အများက သတ်မှတ်ခြင်းခံရသူ ဒေါ်ကြည်
မှာ အလုပ်ကြောင့် မောက်မာသည့်ပုံ
ပေါက်နေသည်။ မတစ်ရာ သမီးတွေကို
အုပ်ချုပ်နေရသူဖြစ်ခြင်းကြောင့် ယခုလို မျက်နှာပေါက်တင်းနေရခြင်းဖြစ်ဟန်
တူသည်။
"အဆောင်မှာက
နှစ်ရှည်ပြီး အလုပ်လုပ်တဲ့သူတွေ များလာတယ်။ အရင်တုန်းက ကျောင်းသူတွေ
သင်တန်း လာတက်တဲ့ကောင် မလေးတွေ အတွက် ရည်ရွယ်ပြီးဖွင့်တာ။
တချို့ကျတော့ ကျောင်းပြီး သွားလို့ အလုပ်လုပ်ဖို့ ဆက်နေတဲ့သူတွေ
လည်းရှိတော့ နောက်ပိုင်းမှာ လှည်းတန်းလိုနေရာမျိုးတွေမှာ အဆောင်တွေက
ပိုများလာတာ။ သူတို့ကို ကိုယ့်ညီမ၊ သားသမီးလို ချစ်တော့ အမြဲဆို ဆုံးမနေရ
တယ်။” ဟု ဒေါ်ကြည်က ဆိုသည်။
ရန်ကုန်မြို့
ကမာရွတ်လှည်းတန်းရှိ လမ်းမတိုင်းလိုလိုတွင်
အမျိုးသား/အမျိုးသမီးအဆောင်များ တစ်နှစ်ထက် တစ်နှစ်တိုးမြင့်လာသည်ကို
တွေ့နေရသည်။
လှည်းတန်းအဆောင်အသိုင်းအ၀ိုင်း၌
အမျိုးသမီးဆောင်အနီးပတ်ဝန်းကျင်တွင် ယောင်္ကျားလေး ဆောင်များထက် လူပိုစည်ကား
တတ်ပြီး၊ မိန်းမလှလေးများ စုဝေးရာ အဆောင်ရှိ ညနေခင်းများဆိုလျှင်
ကိုလူပျိုတို့က လျှောက်ပြန်သံပေး၊ ခေတ်ပေါ်၂သိန်းတန် ဖုန်းတွေနဲ့
ဟန်ထုတ်ရှိုးပြထိုင်စောင့်ခြင်းများ နှင့် လက်ဘက်ရည်ဆိုင်ထိုင်၊
ထမင်းကျွေးစသည့်လူမှုကိစ္စများနှင့့်  ည(၁၀)နာရီဝန်းကျင်အထိ စည်ကားလေ့ရှိ သော
အဆောင်လမ်းများပင်။
အချို့အဆောင်နေ
မိန်းကလေးများမှာ သူငယ်ချင်းအိမ်တွင်သွားအိပ်မည်ဟု အဆောင်မှူးကိုပြော၍
ကလပ်တက်တာ ယောင်္ကျားလေးသူငယ်ချင်း နောက်လေ့ရှိသူများလည်း ရှိနေသည်ဟု
သိရသည်။
နယ်မှလာပြီး
ကျောင်းတက်၊ အလုပ်လာလုပ်ကြသည့် မိန်းမငယ်များ၏ ရပ်တည်မှုဘ၀အခြေအနေ
ကျန်းမာရေး၊ လုံခြုံမှုတွေကို လှည်းတန်းရှိ အနီရောင်အဆောင်ကြီးမှာနေသော
အဆောင်နေ အမျိုးသမီးတစ်ဦးက ယခုလို ဆိုသည်။
"အမျိုးသမီးတစ်ယောက်အတွက်
ရေချိုးတာက လုံခြုံမှုမရှိရင် အခက်အခဲအများကြီးဖြစ်စေတယ်၊ ပြဿနာက
ရေချိုးတဲ့နေရာက အကာပဲရှိတယ်။ အမိုးမရှိဘူး ဘေးကတိုက်တွေမှာ ယောက်ျားလေး
အဆောင်တွေရှိတယ်၊ ရေချိုးတိုင်းလဲ ခပ်သွက်သွက်နဲ့ချိုးရတယ် အထပ်မြင့်က
ယောက်ျားလေး တွေရဲ့ အကြည့်တွေက အချိန်မရွေး ကျရောက်လာနိုင်တယ်။"ဟု သူမက ပြောသည်။
အင်တာနက်လူမှုရေးကွန်ယက်များတွင် အမျိုးသမီးများ ရေချိုးနေသည့်ပုံ တက်မည်ကို စိုးရိမ်သဖြင့် ပူပန်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
မြန်မာအမျိုးသမီးအများစုသည်
ကိုယ့်ကျင့်သိက္ခာ၊ အရှက်တရားကို လေးစားတဲ့အတွက် လုံခြုံတဲ့
ရေချိုးခန်းရှိနေစေချင်သည်ဟု အဆောင်နေသူ မနွေဦးက ပြောသည်။
အဆောင်နေကျောင်းသူတစ်ဦးဖြစ်သည့်
မမယ်လေး၏ ချစ်သူမောင်က ၎င်း၏ ရည်းစားအား အဆောင်နေကျောင်းသူ ဘ၀နှင့်
ရေရှည်ထားရန် စိတ်ကူးမရှိကြောင်း သိရသည်။
“ ကျွန်တော်ကတော့
မယ့်အတွက် စိတ်ပူတယ်ဗျ။ အဆောင်ဈေးက ဈေးကြီး၊ လုံကမလုံခြုံ။ သူစိတ်
ညစ်ပြီး ပေါက်တက်ကရ လုပ်မှာ ကျွန်တော် စိုးရိမ်တယ်။ သူ့ကို နယ်မှာပြန်ပြီး
ကိုယ့်မိဘအိမ်မှာပဲ အေးအေးဆေးဆေး နေစေချင်တယ်။”ဟု ကိုမောင်မောင်အေးက သက်ပြင်းအဆုံး စကားအဆုံး ပြောသည်။
ဆက်လက်၍
တိုက်ချင်းကပ်၊ ထရံချင်းကပ်ဖြစ်နေသည့် အဆောင်များ၏ဖွဲ့စည်းမှုကြောင့်
ချစ်သူအတွက် တစ်နေ့မှ ရတက်မအေးနိုင်ကြောင်းကိုလည်း သူက ဆက်ပြောသည်။
လူငယ်များအနေဖြင့်
တိုးတက်ချင်စိတ်တစ်ခုတည်းနှင့် ရန်ကုန်သို့ လာရောက်ခိုနားခြင်းဖြစ်သော်
လည်း ၄င်းတို့တွင် ဈေးသက်သာ သည့်အဆောင်များ၌သာ ကိုယ်နဲ့ မသိသည့်
အစိမ်းသက်သက် သူငယ်ချင်းများနှင့် စုဖွဲ့နေရခြင်းမျိုးသည်။
လှည်းတန်း(၇)လမ်းနှင့်
(၆)လမ်းကြားရှိ တိုက်မြင့်တွေကြား နှစ်ထပ်အိမ်ကြီးတစ်လုံးတွင် မိန်းကလေး
အယောက်(၅၀)၀န်းကျင်က အဆောင်သူတွေအဖြစ်နဲ့ (၆ပေ×၄ပေ)အခန်းတွေအကြား စုဝေးနေထိုင် ကြသည်။
“တစ်ယောက်
အင်္ကျံလဲနေရင် နောက်တစ်ယောက်က အခန်းပြင် စောင့်နေရသည်ထိ အခန်းကျဉ်း လွန်း
လှတယ်။ အဆောင်ကြေးကလည်း ဈေးကြီးတယ်။ တစ်ယောက်ကို နှစ်သောင်းခွဲ ပေးနေရ
သလို ရေဖိုးနဲ့ မီးမီတာဖိုးတွေ အတွက်လည်း ထပ်ပေးရတယ်”ဟု အဆောင်သူမီးမီးက ညည်းတွား ရင်း ပြောသည်။
အဆောင်သူအများစုမှာ
စတိုးဆိုင်၊ အထည်ဆိုင်၊ ဆေးအရောင်းစားရေး၊ အသေးစားကုမ္မဏီဝန်ထမ်း စသည့်
အလုပ်တွေကို လုပ်ကိုင်မှုများပြီး အခြေခံလစာ ကျပ် ၄ သောင်း ကနေ
၁ သိန်း ၂ သောင်း ရရှိသူများကြောင်းနှင့် အဆောင်လစာနှင့်
နေထိုင်မှုစရိတ်တွေကြောင့်လည်း သူတို့တတွေမကြာခဏ စိတ်ဖိစီးမှုတွေ
ခံစားနေရလေ့ရှိသည်။
စားစရိတ်၊ အဆောင်စရိတ်အပြင် အိမ်ကိုပါ တစ်ဖက်တစ်လမ်းက ငွေပို့ပေးနေရသူရသူများလည်း ရှိကြောင်း သိရသည်။
“၀င်ငွေ
နဲ့မလောက်တော့ ယောင်္ကျားလေး တော်တော်များများနဲ့ ပတ်သတ်တတ်လာတယ်။ ဒဲာဒီလို
ပတ်သတ်ရင်းကနေ အဆောင်ရှင်ကလည်း လူပြောများလာတော့အဆောင်က ထုတ်လိုက်တာပေါ့။
မဇာက အဲ့ဒီမှာတင် စိတ်လေသွားပြီလေ။´ လို့ လှည်းတန်းအဆောင်တစ်ခုမှ အဆောင်မှူးတစ်ဦးက အဆောင်နေကျောင်းသူတစ်ယောက်အကြောင်း ပြောသည်။
လိုအပ်မှုများပြားနေသည့်
အမျိုးသမီးငယ်များဘ၀တွင် မိန်းကလေးများအနေဖြင့် သက်သက်သာသာ
အလုပ်မျိုးရှာကြံလေ့ရှိပြီး လုံလုံလောက်လောက်သုံးစွဲနိုင်သည့်
ငွေကြေးရရှိမှုမျိုးအား သာယာလေ့ရှိ လာကြသည်။
`ကျွန်မရောက်ခါစတုန်းကဆို
အရမ်းကို အံ့သြသွားတယ်။ ဒီလောက်ကျဉ်းမြောင်းတဲ့အခန်းတွေထဲမှာ
အနံ့ပေါင်းစုံနဲ့ပြွတ်သိပ်ကြပ်နေတဲ့ ဘယ်လိုများနေနိုင်မှာလဲ ဆိုပြီး
အိမ်ကိုတောင်ချက်ချင်းပြန် ပြေးချင် တဲ့ စိတ်ပေါက်တယ်။´ဟု အဆောင်နေပြည့်ဖြိုးက ပြောသည်။
၁၂ နှစ်ကြာ အဆောင်နေခဲ့သူ ဒေါ်မြင့်ကတော့ လွန်ခဲ့သော အဆောင်နေခဲ့တဲ့ ပင်ပန်းဆင်းရဲ ဘ၀ကို ရှင်သန်လာပုံအား ပြန်ပြောင်း ပြောဆိုသည်။
`ကျွန်မဘ၀မှာ ရေကို ရောင်းစားရတဲ့အထိ နိမ့်ကျခဲ့ဖူးတယ်။
အဆောင်မှာနေတာဆိုတော့ လူမျိုးစုံ ရှိတယ်။ ကိုယ်ကအဆင်းရဲဆုံးလူဆိုတော့
ပတ်ဝန်းကျင်ကလူတွေက တစ်ခုခုပျောက်ရင်တောင် ကိုယ့်ကို မသင်္ကာတဲ့အကြည့်နဲ့
အရင်ကြည့်တာကို ခံရတယ်။ တစ်လလုံးနေလို့တောင် ငွေတစ် သောင်းကို
တစ်ပြိုင်တည်း မကိုင်ဖူးခဲ့ဘူး။ ´ဟု ကြုံတွေ့ခဲ့ရသည့် ဘ၀ဖြတ်သန်းမှုအကြောင်း ပြောသည်။
တစ်ချို့မိန်းကလေးများမှာ
အဆောင်မှူးနှင့် အဆင်မပြေမှု၍ နေထိုင်အဆင်မပြေမှုများကြောင့် သုံးလလျှင်
တစ်ခါလောက် အဆောင်ပြောင်းနေကြသူများလည်းရှိသည်။တစ်ချို့အဆောင်များ၏
အနေအထားမှာ မိန်းကလေးများအတွက် လုံခြုံမှုအင်မတန်နည်း၍ု
ခဏခဏအဆောင်ပြောင်းရခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။
`ကျွန်မအခန်းနဲ့ကပ်လျှက
်ဟိုဘက်အခန်းက ယောက်ျားလေးတွေနေတဲ့ အခန်းဖြစ်နေတယ်၊ ယောက်ျားလေးတွေ
ဆိုတော့ ပြောချင်ရာပြော အော်ချင်ရာအော်နေကြတာလေ၊ စိတ်အနှောင့်အယှက်
ခဏခဏဖြစ်နေရလို့ အဆောင်ပြောင်းလိုက်တာ။´လို့ မသဇင်က ပြောသည်။
လခ အနည်းငယ်ကောင်းသူများက သူငယ်ချင်းများနဲ့ စုဝေးပြီး အိမ်ငှားနေကြသည်။
`ကျွန်မတို့ဝင်ငွေတွေရဲ့
၃၀ ရာခိုင်နှုန်းလောက်က အိမ်လခနဲ့ ရေဖိုး၊ မီးဖိုးအတွက် သက်သက် ကုန်တယ်။
တစ်လစာ စားဖို့ ၀တ်ဖို့နဲ့ လူမှုရေးကိစ္စလေးတွေပါ တွက်ကြည့်လိုက်ရင်တော့ လခက
လောက်တယ်လို့တောင် ကောင်းကောင်းမဆိုနိုင်ဘူး။´ လို့ တစ်လကို ၀င်ငွေတစ်သိန်းနှစ်သောင်း လောက်ရတဲ့ ကုမဏီဝန်ထမ်းတစ်ဦးဖြစ်သူ မဥမ္မာက ပြောသည်။
အချို့
အမျိုးသမီးအဆောင်များမှာ မိသားစုကဲ့သို့ ဆက်ဆံသောနွေးထွေးမှုများကြောင့်
ပိတ်ရက်များ၌ အိမ်မပြန်ချင်သော ကျောင်းသူများပင်ရှိကြောင်းသိရသည်။
‘ သမီးတို့အဆောင်မှူးကတော့
လကုန်ချိန် အဆောင်ခမေးမဲ့သူရှိလားလို့ လာတောင်းတဲ့အချိန်ကလွဲရင်
ကျန်တဲ့အချိန် ချစ်ဖို့ကောင်းတယ်၊ အဆောင်သူတွေကိုလည်း မိသားစုလိုဆက်ဆံတယ်”ဟု ပဲခူးတိုင်းမှ အဆောင်သူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့ရဲ့
လူစည်ကားရာနေရာတစ်ခုဖြစ်သည့် လှည်းတန်းအနီးတစ်ဝိုက်မှာတင် အဆောင်နေ
အမျိုးသမီး (၅၀၀)ကျော်လောက် ရှိနေသည်။ အဆောင်နေ အမျိုးသမီးများမှာ
အစားဆင်းရဲ၊ အအိပ်ဆင်းရဲအနေဆင်းရဲပြီး သူတို့ဘ၀ရဲ့ ရည်မှန်းချက်
အမြင့်ဆုံးပန်းတိုင်သို့ တစ်နေ့ပြီး တစ်နေ့ ရွေ့လျားရုန်းကန်နေကြရင်း
လှည်းတန်းအဆောင်တန်းများ၌ ဆက်လက်၍
လူစည်နေပေဦးမည်။
0 ကွန်မန့်ရေးရန်:
Post a Comment