချစ်ဝေ၊ ကလေးငယ် (၂) ဦးနှင့် အိပ်ပျော်နေစဉ် အဆိုပါ လူ(၃)ဦးမှ တံခါးအား တွန်းဖွင့်ပြီး “အိမ်ရှင် တို့ ထကြထကြ” ဟု အော်နှိုးခဲ့ သဖြင့် ဦးချစ်ဝေမှ သောင်းကျန်းသူအဖွဲ့ဟု ထင်မှတ်ကာ ထွက်ပြေး သွားခဲ့ပြီး ဒေါ်------နှင့် ဒေါ်------တို့ သားအမိအား ”ပိုက်ဆံပေး ရင်ပေး၊ မပေးရင် လူခေါ်သွားမည်” ဟု ပြောဆိုသဖြင့် ဒေါ်-----မှ

ပိုက်ဆံ ချေးပေးမည်ဟု ပြောပြီး ခြံအပြင်သို့ ထွက်ခွာသွားခဲ့ရာ လူ(၁)ဦးမှ ဒေါ်----၏ နောက် လိုက်သွား ခဲ့ကြောင်း၊ ကျန်လူ (၂)ဦး အနက် (၁)ဦးမှ ဒေါ်------အား ခဏလိုက်ခဲ့ဦး ဟုပြောကာ ရာဘာခြံ အပြင်ဘက်သို့ ခေါ်ဆောင်သွား ခဲ့ပြီး ခြံဝတွင် သားမယား အဖြစ် (၁)ကြိမ် ပြုကျင့်၍ ၎င်းလူနှင့် ရာဘာခြံ
အပြင်ဘက်တွင် စောင့်နေသူ (၂)ဦးတို့မှ ပေ ၁၀၀ ခန့် ဝေးသော လမ်းကြား တစ်ခုသို့ ခေါ်ဆောင် သွားခဲ့ပြီး

ပထမ ပြုကျင့်သူနှင့် ရာဘာခြံ အပြင်ဘက်တွင် စောင့်နေသူ (၂)ဦး အနက် (၁)ဦး တို့မှ သားမယားအဖြစ် တစ်ကြိမ်စီ ပြုကျင့်ကာ ကျန် လူတစ်ဦးမှ ရာဘာခြံနှင့် (၂) ဖာလုံခန့် ဝေးသော လယ်တဲ တစ်ခုသို့ ခေါ်ဆောင် သွားခဲ့ပြီး သားမယား အဖြစ် (၁) ကြိမ် ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

၃။  ဒေါ်-----မှ နေအိမ်သို့ ပြန်ရောက်လာစဉ် ၎င်း၏ နောက်လိုက်လာသူ (၁) ဦးနှင့် ဒေါ်------ ၏ နေအိမ်တွင် ကျန်ရှိနေသူ (၁)ဦး တို့မှ မ------- အား ရာဘာခြံ၏ တောင်ဘက် (၁) ဖာလုံခန့် အကွာ လမ်းဘေး သစ်ပင်အောက် နေရာသို့ ခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့ (၂)ဦးမှ မ-------၀တ်ဆင် ထားသော ဘောင်းဘီရှည်အား ခ္မျတ်၍ သားမယား အဖြစ် (၁) ကြိမ်စီ ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

၎။  အထက်ပါ အမှုနှင့် ပတ်သက်၍ အမည်မသိ တရားခံ (၆) ဦးအား ဖမ်းဆီးရ မိရေး အတွက် သတင်းရယူ စုံစမ်းခဲ့ရာ အောက်တိုဘာ ၄ ရက် ညနေ ၃ နာရီ အချိန်တွင် မသင်္ကာဖွယ် တရာခံ ခေါဇုန်း (၁၉)နှစ် (ဘ) ဦးတိခေါ၊ ရာဘာခြံ လုပ်သား၊ အမှတ် (၃။၂၁၄)၊ တြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့ နေသူအား ဖမ်းဆီး ရမိခဲ့ပြီး အမှတ် (၁) ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့ရာ ၎င်း၏ အစ်မဖြစ်သူ မယောဆွေနှင့် အခင်းဖြစ် ရာဘာခြံဝင်း အတွင်း နေထိုင်သူ ကိုသူ (ခ) ကျော်မင်းသူ၏ တို့ ချစ်ကြိုက် နေကြောင်း သိရှိရသဖြင့် သဘော မတူ၍ အပေါင်းအပါ (၇) ဦးအား ခေါ်ဆောင်ကာ ကိုသူ(ခ) ကျော်မင်းသူအား ထိုးကြိတ်ရန် ရည်ရွယ်ချက်ဖြင့် ရာဘာခြံဝင်းသို့ သွားရောက်ခဲ့ရာမှ ပြစ်မှုများ ကျူးလွန် ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်ရာတွင် ၎င်းနှင့် အတူ အောက်ပါ (၇) ဦး ပါဝင်ကြောင်း သိရှိရသည်။

(က)   မာနော်(ခ) ထွယ်နန်လီအောင် (၁၈)နှစ်၊ (ဘ) ဦးထွယ်ဆိုင်၊ တောင်သူ၊ ရာဒါကောင်း (အေ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့။

( ခ)    တူးခေါန်(၃၅)နှစ်၊ (ဘ)ဦးဇော်ရိန်၊ တောင်သူ၊ ရာဒါကောင်း (အေ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ မြစ်ကြီးနားမြို့။

( ဂ)    ဇုန်းတိန့် (၂၀) နှစ်၊ (ဘ) ဦးခေါဇုန်း၊ (အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။

(ဃ)   ဘွမ်ဆောင်(၂၀) နှစ်၊ (အဘအမည်၊ အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။
( င)    ယောဘွမ် (၂၀) နှစ်၊ (အဘအမည်၊ အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။
( စ)    ဘွမ်ယိန်း (၂၀) နှစ်၊ (ဘ) ဥိီးဘောမ်ယိန်း၊ (အလုပ်အကိုင်၊ နေရပ် စိစစ်ဆဲ)။
(ဆ)   ဘွမ်ချန်း (၂၀) နှစ်၊ (အဘအမည်၊ အလုပ်အကိုင်၊နေရပ် စိစစ်ဆဲ)။

၅။  စစ်ဆေး ဖော်ထုတ် ရရှိသော တရားခံများအား သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်းစုံစမ်း ဖမ်းဆီး ဆောင်ရွက်လျက်ရှိရာ ညနေ ၇ နာရီအချိန်တွင် ထူးခေါန်နှင့် ဓာနော်(ခ) ထွယ်နန်လီအောင်တို့

(၂)ဦးအား ထပ်မံ ဖမ်းဆီးရ မိခဲ့ပြီး ကျန်တရားခံများ ဖမ်းဆီး ရမိရေး ဆက်လက် စုံစမ်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

လုံခြုံမှုအတွက် မျှော်လင့်နေကြရသည့် အဆောင်သူလေးများဘဝ


အပျိုကြီးဖြစ်၍ ဇီဇာကြောင်သည်ဟု 
အများက သတ်မှတ်ခြင်းခံရသူ ဒေါ်ကြည်
မှာ အလုပ်ကြောင့် မောက်မာသည့်ပုံ
 ပေါက်နေသည်။ မတစ်ရာ သမီးတွေကို


အုပ်ချုပ်နေရသူဖြစ်ခြင်းကြောင့် ယခုလို မျက်နှာပေါက်တင်းနေရခြင်းဖြစ်ဟန်
တူသည်။

"အဆောင်မှာက နှစ်ရှည်ပြီး အလုပ်လုပ်တဲ့သူတွေ များလာတယ်။ အရင်တုန်းက ကျောင်းသူတွေ သင်တန်း လာတက်တဲ့ကောင် မလေးတွေ အတွက် ရည်ရွယ်ပြီးဖွင့်တာ။  တချို့ကျတော့ ကျောင်းပြီး သွားလို့ အလုပ်လုပ်ဖို့ ဆက်နေတဲ့သူတွေ လည်းရှိတော့   နောက်ပိုင်းမှာ လှည်းတန်းလိုနေရာမျိုးတွေမှာ အဆောင်တွေက ပိုများလာတာ။ သူတို့ကို ကိုယ့်ညီမ၊ သားသမီးလို ချစ်တော့ အမြဲဆို ဆုံးမနေရ တယ်။ ဟု ဒေါ်ကြည်က ဆိုသည်။
 ရန်ကုန်မြို့ ကမာရွတ်လှည်းတန်းရှိ လမ်းမတိုင်းလိုလိုတွင် အမျိုးသား/အမျိုးသမီးအဆောင်များ တစ်နှစ်ထက် တစ်နှစ်တိုးမြင့်လာသည်ကို တွေ့နေရသည်။

လှည်းတန်းအဆောင်အသိုင်းအ၀ိုင်း၌ အမျိုးသမီးဆောင်အနီးပတ်ဝန်းကျင်တွင် ယောင်္ကျားလေး ဆောင်များထက် လူပိုစည်ကား တတ်ပြီး၊ မိန်းမလှလေးများ စုဝေးရာ အဆောင်ရှိ ညနေခင်းများဆိုလျှင်  ကိုလူပျိုတို့က လျှောက်ပြန်သံပေး၊   ခေတ်ပေါ်၂သိန်းတန် ဖုန်းတွေနဲ့ ဟန်ထုတ်ရှိုးပြထိုင်စောင့်ခြင်းများ နှင့် လက်ဘက်ရည်ဆိုင်ထိုင်၊ ထမင်းကျွေးစသည့်လူမှုကိစ္စများနှင့့်  ည(၁၀)နာရီဝန်းကျင်အထိ စည်ကားလေ့ရှိ သော အဆောင်လမ်းများပင်။

အချို့အဆောင်နေ မိန်းကလေးများမှာ သူငယ်ချင်းအိမ်တွင်သွားအိပ်မည်ဟု အဆောင်မှူးကိုပြော၍ ကလပ်တက်တာ   ယောင်္ကျားလေးသူငယ်ချင်း နောက်လေ့ရှိသူများလည်း ရှိနေသည်ဟု သိရသည်။
နယ်မှလာပြီး ကျောင်းတက်၊ အလုပ်လာလုပ်ကြသည့် မိန်းမငယ်များ၏ ရပ်တည်မှုဘ၀အခြေအနေ ကျန်းမာရေး၊ လုံခြုံမှုတွေကို လှည်းတန်းရှိ အနီရောင်အဆောင်ကြီးမှာနေသော အဆောင်နေ အမျိုးသမီးတစ်ဦးက ယခုလို ဆိုသည်။
"အမျိုးသမီးတစ်ယောက်အတွက် ရေချိုးတာက လုံခြုံမှုမရှိရင် အခက်အခဲအများကြီးဖြစ်စေတယ်၊ ပြဿနာက ရေချိုးတဲ့နေရာက အကာပဲရှိတယ်။ အမိုးမရှိဘူး ဘေးကတိုက်တွေမှာ ယောက်ျားလေး အဆောင်တွေရှိတယ်၊ ရေချိုးတိုင်းလဲ ခပ်သွက်သွက်နဲ့ချိုးရတယ် အထပ်မြင့်က ယောက်ျားလေး တွေရဲ့ အကြည့်တွေက အချိန်မရွေး ကျရောက်လာနိုင်တယ်။"ဟု သူမက ပြောသည်။

အင်တာနက်လူမှုရေးကွန်ယက်များတွင် အမျိုးသမီးများ ရေချိုးနေသည့်ပုံ တက်မည်ကို စိုးရိမ်သဖြင့် ပူပန်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

မြန်မာအမျိုးသမီးအများစုသည် ကိုယ့်ကျင့်သိက္ခာ၊ အရှက်တရားကို လေးစားတဲ့အတွက် လုံခြုံတဲ့ ရေချိုးခန်းရှိနေစေချင်သည်ဟု အဆောင်နေသူ မနွေဦးက ပြောသည်။
 အဆောင်နေကျောင်းသူတစ်ဦးဖြစ်သည့် မမယ်လေး၏ ချစ်သူမောင်က ၎င်း၏ ရည်းစားအား အဆောင်နေကျောင်းသူ ဘ၀နှင့် ရေရှည်ထားရန် စိတ်ကူးမရှိကြောင်း သိရသည်။
 “ ကျွန်တော်ကတော့ မယ့်အတွက် စိတ်ပူတယ်ဗျ။ အဆောင်ဈေးက ဈေးကြီး၊ လုံကမလုံခြုံ။ သူစိတ် ညစ်ပြီး ပေါက်တက်ကရ လုပ်မှာ ကျွန်တော် စိုးရိမ်တယ်။ သူ့ကို နယ်မှာပြန်ပြီး ကိုယ့်မိဘအိမ်မှာပဲ အေးအေးဆေးဆေး နေစေချင်တယ်။ဟု ကိုမောင်မောင်အေးက သက်ပြင်းအဆုံး စကားအဆုံး ပြောသည်။
 ဆက်လက်၍ တိုက်ချင်းကပ်၊ ထရံချင်းကပ်ဖြစ်နေသည့် အဆောင်များ၏ဖွဲ့စည်းမှုကြောင့် ချစ်သူအတွက် တစ်နေ့မှ ရတက်မအေးနိုင်ကြောင်းကိုလည်း သူက ဆက်ပြောသည်။
 လူငယ်များအနေဖြင့် တိုးတက်ချင်စိတ်တစ်ခုတည်းနှင့် ရန်ကုန်သို့ လာရောက်ခိုနားခြင်းဖြစ်သော် လည်း ၄င်းတို့တွင် ဈေးသက်သာ သည့်အဆောင်များ၌သာ ကိုယ်နဲ့ မသိသည့် အစိမ်းသက်သက် သူငယ်ချင်းများနှင့် စုဖွဲ့နေရခြင်းမျိုးသည်။

လှည်းတန်း(၇)လမ်းနှင့် (၆)လမ်းကြားရှိ တိုက်မြင့်တွေကြား နှစ်ထပ်အိမ်ကြီးတစ်လုံးတွင် မိန်းကလေး အယောက်(၅၀)၀န်းကျင်က အဆောင်သူတွေအဖြစ်နဲ့ (၆ပေ×၄ပေ)အခန်းတွေအကြား စုဝေးနေထိုင် ကြသည်။

တစ်ယောက် အင်္ကျံလဲနေရင် နောက်တစ်ယောက်က အခန်းပြင် စောင့်နေရသည်ထိ အခန်းကျဉ်း လွန်း လှတယ်။ အဆောင်ကြေးကလည်း ဈေးကြီးတယ်။ တစ်ယောက်ကို နှစ်သောင်းခွဲ ပေးနေရ သလို ရေဖိုးနဲ့ မီးမီတာဖိုးတွေ အတွက်လည်း ထပ်ပေးရတယ်ဟု အဆောင်သူမီးမီးက  ညည်းတွား ရင်း ပြောသည်။
 အဆောင်သူအများစုမှာ စတိုးဆိုင်၊ အထည်ဆိုင်၊ ဆေးအရောင်းစားရေး၊ အသေးစားကုမ္မဏီဝန်ထမ်း စသည့် အလုပ်တွေကို လုပ်ကိုင်မှုများပြီး အခြေခံလစာ ကျပ် ၄ သောင်း ကနေ  ၁ သိန်း ၂ သောင်း ရရှိသူများကြောင်းနှင့် အဆောင်လစာနှင့် နေထိုင်မှုစရိတ်တွေကြောင့်လည်း သူတို့တတွေမကြာခဏ စိတ်ဖိစီးမှုတွေ ခံစားနေရလေ့ရှိသည်။
 စားစရိတ်၊ အဆောင်စရိတ်အပြင် အိမ်ကိုပါ တစ်ဖက်တစ်လမ်းက ငွေပို့ပေးနေရသူရသူများလည်း ရှိကြောင်း သိရသည်။
ဝင်ငွေ နဲ့မလောက်တော့ ယောင်္ကျားလေး တော်တော်များများနဲ့ ပတ်သတ်တတ်လာတယ်။ ဒဲာဒီလို ပတ်သတ်ရင်းကနေ အဆောင်ရှင်ကလည်း လူပြောများလာတော့အဆောင်က ထုတ်လိုက်တာပေါ့။ မဇာက အဲ့ဒီမှာတင် စိတ်လေသွားပြီလေ။´ လို့ လှည်းတန်းအဆောင်တစ်ခုမှ အဆောင်မှူးတစ်ဦးက အဆောင်နေကျောင်းသူတစ်ယောက်အကြောင်း ပြောသည်။

လိုအပ်မှုများပြားနေသည့် အမျိုးသမီးငယ်များဘ၀တွင် မိန်းကလေးများအနေဖြင့် သက်သက်သာသာ အလုပ်မျိုးရှာကြံလေ့ရှိပြီး လုံလုံလောက်လောက်သုံးစွဲနိုင်သည့် ငွေကြေးရရှိမှုမျိုးအား သာယာလေ့ရှိ လာကြသည်။

`ကျွန်မရောက်ခါစတုန်းကဆို အရမ်းကို အံ့သြသွားတယ်။ ဒီလောက်ကျဉ်းမြောင်းတဲ့အခန်းတွေထဲမှာ အနံ့ပေါင်းစုံနဲ့ပြွတ်သိပ်ကြပ်နေတဲ့ ဘယ်လိုများနေနိုင်မှာလဲ ဆိုပြီး အိမ်ကိုတောင်ချက်ချင်းပြန် ပြေးချင် တဲ့ စိတ်ပေါက်တယ်။´ဟု အဆောင်နေပြည့်ဖြိုးက ပြောသည်။
 ၁၂ နှစ်ကြာ အဆောင်နေခဲ့သူ ဒေါ်မြင့်ကတော့ လွန်ခဲ့သော အဆောင်နေခဲ့တဲ့ ပင်ပန်းဆင်းရဲ ဘ၀ကို  ရှင်သန်လာပုံအား ပြန်ပြောင်း ပြောဆိုသည်။

`ကျွန်မဘ၀မှာ ရေကို ရောင်းစားရတဲ့အထိ နိမ့်ကျခဲ့ဖူးတယ်။  အဆောင်မှာနေတာဆိုတော့ လူမျိုးစုံ ရှိတယ်။ ကိုယ်ကအဆင်းရဲဆုံးလူဆိုတော့ ပတ်ဝန်းကျင်ကလူတွေက တစ်ခုခုပျောက်ရင်တောင် ကိုယ့်ကို မသင်္ကာတဲ့အကြည့်နဲ့ အရင်ကြည့်တာကို ခံရတယ်။ တစ်လလုံးနေလို့တောင် ငွေတစ် သောင်းကို တစ်ပြိုင်တည်း မကိုင်ဖူးခဲ့ဘူး။ ´ဟု ကြုံတွေ့ခဲ့ရသည့် ဘ၀ဖြတ်သန်းမှုအကြောင်း ပြောသည်။
 တစ်ချို့မိန်းကလေးများမှာ အဆောင်မှူးနှင့် အဆင်မပြေမှု၍ နေထိုင်အဆင်မပြေမှုများကြောင့် သုံးလလျှင် တစ်ခါလောက် အဆောင်ပြောင်းနေကြသူများလည်းရှိသည်။တစ်ချို့အဆောင်များ၏ အနေအထားမှာ မိန်းကလေးများအတွက် လုံခြုံမှုအင်မတန်နည်း၍ု ခဏခဏအဆောင်ပြောင်းရခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။
 `ကျွန်မအခန်းနဲ့ကပ်လျှက်ဟိုဘက်အခန်းက ယောက်ျားလေးတွေနေတဲ့ အခန်းဖြစ်နေတယ်၊ ယောက်ျားလေးတွေ ဆိုတော့ ပြောချင်ရာပြော အော်ချင်ရာအော်နေကြတာလေ၊ စိတ်အနှောင့်အယှက် ခဏခဏဖြစ်နေရလို့ အဆောင်ပြောင်းလိုက်တာ။´လို့ မသဇင်က ပြောသည်။
လခ အနည်းငယ်ကောင်းသူများက သူငယ်ချင်းများနဲ့ စုဝေးပြီး အိမ်ငှားနေကြသည်။
 `ကျွန်မတို့ဝင်ငွေတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က အိမ်လခနဲ့ ရေဖိုး၊ မီးဖိုးအတွက် သက်သက် ကုန်တယ်။ တစ်လစာ စားဖို့ ၀တ်ဖို့နဲ့ လူမှုရေးကိစ္စလေးတွေပါ တွက်ကြည့်လိုက်ရင်တော့ လခက လောက်တယ်လို့တောင် ကောင်းကောင်းမဆိုနိုင်ဘူး။´ လို့ တစ်လကို ၀င်ငွေတစ်သိန်းနှစ်သောင်း လောက်ရတဲ့ ကုမဏီဝန်ထမ်းတစ်ဦးဖြစ်သူ မဥမ္မာက ပြောသည်။
 အချို့ အမျိုးသမီးအဆောင်များမှာ မိသားစုကဲ့သို့ ဆက်ဆံသောနွေးထွေးမှုများကြောင့် ပိတ်ရက်များ၌ အိမ်မပြန်ချင်သော ကျောင်းသူများပင်ရှိကြောင်းသိရသည်။
သမီးတို့အဆောင်မှူးကတော့ လကုန်ချိန် အဆောင်ခမေးမဲ့သူရှိလားလို့ လာတောင်းတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန် ချစ်ဖို့ကောင်းတယ်၊ အဆောင်သူတွေကိုလည်း မိသားစုလိုဆက်ဆံတယ်ဟု ပဲခူးတိုင်းမှ အဆောင်သူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတစ်ခုဖြစ်သည့် လှည်းတန်းအနီးတစ်ဝိုက်မှာတင် အဆောင်နေ အမျိုးသမီး (၅၀၀)ကျော်လောက် ရှိနေသည်။ အဆောင်နေ အမျိုးသမီးများမှာ အစားဆင်းရဲ၊ အအိပ်ဆင်းရဲအနေဆင်းရဲပြီး သူတို့ဘ၀ရဲ့ ရည်မှန်းချက် အမြင့်ဆုံးပန်းတိုင်သို့ တစ်နေ့ပြီး တစ်နေ့ ရွေ့လျားရုန်းကန်နေကြရင်း လှည်းတန်းအဆောင်တန်းများ၌ ဆက်လက်၍
လူစည်နေပေဦးမည်။

ကလေးတစ်ယောက် သိန်း(၃၀)ပေးမည့် တရုတ်အမျိုးသားများ


ကျွန်တော်တို့တတွေ ဘင်္ဂလီကိစ္စကို အာရုံစိုက်နေတဲ့အချိန်မှာ ပြည်မကြီး
တရုတ်က ဓနအင်အားသုံးပြီး လူမျိုးရေးသွေးနှောမှုကို ပြောင်ပြောင်တင်းတင်း
ဖန်တီးနေပါတယ်..။

အဲဒီပြဿနာတွေကို Online မှာ ဘယ်သူတွေက အရေးတယူလုပ် ကန့်ကွက်နေကြပါသလဲ....။

ဘယ်သူတွေက ဖော်ထုတ်ရေးသားနေကြပါသလဲ...။

ဘယ်သူတွေက ဆန္ဒဖော်ထုတ်နေခဲ့ကြပါသလဲ...။

ဘယ်သူတွေက လွှတ်တော်မှာ တင်သွင်းကန့်ကွက် တားဆီးနေခဲ့ကြသလဲ...။
(သိတောင် သိကြရဲ့လား...ဒါမျိုး ကြားတောင် ကြားဖူးကြပါရဲ့လား)

နောင် အနှစ် နှစ်ဆယ်လောက်ကြာရင် ဒီ ကိစ္စကြီးကြောင့်ဖြစ်လာမယ့်
သွေးနှောမှုတွေ၊ ပေါက်ပွားလာမယ့် Motherless Child တွေနဲ့
လူမှုရေးရာကိစ္စတွေ ပြည်တွင်းကို ၀င်ရောက်လွှမ်းမိုးလာမယ့် အရေးကို
တွေးကြည့်ပြီး ရင်လေးမိတာတော့ အမှန်ပါပဲ..။


သေချာတာကတော့ .....

မင်းတို့ မြန်မာတိုင်းရင်းသူတွေ........ ငွေပေးရင် ကလေးတောင်မွေးပေးတယ်
ဆိုတဲ့ အချိုးမျိုး ချိုးနေတာတော့ ရင်နာတယ်ဗျာ...။


တရုတ်ကွန်မြူနစ်ခေါင်းဆောင် သမ္မတကြီးဦးသိန်းစိန်ကိုပြောတဲ့
ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေး နဲ့ မဟာဗျူဟာမြောက်ချစ်ကြည်ရေး
ဆိုတာကို......
သုံးသပ်ရင်းနဲ့ပဲ...............။
...................................................................................................

ကလေးတစ်ယောက် သိန်း(၃၀)ပေးမည့် တရုတ်အမျိုးသားများ
...................................................................................
မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက
ကလေးတစ်ယောက်မွေးဖွားပေးလျှင် သိန်း သုံးဆယ် ပေးမည်ဟု လိင်ပိုင်းဆိုင်ရာ
လူကုန်ကူးရန် စည်းရုံးမှုများ ခေတ်စားလာကြောင်း
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့က သိရှိရသည်။

“ကလေးတစ်ယောက် မွေးပေးရမယ်။ တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ သိန်းသုံးဆယ်
ရမယ်။ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု
လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီး ညွန့်လှိုင်က
ပြောသည်။

ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ
အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ နိုင်ငံမှအဆင့်မြင့် အရာရှိများ
အောက်တိုဘာလအတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီး
နှိမ်နင်းရေးအဖွဲ့မှ သိရှိရသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၇) ရက်နေ့ကလည်း
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အဖွဲ့ များက ရန်ကုန်မြို့
ပန်ဒါဟိုတယ်တွင် လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ အသိပညာပေး
ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသားဦးရေနှင့်
အမျိုးသမီးဦးရေကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည်
ဈေးကွက် တစ်ခုသဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ
လူကုန်ကူးမှု များတွင်တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို
အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိရှိကြောင်း
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့များက သိရှိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ အမျိုးသမီးလိုအက်ချက်ဦးရေမှာ သန်း ၂၀၀
လောက်ရှိနေကြောင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ
ဒေါ်လှလှစိုးက ဆိုသည်။

ယင်းသို့ လူကုန်ကူးမှုများမဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ်
နယ်စပ်ဒေသတို့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ
လိုက်လံတားဆီးလျှက်ရှိကြောင်း ဒုရဲမှူးကြီး ညွှန့်လှိုင်က ဆိုသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများ လူကုန်ကူးရောင်းစားခံရမှု
အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ၎င်း နိုင်ငံတွင် လူကုန်ကူးမှု ၈၄
ရာခိုင်နှုန်းရှိကြောင်း၊ လူကုန်ကူးခံရမှုအမျိုးအစားများတွင် အဓမ္မထိမ်းမြား
ခြင်းမှာ (၆၀) ရာခိုင်နှုန်း ရှိကြောင်း မြန်မာအစိုးရကဘက်က
တရားဝင်ထုတ်ပြန်ထားသည်။

မူရင်း လင့်http://www.myitmakhamediagroup.com
1.jpg 1.jpg
33K   View   Share