6:34 PM
Latha Mobile 0945 000 1727
ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူ
ညီအစ်ကိုမောင်နှမများခင်ဗျား - SKY NET ရုပ်သံလိုင်းမှ ယခုထုတ်လွှင့်ပြသနေသောရုပ်သံလိုင်းများကိုပိုမိုကောင်းမွန်သောရုပ်သံအရည်အသွေးဖြင့်
ထုတ်လွှင့်ပြသနိုင်ရန်နှင့်တိုးချဲ့ထုတ်လွှင့်မည့် CCTV-4, CCTV-9, KBS-World, NGC-Music, Zing, CNAI, DWTV, NHK-World, NHK-Premium, Goal-1, Goal-2, Baby TV
စသည့်ရုပ်သံလိုင်းများအပြင် HD လိုင်းများကို Apstar-7 ဂြိုလ်တုသို့တိုးချဲ့ထုတ်လွှင့်မည်ဖြစ်ပါသည်။ တိုးချဲ့ထုတ်လွှင့်သောလိုင်းများကို ဖမ်းယူရရှိနိုင်ရန်လက်ရှိအသုံးပြုနေသော
LNB ကိုလဲလှယ်ရမည်ဖြစ်ပါသည်။ SKY NET ဝယ်ယူအားပေးကြည့်ရှုနေသော မိဘပြည်သူများအနေဖြင့်လက်ရှိဖမ်းယူကြည့်ရှုနေသော Thaicom ဂြိုလ်တုများမှ
Apstar-7 ဂြိုလ်တုသို့ပြောင်းလဲဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ဖော်ပြ ပါအတိုင်းလုပ်ဆောင်ရမည်ဖြစ်ပါသည်။ Thaicom-4 ဂြိုလ်တုအသုံးပြုသူမိဘပြည်သူများအနေဖြင့် အဆိုပါဂြိုလ်တုတည်နေရာဖြစ်သော
အရှေ့တောင်အရပ်သံလိုက်အိမ်မြှောင်အညွှန်း ၁၂၃ဒီဂရီမှ Apstar-7 ဂြိုလ်တုတည်နေရာဖြစ်သော အနောက်တောင်အရပ်သံလိုက်အိမ်မြှောင်အညွှန်း ၂၃၁ဒီဂရီသို့ပြောင်းလဲဖမ်းယူရမည်ဖြစ်ပြီး
အထက်အောက်တည်နေရာ ၅၆.၇ဒီဂရီမှ ၆ဝဒီဂရီ အောက်မှအထက်သို့(၃.၃)ဒီဂရီမြှင့်တင်ပေးရမည်ဖြစ်ပါသည်။ Thaicom-5 ဂြိုလ်တုအသုံးပြုသူ မိဘပြည်သူများအနေဖြင့်အဆိုပါဂြိုလ်တု
တည်နေရာဖြစ်သော အနောက်တောင်အရပ်သံလိုက်အိမ်မြှောင်အညွှန်း ၂၂၇.၈ဒီဂရီမှ Apstar-7 ဂြိုလ်တုတည်နေရာဖြစ်သော အနောက်တောင်အရပ်သံလိုက်အိမ်မြှောင်အညွှန်း
၂၃၁ဒီဂရီသို့ပြောင်းလဲဖမ်းယူရမည်ဖြစ်ပြီး အထက်အောက်တည်နေရာ ၆၁.၇ဒီဂရီမှ ၆ဝဒီဂရီင်္ အထက်မှအောက်သို့ ၁.၇ဒီဂရီ နှိမ့်ချပေးရမည်ဖြစ်ပါသည်။ THAICOM ဂြိုလ်တုများမှ
APSTAR-7 ဂြိုလ်တုသို့ပြောင်းရွှေ့ချိန်ရွယ်ပြီးပါက အောက်ဖော်ပြပါ Satellite Parameter များအတိုင်းရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှု နိုင်ပါသည်။ ပထမ
"Transponder Parameter (Frequency- 11052 MHz, Symbol Rate- 30000 KHz,
Polarity - Vertical)"၊ ဒုတိယ "Transponder Parameter (Frequency- 11104
MHz, Symbol Rate- 45000 KHz,
Polarity - Vertical)"၊ တတိယ
"Transponder Parameter (Frequency- 11167 MHz, Symbol Rate- 45000 KHz,
Polarity - Vertical)" အထက်ပါ Transponder Parameter
များအတိုင်း ပထမ၊ ဒုတိယ၊ တတိယ အစဉ်လိုက် ဖမ်းယူကြည့်ရှုရမည်ဖြစ်ပါသည်။
အခက်အခဲတစုံတရာရှိပါကသက်ဆိုင်ရာ RSP များသို့လည်းကောင်း၊ SKY NET
ရုံးချုပ်သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ အောက်ဖော်ပြပါဖုန်းနံပါတ်များဖြစ်သော 01-9010220, 9010221, 9010222, 9010223
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ မိဘပြည်သူညီအစ်ကိုမောင်နှမများအနေဖြင့် လဲလှယ်တပ်ဆင်ရမည့် LNB တစ်လုံးလျှင်
၃ဝဝဝကျပ်နှုန်းဖြင့်နီးစပ်ရာ
RSP များထံမှဝယ်ယူနိုင်ပါသည်။ တပ်ဆင်ခကို Thaicom-4 မှ Apstar-7
သို့ပြောင်းလဲခြင်းအတွက် ၇ဝဝဝကျပ်နှုန်း Thaicom-5 မှ Apstar-7
သို့ပြောင်းလဲခြင်းအတွက် ၅ဝဝဝကျပ်နှုန်းသတ်မှတ်ထားပါသည်။ အဆိုပါတပ်ဆင်ခတွင် ခရီးစရိတ်၊ကြိုးနှင့်အခြားပစ္စည်းလိုအပ်ချက်များသည် တပ်ဆင်သည့်နေရာပေါ်တွင်မူတည်၍
ကုန်ကျစရိတ်မတူညီနိုင်ပါ။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာမြို့နယ် RSP များထံသို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ရိုသေလေးစားစွာအစီရင်ခံအပ်ပါသည်။
https://www.youtube.com/watch?v=6gbySVCOfqo&feature=player_embedded
--
0 ကွန်မန့်ရေးရန်:
Post a Comment