ရခိုင်ပြည်နယ် အရေး ကုလသမဂ္ဂ ကြေညာချက် ထုတ်ပြန်
မြန်မာအစိုးရက တူရကီ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံ
ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ လတ်တလောနေထိုင်တဲ့
ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ
ထောက်ပံ့ရေးပစ္စည်းတွေ လှုဒါန်းခွင့်ပြုခဲ့တာဟာ ပြည်သူလူထု ခံစားနေရတဲ့
ဒုက္ခအခက်အခဲတွေကို သက်သာစေတဲ့အတွက် မြန်မာအစိုးရရဲ့အရေးပါတဲ့
လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲတစ်ဦးက ထုတ်ဖော်
ပြောကြားလိုက်ပါတယ်။
(Photo: UN Photo/Eskinder Debebe)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) နှင့်
အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာ (ဝဲ) တို့ကို
အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: UN Photo/Eskinder Debebe)
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး
Vijay Nambiar က တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu
သွားရောက်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ်ရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ
ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီလို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ
ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို
အထောက်အကူပြုရာ ကျပါလိမ့်မယ်လို့ Vijay Nambiar က ပြောဆိုလိုက်ပါတယ်။
RFA Burmese
0 ကွန်မန့်ရေးရန်:
Post a Comment