Saturday, August 25, 2012

အစာနည်းနည်းစားရင်း စိတ်ကျေနပ်မှု များများရရှိအောင်


အစာကို အလွန်အမင်း စားတာကြောင့် ကိုယ်အလေးချိန် မြင့်တက်မှာကို စိုးရိမ်နေပါသလား။  ဒါကြောင့် အစာကို နည်းနည်းပဲစားပြီး စိတ်ကျေနပ်မှု ရရှိစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လက်ပြောင်းစားပါ

သင်က ညာသန်ဆိုရင် ဘယ်ဘက်လက်နဲ့ ဇွန်းကိုကိုင်ကာ စားကြည့်ပါ။ ဒီလိုဆိုရင် လက်နဲ့ပါးစပ် ချိန်ညှိပြီး အစာကို ကောင်းကောင်းစားနိုင်ဖို့ ပိုမိုအားထုတ်ရပါတယ်။ ဒီလိုစားပါက အစာကို နည်းနည်းစားရုံနဲ့ စိတ်ကျေနပ်မှု ရရှိလာပါလိမ့်မယ်။

(၂) ဇွန်း၊ ခက်ရင်းကို ချထားပါ

တချို့လူတွေက အစာထဲ စိတ်မရောက်ဘဲ ပန်းကန်ထဲမှာ ရှိနေတဲ့ အစာတွေကို တဇွတ်ဇွတ် စားဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အစာတစ်လုတ် စားပြီးတိုင်း ဇွန်း၊ ခက်ရင်းကို ချထားပြီး ကြေညက်အောင် ဝါးပေးပါ။ ဇွန်းသေးသေးနဲ့စားရင် အစာကို လျှော့စားဖြစ်တတ်ပါတယ်။

(၃) ပန်းသီးတစ်လုံးစားပါ

လေ့လာမှု တစ်ခုအရ နေ့လယ်စာမစားခင် ပန်းသီးတစ်လုံး စားပေးတာက အစာကို ၁၅ ရာခိုင်နှုန်း လျှော့စားဖြစ်စေတယ်လို့ သိရပါတယ်။ ပန်းသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ အစာကို အလွန်အမင်း မစားဖြစ်အောင် ထောက်ပံ့ပေးနိုင်ပြီး ဗိုက်ပြည့်လွယ်စေလို့ပါ။ အမျှင်ဓာတ် များစွာပါဝင်တဲ့ သစ်တော်သီးနဲ့ စတော်ဘယ်ရီသီးတွေကလည်း ဗိုက်ပြည့်စေပါတယ်။

(၄) တူကိုသုံးပြီး အစာစားပါ

ဓားနဲ့ ခက်ရင်းကို သုံးတာထက် တူကိုသုံးပြီး အစာစားရင် သေးငယ်တဲ့ အစာအစိတ်အပိုင်းတွေကိုပဲ စားဖြစ်စေပါတယ်။ အဲဒီအခါ အစာကို နှေးနှေးပဲ စားဖြစ်ပြီး စိတ်ကျေ
နပ်မှု မြန်မြန် ရရှိစေပါတယ်။

(၅) အစာစားရင်း အလုပ်အများကြီး မလုပ်ပါနှင့်

တီဗီကြည့်ရင်း အစာစားတာဟာ အစာစားသုံးမှု ပမာဏကို ၁၄ ရာခိုင်နှုန်း ပိုများစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ မိတ်ဆွေသူငယ်ချင်း တစ်ဦးနဲ့ စကားပြောရင်း အစာစားရင် အစာစားသုံးမှု ပမာဏကို ၁၈ ရာခိုင်နှုန်း ပိုများသွားစေပါတယ်။ ဒါကြောင့် အစာကိုပဲ အာရုံစိုက်ပြီး စားပါ။ အာရုံတွေ မများပါနဲ့။

(၆) Pistachio ၏ကောင်းကျိုးကို အသုံးချပါ

လေ့လာမှု တစ်ရပ်အရ အခွံမာတဲ့ အစေ့အဆန် (Pistachios) ကို စားပေးတာကြောင့် စိတ်ကျေနပ်မှုရပြီး ဗိုက်ပြည့်ကာ နေ့လယ်စာနဲ့ ညစာကို လျှော့စားဖြစ်စေတယ်လို့ သိရပါတယ်။

(၇) နံနက်စာ မစားခင် လက်ဖက်ရည်ကြမ်းသောက်ပါ

နံနက်စာမစားခင် ဆေးဖက်ဝင် လက်ဖက်ရည်ကြမ်း ဒါမှမဟုတ် ကော်ဖီတစ်ခွက်ကို သောက်ပါ။ လက်ဖက်ရည်နဲ့ ကော်ဖီအနံ့ကို ခပ်ပြင်းပြင်း အနံ့ရှူလိုက်တာကြောင့် တစ်နေ့လုံး ဆာလောင်မှု ပြင်းပြတဲ့စိတ်ကို လျော့သွားစေပါတယ်။

ကြယ်စင်
Ref: Good Health
Source: http://www.yatanarpon.com.mm/news/review-56747

0 ကွန်မန့်ရေးရန်:

Post a Comment