This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 7, 2012

ထူးထူးဆန်းဆန်းသတင်းများစုစည်းတင်ပြ

နယ်သာလန်နိုင်ငံ ဒီအိုင်ဒိုဗင်နှင့်ဆင့်လူးကပ်စ်မြို့မှ ကျောင်းသားများသည် ၀ါးထားသောပီကေများဖြင့် ၁၅ပေမြင့်သော ပန်းပုတစ်ခုကို ပြုလုပ်ပြခဲ့ကြောင်း သိရသည်။ အဆိုပါကျောင်းသားများသည် အနုပညာကျောင်းသားများဖြစ်ပြီး ယင်းပီကေပန်းပုလုပ်ပွဲ၌ ကျောင်းသားပေါင်း ၃,၀၀၀ ပါဝင်သည်။ သူတို့ပြုလုပ်ခဲ့သည့် ပန်းပုမှာလက်နှစ်ဖက်မြှောက်ထားသည့်
လူတစ်ဦး၏ အပေါ်ပိုင်းဖြစ်သည်။
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ကျင်းမြို့မှ လုဟွိုင်ဆိုသူသည် ၂၀၁၂ခုနှစ် မေလ၂၄ရက်နေ့တွင် ကမ္ဘာ့စံချိန်နှစ်ခု ဂျုံဖြင့် အကြီးဆုံး ပူဖောင်းမှုတ်နိုင်မှုနှင့် အရှည်ဆုံး ခေါက်ဆွဲမျှင်ပြုလုပ်နိုင်မှု စံချိန်တင်နိင်ခဲ့သည်။ သူသည် ဂျုံဖြင့်အချင်း ၁ဒမ ၅မီတာအချင်းရှိသော(၅ပေ)ရှိသော ပူဖောင်းကို မှုတ်နိုင်ခဲ့သည်။ ၎င်းအပြင် ၁၉၁၈မီတာ (၆၂၉၇ပေ) ရှည်သော ခေါက်ဆွဲမျှင်ကိုလည်း ပြုလုပ်ပြနိင်ခဲ့သည်။
ပင်လယ်များအတွင်း၌ လေထုညစ်ညမ်းမှုကို စစ်ဆေးရန်အတွက် စက်ရုပ်ငါးကလေးများကိုတီထွင်ခဲ့ရာ
ဒေါ်လာ ၃၀,၀၀၀ တန် စက်ရုပ်ငါးများကတကယ့်ငါးများအတိုင်း လုပ်ဆောင်နိုင်ကြောင်း သိရသည်။ ၎င်းစက်ရုပ်ငါးတစ်ကောင်သည်အမေရိကန်ဒေါ်လာ ၃၀,၀၀၀တန်ပြီး ဘက်ထရီစွမ်းအင်ကို အသုံးပြုထားသည်။ အဆိုပါငါးများ၌ အာရုံခံကိရိယာများတပ်ဆင်ထားပြီး သင်္ဘောများ သို့မဟုတ် ပင်လယ်အောက်ရှိ ပိုက်လိုင်းများမှနေ၍ ရေထုညစ်ညမ်းစေသောအရာများ ယိုစိမ့်မှုကို ရှာဖွေစစ်ဆေးနိုင်မည်ဖြစ်သည်။ အက်ဆက်တက္ကသိုလ်နှင့် စထရက်ကလိုက်တက္ကသိုလ်တို့မှ ပညာရှင်များပူးပေါင်းကာ ယင်းစက်ရုပ်ငါးကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းငါးသည် အလျား ငါးပေရှိပြီး စပိန်နိုင်ငံမြောက်ပိုင်းတွင် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရှောင်ဆာအမည်ရှိ တရုတ်နိုင်ငံမှ ခွေးလေခွေးလွင့် တစ်ကောင်သည် စက်ဘီးသမားများနှင့် မိတ်ဆွေဖြစ်ခဲ့ပြီးနောက် စက်ဘီးသမားများနောက်သို့ ပြေးလိုက်ရင်းရက်ပေါင်း ၂၄ရက်၌ မိုင်ပေါင်း ၁၁၀၀ ပြေးလွှားနိုင်ခဲ့ကြောင်း မယုံကြည်နိုင်ဖွယ်ရာ တွေ့ရှိရသည်ဟု DMသတင်းဌာနက မေလ၂၈ ရက်နေ့တွင် ဖော်ပြသည်။အဆိုပါစက်ဘီးသမားများသည် နိုင်ငံခြားကို ဖြတ်ကျော် ကျင်းပသည့် စက်ဘီးပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ဆိုင်ကယ်သမားတစ်ဦးဖြစ်သော ကျန်ဟန်း(၂၂နှစ်)သည် တရုတ်နိုင်ငံကင်ဟိုင်း-တိဘက်အကြားရှိ အဝေးပြေးလမ်းမအမှတ် ဂျီ ၃၁၈ပေါ်တွင် ခွေးမကလေးအား ဘီစကွတ်မုန့် လှမ်းကျွေးမိရာမှ ခွေးမကလေးသည်သူတို့ နောက်သို့တောက်လျှောက် မရပ်မနား ပြေးလိုက်ခဲ့ခြင်းဖြစ်သည်။ သူ၏ခရီးစဉ်ကြောင့် ခွေးမကလေးသည် တရုတ်နိုင်ငံတွင်  ကျော်ကြားလာပြီး သူ၏ခရီးစဉ်အကြောင်း မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းသို့တင်ခဲ့ရာ နှစ်ပတ်အတွင်း ကြည့်ရှုသူပေါင်း ၃၇,၀၀၀ ရှိခဲ့ကြောင်း သိရသည်။

ညနေပိုင်း ထမင်း / ဟင်း ချက်ချိန် မီးသတိပေးနှိုးဆော်ချက်

ညနေပိုင်း ထမင်း / ဟင်း ချက်ချိန် မီးသတိပေးနှိုးဆော်ချက်
1. ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအား ထမင်း / ဟင်း ချက်ပြုတ်ခြင်း မပြုစေရန်။
2. မီးဖိုအားသုံးစွဲပြီးပါက မီးကြွင်း မီးကျန်များကို ငြှိမ်းသတ်ထားရန် ။
3. မီးသည် သုံးတတ်လျှင် မိတ်ဆွေ ။ မသုံးတတ်လျှင် ရန်သူဖြစ်၍ ပေါ့ဆမှုမဖြစ်စေဘဲ အထူး သတိပြုသုံးစွဲရန်။

မြန်မာ့မီးကို အားမကိုးဘဲ ဖုန်းအားသွင်းတော့မယ်......

မြန်မာ့မီး ပျက်လိုက်ပုံကတော့ ကျနော့်ဆိုင်မှာ အင်ဗာတာနဲ့သုံးတဲ့ ဘက်ထရီ ၁၂၀ အိုးတစ်လုံး အားသာကုန်သွားတယ်ဗျာ..........။ မီးကမလာဘူး။ ဖုန်းအားသွင်းဖို့လဲ အခက်အခဲ့တွေ့တော့တာပေါ့။ အဲဒါနဲ့ ဆိုင်ကယ်ဘက်ထရီနဲ့ အားသွင်းဖို့ စဉ်းစားမိတာပါပဲ။ ဒီ post ကိုရေးမယ်ဆိုရင်တော့ ကျနော်စိတ်ကူးပေါက်ရာတွေမှန်သမျှကို ဦးနှောက်ခြောက်ခံပြီး စိတ်ရှည်ရှည်နဲ့ ထွင်ပေးခဲ့တဲ့ကျနော့်မိတ်ဆွေကို အရင်ဆုံး ကျေးဇူးတင်ရမှာပဲ။ အခု ဒီပစ္စည်းလေးက ဆိုင်ကယ်မောင်းရင်နဲ့ ဖုန်းကိုအားသွင်းဖို့ပါ။ ဖုန်းအားသွင်းဖို့ အချိန်ပေးစရာ မလိုတော့ဘူးပေါ့ဗျာ။ ဒီအောက်က ပုံလေးအတိုင်းပေါ့။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
အဲဒါလုပ်မယ်ဆိုရင် အရင်ဦးဆုံး ကိုယ့်ဖုန်းကိုအားသွင်းတဲ့ အဒက်တာကို အနည်းငယ်ပြန်ပြုပြင်ရပါမယ်။ အဲဒါတော့ကျနော်လဲ မတတ်ဘူးနော်။ ကျနော့်မိတ်ဆွေပြောပြတဲ့အတိုင်း ကျနော်ရေးမှာ.......ဟိဟိ။ အီလက်ထရောနစ်သမားတွေတော့ သိကြမှာပါ။ ဒီအောက်က အဒက်တာကို ပြန်ပြင်ထားတဲ့ပုံပါပဲ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ကျနော်မိတ်တွေပြောတာတော့ ဆိုင်ကယ်လီဗာတင်ရင် အားပိုထွက်လာလို့ အန်ပီယာကို ငြိမ်အောင်ထိမ်းနိုင်မှရမယ်လို့တော့ပြောပါတယ်။
အန်ပီယာများသွားရင် ဟန်းစက်ပျက်သွားမယ်တဲ့...နော်။ ဒီအောက်ကပုံကတော့ ဆိုင်ကယ်မှာတတ်လို့ရတဲ့ အခြေအနေပေါ့။ အားသွင်းဖို့ အဖွင့်၊ အပိတ်ခလုပ် ပါမှရမယ်။ မပါရင် ဆိုင်ကယ်ဘက်ထရီ အားကုန်သွားလိမ့်မယ်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ကျနော့်ဆိုင်ကယ်မှာတော့ အားသွင်းကြိုးကို ကာဗာအောက်ကနေ ဒီလိုတတ်ထားပါတယ်။ USB ကြိုးကို ရှည်တာရှာဝယ်ပေါ့...ရှိပါတယ်။ အောက်ကပုံပါ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
အားသွင်းတဲ့ အဒက်တာကိုတော့ ဒီလိုထားပါတယ်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ဒီပုံကတော့ ဖုန်းထားဖို့လုပ်ထားတာပါ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
အားလုံးတတ်ပြီးသွားတော့ ဒီပုံလိုပေါ့။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ဖုန်းကို ဆိုင်ကယ်မှာ မေ့မကျန်အောင်လို့ ဆိုင်ကယ်သော့မှာ ချိတ်အကြီးကို တွဲထားလိုက်တယ်။ အဲဒီချိတ်နဲ့ ဖုန်းမှာတတ်ထားတဲ့ ကြိုးကိုချိတ်ထားလိုက်တာပေါ့။ ဒါဆို သော့ဖြုတ်ရင် ဖုန်းလဲပါမယ်လေ...။ အောက်ကပုံလိုပေါ့....။
သူငယ်ချင်းတို့လဲ စိတ်ဝင်စားရင် တတ်ကြည့်လိုက်ပေါ့။ အဆင်ပြေတယ်ဗျ..... ခရီးဝေးသွားတဲ့သူဆို ဖုန်းအားကုန်ဖို့အတွက်တော့ စိုးရိမ်စရာအလိုတော့ဘူးပေါ့ဗျာ....။

*********( စိုင်းခမ်းကြွယ်)*********

မြတ်စွာဘုရားရှင်၏ ကြည်ညိုဖွယ်ရာ ဥာဏ်တော်(၁၀)ပါး



သိသင့်သိထိုက်သော စေတီအကြာင်း







     ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်လှူသူ၊ ဖူးသူ ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်..

ထို့ အပြင်
စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင်
နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်ပြီးသူ ဖြစ်ပါက ဘုရားဖူးရင်းပင်
နိဗ္ဗာန်ရနိုင်ကြောင်း ပြောမည်ဆိုပါက. လွန် အံ့မထင်


စေတီဆိုတဲ့ ဝေါဟာရ

စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင် မပွင့်ထွန်းခင်ကတည်းက အိန္ဒိယနိုင်ငံမှာ
ရှိနေခဲ့ပါတယ်။ ဝေသာလီပြည်ကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသော
အရာဌာနတွေကို စေတီသမုတ်ပြီး ကိုးကွယ်ခဲ့တာကြောင့် စေတီတွေ
များစွာရှိခဲ့ပါတယ်။ အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကို ရည်မှတ်ပြီး
တည်ဆောက်ထားတဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။ အချို့တော့ နတ်ကြီးတယ် ဆိုပြီး
မခူးကြနဲ့ မဖျက်ဆီးကြနဲ့ စသည်ဖြင့် သီးခြားသတ်မှတ်ထားတဲ့
ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာ တောင်တွေဖြစ်ပါတယ်။ အချို့ကတော့
တောတွေဖြစ်ပါတယ်။

စေတီဆိုတဲ့ အဓိပ္ပာယ်
စေတီဆိုတဲ့ အဓိပ္ပာယ်မှာ
အရိုအသေပြုအပ်သော အရာ၊ ဌာန အားလုံးပါဝင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်
ကတော့ မြန်မာလို ပြန်ရင် အရိုအသေပြုအပ်သော သင်္ကေတ ဆိုတာပဲ
သင့်တော်မယ်ထင်ပါတယ်။

ထေရဝါဒဗုဒ္ဓသာသနာပြင်ပမှ စေတီများ


ဟိန္ဒူ ဘုရားစေတီများ ၊ ဒီနေ့ခေတ် Holy City တွေအဖြစ် သတ်မှတ်ခံထားရတဲ့
လာဆာ၊ မက္ကာ၊ ဂျေရုဆင် တို့လို မြို့တော်တွေဟာလည်း သက်ဆိုင်ရာ
ဘာသာဝင်တို့ရဲ့ အရိုအသေပေးရာ ဌာနတွေ ဖြစ်လို့ အထက် ကပြော ခဲ့တဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်းပြောရရင် စေတီခေါ်ထိုက်ပါတယ်။
(အခုပြောခဲ့တဲ့ စေတီတွေကတော့ ထေရဝါဒဗုဒ္ဓသာသနာ ပြင်ပက စေတီတွေပါ )

ထေရဝါဒဗုဒ္ဓသာသနာတွင်းက စေတီ(၄)မျိုး

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အရိုအသေအလေးအမြတ်ပြုကြတဲ့ သာသနာတွင်း စေတီတွေကတော့ အားလုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။

၁) ဓာတုစေတီ-ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ
၂) ဓမ္မစေတီ-ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
၃) ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ
၎) ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလေးအမြတ်ပြုတဲ့ နေရာဌာနတွေလည်း ရှိသေးပါတယ်။ အဲဒါတွေကတော့ ဗုဒ္ဓဂါယာ အစရှိတဲ့ သံဝေဇနိယ လေးဌာနတို့ပါပဲ။

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အထက်က ဖော်ပြခဲ့တဲ့ စေတီတွေ၊ သံဝေဇနိယ
လေးဌာနလို နေရာတွေ အရိုအသေပေးကြ၊ ကိုးကွယ်ကြတဲ့ အခါမှာလည်း
နည်းလမ်းမှန်ဖို့ အရေးကြီးလှပါတယ်။ ဗုဒ္ဓရှင်တော် မရှိတော့
တဲ့နောက်ပိုင်းကျမှ ဗုဒ္ဓရှင်တော်အမှတ်တရ အဖြစ်နဲ့ သင်္ကေတပြုထားတဲ့ အရာတွေကို
မဆိုထားနဲ့ ဗုဒ္ဓရဲ့သက်ရှိ ထင်ရှား ကိုယ်ကာယကြီးကို ကိုးကွယ်တာတောင်
နည်းမှန်လမ်းမှန် မဟုတ်ရင် ဗုဒ္ဓက အားမပေးခဲ့ပါဘူး။ ကဲ့ရဲ့တော်မူခဲ့ပါတယ်။

ကိုးကွယ်ပုံနည်းလမ်းမမှန်တဲ့အခါ
ဓာတ်တော်စစ်တွေ၊ ပရိဘောဂ အစစ်တွေ ရှိနေသော်လည်း ဗုဒ္ဓရှင်တော်နဲ့ လုံးဝမလွဲ
တစ်ထေရာတည်းတူတဲ့ ပုံတော်ထုလုပ်ထားလည်း အကျိုးများမှာ မဟုတ်ပါဘူး။
ဂါယာအစရှိတဲ့ ဒေသတွေ ကိုသွားလည်း ငွေကုန်လူပန်းတာက လွဲလို့ သံသရာအတွက်
အကျိုးမများပါဘူး။ ဂါယာက ပြန်လာ လို့လည်း ဘာမှ မဖြစ်ပါဘူး။

ကျွန်တော်နားလည်သလို
ပြောရရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီကိုးကွယ်ခြင်းဟာ ဗုဒ္ဓဘုရားရှင်ဆီက
ကယ်တင်ခြင်းတစုံတရာကို လိုချင်လို့၊ ကောင်းချီးမင်္ဂလာမြှောက်စာြး
ခင်း တစုံတရာ လိုချင်လို့ မဟုတ်တာတော့ သေချာပါတယ်။

မြန်မာပြည်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များ နှင့် ဗိသုကာပညာရပ်


ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီ

ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးဖြစ်ပါတယ်..
( မှတ်ချက်။ ဤစေတီတော်သမိုင်းနှင့် ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်း စာအုပ်တွင် အသေးစိပ်ဖတ်ရှုနိုင်သည့်အတွက်.. ယခု မဖော်ပြတော့ပါ )
ဒါကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီ ကို ရည်ညွှန်းတဲ့အခါမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ သာ ကိုးကားဖော်ပြလိုပါတယ်...

ဗိသုကာပညာရပ်တစ်ခုအနေဖြင့် လေ့လာကြည့်မည်ဆိုပါက ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာတို့ ၏ သီးခြားဗိသုကာလက်ရာစင်စစ် ဖြစ်သည်ဆိုသည်ကို
အောက်ပါအချက်များအရ သိရှိနိုင်ပါသည်


၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားပါတယ်.
( ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း
အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး
ဆောက်လုပ်ထားကြောင်း တွေ့ ရှိရမှာဖြစ်ပါတယ် . )

၂.
ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို
ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားပါတယ်..ရည်ရွယ်ခ
ျက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပညာသားပါပါ ပြေပြေလေး ပြောင်းလဲယူခြင်းဖြစ်ပါတယ်..

၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း
မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း
စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ခြင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့
အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာရှင်များအနေနဲ့  အတုယူကြရပါတယ်

၎. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင်ဖြစ်သည်

၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့
ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့
အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သော
လက်ရာမြောက်သည့် ဗိသုကာပညာရပ်တစ်ခုဖြစ်ပါတယ်

၆. ပုထိုးတော်
ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊
ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူ
ခြားနားခြင်းရဲ့ သက်သေဖြစ် ၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ
ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို
ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း၊ လိုဏ်နံရံများရှိ
ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေဖြစ်ခြင်း

၊
အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည်
နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏
နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း
ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ခြင်း။
ရည်ရွယ်ချက်မှာ
ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင်
ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန်
ရည်ရွယ်ကြောင်း၊
နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို
အလင်းရောင် စစ်ထား သောကြောင့် မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင်
စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန်
စီစဉ်ထားသော ဗိသုကာ လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို
ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေခြင်း၊
စိတ်ပညာကိုပါ
အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော
ဗိသုကာလက်ရာကို အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မတွေ
့ရှိရခြင်း

ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက
မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့်
မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊
ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း သိရှိနိုင်ပါသည်။

ဗုဒ္ဓဘာသာ
မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ
သွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ်
လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ
ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ
ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ သေချာ
စဉ်းစားရှာဖွေကြသူ အင်မတန် နည်းပါသည်။ အမှုမဲ့  အမှတ်မဲ့ နေကြသူသာများပါသည်။

ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ
ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ
အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ
ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ်
ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။
ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့်

ယခု ဤစာဖတ်နေသော.. မိတ်ဆွေကရော..
( ကျနော်သည်လည်း.. ဤသို့ အမှုမဲ့ အမှတ်မဲ့  နေခဲ့ပါသည် ။ မိမိ၏ လေ့လာမှု အားနည်းခြင်းကြောင့်
အခြားသော
ဘာသာခြား သူငယ်ချင်းများမှ မေးမြန်းသောအခါတွင် သီးသန်
့အဓိပ္ပါယ်ရှိတယ်..ဒါပေမယ့် မိမိမှာ မသိသေးကြောင်း ၀န်ခံ ဖြေကြားခဲ့ရသည်က
များပါသည်။ ကဲ့ရဲ့ သူများရှိသောအခါတွင်လည်း လူငယ်စိတ်ဖြင့်
မခံချင်စိတ်များကြောင့် အချို့ သော ဥပမာများဖြင့် ပြဿနာကို
ဖြေရှင်းခဲ့ရသော်လည်း ရင်ထဲတွင် မကောင်းလှပါ..ကျေနပ်အားရမှု
မရှိခဲ့ပါ )


ဘာကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတွေကို ယနေ့ တွေ့ မြင်နေရသော ပုံများအတိုင်း တည်ထားခဲ့ပါသလဲ

ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတစ်ခု ၏ အောက်ပါ အစိတ်အပိုင်းများနှင့် အမည်များက မည်သို့ သော အချက်များကို ရည်ညွှန်းနေကြသနည်း..

၁။ ပန်းတင်ခုံ
၂။ပစ္စယာ ၃ ဆင့်
၃။ခေါင်းလောင်းမှောက် ( သို့  ) သပိတ်မှောက်
၎။ဘီလူးပန်းဆွဲ
၅။ခါးစည်း ခေါ် ရင်စည်း ၃ ချောင်း
၆။ဖောင်းရစ် (၇)ရစ်
၇။ ကြာမှောက်
၈။ ရွှဲလုံး
၉။ ကြာလှန်
၁၀။ ငှက်ပျောဖူး
၁၁။ထီးတော်
၁၂။ငှက်မြားနှား
၁၃။ထီးတော်
၁၄။ စိန်ဖူးတော်

ယင်းတို့ အပြင် စေတီအနီးရှိ ဟင်္သာနားနေဟန် တံခွန်တိုင်ကို ဘာကြောင့် တည်ဆောက်ထားကြသလဲ....

၁.
ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ
လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ
အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး
ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ
ဆောက်လုပ်ပေးထားခြင်းကြောင့
် ပန်းတင်ခုံဟု အမည်ပေးခြင်း

၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊
ယင်းတို့မှာ
ဘ၀မရှိမှုကို လိုချင်ခြင်း
(နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ
ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။
ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ
တမျိုးသာဖြစ်သည်။)၊
ဘ၀ကိုလိုချင်ခြင်း၊
ကာမဂုဏ်တရားများ
(ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော
လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့်
ထားရခြင်း

၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ
အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော
အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း

၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကိုဘီလူးပန်းဆွဲ ဖြင့် ဥပမာပေးခြင်း၊
ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ
ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊
(အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ
ဘီလူး ထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို
အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း
ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား
နိုင်ပါသည်။ )
သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင်
ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ်
မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း

၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ
မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း

၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း

၇.
စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော
ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး ဥာဏ်စဉ် ၁၄ဆင့်မြောက်
ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင်
မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊
ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား
ပြန်လည်ကျရောက်နိုင်သေးကြော
င်း သတိပေးလိုခြင်း

၈.
ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး
ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး
လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း

၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ
ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ
အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ
ဝင်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း

၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော
ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော
ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင်
ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော
ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို
သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း
ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ
ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊

ငှက်ပျောဖူး
ဆိုတာ ငှက်ပျော တစ်ပင်ရဲ့ နိဂုံး သင်္ကေတ ပါပဲ။ ပေတစ်သီး ကျီးတစ်သား
ငှက်ပျော တစ်ပင် တဲ့။ ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး ငှက်ပျော
တခိုင် သီးပြီးတာနဲ့ သူ့ဘ၀ ပြီးဆုံး ရသလို ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ
အောက်သံသရာကို လည်စရာ မလိုတော့တဲ့ နိဗ္ဗာန် ရောက် ဖို့ သေချာ နေတဲ့)
သောတာပန် အဆင့်ကို ရောက်ပြီ ဆိုရင် သံသရာမှာ ဆက် ရှင်သန် ကျင် လည် စရာ
မလိုတော့တဲ့ အတွက် သံသရာ ပြီးဆုံးတဲ့ အတွက် ငှက်ပျောဖူးနဲ့ တင်စား တာပါတဲ့။
ငှက်ပျောဖူး ပြီးရင်တော့ အထက် မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့
ကျန်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို အောက်မှ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ပေဖူး
ပုံ မသုံးဘဲ ငှက်ပျောဖူး ပုံ သုံးရခြင်း အကြောင်းက မျက်စိ အမြင်ထဲ မှာ
ပုံပန်း သဏ္ဍာန် အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွှေးချယ်ခြင်းဖြစ်မယ်လို
့ထင်မြင်မိပါတယ်။ တစ်ခြားအကြောင်းကြောင့်ဆိုရ
င် သိတဲ့သူများ
ဖြည့်စွက်ပေးကြစေလိုပါတယ်။ သိရှိရသလောက် ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း
ရှူးပြီး ထီးတော် ခုနှစ်ဆင့် အဖြစ် တက်သွား သလို သောတာပတ္တိ မဂ်ဥာဏ် ရပြီး
သား သူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့် ဆီကို တသမတ်တည်း အစဉ်လိုက် ရရှိ ရောက်ရှိ
သွားတဲ့ သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော်
၇ဆင့်ကြား အချိတ်အဆက် မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှုနိုင်ပါတယ် )

၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း

၁၂.
ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ
(သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကိ
ု
ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ
ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို
မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား
ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကို
ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင်
မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို
တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို
သမိုင်းမှတ်တမ်းတင်ရန်လည်းေ
ကာင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊

၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။
အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့်
သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင်
ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို
ရည်ညွှန်းခြင်း

(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊
ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင်
ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြ
ီဖြစ်သလို သောတာပန်၊
သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင်
ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို
ပြဆိုခြင်း၊

(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ်
ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော
မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင်
ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင်
သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား
ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော
အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း
ထားခြင်းဖြစ်လေသည်။

၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ
ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့
ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း
အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော
အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။သို့သော် အထက်ပါ
အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊
အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ
နိုင်ပါသည်။ ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့်
ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည်
ထင်ပါသည်။

ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ
သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို
အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည်
တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ
ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း
၊ မာနခံနေပါက
တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ
ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည်
တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက
သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း
သိရလေသည်။

သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ
အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို
ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို
အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို
မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို
လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို
ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း
စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင်
ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို
ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့
အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့
အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို
ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ
အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့်
သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ
ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။

ဤနေရာတွင် ယနေ
့ခေတ် ရွှေတိဂုံစေတီတော်ကြီး အပါအ၀င် မြန်မာပြည်အရပ်ရပ်ရှိ ထေရ၀ါဒစေတီတော်
များတွင် အခြားသော အယူဝါဒများ၏ မိရိုးဖလာကိုးကွယ်ယုံကြည်မှု
များဖြင့်
စနစ်တကျ အပင်းသပ်ခံထားရသော အချက်အလက်များကို တင်ပြလိုပါသည်။ ယခု
ပိုစ့်တွင် အသေးစိပ်တင်ပြလိုသော်လည်း. သီးခြား ခေါင်းစဉ်ခွဲ၍
တင်ပြလိုပါသည်။ မိမိထက် ပို၍ နားလည်တတ်ကျွမ်းသောသူများမှ
လည်း
ပိုစ့်များ ရေးသားစေလိုပါသည် ။ ယင်းမှာ စေတီတော် အရပ် ( ၈) မျက်နှာရှိ
ဂြိုလ်ခွင်များ ၊ ဘိုးတော်ရုပ်များ ၊ နတ်ကွန်းများ နှင့် အခြားသော ထေရ၀ါဒ
ဗုဒ္ဓဘာသာ စေတီများ နှင့် အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိသော
ကိုးကွယ်ယုံကြည်မှုများမှာ ထေရ၀ါဒစေတီများပေါ်တွင် တရားဝင် ဗီဇာ ဖြင့်
မတော်တရော်နေရာယူထားမှုမျာြး
ဖစ်ပါသည်။

အင်ဂျင်နီယာ ဖိုရမ်မှ phyo ရေးသော ပို့စ် အားပြန်လည်မျှဝေခြင်းဖြစ်ပါသည်

ခေတ်သစ်လင့်ဝတ္တရား....

Inbox
x

ချစ်လေး သူ chitlaythuu@gmail.com




လင့်ဝတ္တရား....

ဘီယာမသောက်.....မာဆက်မရောက်ပဲ
ဘောပွဲလည်းရှောင်.....လူတို့ဘောင်တွင်
မယားလုပ်ကျွေး.....ပန်းကန်ဆေး၍
ကလေးကျောင်းကြို.....ပိုက်ဆံဆိုလျှင်
မယားလက်ထဲ......အကုန်အပ်ကာ
အ၀တ်လျှော်လှမ်း....မနွဲ့စတမ်း
ပုတီးလည်းစိပ်.....သပ်သပ်အိပ်
ကျင့်ဖွယ် လင်တို့တာ.....



အဟိ