Inbox
x
Inbox
၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုရဲ့ တရားခံအဖြစ် သေဒဏ်၊ ထောင်ဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခံရရာကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူ ကိုဖြိုးဝေအောင်ရဲ့ အယူခံအမှုနဲ့ ပတ်သက်ပြီး တရားသေလွှတ်ဖို့ တရားရုံးမှာ လျှောက်လဲချက်ပေးပါတယ်။
ကိုဖြိုး ဝေ အောင်
နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး
နှစ်ပါးထိုင်မှာ လျှောက်လဲခဲ့တယ်လို့ ကိုဖြိုးဝေအောင်ရဲ့ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။
"ရဲတွေက ဥပဒေကို ချိုးဖောက်ပြီး ဖြောင့်ချက်ကို ရအောင် လုပ်တယ်။ တရားသူကြီးကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြောင့်ချက်ကို မယူဘူး။ ဒါကြောင့် ဖြောင့်ချက်က သက်သေခံ မ၀င်ဘူးပေါ့ဗျာ။ သက်သေခံမ၀င်တဲ့ ဖြောင့်ချက်နဲ့ အပြစ်ပေးထားတာ မှားတယ်။ တခြား အထောက်အထားလည်း မရှိဘူးလေ။ မျက်မြင်သက်သေလည်း မရှိဘူး။ ဖြောင့်ချက်တခုတည်းပဲ ရှိတာကို။ အဓိကက အဲဒါကို တင်ပြတာပါ။"
ကိုဖြိုးဝေအောင်ဟာ ကင်ဆာရောဂါဝေဒနာ ခံစားနေရသလို အောက်ပိုင်း သေသွားခဲ့ရပြီး ကျန်းမာရေးချို့ယွင်းလို့ အင်းစိန်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေရတဲ့အတွက် တရားခွင်ကို တက်ရောက်နိုင်ခြင်း မရှိပါဘူး။
မြန်မာနိုင်ငံ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာကင်တားနားနဲ့ တွေ့ဆုံခွင့်ရပြီး ရက်ပိုင်းအတွင်း သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပေမယ့် အခုရုံးမှာ အယူခံတက်တာက အပြစ်မရှိကြောင်း အယူခံဝင်တာ ဖြစ်တယ်လို့လည်း ဦးကျော်ဟိုးက ဆက်ပြောပါတယ်။
"သူပြောတာက ဒီအမှုဟာ အမှုမှန်မဟုတ်ဘူး။ သူ မတရားခံရတာ။ သူ့ကိုအပြစ်ပေးလိုက်ရင် တကယ်လုပ်တဲ့လူတွေက လွတ်နေမှာပေါ့။ အရေးယူမယ့်သူ မရှိဖြစ်သွားမှာပေါ့။ ဒါကြောင့် သူ့အနေနဲ့က သေဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်ေ
အမှုကို တရားသေလွှတ်ပေးဖို့ အယူခံလျှောက်လဲချက်နဲ့ပတ်သက်ပြီ
ကိုဖြိုးဝေအောင်ကလည်း သူ့မှာ ပြစ်မှု မကျူးလွန်ဘူးဆိုတာကို အများသိအောင် သတင်းထောက်တွေကို ဖိတ်ကြား ရှင်းလင်းမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုဖြိုးဝေအောင်ကို ၂၀၁၀ ပြည့်နှစ်၊ မြန်မာ နှစ်သစ်ကူး ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် ရှေ့ ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကျူးလွန်သူဟု စွပ်စွဲခဲ့ပြီးနောက် အင်းစိန်ထောင်တွင်း ရုံးထိုင်တရားရုံးက ဒီနှစ် မေလ ၈ ရက်နေ့မှာ အမှု ၄ မှုအတွက် တပေါင်းတည်း သေဒဏ်နဲ့ တသက်တကျွန်းချမှတ် စီရင်ခဲ့တာ ဖြစ်ပါတယ်။
0 ကွန်မန့်ရေးရန်:
Post a Comment