လူတစ်ဦး၏ အပေါ်ပိုင်းဖြစ်သည်။
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ကျင်းမြို့မှ လုဟွိုင်ဆိုသူသည် ၂၀၁၂ခုနှစ် မေလ၂၄ရက်နေ့တွင် ကမ္ဘာ့စံချိန်နှစ်ခု ဂျုံဖြင့် အကြီးဆုံး ပူဖောင်းမှုတ်နိုင်မှုနှင့် အရှည်ဆုံး ခေါက်ဆွဲမျှင်ပြုလုပ်နိုင်မှု စံချိန်တင်နိင်ခဲ့သည်။ သူသည် ဂျုံဖြင့်အချင်း ၁ဒမ ၅မီတာအချင်းရှိသော(၅ပေ)ရှိသော ပူဖောင်းကို မှုတ်နိုင်ခဲ့သည်။ ၎င်းအပြင် ၁၉၁၈မီတာ (၆၂၉၇ပေ) ရှည်သော ခေါက်ဆွဲမျှင်ကိုလည်း ပြုလုပ်ပြနိင်ခဲ့သည်။
ပင်လယ်များအတွင်း၌ လေထုညစ်ညမ်းမှုကို စစ်ဆေးရန်အတွက် စက်ရုပ်ငါးကလေးများကိုတီထွင်ခဲ့ရာ
ဒေါ်လာ ၃၀,၀၀၀ တန် စက်ရုပ်ငါးများကတကယ့်ငါးများအတိုင်း လုပ်ဆောင်နိုင်ကြောင်း သိရသည်။ ၎င်းစက်ရုပ်ငါးတစ်ကောင်သည်အမေရိကန်ဒေါ်လာ ၃၀,၀၀၀တန်ပြီး ဘက်ထရီစွမ်းအင်ကို အသုံးပြုထားသည်။ အဆိုပါငါးများ၌ အာရုံခံကိရိယာများတပ်ဆင်ထားပြီး သင်္ဘောများ သို့မဟုတ် ပင်လယ်အောက်ရှိ ပိုက်လိုင်းများမှနေ၍ ရေထုညစ်ညမ်းစေသောအရာများ ယိုစိမ့်မှုကို ရှာဖွေစစ်ဆေးနိုင်မည်ဖြစ်သည်။ အက်ဆက်တက္ကသိုလ်နှင့် စထရက်ကလိုက်တက္ကသိုလ်တို့မှ ပညာရှင်များပူးပေါင်းကာ ယင်းစက်ရုပ်ငါးကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းငါးသည် အလျား ငါးပေရှိပြီး စပိန်နိုင်ငံမြောက်ပိုင်းတွင် စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရှောင်ဆာအမည်ရှိ တရုတ်နိုင်ငံမှ ခွေးလေခွေးလွင့် တစ်ကောင်သည် စက်ဘီးသမားများနှင့် မိတ်ဆွေဖြစ်ခဲ့ပြီးနောက် စက်ဘီးသမားများနောက်သို့ ပြေးလိုက်ရင်းရက်ပေါင်း ၂၄ရက်၌ မိုင်ပေါင်း ၁၁၀၀ ပြေးလွှားနိုင်ခဲ့ကြောင်း မယုံကြည်နိုင်ဖွယ်ရာ တွေ့ရှိရသည်ဟု DMသတင်းဌာနက မေလ၂၈ ရက်နေ့တွင် ဖော်ပြသည်။အဆိုပါစက်ဘီးသမားများသည် နိုင်ငံခြားကို ဖြတ်ကျော် ကျင်းပသည့် စက်ဘီးပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ဆိုင်ကယ်သမားတစ်ဦးဖြစ်သော ကျန်ဟန်း(၂၂နှစ်)သည် တရုတ်နိုင်ငံကင်ဟိုင်း-တိဘက်အကြားရှိ အဝေးပြေးလမ်းမအမှတ် ဂျီ ၃၁၈ပေါ်တွင် ခွေးမကလေးအား ဘီစကွတ်မုန့် လှမ်းကျွေးမိရာမှ ခွေးမကလေးသည်သူတို့ နောက်သို့တောက်လျှောက် မရပ်မနား ပြေးလိုက်ခဲ့ခြင်းဖြစ်သည်။ သူ၏ခရီးစဉ်ကြောင့် ခွေးမကလေးသည် တရုတ်နိုင်ငံတွင် ကျော်ကြားလာပြီး သူ၏ခရီးစဉ်အကြောင်း မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းသို့တင်ခဲ့ရာ နှစ်ပတ်အတွင်း ကြည့်ရှုသူပေါင်း ၃၇,၀၀၀ ရှိခဲ့ကြောင်း သိရသည်။
0 ကွန်မန့်ရေးရန်:
Post a Comment