အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်
ယခုအချိန်တွင် နှစ်ပေါင်း ( ၁၀၀ ) ကျော်အောင်ရပ်တည်ခဲ့သည့် ဌာနမှာ
ပျက်စီးမည့်အခြေအနေနှင့် အလွန်တရာနီးကပ်နေပါသည်။ သို့ပါ၍
ဌာနတွင်ဖြစ်ပေါ်နေသော မလိုလားအပ်သည့် အကြောင်းအရာများအား တင်ပြအပ်ပါသည်။
(
၁ ) ဌာနရှိ ဦးဆောင်ညွန်ကြားရေးမှုး၏ လုပ်ဆောင်ချက်မှာ အာဏာအား
အလွန်တရာအသုံးချခြင်း၊ ဌာနပိုင် ဆီတွဲမှ လစဉ်ကြေးအဖြစ် ကျပ်ငွေ
(၅)သိန်းလက်ခံခြင်း၊ ၎င်း၏ ဒရိုက်ဘာအား လစဉ်ကြေး ကျပ်ငွေ (၆)သောင်း
ပေးစေခိုင်းခြင်း၊ ဌာန၏ လိုအပ်သော ပစ္စည်းများဝယ်ယူရာ၌ ၀ယ်ယူသည့်တန်ဖိုး၏ ၁၀
ရာခိုင်နှုန်း ကို ၀ယ်ယူသည့်အဖွဲ့မှ ၎င်းအား ပေးစေ ဆောင်ရွက်ပေးရခြင်း
ဌာနပိုင် ကားများ ကို ၎င်းအတွက် ( ၅ )စီး ယူထားပြီး ( ၁ ) စီးလျှင် ( ၁ )
လအတွက် ဆီဂါလံ ၆၀ နှုန်းဖြင့် ( ၅ )စီးစာအတွက် ဂါလံ ၃၀၀ ( ၁ )လစာ
အသုံးပြုခြင်း စသည့်အကြောင်းအရင်းများ ဆောင်ရွက်နေပါသည်။
( ၂
) စီမံရေးရာဌာနရှိ ဌာနမှူးသည် ၀ယ်ယူရေးကိစ္စများ၊ ဆီတွဲအား
အုပ်ချုပ်မှုလုပ်ငန်းများ၊ ဌာနရှိ အဆောက်အဦးများကို
တည်ဆောက်ရေးလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းမျာ
( ၃ ) သယ်ယူပို့ဆောင်ရေးဌာန၏ လုပ်ဆောင်ချက်များ -
( က ) ဌားရမ်းစနစ်ဖြင့် ၀င်ငွေရှာပြီး ဌားရမ်းသူများနှင့် သယ်ပို့ဌာနရှိ လူကြီးများမှာ ၎င်းတို့
ကိုယ်ကျိုးအတွက် နည်းမျိုးစုံဖြင့်ဆောင်ရွက်လုပ်
( ခ ) မန်နေဂျာအဆင့်ဆင့် ရန်ကုန်/နယ်အားလုံးသည် ခရီးသည်ခ၊ ကုန်တင်ခများအား မသမာ
မှုအများပြုလုပ်ခြင်း။
( ဂ ) ရန်ကုန်-လပွတ္တာ-ရန်ကုန် ခရီးစဉ်ဌားရမ်းခ ( ၂၄ ) သိန်းကျပ်ဖြင့် ခရီး ( ၁ ) ခေါက်ဌားရမ်း
ပြီး ၎င်းဌားရမ်းသူမှာ ရေယာဉ်အလိုက် စာရေးဝန်ထမ်းများဖြစ်ကြပါသည်။ ၎င်းစာရေးဝန်
ထမ်းသည် ဌာနပိုင်လိုင်းဖြင့် ၎င်းရေယာဉ်အား ပြေးဆွဲခဲ့သည့်အခါ ဌာန၀င်ငွေအဖြစ်
ကျပ်( ၁၈ ) သိန်းသာ ရရှိခဲ့ပါသည်။
( ဃ ) ရန်ကုန်-ပုသိမ်-ရန်ကုန် သို့ဌာနပိုင်ခရီးစဉ်အဖြစ် ( ၁၂-၈-၂၀၁၂ ) နေ့တွင် ဗလကျော်သူ
ရေယာဉ်ဖြင့် စစ်ဆေးရေးအဖွဲ့လိုက်ပါလျှက် ရရှိသောဝင်ငွေမှာ ( ၂၂ ) သိန်းကျပ် ဖြစ်ပြီး
စစ်ဆေးရေးအဖွဲ့ မလိုက်ပါသော ရန်ကုန်-ပုသိမ်-ရန်ကုန်သို့ ခရီးစဉ်အဖြစ် (၁၄-၈-၂၀၁၂)
နေ့တွင် ဗလကျော်ခေါင်ရေယာဉ်နှင့်ပြေးဆွဲ
ရရှိခဲ့ပါသည်။
( င ) ရေယာဉ်လိုက်စာရေးများသည် ရေယာဉ်ပြေးဆွဲသည့်အခါ ၎င်းတို့၏ ကိုယ်ကျိုးအတွက်
ဝင်ငွေမှာ ကျပ် ( ၁ )သိန်းကျော်ရရှိကြောင်း သိရှိခဲ့ရပါသည်။
( စ ) ရေယာဉ်တစ်စီး တစ်ခေါက်ဌားရမ်းလျှင် လက်ထောက်အထွေထွေ မန်နေဂျာအား
( ၃ )သောင်းကျပ် လာဘ်ငွေပေးဆောင်ရပြီး စာရေး ဦးဝင်းရီအား ( ၁ )သောင်းကျပ်
လာဘ်ငွေ ပေးဆောင်ရကြောင်း တွေ့ရှိရပါသည်။
( ၄ ) အင်ဂျင်နီယာဌာန၏ လုပ်ဆောင်ချက်များမှာ -
( က ) ဒုတိယ အထွေထွေမန်နေဂျာ အင်ဂျင်နီယာသည် ပြည်တွင်းရေးကြောင်းပို့ဆောင်ေ
လက်အောက်ရှိ သင်္ဘောကျင်း ၆ ကျင်းနှင့် စက်ပြင်ဌာနခွဲ သွားလာရေး အင်ဂျင်နီယာ
ဌာနကို အုပ်ချုပ်ရသော ဌာနမှူးတစ်ယောက်ဖြစ်သည်နှင့်အညီ သင်္ဘောကျင်းများမှ
သတ်မှတ် ဘတ်ဂျက်များမှ စာရင်းဇယားများကို လိုသလိုဘတ်ဂျက်ရေးဆွဲပြီး အလွဲ
သုံးစားပြု၍ လစဉ်ကြေးများအား သင်္ဘောကျင်း ၆ ခုမှတောင်းခံခြင်း၊ ၀ယ်ယူသည့်
သံပြား၊ သံကိုင်း၊ စက်အရံပစ္စည်းများ၊ စက်ဆီ၊ ချောဆီများ ၀ယ်ယူသည့်အခါ
အဂတိလိုက်စားခြင်း၊ ပုဂ္ဂလိက ရေယာဉ်နှင့် တွဲရေယာဉ်များ တည်ဆောက်ရာတွင်
ရာခိုင်နှုန်းအလိုက် ခွဲတမ်းရယူခြင်းဖြင့် မသမာမှုများပြုလုပ်၍ အလွန်တရာမှ ချမ်းသာ
နေပါသည်။
( ခ ) သင်္ဘောကျင်းများတွင် တာဝန်ထမ်းဆောင်နေသော အရာရှိပိုင်းများသည် ဌာန၏
ရေယာဉ်များကိုပြုပြင်ဆောင်ရွက်
ပုဂ္ဂလိက ရေယာဉ် အသစ်များတည်ဆောက်ရာ ၌ ( ၂ ) လလျှင် ( ၁ ) စီးပြီးစီးသည်
အထိမြန်ဆန်ခြင်း ၎င်း ပုဂ္ဂလိက တွဲများ၊ ရေယာဉ်များ တည်ဆောက်ရာတွင်
ဌာနပိုင်ရေယာဉ်များ၏ သံပြား ၊သံကိုင်းများတပ်ဆင်ပြီး စာရင်းလိမ်ထည့်သွင်းဆောင်
ရွက်ခြင်း၊ နိုင်ငံတော်မှ တည်ဆောက်မှု ဘတ်ဂျက်များအား အလွဲသုံးစားပြုခြင်း၊
အစိုးရပိုင် ကျင်းမြေနေရာအား သင်္ဘောတစ်စီးတည်ဆောက်လျှင် မြေဌားခ ကျပ် ( ၁၅ )
သိန်းရရှိခြင်း စသည့် အဂတိလိုက်စားမှုများ၊ ဆောင်ရွက်နေမှုများကြောင့် သင်္ဘောကျင်း
မန်နေဂျာများသည် တိုက်ပိုင်၊ ကားပိုင်၊ ရေယာဉ်ပိုင်နှင့် တွဲပိုင်များဖြစ်နေကြပါသည်။
ရေယာဉ်ပြုပြင်တည်ဆောက်ရာတွင် သံပြား၊သံကိုင်းများမှာ သတ်မှတ်စံချိန်စံညွန်းမဟုတ်ပဲ
စံချိန်မမှီသည့် သံပြား၊ သံကိုင်းများကိုသာ တပ်ဆင်ပေးပြီး စာရင်းလိမ်တင်ပြ ၍မိမိတို့၏
ကိုယ်ကျိုးအတွက် အဂတိလိုက်စားခြင်း၊ သတ်မှတ်ပြုပြင်တည်ဆောက်ခများအား ချမှတ်
ထားသောငွေကြေးများကို စာရင်းပြင်ဆင်ဖန်တီး၍ လိမ်လည်ရယူခြင်း။
( ဂ ) စက်အရံ ပစ္စည်းများမှာယူအသုံးပြုရာတွင် ပြည်တွင်းဖြစ်များကို သုံးစွဲ၍ orginal
ပစ္စည်းများ မှာယူအသုံးပြုသကဲ့သို့ ငွေကြေးတောင်းခံခြင်း၊ ရေယာဉ်အလိုက်ဝန်ထမ်းများ
သည်လဲ စက်များကိုလျှော့ပေါ့မောင်းနှင်
ခုတ်မောင်းနာရီများကိုလဲ လိုသလိုပြုပြင်ပြောင်းလဲနေကြ
ဌာနမှ လုပ်ဆောင်လျှက်ရှိပါသည်။
( ၅ ) ရေးကြောင်းဌာန အခြေအနေတင်ပြခြင်း -
( က ) ရေကြောင်းမှူးချုပ်၊ ဒုရေကြောင်းမှူးချုပ် နှင့် လက်ထောက်ရေကြောင်းမှူးချုပ်တို့
ဝန်ထမ်းများအား နေရာပြောင်းရွေ့၍ လဘ်ပေး၊လဘ်ယူမှုများပြုလုပ်ခြင်း
၎င်းတို့နေအိမ်တွင်လိုအပ်သည့်အသုံး
မှာယူဝယ်ခိုင်းခြင်း၊ ရေယာဉ်သုတ်ဆေး၊ ရေယာဉ်သုံးကြိုးများအား အလွဲ သုံးစားပြု၍ ကိုယ်ကျိုးရှာဆောင်ရွက်နေပါသည်။
( ခ ) ရေယာဉ်မှူးနှင့် သင်္ဘောသားများသည် ခရီးသည်လက်မှတ်မဲ့များတင်ဆောင်၍ ကိုယ်ကျိုးရှာလျှက်ရှိပါသည်။
( ဂ ) ရေယာဉ်မှူး၊ တက်မကိုင်နှင့် ရေယာဉ်လိုက်စာရေးများမသည် ရေယာဉ်၏ သတ်မှတ် တန်များထက် ကုန်များနှင့်
ခရီးသည်များအား ပိုမိုတင်ဆောင်ပြီး တန်ဆာခနှင့် ခရီးသည်ခ များ အား နှုန်းထားထက် ပိုမိုကောက်ခံခြင်း
စသည်တို့အား နိုင်ငံပိုင်ရေယာဉ်အားအသုံးပြု လျှက် ၎င်းတို့ကိုယ်ကျိုး စီးပွားရှာနေကြပါသည်။
( ဃ ) ရေကြောင်းဌာနကြီးတစ်ခုလုံးသည် ရေယာဉ်သုတ်ဆေးများ၊ ကြိုးများ၊ ရေယာဉ်ကျောက်
ကြိုးများ၊ ရေယာဉ်ကျောက်ဆူးများ၊ ရေယာဉ်သုံးအရံပစ္စည်းများကို စာရင်းလိမ်ဖော်ပြ၍ အလွဲ သုံးစား ပြုလုပ်နေသည့်
ဌာနတစ်ခုဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် နှစ်ပေါင်း ( ၁၀၀ )ကျော်တည်တံခဲ့သော
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနကြီး ( ဧရာဝတီ ) သည် ဦးဆောင်သူနှင့်
ဌာနမှူးများ၊ အရာရှိကြီးများ မိမိတို့ကိုယ်ကျိုးအတွက် အဂတိလိုက်စားပြီး
ချမ်းသာကြွယ်ဝခဲ့ခြင်း၊ ဌာန၏စီမံအုပ်ချုပ်ပုံ ညံဖျင်းခြင်းကြောင့် ၎င်း၊
မလိုလားအပ်သော အရာရှိအရာခံ အခြားဝန်ထမ်းများ များပြားနေခြင်းကြောင့်၎င်း၊
ဝင်ငွေရှာသည့် ရေယာဉ်များ ၀န်ဆောင်မှု ပေးခြင်းနှင့်
ခေတ်နှင့်လိုက်လျှောညီထွေမှူ
0 ကွန်မန့်ရေးရန်:
Post a Comment