This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, August 26, 2012

KIA ၏ စစ်ရေး လှုပ်ရှားမှုများ အစိုးရ၏ နောက်တန်း စခန်းဖက် ဦးတည်လာ


ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အစိုးရ၏ နောက်တန်း စခန်းဖက်ကို ပိုမို စစ်ဆင်လာနေ သည်ဟု KIA တပ်မှူးတဦးက ပြောပါသည်။

ယမန်နေ့၌ တိုက်ပွဲ (၅) ကြိမ် ဖြစ်ပွားခဲ့ရာတွင် အများစုသည် လိုင်ဇာ စစ်ဌာနချုပ် နှင့်ဝေးသော အစိုးရ၏  ရှေ့တန်း တပ်ဖွဲ့၏ ထောက်ပို့လ မ်းကြောင်း နေရာများ၌ ဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲသည် ကေအိုင်အေ တပ်မဟာ (၂) မှ တပ်ရင်း (၅) တပ်ဖွဲ့ သည် မိုညင်းခရိုင် မြို့လှမြို့နယ်ခွဲ ပန်ခေါန်ယန်ရွာတွင် အစိုးရခလရ ၂၇၄ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ (၄) ဦးကျပြီး (၁၀)
ဦးကျော် ထိခိုက် ခဲ့သည်ဟု KIA ဖက်က ဆိုပါသည်။

KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၅) သည် ခလရ ၁၂၁ တပ်ဖွဲ့နှင့် ဖုတ်တုန်းယန်း မြို့နယ်ခွဲ မြို့သစ်အထက် ငါးကြုံနာင်း အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

KIA တပ်ရင်း (၆) ဖါကန့်ဒေသ ဂွေခါ (ကျောက်စိန်) အနီး၌ အနောက်တောင်တိုင်း တပ်ဖွဲ့မှ ခမရ (၁၆) နှင့် အရှေ့မြောက် တိုင်းမှ ခလရ (၂၇၂) တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“ မနေ့က တိုက်ပွဲ (၅) ကြိမ်ရှိတယ် ခင်ဗျ။ တပ်မဟာ (၅) ဒေသ ခမရ (၃၈၄) (၃၈၉)

မြရည်နန္ဒာကျူးကျော် အရေး ဦးဆောင်သူ ရဲစခန်းတွင် ကိုယ်တိုင် သွားရောက် အဖမ်းခံ


ကျူးကျော် ရပ်ကွက်မှာ လုံခြုံရေး တပ်ဖွဲ့ ဝင်များ အကြမ်းဖက်မှု ကြောင့် ဒါဏ်ရာရ ရှိခဲ့သူ အမျိုးသမီး တဦးအား တွေ့ ရစဉ်
 

မန္တလေးမြို့ တော် ချမ်းမြသာ စည်မြို့ နယ်ရှိ မြရည်နန္ဒာ ရပ်ကွက် ကျူးကျော်နေထိုင်
ကြသူများ မပြောင်းရွှေ့ ရေး ဦးဆောင် လှုပ်ရှားခဲ့မှုနှင့် ပတ်သက်၍ ယင်းမြို့ နယ်ရှိ
အောင်ပင်လယ် ရဲစခန်းက ပုဒ်မ (၅၀၅)ဖြင့် ဖမ်းဆီးမိန့်  ထုတ်ထားေ

ရခိုင် အမျိုးသမီး ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ပြည်တော်ပြန်မည်


ဒေါ်စောမြရာဇာလင်းကို ၂၀၀၈ ခုနှစ်က ၄င်း၏ မိခင် ကွယ်လွန်စဉ်က တွေ့ရပုံ၊ ဓာတ်ပုံ- နေရဇ္ဇရာ သတင်းဌာန

ရခိုင်အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ နှစ်ပေါင်း ၂၄ နှစ်ကြာ မြန်မာပြည်မြေနဲ့ ကင်းကွာနေခဲ့ရာက အခုတော့ မကြာခင်မှာ ပြန်တော်ပြန်တော့မယ်လို့
ဖလောင်းချိပ်ရုံး ဘင်္ဂလားဒေခ်ျ ဌာနခွဲ ရခိုင် အမျိုးသမီးများ အစည်းအရုံး ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း ထုတ်ပြန်ချက် အပြည်အစုံကတော့....

ဆရာမစောမြရာဇာလင်း၏ ပြည်တော်သို့  ပထမ ခြေလှမ်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင် တစ်ဦးလည်းဖြစ် ရခိုင် အမျိုးသမီးများအစည်းအရုံး ဥက္ကဌ လည်းဖြစ်သူ ဆရာမစောမြရာဇာလင်းသည် ၁၉၈၈ ခုနှစ် မှ ယနေ့ထိ ၂၄ နှစ်တိတိ နိုင်ငံရပ်ခြား၌နေ ပြီး နောက် ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးခေါ်ဆောင်မှု အစီအစဉ်ဖြင့် ဇာတိရပ်ထြံ

''ကြက်ခြံစောင့် မြန်မာအမျိုးသမီး တစ်ဦးအဓမ္မပြုကျင့် သတ်ဖြတ်ခံရ”


ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၁ အကွာအဝေးတွင် ရှိသော ချွန်ပူလီမြို့ ဧက ၁၀၀ ရှိသော ကြက်ခြံတွင်ရှိ သောမြန်မာအလုပ်သမား တစ်ဦးအား လောနိုင်ငံသား .နိုင်လတ် ( ၃၀ နှစ် ) က အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။

၎င်းဖြစ် စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ် နှင့်သူငယ်ချင်း ၄ ဦးတို့ ဘီယာ ထိုင်သောက် ရင်း စကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကို ပြန်ရန်ဝိုင်းခွဲ လိုက်ကြ သည်။

ကိုနိုင်လတ်မှာ အခန်းတွင် မိန်းမရှိသော်လည်း အခန်းကို မပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်းကို ဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ်က လက်မခံသဖြင့် တစ်ဦးနှင့် တစ်ဦး ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့သည်။

သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က လည်ပင်းကို ညစ်၍ ကြက်ခြံ အနီးတွင် ရှိသော ကန်စွန်းရွက် စိုက်ထားသော ရေမြောင်းတွင် နှစ်သတ်ခဲ့သည်။
မနက်မိုးလင်း၍ အလုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းများက မနန်းကြွယ်ကို မတွေ့သဖြင့် လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက် စိုက်ထားသော ရြေေ

ဦးသိန်းစိန်နဲ့စကားကောင်းနေလို့ လွှတ်တော်အစည်းအဝေးပျက်


~


ကြာသပတေးနေ့မှာ သမ္မတဦးသိန်းစိန်က လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးဖြစ်တဲ့ ဦးခင်အောင်မြင့်၊ သူရဦးရွှေမန်း တို့ကို ခေါ်ဆွေးနွေးပါတယ်။ အကြောင်းအရာကတော့
နေပြည်တော်နိုင်ငံရေးလောကမှာ စကားလုံးမုန်တိုင်းဆင်နေကြတဲ့ အခြေခံဥပဒေခုံရုံးအကြောင်း ဖြစ်ပါတယ် တဲ့။
သူတို့တွေ မနက် ၉ နာရီကတည်းက စပြီး ဆွေးနွေးကြပါတယ်။

ဆွေးနွေးနေလိုက်ကြတာ ၁၀ နာရီစဖို့ ပြင်ထားတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို သူရဦးရွှေမန်း မရောက်ဖြစ်လိုက်ဘူးလို့ ဆိုပါတယ်။ ဒါနဲ့ပဲ ပြည်သူ့လွှတ်တော်အစည်းအဝေး ပျက်သွားပါတယ် တဲ့။

အဲဒီအကြောင်း နောက်တနေ့ (သောကြာနေ့) ပြည်သူ့လွှတ်တော်မှာ ပြောကြဆိုကြတာတွေက ဒီလိုပါ -

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း
"မနေ့က ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးစတင်ရန် နံနက် ၁၀း၀၀ နာရီ၌စီစဉ်ထားသော်လည်း အစည်းအဝေး မကျင်းပဖြစ်တာကြောင့် တက်ရောက်ရန် စောင့်ဆိုင်းနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များမှာ အချိန်ကုန်လူပန်းဖြစ်ကြရပါတယ်။ ဒါဟာ ပြည်သူ့ကို

ကားဈေးကွက်ကစားလို၍ ထွက်ပေါ်ခဲ့သည့် သတင်းမှားကြောင့် ကားအရောင်းအဝယ်ယာယီမြင့်တက်



ကျော်ဇင်မန်း(မြစ်မခ)
by Myit Makha Mediagroup on 25 Aug, 2012



မော်တော်ယာဉ်ပါမစ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည်ဆိုသောကောလဟာလသတင်းအမှားများကြောင့် တစ်ပတ်အတွင်း ကားအရောင်း ပြခန်းများနှင့်ပြင်ပကားပွဲစားတန်းများတွင် ကားဝယ်ယူမှု သိသိသာသာမြင့်တက်ခဲ့ကြောင်းသိရသည်။


'' ဒီသတင်းဘယ်က ထွက်လာလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကောလဟာလထွက်တဲ့တစ်ပတ်အတွင်းလောက်မှာ ကားတွေ တော်တော် ရောင်းထွက်သွားတယ်။အများဆုံးရောင်းရတာတော့ ၁၃၅ဝစီစီ ကားတွေပဲ။ တစ်ပတ်အတွင်း ၁၅စီးလောက်ကိုထွက်သွားတယ်။ အခုတော့ ပြန်ငြိမ်သွားပါပြီ'' ဟု Myo Motor Services co.ltdပိုင်ရှင် ဦးအောင်မျိုးဝင်းကပြော

ကြေးနီစီမံကိန်း နှင့်ပတ်သက်ပြီး သိမ်းဆည်းခံခဲ့ရသော လယ်ဧက ၇၈၀၀ အတွက် ဒေသခံ (၂၂)ရွာမှ ရွာသူရွာသားများသည် ၄င်းတို့ ပိုင်ဆိုင်သော လယ်မြေများ ပြန်လည်ရရှိရန် ဆန္ဒဖေါ်ထုတ်မှုများ

‎`
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်ပတ်သက်ပြီး သိမ်းဆည်းခံခဲ့ရသော လယ်ဧက ၇၈၀၀ အတွက် ဒေသခံ (၂၂)ရွာမှ ရွာသူရွာသားများသည် ၄င်းတို့ ပိုင်ဆိုင်သော လယ်မြေများ ပြန်လည်ရရှိရန် ဆန္ဒဖေါ်ထုတ်မှုများ သြဂုတ်လ တတိယပတ်တွင် နေစဉ်ဆိုသလို ဖြစ်ပွားလျှက် ရှိကြောင်း သိရှိရသည်။

သြဂုတ်လ (၂၄)ရက်နေ့က ရွာသားများသည် ၄င်းတို့ ပိုင်ဆိုင်သော မြေယာများအပေါ်တွင် “ကျေးရွာပိုင်မြေများ မည်သူမျှ လုံးဝမကျူးကျော်ရ” ဆိုင်းဘုတ်စိုက်ထူရန် သွားရောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၄၀၀)ခန့်က ဒိုင်းများ ရာဘာတုတ်များဖြင့် ခြောက်လှန့် လူစုခွဲခဲ့ကြောင်း သိရသည်။
— ကြေးနီစီမံကိန်းအတွက် လယ်ဧက ၇၈၀၀ သိမ်းဆည်းခံရ၍ ဆန္ဒပြမှုဖြစ်ပွား (7 photos)

ယွမ်းငွေ သန်း-၁၉၀၀ ကုန်ကျသော ၈ လမ်းမောင်းတံတားကြီး ဖွင့်ပြီးနောက် ၉ လ အကြာတွင်ပြိုကျ၊ ယင်း ပြိုကျမှု ကြောင့် လူသုံးဦးသေဆုံး၊ ငါးဦး ဒါဏ်ရာရကြောင်းသိရ။ ဒါနဲ့ မေ့သွားလို့ မေးပါဦးမယ်။ ကျွန်တော်တို့ မြစ်ဆုံဆည်စီမံကိန်းကို ဘယ်နိုင်ငံ ဆောက်မှာပါလဲခင်ဗျ။

‎`

ယွမ်းငွေ သန်း-၁၉၀၀ ကုန်ကျသော ၈ လမ်းမောင်းတံတားကြီး ဖွင့်ပြီးနောက် ၉ လ အကြာတွင်ပြိုကျ၊ ယင်း ပြိုကျမှု ကြောင့် လူသုံးဦးသေဆုံး၊ ငါးဦး ဒါဏ်ရာရကြောင်းသိရ။

ဒါနဲ့ မေ့သွားလို့ မေးပါဦးမယ်။ ကျွန်တော်တို့ မြစ်ဆုံဆည်စီမံကိန်းကို ဘယ်နိုင်ငံ ဆောက်မှာပါလဲခင်ဗျ။


မူရင်း လင့် - http://www.globaltimes.cn/content/728844.shtml
— 3 dead & 5 inj after trucks plunge off collapsed bridge in China (8 photos)
3 dead and 5 injured after trucks plunge off collapsed bridge in NE China
Xinhua | 2012-8-24 10:36:01
By Agencies

Photo taken on August 24, 2012 shows the collapsed section of the Yangmingtan bridge in Harbin, capital of Northeast China's Heilongjiang Province. Four trucks fell off to the ground after a section of the Yangmingtan bridge collapsed in Harbin early Friday morning, killing three people and injuring five others. The 15.4-kilometer-long bridge was opened to traffic last November. The collapsed part, which measures 100 meters in length, fell from a height of 30 meters. Photo: Xinhua

မူပိုင်ခွင့်ချိုးဖောက်မှုအတွက် Apple ကုမ္ပဏီထံသို့ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ပေးဆောင်ရန် Samsung ကုမ္ပဏီ ပြစ်ဒဏ်ချမှတ်ခံရ



ရက်သတ္တပတ် သုံးပတ်ကျော်ကြာမြင့်ခဲ့သည့် Apple ကုမ္ပဏီနှင့် Samsung တို့၏ မူပိုင်ခွင့်တရားစီရင်မှုတွင် Samsung က Apple ၏ အပြင်အဆင်နှင့် ဒီဇိုင်းများအား ကူးယူအသုံးပြုထားကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက် Apple ကုမ္ပဏီအား နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ဒဏ်ကြေး ပေးဆောင်ရန် တရားသူကြီးအဖွဲ့က အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။



Apple အနေဖြင့် ၎င်း၏ဆုံးရှုံးနစ်နာမှုအတွက် Samsung ကုမ္ပဏီထံမှ နစ်နာကြေး အမေရိကန် ဒေါ်လာ ၂.၇၅ ဘီလီယံ တောင်းဆိုခဲ့သော်လည်း ၁ ဘီလီယံကျော်သာပေးဆောင်ရန် တရားရုံးမှဆုံး ဖြတ်ပေးခဲ့သည်။ တရားရုံး၏စစ်ဆေးချက်များအရ Samsung ကုမ္ပဏီ၏ စမတ်ဖုန်းနှင့် tablet ထုတ်ကုန်အချိ့တွင် Apple ၏ အပြင်အဆင်နှင့် ဒီဇိုင်းများအား ကူးယူအသုံးပြုထားကြောင်းတွေ့ရှိခဲ့ရပြီး Apple ကုမ္ပဏီဘက်မှမူ Samsung ၏ မူပိုင်ခွင့်များအား တစ်စုံတစ်ရာချိုးဖောက်ထားခြင်းမရှိကြောင်း တွေ့ရှိ ခဲ့ရသည်။ တရားရုံး၏ဆုံးဖြတ်ချက်အရ Samsung ကုမ္ပဏီမှ Apple အား အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ကြေးပမာဏအတိအကျဆိုရသော် အမေရိကန်ဒေါ်လာ ၁,၀၄၉,၃၉၃,၅၄၀ ဖြစ်သည်။


Apple ၏ အမှုဆောင်အရာရှိချူပ် Tim Cook က တရားရုံး၏ဆုံးဖြတ်ချက်ကိုကြားနာပြီးနောက်တွင် “ယနေ့သည် Apple ကုမ္ပဏီနှင့် ၎င်း၏

ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေအိမ်ယာ အင်ဒိုနီးရှားကူမည် *

Inbox
x








အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးဖို့လိုအပ်တဲ့ သတင်းအချက်အလက် စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။




အခုလို အကူအညီတွေပေးမယ့် အစီအစဉ်တွေကို ဦးဆောင် လုပ်ကိုင်ဖို့ မကြာခင်က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ အင်ဒိုနီရှား ဒု-သမ္မတဟောင်း Jusuf Kalla ကို အထူးသံတမန်အဖြစ် အင်ဒိုနီးရှားသမ္မတက ခန့်အပ်လိုက်ပြီး တခြား အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့တွေလည်း ရခိုင်ပြည်နယ်ဖက်ကို စေလွှတ်ထားပါတယ်။




အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။




မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် ဘင်္ဂါလီ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု များပြားလာတာမှာ ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း ရခိုင်အဓိကရုဏ်းအတွင်း ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာ

မလေးရှားရောက် မြန်မာ နှင့် ချင်း ဒုက္ခသည်များအကြား ကလဲ့စားလူသတ် မှုဖြစ်ပွား



 
သြဂုတ်လ ၂၄ ရက်နေ့က မလေးရှားရောက်
 မြန်မာလူ မျိုးများနှင့် ချင်းလူမျိုး ဒုက္ခသည်
အချင်းချင်း အကြား ကလဲ့စား လူသတ်မှု ဖြစ်ပွား
သည်ဟု သိရသည်။


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kudu Area ဗမာစား သောက်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ညတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ ချင်းလူမျိုး ငါးဦးနှင့် စားသောက်ဆိုင် ၀န်ထမ်းများ ရိုက်နှက်မှု ဖြစ်ပွားရာမှ ချင်းလူမျိုးနှစ်ဦး ပွဲချင်းပြီး သေဆုံးကာ သုံးဦး ဆေးရုံ ရောက်သွားကြောင်း ချင်းဘာသာ ထုတ်
one star Journal တွင်လည်း ဖော်ပြထားသည်။

 ဖြစ်စဉ်မှာ ယခု အမှု မဖြစ်ခင် အမှုတွင်ပါဝင်သူ ချင်းလူငယ်အား ဆိုင်ဝန်ထမ်းတွေက အပြင်းအထန် ရိုက်နှက်ခဲ့ရာမှ မလေးရှား ရိန်းကစ် ၃၀၀၀ ဖြင့် ကျေအေး ခဲ့သော်လည်း ချင်းလူငယ်တွေ က ပြန်လည်တုံ့ ပြန်ခဲ့ဘူးကြောင်း၊

ထို့ကြောင့်  ယခုကဲ့ သို့ ပြန်လည်ရိုက် နှက်မှုဖြစ်ပွားပြီး  လူသတ်မှု အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေက ပြောကြသည်။

“ တရားလို ဆိုင်ဝန်ထမ်းတွေက အနည်းဆုံး ၁၅ ဦးလောက်နဲ့ ၀ိုင်းရိုက်တာပါ၊ ဗမာတွေက မဟာစားသောက်ဆိုင်က ဖြစ်ပြီးတော့ အသတ်ခံ သူတွေဟာ အဆိုပါ စားသောက် ဆိုင်ဘေးနားမှာ အရက်သောက် နေတာကို တွေ့ရှိပြီး ဆိုင်အောက် အမှိုက်ပုံနားမှာ ရပ်စောင့်ပြီး ၀ိုင်းသတ်တာဖြစ်
တယ်” ဟု မျက်မြင် တဦးက ပြောသည်။ အဆိုပါ ၁၅ ဦးထဲက အဓိက တရားခံ နှစ်ဦးကို ရဲတွေက ဖမ်းဆီးထားကြောင်း၊

အဆိုပါ ဖြစ်ရပ်ကြောင့် Pudu Area တွင် လုံခြုံရေးတင်းကျပ် မှာဖြစ်ကြောင်း လည်းသိရသည်။

အဆိုပါ အရပ်တွင် ဗမာစား သောက်ဆိုင် အနည်းဆုံး ၇ ဆိုင်ရှိပြီး အရက်ကို အဓိက
 သောက်သုံးသူမှာ ချင်းလူမျိုး တွေဖြစ်ကြောင်းလည်း the one star

မြန်မာနိုင်ငံဖွား ဟောင်ကောင် ခွဲစိတ်ဆရာဝန်ကြီး မြန်မာနိုင်ငံမှာ သင်တန်းပို့ချမည် *

Inbox
x









May Zaw Khin RFA




ဒေါက်တာ James Kong နဲ့ အဖွဲ့ဟာ နိုင်ငံပေါင်း ၂၆ နိုင်ငံကို အခုလို လှည့်လည် သင်တန်းပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိပေမယ့် ဆရာဝန် ဦးရေဟာ သုံးသောင်းလောက်ပဲ ရှိကြောင်း၊ ဒါကြောင့်မို့ ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ ၂၀၁၁ ခုနှစ် ငလျင်လှုပ်ခဲ့တဲ့ အခြေအနေမျိုးတွေအတွက် အရေးပေါ် နယ်လှည့် ဆေးကုသပေးနိုင်မယ့် ဆရာဝန်မျိုးတွေ ရှိဖို့ လိုအပ်ကြောင်း ဒေါက်တာ Kong က ပြောပါတယ်။

သူတို့အဖွဲ့ဟာ ဆရာဝန် အရည်အချင်း ရှိပြီးသားသူတွေကို ကူညီမှာဖြစ်ပြီး စိတ်ဒဏ်ရာ ပြင်းထန်သူတွေကို အရေးပေါ် ကုသပေးနိုင်မယ့် နည်းပညာတွေ ဒါမှမဟုတ် အရေးပေါ် လူနာတွေကို တိုက်ရိုက် ထိတွေ့ပြီး အသုံးပြုနိုင်မယ့် ဆေးပစ္စည်း ကရိယာတွေကို သုံးနည်းတွေကို ကူညီသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ Kong က ရေဒီယို သြစတြေးလျ အသံလွှင့်ဌာနကို ပြောပါတယ်။

ဒီဆေးကုသမှု ကူညီရေးအဖွဲ့ကို မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းအပြင် ဆေးတက္ကသိုလ် ကျောင်းတွေကပါ ဖိတ်ကြားထားတာလို့ သိရပါတယ်၊

ဒီလိုဆရာဝန် အဖွဲ့ငယ်လေးတွေက တဆင့် တခြားကျန်းမာရေး ၀န်ထမ်းတွေကိုပါ စောစောက ဆေးပညာတွေ ဆင့်ပွားဖြန့်ဖြူး သင်တန်းပေးနိုင်ဖို့အထိ မျှော်လင့်တယ်လို့လည်း ဒေါ

မဟာ မန္တလေးစီမံကိန်း၊ နေပြည်တော် စီမံကိန်း၊ ရတနာပုံ မြို့သစ်စီမံကိန်း၊ ခု မန္တလေးမြို့သစ် စီမံကိန်း


T



by Than Htut 


တန်ဖိုးနည်းအိမ်ရာကို သိန်း ၁၀ဝ ဆိုတော့ တန်ဖိုးကြီးအိမ်ရာဆိုရင် ဘယ်လောက်များ ရှိမလဲဆိုတာ တွေးတောင် မတွေးရဲတော့ပါဘူး။ အစိုးရဝန်ထမ်းတစ်ယောက်ရဲ့ တရားဝင်လစာရော .. နောက်ဆက်တွဲ ထောက်ပံ့ကြေးဆိုတာများနဲ့ ပေါင်းရင် ၁ သိန်းဝန်းကျင်ပဲ ဆိုပါစို့ရဲ့ ...
သိန်း ၁၀ဝ ရဖို့ မစားမသောက်ပဲ အငတ်ခံ စုရင်တောင်မှ လပေါင်း ၁၀ဝ စုရပါမယ်။ နှစ်နဲ့ဆိုရင် ၈ နှစ်နဲ့ ၄ လစုရပါမယ်။ တစ်လကို ၅၀ဝ၀ဝ နဲ့ စုမယ်ဆိုရင် ၂ဆ ၁၆ နှစ်နဲ့ ၈ လစု ရပါမယ်။ ဒီလို အိမ်မျိုးကို တန်ဖိုးနည်း အိမ်ရာလို့ လူကြီးမင်းတို့ ဘယ်လို ခေါ်ကြပါမလဲ။
လူကြီးမင်းတို့ ငွေသိပ်ပေါပြီး တိုင်းပြည်ကြီးကို အမှန်တကယ် တိုးတက်စေလိုရင် သိန်း ၃၀ ၄၀ လောက်နဲ့ သာမန်လူလတ်တန်းစားတွေ နေနိုင်မယ့် အိမ်ရာတွေ၊ ၅ သိန်းကနေ ၁၀ သိန်းကြားလောက်နဲ့ အခြေခံလူတန်းစားတွေ နေနိုင်မယ့် အိမ်တန်းလျားတွေ၊ တိုက်ခန်းတွေ များများ တည်ဆောက်သင့်ပါတယ်။ 
မန္တလေးမြို့ကြီး ပတ်ပတ်လည် ပရောဂျက်တွေကို နည်းတာမှ မဟုတ်ပဲ။ ခုလည်း တလောက မှိန်သွားတဲ့ မန္တလေးမြို့သစ် စီမံကိန်းပေါ့။ မန်းလေးမြို့နားမှာ မြို့ရွာနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ ၃ ခုတောင် ရှိနေတယ်။ ခု မန္တလေးမြို့သစ် စီမံကိန်းကြီးသာ လုပ်ဖြစ်ခဲ့ရင် ၄ ခုမြောက်ပေါ့။ CBဘဏ်ဥက္ကဋ္ဌကြီးက ဦးဆောင်ပြီး တည်ဆောက်ဖို့ ရှယ်ယာတွေ ခေါ်နေတယ်ပေါ့။
မြို့တစ်မြို့တည်ဆောက်တယ်ဆိုတာ လွယ်တဲ့အလုပ်လို့ ထင်နေလို့လား၊ ဒါမှမဟုတ် မြေနေရာ လက်ညှိုးထိုးရောင်းစားရတာ အကျင့်ပါနေလို့လားတော့ မသိဘူး။ ဒီစီမံကိန်းကို ဘယ်လို စိတ်ကူးနဲ့ စီစဉ်လည်း မသိပေမယ့် အတော့်ကို ငွေပေါများနေပြီး အလုပ်အရမ်းလုပ်ချင်နေပုံ ရတယ်လို့ ထင်မိပါတယ်။ ဒါမှမဟုတ် မန်းလေးမြို့မှာ မြေဈေးကြီးတာကြောင့် မြေဝယ်လို့မရလို့များ ကြံမိကြံရာ ကြံသလားလို့ ထင်မိပါတယ်။ သိပ်တော့ မဖြစ်နိုင်ဘူးထင်တယ်။
မန်းလေးမြို့မှာ မြေဈေးတွေ အရမ်းကြီးတယ်။ ဟုတ်တာပေါ့ .. ကြီးပါတယ်။ ဘာလို့ ကြီးပါသလဲ။ ဒီကိစ္စကို အရင်အဖြေရှာဖို့ လိုပါတယ်။ ဒါဆို မြေဈေးဘာလို့ကြီးလဲ။ ဝယ်လိုအား

ပညာခေတ်အတွက် အင်တာနက်


"တစ်ဦးချင်းဝင်ငွေမြင့်မားလှသော တောင်ကိုရီးယားလိုနိုင်ငံတွင်ပင် ဒေါ်လာ နှစ်ဆယ်သုံးဆယ်ခန့် လစဉ်ပေးရုံဖြင့် ကနဦးတပ်ဆင်ခပင် တစ်စုံတစ်ရာပေးစရာမလိုဘဲ တစ်လလုံးအင်တာနက်စိတ်ကြိုက်သုံးနိုင်လေသည်။"

တတိယလှိုင်းရိုက်ခတ်လာခြင်းနှင့်အတူ အရာရာသောတန်ဖိုးထားမှုနှုန်းစံတွေ ပြောင်းလဲလာကြသည်။ တရွေ့ရွေ့ပြောင်းလဲနေသော ကမ္ဘာကြီးအဖြစ်ကနေ အိုင်တီနည်းပညာ အကျိုးကျေးဇူးကြောင့် အလျင်အမြန်ပြောင်းလဲတတ်သော ကမ္ဘာ့အစီအစဉ်သစ်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပေသည်။ ကမ္ဘာတစ်ဘက်အခြမ်းမှ အကြောင်းအရာတစ်ခုသည် တစ်ခြားကမ္ဘာတစ်ဘက်ခြမ်းသို့ တစ်မဟုတ်ချင်းရောက်ရှိနိုင်သော ခေတ်ကြီးပင်ဖြစ်လေသည်။
တစ်ချိန်ကဆိုလျှင် ပစ္စည်းကြီးကြီးမားမားထုတ်လုပ်သော သံမဏိလုပ်ငန်း၊ ကားထုတ်လုပ်ရေး၊ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ ရေနံထုတ်လုပ်ခြင်းစသည့် လုပ်ငန်းကြီးများသည် အကြွယ်ဝဆုံးအနေအထားတွင်ရှိနေရာမှ ယခုအိုင်တီနည်းပညာခေတ်တွင်တော့ မျက်စိဖြင့်ပင်မမြင်နိုင်သော လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် ဆော့ဖ်ဝဲကုမ္ပဏီကြီးများသည် ထိပ်တန်းဝင်ငွေအကောင်းဆုံး လုပ်ငန်းများအဖြစ်ရပ်တည်လာကြပေသည်။

အိုင်တီနည်းပညာခေတ်၏နောက်တွင် အရေးကြီးသောအိုင်ဒီအိုလိုဂျီတစ်ရပ် ကပ်လျက်ပါလာသည်မှာ ပညာသည်အရာရာအတွက်အခရာကျသည်ကို ယခင်ကထက်ပင် ပညာရှင်များကျယ်ကျယ်ပြန့်ပြန့် လက်ခံလာခြင်းပင်။ ယခင်လို ကော်ပိုရေးရှင်းကြီးများက လက်ဝါးကြီးအုပ်ထားတတ်သော စီးပွားရေးသွင်ပြင်မှသည် တစ်ဦးချင်းအရည်အချင်းဖြင့်ပင် ယခုအိုင်တီခေတ်တွင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည်ကို ကွယ်လွန်သူ Apple CEO ဟောင်း စတိဗ်ဂျော့ဘ်၊ Microsoft CEO ဟောင်း ဘီလ်ဂိတ် စသူတို့၏အောင်မြင်မှု

မြန်မာပြည်သူအပေါင်းတို့ခင်ဗျား..(အရေးကြီးသည်ဖတ်ပေးပါ)




ယနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအ၀င် နိုင်ငံအတော်များများသည် သတင်းဌာနများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မြန်မာပြည်သူများအား အထင်အမြင်လွဲမှားစွာ ပြောဆိုဆက်ဆံနေကြပါသည်။ ကျွန်ုပ်တို့ မြန်မာပြည်သူများသည် မွတ်စလင် ဘာသာဝင်များကို သတ်ဖြတ်နေသည်ဟု စွပ်စွဲပြီး ရခိုင်ပြည်နယ်အား ရိုဟင်ဂျာ ပြည်နယ် ဖြစ်ပေါ်လာရေး ရိုဟင်ဂျာများအတွက် လှုံ့ဆော်ပေးနေကြသည်။



ထို့အတွက် မြန်မာပြည်သူများအား သတင်းဌာနများမှ နစ်နာစွာပြောဆိုနေမှုများကို ရပ်တံ့နိုင်ရန် ကုလသမဂ္ဂသို့ လူ့အခွင့်အရေး နှင့်ပတ်သက်ပြီး တိုင်ကြားနိုင်ရန် စီစဉ်ထားပါသည်။


change.org တွင် မိမိတို့ တင်ပြလိုသည်များကို လက်မှတ်ထိုးပြီး တောင်းဆိုနိုင်ပါသည်။


http://www.change.org/


မိမိတို့ အခွင့်အရေးနှင့် ဂုဏ်သိက္ခာအတွက် မိမိတို့ မှားယွင်းမှု မရှိကြောင်း သက်သေပြဖို့ အားလုံး ၀ိုင်းဝန်း လက်မှတ်ထိုးနိုင်ရန် ကမ်ပိန်းတစ်ခု စီစဉ်ထားပါသည်။


http://www.change.org/petitions/united-nations-stop-the-usages-kill...


အထက်ပါ လင့်အား ကူးယူပြီး မိမိတို့ အင်တာနက် browser တွင် ဖွင့်ကြည့်ပါ။ အချက်အလက်များ ဖြည့်ပြီး Sign Button ကို နှိပ်လိုက်ခြင်းဖြင့် သင့်လက်မှတ်တစ်ခု ကို ကျွန်တော်တို့ ကမ်ပိန်းအတွက် ရရှိသွားပါပြီ။


သင်လက်မှတ်ထိုးပြီးလျှင်လည်း မိမိပြည်သူပြည်သားများအား လက်ဆ

ဝက်သားချဉ်ငံစပ်သုတ်နည်း


          မိန်းကလေးတွေကယောက်ကျာ်လေးတွေဆိုဟင်းချက်တာနဲ့ပက်သက်ပြီးထင်မြင်သေးကြတယ်။ဒါလည်းဟုတ်တာပဲလေ
ယောက်ကျာ်းလေးတွေအများစုကဟင်းချက်၊ပြုတ်တာကိုမှစိတ်မ၀င်စားတော့ပေါလည်းပေါချင်စရာပေါ့နော်။ဒါပေမဲ့
တာတီးကတော့ထမင်းဟင်းချက်ပြုတ်တာငယ်ငယ်ကတည်းက၀ါသနာထုံတာ(တမျိုးမထင်နဲ့နော်)။ဟုတ်တယ်လေ
ငယ်ငယ်ကတည်းကအဒေါ်ပျိုကြီးတွေရဲ့လက်ထဲမှာကြီးလာသူတယောက်အဖို့ဒီချက်ပြုတ်ဝါသနာထုံတာမဆန်းပါ
ဘူးနော့်။
        ကဲအပြောတွေအိတ်ကပ်ထဲထည့်ပြီး......၀က်သားချဉ်ငံစပ်လေးသုတ်လိုက်ရအောင်နော်
ဝက်သားချည်ငံစပ်လုပ်မယ်ဆိုရင်ပါဝင်သောပ္စည်းတွေကတော့..

တိုင်းပြည်ချက်ချင်း ဦးမော့လာအောင် လုပ်ချင်လျှင်......။

(သြဂုတ်လ ၂၇ ရက်နေ့ထုတ် Voice ဂျာနယ်မှ ဦးလှဝင်း (လေသူရဲတစ်ဦး) ရေးသားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ထပ်ဆင့်ကူးယူဖေါ်ပြလိုက်ပါတယ်။)
ယခုတစ်လော လွှတ်တော်အစည်းဝေးတွေကို ညစဉ် ၈ နာရီတီဗီရှေ့မှာ ထိုင်ပြီး စောင့်ကြည့်နေခဲ့ပါတယ်။ မေးခွန်းမေးတယ်။ အဆိုတင်တယ်။ ပြန်ဖြေတယ်။ ဒီသတင်းတွေကိုပဲ နေ့စဉ်နားထောင်နေရပါတယ်။
    ကျွန်တော်အားမရဘူးခင်ဗျား။
    နေ့ချင်းညချင်း ကျွန်တော်တို့တိုင်းပြည်ကြီးကို ဘယ်လိုပြန်လည် ထူထောင်ကြမယ်ဆိုတဲ့ အားမာန်အပြည့်ပါတဲ့... ထူးကဲတဲ့ဥဏ်ပညာအပြည်ဝ ရှိတဲ့....ကျွန်တော်တို့ပြည်သူတွေ အလွန်အံ့သြသွားစေမယ့်..... ခုန်ထပြီးလက်ခုပ်လက်ဝါးတီးချင်စိတ် ပေါက်သွားစေမယ့် အတွေးသစ်၊ အမြင်သစ်၊ အကြံဥဏ်သစ်တွေကို အလွန်ကြားချင်လှပါတယ်။
    ဒီနေ့အထိမကြားရသေးပါဘူး။
    ကျွန်တော်တိုမွန်ဒေသရဲ့ စကားနဲပြောရင်တော့ " အိပဲ့ အိပဲ့နှင့် ကနော့ " တဲ့ သတင်းတွေပဲကြားနေရပါတယ်။
    ဒီကြားထဲရခိုင်ပြဿနာ ပေါ်လာတာလည်း အလွန်စိတ်ညစ်စရာတစ်ခုပေါ့ ခင်ဗျား။
    တကယ်တော့ကျွန်တော်တို့မြန်မာနိုင်ကို ချက်ချင်းဦးမော့အောင် ပြုလုပ်ချင်ရင် ပြုလုပ်လို့ရပါတယ်ခင်ဗျား။
    အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။
    There is will, there is way တဲ့။
    ဆန္ဒရှိရင်နည်းလမ်း ရှိတယ်ပေါ့ခင်ဗျား။
    ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ အာဏာက သမ္မတမှာပဲ ရှိပါတယ်။ လွှတ်တော်မှာ မရှိပါဘူး။ လွှတ်တော်မှာအုပ်ချုပ်မှု့ အာဏာမှမရှိပဲခင်ဗျား။ လွှတ်တော်ကိုအပြစ်တင်လိုမရပါဘူး။
        ကျွန်တော်တို့တိုင်းပြည်မှာ ချက်ချင်းပြုပြင်ကြရမယ့်၊ အဖြေရှာရမယ့် လုပ်ငန်းကြီးလေးခုရှိပါတယ်။ သမ္မတအာဏာဖြင့် ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်နိုင်မယ့် လုပ်

မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ *

Inbox
x



t
မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာတွင် ဆူပူ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြသော လူအုပ်စု တစ်ခုကို စစ်တပ်က သေနတ် မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာများ မီးရှို့ခံနေရစဉ်။
“ဖြစ်တာက ဒီလ ၁၈ ရက်နေ့ ညနေမှာ ဖြစ်ပွားတာပါ။ ကိုင်းကြီးရွာမှာ ဘုန်းတော်ကြီးကျောင်းကို မီးရှို့ခံရတဲ့ ဓါတ်ပုံတွေ ပြသထားတဲ့ နေရာကို သြဂတ်စ်လ ၁၇ ရက်နေ့ ညဥ့်က ၀င်ရောက် ဖျက်ဆီး သွားခဲ့ပါတယ်။ နောက်တစ်နေ့  ၁၈ ရက်နေ့ ညနေမှာ ကင်းပုန်း ၀ပ်နေတဲ့ အခါ ရွာနားကို ကပ်လာတဲ့ မွတ်ဆလင် ဘင်္ဂလီ (၃) ဦးကို စစ်တပ်က ဖမ်းမိပါတယ်။ အဲသလို ဖမ်းဆီးတဲ့ နောက်ပိုင်း ဇော်မတက် ရွာက ဘင်္ဂလီတွေ ၀ိုင်းလိုက်လာတဲ့ အတွက် စစ်တပ်က သေနတ် သုံးလေးချက် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဓါတ်ပုံများမှာ ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား  မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ပုံများ ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားမှ ဧည့်သည်များ လာရောက်သော အခါ ကြည့်ရှု့နိုင်ရန် ရွာလမ်းထိပ် အဆောက်အအုံတစ်ခုတွင် ပြသထားသော ဓါတ်ပုံများ ဖြစ်ကြောင်း  ရွာသားက ဆိုသည်။
“ သူတို့ ဒီလို ဓါတ်ပုံတွေကို ပြသထားတာကို မကြိုက်တဲ့ အတွက် ၀င်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ လုံခြုံရေး ယူထားတဲ့ စစ်တပ်က ၁၈ ရက်နေ့ မနက်မိုးလင်းမှ ဖျက်ဆီးခံရတာကို သိပါတယ်။ နောက်တစ်နေ့ ညဥ့်မှာ စစ်တပ်က ရွာအ၀င် ကင်းပုန်းဝပ်တော့ ရွာထဲ ၀င်လာတဲ့ ဘင်္ဂလီ လူမျိုး သုံးဦးကို မိပါတယ်။ အခုတော့ သူတို့ကို ရဲလက်ထဲ လွဲပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။
အလားတူ မောင်တောတောင်ပိုင်း အလယ်သံကျော် အနီး ဥဒေါင်းရွာတွင်လည်း သြဂတ်စ်လ ၁၇ ရက်နေ့က နစက တာဝန်ရှိသူ တစ်ဦးကို ဖမ်းဆီးရန် အလိုရှိနေသူ ၀ရမ်းပြေး တစ်ဦးက

အောက်ခြေအဆင့် အလုပ်ကြမ်းများအား ရခိုင်အခြေခံလူတန်းစားများ ဝင်ရောက်လုပ်ကိုင် *

Inbox
x







ဖြူစင်သူ






ရခိုင်ပြည်အတွင်း ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဖြစ်ပြီးနောက်တွင် အောက်ခြေအ လုပ်ကြမ်းများအား ရခိုင် အခြေခံလူတန်းစားများ ဝင် ရောက်လုပ်ကိုင်လျှက် ကြောင်း သိရသည်။




ယခင်က ရခိုင်အခြေခံအလုပ်သမားများ လုပ်မည့်နေရာများတွင် တစ်ဖက်နိုင် ငံမှ တရားမဝင်ကျူးကျော် ဝင်ရောက်လာသည့် ဘင်္ဂလီများ က အောက်ခြေအ ဆင့် အလုပ်များကို နေရာယူ ဝင်ရောက်လုပ်ကိုင် ခဲ့သည့်အတွက် ဒေသခံ ရ ခိုင်များက နိုင်ငံရပ်ခြားသို့ သွားရောက် လုပ်ကိုင်ခဲ့ကြရကြောင်း စစ်တွေ ဒေသ ခံများမှလာသော သတင်းအရ သိရသည်။




" အဓိကရုဏ်းမဖြစ်မီတော့ စစ်တွေမြို့ အောက်ခြေလုပ်ငန်းတွေကို ဘင်္ဂလီ တွေက နေရာယူထား တော့ ဒေသခံ ရခိုင် အောက်ခြေအလုပ်သမားတွေအ တွက် အလုပ်မရှိတော့ဘူး။ ဒီတော့ နိုင်ငံခြားတွေကို တရားဝင်ရောတရားမ ဝင်ပါ ထွက်ပြီး အလုပ်လုပ်နေကြရတယ်။ အခုဘင်္ဂလီတွေကိုဒုက္ခသည် စခန်း မှာထားပြီး နေရာ

တကမ္ဘာလုံးက ဖုန်းအချင်းချင်း ပိုက်ဆံမကုန်ဘဲ Phone ခေါ်ကြမယ်. (FREE)





  •  မိမိဖုန်းဟာ iphone (or) android
    (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက
    တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီး
    update လုပ်နေပါတယ်။)
  •  မိမိဖုန်းမှာ viber ဆိုတဲ့ free
    ခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet
    လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော်
    တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber software
    ထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Android
    အမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။
  • မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲ
    ဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင်
    ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင် အင်တာနက်
    ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့
    wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။ အော်ဒါနဲ့ပြောဖို့ကျန်သွားပါတယ်။
    အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။
    အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်. viber
    နဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။
    oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီး
    ကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viber
    နဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်က
    အိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။
  • အဲ့တော့
    ခုနက ပြောတဲ့ iphone (or) android (or) Black b

ခြေရှုပ်သူရဲ့ဇနီးမယားသိစေဖို့





                                          ကျွန်မ သူ့ ကိုအမြဲ သတိပေးနေကြ “ ခင်မရေ.. ပြင်ပြင်ဆင်ဆင်နေကွဲ့ ..တော်ကြာ ကိုတင်အောင်ကြီး နောက်တစ်ယောက်တွေ့မယ်နော် ” လို့ အမြဲတွေ့တိုင်းပြောဖြစ်တယ်။ အဲဒီအခါမှာ သူငယ်ချင်း ခင်မ က
“ အိုအေ..ကလေးပဲ၃ ယောက်ရနေပြီ ဒင်းခြေမရှုပ်ရဲပါဘူး..ခင်မလက်ချက်မိသွားမှာပေါ့ ” လို့ ပြန်ပြောတတ်တယ်။   ကျွန်မ သက်ပြင်းချရင်း “ အဲဒီ “ခပ်ကြမ်းကြမ်းအပြောတွေပါ လျော့အေ.. ဒါဘဲ.. ငါထပ်မပြောချင်တော့ဘူး.. ရင်လေးတယ်” ပြောလဲပြော ကျွန်မသူ့ အိမ်ကနေ လေးကန်စွာနဲ့ ပြန်လာမိတယ်။ လမ်းတစ်လျောက်လဲ အတွေးတွေက ဟိုရောက်ဒီရောက် ပေမယ့် ခင်မရဲ့  ငယ်ရုပ်ငယ်သွေးကို ပြန်မြင်ယောင်နေတာတော့အကြိမ်ကြိမ်ပါပဲ။

                                           ခင်မအပျိုဘဝက တော်တော်လှတဲ့ မိန်းမ စာရင်းဝင်မယ်ထင်တယ်။ ခုများတော့ ကလေး ၃ ယောက် က တစ်ဖက်အိမ်မှုကိစ္စကတစ်ဖက်နဲ့ ဆံပင်စုတ်ဖွာ ကို ညှပ်ကလစ်ကြီးနဲ့နောက်လှန်တင်ထား ပြီး အနွေးထည်တစ်ထည်ခပ်ပါးပါးကိုအမြဲဝတ်ထားတာမြင်ရတော့အဖွားကြီးအိုပေါက်စနှယ် ရှိရင်းစွဲအသက်ထက်ရင့်ရော်လို့နေတယ်.။ အသက် ကတော့ကျွန်မနဲ့တူတူ ၃၈ ပေါ့။

                                သူတို့ အိမ်ထောင်သက်လဲမနည်းတော့ပါဘူး.ကျွန်မတို့အိမ်ထောင်သက်နီးနီးလောက်ပဲ ။သမီးအကြီးလေးတောင် ၇ တန်းတက်နေပြီပဲ.။အငယ်ဆုံးသားလေးက တော့မူကြိုတက်နေတဲ့အရွယ်လေးပဲရှိသေးတယ်။ ကလေးတွေကျောင်းပို့ရင်းအိမ်ရှေ့ ကနေ အမြဲ ပျာရီးပျာယာနဲ့ အငယ်ဆုံးကလေးလက်ကိုဆွဲပြီး ဖြတ်လျောက်သွားနေကျ၊ အပြန်ကျတော့ကလေးမပါတာမို့ ကျွန်မအိမ်

ဘ၀ရဲ့အမောတွေကို.....ဟာသလေးနဲဖြေကြမယ်


            သူ့စကားနဲ့သူ
သား။     ။သားသူငယ်ချင်းအောင်မြတ်ရဲ့ဖေဖေကရေကူးအရမ်းကျွမ်းကျင်တာ၊ဖေဖေကဘာလို့ရေမကူးတတ်တာလဲဟင်။
အဖေ။   ။အောင်မြတ်ရဲ့အဖေကငါးစားတော့ရေကူးတတ်တာပေါ့ကွာ။ဖေဖေကငါးမစားတော့ရေကူးမတတ်ဘူးပေါ့။
သား။     ။ဒါဆိုဖေဖေကကြက်သားစားပြီးဘာဖြစ်လို့ဥမဥတာလည်းဟင်။
  ----------               -------------------------          -----------------        ----------------------------------
                ဖြစ်ရမယ်လေ............
ကိုကျော်ဇင်တယောက်ဘောလုံးကစားသမားလုပ်ပြီးအနှိပ်သည်ဦးမြကြီးဆီတရံတခါသွားနေရသတဲ့။
ဦးမြကြီး။      ။ကျော်ဇင်နင်ဘောလုံးသမားလုပ်ပြီးညောင်းမိရတယ်လို့ကွာ။
ကျော်ဇင်။     ။မညောင်းမိပဲနေမလားဗျ...တစ်နေ့လာလည်းအရန်ခုံ..နောက်တစ်နေ့လာလည်းအရန်ခုံဆိုတော့ညောင်းတာပေါ့ဗျာ။
---------               --------------------------         -------------------       -------------------------------------------
လူပြည့်အောင်မစောင့်နိုင်လို့
ကုမ္ပဏီအရောင်းခန်းမအပေါ်ဆုံးထပ်သို့ဓါတ်လှေခါးလုံးဝမစီးပဲတက်လာသောသမီးဖြစ်သူအားဖခင်ကအံ့အားသင့်စွာကြည့်ရှုရင်းမေး၏
"ဘာလို့ဓါတ်လှေခါးမစီးဘဲအပင်ပန်းခံပြီးတက်လာရတာလဲသမီး၊ဓါတ်လှေခါးပျက်နေလို့လား"
"ဓါတ်လှေခါးမှာရေးထားတဲ့စာကိုသမီးသဘောမကျလို့ပါဖေဖေ"
"ဘယ်လိုရေးထားလို့လဲ"
"ဆယ့်နှစ်ယောက်သာစီးရန်တဲ့လေ......သမီးလည်းလူဆယ့်နှစ်ယောက်ပြည့်အောင်မစောင့်နိုင်လို့စိတ်မရှည်တာနဲ့ထွက်လာခဲ့တာ"
---------               ----------------------------        --------------------       -------------------------------------------
တရုတ်ကြီးရဲ့၂၄ပစ္စည်း
တခါက...တရုတ်ကြီးတယောက်ဘုရားရှိခိုးပြီးအိမ်ကိုစည်းချနေတဲ့အချိန်သူ့အိမ်ကိုသူခိုးကပ်ပါလေရော။အဲဒါပေမဲ့သူခိုးကဘာပ္စည်းမှ
မယူနိုင်ပဲတရုတ်ကြီးရဲ့စည်းချသံကိုကြားတာနဲ့တင်ထွက်ပြေးသွားရသတဲ့။
တရုတ်ကြီး..၂၄ပစ္စည်းကိုရွတ်ဖတ်ပုံကတော့
ဟေ့လူပစ်မယ်နော
အားရပါးရပစ်မယ်နော
မထိတထိပစ်မယ်နော...
-------            -----------------------------        ----------------

Saturday, August 25, 2012

♦♦♦ ကိုရီးယား ခွေးသားဟင်း စားကြဦးမလား ♦♦♦

                                    မေးလ်ထဲကသူငယ်ချင်းတစ်ယောက်ပို့ပေးတာနဲ့ ရှယ်လိုက်ပါတယ်ခင်ဗျာ...
                                    ကိုရီးယားနိုင်ငံကပါ ။
                                    သနားစရာ ခွေးသတ္တ၀ါတွေ ကို ကြည့်ပြီး ဂရုဏာပွားကြပါအုန်း။
                                    

လက်သည်း ခြေသည်း အက်ကွဲခြင်း



လက်သည်း ခြေသည်းတွေ အက်ကွဲတာနဲ့ လက်သည်း ခြေသည်း ကြွပ်ဆတ်တာက ရေ၊ ကြမ်းတမ်းတဲ့ ဆပ်ပြာ၊ လက်သည်းဆိုးဆေး၊ ဖျက်ဆေးတွေနဲ့ ထိတွေ့မှု များလွန်းတာကြောင့် ဖြစ်တတ်ပါတယ်။  လက်သည်း ခြေသည်း အက်ကွဲတာဟာ ကြည့်ရတာ အရုပ်ဆိုးရုံတင် မကပါဘူး။ လက်သည်း ခြေသည်းတွေက လက်ချောင်း ခြေချောင်းရဲ့ ထိပ်နေရာတွေကို အကာအကွယ် ပေးထားပါတယ်။ လက်သည်း ခြေသည်းတွေကို ကီရာတင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ကျန်းမာတဲ့ လက်သည်း ခြေသည်းဟာ ချောမွေ့ပြီး အစင်းရာ၊ အချိုင့်ရာတွေ မရှိပါဘူး။ အစက်အပြောက် ကင်းကာ အရောင်က ကြည်လင်နေတတ်ပါတယ်။

ကာကွယ်မှု

လက်သည်း ခြေသည်းတွေ အက်ကွဲပြီး ပုံပျက်ပန်းပျက် ဖြစ်မလာအောင် အောက်ပါ နည်းလမ်းတွေနဲ့ ကာကွယ်သင့်ပါတယ်။

- လက်သည်းတွေကို သွားနဲ့ မကိုက်ပါနဲ့။ ဒီလို လုပ်တာက လက်သည်း အခြေက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းကို လက်သည်းထိပ်နဲ့ ကပ်ပြီး တိုလွန်းအောင် ညှပ်တာက ကူးစက်ပိုး ဝင်တာကို ဖြစ်စေနိုင်ပါတယ်။

- လက်သည်း ခြေသည်းတွေကို ချွန်ထက်တဲ့ လက်သည်းညှပ် ကိရိယာနဲ့ ညှပ်ပေးပါ။ ထိပ်ပိုင်းကို လေးထောင့်ပုံစံ ညှပ်တာက ထိခိုက်မှု နည်းစေပါတယ်။ လက်သ

မြန်မာနိုင်ငံတွင် သုံးနေသော Internet Connection များအကြောင်း


   ဆိုဒ်ကိုလာလည်ကြတဲ့ သူငယ်ချင်းများအတွက် ရောက်ပြန်မဖြစ်ရလေအောင် စာဖတ်သူများ အကျိုးရှိစေမယ့် အကြောင်းအရာလေးတွေ ကြိုးစားဝေမျှပေးလိုက်ပါတယ်။ ဒီအကြောင်းအရာလေး ကတော့ လက်ရှိမြန်မာပြည်မှာ အသုံးပြူနေကြတဲ့ အင်တာနက်ကွန်နက်ရှင် များအကြောင်းပါ။ ဒီအကြောင်းကို မြန်မာမိသားစုဖိုရမ်မှ ကိုပိုးကောင်လေး ရေးသားထားတာပါ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် ဖတ်ရတာ အရသာမပျက်အောင် မူလအတိုင်းဝေမျှလိုက်ပါတယ်။

အားလုံးအတွက် ဗဟုသုတရအောင် နဲ့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Internet Connection တွေအကြောင်းကို တစ်စုတစ်စည်းတည်း ဖြစ်အောင် ရည်ရွယ်ချက်နဲ့ ဒီပို့စ်လေးကိုရေးဖြစ်တာပါ။ အားလုံးလဲ သိပြီးသား ဖြစ်ချင်လဲဖြစ်မှာပါ။ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection က ဘာအမျိုးအစားတွေရှိတယ်။ ဘယ်လိုမျိုးအသုံးပြုနိုင်တယ် ဆိုတဲ့ ဗဟုသုတလေး ဖြစ်ဖြစ်ရအောင်ပါ။ Internet Connection တွေအကြောင်းကိုလဲ တစ်နေရာတည်းမှာ ဗဟုသုတအနေနဲ့ ဖတ်လို့ရအောင် ပုံလေးတွေ၊ စာလေးတွေနဲ့ တတ်နိုင်သလောက် အသေးစိတ်လေး ဖော်ပြပေးထားပါတယ်။ မှားနေတဲ့အချက်အလက်တွေ၊ နဲ့အခြားကြည့်မရတဲ့ အချက်အလက်တွေရှိရင် နားလည် ခွင့်လွှတ်ပြီးတော့ သည်းခံပေးကြပါခင်ဗျာ။ (ဒါကတော့ နိဒါန်းပေါ့ဗျာ။ . . . . )


မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection များထဲမှ လူသိများပြီးတော့၊ အထင်ရှားဆုံးဖြစ်နေတဲ့ Connection အမျိုးအစားတွေကို ပြောပြပေးမယ်။ ပထမဆုံးအနေနဲ့ အသုံးပြုမည့်သူတွေဟာ Internet Connection အသုံးပြုတော့မယ်ဆိုရင် မိမိတို့ဘာအတွက် Internet Connection ကိုအသုံးပြုမှာလဲ ဆိုတာကိုအရင်ဆုံးစဉ်းစားရပါမယ်။ ဥပမာ - Website တွေကြည့်မယ်၊ Data တွေကို Download; Upload လုပ်မယ် (ဒေါင်းမယ်၊ တင်မယ်ဆိုတဲ့နေရာမှာ အနည်းငယ်လောက်ပဲရှိတဲ့ ဖိုင်ဆိုဒ်အမျိုးအစားကိုဆိုလိုတာ ပါခင်ဗျာ။) ချက်တင်းလုပ်မယ်၊ မေလ်းပို့မယ်၊ ကွန်နက်ရှင်ကောင်းရင် စကားပြောမယ်ဆိုရင်တော့ Dial Up Connection ကိုအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် အခြားလုပ်ဆောင်ချက်တွေကော၊ ကွန်ပြူတာကိုတစ်လုံးမက ၅လုံးလောက်ကို Sharing လုပ်ပြီးသုံးမယ်ဆိုရင်တော့ Broadband Connection အမျိုးအစားထဲက တစ်ခုခုကိုရွေးချယ်ရမှာဖြစ်ပါတယ်။ Company; Office နဲ့အခြား Hotel; University တွေမှာဆိုရင်တော့ ADSL Connection ကို Speed နည်းတဲ့ဟာမျိုး၊ မိမိတို့Company အလိုက်ဘယ်လိုမျိုးသုံးရင် ပိုအဆင်ပြေမလဲဆိုတာကို သေချာစဉ်းစာပြီးတော့ Internet Connection အမျိုးအစားတွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။ အောက်မှာ Internet Connection အမျိုးအစားတွေဖြစ်ပါတယ်။

1. Dial Up Connection (Dialup Connection မှာနောက်တစ်မျိုး Inter

အစာနည်းနည်းစားရင်း စိတ်ကျေနပ်မှု များများရရှိအောင်


အစာကို အလွန်အမင်း စားတာကြောင့် ကိုယ်အလေးချိန် မြင့်တက်မှာကို စိုးရိမ်နေပါသလား။  ဒါကြောင့် အစာကို နည်းနည်းပဲစားပြီး စိတ်ကျေနပ်မှု ရရှိစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လက်ပြောင်းစားပါ

သင်က ညာသန်ဆိုရင် ဘယ်ဘက်လက်နဲ့ ဇွန်းကိုကိုင်ကာ စားကြည့်ပါ။ ဒီလိုဆိုရင် လက်နဲ့ပါးစပ် ချိန်ညှိပြီး အစာကို ကောင်းကောင်းစားနိုင်ဖို့ ပိုမိုအားထုတ်ရပါတယ်။ ဒီလိုစားပါက အစာကို နည်းနည်းစားရုံနဲ့ စိတ်ကျေနပ်မှု ရရှိလာပါလိမ့်မယ်။

(၂) ဇွန်း၊ ခက်ရင်းကို ချထားပါ

တချို့လူတွေက အစာထဲ စိတ်မရောက်ဘဲ ပန်းကန်ထဲမှာ ရှိနေတဲ့ အစာတွေကို တဇွတ်ဇွတ် စားဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အစာတစ်လုတ် စားပြီးတိုင်း ဇွန်း၊ ခက်ရင်းကို ချထားပြီး ကြေညက်အောင် ဝါးပေးပါ။ ဇွန်းသေးသေးနဲ့စားရင် အစာကို လျှော့စားဖြစ်တတ်ပါတယ်။

(၃) ပန်းသီးတစ်လုံးစားပါ

လေ့လာမှု တစ်ခုအရ နေ့လယ်စာမစားခင် ပန်းသီးတစ်လုံး စားပေးတာက အစာကို ၁၅ ရာခိုင်နှုန်း လျှော့စားဖြစ်စေတယ်လို့ သိရပါတယ်။ ပန်းသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ အစာကို အလွန်အမင်း မစားဖြစ်အောင် ထောက်ပံ့ပေးနိုင်ပြီး ဗိုက်ပြည့်လွယ်စေလို့ပါ။ အမျှင်ဓာတ် များစွာပါဝင်တဲ့ သစ်တော်သီးနဲ့ စတော်ဘယ်ရီသီးတွေကလည်း ဗိုက်ပြည့်စေပါတယ်။

(၄) တူကိုသုံးပြီး အစာစားပါ

ဓားနဲ့ ခက်ရင်းကို သုံးတာထက် တူကိုသုံးပြီး အစာစားရင် သေးငယ်တဲ့ အစာအစိတ်အပိုင်းတွေကိုပဲ စားဖြစ်စေပါတယ်။ အဲဒီအခါ အစာကို နှေးနှေးပဲ စားဖြစ်ပြီး စိတ်ကျေ

ပြင်သစ်နိုင်ငံ ပါရီမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်းတော်ကြီး ကို သြဂုတ်လ ၄ရက် က ဖွင့်လှစ်

Inbox
x






Popular Myanmar News Journal:
ပြင်သစ်နိုင်ငံ ပါရီမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်းတော်ကြီး ကို သြဂုတ်လ ၄ရက် က ဖွင့်လှစ် ခဲ့သည်။
ကျောင်းတော်ကြီး ဖွင့်ပွဲ အခမ်းအနား ကို နိုင်ငံတော် သံဃာ မဟာနာယ အဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး ကိုယ်တိုင်ကြွရောက် ချီးမြှင့်၍ ကျောင်းရေစက်ချ အနုမောဒနာတရား ဟောကြားတော်မူခဲ့သည်။
ထို ဖွင့်ပွဲ ကို ပြင်သစ်နိုင်ငံ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း နှင့် မြန်မာသံရုံး ဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာန မှဒုတိယ ညွှန်ချုပ် ဦးအောင်သိန်းညွှန့် နှင့် ပြင်သစ် ရောက်မြန်မာလူမျိုးများ၊ ပြင်သစ်လူမျိုးများ၊ အလှူရှင်များ စုစုပေါင်း ပရိသတ် (၇၀)ကျော် တက် ရောက်ခဲ့ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံရှိ မြန်မာ ကျောင်းတော်ကြီးသည် ပေ ၁၀၀ * ပေ ၄၀ ခြံအကျယ် အဝန်းရှိ၍ ၄ထပ်အဆောက်အဦးဖြစ်ကာ ယူရိုငွေ ငါးသိန်းနှစ်သောင်း နှင့် ဝယ်ယူခဲ့ကြောင်း သိရှိရသည်။ ပြင်သစ်နိုင်ငံတွင် မြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေး အတွက် ရန်ကုန်မြို့ ဗဟန်း (၃)လမ်း တွင် အလှူခံဌာန မှတဆင့် အများပြည်သူ စုပေါင်း လှူဒါန်းငွေမှာ ယူရိုငွေ လေးသိန်းကျော် ရရှိခဲ့သည်။
ပြင်သစ်နိုင်ငံရှိ မြန်မာကျောင်းတော်ကြီး အတွက် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက သည် ကျပ်သိန်း (၁၂၀) လှူဒါန်းခဲ့ပြီး၊ ကျောင်းဖွင့်ပွဲ အခမ်းအနား၌ ပြင်သစ် မြန်မာကျောင်းတော်ကြီးတွင် ကြွရောက်သီတင်းသုံးကာ ပညာသင်ကြားကြမည့် မြန်မာ ရဟန်းတော်များ အတွက်

အမေရိကန်နိုင်ငံနဲ့ အရေပျားလှီးဖြတ် မင်္ဂလာပြုခြင်း (Circumcision) ဓလေ့


Baby-Circumcised-01


မကြာသေးမီက ဂျာမနီနိုင်ငံ မြို့တစ်မြို့ရဲ့ တရားရုံးက မွတ်စလင်နဲ့ ဂျူးများရဲ့ ဘာသာရေး ဓလေ့ ထုံးတမ်းတစ်ခုဖြစ်တဲ့ ယောက်ျားလေးများအား အရေပျားလှီးဖြတ် မင်္ဂလာပြုခြင်း (Circumcision)ကို တားမြစ်ပိတ်ပင်တဲ့အပေါ် ဂျာမနီနိုင်ငံ အပါအဝင် ဥရောပနိုင်ငံအများမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။

ဥရောပတစ်ခွင် မွတ်စလင်များ၊ ဂျူးများ၊ မွတ်စလင်အဖွဲ့အစည်းများ၊ ဂျူး အဖွဲ့အစည်းများအားလုံးက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ အစ္စရေးနဲ့ မွတ်စလင်နိုင်ငံ အမြောက်အများကလည်း မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုကြပါတယ်။
 
ဒီတင်မကပါ။ အမေရိကန်နိုင်ငံရှိ သတင်းစာများ၊ မီဒီယာများကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကြပြီး ကွန်ဂရက်လွှတ်တော်မှ အမတ် ၂၀ က ဒီကိစ္စနဲ့ ပတ်သတ်ပြီး အလွန်စိုးရိမ်ကြောင်း ဝါရှင်တန်ရှိ ဂျာမနီ သံအမတ်ထံ စာရေးသား ပေးပို့ခဲ့ကြပါတယ်။

ထူးခြားတာက အမေရိကန်မှာတော့ မွတ်စလင်နဲ့ ဂျူးများသာမက အခြားသူများကပါ ဓလေ့ထုံးတမ်းအရ မဟုတ်ဘဲ အရေပျားလှီးဖြတ်ခြင်းကို ကျန်းမာရေးအရ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်တာကို တွေ့ရပါတယ်။
 
အရွယ်ရောက်သူ အမေရိကန် အများစု (လေးပုံ သုံးပုံ) ဟာ Circumcision ပြုလုပ်ထားသူများ ဖြစ်ပါတယ်။ စစ်တမ်းအရ နှစ်စဉ်နှစ်တိုင်း Circumcision ပြုလုပ်သူ တစ်သန်းကျော်ရှိပြီး စက္ကန့် ၃၀ တိုင်းမှာ လူတစ်ယောက် Circumcision ပြုလုပ်ခြင်းပါ။

Centers for Disease Control and Prevention (CDC) ဌာနရဲ့ လေ့လာမှုအရ လက်ရှိ အမေရိကန် နိုင်ငံမှာ မွေးဖွားသူ ကလေးများရဲ့ ၅၅ မှ ၅၇ ရာခိုင်နှုန်းဟာ Circumcision ပြုလုပ်ထားပါတယ်။ အမေရိကန် နိုင်ငံမှာ Circumcision ဟာ Vaccination (ကာကွယ်ဆေးထိုးခြင်း) ကဲ့သို့ ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်ပါတယ်။

သို့သော် အမေရိကန်နိုင်ငံရှိ ဆေးပညာရှင်များက စိုးရိမ်နေကြတာကတော့ ကလေးငယ်များကို Circumcision ပြုလုပ်ပေးနှုန်းဟာ နှစ်စဉ်လိုလို တစ်ရာခိုင်နှုန်းခန့်စီ လျော့ကျ

တရားခွင်အတွင်း အစိုးရ ၀န်ထမ်းတစ်ဦး ဓာတ်ပုံရိုက်

Inbox
x






The Voice Weekly



ရန်ကုန်၊သြဂုတ်၂၃


မင်္ဂလာဒုံမြို့နယ်၊ရွှေနံ့သာ လယ်သမားများ အရေး ဆောင်ရွက်နေသူ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဌဖြစ်သူ ဦးနေမျိုးဝေအား ဇေကမ္ဘာ ကုမ္ပဏီက ပုဂ္ဂိုလ်ရေး အရ ပုဒ်မ-၅၀၀ဖြင့် တရားစွဲဆိုသော အမှု၏ ပထမ ရုံးချိန်းအဖြစ် ယနေ့ သြဂုတ်လ၂၃ ရက်နေ့တွင် စတင် စစ်ဆေးခဲ့ရာ တရားခွင် အတွင်း စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ဝင် တစ်ဦးက ၀င်ရောက်ကာ ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း ယင်းတရားခွင် သို့ရောက်ရှိခဲ့သူ မျက်မြင် သက်သေ ဦးတင်မောင်အေးက The Voice Weekly သို့ အသိပေး ပြောကြားသည်။ ယင်းနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စတင်သော တရားခွင်တွင် အဆိုပါ ဓာတ်ပုံ ရိုက်သူက တရားသူကြီးနှင့် နှစ်ဖက် ရှေ့နေများ စကားပြောနေစဉ် လက်ယာဘက် ဘေးမှနေ၍ မျက်နှာချင်းဆိုင်ရှိ တရားခွင်အား ဓာတ်ပုံ ရိုက်ယူခဲ့ကြောင်း ၎င်းက မြင်တွေ့ရပုံကို ဖြည့်စွက် ပြောကြားသည်။ အထက်ပါ ကဲ့သို့ တရားခွင် အတွင်း ဓါတ်ပုံ ရိုက်သွားသည်ဟု အတိအကျ ပြောဆိုသော်လည်း မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ ဆက်သွယ် မေးမြန်းရာတွင် ဓါတ်ပုံရိုက်ရန် ပြင်ဆင်နေစဉ် တားမြစ် လိုက်သည့်အတွက် ထွက်ခွာသွားကြောင်း ယင်းအမှုစစ် တရားသူကြီးက ဖြေကြားသည်။ တရားရုံး၏ တရားခွင် အတွင်း ဓာတ်ပုံရိုက်ခြင်းကို တရားသူကြီးထံ ခွင့်ပြုချက် တောင်းခံရန် လိုပြီး တရားသူကြီး၏ ခွင့်ပြုချက် မရှိပါက တရားရုံးအပေါ် မထေမဲ့မြင်ပြုမှု အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားရုံးချုပ်သို့ တင်ပြကာ တရားစွဲဆိုနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးဝင်းနိုင်က ပြောကြားသည်။ အဆိုပါ တရားခွင်သို့ သွားရောက် သတင်းယူ ခဲ့သည့် သတင်းသမား တစ်ဦးကမူ "တရားရုံးထဲကို ကင်မရာ ၊ အသံဖမ်းစက် ၊ ဖုန်း တစ်ခုမှ ယူလို့မရဘူး" ဟု The Voice Weekly သို့ ပြောကြားသည်။ ယင်းအမှုတွင်

ဟိုတယ်လုပ်ငန်းစိတ်ဝင်စားသူများအတွက် *

Inbox
x





 info

Inline image 1
ယုံကြည်အားထား မြန်မာ့ဟိုတယ်နှင့်ခရီးသွား
            ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာ့ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း၏ ဦးဆောင်မှုဖြင့် အောက်ဖော်ပြပါ ဟိုတယ်ဧည့်ဝန်ဆောင်မှု (အဆင့်-၁) သင်တန်းအမှတ်စဉ် (၂၄) သင်တန်းများအား မန္တလေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းဌာနတွင် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

စဉ်      သင်တန်းအမျိုးအစား                                 အနည်းဆုံးပညာအရည်အချင်း

၁။         ဧည့်ကြိုလုပ်ငန်းသင်တန်း                            တက္ကသိုလ်ဝင်တန်းအောင်နှင့်ဘွဲ့ရ

၂။         အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း           တက္ကသိုလ်ဝင်တန်း

၃။         အစားအစာနှင့် အဖျော်ယမကာ                     တက္ကသိုလ်ဝင်တန်း
            ဧည့်ခံကျွေးမွေးရေးသင်တန်း

၎။         အစားအစာနှင့် အဖျော်ယမကာ                     တက္ကသိုလ်ဝင်တန်း
            ချက်ပြုတ်ထုတ်လုပ်ရေးသင်တန်း

သင်တန်းကာလ။          ၁၀.၉.၂၀၁၂ ရက်မှ ၁၆.၁၁.၂၀၁၂

* သင်တန်းတက်မြောက် အောင်မြင်ပါက အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးသည်။*

သင်တန်းဆိုင်ရာ အချက်အလက် ဆက်သွယ်စုံစမ်းရန်
            လျှောက်လွှာများကို မန္တလေးဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသင်တန်း ဌာနတွင် ဝ

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အတည်ပြုပြောကြား

Eleven Media Group:


လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင် မှုများကို ပူးတွဲပါပုံစံ (၇) မျိုးတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ အမည်ဖော်ပြလိပ်မူ၍ သြဂုတ်လ ၁ ရက်နေ့ ရုံးချိန်အတွင်း ဆက်သားဖြင့် ပေးပို့သွားရန် အကြောင်းကြားခဲ့သည်။
သို့ရာတွင် ဥပဒေဆိုင်ရာ အငြင်းပွားဖွယ်ကိစ္စများ ရှိလာသည့်အတွက် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမှုကို ဆိုင်းငံ့ထားခဲ့သည်။ ယခုအခါ နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွား တည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ကြပြီးဖြစ်သည်။
''ဟုတ်ပါတယ်။ အကုန်လုံး ရောက်လာပါပြီ။ လွှတ်တော်ရဲ့ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားတဲ့သူအားလုံး ပါပါတယ်''ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ''(က) ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ (ခ) နိုင်ငံတော် ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (ဂ) ပြည်ထောင်စုဝန်ကြီး များ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊ (င) ပြည်ထောင်စုစာရင်းစစ်ချုပ်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ (ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ''တို့ ဖြစ်ကြသည်။
''နိုင်ငံတော်သမ္မတကြီးက ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ  သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မခြွင်းမချန် တင်ပြရမယ်လို့ သမ္မတကြီးက သူတို့ကို တစ်ခါတည်း ပြောပြီးသားပါ။ ခြွင်းချန်ပြီးတော့ သူဘာသာသူ တချို့ရှိခဲ့တယ်ဆိုရင်တော့ သူ့ထိုက်တန်တဲ့ဟာ သူဖြစ်သွားမှာပေါ့''ဟု ၎င်း က ဆက်လက်ပြောကြားခဲ့သည်။
တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည့် ညွှန်ကြားချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ''အစိုးရသစ်လက်ထက်တွင် Good Governance  (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government  (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်လာရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊

ငါးဖမ်းသမားနဲ့စိန်တုံးး


တစ်နေ့မှာပေါ့ ငါးဖမ်းသမားတစ်ဦးဟာ မနက်အစောကြီး နိုးလာတယ်တဲ့ ။ သူထတဲ့အချိန်က စောလွန်းလို့ ပင်လယ်ထဲသွားဖို့ လုံလောက်တဲ့ အလင်းရောင်မရသေးပါဘူး ။ ဒါနဲ့ သူလည်း ကျောက်ခဲတုံးတွေကို တွေ့တော့ သူနေထွက်ချိန်ကို စောင့်ဖို့ အချိန်ဖြုန်းဖို့ အကြံရသွားပါတယ် ။ ဒါနဲ့ သူလည်း ပင်လယ်ထဲကို ကျောက်တုံး လေး တွေကို စတင်ပြီး ပစ်ချပါတယ် ။
သူ့လက်ထဲက နောက်ဆုံးကျောက်တုံး ပဲ ကျန်တော့တဲ့အချိန်မှာ နေအ လင်း ရောင်က ထွက်ရှိလာပါပြီ ။ အဲဒီအခါ သူမြင်လိုက်ရတာက အဲဒီကျောက်တုံးဟာ အလွန်အဖိုးတန်တဲ့ စိန်တုံး ဖြစ်နေတာပါပဲ ။ ပြီးတော့ သူခုနက ပင်လယ်ထဲကို ပစ်ချနေတဲ့ ကျောက်တုံးတွေအားလုံးဟာ စိန်တုံး တွေဖြစ် နေတာကို သူတွေးတောမိသွားသတဲ့ ။
ဒီအခါ သူဟာ အရမ်းကို နောင်တရသွားပြီး သူ့ရဲ့ မစူးစမ်း မဆင်ခြင်ပဲ လုပ်လိုက်တဲ့အတွက် စိန်တုံးတွေဟာ ပင်လယ်ပြင်ထဲကို ရောက်ရှိသွားပါတော့တယ် ။
ပုံပြင်လေးရဲ့ အနှစ်သာရကတော့ " ဘယ်အရာကို မစူးစမ်းမဆင်ခြင်ပဲ တဇွတ်ထိုး မပြုလုပ်သင့်ပါဘူး ။ သင် အဖိုး မတန်ဘူးလို့ ထင်နေ တဲ့အရာ ဟာ သင်ရှင်းရှင်းလင်းလင်း

လွှတ်တော်တွင် ဖတ်ကြားမည့် ရခိုင်အရေး သမ္မတသဝဏ်လွှာ ရခိုင်အမတ်များ ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်း


M-Media
ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင်ပါဝင်သော နိုင်ငံတော် သမ္မတရုံး၏  သြဂုတ်လ၊ ၁၇ ရက်၊ ၂၀၁၂ ခုနှစ် ရက်စွဲပါ စာအမှတ် (၁)/၈/ သမ္မတရုံးက ပေးပို့လာသော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ရခိုင်အမတ် ဒေါက်တာအေးမောင်နှင့် ဦးဘရှိန်တို့ ကန့်ကွက်မှုကြောင့်  ဖတ်ကြားခြင်းမပြုတော့ဘဲ အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။
မူလအစီအစဉ်အရ ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံးမှ ပေးပို့လာသော ရခိုင်အရေးနှင့်ပတ်သတ်သည့် သ၀ဏ်လွှာကို ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နာယက က ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်အချို့၏ ကန့်ကွက်မှုကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။
ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သဂုတ်လ ၁၇ ရက်နေ့ ရက်စွဲပါ နိုင်ငံတော်သမ္မတရုံးက သ၀ဏ်လွှာနဲ့ ပူးတွဲသတင်း သုံးသပ်ချက် လွှတ်တော်ကို ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစာတမ်းရဲ့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ – ကနေ ဈ အထိ  အချက် (၁၀) ချက်ပါဝင် ကြောင်းသိရပါတယ်။
  • - ဘင်္ဂလီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ အချောင်ရယူလိုကြောင်း၊
  • - နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊
  • -လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်း
  • - နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အ၀န်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက်ခြင်း၊
  • -နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည်ခြင်း စသည်ဖြင့်အချက်လိုက်

သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော ရခိုင်ပဋိပက္ခ သုံးသပ်ချက် စာတမ်း


သုံသပ်ချက် ခေါင်းစဉ်အောက်တွင် ပါရှိသော  
၉။  ရခိုင်တိုင်းရင်းသားများ၏အခြေအနေ
(က)    နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံမြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုက်အ၀န်းများသို့ပါ ချဉ်းကပ်စည်းရုံးဆောင်ရွက်လျက်ရှိသည်။
(ခ)     နိုင်ငံအနှံ့အပြားတွင်နေထိုင်သည့် ဘင်္ဂါလီမူစလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အစဉ်မပြတ် ကြံစည်လုပ်ဆောင်လျက်ရှိသည်။
(ဂ)     မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏အကျိုးစီးပွားကို  ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိပဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေသည့် လှုံ့ဆော်မှုမျိုးတွေ့ရသည်။
(ဃ)    ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာတားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအပေါ် အဂတိလိုက်စားသောဝန်ထမ်းများအား အရေးယူခြင်းမရှိကြောင်း အစိုးရအပေါ်စွပ်စွဲမှုအချို့ရှိသည်။
(င)     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကိုမျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူစလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။
(စ)     ၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ ဘင်္ဂါလီမူစလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကိုလည်း နားလည် လက်ခံနိုင်သည့် အခြေအနေမရှိကြောင်း တွေ့ရသည်။
(ဆ)    ဘင်္ဂါလီများကိုသာ တစ်ဘက်သက်ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် အငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင်မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။
(ဇ)     ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေးလုပ်ငန်းများကို အချောင်ရယူရန်ကြိုးပမ်းလာကြောင်း တွေ့ရသည်။
(ဈ)     ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်။
၁၀။     လူမျိုးစုနှစ်စုအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနှင့် သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းဖြစ်ထွန်းရေးသည်သာလျှင် ယခုအခြေအနေ၏ ထွက်ပေါက်ဖြစ်သည်ကို နားလည်သဘောပေါက်စေရေးအတွက် ရခိုင်လူထုအဖွဲ့အစည်းများသို့ အခြေအနေမှန်

လေနဲ.မောင်းမဲ့ကား လာပါပြီ....


အိန္ဒိယကားကုမ္မဏီ တာတာ မှ ကားသစ်တစ်မျိုး ဖန်တီးလိုက်ပါတယ်။ တီထွင်မှုကို ဗြိတိန်မှာ ပြုလုပ် တာ ဖြစ်ပါတယ်။

ဘာအင်ဂျင်မှ မလိုပဲ လေနဲ့မောင်းမှာ ဖြစ်ပါတယ်။ လေအိုးမှ ဖိအားနဲ့ သိပ်ထားတဲ့ လေကိုအသုံးပြုပြီး ဘီးတွေကို ရွေ့ စေမှာ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၅၀ အမြန်ဆုံး မောင်းနှင်နိုင်ပါမယ်။ လေတိုင်ကီထဲမှာ လေ ၁၇၅ လီတ သိပ်ထည့်ထားပါမယ်။ ယင်း Compressed Air ဟာ ကားကို ၁၂၅ မိုင်စာ မောင်းနှင်နိုင်စေမှာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို Airpod concept car လို့အမည်ပေးထားပါတယ်။ ၁၂၅ မိုင်မောင်းနှင်ပြီးနောက် နောက်ထပ် မောင်းနှင်ဖို့ လေကို ဘယ်လိုထပ်ဖြည့်ရမယ်ဆိုတာကတော့ တာတာ အတွက် ခေါင်းရှုပ်စရာ ဖြစ်နေပါတယ်။ လျှပ်စစ်ကားဆိုရင် ဘက်ထရီတစ်လုံးဆောင်သွား အိုကေပေမယ့် လေအိုးကျတော့ ဘယ်လိုမှ ဆောင်မရ ဖြစ်နေပါတယ်။ ဒါကြောင့် အပြင်က အလိုအလျောက်ရနေတဲ့ လေကို အိုးထဲ သိပ်ထည့်နိုင်တဲ့ (Compressed) လုပ်ပေးနိုင်တဲ့ System သာ ပေါင်းစပ်ပေးလိုက်ရင် တီထွင်မှု အောင်မြင်ပြီလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် မကြာမီကာလမှာ ကြိမ်းသေထွက်လာတော့မယ့် Airpod

မြန်မာ့အရုဏ်သစ်၏ သဘောထား။



လဲနေသူ ထူပေးပါ --  ဆိုသော်လည်း

          ``လဲနေသူ ထူပေးပါ`` ဆိုသော မြန်မာ့ဆိုရိုးစကားလေးရှိသည်။ လူသားအချင်းချင်း ယိုင်းပင်းကူညီ စေလိုသော စိတ်ဓါတ်များဖြစ်ပေါ်စေရန် တိုက်တွန်းထားသဖြင့် ကျွန်တော်လည်း သဘောကျပါသည်။ သို့သော်  လဲနေသူတိုင်းထူပေးသင့်ပါသလား ?  ဆိုသည့်အတွေးလေးလည်းဝင်လာပါသည်။ ကျွန်တော့်အမြင်အားဖြင့် လဲနေသူသည် သူ့ခွန်အားဖြင့် ပြန်လည်းရုံးထနိုင်ပါက ထို လဲနေသူကို ထူပေးရန်မသင့်ပါ။ မလိုအပ်ပါ။ ထိုကဲ့သို့သော သူ့ခွန်သူ့အားဖြင့် ပြန်ထနိုင်သူကို တလွဲစေတနာဖြင့် ထူပေးလိုက်ပါက--

၁။ သူ့ကိုယ်သူ အားကိုးချင်သောစိတ် ပျက်စီးသွားမည်---

၂။အခက်ခဲကို ရုန်းကန်လှုပ်ရှားခြင်းမှ ရသော အစွမ်းအစများ မရနိုင်---

၃။ အရာရာ သူတစ်ပါးကို အားကိုးလိုသော ပျော့ညံ့ သိမ်ဖျင်းသည့်စိတ်ဓါတ်ဖြစ်လာမည်--

၎။ လဲကျ၍ နာကျင်ခြင်းနှင့် ပြန်လည်ထရာ၌ ခက်ခဲပင်ပန်းမှုကို မသိ၍ အကြိမ်ကြိမ် ပြန်လည်လဲကျတတ်သည်-

၅။ အထူးသဖြင့် မိမိသည်သာ အားကိုးရာ ဆိုသည့်အသိဥာဏ်ပျက်စီးမည်-- စသောဆိုးကျိုးများ ရသွားနိုင်သည်။

               ချိုမြိန်သော အဆိပ်ကို တိုက်ကျွေးရာရောက်မည်။ လမ်းမပေါ်တွင် လမ်းလျှောက်နေသော ဘိုးဘွားရွယ်ကို လက်တွဲ ကူညီလမ်းလျှောက်ပေးပါက မြန်မာနိုင်ငံတွင် သာဓုအကြိမ်ကြိမ်ခေါ်ခြင်း ခံရနိုင်သော်လည်း တိုင်းတစ်ပါး အထူးသဖြင့် အနောက်နိုင်ငံတွင်မူ သူတို့၏

အမျိုးသမီးကောင်းလေးများဖြစ်ရမည်

တစ်နေ့တစ်နေ့ကမ္ဘာလောကကြီး တိုးတက်လာတာနဲ့အမျှတစ်ဖက်မှာလည်း ဆိုးကျိုးတွေအများကြီးပေါ်ပေါက်နေကြတယ်။ ခေတ်ကြီးက အရမ်းကိုပွင့်လင်းလွတ်လပ်လွန်းတော့ လူတွေလည်းအရှက်အကြောက် နည်းပါးလာကြတယ်။ တိုင်းတစ်ပါးနိုင်ငံတွေကို အတုခိုးတာခိုးပေါ့။ သြော် ...သူတို့ရဲ့ လုံ့လ၀ီရိယရှိမှုတွေ၊ကြိုးစားအားထုတ်မှုတွေကို။ အခုတော့အဲလိုမဟုတ်ဘူး။ အတုမခိုးသင့်တာတွေခိုးတော့ခုခေတ်လူငယ်အများစုတွေ အသိတရားကိုမရှိကြတော့ဘူး။ မြန်မာနိုင်ငံဆိုရင် အရင်တုန်းကဘယ်လိုနိုင်ငံမျိုးလဲဆိုတာ ပြန်စဉ်းစားကြပါ။ဟီရြိသတ္တပ ဆိုတဲ့ဗုဒ္ဓရဲ့တရားတော်နဲ့ အညီသူတစ်ပါးကိုလည်းကိုယ်ချင်စားနာကြတဲ့လူတွေ နေထိုင်ကြတဲ့နိုင်ငံဖြစ်တယ်။ အခုတော့အရှက်လည်းမရှိ။ အကြောက်လည်းမရှိဘဲ ကိုယ်ချင်းစာတရားလည်းမရှိကြတော့ဘူး။ လူ့ဘ၀ဆိုတာခဏလေးပါ။ "လူဖြစ်ရတုန်းကဲချင်တိုင်းကဲမှာဘဲ" တဲ့။ အယူအဆတွေလွဲနေကြတယ်။ ယောက်ျားလေးတွေရော၊မိန်းကလေးတွေရော ထိန်းမနိုင်သိမ်းမနိုင်ပျက်စီးနေကြတယ်။ "Living together" တဲ့။ ပြောနေတာကြားရတယ်။ အတူနေချင်ရင် လက်ထပ်ကြပေါ့။ ခုတော့မဟုတ်ပါဘူး။တခြားနိုင်ငံကယဉ်ကျေးမှုတွေပေါ့။ အတုမခိုးသင့်တာတွေခိုးကြတယ်။ ဒီကိစ္စမှာမိန်းကလေးတွေကိုအဓိကပြောချင်တယ်။ ကိုယ့်တန်ဖိုးကိုကိုယ်ဘာသာသတ်မှတ်ရတာ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှ သူတစ်ပါးကကိုယ့်ကိုတန်ဖိုးထားမှာ။ယောက်ျားလေးဆိုတာက ဘာပြောပြောသူတို့ဘက်မှာနစ်နာစရာမရှိဘူး။ ဒီလောကမှာလူရိုးဆိုတာရှိတော့ရှိမယ်။ရှားနေပြီ။မယုံကြပါနဲ့
။နောက်ပြီးပြောချင်တယ်။တချို့ယောက်ျားတွေကမိန်းကလေးတွေယုံအောင်ပြောနိုင် ကြတယ်။ခုခေတ်စကားနဲ့ပြောရမယ်ဆိုရင် "တော်ကီကတော့ရေလည်ကောင်းတယ်

မလေးကသတင်းလေးပါ

မလေးကသတင်းလေးပါ မလေးရှားနိုင်ငံတွင်းမှရွှေမြန်မာများသိစေ၇န် ပွတ်ချွန်း၊မန်ချူးချာရာတွင်မြန်မာများနှင့်ဆာဘား(sabah) များ ပြသာနာဖြစ်လျှက်ရှိသည်။ ၂၁.နေ့တွင်ပြသာနာဖြစ်ပြီး ၂၂၇က်နေ့တွင်ဆာဘား(sabah) များကမြန်မာအိမ်များအား ခဲများဖြင့်ထုခြင်းတံခါးများရိုက်ဖျက်ခြင်းများကိုပြုလုပ်ခဲ့ပါ။ ၂၃ရက်နေ့တွင် ဆာဘား (sabah) ၁၀၀ခန့်မန်ချူးချာရာတို့ရောက်ရှိလာကြပြီးအပြစ်မရှိသောမြန်မာများအား လူမဆန်စွာဝိုင်းဝန်းရိုက်နှက်ပြီး ရဲလက်တို့ဖမ်းဆီးခေါ်တောင်သွားကြသည်။ လမ်းတလျှောက်တွင်တွေ့သမျှမြန်မာ လားဟုမေးကာ ဟုက်ပါက ရိုက်နှက်ဖမ်းဆီးခြင်းခံရသည်။ အိမ်များကိုလဲံသော့များကိုဖျက်ပြီးအတင်းဝင်ေ၇ာက်၇ိုက် နှက်ခြင်းများခံနေရသည်။ ထိုသို့ပြုလုပ်ခြင်းများကို ရဲများမှလည်းဟန့်တားခြင်းတစုံတရာမှမရှိကြပါ။ မြန်မာများမှာသေဆုံးသူများ လည်းရှိနိုင်ကြောင်းမျက်မြင်များကပြောကြသည်။ရိုက်နှက်ခံရသူများဆေးရုံအရေးပေါ်ခန်းတွင်ကုသမှုခံယူနေကြရသူ ၁၀ယာက်ဝန်းကျင်ခန့်၇ှိကြောင်းနှင်းဖမ်းဆီးခံရသူများမှာ၃၀ကျော်ရှိကြောင်းပျောက်ဆုံးသူများလည်း၇ှိနေကြောင်းသိ၇သည်။ ၂၄၇က်နေ့တွင်မြန်မာများသည် မန်ချူးချာရာမှ အနီးတ၀ိုက်ရက်ကွတ်များသို့ပြောင်းရွှေ့နေထိုင်နေ၇ပြီး မန်ချူးချာရာမှာတိတ်ဆိတ်ညိမ်သက်လျှက်ရှိသည်။ ထိုသို့ဖြစ်ပေါ်နေမှူများကိုမည်သည့်အဖွဲ့စည်းများမှ လာရောက်ဖြေ၇ှင်းကိုင်တွယ်ပေးခြင်းမှမရှိပေ။ မလေးရဲများကလည်းရိုက်နှက်ခံ၇သူများကိုသာဖမ်းဆီးကြောင်းထို့ကြောင့်မလေးရောက်ရွှေမြန်မာများတက်နိုင်သလောက် ကူညီကြပါရန် ယခုစာအားရေးရခြင်းဖြစ်သည် အမှားများပါကခွင့်လွှတ်ပေြး