မြန်မာ့မီး ပျက်လိုက်ပုံကတော့ ကျနော့်ဆိုင်မှာ
အင်ဗာတာနဲ့သုံးတဲ့ ဘက်ထရီ ၁၂၀ အိုးတစ်လုံး အားသာကုန်သွားတယ်ဗျာ..........။
မီးကမလာဘူး။ ဖုန်းအားသွင်းဖို့လဲ အခက်အခဲ့တွေ့တော့တာပေါ့။ အဲဒါနဲ့
ဆိုင်ကယ်ဘက်ထရီနဲ့ အားသွင်းဖို့ စဉ်းစားမိတာပါပဲ။ ဒီ post
ကိုရေးမယ်ဆိုရင်တော့ ကျနော်စိတ်ကူးပေါက်ရာတွေမှန်သမျှကို
ဦးနှောက်ခြောက်ခံပြီး စိတ်ရှည်ရှည်နဲ့ ထွင်ပေးခဲ့တဲ့ကျနော့်မိတ်ဆွေကို
အရင်ဆုံး ကျေးဇူးတင်ရမှာပဲ။ အခု ဒီပစ္စည်းလေးက ဆိုင်ကယ်မောင်းရင်နဲ့
ဖုန်းကိုအားသွင်းဖို့ပါ။ ဖုန်းအားသွင်းဖို့ အချိန်ပေးစရာ
မလိုတော့ဘူးပေါ့ဗျာ။ ဒီအောက်က ပုံလေးအတိုင်းပေါ့။
သူငယ်ချင်းတို့လဲ စိတ်ဝင်စားရင် တတ်ကြည့်လိုက်ပေါ့။ အဆင်ပြေတယ်ဗျ..... ခရီးဝေးသွားတဲ့သူဆို ဖုန်းအားကုန်ဖို့အတွက်တော့ စိုးရိမ်စရာအလိုတော့ဘူးပေါ့ဗျာ....။
*********( စိုင်းခမ်းကြွယ်)*********
အဲဒါလုပ်မယ်ဆိုရင် အရင်ဦးဆုံး
ကိုယ့်ဖုန်းကိုအားသွင်းတဲ့ အဒက်တာကို အနည်းငယ်ပြန်ပြုပြင်ရပါမယ်။
အဲဒါတော့ကျနော်လဲ မတတ်ဘူးနော်။ ကျနော့်မိတ်ဆွေပြောပြတဲ့အတိုင်း
ကျနော်ရေးမှာ.......ဟိဟိ။ အီလက်ထရောနစ်သမားတွေတော့ သိကြမှာပါ။ ဒီအောက်က
အဒက်တာကို ပြန်ပြင်ထားတဲ့ပုံပါပဲ။
ကျနော်မိတ်တွေပြောတာတော့ ဆိုင်ကယ်လီဗာတင်ရင် အားပိုထွက်လာလို့ အန်ပီယာကို ငြိမ်အောင်ထိမ်းနိုင်မှရမယ်လို့တော့ပြောပါတယ်။
အန်ပီယာများသွားရင် ဟန်းစက်ပျက်သွားမယ်တဲ့...နော်။ ဒီအောက်ကပုံကတော့ ဆိုင်ကယ်မှာတတ်လို့ရတဲ့ အခြေအနေပေါ့။ အားသွင်းဖို့ အဖွင့်၊ အပိတ်ခလုပ် ပါမှရမယ်။ မပါရင် ဆိုင်ကယ်ဘက်ထရီ အားကုန်သွားလိမ့်မယ်။
အန်ပီယာများသွားရင် ဟန်းစက်ပျက်သွားမယ်တဲ့...နော်။ ဒီအောက်ကပုံကတော့ ဆိုင်ကယ်မှာတတ်လို့ရတဲ့ အခြေအနေပေါ့။ အားသွင်းဖို့ အဖွင့်၊ အပိတ်ခလုပ် ပါမှရမယ်။ မပါရင် ဆိုင်ကယ်ဘက်ထရီ အားကုန်သွားလိမ့်မယ်။
ကျနော့်ဆိုင်ကယ်မှာတော့ အားသွင်းကြိုးကို ကာဗာအောက်ကနေ ဒီလိုတတ်ထားပါတယ်။ USB ကြိုးကို ရှည်တာရှာဝယ်ပေါ့...ရှိပါတယ်။ အောက်ကပုံပါ။
အားသွင်းတဲ့ အဒက်တာကိုတော့ ဒီလိုထားပါတယ်။
ဒီပုံကတော့ ဖုန်းထားဖို့လုပ်ထားတာပါ။
အားလုံးတတ်ပြီးသွားတော့ ဒီပုံလိုပေါ့။
ဖုန်းကို ဆိုင်ကယ်မှာ မေ့မကျန်အောင်လို့ ဆိုင်ကယ်သော့မှာ ချိတ်အကြီးကို
တွဲထားလိုက်တယ်။ အဲဒီချိတ်နဲ့ ဖုန်းမှာတတ်ထားတဲ့
ကြိုးကိုချိတ်ထားလိုက်တာပေါ့။ ဒါဆို သော့ဖြုတ်ရင် ဖုန်းလဲပါမယ်လေ...။
အောက်ကပုံလိုပေါ့....။သူငယ်ချင်းတို့လဲ စိတ်ဝင်စားရင် တတ်ကြည့်လိုက်ပေါ့။ အဆင်ပြေတယ်ဗျ..... ခရီးဝေးသွားတဲ့သူဆို ဖုန်းအားကုန်ဖို့အတွက်တော့ စိုးရိမ်စရာအလိုတော့ဘူးပေါ့ဗျာ....။
*********( စိုင်းခမ်းကြွယ်)*********
0 ကွန်မန့်ရေးရန်:
Post a Comment