မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ငါးမိုင်အကွာ၊ ရေတွင်းကျေးရွာအနီးရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စက်
အဆိုပါစက်ရုံမှာ စက်မှုဝန်ကြီးဌာန၊ စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စက်ရုံ(H2O2) ဖြစ်ပြီး ဖြစ်စဉ်မှာ ယင်းစက်ရုံရှိ မိန်းယူနစ်အဆောက်အဦး၌ ဓာတုပစ္စည်းယိုစိမ့်မှုဖြစ်ပွားပြီး
စက်လည်ပတ်ချိန်တွင် အပူစွမ်းအားဖြင့် ဓာတ်ပြုကာပေါက်ကွဲမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီး ထွက်ပေါ်လာသော
မီးခိုးငွေ့တန်းများနှင့် လေလမ်းကြောင်းသင့်ရာနေရာများတွင် နေထိုင်သူများမှာလွတ်ကင်းရာသို့ ရှောင်ရှား
နေကြရကြောင်း ဒေသခံတစ်ဦးဖြစ်သူ မစန်းစန်းဌေးက 7Day News သို့ပြောသည်။
အဆိုပါစက်ရုံပေါက်ကွဲမှုကြောင့် လူအသေအပျောက်မရှိဘဲ မီးလောင်ပေါက်ကွဲမှုကို ညနေ ခြောက်နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
စက်လည်ပတ်ချိန်တွင် အပူစွမ်းအားဖြင့် ဓာတ်ပြုကာပေါက်ကွဲမှုဖြစ်ပွားခဲ့
မီးခိုးငွေ့တန်းများနှင့် လေလမ်းကြောင်းသင့်ရာနေရာများတွင
နေကြရကြောင်း ဒေသခံတစ်ဦးဖြစ်သူ မစန်းစန်းဌေးက 7Day News သို့ပြောသည်။
အဆိုပါစက်ရုံပေါက်ကွဲမှုကြောင့် လူအသေအပျောက်မရှိဘဲ မီးလောင်ပေါက်ကွဲမှုကို ညနေ ခြောက်နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
0 ကွန်မန့်ရေးရန်:
Post a Comment