“ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့
ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျနော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ
ကျနော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်”
ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့် သ လားဟု
မေးမြန်းရာတွင် “ဆောက်ကို ဆောက်ရမှာပေါ့၊ ကျနော်တို့ လျှပ်စစ်ဓာတ်အား
လိုတယ်။ အနောက်နို
င်ငံတွေက ဒါကို ရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး
ပျက်ပြားအောင် လုပ်ခဲ့တာပါ”.........
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် အား လည်း “ကျနော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂကိုလည်း မယုံဘူး”
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန် လာရောက်ခြင်းမှာ “ကျနော်တို့ ပြည်သူတွေအတွက် ကျနော်တို့
နိုင်ငံအတွက်လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား
ရည်ညွှန်းသည်) အတွက်လာတာ” ဟု ဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့်
US အား “သူတို့ကို မယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေး အစိုး
ရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ”
ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အပေါ်
လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက “လူတွေက
ရူးနေကြတာပါ။ သူက လူကြိုက်များရတာ၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ”
0 ကွန်မန့်ရေးရန်:
Post a Comment