Inbox
x
Inbox
DVB
နိုင်ငံတော်သမ္မတထံ တိုက်ရိုက်စာရေးသားပေးပို့နိုင်
သမ္မတရုံးဝက်ဘ်ဆိုဒ်က ပြည်သူ့အသံကဏ္ဍကို ဖွင့်လှစ်ထားရာမှာ သမ္မတရုံးအဖွဲ့က စိစစ်တွေ့ရှိရသလောက် သမ္မတထံ ပေးပို့လာတဲ့ စာတွေထဲမှာ တိုင်စာ၊ ပစ်စာတွေအပြင် အခုနောက်ပိုင်းမှာ ပြည်ပရောက်မြန်မာတွေထံက အကြံပြုစာတွေ အလာများတယ်လို့ ဆိုပါတယ်။
တိုင်စာနဲ့ ပစ်စာတွေထဲမှာ ဌာနဆိုင်ရာတွေရဲ့ မတော်မတည့်တဲ့ လုပ်ရပ်တွေကို ရေးသားဖော်ပြ ထားတာများပြီး အကြံပြုစာတွေကတော့ တိုင်းပြုပြည်ပြု ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာတွေက အင်္ဂလိပ်လို ရေးသားပေးပို့ အကြံပြုထားကြတာလို့လည်း ဆိုပါတယ်။
ဒီစာတွေနဲ့ ပတ်သက်ပြီး သမ္မတရုံးရဲ့ အရေးယူတုံ့ပြန်ဆာင်ရွက်ပုံကို ဦးဇော်ဌေးက “ဒါနဲ့ပတ်သက်ပြီး တာဝန်ပေးတာက သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ရှိပါတယ်။ စိစစ်ပြီး စိစစ်တယ်ဆိုတာက အချက်အလက်ပြည့်စုံမှုရှိ မရှိ အဲပေါ်မူတည်ပြီး တင်ပြပါတယ်” လို့ ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမှာ ဒီကိစ္စ ကိုင်တွယ် ဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက်ဗဟုဖွံ့ဖြိုးရေး
“ကျနော်သိသလောက်တော့ မွန်ဂိုလီယားမှာ သမ္မတဖြစ်တဲ့သူက ကျနော့်တို့အရင် ကျောင်းတက်တုန်းက သူငယ်ချင်း။ သူသမ္မတဖြစ်တဲ့အခါ ဘာလုပ်လဲဆိုတော့ သူ့အီးမေးလ်ကို တနိုင်ငံလုံးက လူတွေကို ပေးလိုက်တယ်။ အကြံပေးချင်ရင် သူ့ကိုပေး ဒါမျိုးရှိပါတယ်။ နိုင်ငံတော်တော်များများမှာတော့ လူတွေပြောချင်တာတိုင်ချင်တာရှိ
နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုဒ်ကို ပြီးခဲ့တဲ့ဇွန်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သမ္မတနဲ့ ဒုတိယ သမ္မတရဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ပေးထားပါတယ်။ ပြည်သူ့အသံကဏ္ဍကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
--
0 ကွန်မန့်ရေးရန်:
Post a Comment