အင်တာနက် အသုံး ပြုသူတွေ မဖြစ်မနေ ထိတွေ့  ရမဲ့ အရာ တစ်ခု
ဖြစ်တဲ့ .Web
Browser ။ အင်တာနက်လို့
ခေါ်တဲ့ ... ကွန်ယက်ပေါ်က အကြောင်း အရာတွေကို မြင်တွေ့နိုင်ဖို့ Web Browser ဆိုတာ
ရှိရပါတယ် ။ အဲဒီ Web Browser တွေထဲမှာမှ
ဘယ်ဟာ အကောင်းဆုံးလဲ ဆိုတာ စာဖတ်သူတွေ အနေနဲ့ သိချင်ကြမှာတော့ သေချာပါတယ်။ ကဲ
ဒါဆို ဘယ် Browser အကောင်းဆုံးလဲ ဆိုတာကို စမ်းသပ်ထားတဲ့အချက် အလက်တွေ ကို
ကြည့်ကြရအောင်လားဗျာ ။
Cold
Boot-Up—Winner: Opera!
Cold Boot-Up လို့ ခေါ်တဲ့ ဖွင့်လိုက်ရင် အမြန်ဆုံး တက်တဲ့ Browser ကတော့ Opera ပါတဲ့ဗျာ .. ၄ စက္ကန့်လောက်ပဲ ကြာပါသတဲ့။ သူ့ နောက်မှာတော့ Firefox 7 က ၅ စက္ကန့် စွန်းစွန်း Chrome 14 က ၆စက္ကန့် ကျော်ကျော် … ကျွန်တော်တို့ ရဲ့  အချစ်တော် Microsoft ရဲ့  IE 9 ကတော့ ၁၁ စက္ကန့် နီးပါးကြာပါသတဲ့ဗျာ ။
Tab
Loading—Winner: Opera!
Tab Loading လို့ ခေါ်တဲ့ နောက်ထပ် Tab တစ်ခု ဖွင့်လိုက်တိုင်း ဖွင့်လိုက်တိုင်းမှာ အမြန်ဆုံး တက်တာကတော့ Opera ပဲ ဖြစ်နေပါတယ်။ သူ့ နောက်မှာ တော့ ကျွန်တော်တို့ ရဲ့  အချစ်တော် IE 9 က ဒီနေရာမှာ ဒုတိယအမြန်ဆုံးပါတဲ့ဗျာ။ Chrome 14 ကတော့ Tab Loading မှာ ၁၀ စက္ကန့် ကျော်ကြာပါသတဲ့… Firefox 7 ကတော့ ၇ စက္ကန့် ကျော်ကျော်ကြာပါသတဲ့
။
JavaScript—Winner:
Chrome!
Java Script Performance မှာတော့ တော့ Chrome 14 က အပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်။ သူ့နောက်မှာ Firefox ၊ IE9 ၊ Opera အစဉ်လိုက် ရပ်တည်ခဲ့ ကြပါတယ်။
DOM/CSS—Winner:
Opera!
DOM/CSS Performance မှာတော့ Opera က ထိပ်ဆုံးမှာ ပြေးနေပါတယ်။ သူ့နောက်မှာတော့ Firefox က ဒုတိယ IE9 က တတိယနေရာမှာ ရှိနေပါတယ်။
Memory
Use (No Extensions)—Winners: Opera and Firefox!
Memory Usage… Extension မပါပဲ Run တဲ့ အခါ
Opera နဲ့ Firefox တို့ က ဦးဆောင်ပါတယ်။
Memory
Use (Five Extensions)—Winners: Opera and Firefox!
Memory Usage (5 Extension) …Extension ၅ခု နဲ့ Run ကြည့်တာမှာလဲ Opera နဲ့ Firefox က အနိုင်ရရှိ ပါတယ်။
အဲတော့ အကုန်လုံး ခြုံ ကြည့်လိုက်တော့ ဘယ် Browser အကောင်းဆုံးပါလဲ ….အောင်မှာ Overall Result ကို ကြည့်ရအောင်…..
Overall
Result
ကဲ အဲဒီတော့ ဘယ် Browser အကောင်းဆုံးပါလဲ…. အင်တာနက် ကွန်နက်ရှင် လေးလံ
နှေးကွေး လှတဲ့ ကျွန်တော်တို့ ဆီမှာတော့…. ဘယ် Browser အကောင်းဆုံး လဲ ရွေးရ ခက်မယ် ထင်ပါတယ်ခင်ဗျာ။
| |
Posted By admin |
2 ကွန်မန့်ရေးရန်:
RRR
ကျေးဇူးပဲ
Post a Comment