ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲကြာချိန်ကို ထက်ဝက် လျှော့ချရန် အတွက်
ဂျပန် ပညာရှင်များ ဆန်းစစ် သုတေသန ပြုလုပ် နေကြပြီဟု ရထား ပို့ဆောင်ရေး
ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ရန်ကုန်-မန်း အမြန်ရထား ပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့် အရောက် သွားနိုင်ရန်အတွက် ဂျပန် အစိုးရက ကူညီသွားမည်ဟု သိရသည်။
''ရန်ကုန်-မန္တလေးလမ်းပိုင်း ကို ဂျပျန် ပညာရှင်တွေ လေ့လာပြီး တာနဲ့ အစီရင်ခံစာ ထွက်လာပါမယ်။ ဒီအစီရင်ခံစာကို နှစ်ဖက် ညှိနှိုင်းပြီး ဆက် လက် ဆောင်ရွက်ကြပါမယ်'' ဟု ၄င်းကပြောသည်။ ၃၈၅ မိုင် ရှည်လျားသည့် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ ပြေးဆွဲ နေသော်လည်း ဂျပန်အစိုး ရက အမြန်ရထား ပြေးဆွဲချိန်ကိုသာ ထက်ဝက် လျော့ကျသွားရန် ကူညီပေး မည်ဟု ၄င်းက ဆက်လက်ပြောသည်။
ရန်ကုန်-မန္တလေး ရထားစီး နင်းသူ မိုးကုတ်မြို့မှ အသက် ၅၅ နှစ်ကျော် အရွယ်ရှိ အမျိုးသမီး တစ်ဦးက'' အရင်တုန်းကဆ
၎င်းက အချိန် ၈ နာရီနှင့်သာ ရောက်ပါက ကားနှင့် နှိုင်းယှဉ်လျှင် အန္တရာယ်ဖြစ်နိုင်မှု အခြေအနေ မရှိသလောက် နည်းပါးခြင်းကြောင့် ရထားကို သာစီးမည်ဟု ပြောသည်။
ရန်ကုန်-မန်း အမြန် ရထားများသည် တစ်နာရီလျှင် မိုင် ၃ဝ သာ ခုတ်မောင်း ပြီး ပျော်ဘွယ်-ရမည်းသင်းတို့၌ တစ်နာရီ ၄၅ မိုင်နှုန်း ခုတ်မောင်း နေကြောင်း မြန်မာ့မီးရ
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိက ''မြန်နှုန်းမြှင့် ရပါမယ်။ ဒါမှ ခုတ်မောင်းချိန် ကနည်းသွားမှာပါ။ ဒီမှာ ရှိတဲ့ လမ်းပိုင်း၊ သံ လမ်း အခြေအနေတွေကို ကြိုတင်ပြီး မြန်မာ့မီးရထားပိုင်းက စလုပ်နေတာ မျိုးတွေ လုပ်နေပါပြီ''ဟု ပြောသည်။
ဂျပန်ပညာရှင်များ၏ သုတေသန အစီရင်ခံစာ ပေါ်ထွက်ပြီး မကြာမီ အမြန် ဆုံးပြီးစီးအောင် ဆောင်ရွက် သွားမည်ဟု ရထားပို့ ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
ရန်ကုန်-မန္တလေးလမ်းပိုင်း နည်းတူ ရန်ကုန်-နေပြည်တော် အား ရထားဖြင့် အချိန် တစ်နာရီကြာ သာစီးနင်းပြီး သွားရောက်နိုင်မည့် အစီအစဉ်ကို ဆောင် ရွက်သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မီဒီယာ များနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောခဲ့ဖူးသည်။
Copy from - Popular Myanmar News Journal
0 ကွန်မန့်ရေးရန်:
Post a Comment